Saturday 2 January 2016

ကျောက်မျက်လုပ်ကွက်များကို သက်တမ်း၁ဝနှစ်မှ ၁၅နှစ်အထိ တိုးမြှင့်ပေးသွားမည့် ကျောက်မျက်ဥပဒေကို ယခုလပထမအပတ်တွင် လွှတ်တော်သို့ တင်သွင်းမည်

 ကျောက်မျက်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် 
ကျောက် မျက်လုပ်ကွက်များကို သက်တမ်း၁၀ နှစ်မှ ၁၅နှစ်အထိ တိုးမြင့်ပေးသွား မည့်ကျောက်မျက်ဥပဒေကို ယခုလ ပထမအပတ်တွင် လွှတ်တော်သို့တင် သွင်းသွားမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ် ဦးက ပြောသည်။ 

ဖားကန့်ဒေသသို့ စက်ယန္တရားကြီးများ ထပ်မံဝင်ခွင့်မပြုတော့

ဖားကန့်ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တွင် တွေ့ရသည့် မြေသယ်ယာဉ် များ (ဓာတ်ပုံ-မရန်)
ဖားကန့်ဒေသသို့ ကျောက်စိမ်းကုမ္ပဏီများမှ ထပ်မံ တင်သွင်းလာသည့် စက်ယန္တရား ကြီးများကို ဒေသတွင်း အခြေစိုက် တပ်မတော်က ဝင်ခွင့်မပြုတော့ ကြောင်း သတင်းရရှိသည်။

လျှပ်စစ်ရထား စီးနင်းခကျပ်တစ်ရာဖြင့် ယခုလအတွင်း ပြေးဆွဲမည်

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လျှပ်စစ်ရထားများကို စီးနင်းခ ကျပ်တစ်ရာဖြင့် ဇန်န၀ါရီ၌ စတင်ပြေးဆွဲမည် ဖြစ်ကြောင်းသတင်း ရရှိသည်။

မိုင်းလားမြို့က တရိပ်ရိပ် ကြီးထွားလာနေသည့် သင်းခွေချပ် တရားမဝင် ဈေးကွက်

မိုင်းလားရှိ တိရစ္ဆာန်ဈေးကွက်တွင် ရောင်းချရန်ပြသထားသော သင်းခွေချပ်တစ်ကောင်
မိုင်းလား အထူးဖွံ့ဖြိုးရေးဇုန်မှာတော့ သင်းခွေချပ်အရှင်တွေ၊ သင်းခွေချပ် အသားနဲ့ အကြေးခွံတွေကို ရောင်းချတဲ့ တရားမဝင် ဈေးကွက်ဟာ တစ်စထက်တစ်စ ကြီးထွားလာနေပါပြီ။

နှစ်သစ်ကူးနေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ ထူးခြားဖြစ်စဉ် ဖြစ်ပွားခြင်း မရှိခဲ့ဘဲ အမှုကြီး ဖြစ်စဉ်များအနက် လူသတ်မှု သုံးမှု၊ မုဒိမ်းမှု သုံးမှု ဖြစ်ပွား

ရန်ကုန်မြို့ အင်လျားကန်ပေါင်၌ ၂၀၁၅ ခုနှစ် နှစ်သစ်ကူးညတွင် လာရောက်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်၊ နှစ်သစ်ကူးနေ့တွင် ထူးခြားဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘဲ အမှုကြီး ဖြစ်စဉ်များအနက် လူသတ်မှုသုံးမှု၊ မုဒိမ်းမှုသုံးမှုသာ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ မှုခင်းဌာနမှ ၂၀၁၆ ခုနှစ် ဇန်န၀ါ ရီ ၁ ရက်က စုံစမ်းသိရှိရသည်။

အစည်ဖောင်းဈေး ကျပ်သိန်းရာဂဏန်း ရှိသည့် ကပ်သမျှင်ငါးကြီးဖမ်းမိ

ရေလုပ်သားများ ဖမ်းဆီးမိခဲ့သော ကပ်သမျှင်ငါးကြီးတစ်ကောင်ကို မော်လမြိုင် လမုတန်း အနောက် မြစ်ဆိပ်တွင် ဒီဇင်ဘာ ၂၈ ရက်က သယ်ယူနေစဉ် (ဓာတ်ပုံ - ရဲရင့်မာန်ခတ်)
မွန်ပြည်နယ်ရှိ ရေလုပ် သားတစ်ဦးက ငါးပေကျော်ရှည် ပြီး ၅၅ ပိဿာခန့်ရှိသော ကပ်သ မျှင်ငါးကြီးတစ်ကောင်ကို ဒီဇင် ဘာ ၂၈ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွင်း တစ်နေရာတည်း အခြေချ နေထိုင်ခြင်း မရှိဘဲ ရွှေ့ပြောင်းသွားလာနေသူဦးရေ ၁၀ သိန်းကျော်ရှိကြောင်း လ၀က ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ တစ်ဝန်းတွင် တစ်နေရာတည်း အခြေချ နေထိုင်ခြင်း မရှိဘဲ ရွှေ့ပြောင်း သွားလာနေသူ ဦးရေမှာ ခန့်မှန်းခြေစာရင်းများအရ ၁၀ သိန်းကျော်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲမှ သင်ခန်းစာယူရန် လူထုဆန္ဒကို လက်ခံရန်လိုကြောင်း ဦးတင်အေးပြောကြား

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
၂၀၁၅ အတွင်း မြန်မာ နိုင်ငံအတွက် သင်ခန်းစာယူစရာ အကောင်းဆုံးသည် ပါတီစုံအ ထွေထွေရွေးကောက်ပွဲဖြစ်ပြီး ပြည်သူပြည်သားများ၏ အဆုံးအ ဖြတ်ကို လက်ခံရန်လိုအပ် ကြောင်း ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၆ မင်္ဂလာ နှုတ်ခွန်းဆက်လွှာ၌ ပြော ကြားသည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ် အရှုပ်အရှင်းလုပ်ပါက အရေးယူမည်ဟုဆို

ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်က ရွေးကောက်ပွဲကုန် ကျစရိတ်များနှင့်ပတ်သက်၍ အ ရှုပ်အရှင်းများပြုလုပ်ပါက အရေးယူမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ သ တင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်နေသည့် စိတ်ကြွဆေးပြား သုံးသိန်းကျော် မောင်တောမြို့တွင် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်ထားသည့် စိတ်ကြွဆေးပြား သုံးသိန်းကျော်အား တရားခံတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အမ်ပီတီဖုန်းအချင်းချင်း ဖုန်းဘီလ်လွှဲပြောင်းနိုင်ပြီ

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
MPT ဖုန်းအသုံးပြုသူ အချင်းချင်း ဖုန်းဘီလ်လွှဲပြောင်းပေးနိုင်သည့် ၀န်ဆောင်မှုကို GSM နှင့် WCDMA ဖုန်းများတွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇန်န၀ါရီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

သမ္မတအာဏာ သက်သက် အသုံးပြုပြီး သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်နိုင်ဖို့ အိုဘားမား ကြိုးစားလာနိုင်

အမေရိကန် ပြည်ထောင်စု ထဲမှာ ဖြစ်ပေါ် နေတဲ့ သေနတ် ပစ်ခတ်မှု မှုခင်းတွေ ကို ကိုင်တွယ် နိုင်ဖို့ အတွက် သေနတ် ကိုင်ဆောင်ခွင့် ဆိုင်ရာ ဥပဒေ ပြင်ဆင် ပြောင်းလဲ နိုင်ဖို့ သမ္မတ အိုဘားမား ဘက်က တစ်ဘက်သတ် ဆောင်ရွက် လာမယ့် အရိပ်အယောင် တွေ ပြသ လာပါတယ်။

ရာမာဒီနားက အီရတ်အစိုးရ စစ်စခန်းကို IS တွေ တိုက်ခိုက်

အီရတ်နိုင်ငံ ရာမာဒီ မြို့အနီးက အစိုးရ စစ်စခန်းကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့ ကြပါတယ်။