Monday 31 October 2011

ဗိုလ်ချုပ်ရှိစဉ်ကတည်းက မြန်မာတွေအပေါ် သဘောထားမမှန်ခဲ့တဲ့ BBC.

{ဒီဆောင်းပါးဟာ ပြည်တွင်းဂျာနယ်တစ်ခုကို ပို့ဖို့ ရေးထားတာပါ။ အဲဒီမှာပါတာ စောင့်နေရရင် ကြာနေမှာမို့ Facebook ပေါ် ကနေဖြန့်ပါတယ်}
မကြာသေးခင်ကလေးကမှ BBC ရဲ့ ၀က်ဆိုဒ်စာမျက်နှာတစ်ခုပေါ်က သတင်းကြောင့် ကျွန်တော်အပါအ၀င်မြန်မာတွေ တော်တော်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားရပါတယ်။ ရိုဟင်ဂျာကိစ္စ ရိုဟင်ဂျာဘက်ပင်းပြီး ရေးလို့ပါ။ မသိသေးသူတွေကို ပြန်ဖောက်သည်ချရရင်တော့ မြန်မာပြည်လူမျိုးတွေအကြောင်း ပြတဲ့ မြေပုံမှာ ရခိုင်ဒေသက နေသူလူမျိုးတွေ နေရာမှာ ရိုဟင်ဂျာလို့ ဖော်ပြထားတဲ့ ကိစ္စပါ။ (ကိုးကား http://www.bbc.co.uk/news/world-asia-pacific-11595983)

ဘယ်နှယ့် ရခိုင်ပြည်မှာ ရခိုင်လူမျိုးတွေမပါပဲ ကလေက၀ ရိုဟင်ဂျာတွေကို တင်လာတော့ အားလုံးဒေါသဖြစ်ကုန်ပါတယ်။ ဒါကိုသာ ငြိမ်ခံနေလိုက်ရင် ကျွန်တော်တို့အားလုံးသွားပြီပဲ။ ဒါပေမဲ့ မြန်မာ့သွေးက ဇာတိပြပါတယ်။ ကျွန်တော်တောင် Connection မကောင်းလို့ နောက်ကျမှ သိချိန်မှာ ကန့်ကွက်သူတွေက အပြင်းအထန်  ကန့်ကွက်ကြကုန်ပြီ။ ၀မ်းသာစရာက ကန့်ကွက်သူတွေထဲမှာ  ပြည်တွင်းပြည်ပ အားလုံးပါနေတာပါပဲ။ အမျိုးသားရေးနဲ့ ပတ်သက်ရင် အားလုံး တစ်စိတ် တစ်သဘောတည်း
ရှိနေတာ ပြတာပဲလို့ ဂုဏ်ယူရပါတယ်။