Wednesday 2 April 2014

မိုးမကျခင် သိမ်းဆည်းခံ လယ်မြေတွေ ပြန်ပေးဖို့ သူရဦးရွှေမန်း တိုက်တွန်း

Photo: မိုးမကျခင် သိမ်းဆည်းခံ လယ်မြေတွေ ပြန်ပေးဖို့ သူရဦးရွှေမန်း တိုက်တွန်း
Wednesday, April 02, 2014

သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အခု မိုးမကျမီ ပြန်ပေး နိုင်အောင် ဆောင်ရွက်ပေးကြပါလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၁ ရက်နေ့က ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးခန်းမမှာ ကျင်းပတဲ့ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လာမယ့် မိုးရာသီမှာ မြေကွက်လပ်အဖြစ် ရှိမနေစေဖို့ တကယ်ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်တွေကို မြန်မြန် ပြန်ရအောင် အကောင်အထည် ဖော်ပေးသင့်ကြောင်းနဲ့ ဒါမှသာ လယ်သိမ်းခံရတဲ့မိသားစုတွေလည်း ပြန် အဆင်ပြေလာမှာ ဖြစ်ပြီး စပါးလည်း အထွက်တိုးလာမှာ ဖြစ်တယ်လို့ သူရဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

စစ်တပ်ကတော့ သူတို့ သိမ်းထားတဲ့ လယ်ယာမြေ ဧက ၁ သိန်းခွဲကျော် ပြန်ပြီး စွန့်လွှတ်မယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။

DVB 
သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အခု မိုးမကျမီ ပြန်ပေး နိုင်အောင် ဆောင် ရွက်ပေးကြပါလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ တာဝန်ရှိသူတွေကို တိုက် တွန်း လိုက်ပါတယ်။

နိုင်ငံတကာ ဝီလီဘရန့် ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်

Photo: နိုင်ငံတကာ ဝီလီဘရန့် ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်
Wednesday, April 02, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်သီတင်းပတ် ဂျာမဏီနိုင်ငံ ခရီးစဉ် အတွင်း ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ( Joachim Gauck ) နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ၀ီလီဘရန့် ဆု ကို လက်ခံမှာဖြစ်ကြောင်း ဂျာမနီ သမ္မတရုံးက မနေ့က ပြောပါတယ်။

ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ရန်ကုန်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီ ခရီးစဉ်အသေးစိတ်ကို မသိရသေးပါဘူး။

နိုင်ငံတကာ ၀ီလီဘရန့် ဆု ကို ကွယ်လွန်သူ ဂျာမနီ အဓိပတိဟောင်း မစ္စတာ ၀ီလီဘရန့် ကို ဂူဏ်ပြုတဲ့ အနေနဲ့ ၂ဝ၁၁ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။ အနုပညာ၊ ယဉ်ကျေးမှု၊ ဘာသာရေး ဆိုင်ရာနယ်ပယ်တွေနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာ ပြည်သူတွေကြား နားလည်မှုတွေ တိုးပွားလာအောင်ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ နဲ့ အဖွဲ့အစည်းတွေကို ချီြးှမှင့်တဲ့ဆုဖြစ်ပါတယ်။ ဒီဆု ကို ပထမဆုံးချီးမြှင့်ခံရသူတွေကတော့ ဂျာမနီ နိုင်ငံ ဘာလင်အခြေစိုက် တေးဂီတဆရာ Daniel Barenboim နဲ့ အီဂျစ် စာရေးဆရာမ Lailia Soliman တို့ ဖြစ်ကြ ပါတယ်

RFA Burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဘဲ ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်သီတင်းပတ် ဂျာမဏီနိုင်ငံ ခရီးစဉ်အတွင်း ဂျာမနီ သမ္မတ ဂျော် ခင်ဂေါက် ( Joachim Gauck ) နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ၀ီလီဘရန့် ဆု ကို လက်ခံမှာဖြစ်ကြောင်း ဂျာမနီ သမ္မတရုံးက မနေ့က ပြောပါတယ်။

သမ္မတဦးသိန်းစိန်၏ မျိုးစောင့်ဥပဒေများ မေလတွင် ပြည်သူကို ချပြမည်

Photo: သမ္မတဦးသိန်းစိန်၏ မျိုးစောင့်ဥပဒေများ မေလတွင် ပြည်သူကို ချပြမည်
Wednesday, April 2, 2014

သမ္မတ ဦးသိန်းစိန်၏ အမိန့်အရ ရေးဆွဲလျက်ရှိသော မျိုးစောင့် ဥပဒေကြမ်းများဖြစ်သည့် ကိုးကွယ်ရာဘာသာ ကူးပြောင်း ခြင်း ဆိုင်ရာ ဥပဒေ နှင့် လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ယခုနှစ် မေလကုန်ပိုင်း တွင် ပြည်သူလူထု ထံသို့ ချပြမည်ဖြစ်ကြောင်း ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ သာသနာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်ဌေး က ဧရာဝတီသို့ ပြောသည်။

သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေများ ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြနိုင်ရေး အဖွဲ့ ၁၂ ဦးပါ မျိုးစောင့် ဥပဒေ ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တာဝန် ပေးခြင်း များ မတ်လ အတွင်း လုပ်ဆောင်ခဲ့ပြီး သမ္မတ၏ ညွှန်ကြားချက်နှင့်အညီ မျိုးစောင့်ဥပဒေများ စတင်ရေးဆွဲ နေပြီ ဖြစ်ကြောင်း၊ ဥပဒေ များ ရေးဆွဲပြီးပါက ပြည်သူလူထုကို ချပြမည်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ သမ္မတဦးသိန်းစိန်ထံ တင်ပြမည် ဖြစ်ကြောင်း သိရှိရသည်။

“ဥပဒေကြမ်းတွေ ရေးဆွဲပြီးသွားရင် မေလအတွင်းမှာတော့ Public ကို သိအောင် ချပြသွားဖို့ ရှိပါတယ်။ ဇွန်လ နောက်ဆုံးပတ်လောက်မှာ နိုင်ငံတော် သမ္မတကြီးဆီကို တင်မယ ” ဟု ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပသော ကလေးသူငယ်ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာသည့် ဒေါက်တာမောင်မောင်ဌေးက ဧရာဝတီသတင်းဌာနနှင့် ဧပြီလ ၂ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုသည်။

လက်ရှိရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေများသည် ဗုဒ္ဓဘာသာ အမျိုးသမီးများအတွက်သာမက ဘာသာတိုင်း မှ အမျိုးသမီးများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး အမျိုးသမီးများ၏ ဘ၀ မနစ်နာရေး အတွက် ရေးဆွဲ ရခြင်းဖြစ်သည်ဟု ဒေါက်တာမောင်မောင်ဌေးက ရှင်းပြသည်။

“မြန်မာနိုင်ငံမှာက အိမ်ထောင်ရေး ကိစ္စတွေအပေါ်မှာ အခြေခံပြီးတော့ ဘာသာ ကူးပြောင်းကြတယ်။ ကျနော်တို့က ဘာသာကူးပြောင်းရင် ဘယ်လိုလုပ်မလဲဆိုတော့ မှတ်ပုံတင်ရမယ်။ တရားဝင် ဖြစ်ဖို့ ဥပဒေကြမ်း ဆွဲနေပါတယ်။ မျိုးစောင့် ဥပဒေလို့သာပြောတာ တကယ်တန်းတော့ ဘာသာခြားတဦးနဲ့ တဦး လက်ထပ် ထိမ်းမြား တဲ့အခါ အယူအဆချင်းက မတူကြဘူး။ မတူကြတဲ့အပေါ်မှာ နိုင်ငံသား အမျိုးသမီးတွေရဲ့ ဘ၀ မနစ်နာရအောင် အမျိုးသမီးတွေကို စောင့်ရှောက် ပေးမှာ။ အဲဒါက ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်တင် မဟုတ်ဘူး။ ဘာသာတိုင်းအတွက်ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေ ရေးဆွဲရခြင်းသည် နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော် လည်းဖြစ်၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ အပါအ၀င် ရဟန်းရှင်လူ ၁၃ သိန်းကျော်က လက်မှတ်ရေးထိုးတင်ပြလာခြင်းကြောင့် ဖြစ်သည် ဟု ထုတ်ပြန် ကြေညာထားသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းက သမ္မတဦးသိန်းစိန်၏ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းမှုသည် အချိန်စောလွန်းပြီး နိုင်ငံအတွက် ပိုမိုအရေးကြီးသည် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရား ဥပဒေစိုးမိုးရေးတို့ကိုသာ သမ္မတ အနေဖြင့် ပိုမိုအာရုံစိုက်သင့်ကြောင်း၊ မျိုးစောင့်ဥပဒေသည် သမ္မတဦးသိန်းစိန်၏ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေး ဗျူဟာ တရပ်ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

ဧရာဝတီ

၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် အင်းစိန် အောင်ဆန်း တောရတပ်ဦးကျောင်း တွင်ပြုလုပ်သည့် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) 
၂၀၁၃ ခုနှစ်တွင်ကျင်းပခဲ့သည့် အင်းစိန် အောင်ဆန်း တောရတပ်ဦးကျောင်းတွင်ပြုလုပ်သည့် အမျိုးဘာသာသာသနာ ထိန်း သိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်၏ အမိန့်အရ ရေးဆွဲလျက်ရှိသော မျိုးစောင့် ဥပဒေကြမ်းများဖြစ်သည့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်း ခြင်း ဆိုင်ရာ ဥပဒေ နှင့် လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ယခုနှစ် မေလကုန်ပိုင်း တွင် ပြည်သူလူထု ထံသို့ ချပြမည်ဖြစ်ကြောင်း ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ သာသနာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်ဌေး က ဧရာဝတီသို့ ပြောသည်။

မြန်မာယူ-၁၉အသင်းနှင့် ဂျပန်ယူ-၁၉အသင်းတို့ ခြေစမ်းပွဲကစားမည်

အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသာ မြန်မာယူ-၁၉ အသင်းအနေဖြင့် ဧပြီ ၉ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲကစားမည်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင် အောင်က မဇ်္ဈိမသို့ ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိကျူးကျော် ဘုန်းကြီးကျောင်းများမှသံဃာအချို့အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျူးကျော်ဆောက်လုပ်ထား သော ဘုန်းကြီးကျောင်းများအနက် မတ် ၁၅ရက်အထိ ကျူးကျော် ကျောင်း ၂၁ ကျောင်းကျန်ရှိရာ တရားရင်ဆိုင်နေသည့် ကျောင်း သုံးကျောင်း မှ ကျောင်း ထိုင် သံဃာတော် သုံးပါးအား သက်ဆိုင်ရာ တရားရုံးက လူဝတ်လဲကာ ထောင်ဒဏ် ခြောက် လစီ ကျခံစေခဲ့ကြောင်း၊ တရားရုံးတွင် တရားရင်ဆိုင်နေဆဲ ၁ဝ ကျောင်းမှ သံဃာတော်များအား တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီစစ်ဆေး၍ စီရင်ချက်ချမှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရှစ်ကျောင်းမှ သံဃာတော်များအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ(၅၁၂)အရ တရားခံပြေးအဖြစ် ကြေညာသွားမည်ဖြ စ် ကြောင်း နေပြည်တော်ကောင်စီမှ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌် အက်ဖ်ယူပီ ရန်ကုန်၊ မန္တလေးတွင် အဓိက ပြိုင်မည်

တိုင်းရင်းသားပါတီ ၁၅ ပါတီ ပူးပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ(FUP)သည်၂၀၁၄ ပွင့်လင်းရာသီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်နှင့် မန္တလေးရှိ မဲဆန္ဒနယ်ငါးနေရာ၌ အဓိက ၀င်ရောက်ယှဉ်ပြိုင်ရန် ကနဦးဆုံးဖြတ်ခဲ့သည်ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဒေါက်တာ ဂင်ဂျန်ဒါးက ဧပြီလ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

တရားမဝင် မိုဘိုင်းလ်ဖုန်းဈေးကွက် Mobile Team လိုက်လံစစ်ဆေးမည်

Photo: တရားမဝင် မိုဘိုင်းလ်ဖုန်းဈေးကွက် Mobile Team လိုက်လံစစ်ဆေးမည်
Wednesday, April 2, 2014

မြန်မာနိုင်ငံ၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော မိုဘိုင်းလ် ဟန်းဆက်များမှာ တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်မှု များပြားခြင်းကြောင့် Mobile Team က လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

တရားမဝင် တင်သွင်းထားသည့် မိုဘိုင်းလ် ဟန်းဆက်များ တွေ့ရှိပါက အခွန်ရုံးသို့ ခေါ်ယူ အခွန်စည်းကြပ်ခြင်း၊ ပစ္စည်းများကို သိမ်းဆည်းခြင်း ပြုလုပ်မည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
“ဒီလိုလုပ်ရတာက အခွန်မဲ့ ဟန်းဆက်တွေ ဈေးကွက်ထဲမှာ များနေလို့ပါ။ အခွန်ဆောင်ထားတယ် ဆိုရင်လည်း အထောက်အထား ပြနိုင်ရပါမယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ပြည်တွင်းတွင် အရောင်းပြခန်း ဖွင့်လှစ်ကာ တရားဝင် အခွန်ပေးဆောင်၍ ရောင်းချလျက်ရှိသော မိုဘိုင်းလ် ဟန်းဆက်များ၏ ဈေးနှုန်းမှာ တရားမဝင် ဝင်ရောက်လျက်ရှိသော ဟန်းဆက်များထက် ဈေးနှုန်း အနည်းငယ် မြင့်မားကြောင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူအချို့ထံမှ သိရသည်။

ဈေးနှုန်း ကွာခြားရခြင်းသည် ဈေးကွက် လိုအပ်ချက်အပေါ် မူတည်၍သာ ပြောင်းလဲခြင်း ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း ကုမ္ပဏီအချို့ထံမှ သိရသည်။

“သုံးစွဲသူကတော့ မော်ဒယ်လ် အသင့်အတင့်ဖြစ်ပြီး ဈေးသင့်တယ်ဆိုရင် လာကြမှာပါပဲ။ အခွန်နဲ့ မဆိုင်ပါဘူး” ဟု KMD ကုမ္ပဏီမှ ဈေးကွက် မန်နေဂျာ ဦးဇာနည်ဟိန်းက ပြောကြားသည်။

ပြည်တွင်းတွင် ရောက်ရှိနေသော မိုဘိုင်းလ် ဟန်းဆက်များ၏ ၉၉ ရာခိုင်နှုန်းခန့်သည် တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်ထားသော ဟန်းဆက်များ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

တရားမဝင် မိုဘိုင်းလ် ဟန်းဆက်များ မည်သည့် လမ်းကြောင်းမှ ဝင်ရောက်နေခြင်းကို သိရှိရန် တရားဝင် တင်သွင်းခွင့်ရ ကုမ္ပဏီအချို့နှင့် မတ်လ ၃၁ ရက်နေ့က တွေ့ဆုံခဲ့ပြီး ဆွေးနွေးလျက် ရှိကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

The Voice Weekly
မြန်မာနိုင်ငံ၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော မိုဘိုင်းလ် ဟန်းဆက်များမှာ တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်မှု များပြားခြင်းကြောင့် Mobile Team က လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်မိုးကို ဆယ့်နှစ်ဘီလီယံဖြင့် ခုခံမည်

Photo: ရန်ကုန်မိုးကို ဆယ့်နှစ်ဘီလီယံဖြင့် ခုခံမည်
Wednesday, April 2, 2014

‘‘မိုးတွင်းမှာ မြောင်းရေလျှံတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ’’

စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း (ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)က သတင်းထောက်များနှင့် သူ၏ရုံးခန်းအတွင်း တွေ့ဆုံရာတွင် မိုးတွင်းမြောင်းရေလျှံမှု ကိစ္စများ မေးမြန်းရာ၌ ထိုကဲ့သို့ ဖြေကြားခဲ့ဖူးသည်။

တကယ်တမ်းတော့ ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပါ။ နှစ်ပေါင်းနှစ် ဆယ်ကျော်ကြာ လျစ်လျူရှုခံထားရသည့် မြို့ပြစီမံကိန်းကြီးတစ်ရပ်ပဲ ဖြစ်ပါ သည်။ ရေစီးရေလာ ကောင်းမွန်မှုအတွက် ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ခြင်း၏ အကျိုးဆက်ကို ပြည်သူများသာလျှင် ခံစားခဲ့ရပါသည်။

ယခုတော့ ထိုကိစ္စကို သမ္မတဦးသိန်းစိန်က ပြန်လည်ဖော်ထုတ်လိုက်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရေး စီမံကိန်းကို ယခုနှစ်ဇန်န၀ါရီမှ မေလ ၃၀ ရက်အထိ နိုင်ငံတော်က ဘတ်ဂျက် ၁၂ ဘီလီယံကျော် သုံးစွဲခွင့်ပြု၍ ဆောင်ရွက်ခိုင်းထားသည်။ များပြားသည့် ငွေကြေးများ သုံးစွဲထားသည့် စီမံကိန်းဖြစ်သောကြောင့် ယခုတစ်ကြိမ်ပြီးလျှင် နောက်ထပ်တစ်ကြိမ် ပြန်မစရအောင် ဆောင်ရွက်နေသူများက စနစ်တကျလုပ်ဆောင်သွားရန်လိုအပ်ပြီး ပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ အမှိုက်စွန့်ပစ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်သည်။

နှစ်စဉ်ရေကြီးရေလျှံ၍ သွားလာရခက်ခဲရသည့် အခြေအနေများကို တွန်းလှန်နိုင် ရန် သမ္မတက ဒုတိယ၀န်ကြီးသုံးဦးကို တာဝန်ပေးအပ်ခဲ့သည်။ ရေရှည်စီမံကိန်းမဟုတ်ဘဲ လေးလအတွင်း အကောင်အထည်ဖော်ရမည့် အထူးဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည်။

မြို့ပြလူထုအတွက် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ယခုနှစ်မိုးမကျမီ အပြီးသတ်ဆောင်ရွက်နိုင်ရန် ညွှန်ကြားလိုက်သည့်အတွက် လူအင်အား၊ စက်အင်အားများစွာ သုံးစွဲ၍ ရန်ကုန်တိုင်းအတွင်း အဓိက မြောင်း များ၊ ချောင်းများကို နေ့ရောညပါ အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိသည်။

‘‘ကျွန်တော်တို့ဆီမှာ စီမံကိန်းတစ်ခုလုပ်ရင် စနစ်တကျလုပ်လေ့မရှိဘူး။ ဒါကြောင့် တစ်ခုပြင်ရင် တစ်ခုကပျက်နေရတယ်။ ရေမြောင်းပြင်တော့ လမ်းပျက်၊ လမ်းပြင်တော့ ဖုန်းလိုင်းပျက်။ အဲဒီလိုပေါ့။ ဒါကြောင့် ရေတိုမှာ လူမြင်ကောင်းဖို့ထက် ရေရှည်အတွက် အဘက်ဘက်က စနစ်တကျပြင်ဆင်ပြီး ပြုပြင်သင့်တယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သည့် စာရေးဆရာဦးဟန်ဇော်ကပြောသည်။

ရန်ကုန်မြို့၏လမ်းများသည် နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသည့်အတွက် မိုးတွင်း၌ သွားလာရခက်ခဲလေ့ရှိသည်။ မိုးများသည့်အချိန်တိုင်း မြို့၏ လမ်းဘေးမြောင်းများမှာ ပိတ်ဆို့နေသည့် အမှိုက်များကြောင့် ရေစီးရေလာကောင်းမွန်ခြင်းမရှိဘဲ လမ်းပေါ်သို့ လျှံထွက်လာတတ်သည်။ ထိုအခြေအနေကို အစိုးရက ထိရောက်စွာပြုပြင်ဆောင်ရွက်ခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ပင်ကျော်ခဲ့ပြီ။

လမ်းဘေးမြောင်းအတွင်းရှိ ပိတ်ဆို့အမှိုက်များ တူးဖော်ဖယ်ရှားခြင်းများကို မြို့တော်စည်ပင်က ဆောင်ရွက်ပါသော်လည်း အဓိကကျသည့် ရေတံခါးများ၊ နုန်းတင်နေသည့် ချောင်းမြောင်းများကို ထိရောက်စွာ ရှင်းလင်းနိုင်ခြင်းမရှိခဲ့သဖြင့် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေလျှံမှုက ပုံမှန်ဖြစ်တတ်စမြဲပင်။

ထို့ကြောင့် နိုင်ငံတော်သမ္မတက ဤကိစ္စကို အထူးအရေးကြီးစီမံကိန်းအဖြစ် သတ်မှတ်၍ ယခုနှစ်မှစတင်ကာ မိုးမကျမီအတွင်း အပြီးသတ်ဆောင်ရွက်ရန်အတွက် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီမှ ဒုတိယ၀န်ကြီးသုံးဦး ခေါင်းဆောင်သည့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရန် ထိန်းသိမ်းရေး ကော်မတီတစ်ရပ်ကို အရေးပေါ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

‘‘မိုးမကျမီတော့ မပြီးနိုင်ဘူး။ တစ်နှစ်လောက်နဲ့ကို မပြီးနိုင်ဘူး။ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းမှာရှိတဲ့ မြေအောက်မြောင်းတော်တော်များများက အင်္ဂလိပ်လက်ထက်ကအတိုင်းပဲ။ အဓိက မြေအောက်မြောင်းကြီးတွေ ပြင်ရမယ်။ လမ်းဘေးမြောင်း အနက်နဲ့ အကျယ်တွေပြင်ရမယ်။ မြောင်းတွေပြင်ဖို့ မြေနေရာလိုဦးမယ်။ ပလက်ဖောင်းမြင့်မြင့်တွေ လိုဦးမယ်’’ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ကိုမိုးချိုက သူ၏အမြင်ကိုပြောသည်။

သို့သော် ‘‘လာမယ့်မိုးတွင်းမှာ သိသာတဲ့ အကျိုးခံစားရမယ်လို့ ယုံတယ်’’ဟု လယ်/ဆည်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်က ယုံကြည်ထားသည်။ မကြာမီကျရောက်မည့် သင်္ကြန်တွင်အဖွဲ့အားလုံးအနေဖြင့် မိမိတာဝန်ယူထားသည့် နယ်ပယ်အလိုက် ဖိဖိစီးစီး ဂရုတစ်စိုက် လုပ်ဆောင်ပေးကြရန်လည်း ဒုဝန်ကြီးက မေတ္တာရပ်ခံထားသည်။

ရေစီးရေလာကောင်းမွန်ရေးကော်မတီဥက္ကဋ္ဌမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်ဇော်၊ လယ်/ဆည်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဦးကျော်စိုးတို့ ပါဝင်ကြသည်။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူးနှင့် ဌာနမှူးများ၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာနတို့အပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ကုမ္ပဏီသုံးဆယ်ခန့်ကလည်း ၀င်ရောက်ဆောင်ရွက်နေကြခြင်းဖြစ်သည်။

လက်ရှိဆောင်ရွက်မှုအနေဖြင့် မြို့တွင်းခြောက်မြို့နယ်၏ ရေထွက်ပေါက်များ၊ မြစ်ထွက်ပေါက်များ၊ ရေနုတ်မြောင်းများကို အမှိုက်နှင့်နုန်းများ တူးဖော်ခြင်း၊ ရေတံခါးများ ဆောက်လုပ်ခြင်းများကို အချိန်မီပြီးစီးရန် ဆောင်ရွက်နေပြီး မြို့နယ်အလိုက် လုပ်ငန်းရှင်များကိုလည်း ပါဝင်ကူညီရန် တာဝန်ပေးထားသည်ကို တွေ့ရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ မြောက်ဥက္ကလာပမြို့နယ်တို့တွင်လည်း လမ်းအလိုက် ရေနုတ်မြောင်းများ တူးဖော်လျက် ဆင်ဖုံချောင်း၊ ငမိုးရိပ်ချောင်း၊ တိုးကြောင်ကြီးရေတံခါး စသည့် အဓိကကျသည့်နေရာများရှိပြီး တူးဖော်ခြင်းကို စက်ယန္တရားကြီးများဖြင့် လုပ်ဆောင်နေပြီး ချောင်းကြီးများအတွင်း သောင်တူးစက်ရေယာဉ်ကြီးများဖြင့် ချဲ့ထွင်တူးဖော်လျက်ရှိသည်။

‘‘ရပ်ကွက်တွေ အကူအညီယူပြီး ဆောင်ရွက်နေပါတယ်။ သင်္ကြန်တွင်းမှာ တူးဖော်မှုကို ရပ်နားမှာမဟုတ်ပါဘူး။ တစ်မိုးတွင်းလုံးလည်း ဆက်တူးသွားမှာ ဖြစ်ပါတယ်။ ရပ်ကွက်လူထုက ပြောစရာမလိုအောင် ကူညီကြတယ်။ သဘောကျကြပါတယ်’’ဟု ရန်ကုန်မြို့တော်စည်ပင်၊ လမ်း/တံတားဌာနမှူး ဦးတင်မောင်ကြည်ကဆိုသည်။

မြို့ရွာအိုးအိမ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးကလည်း ‘‘မကြာခဏပြိုကျတတ်တဲ့ မြောင်းတွေကို အုတ်မြောင်းတွေအဖြစ် ပြုလုပ်ပါတယ်။ ရေနစ်မြုပ်လေ့ရှိတဲ့ ရပ်ကွက်တွေ အဆင်ပြေသွားမှာဖြစ်ပါတယ်။ တချို့နေရာမှာ ရပ်ကွက်နဲ့ ညှိနှိုင်းဆဲအခြေအနေ ရှိပါတယ်။ လမ်းပေါ်က ဆိုင်ခန်းတွေ မပျက်စီးအောင် သတိထားရပါတယ်’’ဟု ပြောသည်။

ရေစီးရေလာကောင်းမွန်ရေးကော်မတီက ဌာနအသီးသီးဖြင့် ပေါင်းစပ်ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို မေလ ၃၀ ရက်နေ့ ရည်မှန်းချက်ထားရှိသော်လည်း အချိန်မီပြီးစီးနိုင်ခြင်း ရှိနိုင်မည်ကို ပြည်သူများအနေဖြင့် သံသယ၀င်မှုတချို့ရှိသည်။ စီမံကိန်းအတွက် ချထားပေးသော နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း အလဟဿ အလေအလွင့်ဖြစ်မည်ကိုလည်း ပြည်သူတို့က စိုးရိမ်ကြသည်။

လုပ်ငန်းအားလုံးကို ခြုံငုံကြည့်ပါက ပြီးစီးမှုအခြေအနေမှာ ၅၀ ရာခိုင်နှုန်းဖြစ်ပြီး ဧပြီလကုန် (သို့မဟုတ်) မေလလယ်ခန့်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရန် ကတိပြုထားကြသည်။ ကတိအတိုင်းသာ အချိန်မီပြီးစီးပါက ယခုမိုးရာသီတွင် ရည်မှန်းချက်အတိုင်း အောင်မြင်မှု ရှိ၊ မရှိကို စောင့်ကြည့်ရမည်ဖြစ်သည်။

ရန်ကုန်မြို့နယ်များအတွင်း ရေစီးရေလာကောင်းမွန်ရေးကို အစိုးရက ကြိုးပမ်းအားထုတ်နေချိန်တွင် ပြည်သူများကလည်း ပါဝင်ကူညီရန် လိုအပ်ပေသည်။ ထို့အတွက် ကော်မတီကလည်း မြို့တော်နေပြည်သူများကို စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုများကို လိုအပ်သလို ထုတ်လွှင့်စည်းရုံးပညာပေးရန် လိုအပ်နေသည်။

ရေနုတ်မြောင်းများအနီး ရောင်းချသည့် ဈေးဆိုင်များ၏ စွန့်ပစ်အမှိုက်များ စနစ်တကျရှိစေရန် လေ့ကျင့်ပညာပေးခြင်း၊ တိုက်ခန်းနောက်ဖေးလမ်းကြားများရှိ မြောင်းများကို အနည်းဆုံး နှစ်ပတ်တစ်ကြိမ် သတ်မှတ်ရက်တစ်ခုထား၍ ရှင်းလင်းပြီး ကားဖြင့် တစ်ပါတည်းသိမ်းယူခြင်း၊ ရေနုတ်မြောင်းများရှိ အမှိုက်ထားသည့်နေရာများကို မြို့နယ်အလိုက် သိသာသည့် သင်္ကေတလမ်းညွှန်မှုများ စိုက်ထူ၍ ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုသည်။

‘‘အရင်နှစ်တွေထက်ပိုပြီး ထိထိရောက်ရောက် လုပ်နေသလိုပဲ။ မလုပ်တာနဲ့စာရင်တော့ အရမ်းကောင်းတာပေါ့။ အတိုင်းအတာတစ်ခုအထိတော့ အကျိုးခံစားရမှာပါ။ တဖြည်းဖြည်းသွားရမှာပေါ့။ အင်အားအလုံးအရင်းနဲ့ မြန်မြန်လုပ်ချလိုက်ရင်တော့ ပိုထိရောက်မယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အသက်(၃၉)နှစ်အရွယ် ကျူရှင်ဆရာဦးမျိုးသန့်က မှတ်ချက်ပေးသည်။

နှစ် ၂၀ ကျော်တိုင် မပြုပြင်လာခဲ့သည့် လုပ်ငန်းများဖြစ်သည့်အတွက် အခက်အခဲများစွာရှိနိုင်မည်ဖြစ်သကဲ့သို့ ချထားပေးသည့် ရန်ပုံငွေကိုလည်း အဖိတ်အစဉ်မရှိစေရန် ဆောင်ရွက်သင့်ပြီး ကုမ္ပဏီများ၏ဆောင်ရွက်မှုကို ကော်မတီက ကြီးကြပ်စိစစ်သင့်ပါသည်။

‘‘ကော်မတီဥက္ကဋ္ဌအနေနဲ့တော့ မြေပြင်လုပ်ငန်း ကွင်းဆင်းစစ်ဆေးတိုင်း တာဝန်တစ်ရပ်လိုအပြင် ကုသိုလ်ဖြစ်လုပ်ငန်းလို့ နှလုံးသွင်းလုပ်ဖို့ တာဝန်ခံများကို အမြဲမှာကြားလေ့ရှိပါတယ်’’ဟု ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲသူဝင်းကရှင်းပြသည်။

ရေစီးရေလာကောင်းမွန်ရေးသည် ပြည်သူများအတွက် လူမှုဘ၀နှင့် ကျန်းမာရေးအတွက်ပါ အကျိုးရှိသည့်ကိစ္စရပ်ဖြစ်သည်။ သတ်မှတ်ထားသည့်ကာလ ပြီးဆုံးပါက အရေးပေါ်ကော်မတီ၏ တာဝန်များကို မြို့တော်စည်ပင်က လွှဲပြောင်းယူ၍ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ရာ ယခင်ကဲ့သို့ ပြန်မဖြစ်စေရန် စေတနာနှင့် အစဉ်အမြဲ လုပ်ဆောင်နေသင့်သည့်လုပ်ငန်း ဖြစ်သည်။ သို့မှသာ ဘဏ္ဍာငွေကုန်ကျစရိတ် ထပ်မံမသုံးစွဲရတော့မည်ဖြစ်သည်။ နှစ်၂၀ ကျော် မဆောင်ရွက်ခဲ့သည့်အတွက် ယခုမှ လုပ်ဆောင်ရာတွင် ကုန်ကျစရိတ် ကြီးမားသွားရသည်။

‘‘ရန်ကုန်လူဦးရေက ငါးသန်းဆိုပါစို့။ ဒီလူတွေ အမှိုက်ကို စနစ်တကျစွန့်ပစ်ပါရဲ့လား၊ စည်းကမ်းတွေ ဥပဒေတွေကို ဘယ်လောက်လိုက်နာသလဲဆိုတာက အရေးပါတယ်။ စည်းကမ်းမဲ့နေဦးမယ်ဆိုရင်တော့ ငွေကုန်ခံပြီး ဘယ်လောက်ပဲလုပ်လုပ် ရေစီးရေလာမကောင်းတဲ့ မြောင်းရေလျှံတာတွေဖြစ်နေဦးမှာပဲ’’ဟု ရေကြောင်းထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာနမှ အမှုဆောင်အင်ဂျင်နီယာ ကိုအောင်စိုးမိုးကသုံးသပ်သည်။

မကြာမီ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုရန် ရှိပါသည်။ သမ္မတ လာရောက်စစ်ဆေးမည့်အချိန်တွင် လုပ်ငန်းအောင်မြင်ပြီးစီးမှုရှိရန် အမြန်ဆုံးလုပ်ကိုင်ကြရသော်လည်း အပေါ်ယံအမြင်ကောင်းအောင် လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ အမှန်တကယ် စနစ်တကျ ဖိစီးဆောင်ရွက်ထားဖို့ လိုအပ်ပါသည်။ ဒါမှသာ မြို့ပြပြည်သူများသာမက နောင်လာနောက်သားများအတွက်လည်း အဆင်ပြေပေလိမ့်မည်။

မိုးရာသီ၌ မြောင်းရေလျှံခြင်းသည် မြို့တော်ဝန်ဟောင်း မှတ်ချက်ပေးသကဲ့သို့ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စမဟုတ်ပါ။ ရေစီးရေလာကောင်းမွန်ရေးကို လျစ်လျူရှုခဲ့ကြ၍ ပြည်သူများသာခံစားရသည့် အကျိုးဆက်သာ ဖြစ်ပါသည်။

7Day News Journal
‘‘မိုးတွင်းမှာ မြောင်းရေလျှံတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ’’

စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း (ယခု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်) က သတင်းထောက်များနှင့် သူ၏ရုံးခန်းအတွင်း တွေ့ဆုံရာတွင် မိုးတွင်းမြောင်းရေလျှံမှု ကိစ္စများ မေးမြန်းရာ၌ ထိုကဲ့သို့ ဖြေကြားခဲ့ဖူးသည်။

သာကေတ ငါးသေတ္တာစက်ရုံ ကိစ္စကို နိုင်ငံတကာသို့ ချပြသွားမည်

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနဘက်မှ သာကေတ ငါးသေတ္တာစက်ရုံနှင့် ပတ် သက်သည့် ပြဿနာတွင် အပြုသဘော ဆောင်သည့်တုံ့ပြန်မှုများပြုခြင်းမရှိပါက အဆိုပါ ကိစ္စကို နိုင်ငံ တကာအဆင့်အထိ သိရှိအောင် ချပြသွားမည်ဟု အဆိုပါ ရယ်ဒီငါးသေတ္တာ ထုတ်လုပ်နေ သည့် Myanmar Makro ကုမ္ပဏီ လီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးမြင့်ကျော်က The Voice သို့ ပြောကြား သည်။

မြောက်ကိုရီးယားအား လက်တုံ့ပြန်ခြင်းကို တောင်ကိုရီးယား ကာကွယ်ပြောဆို

အငြင်းပွားနေသော တောင်-မြောက်ကိုရီးယားရေပိုင်နက် နယ်နိမိတ်အနီးတွင် အမြောက်ဖြင့် အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားက ယင်းတုံ့ပြန်မှုနှင့် ပတ်သက်ပြီး အခိုင်အမာ ကာကွယ်ပြောဆိုခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဦးနှောက်သွေးကြောပြတ် အန္တရာယ်

Photo: ဦးနှောက်သွေးကြောပြတ် အန္တရာယ်
Wednesday, April 2, 2014

ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲပါက ဦးနှောက် သွေးကြောပြတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် အဲကွန်းခန်းမှ နေပူထဲသို့ ထွက်ခြင်း၊ နေပူထဲမှ အဲကွန်းခန်း အတွင်းသို့ ဝင်ခြင်းများကို ဆင်ခြင်သင့်ကြောင်း သိရသည်။ ပူပြင်းသော ရာသီတွင် အဲကွန်းခန်းမှ နေပူထဲသို့ သွားပါက ဦးနှောက်အတွင်းသို့ ပို့ဆောင်သော သွေးကြောလေးများ၏ သွေးသွား၊ သွေးလာ အနှောင့်အယှက် ဖြစ်ကာ မူးမော်ခြင်း ဖြစ်တတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် မပေါ့ဆသင့်ကြောင်း၊ နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြသဖို့ လိုအပ်ကြောင်း သိရသည်။

“Heat Strock ကြောင့် သေတာဟာ ခန္ဓာကိုယ် အပူချိန် အရမ်းများလို့ သေတာနဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ဆုံးရှုံးသွားလို့ သေတာတွေပါ။ ဒါကြောင့် ချွေးထွက်များရင် ရေပဲ သောက်ရပါမယ်။ ကြွက်တက်မှ၊ ခြေလက်ထုံကျဉ်မှ ဓာတ်ဆားကို သောက်သင့်တယ်။ မဟုတ်ရင် သွေးတိုးပြီး ဦးနှောက်သွေးကြော ပြတ်နိုင်တယ်။ အပူချိန်များတဲ့ အချိန်မှာ မူးမေ့ရင် အရိပ်ရတဲ့ နေရာကို ချက်ချင်း ခေါ်သွားပြီး တစ်ကိုယ်လုံး ရေဖတ် တိုက်ပေးရပါမယ်။ ခန္ဓာကိုယ် အပူချိန်ပေါ် မူတည်ပြီး ၁၀၅ ဒီဂရီဆိုရင် အရမ်းပူရင် ရေခဲဖတ်ကို ၁၅ မိနစ်၊ နာရီဝက် ဆက်တိုက် တိုက်ပေးရပါမယ်။ အပူချိန်တိုင်း ကိရိယာနဲ့ ဆက်တိုက် တိုင်းပြီး ၁၀၁ ဒီဂရီလောက်အထိ ရောက်အောင် ဆက်တိုက် တိုက်ပေးရမယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ စီမံချက် ညှိနှိုင်းရေးမှူး ဒေါက်တာမြင့်ဇော်က ဆိုသည်။ “နေကတော့ မတရားကို ပူတယ်။ ကျွန်တော်တို့လို ကားသမားတွေ အတွက် ငွေရှာရတာ အဆင်ပြေပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတယ်။ မနေ့ကဆို တက္ကစီကား တစ်စီးက ပလက်ဖောင်းပေါ် လမ်းလျှောက်နေတဲ့ မိန်းကလေး တစ်ဦးကို ဝင်တိုက်တယ်။ လမ်းသွား လမ်းလာတွေက တက္ကစီသမားကို ဆွမ်းကြီးလောင်းမလို့ အုံလာကြတယ်။ ကားတိုက်ခံရတဲ့ မိန်းကလေးလဲ မေ့သွားတယ်။ တက္ကစီသမားကလဲ မေ့နေတယ်။ ဒီတော့ လူတွေက မိန်းကလေးရော၊ တက္ကစီသမား ကိုပါ ဆေးရုံ ပို့လိုက်ရတယ်။ ဖြစ်တာက နေပူလွန်းအားကြီးတော့ ကားသမားက မောင်းနေရင်း မူးမေ့သွားပြီး စတီယာရင် မထိန်းနိုင်ဘဲ လမ်းပေါ်က အမျိုးသမီးကို ဝင်တိုက်တာ။ တော်သေးတယ်။ မိန်းကလေးရော တက္ကစီသမားပါ၊ ဘာမှ မဖြစ်ကြလို့။ ကျွန်တော်တို့ ကားသမားတွေက နေပူပြီဆိုရင် သတိထားရတယ်။ ဦးနှောက် သွေးကြောပြတ်ပြီး သေတတ်တယ်။ ကျွန်တော်ကတော့ သိပ်ပူတဲ့ ၁ နာရီ ၂ နာရီဆို အရိပ်ရတဲ့ နေရာမှာ ကားထိုးပြီး အိပ်နေလိုက်တယ်။ ဒါပေမဲ့ ငွေရှာ မရရင် နေပူလဲ အင်ဂျင်ပူပူအပေါ် တစ်နေကုန် ထိုင်ပြီး သေမင်းနဲ့ ကစားနေရတာပါပဲ” ဟု ဆူးလေဂိတ်မှ တက္ကစီဒရိုင်ဘာတစ်ဦးက ပြောသည်။

ယမန်နှစ် နွေရာသီက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် အပူဒဏ် လွန်ကဲမှုကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဆိုက်ကားသမား၊ တောင်ယာ လုပ်ကိုင်သူများထဲမှ အချို့သည် အသက်အန္တရာယ် ဖြစ်ပွားခဲ့ကြသည်။ “နေပူထဲက ပြန်လာပြီး ရေချိုး ခေါင်းလျှော်တာ။ နေပူထဲက ပြန်လာပြီး ရေအေးဝတ် ပတ်တာတွေက ဦးနှောက်သွေးကြော ပြတ်တာ ဖြစ်နိုင်တယ်။ ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲလို့ ဦးနှောက် သွေးကြော ပြတ်တာ” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ စီမံချက် ညှိနှိုင်းရေးမှူး ဒေါက်တာမြင့်ဇော်က ဆိုသည်။

ကျန်းမာရေး ဝန်ထမ်းတစ်ဦးကလည်း “ယခုဆိုရင် ရာသီဥတုက အချိန်အခါ မရွေး ဖောက်ပြန်နေတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းကဆိုရင် ရန်ကုန်မြို့ အပါအဝင် တစ်နိုင်ငံလုံး ပြင်းပြင်းထန်ထန် ပူခဲ့တယ်။ သက်ကြီးရွယ်အိုတွေ သေဆုံးတယ်။ ဒီနှစ်လဲ အရက်သမားတွေ ဦးနှောက် သွေးကြောပြတ်ပြီး သေတာတွေ တွေ့လာနေရတယ်။ ကျွန်မတို့ ရပ်ကွက်ထဲက လူတစ်ယောက်ဟာ နေ့ခင်းကြောင်တောင် ဦးနှောက်သွေးကြောပြတ်ပြီး လမ်းပေါ်မှာ ဆုံးသွားခဲ့တယ်။ လူကတော့ အကောင်းပဲ။ ဒါပေမဲ့ သူက အရက်ကို နေ့မရှောင်၊ ညမရှောင် သောက်တဲ့ လူစားမျိုးဆိုတော့ အပူရှိန်ပြင်းတဲ့ အချိန်မှာ အရက်သောက်တော့ ဦးနှောက်ကြောပြတ်ပြီး သေတာပဲ။ အရက်သောက်တတ်တဲ့ သူတွေဟာ ယခုလိုပူတဲ့ အချိန်မှာ နေ့ခင်းဘက် အရက်သောက်ရင် လျှော့သောက်သင့်တယ်။ ဖြစ်နိုင်ရင် မသောက်တာ အကောင်းဆုံးပါဘဲ” ဟု ဆိုသည်။ ထို့ပြင် ရန်ကုန် ကလေးဆေးရုံကြီးတွင်လည်း ပြီးခဲ့သော နွေရာသီတွင် ကလေးများ အပူကြီးပြီး ဆေးရုံတက်ရခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ သို့ဖြစ်၍ ပူသော ရာသီတွင် ကလေးများအား အင်္ကျီပွပွ၊ ပါးပါးများ ဝတ်ပေးခြင်း၊ ရေမကြာခဏ တိုက်ပေးခြင်း၊ လေဝင်လေထွက် ကောင်းသောနေရာ၊ အရိပ်ရသော နေရာများတွင် ထားခြင်းတို့ဖြင့် အပူဒဏ်ကို ကာကွယ်ရမည် ဖြစ်သည်။ ထို့ပြင် လွင်တီးခေါင်ပြင်တွင် နေထိုင်သူများနှင့် မြစ်ချောင်း နံဘေးတွင် နေထိုင်သူများ အနေဖြင့် နံနက် ၁၀ နာရီမထိုးမီနှင့် ညနေ ၅ နာရီ နောက်ပိုင်းမှသာ ရေချိုးသင့်ကြောင်း သိရသည်။

Flower News Journal
ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲပါက ဦးနှောက် သွေးကြောပြတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် အဲကွန်းခန်းမှ နေပူထဲသို့ ထွက်ခြင်း၊ နေပူထဲမှ အဲကွန်းခန်း အတွင်းသို့ ဝင်ခြင်းများကို ဆင်ခြင်သင့်ကြောင်း သိရသည်။ ပူပြင်းသော ရာသီတွင် အဲကွန်းခန်းမှ နေပူထဲသို့ သွားပါက ဦးနှောက်အတွင်းသို့ ပို့ဆောင်သော သွေးကြောလေးများ၏ သွေးသွား၊ သွေးလာ အနှောင့်အယှက် ဖြစ်ကာ မူးမော်ခြင်း ဖြစ်တတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် မပေါ့ဆသင့်ကြောင်း၊ နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြသဖို့ လိုအပ်ကြောင်း သိရသည်။

ရွှေအများပိုင် ကုမ္ပဏီက ၂၀၀ ဂရမ်ရွှေပြားသစ်များ ထုတ်မည်

Photo: ရွှေအများပိုင် ကုမ္ပဏီက ၂၀၀ ဂရမ်ရွှေပြားသစ်များ ထုတ်မည်

ရန်ကုန်၊ ဧပြီ ၁

မြန်မာ့ရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက အလေးချိန်ပိုများသည့် ၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ် ရွှေပြားများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ အုပ်ချူပ်မှု ဒါရိုက်တာ  ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ ရွှေပြားများ ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်ရန် ရွှေပြားထုတ် စက်သစ်များကို ပြည်ပမှ မှာယူထားကြောင်း မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံမှ သိရသည်။
“၁၀၀ ဂရမ်တို့၊ ၂၀၀ ဂရမ်တို့ လုပ်ဖို့အတွက် ခုချိန်က ကုန်ကြမ်းရှားနေသေးလို့ ကုန်ကြမ်းပေါတဲ့ အချိန်လောက် ကျမှထုတ်ဖို့။ ကြိုတင်ရအောင် ခုကတည်းက ပြည်ပကနေ ရွှေထုတ်လုပ်တဲ့စက်တွေ မှာထားပါတယ်” ဟု ၎င်းကဆိုသည်။ 

လက်ရှိ ထုတ်လုပ်နေသည့် ၂ ဒသမ ၅ ဂရမ်နှင့် ၅ ဂရမ် ရွှေပြားများအတွက် ကုန်ကြမ်းကို ပြည်တွင်း အခေါက်ရွှေဈေးကွက် အတွင်းမှ ဝယ်ယူ စုဆောင်းပြီး ၉၉ ဒသမ ၉၉ နိုင်ငံတကာ အရည်အသွေး ပြည့်မီသည့် ရွှေပြားပြုလုပ်ကာ ပြန်လည် ရောင်းချနေကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။

ယင်းဂရမ်ပြားများကို တစ်နေ့ အပြား ၄၀၀ ထိ ဈေးကွက်အတွင်း ရောင်းချနေပြီး မေလတွင် ကိုယ်စားလှယ်များ ခန့်အပ်ကာ ဈေးကွက် ထပ်မံတိုးချဲ့သွားမည်ဟု အဆိုပါ အများပိုင်ကုမ္ပဏီက ကြေညာထားသည်။

ပြည်တွင်း ရွှေဈေးကွက်အတွင်း အစိုးရထုတ် ရွှေဒင်္ဂါးပြားများမှာ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၃၂၉ ဂရမ်ရှိပြီး ရန်ကုန် ရွှေဈေးကွက်ရှိ ဒင်္ဂါးပြားမှာ ၁၆ ဒသမ ၆၀၆ ဂရမ်နှင့် မန္တလေးဈေးကွက်ရှိ ဒင်္ဂါးပြားမှာ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၆ ဂရမ်ဖြင့် ဈေးကွက်အတွင်း အလေးချိန် မတူညီမှုများ ရှိနေသည်။

အများပိုင်ကုမ္ပဏီမှ အသစ်ထပ်မံ ထုတ်လုပ်မည့် ရွှေဂရမ်ပြားများမှာ ၁၀၀ ဂရမ်တစ်ပြားလျှင် ၆ ကျပ်သားဝန်းကျင် ရှိကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။
မြန်မာ့ရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီက အလေးချိန်ပိုများသည့် ၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ် ရွှေပြားများထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ အုပ်ချူပ်မှုဒါရိုက်တာ ဦးကျော်ဝင်း က ပြော ကြားသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ထောင်သုံးလချ

Photo: ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ထောင်သုံးလချ
Wednesday, April 2, 2014

မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဧပြီလ ၁ ရက်နေ့ တွင် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ကြောင်း ဦးနေမျိုးဇင်က ပြောကြားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဗန္ဓုလပန်းခြံတွင် ခွင့်ပြုချက် မရဘဲ တောင်သူလယ်သမားအရေး ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ခဲ့သည့် အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဟုတ်ပါတယ်။ အခုပဲ အချုပ်ကားပေါ် တက်တော့မလို့ပါ” ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က The Voice ၏ ဆက်သွယ်မေးမြန်း မှုကို ပြန်လည် ဖြေဆိုသည်။

ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်သော အဆိုပါ ပုဒ်မအတွက် ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ကို ထောင်ဒဏ်တစ်မျိုးတည်းသာ ချမှတ်ခဲ့ကြောင်း မြန်မာလူမှုဘဝကွန်ရက် အတွင်းရေးမှူးက ဆိုသည်။

နိုင်ငံတည်ဆောက်ရေး ကဏ္ဍတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ရန် နိုင်ငံတော်သမ္မတကြီးက ပြောဆိုထားသော်လည်း တောင်သူလယ်သမားအရေး ဆောင်ရွက်သူများ၊ နိုင်ငံရေးသမားများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ထောင်ချနေမှုသည် သမ္မတ၏ ပြောဆိုမှုကို အောက်ခြေ ဝန်ထမ်းများ လိုက်နာမှု မရှိသည်ကို ပြသနေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ မူလပြစ်ဒဏ်များကို ထက်ဝက် လျှော့ချထားသည့် ဥပဒေ ပြင်ဆင်ချက်ကို မတ်လ နောက်ဆုံးပတ်က ပြည်သူ့လွှတ်တော်တွင် အတည်ပြုထားသည်။

The Voice Weekly
မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူ လယ် သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဧပြီလ ၁ ရက်နေ့ တွင် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ကြောင်း ဦးနေမျိုးဇင်က ပြောကြားသည်။

သန်းခေါင်စာရင်း သပိတ်မှောက် ရင် မှောက်သူသာနစ်နာမယ်လို့ ဝန်ကြီးပြော

ရခိုင်ပြည်နယ်က မွတ်စလင်တွေအနေနဲ့ ရိုဟင်ဂျာအမည် နဲ့ ဖြည့်သွင်းခွင့်မရတဲ့ အတွက် သန်းခေါင် စာ ရင်းကောက်ယူမှုတွေကို သပိတ်မှောက်မယ်ဆိုရင် မိမိတို့ရဲ့ အခွင့်အရေးတွေသာ ဆုံးရှုံးနစ်နာ မှာ ဖြစ်ေ ကြာင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား ပါတယ်။

မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့က အကြမ်းဖက် လုပ်ရပ်များပြုလုပ်ရန် စီစဉ်နေဟု ဗြိတိန်ပြော

မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့သည် ဗြိတိန်တွင် အစွန်းရောက်လှုပ်ရှားမှုများပြုလုပ်ရန် စီစဉ်နေသည် ဟု ယူဆရသ ဖြင့် ထိုအဖွဲ့အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက အမိန့်ပေးထားကြောင်း ဒေါင်း နင်းလမ်းရှိ ၀န်ကြီးချုပ်ရုံးက သတင်းထုတ် ပြန်ခဲ့သည်ဟု ဧပြီ ၁ ရက်က အေ အက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

အီဘိုလာဗိုင်းရပ်စ် ထိန်းချုပ်ရန် ပိုမိုခက်ခဲလာနေ

ဂီနီနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသဖြင့်လူ ၇၈ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဆေးဝါး အထောက် အပံ့ပေးနေသည့် လုပ်ငန်းအဖွဲ့အစည်းတစ်ခုက ပြောကြားခဲ့သည်ဟု ဧပြီ ၁ ရက်က အေ အက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာ့ရေပိုင်နက်တွင် နိုင်ငံခြားသင်္ဘောများ ငါးဖမ်းခြင်းကို ဧပြီ ၁ တွင် တရားဝင်ပိတ်ပင်

မြန်မာ့ရေပြင်ပိုင်နက်တွင် နိုင်ငံခြား ငါးဖမ်းရေယာဉ်များက မြန်မာ့မျိုးရင်းငါးများ ၀င်ရောက်ဖမ်းဆီးခြင်းကို ဧပြီလ ၁ ရက်မှစ၍ တရားဝင်ပိတ်ပင်တားဆီးလိုက်ပြီ ဖြစ်သည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ဧပြီလ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

KIO ထိန်းချုပ်နယ်မြေ မဟုတ်သော ရှမ်းတိုင်းရင်းသားကျေးရွာများတွင်ပါ သန်းခေါင်စာရင်း မကောက် ရန် KIA အဖွဲ့က ခြိမ်းခြောက်တားမြစ်

Photo: KIO ထိန်းချုပ်နယ်မြေ မဟုတ်သော ရှမ်းတိုင်းရင်းသားကျေးရွာများတွင်ပါ သန်းခေါင်စာရင်း မကောက် ရန် KIA အဖွဲ့က ခြိမ်းခြောက်တားမြစ်
Wednesday, April 2, 2014

ကချင်ပြည်နယ်၊ မန်စီမြို့နယ်ရှိ KIO ထိန်းချုပ်နယ်မြေ မဟုတ်သော ရှမ်းတိုင်းရင်းသားကျေးရွာများ၌ မတ်လ ၂၉ ရက်နေ့မှစ၍ သန်းခေါင်စာရင်းကောက်ရန် ရောက်ရှိနေသော မြို့နယ် လ၀က ၀န်ထမ်းများအား KIA အဖွဲ့မှ ခြိမ်းခြောက်တားမြစ်မှုများ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။

`` မန်ဝိန်းကြီးမှာရောက်နေတဲ့ လက်ထောက်ဦးစီး ၂ ယောက်လည်း မနေ့ကထိ သန်းခေါင်စာရင်း မကောက်ယူ နိုင်သေးဘူး၊ KIA အဖွဲ့ကလာပြီး တားမြစ်ထားလို့ မကောက်နိုင်ဘူး ဖြစ်နေတယ် ´´ ဟု မြို့နယ် လ၀က ရုံးမှ ၀န်ထမ်း တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူလျက်ရှိရာ KIO/KIA ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်းကောက်ယူရန် ညှိနှိုင်းမှုကို ငြင်းပယ်ခဲ့မှုကြောင့် အဆိုပါ နယ်မြေများ၌ သန်းခေါင်စာရင်းကောက်ယူမှု မပြုလုပ်ကြောင်း သိရသည်။

`` သမ္မတကြီး ခရီးစဉ်မှာ ၀န်ကြီး ဦးခင်ရီ ကိုယ်တိုင် PCG ကတစ်ဆင့် KIO/KIA ခေါင်းဆောင်တွေကို သန်းခေါင်စာရင်းကောက်ယူဖို့ ညှိနှိုင်းခဲ့တာပါ၊ ဒါပေမယ့် ခွင့်မပြုလို့ သွားမကောက်ပါဘူး၊ မန်ဝိန်းကြီး ဒေသမှာ က ရှမ်းရွာတွေများတယ်၊ KIO ထိန်းချုပ်နယ်မြေထဲ မပါဘဲနဲ့ လာပြီး ခြိမ်းခြောက်တာကတော့ အပြုသဘော မဆောင်ဘဲ အဖျက်သဘောလို့ပဲ မြင်ပါတယ် ´´ ဟု မြစ်ကြီးနားမြို့ခံ လ၀ကရုံးမှ ဦးစီးအရာရှိတစ်ဦးက ဆိုသည်။

မန်ဝိန်းကြီးကျေးရွာတွင် မတ်လ ၂၉ ရက်နေ့မှစ၍ မြို့နယ်လ၀ကမှ လက်ထောက်ဦးစီး ဦးမြင့်ကြည်နှင့် ဦးစိုင်းအိုက်အေး တို့ ရောက်ရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ လာရောက်တောင်းပန်မှုကြောင့် ဧပြီလ ၁ ရက်နေ့အထိ သန်းခေါင်စာရင်း မကောက်ယူနိုင်သေးကြောင်း သိရသည်။

`` အုပ်ချုပ်ရေးမှူးကို KIA အဖွဲ့က ဖုန်းနဲ့လှမ်းပြီး ခြိမ်းခြောက်တယ်လို့ကြားတယ်၊ ရွာမှာ သန်းခေါင်စာရင်း မကောက်ဖို့နဲ့ ပြောထားရက်သားနဲ့ ကောက်မယ်ဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုပြီး ခြိမ်းခြောက် ထား တော့ အုပ်ချုပ်ရေးမှူးလည်း ကြောက်နေတာပေါ့´´ ဟု မန်ဝိန်းကြီး ရွာသားတစ်ဦးက ဆိုသည်။

လက်ထောက်ဦးစီးနှစ်ဦးအား နေရေးထိုင်ရေး ကူညီဆောင်ရွက်ပေးနေသော ရှမ်းတိုင်းရင်းသားရွာသား တစ်ဦး က `` အုပ်ချုပ်ရေးမှူးက ရှိခိုးမတတ် လာတောင်းပန်လို့ ဦးစီးတွေလည်း သန်းခေါင်စာရင်း မကောက်ဘဲ နေရ တာပါ၊ သန်းခေါင်စာရင်းကောက်မယ်ဆိုရင် အုပ်ချုပ်ရေးမှူးက ဒီရွာမှာ မနေဘဲ ထွက်ပြေးတော့မယ်လို့ ပြောတယ်၊ KIA အဖွဲ့က သူ့ကို ဘယ်လောက်တောင် ခြိမ်းခြောက်ထားမှန်း မသိဘူး၊ ဒီ ရှမ်းရွာတွေအထိ လာပြီး သန်းခေါင်စာရင်း မကောက်ရဘူးလို့ ပြောနေတဲ့ KIA ဟာ အစိုးရက အလျှော့ပေးမှန်း သိလို့ အတင့်ရဲနေတာဗျ ´´ ဟု ပြော ကြားခဲ့သည်။

မန်ဝိန်းကြီးဒေသတွင် မန်ဝိန်ကြီးကျေးရွာအုပ်စု၊ နောင်စွမ်းကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာအုပ်စု၊ လဂါတ်ဒေါ့ ကျေးရွာအုပ်စု၊ မန်မွန်းကျေးရွာအုပ်စုနှင့် နမ့်ခါးပါကျေးရွာအုပ်စုများ ပါဝင်ပြီး KIA ၏ ခြိမ်းခြောက် တားမြစ်မှု ကြောင့် သန်းခေါင်စာရင်း ကောက်ယူမည့် လ၀က ၀န်ထမ်းများမှာ အခက်ကြုံနေ ရကြောင်း သိရသည်။

ညီသစ်(မြစ်ကြီးနား)
Shan News
ကချင်ပြည်နယ်၊ မန်စီမြို့နယ်ရှိ KIO ထိန်းချုပ်နယ်မြေ မဟုတ်သော ရှမ်းတိုင်းရင်းသားကျေးရွာများ၌ မတ်လ ၂၉ ရက်နေ့မှစ၍ သန်းခေါင်စာရင်းကောက်ရန် ရောက်ရှိနေသော မြို့နယ် လ၀က ၀န်ထမ်းများအား KIA အဖွဲ့မှ ခြိမ်းခြောက်တားမြစ်မှုများ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ရိုဟင်ဂျာဟုထွက်ဆိုခြင်းကြောင့် ရခိုင်ရှိ ဒုက္ခသည်စခန်းများ သန်းခေါင်စာရင်းမကောက်နိုင်

မြတ်ကျော်သူ၊ ဟိန်းကိုစိုး၊ နန်းလွင်နှင်းပွင့်၊ အေးမြင့်စန်း၊ ကြယ်ပြာတို့ စုစည်းတင်ပြသည်။ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း တတိယနေ့ဖြစ်သော ဧပြီ ၁ ရက်တွင် ရခိုင်ပြည်နယ်စစ်တွေ မြို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများကို စတင်ကောက်ယူနေပြီဖြစ်ရာ ဒေသနေသူအများစုက “ရိုဟင်ဂျာ”ဟု ထွက် ဆိုကြသည့်အတွက် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိရ သည်။

မော်လမြိုင်ခရိုင်တွင် တပ်မတော်က သိမ်းယူခဲ့သော လယ်မြေဧက၂၀၀၀ ကျော် စွန့်လွှတ်မည်

တပ်မတော် အစိုးရလက်ထက်၌ မော်လမြိုင်ခရိုင် ခြောက်မြို့နယ်အတွင်း တပ်ရင်းပေါင်း ၃၂ ခုက သိမ်း ဆည်း ခဲ့သော လယ်မြေများအနက် ဆက်လက် လုပ်ကိုင်ခြင်း မရှိတော့သည့် လယ်မြေ ၂၃၈၀ ဒသမ ၈၅ ဧကကို မူရင်း လယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် စာရင်း ရောက်ရှိပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုင်က ပြောကြားသည်။

သင်္ကြန် နေပြည်တော်မှာ ရှိမယ်လို့ဆိုတဲ့ သရုပ်ဆောင်ရွှေမှုံရတီ

Photo: သင်္ကြန် နေပြည်တော်မှာ ရှိမယ်လို့ဆိုတဲ့ သရုပ်ဆောင်ရွှေမှုံရတီ
Wednesday, April 2, 2014

ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝရရှိထားပြီဖြစ်တဲ့ သရုပ်ဆောင်ရွှေမှုံရတီကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ သူမက ‘အခု လတ်တလော မှာတော့ ကိုခန့်စည်သူနဲ့ ဗီဒီယိုဇာတ်ကားရိုက်နေပါတယ်။ ဒါရိုက်တာ ကိုနေပိုင်ပါ။ ဒီကားပြီးသွားရင် နောက်ထပ်လည်း ဗီဒီယိုဇာတ်ကားတွေပဲ ထပ်ပြီး ရိုက်ဖြစ်သွားမှာပါ။ အခုဆယ်တန်းစာမေးပွဲလည်း ဖြေပြီးသွားပြီဆိုတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်တော့မှာပါ။ စာမေးပွဲနဲ့ ပတ်သက်ရင်တော့ ရွှေမှုံဘက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြေဆိုထားပါတယ်။ ၁၀တန်းဆိုတာက နတ်ကြီးတယ် လို့ ကြားဖူးထားတော့ ကြိုးစားရတာပေါ့။ ဒီနှစ်သင်္ကြန် ရွှေမှုံနေပြည်တော်မှာ မဏ္ဍပ်ထိုင်ဖို့ရှိပါတယ်။ သင်္ကြန်လေးရက်စလုံး နေပြည်တော်မှာပဲရှိပါမယ်။ အဲဒီ့ကနေမှ အောင်ပန်းမှာ ဇာတ်ကား သွားရိုက်ရမယ်။ မြန်မာနှစ်သစ်ကူးမှာ ပရိသတ်ကြီးအားလုံး လူသစ်၊ စိတ်သစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်’တဲ့။

Trend Myanmar
ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝရရှိထားပြီဖြစ်တဲ့ သရုပ်ဆောင်ရွှေမှုံရတီကို လတ် တလော အနု ပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ သူမက ‘အခု လတ်တလော မှာတော့ ကိုခန့်စည်သူနဲ့ ဗီဒီယိုဇာတ်ကားရိုက်နေပါတယ်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအချို့တွင်ကေအိုင်အေတားမြစ်မှုကြောင့် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိ

မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ၁၂ ရက်ကြာ ပြည်လုံး ကျွတ်လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင် မတ် ၃ဝ ရက် နံနက်ပိုင်းမှ စတင်ကော က်ယူလျက်ရှိရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသအချို့တွင် ကေအိုင်အေ တပ်ဖွဲ့ဝင် များ၏ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိကြောင်း မတ် ၃ဝ ရက် ညနေ ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ရရှိသောသတင်းအရ သိရ သည်။

ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် NLD ပါတီဖွဲ့စည်းပုံပြင်

ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ် ပွင့်လင်းရာသီတွင် ပြုလုပ်ရန် ကြေညာထားသော ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ပါတီဖွဲ့စည်းပုံကို မတ်လ ၃၁ ရက်နေ့က ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် အရ ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အမေရိကန် Ex-Im ဘဏ် ဆွေးနွေးခဲ့

အမေရိကန်နိုင်ငံ ပို့ကုန် နှင့် သွင်းကုန် ဘဏ် (Ex-Im ဘဏ်)၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သော ပက်ထရစ်ရှာ လူဝီ (Patricia Loui) သည် ရန်ကုန် နှင့် နေပြည်တော်တို့ သို့ လာရောက်လည်ပတ်စဉ် ကာလဖြစ်သော မတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ အတွင်းတွင် ပြည်ထောင်စု အစိုးရ အရာရှိကြီးများ၊ အမေရိကန် စီးပွါးရေး ကိုယ်စားလှယ်များ၊ ဒေသတွင်း စီးပွါးရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး စီးပွါးရေး ပူးတွဲလုပ်ဆောင်မှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ဧပြီလ ၁ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် ပါရှိသည်။

INGO များ တိုက်ခိုက်ခံရမှု စစ်တွေမြို့ခံ ၁၂ ဦးကို ဖမ်းဆီး

Photo: INGO များ တိုက်ခိုက်ခံရမှု စစ်တွေမြို့ခံ ၁၂ ဦးကို ဖမ်းဆီး
Wednesday, April 2, 2014

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်း (INGO) ရုံး၊ အဆောက်အအုံများကို ခဲနှင့် ပစ်ပေါက် ဖျက်ဆီးမှုတွင် ပါဝင်သည်ဟုဆိုကာ ဒေသခံ ၁၂ ဦးကို မတ်လ ၃၁ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးကာ စစ်ဆေးနေကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

တရားလိုတိုင်တန်းချက်အရ ဖမ်းဆီးသည်ဟု ပြောဆိုသော်လည်း အဆိုပါ ဖမ်းဆီးခံရသူများကို မည့သည့် အထောက်အထားဖြင့် ဖမ်းဆီးခဲ့သည့် အခြေအနေ အသေးစိတ်ကိုမူ ၎င်းက ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။ ဖမ်းဆီးခံရသူ ၁၂ ဦးတွင် အမျိုးသားခြောက်ဦး၊ အမျိုးသမီးခြောက်ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့မှူးက ဆိုသည်။

မတ်လ ၃၁ ရက်နေ့ညပိုင်းတွင် လူ ၁၂ ဦးကို ခေါ်ယူ စစ်ဆေးနေသည်ဟု သိရှိထားပြီး အသေးစိတ်ကို သတင်း မရရှိသေးကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုသည်။

Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် အိမ်တွင် နေအိမ်ပိုင်ရှင် လွှင့်ထူသည့် သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီအိတ်ထဲ ထည့်ရာ မဆံ့သဖြင့် ခါးတွင် ထိုးထားခဲ့သည်ဟု ဆိုရာမှ စတင်ခဲ့သည့် အဆိုပါ ပဋိပက္ခကို သမ္မတ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က မတ်လ ၃၀ ရက်နေ့မှ စတင်ကာ စုံစမ်းဖော်ထုတ်နေပြီ ဖြစ်သည်။

စစ်တွေမြို့တွင် ဒေသခံများနှင့် INGO များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် INGO များ၏ ရုံး၊ အဆောက်အအုံများ ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခံခဲ့ ရပြီး INGO ဝန်ထမ်းများကိုလည်း ရန်ကုန်သို့ ပို့ဆောင်ခဲ့ရကြောင်း၊ ပဋိပက္ခများကို တားဆီးရာတွင် သေနတ် ကျည်ဆန် ထိမှန်၍ အသက် ၁၁ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်း (INGO) ရုံး၊ အဆောက်အအုံများကို ခဲနှင့် ပစ်ပေါက် ဖျက်ဆီးမှုတွင် ပါဝင်သည်ဟုဆိုကာ ဒေသခံ ၁၂ ဦးကို မတ်လ ၃၁ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးကာ စစ်ဆေးနေကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

၂၀၁၄ ဧပြီလအတွက် ကံကြမ္မာဟောစာတမ်း

Photo: ၂၀၁၄ ဧပြီလအတွက် ကံကြမ္မာဟောစာတမ်း
Wednesday, April 2, 2014

တနင်္ဂနွေ 
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။

ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာ ကျိုးပေး အောင်မြင်မည်။

အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။

ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါ သည်။

အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။
အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။

နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။

ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။

ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။
မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ။

ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

တနင်္လာ
ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။
စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက် သွားလိမ့်မည်။
လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။
ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။
သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။
ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။
ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။
အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။
လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။
စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။
ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

အင်္ဂါ
အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ် သစ်များ။ ပေါ်လာ လိမ့်မည်။
လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။
ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။
သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။
ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။
ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။
အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။
အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။
ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။
လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။
အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။
ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ

ဗုဒ္ဓဟူး
အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။
မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။
မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။
မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။
အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။
ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။
ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်း ကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။
ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။
အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက် ရခြင်းများ ကြုံ ရတတ်သည်။
ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက် စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။
ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။
အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။
ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

ကြာသပတေး
ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။
လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။
မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။
လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။
အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ် လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။
အထူးသတိပြုရန်။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။
ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။
အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။
ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။
ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။
ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေ ရန် အောက်ပါ ယတြာများကို ဂရုစိုက်ပြုလုပ်လေ။
နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

သောကြာ
ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။
မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။
ဤလအတွင်း အစစအရာရာသတိကြီးစွာထားရန်လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်း များ ခံရ တတ်သည်။
အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။
ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။
စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီး အကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။
အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။
လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

စနေ
ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။
သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။
ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။
အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။
စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူ လိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။
မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွား လိမ့်မည်။
ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။
ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။
ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်
ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

ဧရာဝတီ
တနင်္ဂနွေ
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။

ရခိုင်ရှိ အဖွဲ့အစည်းဝန်ထမ်းများလုံခြုံရေးကိစ္စ ဘန်ကီမွန်း သမ္မတဦးသိန်းစိန်ထံ ဖုန်းဆက်

ရခိုင်ပြည်နယ်ရှိ လူသား ချင်းစာနာထောက်ထားမှု ဆိုင်ရာ ၀န်ထမ်းများ၏ လုံခြုံရေးအတွက် ကာကွယ်ပေး ရန် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတဦးသိန်းစိန်အား တယ်လီ ဖုန်းဖြင့်ဆက်သွယ်၍ တိုက် တွန်း လိုက်သည်။

သမီးကလေးကျေးရွာသူ၊ ရွာသား ၁၉၉ ဦး DKBA နောက် လိုက်ပြီ

Photo: သမီးကလေးကျေးရွာသူ၊ ရွာသား ၁၉၉ ဦး DKBA နောက် လိုက်ပြီ
Wednesday, April 2, 2014

တပ်မြေနေရာဟုဆိုကာ စစ်တပ်က ဖယ်ရှားခဲ့၍ အောင် သိဒ္ဓိဘုန်းကြီးကျောင်းတွင် ခိုလှုံ နေသည့် သမီးကလေးကျေးရွာ အိမ်ထောင်စု ၇၉ စုမှ မိသားစုဝင် ၁၉၉ ဦးသည် ဒီမိုကရေစီ အကျိုး ပြုကရင်တပ်မတော် DKBA နောက် သို့ ယနေ့ (ဧပြီ ၂ ရက်) တွင် လိုက်သွားတော့မည်ဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် DKBA သည် သမီး ကလေးကျေးရွာမှ အိမ်ထောင်စု များအား ၁၂ ဘီးကား ငါးစီးဖြင့် ဧပြီ ၁ ရက်တွင် လာရောက်ခေါ် ဆောင်ပြီး ဧပြီ ၂ ရက်တွင် DKBA ဌာနချုပ်ရှိ ဆုံစည်းမြိုင်သို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။

‘‘နေထိုင်စရာအတွက်ရော အလုပ်အကိုင်အတွက်ပါ စီစဉ် ပေးမှာပါ။ မြေကွက်တွေကလည်း အပိုင်ပေးမှာပါ။ သူတို့ကို စစ် တပ်ထဲခေါ်ဖို့ အင်အားစုတာ မဟုတ်ပါဘူး။ ဒုက္ခရောက်နေလို့ ခေါ်ဆောင်တာပါ’’ ဟု သမီးက လေးကျေးရွာမှ အိမ်ထောင်စုများ အား လာရောက်ခေါ်ဆောင်သူ DKBA မှ ဗိုလ်ကြီး စောဝင်းဇော် လင်းက ပြောသည်။

သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုသည် ရန်ကုန် တိုင်းဒေသကြီးအစိုးရက စီစဉ် ပေးသော ကျေးရွာသစ်သို့ မတ် လ ၂၇ ရက်က ပြောင်းရွှေ့သွားခဲ့ ပြီး မတ်လ ၂၈ ရက်တွင် မနေနိုင် ဟုဆိုကာ အောင်သိဒ္ဓိဘုန်းကြီး ကျောင်းသို့ ပြန်ရောက်လာခဲ့ သည်။ ထို့နောက် ၎င်းတို့အားလုံး သည် DKBA နောက်သို့ လိုက်ပါ သွားကြခြင်းဖြစ်သည်။

‘‘သူတို့ဆီလိုက်ရမှာမ ကြောက်ပါဘူး။ နေထိုင်စရာရော၊ အလုပ်အကိုင်ရောပေးမယ်လို့ ပြောပါတယ်။ ဒီမှာနေရတာနဲ့ဆို ရင် ဟိုမှာလိုက်နေရတာက ပိုပြီး အဆင်ပြေလောက်ပါတယ်’’ ဟု သမီးကလေးကျေးရွာမှ ကလေး လေးဦး၏ မိခင်ဖြစ်သူ ဒေါ်သောင်း သောင်းကပြောသည်။

DKBA သည် ၎င်းတို့အား ဖေဖော်ဝါရီလအတွင်းက နှစ် ကြိမ်လာရောက်ခေါ်ဆောင်ခဲ့ သည်။ သမီးကလေးကျေးရွာမှ ရွာသားအချို့သည် DKBA က စီစဉ်ပေးသော နေရာသို့ မတ်လ အတွင်းက သွားရောက် ကြည့်ရှုခဲ့ ကြသည်။

7Day News Journal

ဒီကေဘီအေနောက်သို့ လိုက်သွားမည့် သမီးကလေးကျေးရွာသူ၊ ကျေးရွာသားများအား အထုပ်အပိုးများနှင့်အတူ ဧပြီ ၁ ရက် ညနေက တွေ့ရစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
ဒီကေဘီအေနောက်သို့ လိုက်သွားမည့် သမီးကလေးကျေးရွာသူ၊ ကျေးရွာသားများအား အထုပ်အပိုးများနှင့်အတူ ဧပြီ ၁ ရက် ညနေက တွေ့ရစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
တပ်မြေနေရာဟုဆိုကာ စစ်တပ်က ဖယ်ရှားခဲ့၍ အောင် သိဒ္ဓိဘုန်းကြီးကျောင်းတွင် ခိုလှုံ နေသည့် သမီး ကလေးကျေးရွာ အိမ်ထောင်စု ၇၉ စုမှ မိသားစုဝင် ၁၉၉ ဦးသည် ဒီမိုကရေစီ အကျိုး ပြုကရင် တပ်မတော် DKBA နောက် သို့ ယနေ့ (ဧပြီ ၂ ရက်) တွင် လိုက်သွားတော့မည်ဖြစ်သည်။

ဒေသခံ လီဆူးတိုင်းရင်းသူ KIA တပ်ဖွဲ့ဝင်များမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှုများရှိနေ

Photo: ဒေသခံ လီဆူးတိုင်းရင်းသူ KIA တပ်ဖွဲ့ဝင်များမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှုများရှိနေ
Wednesday, April 2, 2014

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၃)ကျေးရွာနေ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား မတ်(၂၉) ရက်နေ့ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ရပ်ကွက်(၅)နေအိမ်၌ မူကြိုဆရာမ မ…………သည် ဖခင်နှင့် ညီမဖြစ်သူတို့နှင့်အတူ အိပ်နေစဉ် ည ၈ နာရီခန့်တွင် နေအိမ်အောက်မှ ကချင်စကားဖြင့် အဖွားဟုခေါ်သဖြင့် ဖခင်ဖြစ်သူမှ သွားရောက်ကြည့်ရှုရာ KIA တပ်ဖွဲ့ဝင်(၄)ဦးမှ သမီး(၂)ယောက်ရှိသည့်အတွက် တစ်ဦးထည့်ပေးရမည်ဟု ပြောကာ မ…………အား အိမ်ပေါ်သို့တက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ရွာနှင့် (၂)မိုင်ခန့်အကွာရှိ လယ်တဲသို့ရောက်ရှိစဉ် မ………… အား ရိုက်နှက်၍ ၎င်းတို့(၄)ဦးမှ အလိုမတူဘဲ (၂) နာရီကြာ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

`` သမီးကို ဖမ်းသွားပြီး အတင်းအဓမ္မကျင့်ခံရတာတောင် ဖအေလုပ်သူက ဘယ်မှ မတိုင်ရဲဘူးလေ၊ လီဆူး ဆိုတော့ ရိုး အ တယ်၊ ပြီးတော့ KIA ကို ကြောက်ရတာလည်း ပါတာပေါ့၊ ရပ်ကွက်ထဲက လူတွေက ၀ိုင်းပြော၊ ၀ိုင်းအကြံပေးလို့ ရဲစခန်းကိုသွားပြီး အမှုဖွင့်ခဲ့တာ ´´ ဟု ၎င်းရပ်ကွက်နေ ကူညီဆောင်ရွက် ပေးသူ တစ်ဦးက ပြောကြားခဲ့သည်။

KIA တပ်ဖွဲ့ဝင်(၄)ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုးကြိတ်ရိုက်နှက်ကာ အလိုမတူဘဲ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့မှုကြောင့် မ………… လီဆူး/ခရစ်ယာန်သည် ရရှိဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေ ရကြောင်း သိရသည်။

`` မူကြိုဆရာမကို အတင်းအဓမ္မဖမ်းသွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်တာကတော့ တော်တော် မိုက်ရိုင်းလွန်းပါတယ်၊ တရားမျှတအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်၊ အပြစ်ကျူးလွန်သွားတဲ့ ကချင်စစ်သားတွေကို ဖမ်းဆီးပြီး အမှုမှန်ဖော်ထုတ်ပေးဖို့လိုပါတယ်၊ KIA ခေါင်းဆောင်တွေအထိ အသိ ပေးပြီး အရေးယူဖို့ လိုပါတယ်၊ ဒီတစ်ကြိမ် ဥပဒေမဲ့ လီဆူးတိုင်းရင်းသူကို မုဒိမ်းကျင့်လို့ ရတယ်၊ ဘာအမှုမှ မဖြစ်ဘူးဆိုရင် ကျန်တဲ့ လီဆူးတိုင်းရင်းသူတွေအတွက် အန္တရာယ်ကြီးပါတယ်´´ ဟု မြို့ခံ လီဆူး တိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။

မူကြိုဆရာမ မ………… သားမယားအဖြစ် ပြုကျင့်ခဲ့သော KIA တပ်ဖွဲ့ဝင်(၄)ဦးအား မနရ(၀ိုင်းမော်)မှ (ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်းနှင့် တရားခံ(၄)ဦးအား ဖမ်းဆီး ရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရှိရသည်။

ညီသစ် (မြစ်ကြီးနား)

KDN
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၃)ကျေးရွာနေ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား မတ်(၂၉) ရက်နေ့ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ရန်ကုန်သင်္ကြန် လုံခြုံရေးအဆင့်မြှင့်မည်ဟု လုံခြုံရေးဝန်ကြီးဆို

Photo: ရန်ကုန်သင်္ကြန် လုံခြုံရေးအဆင့်မြှင့်မည်ဟု လုံခြုံရေးဝန်ကြီးဆို
Wednesday, April 2, 2014

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကာလတွင် လုံခြုံရေးအဆင့်မြှင့်ကာ ချထားပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

သင်္ကြန်ကာလတွင် လုံခြုံရေးကို ကော်မတီ ဖွဲ့စည်းပြီး တာဝန်ပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မဏ္ဍပ်များတွင်လည်း မဏ္ဍပ်နေရာချထားရေး ကော်မတီနှင့် လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ မဏ္ဍပ်ကြီးများတွင် လုံခြုံရေးကင်မရာ ငါးလုံး၊ လုံခြုံရေးဝန်ထမ်း ၁၅ ဦး၊ မဏ္ဍပ် အလတ်တွင် လုံခြုံရေးကင်မရာ လေးလုံး၊ လုံခြုံရေးဝန်ထမ်း ၁၀ ဦးစီ ထားပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ မိုင်းရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်ပြီး အသက်ကယ်ဆယ်ရေး အရေးပေါ်ယာဉ်များ အသက်ကယ် မော်တော်ဘုတ်များ၊ သင်္ကြန်အတွင်း ပြဿနာ ဖြစ်ပွားပါက ဖြေရှင်းရန် အထူးတရားရုံးများ ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ပြောဆိုသည်။

ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများ ဟိုတယ်၊ သာကေတမြို့နယ်နှင့် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းတို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး အလုံမြို့နယ် ကမ်းနားလမ်းရှိ Wastern Park Ruby စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိခဲ့သည်။

ရန်ကုန်မြို့တော်တွင် ကျင်းပသော ၂၀၁၀ ပြည့်နှစ် သင်္ကြန်တွင် H2O မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့သည်။

၂၀၁၃ ခုနှစ်က သင်္ကြန်ပွဲတော်တွင် မှုခင်းပေါင်း ၁၆၉ ဖြစ်ပွားခဲ့သည့်အနက် ယစ်မျိုးအမှု ၉၁ မှု ရှိပါကြောင်း၊ ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ယခုနှစ်အတွက် ပေတစ်ရာအထက် မဏ္ဍပ်ကြီး ၅၇ ခု ဖွင့်လှစ်ခွင့် ရရှိထားသည်။

The Voice Weekly
ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကာလတွင် လုံခြုံရေးအဆင့်မြှင့်ကာ ချ ထားပေး မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က ပြောကြားသည်။

ခြောက်လအတွင်း အလုပ်သင်ဆရာဝန် တာဝန်ထမ်းမည့်သူမရှိ

ဆေးတက္ကသိုလ်များတွင် နောက်ဆုံးနှစ်အပိုင်း (ခ) ပညာသင်နှစ်အား ခြောက်လ တိုး မြှင့်ထားခြင်းကြောင့် ယခုနှစ်ဇန် န၀ါရီမှ ဇွန်လကုန်အထိ အလုပ် သင်ဆရာဝန်အဖြစ် တာဝန်ထမ်း ဆောင်မည့်သူ မရှိသေးကြောင်း သတင်းရရှိသည်။

ဆန္ဒပြသူများအတွက် သီးသန့်နေရာ သတ်မှတ်မည်

Photo: ဆန္ဒပြသူများအတွက် သီးသန့်နေရာ သတ်မှတ်မည်
Wednesday, April 2, 2014

အကြောင်းအမျိုးမျိုးဖြင့် ဆန္ဒပြမည့်သူများ စည်းကမ်းတကျ ဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒထုတ်ဖော်ရန် နေရာတစ်နေရာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ဒီမိုကရေစီစနစ်တွင် ဆန္ဒထုတ်ဖော်မှုများကို လက်ခံသော်လည်း စည်းကမ်းတကျ ဖြစ်စေရန်အတွက် ယင်းသို့ သီးသန့်နေရာ သတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း မိကျောင်းကန်နှင့် ဝါဝါဝင်း မြေသိမ်းဆည်းမှု ကိစ္စများအတွက် ဆန္ဒပြသူများနှင့် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများ ဧပြီလ ၁ ရက်နေ့က မြို့တော်ခန်းမ၌ ပြုလုပ်သော ညှိနှိုင်းပွဲတွင် ၎င်းက ပြောဆိုသည်။

“အခု စည်ပင်နဲ့ ညှိနှိုင်းပြီး နေရာတစ်ခု ရှာနေပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ စတိတ်စင် တစ်ခုပါမယ်။ မြို့ပြင်ထုတ်မှာ မဟုတ်ပါဘူး။ အားလုံးနဲ့ အဆင်ပြေတဲ့ မြို့ထဲက နေရာပဲ ဖြစ်မှာပါ” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ရှင်းပြသည်။

ယင်းသို့နေရာ သတ်မှတ်ပေးခြင်းဖြင့် ခွင့်ပြုချက် မပေးသော ပြဿနာကို ရှောင်ရှားနိုင်မည် ဖြစ်ပြီး လူအင်အားနှင့် ကိုက်ညီနိုင်သော နေရာအကျယ်အဝန်း ရရှိပါက ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရက ထိုသို့ နေရာသတ်မှတ် ပေးလိုက်ခြင်းဖြင့် ဆန္ဒပြမှုများ စနစ်တကျ ရှိလာမည် ဖြစ်ပြီး ဆန္ဒထုတ်ဖော်သူများနှင့် အာဏာပိုင်တို့အကြား အကြမ်းဖက်မှု ပြဿနာများကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း၊ ယင်းအတွက် အစိုးရ၏ အစီအစဉ်ကို ကြိုဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
“ဒီမိုကရေစီ ရင့်ကျက်တဲ့ တခြားနိုင်ငံတွေမှာတော့ ရှိတယ်။ စည်းကမ်းတကျလေးပေါ့။ ဆန္ဒပြတဲ့ သူတွေကလည်း ဒီနေရာမှာ ဟောပြော ဆန္ဒထုတ်ဖော်၊ အာဏာပိုင်တွေကလည်း အလုပ်မရှုပ်တော့ဘူး။ နောက်ပြီးတော့ အခုလို မြို့နယ် တစ်ခုချင်းစီအလိုက် ခွင့်ပြုချက် တင်ရတာတွေ မလိုတော့ဘူး” ဟု ၎င်းကဆိုသည်။

လူထု ဆန္ဒထုတ်ဖော်မှုအတွက် အစိုးရက အသိအမှတ်ပြုနေရာ သတ်မှတ်ပေးခြင်းကို လက်ခံရမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးက ပြောကြားသည်။
“ကျွန်တော်တို့လည်း အဲဒါမျိုးကို ဖြစ်စေချင်တာပါ။ လူတွေ သိသာမြင်သာတဲ့ နေရာတစ်နေရာကို သတ်မှတ်ပေးဖို့တော့ လိုပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ဒုတိယပတ်မှ စတင်ကာ ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် မြေသိမ်း ဆည်းခံရမှုများကြောင့် နစ်နာသူများက ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံဘေးနှင့် တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင် အိမ်ရာဝင်းရှေ့တွင် သပိတ်စခန်းများ အသီးသီး ဖွင့်လှစ်ဆန္ဒပြလျက် ရှိသည်။

The Voice Weekly
အကြောင်းအမျိုးမျိုးဖြင့် ဆန္ဒပြမည့်သူများ စည်းကမ်းတကျ ဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆန္ဒ ထုတ်ဖော်ရန် နေရာတစ်နေရာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာ

Photo: ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာ
Wednesday, April 2, 2014

ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာEiffel Tower လို့ခေါ်တဲ့ ပဲရစ် မျော်စင်ကြီးကို ၁၈၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ တည်ဆောက် ခဲ့တာကြောင့် ယနေ့မှာဆိုရင် သက်တမ်း အားဖြင့် ၁၂၅ နှစ် ရှိပါပြီ။

သူ့ကို တည်ဆောက်ဖို့ အတွက် လုပ်သားပေါင်း ၃၀၀ ဦး ပါဝင်ပြီး သံချောင်း ပေါင်း ၁၈၀၃၈ ချောင်း ပါဝင် ထည့်သွင်း အသုံးပြု ထားပါတယ်။ သံမှိုနှက် အလုံး ၂.၅ သန်း အသုံပြုခဲ့ပြီး တာဝါ အလေးချိန်က တန် တစ်သောင်း၊ အမြင့်အားဖြင့် ၉၈၄.၂၅ ပေ ရှိပါတယ်။ သူ့ခေတ် သူ့ခါမှာ modern science ရဲ့ အမှတ်အသား လက္ခဏာ တစ်ခု ဖြစ်ခဲ့ ပါတယ်။ သူ့ကို တည်ဆောက်စဉ်တုန်း ကတော့ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံ တစ်ခု အဖြစ် စံချိန်တင် ပါတယ်။

၁၉၃၀ ခုနှစ်က အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာ ၁၀၄၆ ပေ မြင့်တဲ့ Chrysler အဆောက်အအုံ ပေါ်ထွန်း မထာခင် အထိ ဖြစ်ပါတယ်။ ၇ နှစ်တစ်ခါ သူ့ကို တန် ၅၀ မှ ၆၀ အထိ ပမာဏ များတဲ့ သုတ်ဆေးကို အသုံးပြုလို့ သံချေး မတက်အောင် သုတ်ပေး ရ ပါတယ်။ ယနေ့အချိန်အထိ ငွေကြေအကုန်ကျခံလို့ ကမ္ဘာ့ လူအလည်ပတ် အများဆုံး မှတ်တိုင်နေရာ တစ်ခုအဖြစ် စံချိန်တင်ထားပြီး ၇၅ ရာခိုင်နှုန်းသော လည်ပတ် သူတို့က အခြား နိုင်ငံများမှ ဖြစ်ပါတယ်။ 

 ရိုးရာလေး
ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာEiffel Tower လို့ခေါ်တဲ့ ပဲရစ် မျော်စင်ကြီးကို ၁၈၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ တည်ဆောက် ခဲ့တာကြောင့် ယနေ့မှာဆိုရင် သက်တမ်း အားဖြင့် ၁၂၅ နှစ် ရှိပါပြီ။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပုဂ္ဂလိက ဆေးရုံနှစ်ခု ပူးပေါင်း၍ အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်မည်

Photo: မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပုဂ္ဂလိက ဆေးရုံနှစ်ခု ပူးပေါင်း၍ အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်မည်
Wednesday, April 2, 2014

ထိုင်းနိုင်ငံမှ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ တစ်ခုဖြစ်သော Bangkok Chain Hospital (BCH) ၏ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းခွဲ တစ်ခုဖြစ်သော ကမ္ဘာ့ကျန်းမာရေး စင်တာ (World Medical Centre- WMC) သည် မြန်မာနိုင်ငံမှ Family Mandalar ဆေးရုံနှင့် ပူးပေါင်းကာ

မြန်မာပြည်သူ၊ ပြည်သားများ အတွက် အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ ယခုအခါ အဆိုပါ ဆေးရုံနှစ်ခုအကြား လုပ်ငန်း အကောင်အထည်ဖော်ရေး သဘောတူညီမှု ဆိုင်ရာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

Bangkok Chain Hospital (BCH) ၏ တာဝန်ခံ ဦးစီးအရာရှိ ဖြစ်သော မန်နေးဂျင်း ဒါရိုက်တာ Dr. Chalerm Harnpanich က ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာနိုင်ငံမှ င်္ Family Mandalar ပုဂ္ဂလိက ဆေးရုံနှင့် မိမိတို့၏ World Medical Centre တို့ ပူးပေါင်းကာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အတွက် အဆင့်အတန်း မြင့်မားသော ကျန်းမာရေး ဝန်ဆောင်မှုများကို လုပ်ဆောင် ပေးနိုင်တော့မည်ဖြစ်သဖြင့် အလွန်ပင် ဝမ်းမြောက်မိပါကြောင်း၊ Family Mandalar ပုဂ္ဂလိက ဆေးရုံတွင် ပိုမိုကောင်းမွန်သော ဆေးကုသမှု စနစ်များ လုပ်ဆောင်နိုင်စေရန် WMC မှ အထောက်အကူပြု ဆေးပညာရှင် အဖွဲ့အစည်း တစ်ခုကို စေလွှတ်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် ကျန်းမာရေးပိုင်း ဆိုင်ရာ ပညာ သင်ကြားမှုများ ပြုလုပ်ပေးနိုင်သည်အထိ တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ကုသရန် ခက်ခဲလှသော ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါသည်များ၊ နှလုံးပိုင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါ ခံစားနေရသူများနှင့် အရေးကြီးသော ဆေးဝါးကုသမှု ပေးရန် လိုအပ်သူများကို World Medical Centre မှ ၎င်းတို့ကိုယ်ပိုင် ဆေး ကုသမှု လေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံတွင် ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ထိုင်းနိုင်ငံမှ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ တစ်ခုဖြစ်သော Bangkok Chain Hospital (BCH) ၏ ကျန်း မာရေး ဝန်ဆောင်မှု လုပ်ငန်းခွဲ တစ်ခုဖြစ်သော ကမ္ဘာ့ကျန်းမာရေး စင်တာ (World Medical Centre- WMC) သည် မြန်မာနိုင်ငံမှ Family Mandalar ဆေးရုံနှင့် ပူးပေါင်းကာ မြန်မာပြည်သူ၊ ပြည်သားများ အတွက် အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ ယခုအခါ အဆိုပါ ဆေးရုံနှစ်ခုအကြား လုပ်ငန်း အကောင်အထည်ဖော်ရေး သဘောတူညီမှု ဆိုင်ရာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

သင်္ကြန်မတိုင်မီ သပိတ်စခန်းများအားလုံး ရုပ်သိမ်းရန် လုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို

သပိတ်စခန်းများကို ညဥ့်သန်းခေါင်ယံ အချိန်များတွင် အင်အားသုံး စီးနင်းမှုများ ပြုလုပ်မှုကြောင့် အစိုးရ ကို ဝေဖန်မှုများ ဖြစ်ပေါ်နေချိန်တွင် ရန်ကုန်မြို့တော်အတွင်း ဖွင့်လှစ်ထားသည့် သပိတ်စခန်းများကို သင်္ကြန် ပွဲတော် မတိုင်မီ ရုပ်သိမ်းရန် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

KIA ထိန်းချုပ်နေရာများတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြု

Photo: KIA ထိန်းချုပ်နေရာများတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြု
Wednesday, April 2, 2014

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတချို့၌ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA ) ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။ သို့သော် ကချင်လွတ်လပ်ရေး တပ်မတော်ကမူ (KIA) ကမူ ၎င်းတို့ထိန်းချုပ်ရာ ဒေသတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြုကြောင်း အစိုးရထံ အကြောင်းကြားပြီးဖြစ်သည်ဟု တုံ့ပြန်သည်။

နိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်နေ့က စတင်ကောက်ယူနေရာ အဆိုပါ ဒေသတချို့တွင် KIA တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အကြောင်းကြားလာကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

ကချင်ပြည်နယ် လွယ်ဂျယ် မြို့နယ်ခွဲနှင့် မန်စီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၆ ရွာတို့၌ ကောက်ခံနိုင်ခြင်း မရှိဟု အစိုးရ သတင်းစာက ဆိုသည်။ ထို့အတူ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုံမြို့ နယ်၊ မိုးမိတ်မြို့နယ်၊ မိုင်းလုံ မြို့နယ်ခွဲ စသည်တို့မှ ကျေးရွာ အုပ်စုတို့တွင်လည်း ကောက်ယူမှု မပြုလုပ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ် တချို့တွင် သန်းခေါင်စာရင်း ကောက်ယူခွင့် ပိတ်ထားသည်မှာ မှန်ကန်ကြောင်း၊ ထိုနယ်မြေများသည် KIA ထိန်းချုပ်ရာ ဒေသများ ဖြစ်ကြောင်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဗဟို အဖွဲ့ဝင် ဦးဒွဲပီစာက ဧရာဝတီသို့ ပြောသည်။

၎င်းက “KIA ထိန်းချုပ်ရာ ဒေသတွေမှာ သန်းခေါင်စာရင်း ကောက်ခွင့် မပြုဖို့ မတ်လဆန်းမှာ ပြုလုပ်ခဲ့တဲ့ KIO ဗဟိုအစည်း အဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ၊ အစိုးရ အာဏာပိုင်အဖွဲ့ကိုလည်း အကြောင်းကြားပြီးသား ဖြစ်ပါတယ်၊ လူမျိုး၊ အမည်နာမ တွေအပေါ်မှာ ကချင်လူထုက စိုးရိမ်မှုတွေ ရှိတဲ့အတွက် မကောက်ခိုင်းတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သန်းခေါင်စာရင်း၌ ကချင်လူမျိုး အမည်များကို အကွဲကွဲ အပြားပြား လုပ်ဆောင်ထားကြောင်း၊ ထိုသို့ လုပ်ဆောင်ထားခြင်း တို့ကြောင့် စည်းရုံးရေး၊ စည်းလုံး ညီညွတ်ရေးတို့ကို ထိခိုက်စေသည်ဟု KIO အဖွဲ့ က ဆိုသည်။

အစိုးရ သတင်းစာများ၌ ရေးသားထားခြင်းသည် အစိုးရ၏ အာဘော်သာ ဖြစ်၍ ထင်မြင်ချက် မပေးလိုကြောင်းလည်း ဦးဒွဲပီစာက ပြောသည်။ KIO/KIA အနေဖြင့် လူဦးရေ စာရင်းကောက်ခံမှုကို ၃ နှစ် တကြိမ် ကောက်ခံလေ့ရှိသည်ဟု သိရသည်။ လက်ရှိ အစိုးရ ကောက်ခံနေသည့် သန်းခေါင်စာရင်း ကောက်ခံနိုင်ခြင်း မရှိ၍ ၎င်းတို့ ကချင်လူထုအတွက် ထိခိုက် နစ်နာမှု မရှိဟုလည်း ဦးဒွဲပီစာက ရှင်းပြသည်။

တိုက်ပွဲများကြောင့် နယ်မြေ မအေးချမ်းသည့် ဒေသများနှင့် ကချင်၊ ကရင်၊ ရှမ်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရှိသည့် နယ်မြေများ၌ သက်ဆိုင်ရာ အဖွဲ့အစည်းများ ကိုယ်တိုင် ကောက်ယူမည်ဟု အစိုးရအဖွဲ့နှင့် သဘောတူညီမှု ရရှိထားကြောင်းလည်း သိရသည်။

ထို့အတူ ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) က လည်း ၎င်းတို့ တပ်များ တည်ရှိသည့် နေရာ၌ သန်းခေါင် စာရင်း ကောက်ခံခွင့် မပြုဟု မီဒီယာများသို့ ပြောဆိုထားသည်။ ဝေးလံ ခေါင်သီသည့် ‘၀’ နယ်မြေများ၌လည်း ၎င်းတို့ ကိုယ်တိုင် ကောက်ခံပေးသွားမည်ဟု UWSA က ပြောသည်။

အစိုးရ ကောက်ခံနေသည့် သန်းခေါင် စာရင်းနှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးများအကြား အငြင်းပွားမှု အများအပြား ရှိနေသည်။ သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်နေ့က စတင်ခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် သန်းခေါင်စာရင်း ကောက်ယူနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတချို့၌ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA ) ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။ သို့သော် ကချင်လွတ်လပ်ရေး တပ်မတော်ကမူ (KIA) ကမူ ၎င်းတို့ ထိန်းချုပ် ရာ ဒေသတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြုကြောင်း အစိုးရထံ အကြောင်းကြားပြီးဖြစ် သည်ဟု တုံ့ပြန်သည်။

ရခိုင်ပြည်နယ်သာမက ရန်ကုန်တိုင်းနှင့် အခြားနေရာများ၌လည်း သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည် ရိုဟင်ဂျာဟု ပြောဆိုမှုများရှိနေ

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှစ၍ တစ်နိုင်ငံလုံး၌ စတင်ကောက်ယူ လျက်ရှိရာ လူမျိုးအမည်အတွက် ရိုဟင်ဂျာဟု ပြောဆိုမှုများသည် ရခိုင်ပြည်နယ်သာမက ရန်ကုန်တိုင်းနှင့် အခြားနေရာများ၌လည်း ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းရရှိ သည်။

လိုင်စင်ပြုပေးကာလ ကျော်လွန်သွားပါက လိုင်စင်မဲ့ ဆိုင်ကယ်များအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့် အသိပေးကြေညာထား

Photo: လိုင်စင်ပြုပေးကာလ ကျော်လွန်သွားပါက လိုင်စင်မဲ့ ဆိုင်ကယ်များအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့် အသိပေးကြေညာထား
Wednesday, April 2, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ကညနရုံး၌ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များအား ၂၀၁၄ခုနှစ် ဖေဖော် ၀ါရီလ (၁၇)ရက်နေ့မှ စတင်၍ ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ထိ (၅)လ၀န်းကျင် အကြာ မော်တော်ဆိုင်ကယ်များအား လိုင်စင် ပြုလုပ်ပေးနေ လျှက်ရှိရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ် မှုကော်မတီမှ လိုင်စင်မပြုလုပ်ရသေးသော ဆိုင်ကယ်များအနေဖြင့် လိုင်စင်ပြုလုပ်ပေးသည့် ကာလမပြီးမီ လိုင်စင်ပြုလုပ်ကြရန် လိုကြောင်း၊ သတ်မှတ်ရက်ကျော်လွန် သွားပါက လိုင်စင်မဲ့ ဆိုင်ကယ်များအား ဥပဒေအရ အရေးယူဆောင် ရွက်သွား မှာဖြစ်ကြောင်း အသိပေး ကြေညာချက်ကို တိုင်းရင်းသားဘာသာ (၅)မျိုးဖြင့် ရေးသား၍ ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ကော်မတီ၏ ကြေညာချက်တွင် လိုင်စင်ပြုလုပ်ပေးသည့် သတ်မှတ်ရက်ထက် ကျော်လွန်သွားသော ဆိုင်ကယ်များအား လိုင်စင်ရှိမရှိ စစ်ဆေးသည့်အခါ လိုင်စင်ပြုလုပ်ထားခြင်း မရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် မိမိတို့၏ လက်ဝယ်တွင်ရှိနေသော လိုင်စင်မပြုလုပ်ရသေးသည့် ဆိုင်ကယ်များအား လိုင်စင်ချပေးသည့် သတ်မှတ်ရက် ကာလအတွင်း လိုင်စင်ပြုလုပ်ထားရှိရန် လိုအပ်ကြောင်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးခြင်း ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် မတ်လ(၂၂)ရက် မွန်းလွဲ(၁)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ပြုလုပ်သော ပို့ဆောင်ဆက် သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ မှ ပြည်သူ့ကိုယ်စား လှယ်များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲတွင် တာချီလိတ်မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးသည်မှာ နောက်ဆုံးအကြိမ် သတ်မှတ်ကာလ ကျော်လွန်သွားပါက နောက်ထပ် လိုင်စင်ချပေးဖို့ အစီအစဉ်ရှိမရှိ စသည့်မေးခွန်းကို မေးမြန်းရာ ကညနမှ တာဝန်ရှိသူ ဦးကျော်ဝင်းမှ လတ်တလောမှာ အစီအစဉ်မရှိသေးကြောင်း နှင့် လိုင်စင်ချပေးရန်အတွက် အထက်ကို အဆင့်ဆင့် တင်ပြရ မှာဖြစ်ပြီး နောက်ထပ် လိုင်စင်ချပေးရေး မပေးရေးဆိုတာကို သိရမှာ ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ၌ ရှင်းလင်းပြောကြားသွား ခဲ့သည့်အတွက် ယခု ၂၀၁၄ခုနှစ် (၅)လ၀န်းကျင်အကြာ ဆိုင်ကယ်များကို လိုင်စင်ပေးကာလ၏ နောက်ပိုင်းတွင် နောက်ထပ် လိုင်စင်ချပေး မပေးဆိုတာကိုတော့ မသိရှိရသေးကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ကညနရုံး၌ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များအား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှ စတင်၍ ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ထိ (၅)လ၀န်းကျင် အကြာ မော်တော် ဆိုင် ကယ်များအား လိုင်စင် ပြုလုပ်ပေးနေ လျှက်ရှိရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်း သိမ်းရေးကြီးကြပ် မှုကော်မတီမှ လိုင်စင်မပြုလုပ်ရသေးသော ဆိုင်ကယ်များအနေဖြင့် လိုင်စင်ပြု လုပ်ပေး သည့် ကာလမပြီးမီ လိုင်စင်ပြုလုပ်ကြရန် လိုကြောင်း၊ သတ်မှတ်ရက်ကျော်လွန် သွားပါက လိုင်စင်မဲ့ ဆိုင်ကယ်များအား ဥပဒေအရ အရေးယူဆောင် ရွက်သွား မှာဖြစ်ကြောင်း အသိပေး ကြေညာ ချက် ကို တိုင်းရင်းသားဘာသာ (၅)မျိုးဖြင့် ရေးသား၍ ထုတ်ပြန်ထားကြောင်း သိရသည်။

ရခိုင် ပြည်နယ် တည်ငြိမ် အေး ချမ်း ရေး နှင့် ပြည် လုံး ကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု အောင်မြင်စွာ ဆောင်ရွက် နိုင်ရေး ပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည်

Photo: ရခိုင် ပြည်နယ် တည်ငြိမ် အေး ချမ်း ရေး နှင့် ပြည် လုံး ကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု အောင်မြင်စွာ ဆောင်ရွက် နိုင်ရေး ပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်

သတင်း ထုတ်ပြန်ရေး အဖွဲ့

သတင်း ထုတ်ပြန်ချက် (၃/ ၂ဝ၁၄)

(၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်)

၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ စကားပြောကြေးနန်းဖြင့် ဆက်သွယ် ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခြင်း

၁။ ၂ဝ၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် စကားပြော ကြေးနန်းဖြင့် ဆက်သွယ်၍ အောက်ပါအတိုင်း ဆွေးနွေး ပြောကြားခဲ့သည်-

(က) ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂ဝ၁၄ခုနှစ်၊ မတ်လ ၂၆ ရက်နှင့် ၂၇ရက်များ၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်မီ ထိန်းသိမ်းမှုကို ဆောင်ရွက် နိုင်ခဲ့ပြီး ယခုအချိန်တွင် အခြေအနေတည်ငြိမ်၍ တရားဥပဒေစိုးမိုးမှု ပြန်လည် ရရှိနေပြီ ဖြစ်ကြောင်း၊

(ခ) ယင်းဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အဖွဲ့ အစည်းများနှင့် လူသားချင်း စာနာ ထောက်ထားရေး ဆိုင်ရာ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ဘေးကင်း လုံခြုံရေးနှင့် ယင်းတို့နှင့် သက်ဆိုင်သည့် အဆောက်အအုံများ လုံခြုံရေးတို့ အတွက် အပြည့်အဝ ကာကွယ် စောင့်ရှောက် ပေးထားကြောင်း၊

(ဂ) စစ်တွေမြို့မှ ပြန်လည်ထွက်ခွာ လိုသော အဖွဲ့အစည်း အသီးသီးမှ ဝန်ထမ်းများနှင့် လုပ်သားများ ဘေးကင်းစွာ ပြန်လည် ထွက်ခွာနိုင်ရန် စီစဉ် ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်ရှိသူများနှင့် အဆောက်အအုံများ လုံခြုံရေး အပါအဝင် လိုအပ်သော ပံ့ပိုးမှု များကိုလည်း အစိုးရက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊

(ဃ) ကုလသမဂ္ဂမှ လူသားချင်း စာနာ ထောက်ထားသော ထောက်ပံ့ ကူညီမှုများအတွက် ကျေးဇူးတင် ရှိကြောင်း၊ ဆက်လက်၍လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ ကူညီမှုများအား ထိရောက်စွာ ထောက်ပံ့နိုင် စေရန် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊

(င) စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ် အပေါ် ဖြစ်စဉ် အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း တာဝန်ပေး၍ စစ်ဆေး စေလျက်ရှိပြီး နိုင်ငံတော် သမ္မတထံ အစီရင်ခံ တင်ပြစေရန် ဆောင်ရွက်ထားကြောင်း၊

(စ) နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေနှင့် မညီညွတ်သော မည်သည့် ချိုးဖောက်မှု မျိုးကိုမဆို တည်ဆဲ ဥပဒေများ နှင့်အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း၊

(ဆ) မြန်မာနိုင်ငံ တစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို နိုင်ငံတကာ အဆင့်အတန်းနှင့် ညီညွတ်စေရန် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက် လျက် ရှိကြောင်း၊

(ဇ) ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအား လေ့လာနိုင်ရန် နိုင်ငံတကာမှ လေ့လာသူ ၂ဝ ဦးကို လက်ခံ ထားရှိ ကြောင်း၊

(ဈ) ဒုတိယသမ္မတ ဦးစီး၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ ပါဝင်သော အဖွဲ့အား ရခိုင်ပြည်နယ်သို့ စေလွှတ်၍ လိုအပ်သည့် စီမံခန့်ခွဲမှုများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် စေခဲ့ကြောင်း။

၂။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူမှု အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တို့အတွက် ပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲ၍ ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ထို့ပြင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ချမှတ်ထားသော နိုင်ငံခြားရေး မူဝါဒ နှင့်အညီ ကုလ သမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

သတင်း ထုတ်ပြန်ရေး အဖွဲ့
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
သတင်း ထုတ်ပြန်ရေး အဖွဲ့
သတင်း ထုတ်ပြန်ချက် (၃/ ၂ဝ၁၄)
(၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်)
၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ စကားပြောကြေး နန်းဖြင့် ဆက်သွယ် ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခြင်း

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း IMF ခန့်မှန်း

၂၀၀၄- ၂၀၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိလာ မည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်းရှိလာမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ခန့်မှန်းချက်အရ သိရသည်။

ကြွက်နို့ တွေ အတွက် သဘာဝ နည်းလမ်း ကောင်းများ

Photo: ကြွက်နို့ တွေ အတွက် သဘာဝ နည်းလမ်း ကောင်းများ
Wednesday, April 2, 2014

အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး ရုပ်ဆိုးဆိုးကြွက် နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အကြောင်းကို လေ့လာကြည့်ရအောင်ပါ။

ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။

ကြက်သွန်ဖြူ
အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။

နာနတ်သီး
ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။

ကြက်ဆူဆီ
ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး
ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်နို့ပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။

လ္ဘက်ဆီ
လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။

သံပုရာရည်
သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။

ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။
ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။

ရင်နှင်းငယ်
အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး ရုပ်ဆိုးဆိုးကြွက် နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုး ဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညို သလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အကြောင်းကို လေ့ လာကြည့်ရအောင်ပါ။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ လူမှုဘဝ နေထိုင်ပုံများ ပြောင်းလဲခြင်းဖြင့် သားပျက် သားလျှောခြင်း အန္တရာယ် ကာကွယ်နိုင်

Photo: ကိုယ်ဝန်ဆောင် အမျိုးသမီးများ လူမှုဘဝ နေထိုင်ပုံများ ပြောင်းလဲခြင်းဖြင့် သားပျက် သားလျှောခြင်း အန္တရာယ် ကာကွယ်နိုင်
Wednesday, April 2, 2014

ဝန်ဆောင်အမျိုးသမီးများ သည် လူမှုဘဝနေထိုင်ပုံပြောင်း လဲမှုများကို ပေါင်းစပ်ပြုလုပ်ခြင်း အားဖြင့် ပထမဆုံးအကြိမ် သားပျက်သားလျှောခြင်း အန္တရာယ်များ၏ လေးပုံတစ်ပုံ ကျော်ကို ကာကွယ်နိုင်ကြောင်း ဒိန်းမတ်နိုင်ငံရှိ သုတေသီများက အကြံပြု ပြောကြားခဲ့သည်။

အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း တစ်နေ့လျှင် အလေးချိန် ၂ဝ ကီလိုဂရမ် (၄၄ ပေါင်) မျှမခြင်း၊ အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန် လျော့ကျခြင်းများသည် သားပျက် သားလျှောခြင်း အန္တရာယ်ကို တိုးပွားစေသည်ဟု သုတေသီများက ဆိုထားသည်။

အသက် ၃ဝ ကျော် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း အရက်သောက်ခြင်းနှင့် ညဆိုင်း အလုပ်များ လုပ်ခြင်းသည် သားပျက် သားလျှောခြင်း အန္တရာယ်ကို ပိုမိုဖြစ် ပွား စေနိုင်ဖွယ် ရှိသည်။

၂ဝ ကီလိုဂရမ်မျှသော အလေးချိန်သည် အားလပ်ရက် ခရီးသွားစဉ် ယူဆောင်သွားသော ခရီးဆောင် အိတ်တစ်အိတ်၏ အလေးချိန် ပမာဏရှိသည်။ လူအများစုသည် ထိုမျှလောက် အလေးချိန်ပမာဏကို တစ်ခါတစ်ရံမှသာ မလေ့ရှိပေ လိမ့်မည်။ ဗြိတိန်နိုင်ငံရှိ အမျိုးသမီး များသည် ကိုယ်ဝန်ဆောင်သည် ခုနစ်ဦးလျှင် တစ်ဦးထက် မနည်း သားပျက် သားလျှောခြင်း အဖြစ်ဆိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်။

အဆိုပါ အန္တရာယ်ကို ကာကွယ်ရန်အတွက် သုတေသီများသည် အမျိုးသမီးပေါင်း ၉၁၄၂၇ဦးကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြပြီး အန္တရာယ်ဖြစ်စေသည့် အချက်များကို လျှော့ ချခြင်းဖြင့် သားပျက် သားလျှောခြင်းကို ကာကွယ်နိုင်ကြောင်း ၎င်းတို့က ပြောကြားထားသည်။

သားပျက် သားလျှောခြင်းများသည် ကာကွယ်ရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်ဟု ကိုပင်ဟေဂန် တက္ကသိုလ်မှ ထိပ်တန်းသုတေသီ တစ်ဦးဖြစ်သည့် အင်နီမာရီနွိုင် ဘိုအန်ဒါဆန် က ပြောကြားခဲ့သည်။

မတူညီသော လူမှုဘဝ နေထိုင်ပုံ အချက်များသည် သားပျက်သားလျှောခြင်း များဖြစ်ပွားမှုတွင် အရေးပါသော ဆက်သွယ်မှု တစ်ရပ်အဖြစ်ရှိရသည်မှာ ထင်ရှားကြောင်း၊ ယင်းအချက်များ သည် သန္ဓေပျက်ဆေး ကဲ့သို့သော တိကျသော အချက်များထက်ပင် သားပျက်သားလျှောမှုနှုန်းကို ပိုမိုဖြစ်ပွား စေကြောင်းသူမက ဆိုထားသည်။

ယခုလေ့လာ တွေ့ရှိချက် များသည် လူထု တစ်ရပ်လုံး၏ မျက်မြင် ကျန်းမာရေး ရှုထောင့်မှဖြစ်ခြင်းကြောင့် ယင်းအချက်များသည် လူပေါင်းမြောက်မြားစွာအပေါ်တွင် အကျိုးသက်ရောက်မှု ရှိနိုင်ပြီး အလုပ်ခွင်မှ ကိုယ်ဝန်ဆောင် သည်များနှင့် ကျောင်းသူ ကိုယ်ဝန်ဆောင် သည်များအတွက်လည်း အထောက်အပံ့ဖြစ် စေသည်ဟု သူမက ဆိုသည်။

နိုင်ငံရေး တာဝန်များကို ယူထားရသော လူငယ်အမျိုးသားနှင့် အမျိုးသမီး ဇနီးမောင်နှံ တို့သည် အသက် ၃ဝကျော်အရွယ်တွင် ကိုယ်ဝန်ရသော အခါမျိုး၌သည်းခံ စိတ်မွေးသင့်သည်။ ၎င်းအရွယ်သည် သားပျက် သားလျှောမှုမျိုး ဖြစ်ရန် ပိုမိုလွယ်ကူ သည်ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

ဖော်ပြပါ လေ့လာ ဆန်းစစ်မှုများတွင် ၁၉၉၆ ခုနှစ်နှင့် ၂ဝဝ၂ ခုနှစ် အကြား Danish National Birth Cohort၌ ပြုလုပ်ခဲ့သော သုတေသန ပြုလုပ်ချက် များလည်း ပါဝင်ပြီး အမျိုးသမီး အားလုံး၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသည် သားပျက် သားလျှောသည့် အဖြစ်မျိုး ကြုံတွေ့ခဲ့ရကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

သုတေသီများသည် သားပျက်သားလျှောခြင်းနှင့် လူမှုဘဝ နေထိုင်ပုံများ အကြား ဆက်သွယ်မှုများကို တယ်လီဖုန်း တွေ့ဆုံမေးမြန်း ခြင်းများနှင့် ကွန်ပျူတာ အကူအညီမှ တစ်ဆင့် အချက်အလက်များ ကောက်ယူခြင်းအားဖြင့် ရှာဖွေခဲ့ကြသည်။

''အတော့်ကို ကြီးမား ကျယ်ပြန့်တဲ့ လူထု အသိုင်းအဝိုင်းကြား လေ့လာမှု ပြုလုပ်တဲ့ ကာလများဟာ အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်'' ဟု Royal College of Obstetricians and Gynaecologists က ပြောရေး ဆိုခွင့်ရှိသူ ကာရိုလိုင်း အိုဗာတန်က ပြောကြားခဲ့သည်။

ဖော်ပြပါ လေ့လာသုတေသန ပြုချက်များအရ ဗြိတိန်နိုင်ငံတွင် ကိုယ်ဝန်ဆောင် ကျန်းမာရေးကို မြှင့်တင်ရန်အတွက် လက်ရှိတွင် အကြံပြုချက်များစွာကို အတည်ပြုပြီး ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ သည် ကိုယ်ဝန်ဆောင်စဉ် အရက်မသောက်ရန်၊ ဆေးလိပ်ဖြတ်ရန်နှင့် မိမိတို့ စားလိုသည် ထက် သင့်တင့်မျှတသော အစားအသောက် များကိုသာ စားသုံးသင့်ပြီး အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန် လျော့ကျခြင်းများကို ဂရုစိုက် သတိထား သင့်ကြောင်း သူမက အကြံပြုပြောကြား ထားသည်။ ။

မြ၀တီ
ဝန်ဆောင်အမျိုးသမီးများ သည် လူမှုဘဝနေထိုင်ပုံပြောင်း လဲမှုများကို ပေါင်းစပ်ပြုလုပ်ခြင်း အားဖြင့် ပထမဆုံး အကြိမ် သားပျက်သားလျှောခြင်း အန္တရာယ်များ၏ လေးပုံတစ်ပုံ ကျော်ကို ကာကွယ်နိုင်ကြောင်း ဒိန်းမတ်နိုင်ငံရှိ သုတေသီများက အကြံပြု ပြောကြားခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများထံမှ ထိုင်းအစိုးရ အာမခံကြေး ဘတ် ၁၀၀၀ စီကောက်ခံ

Photo: ရွှေ့ပြောင်းလုပ်သားများထံမှ ထိုင်းအစိုးရ အာမခံကြေး ဘတ် ၁၀၀၀ စီကောက်ခံ
Wednesday, April 2, 2014

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အိမ်ပြန်စရိတ် အာမခံ ကြေးတဦးကို ဘတ် ၁ ထောင်စီ ပေးဆောင်ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။

ဒီထဲမှာ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက အလုပ်သမားအားလုံး အကျုံးဝင်ပြီး ဧပြီလ ၁ ရက်ကနေ ၁၅ ရက်နေ့တွေအတွင်း မိမိအလုပ်ရှင် ကနေ တဆင့် ပေးဆောင်ဖို့ ဖြစ်ပါတယ်။ဒီလို ဆောင်ရွက်ရ တဲ့ အကြောင်း ရင်းနဲ့ ပတ်သက်ပြီး ထိုင်းအလုပ်သမား ရှာဖွေခန့်ထားရေး ဦးစီးဌာန အလုပ်သမားပြန် လည်ပို့ဆောင်ရေး ရံပုံငွေ ဌာနခွဲ ဦးစီးအရာရှိတဦးက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“အမှန်က ဒီရံပုံငွေကောက်ခံဖို့ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ၀န်ကြီးဌာန ကနေ ပြဋ္ဌာန်းပြီးထားပါ။ ဒါပေမယ့် ဒီကိစ္စကို အလုပ်ရှင် အလုပ်သမားတွေ ဘက်က သဘောပေါက်ပြီး ပူးပေါင်းပါဝင်လာဖို့ ညှိနှိုင်းနေတာနဲ့ ဒီနှစ်မှ ပြန်ပြီးအကောင် အထည်ဖော်ပါတယ်။ အစက ဘတ် ၂၄၀၀ ချမှတ် ထားတာ၊ အခု ဘတ် ၁ ထောင်ထိ လျှော့ချထားတယ်။ အလုပ်သမားတွေ ပြစ်မှု တစုံတရာ ကျူးလွန်ရင် ထိန်းသိမ်းစရိတ်နဲ့ အိမ်ပြန်ပို့စရိတ်လုပ်ဖို့ပါ။ ပြစ်မှု မကျူးလွန်ရင် အိမ်ပြန်တဲ့အခါ ပြန် ထုတ်ပေးပါမယ်၊ အာမခံသဘောမျိုးပါ။”
မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဦးအောင်ကျော်ကတော့ ဒီကိစ္စကို သူတို့ဘက်က သဘောမတူ လို့ တောက်လျှောက် ကန့်ကွက်လာခဲ့တာမှာ ဒီတကြိမ်လည်း နောက်ထပ် ကန့်ကွက်သွားမှာဖြစ်ပြီး ထိုင်းမြန်မာ သံရုံးကလည်းသူတို့နဲ့ သဘောထပ်တူရှိပါကြောင်း ပြောပါတယ်။

“သဘောမတူဘူးဆိုတာက ကျနော်တို့ အလုပ်သမားတွေဟာ တရားမ၀င် အလုပ်သမား သက်သက်ချည်းဆိုရင်တော့ အချိန်တန်လို့ သူ့နိုင်ငံရဲ့ လုံခြုံရေး အက်ဥပဒေအရ အလုပ်သမား တွေ ဖမ်းဆီးပြန်ပို့ဖို့ ကုန်ကျစရိတ်တွေ သုံးမယ်ဆိုရင် လက်ခံနိုင်သော်လည်း အခုက အလုပ်သမားတွေ အားလုံးက နှစ်နိုင်ငံသဘောတူစာချုပ်အရ အကုန်လုံး တရားဝင်အလုပ် သမား တွေ ဖြစ်နေပြီ၊ အကယ်၍အိမ်ပြန်မယ်ဆိုရင်လည်း ကိုယ့်စရိတ်နဲ့ ကိုယ်ပြန်နိုင်တဲ့ စွမ်းအားရှိပါလျက်နဲ့ ထိုင်းအစိုးရကနေ အခုလိုနှစ်နဲ့ချီပြီး ဒီဘဏ္ဍာငွေတွေကို သိမ်းထားပြီး အိမ်ပြန်တဲ့ခါမှ ပြန်ထုတ်ပေးမယ်ဆိုတာကို ကျနော်တို့ လက်ခံနိုင်စွမ်း မရှိလို့ပါခင်ဗျ။”

လက်ရှိငွေသွင်းထားပြီးဖြစ်တဲ့ အလုပ်သမားတွေကိုလည်း ငွေလက် ခံဖြတ်ပိုင်းတွေ သိမ်းထားဖို့နဲ့ တောင်းဆိုမှု အောင်မြင်ရင် အဲဒီဖြတ်ပိုင်း နဲ့ ပြန်တောင်းမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကလည်း စက်ရုံက အလုပ်သမားတော်တော်များများ သွင်းထားငွေတွေ ပြန်ထုတ်ခဲ့ဖူး တယ်လို့ ဦးအောင်ကျော်က ဆက်ပြောပါတယ်။

အလားတူ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဥက္ကဌ ဦးကျော်သောင်း ကလည်း အစိုးရလက်ထဲရောက်သွားတဲ့ ပိုက်ဆံကို အလုပ်သမားတွေက ချက်ချင်းပြန်ထုတ်ဖို့ မလွယ်ကူ ကြောင်း၊ ဒီလုပ်ရပ်ဟာ အလုပ်သမားတွေကို ဥပဒေကျူးလွန်မယ်လို့ သံသယထားပြီး မယုံကြည် ရာရောက်ကြောင်း ၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုပ်အားခကို ခေါင်းပုံဖြတ်တယ်လို့လည်း ယူဆတဲ့အတွက် တပတ်အတွင်းစောင့်ကြည့်လို့မှ မြန်မာသံရုံးက ဘာမှ မဆောင်ရွက်ဘူးဆိုရင် အလုပ်သမားတွေနဲ့ ဆန္ဒပြဖို့ စီစဉ်နေတယ် လို့ ပြောပါတယ်။

DVB
ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အိမ်ပြန်စရိတ် အာမခံ ကြေးတဦးကို ဘတ် ၁ ထောင်စီ ပေးဆောင်ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။

လျှပ်စစ်ဓာတ်အား သုံးစွဲယူနစ်များ မှန်ကန် တိကျစေရေး ဆောင်ရွက်

၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်သုံးစွဲသော လျှပ်စစ်ဓာတ်အား ယူနစ်များကို ပြင်ဆင် သတ် မှတ် ပြီး ဖြစ်သော နှုန်းထားသစ်များဖြင့် စတင်ကောက်ခံတော့မည် ဖြစ်ရာ လျှပ်စစ်မီတာ ဖတ်ချက်များ မှန်ကန် တိကျစေရေး အတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့(ရုံးချုပ်)မှ မီတာဖတ် ကြီးကြပ်ရေး အဖွဲ့များသည် ပုံမှန် မီတာဖတ် ဝန်ထမ်းများနှင့်အတူ ဓာတ်အား သုံးစွဲသည့် ပြည်သူများထံသို့ ဧပြီ ၁ ရက်မှ ၅ ရက် အထိ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက် ရှိသည်။

ဆန္ဒပြသူတွေကြောင့် ပြည်သူတွေရဲ့ လွတ်လပ်မှု မထိခိုက်ဖို့လို

Photo: ဆန္ဒပြသူတွေကြောင့် ပြည်သူတွေရဲ့ လွတ်လပ်မှု မထိခိုက်ဖို့လို
Tuesday, April 2, 2014

ဆန္ဒပြသူတွေအနေနဲ့ မိမိတို့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိပေမယ့် တခြား ပြည်သူတွေ့ရဲ့ လွတ်လပ်မှုကို အနှောက်အယှက် မဖြစ်စေဖို့နဲ့ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်ကြဖို့ လိုတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ်တွင်းက လူများသွားလာနေတဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ လနဲ့ချီ ဆန္ဒဖော်ထုတ်နေတဲ့ မြေသိမ်းခံရသူတွေကို ရဲလုံခြုံရေးတာဝန်ရှိသူတွေက ဒီကနေ့ မနက်ပိုင်းက မြို့တော်ခန်းမမှာ ခေါ်ယူဆွေးနွေး ပြောဆိုလိုက်တာပါ။

ဆန္ဒပြသူတွေကြောင့် အများပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေကို ထိပါးမှု ရှိနေတဲ့အကြောင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဗိုလ်မှူးကြီးတင်ဝင်းက အခုလိုပြောသွားပါတယ်။
“လမ်းဘေး ဆန္ဒပြနေကြတယ်။ ဒီဆန္ဒပြနေတဲ့ နေရာတ၀ိုက်မှာရှိတဲ့ ပြည်သူလူထုအတွက်ကို ပြန်စဉ်းစားပေးဖို့ လိုမှာဖြစ်ပါတယ်။ ကနေ့ ပြည်သူလူထုများဟာ ကိုယ့်အိမ်ရှေ့မှာ နေ့စဉ်နဲ့အမျှ ဆန္ဒပြ အော်ဟစ်နေကြတယ်။ နောက်တခုက အလေးအပေါ့တွေ စွန့်စွန့် သွားကြတယ်။ ဒီပြည်သူလူထုအနေနဲ့ အများကြီး အနှောက်အယှက်ဖြစ်ပါတယ်။ မိမိဆန္ဒကို ဖော်ထုတ်သော်လည်းပဲ တခြားသူရဲ့ လွတ်လပ်ခွင့်ကို သွားပြီး အနှောက်အယှက်ဖြစ်လို့ မရပါဘူး။”
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဘိုနီကလည်း မိမိတို့ရဲ့အခက်အခဲနဲ့ မိမိတို့ရဲ့ဆန္ဒတွေကို တင်ပြတဲ့အခါမှာ စည်းကမ်းတကျ ဆန္ဒပြတာဟာ အကောင်းဆုံးဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ သွားတဲ့လမ်းကြောင်းဟာ ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်းနဲ့ နိုင်ငံတကာ အဆင့်နဲ့ ညီအောင် ဆောင်ရွက်လာတဲ့အခါမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆွေးနွေးခွင့်၊ နောက်တခုက မိမိဆန္ဒကိုလည်း ခွင့်ပြုချက်နဲ့ တင်ပြနိုင်ခွင့်ကို ခွင့်ပြုချက်နဲ့ တင်ပြနိုင်ခွင့်ကို ပြုလာခဲ့တဲ့ အခြေအနေဖြစ်လာပါတယ်။ ပြည်သူလူထုများအနေနဲ့ မိမိတို့ရဲ့ အခက်အခဲများ မိမိတို့တင်ပြချင်တဲ့ဟာများကို တင်ပြတဲ့အခါမှာ စည်းကမ်းတကျလုပ်တဲ့စနစ်ကို ပြုလုပ်တာက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။”

တာမွေမြို့နယ်မှာရှိတဲ့ မြန်မာဂုဏ်ရောင်အိမ်ရာဝန်းက အိမ်ခြေ ၇၇၀ ကို ရေတပ်စစ်တန်းလျား ဆောက်ရန်အတွက် ၁၉၉၄ ခုနှစ်က ဖယ်ရှားခဲ့ပြီးနောက်ပိုင်းမှာ ဝါဝါဝင်းကုမ္ပဏီက အိမ်ရာ စီမံကိန်း ဆောက်လုပ်ခဲ့တာပါ။

အခု အစိုးရသစ်ပြောင်းချိန်မှာ ဒီမြေသိမ်းမှုကြောင့် ဆုံးရှုံးခဲ့ရမှုအတွက် လျော်ကြေးပေးဖို့ မူလမြေပိုင်ရှင်တွေက နှစ်လကျော်ဆန္ဒပြအပြီး အစိုးရတာဝန်ရှိသူတွေ့က အခုလို ခေါ်ယူ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေ့ဘက်တော့ အစိုးရတာဝန်ရှိသူတွေက တစုံတရာရှင်းပေးခြင်း မရှိတဲ့အတွက် ခုလို ရက်ရှည်လများ ဆန္ဒပြနေတာဖြစ်တယ်လို့ ဒေါ်လုံမက ပြောပါတယ်။
“ကျမတို့က နေပူခံပြီးတော့ အသနားလာခံတာ အဆင့်ဆင့်တင်ပြခဲ့ပြီးပြီ။ ၂၂ ရက် ၃ လပိုင်း ၂၀၁၄ ခုနှစ်က ဦးအောင်သိန်းလင်းက ကျမတို့ဆီလာတယ်။ ဦးအောင်သိန်းလင်းက လွှတ်တော်ပြီးရင် ရုံးကို ခေါ်ပြီး ညှိနှိုင်းပေးပါ့မယ်ဆိုပြီး မညှိနှိုင်းပါဘူး။ မတ်လ ၃၀ ရက်နေ့ကလည်း သမ္မတကြီးလက်ထဲကို စာပေးခဲ့ပါတယ်။ ကျမတို့က အသနားခံတာပါ။ ကိုယ့်ရသင့် ရထိုက်တဲ့ အခွင့်အရေးကို အသနားခံတာပါ။ နိုင်ငံတော်က အဆုံးအဖြတ်ပေးတဲ့ အဖြေကိုပဲ ကျမတို့ နာခံတာပါ။”

ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတော့ ယခင်အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့ ကိစ္စတွေ့ကို အစဖော် ဖြေရှင်းဖို့ အခက်ခဲရှိပြီး သက်ဆိုင်ရာက အထောက်ထားတွေ့နဲ့ ဖြေရှင်းပေမယ့်အကြောင်း ထိုက်တန်တဲ့ လျှော်ကြေးရရှိတဲ့အထိ ကုမ္ပဏီနဲ့ ဆွေးနွေး ပေးမည်ဖြစ်ပြီး ဆန္ဒပြသူတွေ့အတွက် ဆန္ဒပြဖို့ နေရာတွေကိုလည်း သတ်မှတ်ပေးသွားမယ်လို့ ပြောကြားသွားပါတယ်။

ဒီကနေ့ အာဏာပိုင်တွေနဲ့ တွေဆုံအပြီးမှာတော့ မြန်မာဂုဏ်ရောင်အိမ်ရာက ဆန္ဒပြသူတွေ့ဟာ သပိတ်စခန်းကို ပိတ်သိမ်းပြီး မိမိတို့ နေထိုင်ရာ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ပြန်ဖို့ ဆုံးဖြတ်ထား တယ်လို့လည်း သိရပါတယ်။

By သဇင်ထွေး (ဒီဗွီဘီ)

မိကျောင်းကန် မြေသိမ်းခံရမှုကြောင့် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြစဉ်
မိကျောင်းကန် မြေသိမ်းခံရမှုကြောင့် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြစဉ်
ဆန္ဒပြသူတွေအနေနဲ့ မိမိတို့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိပေမယ့် တခြား ပြည်သူတွေ့ရဲ့ လွတ် လပ် မှုကို အနှောက်အယှက် မဖြစ်စေဖို့နဲ့ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်ကြဖို့ လိုတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိ သူတွေက ပြောကြားလိုက်ပါတယ်။

MH370 နောက်ဆုံးပြောဆိုမှု မှတ်တမ်း အပြည့်အစုံကို မလေးရှားထုတ်ပြန်

Photo: MH370 နောက်ဆုံးပြောဆိုမှု မှတ်တမ်း အပြည့်အစုံကို မလေးရှားထုတ်ပြန်
Tuesday, April 2, 2014

မလေးရှားလေယာဉ် ရေဒါပေါ်က မပျောက်ဆုံးခင် အချိန်အထိ မြေပြင် နဲ့ ပြောဆိုမှု လုပ်ခဲ့တဲ့ ဆက်သွယ် ရေး မှတ်တမ်း အပြည့်အစုံကို မလေးရှား အာဏာပိုင်တွေက ထုတ်ပြန် ပေးလိုက်ပါတယ်။

အဲဒီမှတ်တမ်းတွေထဲမှာ မသင်္ကာဖွယ်ရာ အကြောင်းအရာ တခုမှ မပါဘူးလို့ ဆိုပါတယ်။

မလေးရှားလေယာဉ်ပျောက်ကို ရှာဖွေနေတာဟာ အခုဆိုရင် ရက်သတ္တပတ် ၃ ပတ် ကျော်ရှိလာပြီး သီတင်းပတ် များစွာ ကြာရှိနိုင်ကြောင်း လေတပ် အကြီးအကဲ Angus Houston က ဆိုပါတယ်။

ဂြိုလ်တုကနေရရှိခဲ့တဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး မလေးရှား ခရီးသည်တင် လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျသွားခဲ့တာလို့ မလေးရှား အာဏာပိုင်တွေက ထုတ်ပြန်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်း

မလေးရှားဝန်ကြီးချုပ်သြစတြေးလျကိုလာရောက်မယ်

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ရှာဖွေမှုရဲ့ နောက်ဆုံး အခြေအနေကို သိရဖို့အတွက် မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်ဟာ သြစတြေးလျနိုင်ငံ ပတ်သ် မြို့ကို ဒီကနေ့ နှောင်းပိုင်းမှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ပက်သ်မြို့ရဲ့ အနောက်ဘက် စတုရန်းမိုင် ၇၅ မိုင် နီးပါး အကျယ်အ၀န်းအတွင်းမှာ မလေးရှားလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ရှာဖွေနေကြတာလည်း ဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟာ သြစတြေးလျဝန်ကြီးချုပ် တိုနီအာဘော့တ်၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Angus Houston တို့နဲ့အတူ Pearce လေဆိပ်ကို မနက်ဖြန်မှာ သွားရောက်လည်ပတ်ဖို့ ရှိပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အခု လေတပ် အကြီးအကဲဖြစ်သူ Angus Houston ဟာ နိုင်ငံတကာပါဝင်တဲ့ ပူးပေါင်းရှာဖွေမှုနဲ့ ပြန်လည် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ် ဆောင်ရွက်နေသူဖြစ်ပြီး အခုရှာဖွေမှုဟာ သူ့ရဲ့ လုပ်သက်တလျှောက် အခက်ခဲဆုံး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

By Paul Donoughue
ABC Radio Australia

လေယာဉ်ပျောက်ကို ရှာဖွေနေကြတဲ့ တာဝန်ရှိသူများ (Credit: AAP)
လေယာဉ်ပျောက်ကို ရှာဖွေနေကြတဲ့ တာဝန်ရှိသူများ (Credit: AAP)
မလေးရှားလေယာဉ် ​ရေဒါပေါ်က​မပျောက်ဆုံးခင်အချိန်အထိ ​မြေပြင်နဲ့ ​ပြောဆိုမှုလုပ်ခဲ့တဲ့ ​ဆက်သွယ် ရေး ​မှတ် တမ်း ​အပြည့်အစုံကို ​မလေးရှား ​အာဏာပိုင်တွေက ​ထုတ်ပြန် ပေးလိုက်ပါတယ်။

‘၁က’ အက္ခရာ ကားဟောင်းများကို ဧပြီ ၄ ရက်မှစ၍ အပ်နှံခွင့်ပြုမည်

‘၁က’ အက္ခရာ ကားဟောင်းများကို ယခုဧပြီလအတွင်း စတင်၍ အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကညန၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများ ရပ်တန့်ရန် ရှမ်းလူမှုအဖွဲ့အစည်းများ ထပ်မံတောင်းဆို

သံလွင်မြစ်နှင့် ၄င်း၏ မြစ်လက်တက်ပေါ် တည်ဆောက် မည့် နောင်ဖာရေ ကာတာနှင့် မန်တုံရေကာတာ စီမံကိန်းများ တည်ဆောက်မှု ရပ်တန့်ရန် ဒေသခံ ပြည်သူလူထု ၃,၀၀၀ ကျော်နှင့် ရှမ်းလူမှု အဖွဲ့အစည်း များက ကန့်ကွက်လိုက်သည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန်နှင့် မန္တလေးရှိ လစ်လပ်မဲဆန္ဒနယ်များတွင်သာ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထား

ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) မှ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းနှင့် မန္တလေး တိုင်း ရှိ လစ်လပ်မဲဆန္ဒနယ်များတွင်သာ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားကြောင်း အဆိုပါပါတီမှ ဒုဥက္ကဋ္ဌ (၂) ဦးစိုင်းစောသန်းမြင့်က The Daily Eleven သို့ ပြောကြားသည်။

KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံ ရွာသား တစ်ဦး သေဆုံး

 Photo: KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံ ရွာသား တစ်ဦး သေဆုံး
Tuesday, April 2, 2014

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် မံလင်းကျေးရွာနေ ဒေသခံရွာသားတစ်ဦးသည် မတ် ၃၁ ရက်နေ့တွင် အသီးအရွက် သွားရောက်ခူးစဉ် KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ သေဆုံးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

“ ရွာက ထွက်သွားတုန်းက နှစ်ယောက်ပါ၊ တစ်ယောက်ကတော့ မိုင်းနင်းမိပြီး အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေသွားတယ် ပြောတယ်၊ တရုတ်လို့တော့ သိရတယ် ” ဟု မံလင်းရွာသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာနေ ကျောင်ဖနှင့် အိုက်ပွဲတို့ ၂ ဦးသည် မတ် ၃၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အသီးအရွက် သားငါးရှာရန် ရွာမှ ထွက်ခွာသွားခဲ့ကြောင်း၊ ကောင်းဆာ ကျေးရွာ၏ အနောက်ဘက်အနီးရှိ ၀ါးရုံတော အရောက်၌ မိုင်း နင်းမိခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အတူလိုက်ပါသွားခဲ့သူ အိုက်ပွဲက ဆိုသည်။

“ မိုင်းကွဲတော့ သူနဲ့ကျွန်တော်က နည်းနည်းဝေးတယ်၊ အဲဒါကြောင့် ကျွန်တော့်မှာတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး၊ မိုင်းနင်းမိတဲ့အချိန်က နေ့ခင်း ၁၂ နာရီထိုးတော့မယ်၊ ရွာက လူတွေပြန်ခေါ်ပြီး အလောင်းကို သယ်ရ တာပေါ့ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မံလင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “ မိုင်းနင်းမိတိုင်း သေရင်သေ ၊ မသေရင် ထိခိုက်ဒဏ်ရာရပြီး ခြေပြတ်လက်ပြတ်နဲ့ ဒုက္ခိတဖြစ်ရတာပါပဲ၊ ဒီလိုဖြစ်စဉ်တွေဖြစ်တိုင်း ရွာနဲ့နီးတဲ့ KIA စခန်းက ခေါင်းဆောင်တွေ ကို အသိပေးပါတယ်၊ လာမကြည့်တဲ့အပြင် မိုင်းဖိုးတောင် လျော်ကြေးတောင်းလို့ နောက်ပိုင်းအသိမပေးရဲ တော့ပါဘူး၊ ဒီနယ်မြေတွေမှာတော့ KIA ထောင်ထားတဲ့ မိုင်းတွေကြောင့် ဒုက္ခရောက်ရတဲ့ ဒေသခံတွေ များ ပါပြီ ” ဟု ပြောကြားသွားခဲ့ပါသည်။

credit to : အယ်နော်ဆိုင်း
ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် မံလင်းကျေးရွာနေ ဒေသခံရွာသားတစ်ဦးသည် မတ် ၃၁ ရက်နေ့တွင် အသီးအရွက် သွားရောက်ခူးစဉ် KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ သေဆုံး သွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

အပူချိန်ကြီး၍ အပူရှပ် (Heat Stroke) အသက်သေဆုံး သည့် ဖြစ်စဉ်အချို့ရှိလာ

ရန်ကုန်မြို့၏ နေပူရှိန်အောက်တွင် သွားလာနေကြသော ပြည်သူ များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မြန်မာနိုင်ငံ၏ နွေရာသီကာလတွင် မတ်လဆန်းမှစ၍ အပူချိန် တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိ ကာလ တွင် အပူချိန်အမြင့်ဆုံးမှာ ၄၄ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အပူရှပ်ခြင်းကြောင့် အသက်သေဆုံး သည့် ဖြစ်စဉ်အချို့လည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။