နိုင်ငံတော်သမ္မတရဲ့ အကြံပေးအဖွဲ့တွေကို တိုးချဲ့လိုက်ပြီး အဖွဲ့ဝင်သစ်တွေ ထပ်မံ ခန့်အပ်လိုက်တယ်လို့ သမ္မတရုံးကနေ ဒီနေ့ မနက်မှာပဲ ထုတ်ပြန်လိုက်ပါတယ်။
Thursday, 19 June 2014
ခွင့်ပြုချက်မဲ့ အန္တရာယ်ရှိ အသားဖြူခရင်များ FDA လိုက်လံစစ်ဆေးမည်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က မသုံးစွဲသင့်ကြောင်း ကြေညာထားသော အန္တရာယ်ရှိ အသားဖြူခရင် ကိုးမျိုးကို ပြည်တွင်းဈေးကွက်တွင် ရောင်းချခြင်း ရှိ၊ မရှိ မြို့နယ်အလိုက် စစ်ဆေးသွားမည် ဖြစ်ကြောင်း FDA ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။
မွေးရာပါ စအိုပေါက်မပါ ကလေးငယ် ခွဲစိတ်ကုသနိုင်ရန်စီစဉ်

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်တွင် နေထိုင်သော မိသားစုတစ်ခုမှ အသက် (၁နှစ် ၉ လ) အရွယ် ကလေးငယ်လေး တစ်ဦးမှာ မွေးရာပါ စအိုပေါက်မပါ ဝေဒနာ ခံစားနေရကာ မကြာမီ ခွဲစိတ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
မြေးဖြစ်သူ ဗန်ပါစီဂိုးသွင်းသည့် ပုံစံအတိုင်း အသက် ၉၃ နှစ်အရွယ် အဘိုး အောင်ပွဲခံ

စပိန်နှင့်ကစားခဲ့သော ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှ နယ်သာလန်အတွက် ချေပဂိုးသွင်းယူသည့် ဗန်ပါစီ၏ ပုံစံ အတိုင်း အသက် ၉၃ နှစ်အရွယ်အဘိုးဖြစ်သူက အောင်ပွဲခံခဲ့သည်။
ဘင်္ဂါလီများ စိစစ်မှုလက်ခံမှသာ နိုင်ငံသားစိစစ်ခြင်း ဆက်လက်ဆောင်ရွက်မည်

ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူစဉ်(ဓာတ်ပုံ - အောင်သစ်လွင်)
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေကို ရခိုင်ပြည်နယ်အ တွင်း ဆက်လက်အကောင်အ ထည်ဖော်ရာတွင် သက်ဆိုင်ရာ ဒေသများမှ ဘင်္ဂါလီလူမျိုးများ လက်ခံမှသာ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ပျော်ရွှင်မူအတွက် နည်းလမ်းကောင်းလေးများ

(၁) လုံလောက်သော အိပ်ချိန်ရရှိပါစေ။
(၂) သဘာဝ အလှရှုခင်းတွေ ရှိတဲ့နေရာလေးတွေကို မကြာခဏ သွားဖြစ်ပါစေ။
(၃) ကိုယ်ကာယ လေ့ကျင့်ခန်းတွေလည်း လုပ်ဖြစ်ပါစေ။
မောင်တောရှိ ဒုက္ခသည်များအတွက် ပေးသည့်ရိက္ခာကို ဖြတ်တောက်ခြင်း မရှိဟုဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ခိုလှုံနေသည့် ဒုက္ခသည်များအတွက် ပေးသည့် ရိက္ခာကို ဖြတ် တောက်ခြင်း မရှိကြောင်း ခရေမြိုင်ကျေးရွာမှ ရာအိမ်မှူး ဦးထွန်းလှအောင်က ပြောကြားသည်။
သစ်လုပ်ငန်းရှင်များ မှောင်ခိုရောင်းဝယ်မှုမရှိစေရေး စည်းမျဉ်းထုတ်ပြန်မည်
မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းက ၎င်း၏ စည်းမျဉ်းများကို ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြန်လည် ပြုပြင်ရေးဆွဲသွားမည် ဖြစ်ရာ အသင်းဝင်များ မှောင်ခိုသစ်ရောင်းဝယ်ခြင်းနှင့် ကင်းရမည်ဆိုသည့် အချက်ကိုပါ ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက ပြောသည်။
မြန်မာ့လျှပ်စစ် စွမ်းအင်အတွက် GE အကြံပြု

အမေရိကန် စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်သည့် GE က မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုအတွက် ထိရောက်အသုံးဝင်မည့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ လမ်းပြမြေပုံ အကြံပြု တင်ပြချက်များကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (MOEP) နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB) တို့ထံသို့ ဇွန်လ ပထမပတ်က တင်ပြခဲ့ကြောင်း GE အာဆီယံဒေသ ကုမ္ပဏီခွဲ၏ အမှုဆောင်အရာရှိချုပ် Mr.Stuart Dean က ပြောကြားသည်။
မူးယစ်ဆေးဝါးသုံးစွဲနေသော KIA တပ်ဖွဲ့ဝင်ဦးစီး ဒေသခံ(၁၂)ဦးအား ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ကာမိုင်းမြို့၊ မြစိမ်းရောင်ရပ်ကွက် အနောက်ဘက်ရှိ တော တန်းတွင် ဇွန်(၁၅)ရက် ညနေ(၄)နာရီခွဲခန့်တွင် မူးယစ်ဆေးဝါး သုံးစွဲ နေသော KIA တပ်ဖွဲ့ဝင်ဦးစီး ဒေသခံ(၁၂)ဦးအား ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းကုန်များ စားသုံးရန် သင့်မသင့် နိုင်ငံအနှံ့စစ်ဆေးမည်
စာသင်ကျောင်း မုန့်ဆိုင်များတွင် ရောင်းချနေသည့် အစားအစာများ စားသုံးရန် သင့်၊ မသင့်ကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)က နိုင်ငံအနှံ့ စစ်ဆေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဇွန်လ ၁၈ ရက်တွင် ပြောဆိုလိုက်သည်။
“အဓိကတော့ ဆိုးဆေးကို စစ်မယ်။ အသေးစိတ် စစ်မယ်ဆိုရင်အများကြီး စစ်ရမယ်”ဟု ၎င်းက ပြောသည်။ ယခုပညာသင်နှစ်အတွင်း စစ်ဆေးသွားမည်ဖြစ်ကာ တစ်လလျှင် မုန့်အမျိုး အစားပေါင်း ၁,၅၀၀ ခန့် စစ်ဆေးနိုင်ရန် စီစဉ်ထားသည်။
အမေရိကန် လေကြောင်းတိုက်ခိုက်မှု စစ်ကူ အီရတ်တောင်းခံ

အီရတ်နိုင်ငံ မြောက်ပိုင်းမြို့တွေကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒတ်မြို့တော်ကိုပါ ခြိမ်းခြောက်လာနေတဲ့ ဆူနီ အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အမေရိကန် လေကြောင်းက တိုက်ကူပေးဖို့ အီရတ်က အကူအညီ တောင်းထားတယ်လို့ အမေရိကန် ထိပ်တန်း စစ်ဖက်အရာရှိတဦးက ပြောလိုက်ပါတယ်။
ရှမ်းမြောက်တွင် TNLAအဖွဲ့မှ ဒေသခံများအား ဖမ်းဆီးခြိမ်းခြောက် အတင်းအကြပ်ငွေကြေးလုယူမှုဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းကျေးရွာအုပ်စု၊ (၁၂)မိုင်စုစည်းကျေးရွာနေ ဦးဝမ်းကျုံးနှင့် မိသားစု (၃)ဦး သည် ဇွန်(၁၆)ရက်မနက်ပိုင်းက နမ့်ခမ်းသို့ ပီကင်းဂျစ်ကားဖြင့် ထွက်ခွာ လာစဉ် TNLA အဖွဲ့၏ ဖမ်းဆီးခြိမ်းခြောက် ငွေကြေးလုယူခြင်းခံ ခဲ့ရကြောင်း သတင်းရရှိသည်။
စားသုံးရန် အန္တရာယ်ရှိကြောင်း နာမည်ကြီးခဲ့သည့် အာလူးကြော်နှင့် အချိုရည်များကိစ္စ FDA ရှင်း
လူထုအကြားစား သုံးရန်အန္တရာယ်ရှိသည်ဟု သ တင်းများထွက်ပေါ်ခဲ့သည့် Oishi Snack အာလူး ချောင်းကြော်၊ Rockerအချိုရည်များသည် အ များပြည်သူ စားသုံးရန်အန္တရာယ် မရှိကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ပြောသည်။ ဇွန် ၁၈ ရက်က နေပြည် တော်၊ အစားအသောက်နှင့် ဆေး ၀ါး ကွပ်ကဲရေး ဦးစီးဌာန တွင်ပြု လုပ်သော Dee Do အချိုရည်နှင့် ပတ်သက်၍ မီဒီယာများသို့အသိ ပေးရှင်းလင်းပွဲတွင် ၎င်းကထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုက်လေယာဉ် ပျက်ကျပေမယ့် လေသူရဲတွေ ဘာလို့ ဂုဏ်ပြုခံရတာလဲ
စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတဲ့ အချိန်မှာ ပျက်ကျခဲ့တဲ့ မကွေးလေတပ် စခန်းက MiG-29 UB လေ့ကျင့်ရေး တိုက်လေယာဉ်ကို မောင်းခဲ့တဲ့ လေသူရဲနှစ်ဦးကို ကာကွယ်ရေးဦးစီးချုပ်(လေ)က ချီးကျူး ဂုဏ်ပြုလိုက် ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘ၀ဖြစ်စဉ်ကို ဗေဒင်ပညာ အမြင်ဖြင့် သုံးသပ်ခြင်း

လူထုဘက်က ရပ်တည်၍ ဒြပ်ပေါ် ဂုဏ်ထင်နေတဲ့ အန်တီစု ရဲ့ ဇာတာကို ကွန်ပျူတာဖြင့် တွက်ထုတ် လိုက်သော အခါ မေထုန်လဂ်၊ ကန်စန်း ဇာတာရှင် ဖြစ်ပြီး လဂ်တွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေ၊ ရာဟု ဂြိုဟ်လေးလုံး ပူးနေသည် ကို တွေ့ရ၏။ ထို့ကြောင့် စိမ်းလွင်လွင် သွေးပြန်ကြောများ ပေါ်ထင်လျက် ကျက် သရေ ရှိပေမည်။ ဝမ်းဗိုက် တွင် မွေးရာပါ အမှတ်အသား ရှိတတ်ပြီး ရင်ဘတ်တွင် မွေးပြီးမှ ပေါ်လာသော အမှတ်အသား များ ရှိနေတတ်ပါသည်။ က်ားအက်ႌ၊ မအက်ႌ ဘယ်ဟာဝတ်ဝတ် ယဉ် စစနှင့် လှသူ ဖြစ်ပါသည်။ မိန်းကလေးလို ယဉ် ကျေး သိမ်မွေ့ပြီး ယောက်ျားလေး လို လည်း သွက်လက် ချက်ချာစွာ ဦးဆောင် ဦးရွက်ပြု တတ်ပါသည်။ သွားလာလှုပ် ရှား၊ စကားပြောသော အခါတို့၌ ရှက်ရွံ့ ဟန် မခို့တရို့အမူအရာ အမြဲ ပေါ်လွင်နေ တတ်ပါသည်။
ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံပါက ငြင်းပယ်ခွင့်မရှိသော ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု
ဆန္ဒပြရန် ခွင်ပြုချက်တောင်းခံပါက ငြင်းပယ်ခွင့်မရှိသော ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဇွန် ၁၈ ရက်တွင် အတည်ပြုခဲ့သည်။
အမေရိကန် လေကြောင်းတိုက်ခိုက်မှု စစ်ကူ အီရတ်တောင်းခံ

အီရတ်နိုင်ငံ မြောက်ပိုင်းမြို့တွေကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒတ်မြို့တော်ကိုပါ ခြိမ်းခြောက်လာနေတဲ့ ဆူနီ အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အမေရိကန် လေကြောင်းက တိုက်ကူပေးဖို့ အီရတ်က အကူအညီ တောင်းထားတယ်လို့ အမေရိကန် ထိပ်တန်း စစ်ဖက်အရာရှိတဦးက ပြောလိုက်ပါတယ်။
ပြင်ဦးလွင်၌ သိမ်းဆည်းခံလယ်မြေများနှင့် ပတ်သက်၍ ဆန္ဒပြပွဲဦးဆောင်သူ မစုစုနွေးအား ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ ဖြင့် တရားစွဲ

ပြင်ဦးလွင်မြို့တွင် သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ဦးဆောင်ဆန္ဒပြနေသူ မစုစုနွေးအား တွေ့ရစဉ်
ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဧကသိန်းချီ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ကျေးရွာ ၁၀၀ ခန့် စုပေါင်းဆန္ဒပြမှု ဦးဆောင်သူ မစုစုနွေးအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း သိရှိရသည်။
သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ ကောင်းကျိုးများသာ လာရောက်ရှင်းလင်း

ဇွန် ၁၈ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ ဇွန် ၁၈ ရက်တွင် လာရောက်ရှင်းလင်းခဲ့သည်။
နိုင်ငံတကာ အနုပညာရှင်များ ဖျော်ဖြေမည့် ဂီတအခမဲ့ပွဲ
အနောက်တိုင်း ဂနဝ္ထင်ဂီတနှင့် ကမ္ဘာတစ်ဝန်းမှာ တစ်မူထူးခြားသော ဂီတများဖြင့် ဖျော်ဖြေမည့်မြန်မာဂီတ ပွဲတော် အမည်ရှိ ဖျော်ဖြေပွဲတစ်ရပ်ကို ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ အခမဲ့ကျင်းပသွားမည်ဟု သိရသည်။
အလုပ်သမားများ အားလုံးအတွက် ခေတ်နှင့်လျော်ညီခြင်း မရှိတော့သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေကို ပြင်ဆင်ရေးဆွဲ

လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံပိုင်လုပ်ငန်း၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ အားလုံးအတွက် ခေတ်နှင့်လျော်ညီခြင်း မရှိတော့သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေကို ပြင်ဆင်ရေးဆွဲနေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။
ဝန်ကြီး ဦးအောင်မင်း နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် မဲခေါင်မြစ်ကမ်း၌ တွေ့ဆုံ

(ချင်းဆဲန်) - မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း နှင့် သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ယွက်စစ် တို့ ဂျွန်လ ၁၈ ရက်ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းဆဲန်မြို့နယ် မဲခေါင်မြစ်ကမ်းရှိဟိုတယ်တခု၌ ညစာ အတူ စားသောက်ခဲ့ကြသည်။
မိုးကြီးလို့ ရခိုင်မှာ လူသေဆုံး

ပြီးခဲ့တဲ့ တပတ်က မိုးဆက်တိုက်ရွာလို့ ရန်ကုန် တစ်မြို့လုံးနီးပါး ရေကြီးရေလျှံဖြစ်နေစဉ်
ရခိုင်ပြည်နယ် မှာ မိုးဆက်တိုက် ရွာပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့ အတွက် ဇွန်လ ၁၈ ရက်နေ့က လူသေဆုံးမှုတွေ ရှိခဲ့ ပါတယ်။
မြောက်ဦးမြို့မှာ မိသားစုတစ်စုက မြေတူးနေတုန်း မြေတွေ ပြိုကျခဲ့တဲ့ အတွက် အသက် ၄၃ နှစ် အရွယ် မိခင်ဖြစ်သူနဲ့ ၄ နှစ် အရွယ် သားလေး သေဆုံးခဲ့ပါတယ်။
သေဆုံးသူရဲ့ သမီး ဖြစ်သူကတော့ ဒဏ်ရာ ရတဲ့ အတွက် ဆေးရုံတင် ကုသမှု ပေးနေပါတယ်။
အဲဒီ တစ်ရက်တည်းမှာပဲ ရေကြီးတဲ့ အတွက် ပေါက်တောမြို့၊ ပုဏ္ဏားကြီးရွာက အမျိုးသမီး နှစ်ယောက် ရေနစ် သေဆုံးခဲ့ ပါတယ်။
မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ ဂြိုလ်တုက တိုင်းထွာရရှိတဲ့ အချက် အလက်တွေ အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂ္လား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေလို့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ အခု တပတ်အတွင်း စိုးရိမ်စရာ ကောင်းလောက်အောင် မိုးများနိုင်တယ်လို့ သတိပေးနေပါတယ်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ တစ်ပတ်လောက် မိုးဆက်ရွာမယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မြေနိမ့်ပိုင်း နေရာတွေနဲ့ လယ်ကွင်းတွေမှာ ရေတွေနစ်မြုပ်ခဲ့တဲ့ အတွေ့ အကြုံ ရှိခဲ့တာကြောင့် သတိထားဖို့ လိုတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။
အန္တရာယ်အရှိနိုင်ဆုံး လို့ ပြောနိုင်တဲ့ မြို့တွေအနေနဲ့ ထားဝယ်၊ မအူပင်၊ ရန်ကုန်၊ ပဲခူးနဲ့ သထုံ စတဲ့မြို့တွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒါတွေကို ကာကွယ်နိုင်ဖို့ နှစ်စဉ် ကြိုတင် လုပ်ဆောင်ရမယ့် ရေဝင်ရေထွက်ကောင်းအောင် လုပ်ဆောင်မှု၊ တာတမံ ဖောက်မှု တွေကို အုပ်ချုပ်ရေးပိုင်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနတွေက လုပ်ဆောင်သင့်တယ်လို့လည်း သူက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ရာကျော် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း ဘူးသီးတောင်နှင့် စစ်တွေထောင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ရာနှင့်ချီ ရှိနေဆဲ
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ရာ ကျော် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း ဘူးသီးတောင်နှင့် စစ်တွေထောင်တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရာနှင့်ချီ ရှိနေဆဲဖြစ်ကြောင်း မောင်တောခရိုင် လ၀ကရုံးမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာများတွင် လူဦးရေ စစ်ဆေးရေးလုပ်ငန်းများ ရှောင်တခင်ဆောင်ရွက်နေရာ ဘင်္ဂါလီများ ငြင်းဆန်မှုများရှိနေ

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်အတူ သန်းခေါင်စာရင်းကောက်ယူနေမှုကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာများတွင် လူဦးရေစစ်ဆေးရေးလုပ်ငန်းများ ရှောင်တခင်ဆောင်ရွက်နေရာ ဘင်္ဂါလီများ ငြင်းဆန်မှုများရှိနေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်အား ဆက်လက်တာဝန်ထမ်းဆောင်ရန် KNU ၏ ပြောကြား ချက် ကရင်ပြည်သူလူထု ဆန္ဒရယူပြီးမှသာ ပြောကြားသင့်ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ထုတ်ပြန်
သမ္မတဦးသိန်းစိန်အား လာမည့်အစိုးရ သစ်သက်တမ်းတွင် သမ္မတတာဝန်အား ဆက်လက်ထမ်းဆောင်ရန် KNU အဖွဲ့၏ တိုက်တွန်းပြောကြားခဲ့မှုသည် ကရင်ပြည်သူလူထု ဆန္ဒအား ရယူပြီးမှသာ ပြောကြားသင့်ကြောင်း ကရင်နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ဇွန် ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံပါက ငြင်းပယ်ခွင့်မရှိသော ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု
ဆန္ဒပြရန် ခွင်ပြုချက်တောင်းခံပါက ငြင်းပယ်ခွင့်မရှိသော ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်
တော် က ဇွန် ၁၈ ရက်တွင် အတည်ပြုခဲ့သည်။
ဘင်္ဂါလီများ နေထိုင်လျက်ရှိသည့် ဒုက္ခသည်စခန်းများမှာ အခြေအနေ အလွန်ဆိုးရွားကြောင်း ကုလသမဂ္ဂ၏ ပြောကြားမှုအပေါ် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် တုံ့ပြန်
ဘင်္ဂါလီများ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေးစခန်းများသည် သူမကြုံတွေ့ခဲ့ရဖူးသမျှတွင် လူသားများအနေဖြင့် ခံစားရသည့် အဆိုးရွားဆုံး နေရာများဖြစ်ကြောင်း ကုလသမဂ္ဂမှ အကြီးတန်း အရာရှိတစ်ဦးက အင်္ဂါနေ့က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရပြီး အဆိုပါ ပြောဆိုမှုအပေါ် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန်ပြောဆိုခဲ့သည်။
ဒုတိယ၀န်ကြီး နုတ်ထွက်ခွင့်ပြုခြင်း၊ ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းတို့ ပြုလုပ်
ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်အား ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း၊ သမ္မတရုံး ၀န်ကြီးဌာန (၁) ဒုတိယ၀န်ကြီး ဦးသန့်ရှင်းအား ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲ တာဝန် ပေးအပ်ခြင်းနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းအား စစ်ဘက် မူလ တာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းတို့ကို ဇွန် ၁၈ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၉/၂၀၁၄)၊ (၁၀/၂၀၁၄) နှင့် (၁၁/၂၀၁၄) တို့ ထုတ်ပြန်၍ ပြုလုပ်ခဲ့သည်။
Subscribe to:
Posts (Atom)