Friday 8 May 2015

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် တပ်မတော ခေါင်းဆောင်ဟောင်း လေးဦး၏ နေအိမ်အနီးတွင် တာဝါတိုင် ဆောက်လုပ်မှု ကန့်ကွက်ခံရ

မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက် နဝဒေးလမ်းရှိ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် တပ်မတော် ခေါင်းဆောင်ဟောင်းလေးဦး နေထိုင်သော နေအိမ်အနီးတွင် ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်မှုနှင့် ပတ်သက်၍ ယင်းအနီး နေထိုင်သူများက မေလ ပထမပတ်မှ စတင်ကာ ကန့်ကွက်လျက်ရှိကြောင်း ကန့်ကွက်သူများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါအိမ်များ အနီးရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရော်ဘာပစ္စည်း ထုတ်လုပ်မှု သုတေသန နည်းပညာနှင့် သင်တန်းပို့ချရေး ဌာနဝင်းတွင် ပေ ၁၅၀ မြင့်သော ဆက်သွယ်ရေး တာဝါတိုင်ကို Digicel Myanmar Tower Company (MTC) က မတ်လ နောက်ဆုံးပတ်က ရပ်ကွက်နေသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကို အသိမပေးဘဲ လူနေအိမ်များနှင့် ၁၅ ပေ အကွာတွင် စတင်တည်ဆောက်ခဲ့မှုကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ခြင်း၊ တာဝါတိုင် ပြိုကျပါက အသက်အန္တရာယ် ထိခိုက်စေနိုင်သဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကန့်ကွက်သူတစ်ဦး ဖြစ်သူ ဦးနေဝင်းကျော်ဇင်က ပြောကြားသည်။

ပက်ကွီအိုသည် သူရဲဘောကြောင်သည့် အရှုံးသမားဟု မေဝယ်သာ ဝေဖန်တိုက်ခိုက်


မန်နီပက်ကွီအိုသည် သူရဲဘောကြောင်သူ အရှုံးသမား တစ်ဦးဖြစ်ကြောင်း ဖလွိုက်ဒ် မေဝယ်သာက တိုက်ခိုက် ပြောကြားလိုက်ပြီး ဖိလစ်ပိုင်သားနှင့် စိတ်မကျေပွဲ ပြန်လည် ထိုးသတ်ရန် ခန့်မှန်းချက်များကို ငြင်းဆိုသွားသည်။

အပူကြောင့် ဖြစ်ပေါ်တတ်သော ရောဂါဝေဒနာများ

နိဒါန်း
လူများစွာတို့အတွက် နွေရာသီကာလဆိုတာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ ခရီးသွားရက်၊ အပန်းဖြေရက် ဖြစ်ပါတယ်။ တနည်းပြောရပါက လေအေးပေးစက်များ တပ်ဆင်ထားတဲ့ ရုံးခန်း၊ အိမ်ဧည့်ခန်းတွေထဲက အပြင် နေပူထဲအထွက်များတဲ့ကာလ ဖြစ်ပါတယ်။ အဲဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများတဲ့ကာလ၊ အအေးဓာတ်သင့်တင့်အောင် မရှိတဲ့ ပတ်ဝန်းကျင်မှာ အနေများတဲ့ကာလ ဖြစ်ပါတယ်။ အဲဒီမှာ ပူပြင်းလွန်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့အခါ လူအတော်များများမှာ နေရောင်ခြည်နဲ့ ဆက်စပ်တဲ့ဖျားနာမှုတွေကို ခံစားကြ ရပါတော့တယ်။

နှစ်ဖက်စစ်ကြောင်းများ ရှေ့မတိုးရေး တပ်မတော်နှင့် KNPP ထပ်မံဆွေးနွေး

တပ်မတော်နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့၏ နှစ်ဖက်စစ်ကြောင်းများ ရှေ့မတိုးရေးအတွက် တပ်မတော်နှင့် KNPP တို့ ထပ်မံဆွေးနွေးကြောင်း KNPP လွိုင်ကော် ဆက်ဆံရေး ရုံးတာဝန်ခံ ဦးပလူးရယ်က ပြောကြားသည်။
မေလ ပထမပတ်အတွင်း ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း KNPP တပ်များက လက်နက်ကိုင်လှုပ်ရှားများ ပြုလုပ်လာသောကြောင့် တပ်မတော် စစ်ကြောင်းများက ရှေ့တိုးလာကြောင်း၊ တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် မေလ ၇ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

ဗိုလ်တထောင်ဆိပ်ကမ်းရှိ လက်ဖက်ရည်ဆိုင် ဘူဒိုဇာဖြင့် ရှင်းလင်းရာမှ ပဋိပက္ခဖြစ်

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်း ဗိုလ်တထောင်ဈေးမှတ်တိုင် အနီးရှိ ဦးစိန်သောင်း လက်ဖက်ရည်ဆိုင်ကို မေလ ၇ ရက် နံနက် ၅ နာရီက သက်ဆိုင်ရာက အင်အားသုံးကာ မြေတူးစက် (ဘူဒိုဇာ) ဖြင့် ရှင်းလင်းခဲ့ရာမှ လက်ဖက်ရည်ဆိုင်မှ မိသားစုနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အသက် ၃၁ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ယာယီထိန်းသိမ်းထားကြောင်း ဗိုလ်တထောင်မြို့နယ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမေရိကန်က ပြည်တွင်းလူမှုအဖွဲ့အစည်း ၁၁ ဖွဲ့ကို ငွေကြေးထောက်ပံ့မည်

အမေရိကန်သံရုံးက ပြည်တွင်းလူမှုအဖွဲ့အစည်း ၁၁ဖွဲ့အား ဒေါ်လာနှစ်သိန်းခန့်ထောက် ပံ့ကြေး ပေးအပ် မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းမိုင်တက္ကသိုလ်မှ တိုက်ရိုက်ပေးအပ်သောဘွဲ့ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တစ်လလျှင် ငွေကျပ်နှစ်သောင်းဖြင့် တက်ရောက်ရယူနိုင်

ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ခုဖြစ်သော ချင်းမိုင် ယူနီဗာစီတီမှ တိုက်ရိုက် ပေးအပ်သော ဘွဲ့ကို ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် တစ်လလျှင် ငွေကျပ်နှစ်သောင်းဖြင့် တက်ရောက်ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သွင်းပေးမည်ဟုဆိုကာ မဟာချိုင်ဈေးအတွင်း ထားရစ်ခံခဲ့ရသည့် မြန်မာအမျိုးသမီးငယ် တစ်ဦး သံရုံးနှင့် MWRN တို့၏အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်

ပွဲစားမှ အလုပ်သွင်းပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံအတွင်း လိမ်လည်ခေါ်ဆောင်၍ မဟာချိုင်ဈေးအနီး တစ်ဝိုက်တွင် ထားခဲ့ခြင်း ခံခဲ့ရ သည့် အသက် ၂ဝအရွယ်ရှိ မြန်မာအမျိုးသမီး ငယ်တစ်ဦးအား ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အ ရေး ကွန်ရက်(MWRN) တို့၏အကူ အညီဖြင့် မြန်မာ နိုင်ငံသို့ပြန် လည် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ-လာအို ချစ်ကြည်ရေးတံတားဖွင့်လှစ်ရန် နိုင်ငံတော်သမ္မတဦးသိန်းစိန် ကျိုင်းတုံမြို့သို့ရောက်ရှိ

ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရွှေပြားသင်္ကန်းကပ်လှူနေစဉ် 
မြန်မာ-လာအို ချစ်ကြည်ရေးတံတားဖွင့်လှစ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ရှမ်းပြည်နယ် အရှေ့ ပိုင်း ကျိုင်းတုံမြို့ နယ်သို့ ရောက်ရှိနေကြောင်း သိရသည်။

မောတောင်-ဆင်ခွန်းနယ်စပ် ဝင်၊ ထွက်ဂိတ် အဆင့်မြှင့်တင်ရန် မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်းညှိနှိုင်းဆွေးနွေး

Photo Caption: မောတောင်-ဆင်ခွန်းနယ်စပ် ဝင်၊ ထွက်ဂိတ်ကိစ္စ ဆွေးနွေး နေစဉ် Photo: ဒီမိုသွေး(မြိတ်)
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြစ်ငယ်ရပ်ကွက်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်ချင်း ဆက်သွယ် ထားသော မော တောင်- ဆင်ခွန်းနယ်စပ် ဝင်၊ ထွက်ဂိတ်အား အဆင့်မြှင့်ခြင်း နှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေ ပွဲကို မေ ၆ရက် ညနေ ၃ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ကျန်းမာရေးစောင့်ရှောက်မှု အာမခံအမျိုးအစား တစ်ယူနစ်လျှင် ကျပ်ငါးသောင်းဖြင့် ဇွန် ၁ရက်၌ စတင်ရောင်းချမည်

ကျန်းမာရေးစောင့်ရှောက်မှုအာမခံအမျိုးအစားကို တစ်ယူနစ်လျှင်ငွေကျပ် ငါးသောင်း ဖြင့် ဇွန် ၁ရက်မှ စတင်ကာ ရောင်းချ နိုင်ရန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှသတင်းရရှိသည်။

မြစ်ကြီးနားအကျဉ်းထောင်အတွင်းတရုတ်နိုင်ငံသားအကျဉ်းသားနှင့် မြန်မာနိုင်ငံ သား အကျဉ်းသားအချို့ ရန်ဖြစ်ရာမှ ထောင်ဝန်ထမ်းများ ၀င်ရောက် ထိန်းသိမ်းခဲ့ရပြီး အကျဉ်းသား ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်အတွင်း မေ ၆ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသား အကျဉ်း သားများနှင့် မြန်မာနိုင်ငံသား အကျဉ်းသားအချို့ ခိုက်ရန်ဖြစ်ပွားရာ ထောင်လုံခြုံရေးများ ၀င်ရောက် ထိန်း သိမ်းပြီးနောက် အကျဉ်းသား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြာင်း ပြည်နယ်ရဲဌာ နနှင့် ပြည်နယ် အစိုးရဌာနများမှ သတင်းရရှိသည်။ 

သမ္မတဦးသိန်းစိန်နှင့် ‘ဝ’၊ မိုင်းလားအဖွဲ့ခေါင်းဆောင်များ ယနေ့တွေ့မည်

သမ္မတဦးသိန်းစိန်နှင့် ‘၀’ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (မိုင်းလား) ခေါင်းဆောင်များ ယနေ့ မေလ ၈ ရက်တွင် ကျိုင်းတုံမြို့၌ တွေ့ဆုံ ကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

KIA ထောင်ထားသောမိုင်းအား နင်းမိပေါက်ကွဲပြီး ဒဏ်ရာ ရရှိ ခဲ့သော ဒေသခံများ မိုင်းလျော်ကြေး ပေးဆောင်ရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အတွင်းရှိ ဒေသခံလူငယ် ၂ ဦးသည် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် KIA အဖွဲ့ဝင်များမှ ပျက်စီးဆုံးရှုံးသွားသော မိုင်းတစ်လုံးတန်ဖိုးအား လာရောက် တောင်းရမ်း သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

ပန်ဆန်း နိုင်ငံရေးအမြတ်ထုတ်ပွဲနှင့် အသုံးချခံလိုက်ရသော တိုင်းရင်းသားခေါင်းဆောင်များ

မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပန်ဆန်းအစည်း အဝေးကြီး မနေ့က ပြီးဆုံးသွား ပါပြီ။ ပန်ဆန်းအစည်းအဝေးက နိုင်ငံတော်အတွက် ဘာတွေရလိုက်သလဲ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ဘာတွေရလိုက်သလဲ။ ပြည်သူတွေ ဘာရလိုက်သလဲ။ ခြုံငုံသုံးသပ်ကြည့်ရင် နိုင်ငံအတွက်၊ ပြည်သူ အတွက် ထူးထူးခြားခြားရလိုက်တာ တစ်ခုမှမရှိပါဘူး။ တိုင်းရင်းသားပြဿနာနဲ့ ငြိမ်းချမ်းရေးပြဿနာ အတွက် ရလဒ်ကောင်းတွေလည်း မရရှိလိုက်ပါဘူး။ မူးယစ်ဆေးဝါးထုတ်လုပ်မှုကိစ္စ လျှော့ချရေးပြဿနာ မဆွေးနွေးခဲ့ရပါဘူး။ ဒါပေမယ့် “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အတွက် ပန်ဆန်း အစည်းအဝေးက အများကြီး အမြတ်ကျန်ခဲ့ ပါတယ်။ ပြည်နယ်ခွဲထွက်ခွင့်ကို ထိပ်သီး တိုင်းရင်းသား ခေါင်းဆောင် အားလုံးရှေ့မှာ တောင်းဆိုနိုင်ခဲ့ပါတယ်။ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA ) ဘက်က အဖွဲ့ဝင်အဖြစ် ဝင်မထားတဲ့ NCCT အဖွဲ့ကို ပြိုကွဲအောင်လုပ်နိုင်ခဲ့တဲ့အပြင် လက်မှတ် ထိုးထားတဲ့ အချက်တွေကို ပြန်လည် သုံးသပ်ခိုင်းခြင်းဖြင့် NCCT ခေါင်းဆောင်တွေကို အရှက်ရစေ ခဲ့ပါ တယ်။ နောက်ဆုံးတစ်ချက်ကတော့ ကမ္ဘာမှာ ဒုတိယအများဆုံး ဘိန်းထုတ် လုပ်နေမှုနဲ့ နာမည်ပျက် နေခြင်းကို ဖုံးကွယ်နိုင်ခဲ့ပါတယ်။

"ဝ" ပြည်နယ်တောင်းခံမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)က တောင်းဆိုထားပြီး ယင်းတောင်းဆိုချက်ကို ၂၀၁၅ခုနှစ် မေလ ၁ရက်မှ ၆ရက်အထိ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ဖွဲ့တွင် အများစုက ထောက်ခံကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည်။
"ဝ" ပြည်နယ် တောင်းခံမှုကို UWSA၏ စစ်သေနာပတိချုပ် ပေါက်ယိုချမ်းက အစည်းအဝေး ပထမနေ့ မေ ၁ရက်က တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်နယ် အတွင်းရှိ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ် နှင့် ပန်ဝိုင်မြို့နယ် ခြောက်မြို့နယ်အား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
"ဝ" အဖွဲ့က ယခုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တောင်းခံမှုကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ နှင့် နိုင်ငံရေး လေ့လာသူ အချို့၏ အမြင်များကို မဇ္ဈိမက စုစည်း တင်ပြလိုက်သည်။

မိုးနောက်ကျ၍ ဒလမြို့နယ်တွင် နွေရာသီ ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာ

နှစ်စဉ် နွေရာသီရောက်တိုင်း ကြုံတွေ့နေရသည့် ဒလမြို့နယ်၏ ရေပြတ်လပ်မှု ပြဿနာမှာ ယခုနှစ်တွင်လည်း မပြေလည်သေးဘဲ မိုးဦးကျ နောက်ကျနေသည့်အတွက် ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာသည်ဟု ဒလမြို့နေ ဒေသခံများ ထံမှ သိရသည်။
ဒလဒေသခံ တစ်ဦးဖြစ်သည့် ကိုအေးကျော်က “ ဒီနှစ်ကတော့ ပိုဆိုးတယ်လို့ဆိုရမယ်။ မိုးရေလှောင် ကန်တွေ ထဲမှာ ရေကျန်မရှိတော့သလောက်ပဲ။ ကန်တွေထဲမှာ ရေက တစ်ထွာလောက်ပဲ ကျန်တော့တယ်။ အနည်တွေနဲ့ ဘယ်လိုမှ သုံးမရတာမျိုး ဖြစ်လာပြီ။ ရေလာလှူတာကိုပဲ သုံးနေကြရတယ်။ ပေရှစ်ရာကျော် အထိရေကန် တူးဖူးတယ်၊ ရေချိုမထွက်ဘူး”ဟုဆိုသည်။