Monday 23 July 2012

မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်းပြိုကျ၊ ကျောင်းသူ ၃၀ ခန့်  ဒဏ်ရာရ


 ယနေ့ ဇူလိုင်၂၃ ရက်နေ့ တွင်မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်း ပြိုကျကာကျောင်းသူ ၃၀ ခန့်  ဒဏ်ရာ ရမှုဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိသည်။

 
                                                              ဓါတ်ပုံ၊ EMG
"နံပါတ်ခြောက်အချိန် မှာ ဖြစ်သွားတာပါ။ နေ့  ၂ နာရီခွဲကျော်ကျော်မှာပေါ့ ။ ကြမ်းခင်းပြိုကျတဲ့  ၂ ထပ်ကျောင်းဆောင်မှာက ကျောင်းအုပ်ကြီးရုံးခန်းရှိတော့  ကျောင်းအုပ်ကြီးကို သွားကန်တော့ ကြတယ်။ နှစ်ယောက်တစ်တွဲ တန်းစီသွားတာ
ယောင်္ကျားလေးတွေကတော့  ကျောင်းအုပ်ကြီး ရုံးခန်းထဲ ရောက်ပြီးကြပြီ။ မိန်းကလေးတွေက နှစ်ယောက်တစ်တွဲသွားရာကနေ ဝရန်တာ ကြမ်းခင်းက ဆွေးနေတော့  ဝုန်းကနဲ ပြုတ်ကျသွားတယ်။ အောက်မှာ မီးကြိုးကြီး တစ်ချောင်းခံနေလို့  ကလေးတွေအကျ သက်သာတယ် ဆိုရမှာပါ။" ဟု အ ထ က ၂ မှ မျက်မြင်တွေ့ ရှိခဲ့ သူ ကျောင်းဆရာမ တစ်ဦးက ပြောပြခဲ့ သည်။

From:FB 

Grand Circle Cruise ဇိမ်ခံသင်္ဘောငယ် မြန်မာနိုင်ငံဧရာဝတီမြစ်အတွင်းပြေးဆွဲတော့မည်


မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာမှုနှင့် ကမ္ဘာလှည့် ခရီးသည်များ အများအပြားလာရောက်ကြမည့် အလားအလာများကြောင့် GCC အနေဖြင့် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများအတွက် ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်တော့မည်ဟု ဥက္ကဌ Alan E. Lewis က ထုတ်ဖော်ပြောဆိုလိုက်သည်။ 


 Grand Circle Cruise  Line ကော်ပိုရေးရှင်းသည် ဇိမ်ခံသဘောင်္ငယ်များဖြင့်
ကမ္ဘာ့တဝှမ်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေပြီး Overseas Adventure Travel (OAT)ကုမ္မဏီနှင့်အကျိုးတူပူးပေါင်းဆောက်မည်ဖြစ်ကာ  ၂၀၁၃နှစ် ခရီးသွားရာသီမှစတင်ပြီး မြန်မာနိုင်ငံဧရာဝတီမြစ်အတွင်း ရှေးဟောင်းမြို့တော်ပုဂံမှ မန္တလေးသို့ စတင်ပြေးစွဲတော့မည်ဖြစ်ပြီး လက်မှတ်များကို အမေရိကန်ခရီးသည်များသို့ ကနဦးရောင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ထောက်ခံသောအားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့  တွင် နိုင်ငံတော် အလံများ လွှင့်ထူထား

နိုင်ငံတော် သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်သွားရောက်နေစဉ် သမ္မတ၏ ရိုဟင်ဂျာများနှင့် ပတ်သက်သော မူဝါဒကို ထောက်ခံသောအားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုင်ငံတော်အလံကို လွှင့်ထူထားကြကြောင်း သိရှိရသည်။


ABSDF ၏ ဥက္ကဌဟောင်း(၂ ) ဦး ပြည်တော်ဝင်ခွင့်ကျပြီဟု သတင်းများထွက်ပေါ်




၁၉၈၈ခုနှစ်အရေးတော်ပုံအပြီးထိုင်းမြန်မာနယ်စပ်တွင်ဖွဲ့စည်းခဲ့သော ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ပထမဆုံးဥက္ကဌဟောင်း ရဲဘော်ထွန်းအောင်ကျော်နှင့် ဒုတိယမြောက် ဥက္ကဌဟောင်း ရဲဘော်မိုးသီးဇွန်တို့အား သမ္မတအမိန့်ဖြင့် ပြည်တော်ဝင်ခွင့်ပြုလိုက်ကြောင်းသတင်းများထွက်ပေါ်နေသည်။ အမေရိကန်ပြည်ထောင်စုတွင်အခြေချနေထိုင်နေသောဥက္ကဌဟောင်း၂ဦးအပါအဝင် စုစုပေါင်း ၅ဦးအား သမ္မတဦးသိန်းစိန်အမိန့်ဖြင်ပြည်တော်ဝင်ခွင့်ပြုလိုက်ကြောင်း ယနေ့ အင်တာနက်တွင်ပြောဆိုနေကြသည်။

from:Aung pan  FB

မြန်မာနှင့်ထိုင်း စီးပွားရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ သုံး ခု လက်မှတ်ရေးထိုးမည်

ထိုင်းနှင့်မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ(MoU) သုံးခုအား ဇူလိုင် ၂၃ ရက်တွင် သဘောတူလက်မှများ ရေးထိုးကြလိမ့်မည်ဖြစ်ပြီး အဓိကအားဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ထားဝယ်နှင့် ထိုင်းနိုင်ငံအရှေ့ဘက် ပင်လယ်ကမ်းရိုးတန်းဒေသတို့၏ ကူးသန်းဆက်သွယ်ရေး နှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်သည်။

 

သမ္မတဦးသိန်းစိန်သည် ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက်က ရောက်ရှိခဲ့ပြီး ချောင်ဘူရီပြည်နယ်ရှိ Laem Chabang ရေနက်ဆိပ်ကမ်းကို သွားရောက်လေ့လာခဲ့ပြီး သမ္မတကြီးအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၈ ခုနှစ် ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်အထိ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ဖူးသည်။

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ ၀င်ခွင့် အမှတ်များ တိုးမြှင့် သတ်မှတ်ပြီး ကျောင်းသားဦးရေ ကန့်သတ်မည်

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် နည်းပညာတက္ကသိုလ်၊ ကောလိပ်များ၊
ရေကြောင်းပညာတက္ကသိုလ်၊ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့၏ ကျောင်းဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို တိုးမြှင့်သတ်မှတ်လိုက်ပြီး ကျောင်းသားလက်ခံမှုကိုလည်း လျှော့ချသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ယခင်နှစ်က နည်းပညာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပံ္ပများတွင် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၃၂၀ နှင့်အထက် ရရှိထားသူများကို ကျောင်းဝင်လျှောက်ခွင့် ပြုခဲ့သော်လည်း ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၃၆၀နှင့်အထက် ရရှိထားသူများသာ ကျောင်းလျှောက်ခွင့် ရရှိမည်ဖြစ်သည်။