Thursday 21 May 2015

ရေမရှိ ဖြေမချိ နွေ၏ဝေဒနာ


ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်မှာ ညောင်ပင်ကြီးစုဆိုတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မုတ္တမပင်လယ်ကွေ့နဲ့ ဆက်စပ်နေတဲ့ ပင်လယ်ကမ်းခြေက ရွာလေးဖြစ်ပါတယ်။ အိမ်ခြေ ၆၀၀ ခန့်ရှိပြီး မူလတန်းကျောင်းတစ်ကျောင်းလည်းရှိပါတယ်။ ရွာထဲမှာ ပေ ၅၀၀ ကျော်တူးထားတဲ့ အဝီစိတွင်းတွေရှိပေမယ့် ရေတွေကပေါ့ပြီး သောက်လို့မရတဲ့အပြင် ထမင်းချက်ရင် ဝါသွားတယ်လို့ သိရပါတယ်။ အဲဒီရေနဲ့ ထမင်းချက်ပြီးရင် ကျက်တာနဲ့ ချက်ချင်းစားကြရပါတယ်။ ခဏကြာရင် ထမင်းတွေက ဝါသွားမှာမို့ အမြန်စားကြရတာပါ။ သောက်ရေအတွက် ရေကန်တူးထားပေမယ့် ရေတွေက နောက်နေပြန်ပါတယ်။

မြန်မာပြည်မှာ လျှပ်စစ်ဘယ်လိုပေးနေလဲ


အမှောင်ကမ္ဘာတွင် ကာလရှည်နေထိုင်ခဲ့ရသော မြန်မာနိုင်ငံ၌ လက်ရှိအစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြင့်လာနေသည်။
လက်ရှိနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၀ ရာခိုင်နှုန်းသာရှိပြီး နှစ်စဉ်သုံးစွဲမှုက ၁၅ ရာခိုင်နှုန်းတိုးလာသည်ဟု လျှပ်စစ်ဝန်ကြီးဦးခင်မောင်စိုးက ပြောကြားထားသည်။

ဘင်္ဂါလီ ဒုက္ခသည်လှေများကို ရှာဖွေကယ်ဆယ်ရန် မလေးရှား ဝန်ကြီးချုပ် အမိန့်ထုတ်


ပင်လယ်ပြင်တွင် မျောပါနေသည့် ဘင်္ဂါလီ ဒုက္ခသည် လှေများကို ရှာဖွေကယ်ဆယ်ရန် မလေးရှား ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများအား အမိန့်ပေးလိုက်သည်။
မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လှေများဖြင့် ထွက်ခွာလာပြီး အရှေ့တောင်အာရှ နိုင်ငံအချို့တွင် အခြေချ နေထိုင်ရန် ကြိုးပမ်းခဲ့သည့် ဘင်္ဂါလီ ဒုက္ခသည်များကို လက်ခံမည်မဟုတ်ဟု အင်ဒိုနီးရှားနှင့် မလေးရှား အစိုးရများက အစောပိုင်းတွင် အခိုင်အမာ ပြောကြားခဲ့ကြသည်။

" ဒီမိုကရေစီ လော်စပီကာ "


မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများ ကို ၁ နှစ်သက်တမ်း တိုးမြှင့်ကြောင်း အမေရိကန်သမ္မတအိုဘားမားက ကြေညာခဲ့ပါတယ်။အမေရိကန်လွှတ်တော်ထံ အကြောင်းကြားပြီး ကြေညာလိုက် တာပါ။ ဒါ့အပြင် ထိုကာလအတွင်း အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံမှုကို လည်း အရေးပေါ်အဆင့်မှာပဲ ထားမယ်လို့ အမေရိကန်အိမ်ဖြူတော်က ကြေညာ လိုက်ပါတယ်။ ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့်လို့ အမေရိကန်က အကြောင်းပြချက် ပေးထားပါတယ်။ ယခုလိုမျိုး ပိတ်ဆို့မှုတွေ ကြောင့် ဘာတွေဖြစ်လာမလဲဆိုတာကို ကျွမ်းကျင်သူတွေထံ ဆက်သွယ် မေးမြန်း ထားပါတယ်။

ငွေကြေးစစ်ပွဲစတင်တော့မှာလား


စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးစနိုင်ငံအများအပြား၌ ပြည်တွင်းဝယ်လိုအားကျဆင်းနေချိန်တွင် ပြည်ပပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ခြင်းဖြင့် စီးပွားရေးတိုးတက်စေရန် မူဝါဒချမှတ်သူများ သွေးဆောင်ခံနေရသည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ငွေကြေးအားနည်းနေရန် လိုအပ်ပြီး ငွေကြေးတန်ဖိုးကျဆင်းစေရန် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ငွေကြေးမူဝါဒများ ချမှတ်ရန် လိုအပ်ပါသည်။

ဘုရားရှင်သာ ကြည်ညိုပျက်ရော့မည်


‘‘ပူတယ်လေ ဆယ်နေကဲ’’ဆိုသလိုပဲ။ ပူလိုက်သမှ ချစ်ချစ်တောက်ပဲ။ ငရဲပြည်တောင် ဒီလောက်ပူမယ်မထင်ဘူး။ ‘‘ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်’’ဆိုတဲ့ စကားမှန်များနေရော့သလား။ ကျွန်တော်တို့ ချောက်မြို့ကတော့ အပူမှာတော့ ‘‘ဂင်းနစ်စံချိန်’’ဝင်လောက်တယ်။ မိုးလေဝသသတင်းတွေကို ကြည့်လိုက်ရင် ထိပ်ဆုံးကမြို့ဟာ ချောက်ဖြစ်နေတယ်။ ဘယ်တော့ကြည့်ကြည့် စံချိန်ချိုးလျက်ပဲ။ အဲဒါကြောင့်လည်း ‘‘ချောက်’’ဆိုရင် ‘‘အပူချိန်’’နဲ့တွဲပြီး မြင်တတ်ကြတယ်။

သူတို့နှစ်ဦးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ


နိုင်ငံတစ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းဖို့အရေးသည် ထိုနိုင်ငံခေါင်းဆောင်၏ တိုင်းသူပြည်သားအပေါ် မေတ္တာအရင်းခံသည့် ချစ်ကြင်နာစိတ်နှင့် ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်ပေါ်တွင် ဦးစွာအခြေတည်ပြီးနောက် ထိုခေါင်းဆောင်နှင့်အတူ တစ်စိတ်တစ်ဝမ်းတည်းရှိကြသော ဥပဒေပညာရှင်များ၏ ကြိုးပမ်းစွမ်းဆောင်မှုပေါ်တွင် မူတည်လျက်ရှိကြောင်း သမိုင်းအထောက်အထားအရ လေ့လာတွေ့ရှိရပါသည်။

မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ် အခွန်ကင်းလွတ်ရေး လွှတ်တော်၌ ဆွေးနွေးမည်


လာမည့် ဇွန်လ ၁ ရက်နေ့မှစ၍ မိုဘိုင်းလ်ငွေဖြည့်ကတ်များမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည့် အစီ အစဉ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ကင်းလွတ်ခွင့်ပြုနိုင်ရန် အရေးကြီးအဆိုအား ပြည်ထောင်စု လွှတ်တော် က လက်ခံဆွေးနွေးရန် အတည်ပြုလိုက်ကြောင်း သိရသည်။

အဓိကနဲ့ သာမည


ရွေးကောက်ပွဲကြီး နီးလာတော့ အသံတွေမျိုးစုံအောင် ကြားလာရသဗျ။ ၄၃၆ နဲ့ ၅၉(စ) ပြင်ဖို့ကိုချည်းပဲ ဖိ တွန်းနေသူတွေ ရှိသလို၊ အဲဒါတွေ မပြင်ရင်ဘဲ ဝင်အရွေးမခံတော့ဘူး လိုလို၊ သပိတ်ပဲ မှောက်မလိုလို ပြောနေကြတာတွေလည်း ရှိသဗျ။ ပြီးတော့ကာ လက်ရှိအစိုးရ လက် ထက်မှာတော့ အဲဒီ ၄၃၆ နဲ့ ၅၉ (စ)ကို မပြင်နိုင်ပါဘူးလို့ ဆိုတဲ့ သူကလည်း ရှိပြန်သဗျ။ ဗိုလ်ချုပ်ကြီး တွေ တစ်ဖြစ်လဲအရပ်သားအစိုးရ ဘာလုပ်လုပ်ယုံကိုမယုံနိုင်ပါဘူးဆိုသံတွေလည်း ကြားရပြန်သဗျ။ ဘယ်သူတွေဘာပဲပြောပြော မျက်စိ မှိတ်ပြီးယုံကြတာတွေလည်းရှိသဗျ။

လက်နက်ကြီးကျည်ကျရောက်မှု စုံစမ်းပေးရန် မြန်မာအစိုးရကို တရုတ်တောင်းဆို


လက်နက်ကြီးကျည်ကျရောက်ပြီးနောက် တရုတ်နယ်စပ်တွင် လုံခြုံရေးနှင့်သူနာပြုလုပ်ငန်းများ ဆောင်ရွက်နေစဉ်
မြန်မာနိုင်ငံဘက်မှ ပစ် ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်များ ကျရောက်ပေါက် ကွဲမှုအတွက် တိတိကျကျ အဖြေ ထွက်ပေါ်စေရေး စုံစမ်းစစ်ဆေး ပေးရန် တရုတ်အစိုးရက မေလ ၂၀ ရက်တွင် တောင်းဆိုလိုက် သည်။

ကျောင်းသားသပိတ်ကြောင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး ဗ.က.သ ကျောင်းသားများ ဆက်တိုက်ဆန္ဒပြမည်

အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်သူများထဲမှ ကျောင်းသားနှင့် ဝန်းရံပြည်သူအချို့ ဖမ်းဆီးတရားစွဲဆိုခံထားရမှုများ ရှိနေရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အနေနှင့် အဆိုပါ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲများ ဆက်တိုက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ်ထံမှ သိရသည်။
လက်ပံတန်းဖြစ်စဉ်အပြီး မန္တလေးမြို့တော်တွင် ဆိုင်ကယ်များဖြင့် ဆန္ဒထုတ်ဖော်ခြင်းကို မတ်လ နောက်ဆုံးပတ်တွင် ပထမအကြိမ် ပြုလုပ်ခဲ့ကြောင်း ယင်းသို့ ဆန္ဒထုတ်ဖော်ခဲ့သည့် ဗ.က.သ ကျောင်းသားများထံမှ သိရသည်။

Boat People ပြဿနာတွေရဲ့ “အဖြေ” က ဘာလဲ၊ အီးယူရေတပ်ရဲ့ “လှေဖျက်စစ်ဆင်ရေး”

၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး လူပေါင်း ၁၈၀၀ သေဆုံးမှုတွေ တွေ့ကြုံခဲ့ရတဲ့ မက်ဒီတာရန်း ပင်လယ်ပြင်က လူမှောင်ခိုကူးသူတွေကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ဖို့ အီးယူက မေလ ၁၈ ရက်နေ့ မှာ သဘောတူခဲ့ကြပါတယ်။ အာဖရိကမြောက်ပိုင်းကနေ ဥရောပကမ်းခြေကို ထွက်ခွါလာတဲ့ ပင်လယ် ပြင်က လှေတွေကို အသက်အန္တရာယ် ကြီးကြီးမားမား မရှိသေးချိန် လစ်ဗျားပင်လယ်ပြင်မှာ စစ်သင်္ဘော တွေနဲ့ တိုက်ခိုက်ချေမှုန်းဖို့ သဘောတူညီခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ သဘောတူညီချက် ရယူဖို့တော့ လိုအပ်နေပါသေးတယ်။ ဒီတာဝန်ကို ဆောင်ရွက်နိုင်ဖို့ အတွက် လစ်ဗျားနိုင်ငံအနေနဲ့ ပိုင်နက်ရေပြင်မှာ ဥရောပစစ်သင်္ဘောတွေ ၀င်ရောက်လှုပ်ရှားနိုင်ဖို့ ခွင့်ပြု ပေးရမှာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား မလေးရှားသို့ လှေဖြင့် ခေါ်ဆောင်လာရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိ လာသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိပ်ကမ်းများမှတစ်ဆင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားများသည် မလေး ရှားနိုင်ငံသို့ လှေစီးပြီးထွက်ခွာရာမှ မြန်မာနိုင်ငံသို့ရောက်ရှိလာသဖြင့် သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများသည် မလေးရှားသို့ သွား ရောက်ရန် ထွက်ခွာလာရာမှ လူပွဲ စားများအနေဖြင့် မလေးရှားသို့ပို့ရန် အဆင်မပြေတော့ ဟုဆိုကာ မြန်မာ နိုင်ငံဘက်အခြမ်းသို့ လာရောက်စွန့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတို့က ထွက်ဆိုခဲ့ပြီး အဆိုပါအဖွဲ့တွင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသား ၁၁ဦး ပါဝင် ကြောင်း သိရသည်။

ထိုင်းတွင် ပြုလုပ်မည့် လှေစီးသူများအရေး အစည်းအဝေး မြန်မာတက်မည်

အရှေ့တောင်အာရှနိုင်ငံများက ဝင်ခွင့်မပြုသဖြင့် ပင်လယ်ထဲတွင် ပိတ်မိနေသည့် လှေစီးသွားလာသူများ အရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၌ မေလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးကို မြန်မာနိုင်ငံက တက်ရောက်ရန် လက်ခံလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
အိန္ဒိယသမုဒ္ဒရာတွင် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါ အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ မေလ ၂၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းသုံးခု တက်ရောက်မည်ဟု ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောဆိုကြောင်း The Nation သတင်းတွင် ဖော်ပြသည်။

''ပုဒ်မ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည်အား ဦးတည်ရေးဆွဲထားခြင်း မဟုတ်ပါ'' အဆိုပါပုဒ်မ ငြိစွန်းမှုကြောင့် ဒုသမ္မတနေရာလျာ ထားခြင်းခံခဲ့ရသော ဦးမြင့်ဆွေကိုယ်တိုင်ပင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာသာရရှိခဲ့ဟု ဦးရဲထွဋ်ပြော

ပုဒ်မ၅၉(စ)သည် ဒေါ်အောင် ဆန်းစုကြည် သမ္မတမဖြစ်ရေးကို ဦး တည်ရေးဆွဲထားခြင်း မဟုတ်သော် လည်း အဆိုပါပုဒ်မ ငြိစွန်းမှုကြောင့် ဒုသမ္မတနေရာ လျာထားခံခဲ့ရသော ဦးမြင့်ဆွေကိုယ်တိုင်ပင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နေရာသာရရှိ ခဲ့ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန် ကြားရေးဝန်ကြီးဦးရဲထွဋ်က မေ ၁၈ ရက် နိုင်ငံရေးပါတီများနှင့် နိုင်ငံတော် သမ္မတတွေ့ဆုံပွဲ၌ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကြိုးစားခဲ့တဲ့သမိုင်းကို ရိုက်ဖြုတ်လိုက်တာနဲ့အတူတူပဲ

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ရန်အတွက် မန်္တလေးမှရန်ကုန်သို့ခရီးရှည်ချီတက်သပိတ်မှောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး ယခုအချိန်တွင် သာယာဝတီတရားရုံး၌ တရားရင်ဆိုင်နေရသည်။ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်နိုင်ရေးအတွက် ကျောင်းသားခေါင်းဆောင်တချို့၏အမြင်များကိုမေးမြန်းတင်ပြလိုက်ပါသည်။

ပြည်သူတွေအနေနဲ့ အောင်ဆန်း နဲ့ စုကြည် လို့ခွဲသိဖို့လိုမယ် အဲဒါကြောင့်သမ္မတလည်းမလုပ်ပါနဲ့ဗျာ

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးနီးလာသည်နှင့်အမျှ ပြည်တွင်းရှိနိုင်ငံအရေးအခြေအနေများ၊ နိုင်ငံရေးအင်အားစုများ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ပြည်တွင်းရှိအင်အားကြီးနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သော USDP နှင့်NLD ပါတီတို့၏ အားပြိုင်လှုပ်ရှားမှုများအပြင် မကြာသေးခင်ကမှပြုလုပ်သွားခဲ့သော ၆ပွင့်ဆိုင်ဆွေးနွေးမှု၏ရလဒ်မှ လာမည့်၂၀၁၅အထွေထွေရွေးကောက်ပွဲကြီးအား ထင်ဟပ်မှုရှိစေနိုင်မည့် ရလဒ်များ အပေါ် သဘောထားသုံးသပ်ချက်များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူနှင့် ပြည်တွင်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးလှဆွေအား တွေ့ဆုံဆွေးနွေးမေးမြန်းဖြစ်ခဲ့ပါသည်။

လှေစီးဒုက္ခသည် ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လက်ခံသင့်ကြောင်း ဦးဉာဏ်ဝင်းပြော

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထွက်ခွာလာသည်ဆိုသည့် ဘင်္ဂလားပင်လယ်တွင်းမှ လှေစီးဘင်္ဂါလီ ဒုက္ခသည်များကို အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။
အင်္ဂလန်အခြေစိုက် The Independent သတင်းဌာနနှင့် ဦးဉာဏ်ဝင်းတို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး “ဘင်္ဂလားပင်လယ်တွင်းမှာ မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ဗမာ့အတိုက်အခံပါတီ အစိုးရကို တောင်းဆို” ဟူသည့် ခေါင်းစဉ်ဖြင့် အဆိုပါ သတင်းဌာနက မေလ ၂၀ ရက်နေ့တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုပြီး ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်မည်

၂ဝ၁၅ ရွေးကောက်ပွဲကာလ မတိုင်မီ မဲဆွယ်စည်းရုံးမှုများတွင် ပြည်ခိုင်ဖြိုးပါတီမှ ဗိုလ်ချုပ်အောင်ဆန်း ပိုစတာများဖြင့် မဲဆွယ်မှုပြုလုပ်သွား မည်ဟု ပြည်ခိုင်ဖြိုးပါတီ တောင်ဥက္က လာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မေ ၁၈ရက် တွင် ရန်ကုန်တိုင်းမ်သို့ပြောသည်။
ဦးအောင်သိန်းလင်းက ''ကျွန် တော်တို့မှာ နိုင်ငံတော်အထိမ်းအမှတ် များ စီရင်ပြသခြင်းဆိုင်ရာ ဥပဒေရှိ တယ်။ ဗိုလ်ချုပ်က ကျွန်တော်တို့ရဲ့ အတုယူရမယ့် လေးစားရမယ့် အမျိုး သားခေါင်းဆောင်ကြီး ဖြစ်တဲ့အတွက် ပါ။ သို့သော်လဲပဲ ဗိုလ်ချုပ်အောင်ဆန်း ပုံတွေကို လမ်းဘေးမှာထောင်တား တာတွေက လုံးဝမသင့်လျော်တဲ့ လုပ် ရပ်တစ်ခုဖြစ်တယ်''ဟု ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုပြီး ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်မည်

၂ဝ၁၅ ရွေးကောက်ပွဲကာလ မတိုင်မီ မဲဆွယ်စည်းရုံးမှုများတွင် ပြည်ခိုင်ဖြိုးပါတီမှ ဗိုလ်ချုပ်အောင်ဆန်း ပိုစတာများဖြင့် မဲဆွယ်မှုပြုလုပ်သွား မည်ဟု ပြည်ခိုင်ဖြိုးပါတီ တောင်ဥက္က လာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မေ ၁၈ရက် တွင် ရန်ကုန်တိုင်းမ်သို့ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ ရွှေတူးဖော်လုပ်ကိုင်နေသူ ၁၄ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီး

ကချင်ပြည်နယ်၊ ချီဗွေမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းနှင့် ရွှေတူးဖော် လုပ်ကိုင်နေသူ ၁၄ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

ဘတ်ဂျက်ငွေချထားမှုနည်းပါးခြင်းကြောင့် ပျူခေတ်ရှေးဟောင်း အသုံးအဆောင် ပစ္စည်းများနှင့် လက်ဝတ်ရတနာများ တူးဖော်ထိန်းသိမ်းရာတွင် ဆုံးရှုံးမှုများဖြစ်ပေါ်နေဟုဆို

ပျူခေတ်ရှေး ဟောင်းအသုံးအဆောင်ပစ္စည်းများ နှင့်လက်ဝတ်ရတနာများကို တူးဖော် ထိန်းသိမ်းရာတွင် ဘတ်ဂျက်ငွေချထားမှုနည်းပါးခြင်းကြောင့် ဆုံးရှုံးမှု များဖြစ်ပေါ်နေကြောင်း သိရသည်။

ရေရှားပါးနေသည့် ကြို့ပင်ကောက်မြို့တွင် မေတ္တာရေစင်အဖွဲ့နှင့် အလှူရှင်များပူးပေါင်း၍ နေ့စဉ်ရေလှူဒါန်းနေ

ပဲခူးတိုင်း ဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အ တွင်းရှိ ဒေသခံပြည်သူများသည် သောက်သုံးရေရှားပါး၍ ဒုက္ခများ ကြုံတွေ့ လျက်ရှိရာ မေတ္တာရေစင် အဖွဲ့၊ အလှူရှင်များနှင့်မီးသတ်တပ် ဖွဲ့များပူးပေါင်း၍ မြို့ပေါ် ရပ်ကွက် များနှင့် ကျေးရွာအချို့တွင် ဧပြီလ ဆန်းမှစတင်ကာ နေ့စဉ်ရေလှူဒါန်း ပေးနေကြောင်း သိရသည်။

ပြည်မြို့မှာလည်း လိင်တူချစ်သူနေ့ ကျင်းပ

ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy
ပြည်မြို့က လိင်တူချစ်သူတွေကလည်း မေလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် မေလ ၂၀ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်တဲ့။

လှေစီးဒုက္ခသည် ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လက်ခံသင့်ကြောင်း ဦးဉာဏ်ဝင်းပြော

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထွက်ခွာလာသည်ဆိုသည့် ဘင်္ဂလားပင်လယ်တွင်းမှ လှေစီးဘင်္ဂါလီ ဒုက္ခသည်များကို အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။

ဘန်ကောက်တွင် ကျင်းပမည့် လှေပေါ်မှ ရွှေ့ပြောင်းအခြေချသူများ အရေးအစည်းအဝေး မြန်မာတက်ရောက်မည်

မွတ်စလင်နိုင်ငံများသို့ လှေများဖြင့် ထွက်ပြေးကြသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေစိုက်သူ များ ပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအတွက် ဘန်ကောက်တွင် ကျင်းပမည့် အစည်းအဝေးသို့ မြန်မာနိုင်ငံ က သဘောထားပြောင်းလဲ၍ တက်ရောက်ဖြစ်ဖွယ်ရှိကြောင်း အေပီသတင်းက မေ ၂၀ တွင်ပြောသည်။

ကျားသေကိုအသက်သွင်းတဲ့ ဖုန်ကြားရှင်ရဲ့ ဘ၀နေ၀င်ချိန်

ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်ခဲ့သမျှသော လက်နက်ကိုင်ဆန့်ကျင်မှုတွေဟာ လွတ်လပ်ရေးနဲ့ အတူ ပေါ် ပေါက် လာခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်ဆန့်ကျင်မှုတွေကို ဆန်းစစ် ကြည့်ပါက နိုင်ငံရေးအယူဝါဒကြောင့် သော်လည်းကောင်း၊ လူမျိုးရေးအမြင်အရသော် လည်းကောင်း ပေါ် ပေါက်ခဲ့ရတာဆိုတာ ထင်ရှားလှပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအရှေ့မြောက်ဒေသမှာ မြန်မာ့ တပ်မတော် နဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ကိုး ကန့်သောင်းကျန်းသူအဖွဲ့များလက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကတော့ နိုင်ငံရေးအယူဝါဒကြောင့်လည်း မဟုတ်၊ လူမျိုးရေးအမြင်ကြောင့်လည်းမဟုတ်ဘဲ မူး ယစ်ရာဇာ တစ်ယောက် ရဲ့ နယ်မြေလုရာမှ ပေါ် ပေါက်လာခဲ့တဲ့တိုက်ပွဲတွေပဲဖြစ်ပါတယ်။ ဖုန်ကြား ရှင်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်မှာ တည်ရှိနေတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဥပဒေပြု ရေး အာဏာ၊   အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေကို လက်နက်ကိုင်ဆူပူ သောင်းကျန်းမှု၊ အကြမ်းဖက်မှု များအပါအ၀င် အဓမ်္မ နည်းများဖြင့် ရယူလိုရန် ဆောင်ရွက်လာခြင်းသာဖြစ် ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါး စော်ကားခြင်းပဲဖြစ်ပါတယ်။ ဖုန်ကြားရှင်အကြောင်း ပြောရရင် ကိုးကန့် လူမျိုးသမိုင်းကြောင်းနဲ့ ကိုးကန့် ဒေသအခြေအနေကိုလည်း နားလည်ထားသင့်ပါ တယ်။

ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်သို့ခိုးထုတ်သည့် သစ်များမှာ စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မဘိမ်းဒေသများမှဖြစ်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့ သစ်ကိစ္စ အပါအ၀င် အခြားအကြောင်းများကြောင့် ပစ်ခတ်မှုများ ဖြစ်ပေါ်နေ

ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်သို့ ခိုးထုတ်သည့် သစ်များမှာ စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မဘိမ်းဒေသများမှဖြစ်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့ ကချင်ပြည်နယ်အတွင်း သစ်ကိစ္စ အပါအ၀င် အခြားအကြောင်းများကြောင့် ပစ်ခတ်မှုများ မေ ၁၈ ရက်အထိ ဖြစ်ပေါ်နေပြီး သစ်ခိုးထုတ်မှုများမှာလည်း နေရာပြောင်း ဖြစ်ပေါ်နေကြောင်း တပ်မတော်၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံ အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

ပန်ဆန်းညီလာခံရလဒ်နှင့်UWSA ၏ သရုပ်မှန်

“၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့ ၌ မေလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် စတုတ်္ထအကြိမ်မြောက်တိုင်းရင်းသား ညီလာခံပြီးဆုံးသွားခဲ့ပြီး ထုတ်ပြန်ကြေညာချက်တစ် ရပ်လည်းထွက်ပေါ်လာခဲ့ပါသည်။ ငြိမ်းချမ်းရေးကိစ္စ နှင့် ပတ်သက်၍ ညီလာခံအပေါ် မိမိတို့နိုင်ငံသူနိုင်ငံ သားတို့ကမျှော်လင့်ချက်ကြီးဖြစ်ခဲ့ကြသော်လည်း တကယ်အမှန်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၏ငြိမ်းချမ်းရေးအဖြေရှာမှုများသည် တိကျမှန် ကန်သောအဖြေမရရှိခဲ့ဘဲ “၀”အဖွဲ့၏ ကိုယ်ပိုင်ပြည် နယ်တောင်းဆိုရေးကသာအဓိကနေရာယူသွားခဲ့သည့် သဘောကိုမြင်တွေ့နေရပါသည်။

ရှမ်းတို့နှင့်ပေါင်းမရသဖြင့် "၀" ပြည်နယ်အဖြစ် မြန်မာနိုင်ငံကို ပြည်နယ် ၈ ခုနှင့် အခြေခံဥပဒေတွင် ထည့်သွင့်ပြဌာန်းရန် ၀ တိုင်းရင်းသားများ တောင်းဆို

မြန်မာနိုင်ငံတွင် ပြည်နယ် ၇ ခုရှိသည့်အနက် ၀ ပြည်နယ်အဖြစ် Constitution တွင် ထပ်တိုးပြဌာန်းရန် ရှမ်းများနှင့် ဘာသာစကားမတူသဖြင့် အတူတကွ ပူးတွဲနေထိုင်ရင် မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ၏ လက်ရှိ ပြည်နယ်တစ်ခုအဖြစ် ခွဲထွက်ခွင့်ပေးရန် တောင်းဆိုပါကြာင်း ၀ ကိုယ်စားသမ္မတတွေ့ဆုံပွဲတွင် လာရောက် သည့် 'ဝ' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဆိုင်ပေါင်းနပ် ကပြောသည်။

လက်နက်ကြီးကျည်ကျရောက်မှု စုံစမ်းပေးရန် မြန်မာအစိုးရကို တရုတ်တောင်းဆို

လက်နက်ကြီးကျည်ကျရောက်ပြီးနောက် တရုတ်နယ်စပ်တွင် လုံခြုံရေးနှင့် သူနာပြုလုပ်ငန်းများ ဆောင် ရွက်နေစဉ်
မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်များ ကျရောက်ပေါက်ကွဲမှုအတွက် တိတိ ကျကျ အဖြေထွက်ပေါ်စေရေး စုံစမ်းစစ်ဆေးပေးရန် တရုတ်အစိုးရက မေလ ၂၀ ရက်တွင် တောင်းဆို လိုက်သည်။

လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရေး တရုတ်ကူညီရန် တပ်ချုပ်ပြောကြား

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ လက်နက်ကိုင်လမ်း စဉ်စွန့်လွှတ်ရန် တရုတ်နိုင်ငံက အကူအညီ ပေးစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က မေလ ၁၉ ရက် တွင် တရုတ်နိုင်ငံခြားရေး ဒုတိယ ၀န်ကြီးကို တောင်းဆိုလိုက်သည်။

လေဖိအားနည်း ရပ်ဝန်းကြောင့် တိုင်းနှင့် ပြည်နယ်ငါးခုတွင် မိုးကြီးနိုင်

မြန်မာ့ပင်လယ်ရေပြင်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းကြားတွင် ဖြစ်ပေါ်နေသည့် လေဖိ အားနည်း ရပ်ဝန်းကြောင့် တိုင်းဒေသကြီး သုံးခုနှင့် ပြည်နယ်နှစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးကပြောသည်။

ပေးပေး၊မပေးပေး ဖြတ်တောက်ခံရမည့် ဖုန်းဘီလ်အခွန်ငွေ

မိုဘိုင်းဖုန်းသုံးစွဲနေသူများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် မီဒီယာများအား အကြောင်းကြားခဲ့သည်။ ထုံးစံအတိုင်း အော်ပရေတာသုံးခုပါဝင်မည်ဆိုသည်မှလွဲ၍ မည် သည့် သတင်းစာရှင်းလင်းပွဲဟူသည်ကို ကြိုတင်အသိမပေးခဲ့။ မေလ ၁၈ ရက် သတင်းစာရှင်းလင်းပွဲ ကျင်းပချိန်မှသာ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ ဖုန်းငွေဖြည့်သွင်းမှုမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ် တောက်မည်ဆိုသည်ကို သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ထိုင်းမှ တရားမဝင် သား၊ ငါးနှင့် ဥရောင်းချသူများကို အရေးယူ မည်ဟု မွန်ပြည်နယ်အစိုးရ ကြေညာ

ထိုင်းနိုင်ငံမှ ၀င်ရောက်လာသော ကုန်ပစ္စည်းတင်ကားများ (ဓာတ်ပုံ − မြန်မာနိုင်ငံလုံးဆိုင်ရာ မွေးမြူရေး အစုအဖွဲ့) 
ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော အသား၊ ငါး၊ ဘဲဥ၊ ကြက်ဥ ရောင်းချသူများကို တရားမဝင် ကုန်သွယ်မှု ဥပဒေဖြင့် အရေးယူမည်ဟု မွန်ပြည်နယ် အစိုးရက မေလဒုတိယပတ်တွင် ကြေညာထား ကြောင်း သတင်းရရှိသည်။

အခွန်ရှောင်နေသူများကို စောင့်ကြည့်စာရင်းပြုစုမည့် အခွန်အထောက်အကူ ပြုအဖွဲ့များ ဖွဲ့စည်းမည်

အခွန်ရှောင်နေသော ကုမ္ပဏီများ၊ ၀င်ငွေခွန်မဆောင်သူများ၊ ကုန်စုံဆိုင်များ၊ကုန်သွယ်  လုပ်ငန်းခွန် မဆောင်သူများနှင့် အိမ်ခြံမြေ ငှားရမ်းခရသူများ၊ ပွဲစားခ၀င်ငွေ ရသူများ၏ စာရင်း ပြုစုရန် မြို့နယ်များတွင် အခွန်အ ထောက်အကူပြုအဖွဲ့ စတင်ဖွဲ့ စည်းမည်ဖြစ်ကြောင်းသတင်းရရှိသည်။

တောင်ကြီး-မိုင်းရှူးသွားကားလမ်းပေါ်တွင် SPPP/SSA အဖွဲ့မှ ခရီးသွား ယာဉ်များအား ဆက်ကြေးကောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်၊ မိုင်းရဲကျေးရွာအုပ်စု၊ ဟိုက်ရှန်ကျေးရွာအနီးကားလမ်းပေါ်တွင် မေလ ၁၈ ရက်နေ့၌ SSPP/SSA အဖွဲ့မှ ဆက်ကြေးငွေကောက်ခံသွားကြောင်း ယင်းဒေသခံ ရွာသား များထံမှ သိရသည်။

သမ္မတ၏ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင် အစာအိမ်ရောဂါဖြင့် ကွယ်လွန်

ရဲမှူးကြီးအောင်ထွန်းထွန်းလွင်ကို မကွယ်လွန်မီတွေ့ရစဉ်
နိုင်ငံတော်သမ္မတ၏ အနီးကပ်လုံခြုံရေးကို တာဝန်ယူရသည့် အထူးရဲတပ်ဖွဲ့ရဲမှူးကြီးသည်အစာအိမ် ရောဂါ ဖြင့် မေလ၁၉ရက်က ကွယ်လွန်သွား၍ ၎င်းနေရာတွင် အခြားရဲမှူးကြီးတစ်ဦး အမြန်ဆုံးအစားထိုးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ချမှတ်ခဲ့သော ကန့်သတ်တားဆီးနေသည့် စည်းမျဉ်းများကြောင့် နောက်သို့ဆွဲထားသကဲ့သို့ ဖြစ်နေဟု ဆို

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ချမှတ်ခဲ့သည့် ကန့်သတ်တားဆီးနေသည့် စည်းမျဉ်းများကြောင့် နောက်သို့ဆွဲထားသကဲ့သို့ ဖြစ်နေကြောင်း UMFCCI ၏ တရားဝင် သုတေသန ကုမ္ပဏီ New Cross-roads Asia (NCRA) က ၄င်းတို့၏ ၂၀၁၅ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

ဘင်လာဒင် အိမ်က သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းများ

အသက်အသေခံ တိုက်ချင်သလား၊ Jihad လမ်းစဉ်ကို ဘယ်လို အကောင်အထည်ဖော်ချင်သလဲ၊ သူရဲကောင်း အဖြစ် သေဆုံးသွားရင် ဘယ်သူ့ကို ဆက်သွယ်ရမလဲ၊ မိသားစုနဲ့ မိတ်ဆွေတွေထဲမှာ အစိုးရ ၀န်ထမ်းရှိသလား၊ တကယ်လို့ရှိခဲ့ရင် သူတို့က ငါတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်နိုင်မလား - စတဲ့ မေးခွန်းတွေဟာ al-Qaida ဆီမှာ အလုပ်လျှောက်ရင် ဖြေဆိုရမယ့် မေးခွန်းတချို့ ဖြစ်ပါတယ်။