Thursday 28 February 2013

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံ လာမည်

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံ လာမည်
Thursday, February 28, 2013

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ ဒေါက်တာ 
Rajiv Shah သည် မြန်မာနိုင်ငံသို့ မတ်လ တွင် ရောက်ရှိမည် ဖြစ်ကြောင်း သတင်းရသည်။ 

၎င်းသည် မတ်လ ၈ ရက် ၉ ရက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် လာရောက်မည် ဖြစ်ကြောင်း၊ အမေရိကန်-မြန်မာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းးရေးနှင့် စီးပွားရေးတို့တွင်  ပူးပေါင်းဆောင်ရွက်မှု
များကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၅ ရက်  ၆ ရက်များတွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့သို့ ရောက်ရှိလာမည်
ဖြစ်ပြီး အစိုးရ အရာရှိ အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံမည် ဖြစ်ပြီး၊ အိန္ဒိယပရဟိတ ဖိုရမ်နှင့် အာရှလူ့အဖွဲ့အစည်း တို့တွင် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း ယင်း
အေဂျင်စီက ထတ်ပြန်ထားသည်။ အသက် ၃၉ နှစ်သာ ရှိသေးသည့် Shah သည် အိုဘားမား အစိုးရလက်ထက် အင်ဒီယန်း-အမေရိကန် တဦးအနေနဲ့ အမြင့်ဆုံး ရာထူးရရှိထားသူ ဖြစ်သည်။

ဧရာဝတီ
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ ဒေါက်တာ Rajiv Shah သည် မြန်မာနိုင်ငံသို့ မတ်လတွင် ရောက် ရှိမည် ဖြစ်ကြောင်း သတင်းရသည်။
၎င်းသည် မတ်လ ၈ ရက် ၉ ရက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ် လာရောက်မည် ဖြစ်ကြောင်း၊ အမေရိကန်-မြန်မာ ဒီမိုကရေစီရေး ၊ ငြိမ်းချမ်းးရေးနှင့် စီးပွားရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှတင်သွင်းသည့် ထုပ်ပိုးစားသောက်ကုန်အချို့ အိန္ဒိယပိတ်ပင်

မြန်မာနိုင်ငံမှတင်သွင်းသည့် ထုပ်ပိုးစားသောက်ကုန်အချို့ အိန္ဒိယပိတ်ပင်
Thursday, February 28, 2013

မြန်မာနိုင်ငံမှအိန္ဒိယနိုင်ငံသို့ တင်သွင်းသော ထုပ်ပိုးစားသောက်ကုန်ပစ္စည်း
များအနက်မှ အမှတ်တံဆိပ်မပါသော ကုန်ပစ္စည်းများ၊ တင်သွင်းခွင့်လိုင်စင်
မရှိသော ကုန်ပစ္စည်းများ၊ထုတ်လုပ်သူအမှတ်တံဆိပ်၊ ထုတ်လုပ်သည့် အမှတ်စဉ်နှင့် ရက်လွန် ရက်စွဲမပါဝင်သော ကုန်ပစ္စည်းများအား အိန္ဒိယနိုင်ငံမှ တင်သွင်းခွင့်ပိတ်ပင်လိုက်သည်။ 

 ဤအမိန့်ကြေငြာစာကို ရမ်မူဘက်၊အိန္ဒိယ ကျန်းမာရေးနှင့် မိသားစုလူမှု
ဖူလုံရေး အတွင်းရေးမှူး၊ စားသောက်ကုန်များအန္တရာယ်ကင်းရှင်းရေးဥက္ကဌမှ
 ဖေဖော်ဝါရီ (၂၇)ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

တင်သွင်းခွင့်အပိတ်ပင်ခံရသော ကုန်ပစ္စည်းများမှာ Mikko Nutritious Cereal ( High Calcium )-25kg,Mikko ( 3 in 1 instant coffee mix ),ကြော်လှော်
ထားသော ထုပ်ပိုးအစားအသောက်များ၊နို့ နှင့်နို့ထွက်စားသောက်ကုန်များ နှင့်
 ကြာရှည်ခံအောင်ပြုလုပ်ထားသော အသီးနှင့် ငါးများ ပါဝင်ကြောင်း အိန္ဒိယအွန်လိုင်း မီဒီယာ E- PAO.netမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ ထုပ်ပိုးစားသောက်ကုန်များကို ပိတ်ပင်ရခြင်းမှာ  အိန္ဒိယ စားသောက်
ကုန်အန္တရာယ်ကင်းရှင်းရေးဥပဒေ ၂၀၀၆ခုနှစ်မှ အမှတ် ၂၅ နှင့် ၂၆ ကို ၎င်း၊ အိန္ဒိယ စားသောက်ကုန်အန္တရာယ်ကင်းရှင်းရေးဥပဒေ ၂၀၁၁ခုနှစ်မှ အမှတ် ၂၂ ကို ၎င်းဖောက်ဖျက်ကျူးလွန်သောကြောင့်ဖြစ်သည်ဟု အမိန့်ကြေငြာ
စာတွင် ဖော်ပြထားသည်။ 

အိန္ဒိယ စားသောက်ကုန်အန္တရာယ်ကင်းရှင်းရေး ဥပဒေ၂၀၀၆ခုနှစ် အမှတ်စဉ် ၂၆တွင် ထုတ်လုပ်သူသည် မိမိ စားသောက်ကုန်၏ အန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်မှုကို တာဝန်ယူရမည်ဟု ဖော်ပြပါရှိသည်။

Myit Makha Mediagroup

မြန်မာနိုင်ငံမှအိန္ဒိယနိုင်ငံသု
ိ့ တင်သွင်းသော ထုပ်ပိုးစားသောက် ကုန်ပစ္စည်းများအနက်မှ အမှတ်တံဆိပ်မပါသော ကုန်ပစ္စည်းများ၊ တင်သွင်းခွင့်လိုင်စင်မရှိသော ကုန်ပစ္စည်းများ၊ထုတ်လုပ်သူအမှတ်တံဆိပ်၊ ထုတ်လုပ်သည့်အမှတ်စဉ်နှင့် ရက်လွန် ရက်စွဲမပါဝင်သော ကုန်ပစ္စည်းများအား အိန္ဒိယနိုင်ငံမှ တင်သွင်းခွင့်ပိတ်ပင်လိုက်သည်။

တိုက်ရိုက် ထုတ်လွှင့်မည်

Photo: တိုက်ရိုက် ထုတ်လွှင့်မည်
Thursday, February 28, 2013

နေပြည်တော် ဇမ္ဗူ သီရိမြို့ နယ်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း၌ ကျင်းပ ပြုလုပ်မည့် ပြည် ထောင်စု ဖလား အားကစား ပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားအား ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ရာ ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပုံများကို MWD ChannelE နှင့် MWD Variety တို့မှ တိုက်ရိုက် ထုတ်လွှင့် သွားမည် ဖြစ်သည်။


http://bit.ly/15k8zY3
မြ၀တီ  
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပ ပြု လုပ်မည့် ပြည် ထောင်စုဖလားအားကစား ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီတွင် ကျင်းပ ပြု လုပ်မည် ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကျင်းပပုံများကို MWD ChannelE နှင့် MWD Variety တို့မှ တိုက်ရိုက်ထုတ်လွှင့်သွား မည် ဖြစ်သည်။

မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် နှစ်ကုန်ပိုင်းတွင် ဆောက်မည်

Photo: မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်
 နှစ်ကုန်ပိုင်းတွင် ဆောက်မည်
Thursday, February 28, 2013

အိန္ဒိယအစိုးရ၏ အကူအညီဖြင့် မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ် တခုကို မန္တလေးမြို့တွင် ယခုနှစ်ကုန်ပိုင်း၌ စတင်ဆောက်လုပ်မည်ဟု ဝန်ကြီးဌာနမှတဆင့် သိရသည်။

“မန္တလေးမြို့မှာ တည်ဆောက်မယ့် မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ် တခုကို အိန္ဒိယအစိုးရအကူအညီနဲ့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် တည်ဆောက်နိုင်ဖို့ စီစဉ်နေပါပြီ” ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ အရာရှိကြီး တဦးက ပြောသည်။

ယင်းတက္ကသိုလ်အတွက် ဆရာများအပြင်၊ သင်ကြားမည့် ဘာသာရပ်များ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် ကျွမ်းကျင်
ပညာရှင်များ၊ အခြား အခြေခံ အဆောက်အအုံများကို အိန္ဒိယအစိုးရက ကူညီမည် ဖြစ်သည်။

“ဘွဲ့ကြိုနဲ့ ဘွဲ့လွန်ဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့ ရှိပါတယ်။ တက္ကသိုလ်ရဲ့ အဓိက လုပ်ငန်းတွေကို အကောင်အထည်ဖေါ်ဖို့ Research Centre for e-commerce and e-Governance ဆက်သွယ်ရေးဌာန၊ Soft Skills Centre for Network Management အပြင် အခြား ဌာနတွေပါ ဖွဲ့စည်းသွားမှာပါ” ဟု ရန်ကုန် နည်းပညာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခ တဦးက ပြောသည်။

အဆိုပါ တက္ကသိုလ်အတွက် လိုအပ်မည့် မြေနေရာနှင့် အဆောက်အဦကိုမူ
မြန်မာအစိုးရက တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ
အိန္ဒိယအစိုးရ၏ အကူအညီဖြင့် မြန်မာသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်တခုကို မန္တလေးမြို့တွင် ယခုနှစ်ကုန်ပိုင်း၌ စတင်ဆောက် လုပ်မည်ဟု ဝန်ကြီးဌာနမှတဆင့် သိရသည်။
“မန္တလေးမြို့မှာ တည်ဆောက်မယ့် မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ် တခုကို အိန္ဒိယအစိုးရအကူအညီနဲ့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် တည်ဆောက်နိုင်ဖို့ စီစဉ်နေပါပြီ” ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ အရာရှိကြီး တဦးက ပြောသည်။

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၃

သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါစီမံကိန်းများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အထက်ဘက် ၄ ဒသမ ၃ မိုင်ခန့် အကွာတွင် အထက်သံလွင် (ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်စီမံကိန်း၊ တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် နောင်ဖ ၁၀၀၀ မဂ္ဂါဝပ် စီမံကိန်း၊ မိုင်းမောမြို့နယ် မန်တောင်ကျေးရွာ အနီးတွင် မန်တောင် ၂၀၀ မဂ္ဂါဝပ်စီမံကိန်း၊ ရှမ်းပြည်နယ်တောင် ပိုင်းမိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားတွင် အထက်သံလွင် (မိုင်းတုံ) ၇၁၁၀ မဂ္ဂါဝပ်စီမံကိန်း၊ ကယားပြည်နယ် ဘော်လခဲမြို့ ရွာသစ်ကျေးရွာအနီးတွင် ရွာသစ် ၄၀၀၀ မဂ္ဂါဝပ်စီမံကိန်းနှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏အောက်ဘက် ၂၉ မိုင်အကွာတွင် ဟတ်ကြီး ၁၃၆၀ မဂ္ဂါဝပ်စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း ခြောက်ခုစလုံးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီ ၅ ခုနှင့် တိုင်းရင်းသားကုမ္ပဏီများဖြစ်သော Goldwater Resoures Ltd.၊ International Group of Entrepreneurs Co., Ltd.(IGOEC)၊ Shwe Taung Hydropower Co.,Ltd တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး အထက်သံလွင် (မိုင်းတုံ)နှင့် ဟတ်ကြီးစီမံကိန်းတို့တွင် တရုတ်ကုမ္ပဏီများအပြင် ထိုင်းနိုင်ငံမှ EGAT International (EGATi) မှလည်း ပါဝင်မည်ဖြစ်သည်။

အထက်သံလွင် (ကွမ်းလုံ) နှင့် ဟတ်ကြီးစီမံကိန်းတို့သည် MOU/MOA ရေးထိုးထားပြီး EIA/SIA Report များ ဆောင်ရွက်ထားကြောင်း၊ ကျန်စီမံကိန်းများမှာ MOU ရေးထိုးထားကာ စီမံကိန်းဆိုင်ရာ EIA/SIA လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် JVA အဆင့်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများ အနည်းဆုံးဖြစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ စီမံကိန်းအပေါ် ဒေသခံပြည်သူတို့၏ သဘောဆန္ဒများ ရယူ၍ နားလည်လက်ခံမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ သဘောဆန္ဒနှင့်အညီ ပြောင်းရွှေ့နေရာချထားခြင်း စသည့်အချက်များအား ဆောင်ရွက်ရန် သဘောထားမှတ်ချက် ပြုထားသည်။

သံလွင်မြစ်မှာ ကမ္ဘာ့အရှည်ဆုံး မြစ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုရှုခင်းအဖြစ် သတ်မှတ်ထားသည့် ရေကာတာမရှိသေးသော မြစ်တစ်စင်းလည်း ဖြစ်သည်။

 http://www.news-eleven.com/
သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဒုတိယ ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ် ခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ရေဘားလို အသုံးပြု ရမည့် USB TAP

ရေဘားလို အသုံးပြု ရမည့် USB TAP

i Tap လို့ခေါ် ပါတယ်။ မီးခုလုတ် ထဲ ထိုးလို့ အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုးသုံး ဘယ်ပစ္စည်း မျိုးကိုမဆို အားသွင်းလို့ရ မှာ ဖြစ်ပါတယ်။

ရေခလုပ်အတိုင်းပဲ လှည့်ဖွင့်ရမှာပါ။ လျှပ်စစ်မီး စီးဆင်းနေရင် အပြာရောင် အဖြစ် ပြသထားပြီး ပိတ်ထားရင် အနီရောင်လေး ဖြစ်နေ ပါမယ်။ ရေခလုပ်တွေ လိုပဲ အဖွင့်အပိတ် လုပ်ပြီး အားသွင်း ရမယ် ဆိုတော့ ပစ္စည်းအဆန်းလေးပါပဲ။ ရေစီးတဲ့ ပိုက်တွေလိုတော့ အနည်းအများ မပြောင်း ပါဘူး။ သူ့မှာ Adapter ပါရှိပြီး ကိုယ်က ဘယ်လောက်ပဲ လှည့်လှည့် လျှပ်စစ် ဓာတ်စီးဆင်းမှု ပမာဏ ကတော့ မပြောင်းလဲပါဘူး။ သက်သက် အမြင်ဆန်းအောင်လေး လုပ်ထား တာပါ။

ကာလတန်ဖိုးအားဖြင့် ၂၅ ဒေါ်လာ တန်ဖိုးရှိတဲ့ Gadget လေး ဖြစ်ပါတယ်။

Ref: enGadget
Aung Kham (TSJ team)
From : Techspace

http://bit.ly/YyTNqq

i Tap လို့ခေါ် ပါတယ်။ မီးခုလုတ်ထဲ ထိုးလို့အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုးသုံးဘယ်ပစ္စည်း မျိုးကို မဆိုအားသွင်းလို့ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

27 February 2013

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ 

Earth Observation Satellite လို့ခေါ်တဲ့ ကမ္ဘာမြေပြင် လေ့လာရေးဂြိုလ်တု လွှတ်တင်ပြီးရင် အရင်လို အခြားနိုင်ငံ ဂြိုလ်တုတွေကနေ တဆင့်ခံ သုံးစရာမလိုတော့ဘဲ သတင်း အချက် အလက်တွေကို အဲ့ဒီဂြိုလ်တု က တိုက်ရိုက်ယူပြီး အသုံးချနိုင်မှာဖြစ် ပါ တယ်။

ဒီဂြိုလ်တုကိုမြန်မာနိုင်ငံက အားလုံးပိုင်မှာ မဟုတ်ပေမယ့် မြန် မာနိုင်ငံ အတွက် ပထမဆုံးတိုက်ရိုက် သုံးနိုင်တဲ့ ဂြိုလ်တု ဖြစ်ပါတယ်။

 မြန်မာနိုင်ငံက လိုအပ်ချက်တွေကို ထောက်လှမ်းဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဂြိုလ်တုထဲမှာ ထည့်ပြီးမှ လွှတ်တင် မှာဖြစ်လို့  ဒီဂြိုလ်တုကနေ မိုးလေ၀သ အပြင် အခြားသတင်းအချက် အလတ်တွေပါ ရနိုင်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနဲ ဇလဗေဒ ဌာနဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ရှင်းပြပါတယ်။

အခုဂျပန်ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ပြီး လေ့လာ မှုတွေ ဆောင် ရွက်ပြီး ပါပြီ။ မြန်မာနိုင်ငံက ၀န်ထမ်းတွေကို ဒီဂြိုလ်တု အသုံးပြုပုံနှင့် ပတ်သက်ပြီး ဂျပန်ကိုခေါ်ပြီး သတင်းပို့ချပေးဖို့ ရှိပါတယ်။ 

ဒီဂြိုလ်တု အသုံးပြုကို ခုလာမယ့် ဘဏ္ဏာနှစ်သစ် အတွင်း လွှတ်တင်မှာ ဖြစ် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနမှ သတင်းရရှိပါသည်။

Posted From Royal Hero Media

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့ လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို
Thursday, February 28, 2013

ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက်
ပြောဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ယာယီဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့်  ဗိုလ်မှူးအဆင့် ရှိသူ တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦး ကို သေဒဏ်အပြစ် ပေးရန် ဆုံးဖြတ်ထားကြောင်း လိုင်ဇာမှ လာသည့် သတင်းများအရ သိရသည်။

ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ် စစ်ဆင်ရေးအစည်းအဝေး၌ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း  KIA အရာရှိ တစ်ဦးမှ
ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား
သေဒဏ် မကြာခဏ ပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလည်း လိုင်ဇာဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသည့် ရ၀မ်လူမျိုး(၂)ဦးအား အစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင် ရန် အခြားတပ်ဖွဲ့ဝင်များကို စည်းရုံးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။

KIA  တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များ ပေးနေခြင်းနှင့်
ပတ်သက်၍ ကချင် တိုင်းရင်း သား လူမျိုးစု ခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်း သိရှိရသည်။

KIA တပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သော လဂျားယန်ဒေသ
စစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊  လိုင်ဇာမြို့အား ထိန်းချုပ်ထားနိုင်သော အရေးကြီးတောင်ကုန်းများမှာ အစိုးရစစ်တပ်
လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့်ရိက္ခာ
ဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းကာ အစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့်ဖြစ်စဉ် အများအပြား
ရှိလာကြောင်းကိုလည်း သိရသည်။

နော်ဒင်-လိုင်ဇာ
Myit Makha Mediagroup
ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက်  ပြော ဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များ အကြား သေဒဏ်ပေး မှုကို ယာယီ ဆိုင်းငံ့ထားကြောင်း သတင်းရရှိ သည်။

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာ သူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။

ရက်ပေါင်း ၅၀၀ ကျော် ကြာမြင့်မည့် ယင်းသမိုင်းဝင် ခရီးစဉ်အား ၂၀၁၈ ခုနှစ် ဂျန်နဝါရီလ ၅ ရက်နေ့တွင် စတင်ရန် စီစဉ်ထားပြီး အသက် ၇၂ နှစ် ရှိနေပြီဖြစ်သည့် သူကြွယ်ကြီးသည် လူသားများ အင်္ဂါဂြိုဟ်သို့ သွားရောက်ရန် နာဆာမှ စီစဉ်ထားသည့် ၂၀၃၀ အထိ အသက်ရှည်ပြီး ကိုယ်တိုင်မြင်တွေ့ခွင့် မရရှိမည်ကို စိုးရိမ်သဖြင့် ယင်း၏ ကုမ္ပဏီ Inspiration Mars က ဤခရီးစဉ်အား စီစဉ်နေခြင်းဖြစ်သည်။ 

ယခုခရီးစဉ်သည် “return fly-by” ခေါ် အနီးကပ် ပျံသန်းမှုသာ ပါဝင်ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မည် မဟုတ်ပေ။ ထို့အပြင် ခရီးစဉ်တွင် လိုက်ပါမည့် ဇနီးမောင်နှံသည် ရက်ပေါင်း ၅၀၀ ခန့်အား ၁၄ ပေ x ၁၂ ပေ သာ ကျယ်ဝန်းသည့် Dragon အာကသယာဉ်ထဲ၌ အတူအကွ အချိန်ဖြုန်းရမည် ဖြစ်သည်။ ယင်းတို့ ၂ ဦးအတွက် အစာရေစာနှင့် ရိက္ခာ ၁ တန်ကျော် သယ်ဆောင်သွားမည်ဖြစ်သည်။

Mr. Tito က “ဇနီးမောင်နှံ စုံတွဲကို စေလွှတ်ဖို့ ရည်ရွယ်ရတာကတော့ ဒီလိုရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ အာကာသ ခရီးစဉ်မှာ တစ်ဦးနဲ့တစ်ဦး စိတ်ပိုင်း၊ လူပိုင်း အထောက်အပံ့ ပေးနိုင်မှာမို့လို့ပါ။ လင်မယားဆိုတဲ့ အဓိပ္ပါယ်ကို အပြည့်အဝ နားလည်နိုင်မှာပေါ့ဗျာ။” ဟု ဆိုခဲ့သည်။ 

ယခုခရီးစဉ်အတွက် ကုန်ကျစရိန်မှာ ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ ရှိနိုင်ပြီး ရန်ပုံငွေအား တီဗီလိုင်စင် အခကြေးငွေများနှင့် နာဆာသို့ အချက်အလက် ရောင်းချခြင်းတို့မှ တစ်စိတ်တစ်ပိုင်း ရှာဖွေမည်ဖြစ်ပြီး ကျန်ကုန်ကျစရိတ်အား Mr. Tito က ကျခံမည်ဖြစ်သည်။ 
---
Illustration: Inspiration Mars. All Rights Reserved.

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာသူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။