Wednesday 25 November 2015

စာသင်ကျောင်းနှင့် ကျေးရွာလမ်း အဆင့်မြှင့်ရန် ဂျပန်အစိုးရက ကန်ဒေါ်လာ လေးသိန်းကျော် ကူညီမည်

တိုင်းဒေသကြီးသုံးခုတွင် စာသင်ကျောင်းများဆောက်လုပ်ရေးနှင့် ကျေးရွာလမ်းမြှင့်တင် ရေးစီမံကိန်းသုံးခု အတွက် ဂျပန်နိုင်ငံက မြန်မာအစိုးရအား အမေရိကန်ဒေါ်လာ လေးသိန်းကျော် ထောက်ပံ့ကူညီမည် ဖြစ် ကြောင်း ဂျပန်သံရုံးက သတင်းထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင်   စာသင်ကျောင်းနှစ်ဆောင်၊ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် တွင် စာသင်ကျောင်းတစ်ဆောင်တို့ ဆောက် လုပ်ရန်နှင့် ဧရာဝတီတိုင်းဒေသ ကြီးကျောင်းကုန်းမြို့နယ် ရွာသာ ကုန်းကျေးရွာလမ်း အဆင့်မြှင့်တင်ရန် အမေရိကန်ဒေါ်လာ လေးသိန်းကျော် ထောက်ပံ့ ကူညီမည် ဖြစ်သည်။

ကျေးရွာလမ်းအဆင့်မြှင့် တင်ရန် အမေရိကန်ဒေါ်လာတစ် သိန်းကျော်၊ ပခုက္ကူမြို့နယ်တွင် စာသင် ကျောင်းဆောင်နှစ်ဆောင် ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ နှစ်သိန်းခန့်နှင့် ဒိုက်ဦးမြို့ နယ်တွင် တည်ဆောက်မည့် စာသင်ကျောင်းအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော် သုံးစွဲမည်ဟု သတင်းရရှိ သည်။

တိုင်းဒေသကြီးသုံးခု၌ အဆိုပါ  စီမံကိန်းများအကောင်ထည် ဖော်ရန် နိုဝင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး၌ သက်ဆိုင်ရာတိုင်းဒေသကြီးသုံးခုမှ စီမံကိန်းအကောင်ထည်ဖော် ရေးကော်မတီဥက္ကဋ္ဌ တို့နှင့် ဂျပန် အမတ်ကြီးတို့ သဘောတူ လက် မှတ်ရေးထိုးခဲ့သည်။

ဂျပန်အစိုးရက သဘာဝဘေးအန္တရာယ်ခံစားရသောပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စာသင်ကျောင်း များ ပြုပြင်ရေးနှင့် ပြန်လည်တည်ဆောက်ရန် ယခုလအတွင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ သန်း ထောက်ပံ့ကူညီခဲ့သည်။

7Day Daily 

No comments:

Post a Comment