Wednesday 25 November 2015

မိုင်းရှူးတွင် ဗုံးပေါက်ကွဲ နှစ်ဦးဒဏ်ရာရ

မိုင်းရှူးမြို့နယ် ခိုစုံကျေးရွာတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး  အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ခိုစုံကျေးရွာလယ်ကွင်းတစ် ခုအနီးတွင် နိုဝင်ဘာ ၂၄ ရက် နံ နက် ၈  နာရီခန့်က ဗုံးပေါက်ကွဲခဲ့ ခြင်းဖြစ်ပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုလည်း ဒေသတွင်းလုံခြုံရေးယူထားသည့် မြန်မာ့တပ်မတော် ခြေလျင် တပ်ရင်း (၁၄၉)က လာရောက်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း မိုင်းရှူးမြို့ဒေသခံ ကိုစိုင်းက ပြောသည်။

‘‘ဒီနေ့ပေါက်ကွဲတဲ့ ဗုံးကြောင့် လူငယ်နှစ်ယောက် ဒဏ်ရာရသွားတယ်။ ဆေးရုံမှာ ကနဦးကုပြီးတာနဲ့ တပ်မတော်ဆေးရုံကိုပြောင်းကုနေတယ်။ ဒဏ်ရာက ပြင်းပုံရတယ်’’ဟု ကိုစိုင်းက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်ကလည်း မိုင်းရှူးမြို့ ရပ်ကွက် (၄)တွင် ဗုံး တစ်လုံးပေါက်ကွဲကာ မပေါက်ကွဲ သေးသည့် အခြားဗုံးတစ်လုံးကို ဖောက်ခွဲဖျက်ဆီးခဲ့ရသည်။ ယခုရက်ပိုင်း မိုင်းရှူးမြို့အနီး ၀န်းကျင်တွင် တည်ငြိမ်နေ သော်လည်း ဗုံးပေါက်ကွဲမှုထပ်မံဖြစ်လာမည်ကို ဒေသခံများစိုးရိမ်ထိတ်လန့်နေကြသည်ဟု စစ်ဘေးသင့် ပြည်သူ များအား ကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။

မိုင်းရှူးမြို့နယ်အပါအ၀င် ရှမ်းပြည်နယ် တောင်ပိုင်း၌ ဖြစ် ပွားနေသည့် တိုက်ပွဲများ ရပ်တန့် နိုင်ရေးနှင့် စစ်ရှောင်ဒုက္ခသည် များအရေးကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း(SSPP/ SSA) တို့ ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေးနေသည်။

7Day Daily 

No comments:

Post a Comment