Friday 15 June 2012

အပေါစားခေါင်းဆောင်မှုကိုသာ ပေးတတ်သော ဦးတင်ဦး



ဇွန်လအစောပိုင်းကစပြီး ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကုလားတွေနဲ့ ရခိုင်လူမျိုးတွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတဲက မြိုသိပ်ထားခဲ့ရတဲ့ အငြိုးအတေးတွေ ပေါက်ကွဲပြီး အဓိကရုဏ်းတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ အစိုးရအနေနဲ့လည်း ဒီအရေးအခင်းမှာ  အခြေအနေ၊ အချိန်အခါနှင့်တပြေးညီ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး လိုအပ်သလို ဆောင်ရွက်နေတာပါ။ အဲဒါကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ  ပြည်သူ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်က -
`` အခုလို လူထုတွေ ညမအိပ်၊ နေ့မအိပ်နိုင်တဲ့ အခြေအနေမျိုးတွေဟာ အစိုးရမှာပဲ အများကြီးတာဝန်ရှိကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေမှာလည်း အများကြီးတာဝန်ရှိကြောင်း၊ နောက်ဆိုရင် နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်နယ်ကိုလည်း ရခိုင်ပြည်သူပြည်သားတွေလက်ထဲ အပ်သင့်ကြောင်း၊ ရှမ်းပြည်နယ်ကိုလည်း ရှမ်းတိုင်းရင်းသားတွေလက်ထဲ အပ်သင့်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်တွေမှာလည်း လုံခြုံရေးကို တိုင်းရင်းသားတွေလက်ထဲအပ်ဖို့လိုကြောင်း၊ မိမိရပ်ကွက်ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာဖွဲ့ဖို့လိုကြောင်း၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်အောင် လုံခြုံရေးစီမံကိန်းတွေကို ခွင့်ပြုဖို့ အစိုးရမှာတာဝန်ရှိကြောင်းနဲ့ အစိုးရကိုလည်း တောင်းဆိုသွားမှာဖြစ်ကြောင်း ``  မီဒီယာတွေကို ပြောကြားခဲ့တယ်လို့သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ တစ်ချိန်တုန်းက ကာချုပ်ဟောင်းလည်း ဖြစ်တဲ့ ဦးတင်ဦး ကလည်း `` ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ကိစ္စရပ်များတွင် နယ်စပ်ဒေသ လုံခြုံရေးအတွက် ပြည်ထောင်စုဥပဒေနှင့်အညီ ရခိုင်လူမျိုးများ ကိုယ်တိုင်ပါဝင်စီမံခန့်ခွဲနိုင်သော ပြည်ထောင်စု ရခိုင်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်များ အမှန်ပင်လိုအပ်လျက်ရှိတယ်လို့ `` ပြောဆိုခဲ့ပါတယ်။ ဒါဟာ ကာချုပ်ဟောင်းတစ်ဦးအနေဖြင့် တိုင်းရင်းသားမျိုးနွယ် တစ်ခုချင်းဆီအတွက် အမျိုးသားလုံခြုံရေးတပ်ဖွဲ့တွေ လိုအပ်တယ်ဆိုတဲ့ အမြင်ရှိတာကတော့ တော်တော်လေးကို အံ့သြစရာကောင်းလောက်အောင် ကျဉ်းမြောင်းယုတ်ညံ့တဲ့ အမြင်ပဲဖြစ်ပါတယ်။ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ လောက်တောင် အမျိုးသားရေးအမြင်မရှိတဲ့သူဖြစ်တယ်။ ရိုးရိုးသာမန်ပြည်သူ တစ်ယောက်ဆိုရင်တောင် ဒီလိုပြောမှာ မဟုတ်ပါဘူး၊ အစိုးရအနေဖြင့် နိုင်ငံရဲ့နယ်စပ်တလျှောက် လုံခြုံရေးအတွက် နစက(နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်)ဆိုပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ လုံခြုံရေး အဖွဲ့အစည်းပေါင်းစုံနဲ့ ဖွဲ့စည်းကာ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများအားလုံး လုံခြုံမှုရှိအောင် ဆောင်ရွက်လျှက်ရှိပါတယ်။
ရခိုင်ပြည်နယ်ဟာ တိုင်းရင်းသားလူမျိုးပေါင်း(၁၀၀)ကျော် စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်နိမိတ်ထဲက ပြည်နယ်တစ်ခုဖြစ်တာကြောင့် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့အရေးအခင်းဟာ ရခိုင်လူမျိုးတစ်ခုတည်းရဲ့ အရေးကိစ္စမဟုတ်ပါဘူး၊ မြန်မာတိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့ အရေးကိစ္စဆိုတာ သာမန်မြန်မာပြည်သားတစ်ယောက်တောင် နားလည်ပါတယ်။
ဒီလိုပဲ ရှမ်း၊ ကရင်၊ ကချင်၊ ချင်း  စတဲ့ပြည်နယ်တွေပါဝင်တဲ့ နိုင်ငံတော်ရဲ့နယ်နိမိတ်တွေမှာ ပြဿနာဖြစ်ရင် သက်ဆိုင်ရာပြည်နယ်တိုင်းရင်းသားတစ်ခုတည်းရဲ့ အရေးကိစ္စမဟုတ်ဘဲ မြန်မာ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ တာဝန်ဖြစ်ပြီး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့သက်ဆိုင်တယ်ဆိုတာ နိုင်ငံရေးပါတီတစ်ခုရဲ့ နာယကလည်းဖြစ်၊ ကာချုပ်ဟောင်းလည်းဖြစ်ခဲ့ဘူးတဲ့ ဦးတင်ဦး ဘာလို့မသိရတာလဲ၊ တိုင်းရင်းသား လူမျိုးများစွာ ချစ်ကြည်ရင်းနှီးစွာစုပေါင်းနေထိုင်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ပြိုကွဲစေချင်နေပြီလားလို့ မေးလိုက်ချင်ပါတယ်။