Monday 13 February 2012

ဗုဒ္ဓဘာသာ သာသနာတော်ကို ညှိုးနွမ်းစေတဲ့ ဦးဂမ္ဘီရအတွက် စကားလက်ဆောင်(ပေးစာ-၅)


ရန်ကုန် ဖေဖော်ဝါရီ ၁၂ ရက်
ဖေဖော်ဝါရီလ ၁၂ရက်နေ့က အင်တာနက်သတင်းတစ်ပုဒ်မှာ ဦးဂမ္ဘီရကနေပြီး ဆရာတော်ဘုရားကြီးတွေထံ
လျောက်ထားတဲ့ စာတစ်ဆောင်ကိုဖတ်လိုက်ရတယ်။ အသိခေါက်ခက် အ၀င်နက်တဲ့ ဂမ္ဘီရတစ်ယောက်
ဒီဘုရားသာသနာတော်မှာဖြင့် အကျွတ်တရားမရနိုင်ပြန်တာကိုလည်း တွေးမိပြီး ရင်လေးမိပါတယ်။ မြန်မာပြည်ဟာ
ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်တာနဲ့အညီ သာသနာတော်ကို ကာကွယ်စောင့် ရှောက်မယ့် သာသနာ့အာဇာနည်
သံဃာတော်တွေလည်း အမြောက်အမြားပေါ်ထွက်ခဲ့ပါတယ်။ တချို့ သာသနာတော် ထွန်းကားပြန့်ပွားဖို့အတွက်
နယ်စပ်ဒေသတောင်တန်းပါမကျန် စွမ်းစွမ်းတမံ ဆောင်ရွက် နေချိန်မှာ သာသနာတော်အတွက် အကျိုးမပြု၊ ၀ိနည်း၊
သိက္ခာပုဒ်တွေကိုအလေးမထားဘဲ ပြုမူဆောင်ရွက် နေတဲ့ ဂမ္ဘီရတို့လို လူတွေကြောင့် သာသနာတော်ညှိုးနွမ်း
စေပါတယ်။ ဘာသာရေး အသုံးချပြီး နိုင်ငံရေးကို လူအထင်ကြီးခံရအောင် လုပ်ဆောင်တဲ့ ဂမ္ဘီရလို ဘုန်းကြီးတွေကို
သာသနာတော်က လက်မခံသင့်တော့ပါဘူး။
   ဦးဂမ္ဘီရ

      

မသိလို့လား၊ သိလို့လား(ပေးစာ-၄)



ဖခင်ဖြစ်သူက မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ ဗမာ့လွတ်မြောက်ရေး တပ်မတော်ကိုဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် တပ်မတော်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်းဖြစ်တဲ့အတွက် တကယ်တော့ ဒေါ်စုကြည်ဟာ တပ်မတော်သားသမီးစစ်စစ်ဖြစ်ပါတယ်။
သို့သော်လည်း တပ်မတော်ကို ဖွဲ့စည်းခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး၏သမီးက တပ်မတော် ပြိုကွဲရေးကို
လိုလားနေတာဟာ ဘယ်ရဲ့ဘယ်လိုပရောဂါကြောင့်ပါလည်းဆိုတော့ ဒေါ်စုကြည်အနေနဲ့ သေသေချာချာမှ
စဉ်းစားမိရဲ့လား။
တပ်မတော်မရှိတဲ့နိုင်ငံဆိုတာ ကမ္ဘာမှာရှိရဲ့လား။ အမေရိကန်တပ်မတော်ကြီး အင်အားရှိနေလို့
နိုင်ငံငယ်လေးတွေကိုသာမက နိုင်ငံတကာမှာပါ ဗိုလ်ကျစိုးမိုးချယ်လှယ်နေတာတွေကို မသိလို့လား။ ဒါကြောင့်
မြန်မာနိုင်ငံရဲ့ တပ်မတော်ကိုရော အင်အားရှိအောင် လုပ်ဆောင်ဖို့မလိုဘူးလား။ တပ်မတော် အင်အားရှိမှ
တိုင်းပြညအင်အားရှိမယ်ဆိုတဲ့ ဗိုလ်ချုပ်ကိုယ်တိုင်ပြောခဲ့တဲ့စကားဟာ အလကားပြောခဲ့တာ မဟုတ်ဘူး။အဲ့ဒီအဓိပာယ်ကို သေချာမသိဘဲနဲ့ တပ်မတော်ကို ပြိုကွဲစေချင်တဲ့သူဟာ တိုင်းပြည်နှင့်လူမျိုးကို တကယ်ချစ်တယ်ဆိုတာဟုတ်ပါ့မလား။
ကိုယ့်တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ်ဆိုရင် ဒေါ်စုကြည်ဆိုတဲ့မျိုးချစ်တဲ့သူမက ဘာကြောင့်
နိုင်ငံခြားသား လူမျိုးခြားကိုယူသလဲ၊ အဲ့ဒီအချိန်မှာ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေအများကြီးပါဘဲ။
မြန်မာနိုင်ငံသားနှင့်ယူလို့ရတာဘဲ။ တိုင်းတစ်ပါးရဲ့ ထောက်ပ့မှုံနဲ့ ကြီးပြင်းလာခဲ့ရလို့ တိုင်းတစ်ပါးသားကို
ယူခဲ့ရတာလား။ ဒါမှမဟုတ် သေသေချာချာ အကွက်ချပြီး စီစဉ်တာခံခဲ့ရလို့လား။ ဘာပဲဖြစ်ဖြစ် အမျိုးဖျက်
တာတော့ခံရတာပါဘဲ။
သီပေါမင်းဆက်ကို ကုလားသွေးနဲ့ဖျက်ဆီးခံခဲ့ရပေမယ့် အဲဒီအချိန်ကာလဟာ သူ့ကျွန်ဘဝ
ကျရောက်နေတဲ့အတွက် ဘာမှမတတ်နိုင်ဘဲ ယနေ့ထိ နာကြည်းမဆုံးရှိနေဆဲဖြစ်ပါတယ်။ လွတ်လပ်ရေး
ရရှိပြီးတော့လည်း မြန်မာနိုင်ငံလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ဟာ အင်္ဂလိပ်သွေး
နှောဖြစ်ခဲ့ပြန်တယ်။ သမီးမွေးတော့ မြေးအစစ်ချီရတယ်တဲ့။ အခု မြေးအစစ်တော့ရပါတယ်၊ မျိုးမစစ်ဘူး ဖြစ်နေတယ်။
ယနေ့ ဒီမိုကရေစီခေါင်းဆောင်အနေဖြင့် ပြည်သူလူထုကို မျိုးချစ်စိတ်ဓါတ်နှင့် ကိုယ်ကျင့် တရားအကြောင်း သူမဘယ်လိုပြောမလဲ။
ဗုဒမြတ်စွယ်တော်ကို မြန်မာနိုင်ငံမှာပင့်ဆောင်ပြီး အပူဇော်ခံခဲ့တာ နိုင်ငံတစ်ဝှမ်းလုံးမှ ဗုဒ္ဓ
ဘာသာဝင်များအနေဖြင့် ဖူးမျှော်ကြည်ညိုကြတာ နှစ်ထောင်းအားရ ပီတိဖြစ်ရပေမယ့် ဒေါ်စုကြည်
လာရောက်ဖူးမျှော်တာကို မတွေ့ရတော့လည်း လေးလေးနက်နက်မစဉ်းစားမိခဲ့ပါဘူး။ ဒါပေမယ့် ပုပ်ရဟန်း
မင်းကြီးလာတော့ လက်အုပ်လေးချီပြီး သွားတွေ့တယ်။ လက်ကလေးဆုပ် ဒူးကလေးထောက်ပြီး
ဆုတောင်းပွဲတောင်ဝင်နွှဲလိုက်တာကို တွေ့လိုက်မိပါတယ်။ အဘွားဒေါ်ခင်ကြည်က ခရစ်ယာန်ဘာသာဝင် ဖြစ်နေလို့များဗုဒ္ဓမြတ်စွယ်တော်ကို သွားမဖူးဘဲ ပုပ်ရဟန်းမင်းကြီးကိုပဲ သွားတွေ့တာလားဆိုတာ စဉ်းစားရင်း ဖြစ်မှဖြစ်ရလေလို့ဘဲဖြေသိမ့်မိတယ်။

ဝမ်းသာ၊ ၀မ်းနည်းမိသည် ဒေါ်စုကြည်(ပေးစာ-၃)


ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်ဆီသို့ ကူးပြောင်းလျက်ရှိရာ အဖက်ဖက်မှ ပွင့်လင်း မြင်သာသော
ဖြစ်ပေါ်တိုးတက်မှုများကို တွေ့မြင်နေရသည်။ ဒီမိုကရေစီမိခင်ကြီး ဒေါ်စုကြည်၏ လျှောက်လှမ်းနေသော
ဒီမိုကရေစီခြေလှမ်းများသည်လည်း အတော်အတန် ခရီးပေါက်နေသည်ကို တွေ့ရသည်။ ဒီမိုကရေစီခေါင်းဆောင်
တစ်ဦးအား ပြည်သူလူထုမှ ကြိုဆိုနေပုံများသည် သောင်းသောင်းဖျဖျ မြင်တွေ့ရသည်မှာ ၀မ်းသာအားရရှိလှပါသည်။
ဘုန်းကြီး၊ ကျောင်းသားနှင့် အနုပညာသည်များပါမကျန် ၀န်းရံနေတာကိုလည်း တွေ့ရှိရပါသည်။ ဖခင်ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည်လည်း ကိုလိုနီစနစ်ကိုတွန်းလှန်၍ ဖက်ဆစ်တို့အား
တိုက်ထုတ်ကာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ကြိုးပမ်းခဲ့သည်။ ဗိုလ်ချုပ်၏ သမီးကလည်း ယနေ့ ဒီမိုကရေစီကို
ကြွေးကြော်နေသည့်အတွက် ဒါမှ ဒို့ဗိုလ်ချုပ်သွေးကွလို့ လက်ခမောင်းခတ်လိုက်ချင်သည်။ သို့သော်လည်း
ဘယ်လိုဒီမိုကရေစီမျိုးလဲ၊ တကယ်တော့ ဘယ်လိုဒီမိုကရေစီပဲကျင့်သုံးကျင်သုံ့း တိုင်းပြည်ဥမကွဲသိုက်မပျက်
နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားတွေ အေးချမ်းပျော်ရွှင်နေဖို့တော့လိုပါသည်။ ထပ်လောင်းပြီးတော့ မချင့်မရဲဖြစ်မိ
သည်ကတော့ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ်သွေးအစစ်ဖြင့် ဒီမိုကရေစီမြန်မာနိုင်ငံတော်၌ ပခုံးပြောင်း တာဝန်ယူမည့်သူ
မရှိတော့သဖြင့် ၀မ်းနည်းမိသည်။ ယူကြုံးမရဖြစ်မိသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီစနစ်ကတော့
ခေတ်ရေစီးကြောင်းအတိုင်း ဆက်လက်ရှင်သန်သွားမည်ဖြစ်သဖြင့် ၀မ်းသာရပါသည်။
                                                                                                                             အညတရ အရှင်ဝိမလ

ABSDF ကျောင်းသားတပ်ဖွဲ့ဝင်များသို့ (ပေးစာ-၂)


ယခုရက်ပိုင်း၌ ABSDF ကျောင်းသားတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတစ်ချို့ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာမည်ဆိုသော သတင်းအား အင်တာနက်မှတစ်ဆင့် ဖတ်ရှုခဲ့ရတယ်။
ABSDF ကျောင်းသားတပ်မှာ အတွင်းရေးမှူးတာဝန်ယူခဲ့တဲ့ အောင်သူငြိမ်းနှင့် အဖွဲ့ဝင်အောင်နိုင်ဦး၊ ဇော်မင်းဦးတို့ ဖေဖော်ဝါရီလ ပထမပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ကြမယ်လို့ သိရတယ်။
ဒါကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေက နိုင်ငံတော်အနေနဲ့ အရေးယူခြင်းပြု/မပြု တိကျစွာ ထုတ်ပြန်ကြေညာဖို့ ပြည်ပသို့ရောက်ရှိနေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူအားလုံး လွတ်လပ်စွာ ပြည်တွင်း သို့ဝင်ရောက်နေထိုင်ခွင့်ရရှိဖို့ နိုင်ငံတော်သမ္မတထံ ဖေဖော်ဝါရီလ ရက်နေ့မှာ တင်ပြတောင်းဆို ပေးကြဦး မယ်တဲ့။
သူတို့တွေခွင့်ပြုပေမယ့် ABSDF ကျောင်းသားတပ်ကအဖွဲ့တွေကို မောင်နာကျင်အနေနဲ့ ပြည်ဝင်ခွင့် မပေးနိုင်ပါဘူးလို့ ရဲရဲသာပြောလိုက်ချင်ပါတယ်။
ဒီကောင်တွေ ပြည်ပမှာ ဒေါ်လာစားပြီး ဖော်လန်ဖားလုပ်နေတဲ့ ကောင်တွေလေ။ ၀လို့ ဖီးလို့၊ သန့်လို့၊ ပြန့်လို့ အဆီတ၀င်းဝင်းမျာနှာတွေနဲ့ ဘာတွေများလုပ်ကွက်ရှာကြဦးမယ်မသိဘူး။
ဒင်းတို့ကတော့ ကြော့ကြော့မော့မော့နဲ့ အိမ်ကိုပြန်လာဖို့လုပ်နေကြသေးတယ်။
ကျွန်တော်တို့မှာတော့ လေးဖက်ထောက်ပြီးတော့ အိမ်ပေါ်ပြန်မတက်ရတာ ကံကောင်းတာဘဲဗျို့။ ဒါတင်ပဲလားဆိုတော့ သူတို့ရဲ့ လုပ်ရပ်တွေကို ကျွန်တော်ပြောပြချင်သေးတယ်။ သည်းခံပြီးနားထောင်၍ ၀ိုင်းစဉ်းစားပေးကြပါဦး။
ဒီကောင်တွေထွက်သွားတုန်းကလဲ လက်နက်ကိုင်ပြီး ဒီမိုကရေစီကို ရအောင်တိုက်ယူမယ်လို့ ကြုံးဝါးသွား ကြတယ်လေ။
အတွေးအမြင် သဘောထားမတူညီလို့ ဒီမိုကရေစီဆိုတာ လက်နက်ကိုင်ပြီး တိုက်ယူစရာမလိုဘူး၊ လူထုဆန္ဒနှင့်အညီ တောင်းယူဘို့၊ ကျွန်တော်တို့က ပြည်တွင်းမှာ ကျန်ခဲ့တာကို သတ္တိနည်းတယ်၊ သွေးကြောင်တယ်ဆိုပြီး အပြောခံခဲ့ရတာမှတ်မိသေးတယ်။
အမေကျော်ဒွေးတော်လွမ်းပြီး ပြည်ပရောက်တော့ ဘာတစ်ခုများကောင်းတာလုပ်ပြီး ပံ့ပိုးပေးခဲ့ဘူးလို့လဲ။
ဒီကောင်တွေဖော်ကောင်လုပ်လို့ ပြည်တွင်းကအဖွဲ့တွေ ဖမ်းဆီးစစ်ဆေးခံရပြီး ဒုက္ခရောက်တဲ့သူတွေလည်း အများကြီးပါပဲ။
ပြည်ပထွက်လို့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်မယ်ဆိုပြီး ဖော်ခွဲဖျက်ဆီးရေးသင်တန်းတွေတက် ကိုယ့်နိုင်ငံက ပြည်သူတွေ မျက်ရည်ပေါက်ကြီးငယ်ကျပြီး ဒုက္ခရောက်စေတဲ့ ဖော်ခွဲဖျက်ဆီးမှုတွေလုပ် ဒါကို အဟုတ်ထင်နေကြတယ်လေ။
ပြည်သူလူထုတွေသွားလာလှုပ်ရှားနေတဲ့ ပန်းခြံ၊ဈေး၊မီးရထားဘူတာရုံ၊ ခရီးသည်တင်အဝေးပြေးကားဂိတ် တွေနဲ့ မီးရထားလမ်းတွေကို ဗုံးဖောက်ခွဲခဲ့လို့ ပြည်သူတွေသောက်သောက်လဲ သေခဲ့ကြတာကိုရော မိဘပြည်သူများ မှတ်မီကြသေးရဲ့လား။
နောက်ဆုံးမှာ လူမဆန်လိုက်ပုံများကတော့ မြန်မာတွေအထူးအမြတ်ထားတဲ့ တန်ခူးလရဲ့သင်္ကြန်ပွဲမှာ ရိုးရာဓလေ့နဲ့ ပြည်သူတွေပျော်ရွှင်စွာ ရေပက်ကစားနေတာကို ဖောက်ခွဲဖျက်ဆီးမှုနဲ့ အကျည်းတန် အောင်လုပ်ခဲ့တာ မင်းတို့ရဲ့ စနက်တွေကင်းသလားလို့ မေးလိုက်ချင်တယ်။
မင်းတို့ကြောင့် သားသေ/မယားသေပြီး မိတကွဲ/ဖတကွဲနဲ့ ပြည်သူတွေ သေကွဲကွဲမှ မင်းတို့တွေက ထမင်းဝပြီး ခါးလှတာမဟုတ်ဘူး။
နောက်ဆုံးဘယ်လောက်အထိလဲဆိုရင် လုပ်စရာမရှိလို့ ဈေးအိမ်သာကို ဗုံးဖောက်ခွဲပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတာကတော့ ရွံစရာကောင်းလိုက်တာ။
ယခုနိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူများတွေလွတ်လာမှ မင်းတို့ကအမျှရချင်နေကြ သေးတယ်။
ငါတို့တွေက ပြည်သူတွေနဲ့ ဆန္ဒရဲ့ တကယ်ရခဲ့တာကွ၊ ဒါတောင်မှ ထိုက်သင့်တဲ့ရင်းနှီးမှုကို ပေးဆပ်ခဲ့ရ သေးတယ်။
မင်းတို့ကျောင်းသားတပ်ကကောင်တွေက ပြည်သူလူထုကို ဒုက္ခပင်လယ်ဝေအောင် နည်းအမျိုးမျိုးနဲ့ ဒုက္ခ ပေးခဲ့တဲ့အတွက် ဥပဒေရဲ့အဆုံးအမကို တ၀ကြီးခံစားရမှ ပြည်သူတွေက ကျေနပ်နိုင်မယ်လို့ ငါထင်တယ်။
မင်းတို့လုပ်ခဲ့တာတွေကို ပြည်သူလူထုကလဲ သိပါတယ်။
သက်သေပြစရာမကုန်အောင် အထောက်အထားတွေလည်း အများကြီးရှိတယ်။
ဥပဒေအရ အချိန်မရွေးတရားစွဲဆိုနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
ဖြစ်ရပ်မှန်ကို ဖုံးကွယ်လို့မရတဲ့ ဒီမိုကရေစီခေတ်မှာ မင်းတို့ရဲ့ လုပ်ရပ်တွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပြီးပေးဆပ်ရဦးမှာပါ။
မင်းတို့ကို ပြည်ဝင်ခွင့်ပြုရင် မြွေပွေးခါးပိုက် ပိုက်တာထက်ပိုဆိုးလိမ့်မယ်ဆိုတာ ပြည်သူတွေက သိနေကြ ပါတယ်။
မင်းတို့ရဲ့ အကြမ်းဖက်တဲ့လုပ်ရပ်တွေက သက်သေပြခဲ့တာပဲလေ။
မင်းတို့မို့လို့ မရှက်မကြောက်နဲ့ မြန်မာပြည်ကို ပြန်လာဖို့ လုပ်ရဲတယ်။
ဘယ်သူတွေဘာပြောပြော မယုံမရှိနဲ့သူငယ်ချင်း၊ မင်းတို့ကို ငါကိုယ်တိုင် ဓါးထမ်းပြီး လေဆိပ်က ကြိုနေမယ်။
၈၈ မျိုးဆက်အဖွဲ့ဝင် မောင်နာကျင်