Sunday 5 October 2014

ဟောင်ကောင် ဆန္ဒပြပွဲကို စီးပွားရေးတကသ ထောက်ခံ

Photo: ဟောင်ကောင် ဆန္ဒပြပွဲကို စီးပွားရေးတကသ ထောက်ခံ
Sunday, October 5, 201

တရုတ်ပြည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး နယ်မြေမှာ ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။

ဒီနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ ကိုမင်းသူကျော်က ဟောင်ကောင်ကျောင်းသားတွေရဲ့ ဒီမိုကရေစီအရေး ဆန္ဒပြပွဲကို သူတို့အပြည့်အ၀ ထောက်ခံတယ်လို့ RFA ကို ပြောပါတယ်။

" နိုင်ငံအတွက် သူတို့ဘာကိုမှ ဂရုမထားပဲနဲ့ ဆောင်ရွက်နေကြတာကို အင်မတန်လေးစားပါတယ်၊ အင်မတန်ကို ဂုဏ်ယူပါတယ်ပေါ့နော်၊ အားကြီးမားသူ နိုင်ရာစထုံးစံဆိုတဲ့အတိုင်းပဲ အစိုးရက ဖြိုခွင်းလိုက်မယ်လို့ပဲ ကျွန်တော်တို့ထင်မိတယ်၊ အဲ့အတွက်လည်း ကျွန်တော်တို့ တကယ်ကိုစိတ်မကောင်းဘူး၊ သူတို့ ရှုံးကောင်းရှုံးသွားလိမ့်မယ် ဒါပေမယ့် စိတ်ပိုင်းဆိုင်ရမှာတော့ မရှုံးဘူးဘယ်တောမှ၊ ဒီမျိုးဆက်မှာ ရှုံးသွားရင်တောင် နောက်မျိုးဆက်တွေမှာ နိုင်ပွဲဆင်မှာပဲ၊ ကျွန်တော်တို့လည်း သူတို့လိုပဲ တိုက်ပွဲဝင်နေရတဲ့ သူတွေမို့လို့ ကျွန်တော်တို့ သူတို့ခံစားချက်ကို ကောင်းကောင်းနားလည်တယ်၊ အဲ့အတွက် သူတို့လုပ်သမျှ ဒီမိုကရေစီအတွက် သူတို့ထမ်းဆောင်သမျှ အားလုံးကို ကျွန်တော်တို့ နောက်ကနေ ထောက်ခံအားပေးပြုနေမယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကလည်း ဟောင်ကောင်ကျောင်းသားတွေဘက်က မိမိတို့ ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။

" ဟောင်ကောင်မှာ ဆန္ဒပြနေတဲ့ ကျွန်တော်တို့နဲ့ ဘဝတူ ကျောင်းသားခေါင်းဆောင်တွေ ကျောင်းသားရဲဘော်တွေကို ပြောချင်တာက ဒီမိုကရေစီဟာ သေချာပေါက် အောင်ပွဲရမယ့် လမ်းစဉ်ဖြစ်တယ်၊ ဒါကို မလျှော့သောဇွဲနဲ့ ခိုင်ခိုင်မာမာ လုပ်ကြဖို့ နောက်ကိုယ့်ရဲ့ အကြမ်းမဖက်ဆန္ဒပြမှု ဆန္ဒဖော်ထုတ်မှုကို ပုံစံမပျက်အောင် ထိန်းသိမ်းပြီးတော့ ဇွဲရှိရှိနဲ့ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်"

နောက်ဆုံးရသတင်းတွေအရ ဒီညသန်းခေါင်ယံ မတိုင်ခင် ဖယ်ရှားပေးဖို့ အစိုးရက ရာဇသံ ပေးထားတဲ့အတွက် ဆန္ဒပြကျောင်းသားတွေ ထောင်ပေါင်းများစွာဟာ ဟောင်ကောင်အမှုဆောင် အရာရှိချုပ် ရုံးခန်းရှေ့က ဆန္ဒပြစခန်းကို ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး တခြား အဖွဲ့တွေ ရှိကြတဲ့ ပင်မဆန္ဒပြစခန်းကို နေရာပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

RFA Burmese
တရုတ်ပြည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး နယ်မြေမှာ ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။

တောင်ကြီးမြို့၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်တွင် ပေါက်ကွဲမှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာ ည ၁၀ နာရီ ၂၂ မိနစ်အချိန်တွင် စဝ်စံထွန်းရပ်ကွက်၊ မြို့ပတ်ကား မှတ်တိုင်၌ ပေါက်ကွဲမှု စတင္ထ်ဖြစ်ပွားခဲ့ရာ အရှည် ၂၀ ပေခန့်ရှိ ကားမှတ်တိုင်(သစ်သား) ထိုင်ခုံ ၁၀ ပေခန့်ပျက်စီး၍ အမြင့် ၁၅ ပေ ခန့်ရှိ ကားမှတ်တိုင်(သွပ်မိုး) ပွင့်ထွက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။ ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး တောင်ဘက်ခြမ်းရှေ့တွင် ဒုတိယ မြောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ နေရာအနီး ၂၂၅၀ အချိန်ခန့်တွင် ထပ်မံပေါက်ကွဲ မှုဖြစ်ပွား သဖြင့် ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် တာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ဦး ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံမှ လူသတ်မှု အမှုမှန် စစ်ဆေးဖို့ လက်မှတ်ထိုး တောင်းဆိုနိုင်

Photo: ထိုင်းနိုင်ငံမှ လူသတ်မှု အမှုမှန် စစ်ဆေးဖို့ လက်မှတ်ထိုး တောင်းဆိုနိုင်
Sunday, October 5, 2014

ထိုင်းနိုင်ငံက ရဲများဟာ အမှုအတွက် သေချာ မဖြေရှင်းပဲ မြန်မာ နှစ်ဦးကို စွပ်စွဲ၍ မတရား ၀န်ခံစေခြင်း ဖြစ်ကြောင်း ယုံကြည်ရ ပါတယ်။ အကြောင်း ကတော့ ထိုင်းနိုင်ငံက ရဲများ လာဘ်စားတာကို တစ်ကမ္ဘာလုံး သိရှိနေကြလို့ ဖြစ်ပါတယ်။ လက်မှတ်ထိုးမှုကို ဦးဆောင်သူ နဲ့ အခြား သတင်းမီဒီယာများက ခန့်မှန်းထားချက် ကတော့ ယင်းလူသတ်မှုကို မာဖီးယား ဂိုဏ်းသားတို့ ကျူးလွန်ခဲ့ပြီး မြန်မာ လူမျိုး ရွှေ့ပြောင်းလုပ်သားများကို ထိုးကျွေး ၀န်ခံစေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားလုံး အွန်လိုင်းပေါ်မှာ ရေထိုးတဲ့ အသနားခံစာ လက်မှတ်ကို ထိုင်းနိုင်ငံအခြေဆိုက် ဗြိတိန်သံရုံးက သံတမန် Mark Kent ဆီ ပို့ပေးမှာ ဖြစ်ပါတယ်။ 

http://www.change.org/p/the-government-of-the-united-kingdom-independently-investigate-the-horrific-murders-of-hannah-witheridge-and-david-miller?utm_campaign=new_signature&utm_medium=email&utm_source=signature_receipt#share
ယင်းဖော်ပြပါ Link ထဲကို ၀င်ပြီးတော့ လက်ရှိ ဗြိတိန်နိုင်ငံသား နှစ်ဦးအား လူသတ်မှုနဲ့ ပက်သက်ပြီးတော့ အစွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ကယ်နိုင်ပါတယ်။ ကယ်မယ့် နည်းလမ်းက chang.org က ဖော်ပြပါ link ထဲကနေ လက်မှတ်ရေးထိုးပေးဖို့ ပါပဲ။ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီ ကျော် ချိန်မှာ လက်မှတ်ပေါင်း ၁၅၀၀၀ ကျော် ရရှိသွားပါပြီ။ link ထဲ ၀င်ပြီး Username, email, city ထည့်ပေးရုံပါပဲ။
ဒီတော့ မတရားအစွပ်စွဲခံထားရတဲ့ မြန်မာ နှစ်ဦးကို ကယ်ဆယ်ဖို့ အတွက် link ထဲမှာ ၀င်ရောက် sign ထိုးနိုင်အောင် သတင်းပေးလိုက် ရပါတယ်။

အောင်ခမ်း (ရိုးရာလေး)
ထိုင်းနိုင်ငံက ရဲများဟာ အမှုအတွက် သေချာ မဖြေရှင်းပဲ မြန်မာ နှစ်ဦးကို စွပ်စွဲ၍ မတရား ၀န်ခံစေခြင်း ဖြစ်ကြောင်း ယုံကြည်ရ ပါတယ်။ အကြောင်း ကတော့ ထိုင်းနိုင်ငံက ရဲများ လာဘ်စားတာကို တစ်ကမ္ဘာလုံး သိရှိနေကြလို့ ဖြစ်ပါတယ်။ လက်မှတ်ထိုးမှုကို ဦးဆောင်သူ နဲ့ အခြား သတင်းမီဒီယာများက ခန့်မှန်းထား ချက် ကတော့ ယင်းလူသတ်မှုကို မာဖီးယား ဂိုဏ်းသားတို့ ကျူးလွန်ခဲ့ပြီး မြန်မာ လူမျိုး ရွှေ့ပြောင်းလုပ်သား များကို ထိုးကျွေး ၀န်ခံစေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားလုံး အွန်လိုင်းပေါ်မှာ ရေထိုးတဲ့ အသနားခံစာ လက်မှတ်ကို ထိုင်းနိုင်ငံအခြေဆိုက် ဗြိတိန်သံရုံးက သံတမန် Mark Kent ဆီ ပို့ပေးမှာ ဖြစ်ပါတယ်။ 

အီတီဟတ်လေကြောင်းလိုင်းနှင့် မန်စီးတီးတို့ စပွန်ဆာစာချုပ်သစ် ချုပ်ဆိုမည်

Photo: အီတီဟတ်လေကြောင်းလိုင်းနှင့် မန်စီးတီးတို့ စပွန်ဆာစာချုပ်သစ် ချုပ်ဆိုမည်
Sunday, October 5, 2014

မန်စီးတီးအသင်းသည် အီတီဟတ် လေကြောင်းလိုင်းဖြင့် စပွန်ဆာစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးလျက်ရှိသည်။ မန်စီးတီးအသင်းသည် ၎င်းတို့၏ ပေါင်သန်း ၁၅၀ တန် လေ့ကျင့်ရေးစင်တာသစ်တွင်လည်း စပွန်ဆာကြော်ငြာသစ်များ ကြော်ငြာရန် ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိသည်။

ယင်းစာချုပ်သစ်များကြောင့် မန်စီးတီးအသင်းသည် ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းများအရ ယူအီးအက်ဖ်အေ၏ စုံစမ်းစစ်ဆေးမှုများကို သေချာပေါက် ခံရဦးမည်ဖြစ် သည်။ မန်စီးတီးအသင်းသည် ယခင်ကလည်း အီတီဟတ်လေကြောင်းလိုင်းဖြင့် ပေါင်သန်း ၄၀၀ တန်ဖိုးရှိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော် မန်စီးတီးအ သင်း၏ ၀င်ငွေ၊ ထွက်ငွေမှာ မျှတမှုမရှိခဲ့ဘဲ အရှုံးပေါ်ကာ ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းနှင့် ငြိစွန်းခဲ့သောကြောင့် ပြီးခဲ့သည့် ရာသီကအရေးယူ ခံခဲ့ရသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် သုံးနှစ်က အီတီဟတ်လေကြောင်းလိုင်းဖြင့် ၁၀ နှစ်စာအတွက် ပေါင်သန်း ၄၀၀ တန်ကြေးရှိ စပွန်ဆာစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း သည်။ ထိုစာချုပ်မှာ မန်စီးတီးအိမ်ကွင်းနာမည်၊ အင်္ကျီစပွန်ဆာနှင့် လေ့ကျင့်ရေးကွင်းစပွန်ဆာများ ပါဝင်သည်။ထိုစာချုပ်ကို ပြိုင်ဖက်အသင်းများနှင့်ဥရောပ၏   ငွေကြေးဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့တို့က ၀ိုင်းဝန်း ဝေဖန်ခဲ့ကြသည်။ သို့သော် မန်စီးတီးအသင်းသည် အီတီဟတ်နှင့် နောက်ငါးနှစ် စာချုပ်သက် တမ်းတိုးရန် ပြင်ဆင်လျက်ရှိသည်။ တစ်နှစ်လျှင် ပေါင်သန်း ၅၀ ရရှိမည် ဖြစ်သည်။

ထို့အပြင် မန်စီးတီးအသင်းသည် လေ့ကျင့်ရေးစင်တာသစ်စပွန်ဆာအတွက် ကုမ္ပဏီသုံးခုဖြင့် ဆွေးနွေးလျက်ရှိသည်။ ထိုကုမ္ပဏီများ၏အမည်များ ကို လေ့ကျင့်   ရေးစင်တာကြီးတစ်ခုလုံးတွင် ကြော်ငြာပေးသွားမည်ဖြစ်သည်။ လူငယ်ပြိုင်ပွဲများနှင့် အရန်အသင်းပြိုင်ပွဲများကျင်းပသည့် ပရိသတ်၇,၀၀၀ဆံ့ကွင်းတွင်လည်း   ကြော်ငြာပေးမည်ဖြစ်သည်။ ထို့အတွက် တစ်နှစ်လျှင် ပေါင် ၂၅ သန်းပေးချေရမည်ဖြစ်ပြီး ငါးနှစ်စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။

ရည်ညွှန်း မယ်ရာ
Mizzima - News in Burmese
မန်စီးတီးအသင်းသည် အီတီဟတ် လေကြောင်းလိုင်းဖြင့် စပွန်ဆာစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးလျက် ရှိသည်။ မန်စီးတီးအသင်းသည် ၎င်းတို့၏ ပေါင်သန်း ၁၅၀ တန် လေ့ကျင့်ရေးစင်တာသစ်တွင်လည်း စပွန်ဆာကြော်ငြာသစ်များ ကြော်ငြာရန် ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိသည်။

Samsung Galaxy Note 4 အောက်တိုဘာလ ကုန်ပိုင်းတွင် ပြည်တွင်းဈေးကွက်ရောက်မည်

Samsung ၏ နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်သည့် Galaxy Note 4 ကို အောက်တိုဘာလ ကုန်ပိုင်းတွင် ပြည်တွင်းဈေးကွက်အတွင်းစတင်ဖြန့် ချိမိတ်ဆက်သွားမည်ဟု အောက်တိုဘာလ ၄ ရက်က သတင်းထုတ် ပြန်သည်။

Gone Girl ဇာတ်ကားမှာ အ၀တ်ဗလာ သရုပ်ဆောင်ထားတဲ့ ဘန်အက်ဖလက်

Photo: Gone Girl ဇာတ်ကားမှာ အ၀တ်ဗလာ သရုပ်ဆောင်ထားတဲ့ ဘန်အက်ဖလက်
Sunday, October 5, 2014

ဟောလိဝုဒ်သရုပ် ဆောင်မင်းသား ဘန်အက်ဖလက် က Gone Girl အမည်ရ လျှို့ဝှက် သည်းဖိုဇာတ်ကားတွင် အ၀တ် ဗလာကျင်းဖြင့် သရုပ်ဆောင်ခဲ့ သည်ဟု MTV ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ပြောကြားလိုက် သည်။

‘‘ဒီဇာတ်ကားတွဲမှာ အဖော် အချွတ်အခန်းပါလိမ့်မယ်လို့ ဒါ ရိုက်တာ ဒေးဗစ်ကအစကတည်း က ပြောထားတယ်။ ခဏလေးပဲပါ တာပါ။ အဲဒါကို 3D ရုပ်ရှင်ရုံမှာ သွားကြည့်ရင် ၁၅ ဒေါ်လာ လောက် ပေးရမှာပါ။ 3D ရုံမှာ ကြည့်တာ ပိုကောင်းတယ်။ အ ရမ်းမိုက်တယ်နော်’’ ဟု အော်စ ကာဆုရမင်းသား ဘန်အက်ဖ လက်က အင်တာဗျူးတွင် ရယ် သွမ်းပြောကြားသည်။

Gone Girl ဇာတ်ကားတွင် ဘန်အက်ဖလက်သည် လူသတ် သမားအဖြစ် ချောက်တွန်းခံရ သော ဘားဆိုင်ပိုင်ရှင် နစ်ဒွန်နီ အဖြစ် သရုပ်ဆောင်ထားသည်။

နစ်၏ ဇနီး အမ်မီအဖြစ် ရိုဆာမန်းပိတ်က သရုပ်ဆောင် ထားသည်။

Gone Girl ဇာတ်ကားကို အောက်တိုဘာ ၃ ရက်တွင် အမေ ရိကန်နိုင်ငံ၌ စတင်ရုံတင်ပြသ ကြောင်းနှင့် ယင်းဇာတ်ကားသည် ရုပ်ရှင်ဝေဖန်ရေးသမားများထံမှ အပြုသဘောဆောင်သော သုံး သပ်ချက်များ ရရှိခဲ့ကြောင်း သိရ သည်။   

7Day DAILY
ဟောလိဝုဒ်သရုပ် ဆောင်မင်းသား ဘန်အက်ဖလက် က Gone Girl အမည်ရ လျှို့ဝှက် သည်းဖိုဇာတ်ကား တွင် အ၀တ် ဗလာကျင်းဖြင့် သရုပ်ဆောင်ခဲ့ သည်ဟု MTV ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ပြောကြား လိုက်သည်။

သန္ဓေတားဖို့ ဆိုပြီး သားအိမ်ထဲထည့်တဲ့ အာလူး အပင်ပေါက်လာလို့ ကုသမှုခံယူရ

Photo: သန္ဓေတားဖို့ ဆိုပြီး သားအိမ်ထဲထည့်တဲ့ အာလူး အပင်ပေါက်လာလို့ ကုသမှုခံယူရ
Sunday, October 5, 2014 

ကိုလံဘီယာမှာ မိန်းကလေးတစ်ဦး ဗိုက်အောင့်လို့ ဆေးခန်းလာပြတာကို သူနာပြုက စစ်ဆေးကြည့်တော့ သားအိမ်ထဲမှာ အာလူးပင် ပေါက်နေတာတွေ့ရလို့ တော်တော်လေး အလန့်တကြား ဖြစ်သွားတယ်လို့ ဆိုပါတယ်။ 

အသက် ၂၂ နှစ်အရွယ် အဆိုပါ မိန်းကလေးကို မေးကြည့်တော့ “ကျွန်မအမေက ကိုယ်ဝန်မရချင်ရင် အာလူးထည့်ထားမယ်လို့ ပြောလို့ပါ” လို့ဖြေသတဲ့။ 

ကံကောင်းသွားတာက လူကို မခွဲမစိတ်ဘဲ အာလူးကို အောင်အောင်မြင်မြင်နဲ့ အပြင် ထုတ်နိုင်လိုက်တာ ပါပဲ။ ဒါပေမဲ့ ဒီဒဏ်ကြောင့် နောက်ပိုင်းမှာ မိန်းကလေးရဲ့ ကျန်းမာရေး ထိခိုက်လာနိုင်မလား စောင့်ကြည့်ရအုံးမယ်လို့ ကျန်းမာရေးဝန်ထမ်း တွေက ဆိုပါတယ်။

The Voice Weekly 

Photo: redbubble.com
ကိုလံဘီယာမှာ မိန်းကလေးတစ်ဦး ဗိုက်အောင့်လို့ ဆေးခန်းလာပြတာကို သူနာပြုက စစ်ဆေးကြည့်တော့ သားအိမ်ထဲမှာ အာလူးပင် ပေါက်နေတာတွေ့ရလို့ တော်တော်လေး အလန့်တကြား ဖြစ်သွားတယ်လို့ ဆိုပါတယ်။ 

မိတ္ထီလာတွင် နိုင်ငံသားပညာရေး (Civic Education) အခမဲ့သင်တန်း ဖွင့်မည်

နိုင်ငံရေးပညာရပ်များကို နိုင်ငံသားတိုင်း သိစေရန်အတွက် မိတ္ထီလာမြို့တွင် အောက်တိုဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ နိုင်ငံသားပညာရေး (Civic Education) အခမဲ့သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ သင်တန်းကို စီစဉ်သည့် ငြိမ်းဖောင်ဒေးရှင်းမှ သင်တန်းဆရာ ဦးအောင်မျိုးထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော စစ်တုရင်ဂရင်းမာစတာ ကွယ်လွန်

Photo: မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော စစ်တုရင်ဂရင်းမာစတာ ကွယ်လွန်
Sunday, October 5, 2014

ကမ္ဘာ့စစ်တုရင် ချန်ပီယံဟောင်း အနာတိုလီကားပေါ့ကို သရေကစားနိုင်ခဲ့ သည့် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ဂရင်းမာစတာ ဦးဇော်ဝင်း (ခ) ဇော်ဝင်းလေးသည်  အောက်တို ဘာ ၃ ရက်တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့ သည်။

အသက် (၅၂) နှစ်အရွယ်ရှိ  မြန်မာ့လက်ရွေးစင် စစ်တုရင် ကစားသမား ဦးဇော်ဝင်းလေးသည် ဆီးချိုရောဂါကြောင့် မန္တလေးမြို့နေအိမ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

‘‘အောက်တိုဘာ ၃ ရက် နံနက်ပိုင်းမှာ ဦးဇော်ဝင်းလေးက အိမ်မှာ မူးလဲသွားတယ်။ သူ့မှာ သွေးတိုးလည်းရှိတယ်။ ဆီးချိုက မတရားတက်တာကို မခံနိုင်တဲ့ အနေအထားထင်တယ်။ အိမ်မှာ ပဲ ကွယ်လွန်တာပါ’’ ဟု မန္တလေး တိုင်းဒေသကြီး စစ်တုရင် ဆပ် ကော်မတီအတွင်းရေးမှူး ဦးနေ ၀င်းက ပြောသည်။

အသက် (၁၀) နှစ်အရွယ်မှ စတင်၍ စစ်တုရင်ကစားခဲ့သည့် ဦးဇော်ဝင်းလေးသည် ၁၉၈၈ ခုနှစ် တွင် လက်ရွေးစင်စစ်တုရင်ကစား သမားအဖြစ် စတင်ခဲ့ပြီးနောက် မြန်မာပြည် ချန်ပီယံလေးကြိမ် ရရှိခဲ့သည်။ ၎င်းသည် နိုင်ငံတကာ ပြိုင်ပွဲ ၁၃ ခုခန့်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာ ဆုတံဆိပ် စုစုပေါင်းဆယ်ခုခန့် ရရှိခဲ့ သူဖြစ်သည်။

‘‘သူ့ကို လူတွေ သိပ်မသိကြ ဘူး။ ဒါပေမဲ့ သူဟာ မြန်မာနိုင်ငံ ရဲ့ ကမ္ဘာ့စစ်တုရင်အဆင့် တစ်ဦး တည်းသော ကစားသမားပါ’’ ဟု ဦးဇော်ဝင်းလေး၏ ပရိသတ်တစ် ဦးက ပြောသည်။

ဦးဇော်ဝင်းလေးသည် ၂၀၀၀ ပြည့်နှစ်တွင် ကမ္ဘာ့စစ်တုရင် အ ဖွဲ့ချုပ်မှ ချီးမြှင့်သည့် အမြင့်ဆုံး ဂရင်းမာစတာဘွဲ့ကို ရရှိခဲ့သည်။

၎င်း၏ နိုင်ငံတကာ ပြိုင်ပွဲ များအနက် ၂၀၀၀ ပြည့်နှစ်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပခဲ့သည့် Japfa Classic International Chess Tour−nament 2000 ပြိုင်ပွဲ၌ ရုရှားနိုင်ငံမှ ကမ္ဘာ့စစ်တုရင် ချန်ပီယံဟောင်း အနာတိုလီကားပေါ့နှင့် သရေကျခဲ့သည့် ပွဲစဉ်မှာ ထင်ရှားခဲ့သည်။

‘‘မြန်မာ့ပထမဆုံး ဂရင်းမာ စတာ ဖြစ်တဲ့ ဦးဇော်ဝင်းလေး ကွယ်လွန်သွားတာဟာ မြန်မာ့စစ် တုရင် လောကအတွက် ကြီးမား တဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။ သူ့ခြေ လှမ်းအတိုင်း ဂရင်းမာစတာတွေ ဆက်ထွက်လာမယ်လို့ ယုံကြည် ပါတယ်။ သူမရှိတော့ပေမယ့် သူ့ အမည်ကတော့ အမြဲတမ်း ရှင် သန်နေမှာပါ’’ ဟု ဦးဇော်ဝင်းလေး နှင့် ပတ်သက်၍ မြန်မာနိုင်ငံ စစ် တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင် မောင်လွင်က အမှတ်တရ ၀မ်း နည်းစကား ပြောကြားခဲ့သည်။

ဦးဇော်ဝင်းလေးသည် မကွယ်လွန်မီတစ်ရက်အထိ   ၂၀၁၄ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် ပြင်ဦးလွင် မြို့ကိုယ်စားပြု (အသင်းလိုက်) ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်သွားခဲ့ပြီး ၎င်းပါဝင်ခဲ့သည့် ပြင်ဦးလွင် အသင်းက ဒုတိယဆု ရရှိခဲ့သည်။

7Day DAILY 

ဦးဇော်ဝင်းလေးကို စစ်တုရင်ပြိုင်ပွဲတစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ − Ye Lin Aung Facebook)
ဦးဇော်ဝင်းလေးကို စစ်တုရင်ပြိုင်ပွဲတစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ − Ye Lin Aung Facebook)
ကမ္ဘာ့စစ်တုရင် ချန်ပီယံဟောင်း အနာတိုလီကားပေါ့ကို သရေကစားနိုင်ခဲ့ သည့် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ဂရင်းမာစတာ ဦးဇော်ဝင်း (ခ) ဇော်ဝင်းလေးသည်  အောက်တို ဘာ ၃ ရက်တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့ သည်။

ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ် အချက်များရှိနေ

Photo: ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ် အချက်များရှိနေ
Sunday, October 5, 2014

ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ်အချက်များ ရှိနေသည်ဟု အောက်တိုဘာ ၄ ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ခိုထောင်ကျွန်းပေါ်တွင် ဗြိတိန်နိုင်ငံသား ခရီးသည်နှစ်ဦး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က မြန်မာနှစ်ဦးကို အောက်တိုဘာ ၃ ရက်တွင် လူသတ်မှု၊ မုဒိမ်းမှုတို့ဖြင့် တရားစွဲဆိုလိုက်သည့်အပေါ် မြန်မာနိုင်ငံသားများသာမက ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများပင် တရားခံအစစ်ဖြစ်ကြောင်း ယုံကြည်မှု မရှိသည်ကို ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သော သတင်းအောက်၌ ရေးသားထားသည့် ကွန်မန့်များအရ သိရသည်။

တရားမဝင် ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးက ဒေးဗစ်မီလာ(၂၄ နှစ်)နှင့် ဟန်နာဝှစ်သာရစ်(၂၃ နှစ်) တို့ကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံသားနှစ်ဦး၏ အလောင်းများကို ခိုထောင်ကျွန်းပေါ်တွင် စက်တင်ဘာ ၁၅ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ မြန်မာနှစ်ဦး၏ DNA နမူနာများသည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသော DNA နမူနာများနှင့် ကိုက်ညီမှုရှိသည်ဟု ဆိုသည်။ ထိုင်းရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာဒေသတွင် နေထိုင်အလုပ်လုပ်နေသော အမျိုးသား ၂ဝဝ ကျော်ထံမှ DNA နမူနာများ ရယူခဲ့ရာ ထိုသူအများစုသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။ သို့သော် ဗြိတိန်နိုင်ငံသူထံတွင် တွေ့ရှိရသည့် DNA နမူနာများနှင့် ကိုက်ညီမှုမရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ သို့သော် မြန်မာအလုပ်သမားနှစ်ဦးက ၎င်းတို့ ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် မကြာမီမှာပင် မြန်မာအလုပ်သမားနှစ်ဦး၏ DNA နမူနာများသည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် တွေ့ရသည့် DNA နမူနာများနှင့် ကိုက်ညီသည်ဟု ရုတ်တရက် ထုတ်ပြန်ခဲ့ပြန်သည်။

မကြာသေးမီက အခင်းဖြစ်ပွားရာနေရာတွင် ကွန်ဒုံးတစ်ခုတွေ့ရှိခဲ့ပြီး ကွန်ဒုံး၏ အပြင်မျက်နှာပြင်တွင် ဝှစ်သာရစ်၏ DNA ကို တွေ့ရှိရသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုခဲ့သေးသည်။ သို့သော် ကွန်ဒုံးအတွင်းပိုင်း၌ မည်ကဲ့သို့သောအရာ တွေ့ရှိရကြောင်းနှင့် ယင်းနှင့်ပတ်သက်သည့် DNA နမူနာအကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အမှုကို စစ်ဆေးသည့်အဖွဲ့က မြန်မာအလုပ်သမားများဖြစ်သော ဝင်း (၂၁နှစ်) နှင့် စော (၂၁ နှစ်) တို့ကို တရားခံများအဖြစ် အမည်ဖော်ပြသည်။ ထိုင်းရဲတပ်ဖွဲ့က ဝင်းနှင့် စောတို့အပြင် အခြားမြန်မာ အလုပ်သမား တစ်ဦးဖြစ်သော မောင် (၂၃ နှစ်) ကိုပါ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

ဝင်းက သူသည် ဗြိတိန်နိုင်ငံသားနှင့် ဗြိတိန်နိုင်ငံသူတို့ လိင်ဆက်ဆံနေသည်ကို မြင်တွေ့ခဲ့ရပြီး အမျိုးသမီးကို မုဒိမ်းကျင့်ရန်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။ သို့သော် ဝင်း၏ ဝန်ခံချက်သည် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ဖြစ်သည့် ဝှစ်သာရစ်နှင့် မီလာတို့သည် ကမ်းခြေတွင် လမ်းလျှောက်ပြီး တည်းခိုခန်းအနီး၌ ရပ်တန့်လျက် လိင်ဆက်ဆံခဲ့ကြောင်း အထောက်အထားများ မတွေ့ရဟူသည့် အချက်နှင့် ကိုက်ညီခြင်းမရှိပေ။ ၎င်းအပြင် ထိုင်းရဲတပ်ဖွဲ့သည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် မီလာ၏ DNA သဲလွန်စကို တွေ့ရှိရခြင်းမရှိဟု အစောပိုင်းက ထုတ်ပြန်ထားသည်။ ထိုင်းရဲတပ်ဖွဲ့က မီလာသည် မကြာသေးမီကမှ သိကျွမ်းခဲ့သည့် ဝှစ်သာရစ်အား ကူညီရန်အလာ အသတ်ခံရခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားထားသည်။

မြန်မာအလုပ်သမားနှစ်ဦး တရားစွဲဆိုခံထားရမှု၌ လိုက်ပါဆောင်ရွက်နေသော မြန်မာရှေ့နေ တစ်ဦးကလည်း အသတ်ခံရသူ၏ ဖုန်းကို မြန်မာများနေထိုင်သည့် အခန်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ကာယကံရှင်တို့၏ ရှေ့မှောက်တွင် ဝင်ရောက်ရှာဖွေခဲ့ခြင်း မဟုတ်ကြောင်းနှင့် အဆိုပါဖုန်းကို အသတ်ခံရသူ မိန်းကလေး၏ သူငယ်ချင်းက အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည့် အထောက်အထားများရှိကြောင်း ဘီဘီစီသတင်းဌာနသို့ ပြောကြားထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် လူသတ်မှုနှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို ဘတ်ငွေ ၇ဝဝ,ဝဝဝ ဆုချမည်ဟု ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၁ ရက်တွင် ထိုင်းရဲတပ်ဖွဲ့သည် အပျော်တမ်း ဘောလုံးအသင်း တစ်သင်းမှ အသင်းသားများ လူသတ်မှုတွင် ပါဝင်သည်ဟု လိမ်လည်ထွက်ဆိုရန် တက္ကစီဒရိုင်ဘာ တစ်ဦးအား ခိုင်းစေခဲ့ပြီး မလိုက်နာသောကြောင့် ရိုက်နှက်ခဲ့သည်ဟု အဆိုပါဒရိုင်ဘာက ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲကို တိုင်ကြားထားမှုလည်းရှိသည်။

ယခုကဲ့သို့ အမှုကို မဖော်ထုတ်နိုင်မီ အခင်းဖြစ်ပွားပြီး ရက်များအတွင်း စုံစမ်းစစ်ဆေးမှုများ အလွဲလွဲအချော်ချော် ဖြစ်နေသည်ဟု ထိုင်းအာဏာပိုင်များကို ဗြိတိန်မီဒီယာများ ဦးဆောင်လျက် အပြင်းအထန် ဝေဖန်ထိုးနှက်မှုများ ပြုလုပ်ခဲ့သည်။ ဖိအားများအောက် ကျရောက်နေသော ထိုင်းရဲတပ်ဖွဲ့သည် မြန်မာအလုပ်သမားနှစ်ဦးအား တရားခံအဖြစ် အစားထိုးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသူ အများအပြားရှိနေသည်။

မြန်မာအလုပ်သမားများကို တရားခံများ ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ ကြေညာချက်အပေါ် သံသယရှိသောကြောင့် အမှုမှန် ပေါ်ပေါက်နိုင်စေရေးအတွက် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၅ ရက် (ယနေ့)တွင် စွပ်စွဲခံရသူများနှင့် သွားရောက် တွေ့ဆုံမည်ဟု သိရသည်။

ထိုသို့စွပ်စွဲခံရသည့် မြန်မာလုပ်သားများထံသို့ အောက်တိုဘာ ၄ ရက်တွင် သွားရောက်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အချက်အလက်အချို့ စုဆောင်းနေသဖြင့် မသွားရောက်နိုင်ခဲ့ဘဲ ယနေ့တွင်မှ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းက The Daily Eleven သတင်းစာသို့ အောက်တိုဘာ ၄ ရက်က ပြောကြားခဲ့သည်။

မြန်မာသံရုံး ကောင်စစ်အရာရှိ၊ ထိုင်းနိုင်ငံ ရှေ့နေကောင်စီမှ ရှေ့နေနှစ်ဦးနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား အဖွဲ့စည်းများ ပါဝင်သည့် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့သည် ဆူရတ်ဌာနီမှတစ်ဆင့် စွပ်စွဲခံထားရသူများ ထိန်းသိမ်းထားရာ အကျဉ်းထောင်သို့ သွားရောက်ကာ တိုက်ရိုက်တွေ့ဆုံရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တွေ့ဆုံရာတွင် ပါဝင်မည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားခဲ့သည်။

သူက “မနေ့က ထိုင်းရဲချုပ်ကနေပြီး လိပ်ကျွန်း(ခိုထောင်ကျွန်း)မှာ တရားခံလို့ ကြေညာထားတဲ့ မြန်မာလုပ်သားနှစ်ဦးကို သရုပ်ပြခိုင်းတယ်။ ဒီသတင်းကို ထိုင်းနိုင်ငံထုတ် သတင်းစာတွေ ရုပ်သံတွေမှာ လွှင့်သွားတယ်။ ထိုင်းတွေရော နိုင်ငံခြားသားတွေကပါ မြန်မာတွေက သတ်တယ်ဆိုတာ မယုံကြည်ကြဘူး။ တရားခံအစစ်က လွတ်သွားပြီဆိုပြီး ဒီနေ့ထုတ် ထိုင်းသတင်းစာတွေမှာ ကာတွန်းတွေ နဲ့လှောင်ပြောင်ပြီး ရေးထားတာ တွေ့ရတယ်။ ဒီကိစ္စကို အမှန်တိုင်းပေါ်အောင် စုံစမ်းဖို့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကနေပြီးတော့ အကူအညီတောင်းခံ လာတဲ့အတွက် ထိုင်းရှေ့နေကောင်စီက ရှေ့နေနှစ်ဦး အပါအဝင် ကိုယ်စားလှယ်အဖွဲ့က တရားခံလို့ စွပ်စွဲထားတဲ့ မြန်မာနိုင်ငံသားတွေဆီကို တိုက်ရိုက်သွားပြီး တွေ့ဆုံမေးမြန်းမှာ ဖြစ်တယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စွပ်စွဲခံရတဲ့ မြန်မာသုံးဦးအပြင် သူတို့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကိုပါ တွေ့ခွင့်ရဖို့ ကြိုးစားသွားမှာ ဖြစ်တယ်။ အားလုံးအဖမ်းခံရတာ ဆယ်ဦးထက် မနည်းရှိတယ်လို့ သိရတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် လူသတ်မှုများ ပေါ်ပေါက်လာပါက ထိုင်းရဲများမှာ မြန်မာလုပ်သားများကို ဦးစွာဖမ်းဆီး စစ်ဆေးလေ့ရှိပြီး စစ်ဆေးရာတွင် ရေနွေးဖြင့် လက်ကိုလောင်းကာ စစ်ဆေးခြင်း၊ ခြေသလုံးအား မျဉ်းလုံးဖြင့်လှိမ့်ခြင်း စသည့် ညှဉ်းပန်းနှိပ်စက် နည်းများသုံးကာ စစ်ဆေးလေ့ရှိကြောင်းနှင့် ယခင်က ချင်းမိုင်မြို့တွင် တက္ကသိုလ်ကျောင်းသူတစ်ဦး အသတ်ခံရမှုတွင် တရားခံမှာ မြန်မာလုပ်သား ချင်းတိုင်းရင်းသားဖြစ်သည်ဟု သတ်မှတ်ခဲ့ပြီးနောက် တရားခံအစစ်မှာ ကမ္ဘောဒီးယား နိုင်ငံသား ဖြစ်သည်ဟု အမှုမှန်ပေါ်ပေါက်ခဲ့သည့် သာဓကရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် သံသယဖြစ်မိကြောင်း ဦးကျော်သောင်းက ဆိုသည်။

Eleven Media Group 

အောက်တိုဘာ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သောပုံ၌ ခိုထောင်ကျွန်းပေါ်၌ မြန်မာအလုပ်သမား နှစ်ဦးကို ပြစ်မှုမြင်ကွင်း သရုပ်ဖော်ခိုင်းနေပုံအား တွေ့ရစဉ် (Photo:AFP)
အောက်တိုဘာ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သောပုံ၌ ခိုထောင်ကျွန်းပေါ်၌ မြန်မာအလုပ်သမား နှစ်ဦးကို ပြစ်မှုမြင်ကွင်း သရုပ်ဖော် ခိုင်းနေပုံ အား တွေ့ရစဉ် (Photo:AFP)
ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ်အချက်များ ရှိနေသည် ဟု အောက်တိုဘာ ၄ ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ဒီချုပ်နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်း၍ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

နိုင်ငံရေးပြဿနာများကို အတူတကွ ဖြေရှင်းရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီများ ပူး ပေါင်း၍ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို အောက်တိုဘာ ၄ ရက်တွင် ဖွဲ့စည်းလိုက် သည်။

ကရင်လွှတ်တော်အမတ်များနှင့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

ကရင်ပြည်နယ် ငြိမ်း ချမ်းရေးအတွက် ကရင်တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ် များနှင့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီတို့ ပူး ပေါင်းဆောင်ရွက်ကြရန် အောက်တိုဘာ ၄ ရက်တွင် တွေ့ဆုံသဘောတူညီ ခဲ့ကြောင်း သတင်းရရှိသည်။

ဗြိတိန်စွမ်းအင် ကုမ္ပဏီများ ဈေးကွက်နှင့် အခွင့်အလမ်းများ ဆွေးနွေးရန် ငါးရက်ကြာ လာရောက်မည်

ဗြိတိန်စွမ်းအင်ဆိုင်ရာ ကောင်စီ၏ ဦးဆောင်မှုဖြင့် ဗြိတိန်ရေနံနှင့် သဘာဝဓာတ်ငွေ့စွမ်း အင်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန် မာနိုင်ငံသို့ ငါး ရက်ကြာ လာရောက်မည်ဟု သတင်းရရှိသည်။

မန္တလေးနန်းတွင်းစီမံခန့်ခွဲမှုကို တိုင်းအစိုးရက ပြည်ထောင်စုအစိုးရထံ ပြန်အပ်ရန် စီစဉ်

မန္တလေးတိုင်းအစိုးရအဖွဲ့က မန္တလေးမြနန်းစံကျော် ရွှေနန်းတော်အား ဘဏ္ဍာငွေစီမံခန့်ခွဲခွင့်မရ၍ ပြည်ထောင်စုအစိုးရထံပြန်အပ်မည့် ကိစ္စ ကို နှစ် ဖက် ထပ်မံညှိနှိုင်းရဦးမည်ဖြစ် ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး  ဦးသန်းဆွေကပြောသည်။

အကြမ်းဖက်နှင့်ဆက်နွှယ်၍ ဖမ်းမိထားသူများက ဖောက်ခွဲရန် အကြံအစည်ရှိကြောင်း ၀န်ခံဟုဆို

ပြည်ပအကြမ်းဖက်အဖွဲ့အစည်း နှင့်ဆက်သွယ်မှုဖြင့် တောင်ကြီးမြို့တွင် ဖမ်းဆီးခံထားရသူများက မြန်မာနိုင်ငံ အတွင်းလက်နက်ကိုင် အဖွဲ့အစည်း ဖွဲ့ စည်းပြီး စစ်ပညာသင်ကြားလေ့ကျင့်ရန် နှင့် အကြမ်းဖက်ဖောက်ခွဲရန် အကြံ အစည်များရှိခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်း ရရှိသည်။

နိုင်ငံသားစိစစ်ခံရန် ဘင်္ဂါလီတစ်ရာကျော် ထပ်လျှောက်

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ရန် ထပ်မံလျှောက် ထား သူ တစ်ရာကျော်ရှိကြောင်း သတင်း ရရှိသည်။