
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ လှေလှော် အဖွင့် ပွဲစဉ်များကို ဒီဇင်ဘာ ၁ဝရက် နံနက် ၈နာရီတွင် စတင် ကျင်းပခဲ့ပြီး အဖွင့် ပထမနေ့တွင် ပြိုင်ပွဲ အမျိုးအစား လေးမျိုး စတင်ယှဉ် ပြိုင်ခဲ့ရာ မြန်မာအသင်းမှာ ရွှေတံဆိပ် သုံးခု၊ ကြေးတံဆိပ် တစ်ခု ဆွတ်ခူး နိုင်ခဲ့သည်။