Tuesday 6 January 2015

မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးကွက်တွင် လျှပ်စစ်ပစ္စည်းများ အရောင်းရဆုံး ဖြစ်

မြန်မာ နိုင်ငံရှိ အွန်လိုင်းဈေးကွက်တွင် အရောင်းရဆုံး ပစ္စည်းများအဖြစ် လျှပ်စစ်ပစ္စည်းများနှင့် အလှကုန် ပစ္စည်းများမှာ ရပ်တည် လျက်ရှိကြောင်း အွန်လိုင်းအခြေပြု ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်များမှ သိရသည်။

အာဖဂန်နစ္စတန် သမ္မတက အမေရိကန်တပ်များ ဆုတ်ခွာ ရက်ကို ပြန်လည် စဉ်းစားစေလိုဟုဆို

Photo: အာဖဂန်နစ္စတန် သမ္မတက အမေရိကန်တပ်များ ဆုတ်ခွာ ရက်ကို ပြန်လည် စဉ်းစားစေလိုဟုဆို
Tuesday, January 6, 2015

အာဖဂန်နစ္စတန်သမ္မတ အရှ ရက်ဖ်ဂါနီက တနင်္ဂနွေနေ့တွင် ထုတ် လွှင့်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ် ခု၌ ပြောကြားရာတွင် အမေရိကန် နှင့် မဟာမိတ် များ၏ ကျန်နေသေး သည့် တပ်များအတွက် ထွက်ခွာမည့် ရက်အား ဖြစ်နိုင်ပါက ပြန်လည်စဉ်း စားစေလိုကြောင်း၊ အမေရိကန်နှင့် မဟာမိတ်တပ်များ၏ နောက် ဆုံး ထွက်ခွာရက်မှာ ၂ဝ၁၆ ခုနှစ်ကုန် တွင်ဖြစ်ကြောင်း ရိုက်တာသတင်း က ဖော်ပြခဲ့သည်။

နောက်ဆုံးရက်ကို စဉ်းစားစေ လိုကြောင်း၊ နောက်ဆုံးသတ်မှတ်ရက် မှာ တရားသေ မဟုတ်ကြောင်း မစ္စ တာဂါနီက CBS အသံလွှင့် ST ၏ မေးမြန်းရာ၌ ပြောကြားခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်၍ နှစ်ဦး နှစ်ဘက်(သို့မဟုတ်)ပါဝင်သူများအား လုံး ၄င်းတို့၏ ရည်မှန်းချက်ကို အ ကောင်းဆုံးလုပ်ဆောင်ခဲ့ကြပြီးဖြစ် ကြောင်း၊ တိုးတက်မှုမှာလည်း အမှန် ပင်ရခဲ့ကြောင်း၊ ဒါကြောင့် နောက် ဆုံး တပ်ရုပ်သိမ်း ရက်ကို ပြန်လည် စဉ်းစားသင့်ကြောင်း မစ္စတာဂါနီက ပြောကြားခဲ့သည်။ ၄င်းမှာ လွန်ခဲ့ သောနှစ်က ရွေးချယ်ခံခဲ့ရသည်။

အကယ်၍ ၄င်းအနေဖြင့် ဤ ကိစ္စအား အမေရိကန်သမ္မတ ဘား ရက်အိုဘားမား ကို ပြောကြားခဲ့မည် ဆိုပါက အိုဘားမားက မိမိအကြောင်း ကိုသိကြောင်း၊ တစ်ဦးနှင့် တစ်ဦး ပြော နေစရာမလိုကြောင်း ဂါနီကပြောခဲ့ သည်။

Ref: reuters
Democracytoday
အာဖဂန်နစ္စတန်သမ္မတ အရှ ရက်ဖ်ဂါနီက တနင်္ဂနွေနေ့တွင် ထုတ် လွှင့်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ် ခု၌ ပြောကြားရာတွင် အမေရိကန်နှင့် မဟာမိတ်များ၏ ကျန်နေသေး သည့် တပ်များအတွက် ထွက်ခွာမည့် ရက်အား ဖြစ်နိုင်ပါက ပြန်လည်စဉ်း စားစေလိုကြောင်း၊ အမေရိကန်နှင့် မဟာမိတ်တပ်များ၏ နောက်ဆုံး ထွက်ခွာရက်မှာ ၂ဝ၁၆ ခုနှစ်ကုန် တွင်ဖြစ်ကြောင်း ရိုက်တာသတင်း က ဖော်ပြခဲ့သည်။

နယ်စပ်တွင် အိန္ဒိယ-ပါကစ္စတန်ကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ငါးဦးသေ

Photo: နယ်စပ်တွင် အိန္ဒိယ-ပါကစ္စတန်ကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ငါးဦးသေ
Tuesday, January 6, 2015

တင်းမာမှုများရှိနေသော အိန္ဒိယ-ပါကစ္စတန် နယ်စပ်တွင် ဇန်နဝါရီ ၅ ရက်က နှစ်ဘက် တပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက် တစ်ဦးအပါအဝင် အရပ်သား လေးဦးနှင့် စစ်သားတစ်ဦး သေဆုံးခဲ့သည်။

နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသော အဆိုပါ အိမ်နီးချင်း နှစ်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားထားခဲ့ရာ အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပါကစ္စတန် ရိန်းဂျား တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်။

ဇန်န၀ါရီ ၅ ရက်က ပါကစ္စတန် အရှေ့ခြမ်းရှိ ဆီအယ်လ်ကော့မြို့အနီးတွင် အိန္ဒိယဘက်ခြမ်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်မှုကြောင့် ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း အရပ်သား လေးဦး သေဆုံး ခဲ့သည်ဟု ပါကစ္စတန် စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

“အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ BSF က ပစ်ခတ်ခဲ့တာကြောင့် အရပ်သားလေးယောက် သေဆုံးခဲ့ရပါတယ်၊ အခုလို ပစ်ခတ်ခဲ့တာကို ပါကစ္စတန် ရိန်းဂျား တပ်ဖွဲ့ကလည်း ပြန်လည် တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပါကစ္စတန် စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထိုနေ့အစောပိုင်းကလည်း နှစ်နိုင်ငံ နယ်စပ်အကြား နှစ်ဘက် ပစ်ခတ်မှုများကြောင့် အိန္ဒိယ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ ဒေသရှိ ဆရီနာဂါ မြို့တောင်ဘက် ကီလိုမီတာ ၃၅၀ အကွာသို့ ပါကစ္စတန် ဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့မှုကို ပြန်လည် လက်စားချေ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ အုပ်ချုပ်နေသော ကက်ရှ်မီးယား ဒေသမှ ရဲချုပ် ရာဂျက်ကူမာ ကပြောသည်။

နှစ်နိုင်ငံအကြား တင်းမာနေကြသော အဆိုပါ နယ်စပ်ဒေသတစ်လျောက်တွင် မကြာသေးသည့် ကာလများကတည်းက အပြန်အလှန် ပစ်ခတ်မှုများကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးထားခဲ့ပြီး ထောင်ပေါင်းများစွာတို့သည်လည်း နေအိမ်များမှ စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

Ref: AFP
Mizzima - News in Burmese
တင်းမာမှုများရှိနေသော အိန္ဒိယ-ပါကစ္စတန် နယ်စပ်တွင် ဇန်နဝါရီ ၅ ရက်က နှစ်ဘက် တပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက် တစ်ဦးအပါအဝင် အရပ်သား လေးဦးနှင့် စစ်သား တစ်ဦး သေဆုံးခဲ့သည်။

ပိတ်ဆို့အရေးယူမှု ထပ်လုပ်မည်ဆိုပါက ရုရှအခြေအနေဆိုးရွားနိုင်ဟု ဂျာမနီ သတိပေး

Photo: ပိတ်ဆို့အရေးယူမှု ထပ်လုပ်မည်ဆိုပါက ရုရှအခြေအနေဆိုးရွားနိုင်ဟု ဂျာမနီ သတိပေး 
Tuesday, January 6, 2015

ရုရှအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများသည် ရုရှ၏ အခြေအနေကို ပိုမိုမတည်မငြိမ် ဖြစ်သွားစေနိုင်ကာ ရုရှနိုင်ငံအား ပရမ်းပတာအခြေအနေသို့ ဆိုက်ရောက်သွားစေနိုင်ကြောင်း ဇန်နဝါရီ ၄ ရက်က ဖော်ပြထားသော သတင်း စာ အင်တာဗျူးတစ်ခုထဲတွင် ဒုတိယအဓိပတိ ဆစ်ဂ်မာဂါ ဘရီယယ်လ် (Sigmar Gabriel)က သတိပေးထားသည်။

“အဲဒါကို ဘယ်သူကပဲ အလိုရှိနေရှိနေ အဲဒါဟာ ဥရောပမှာရှိကြတဲ့ ကျွန်တော် တို့ အားလုံးအတွက် အများကြီး ပိုအန္တရာယ်ရှိမယ့် အခြေအနေ ဖြစ်လာစေပါ လိမ့်မယ်”ဟု ၎င်းက ဆိုခဲ့ပြီး ရုရှမှာ နူကလီးယား အင်အားကြီးနိုင်ငံဖြစ်ကြောင်း လည်း ထောက်ပြခဲ့သည်။ ရုရှအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်နေကြ ခြင်း ၏ ရည်ရွယ်ချက်မှာ ရုရှသည်ဆွေးနွေးမှု စားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိ လာစေရန် ဖြစ်သည်။

“ရုရှအနေနဲ့ စီးပွားရေးအရနဲ့ နိုင်ငံရေးအရ အခုထက်တောင် ပိုပြီးတော့ မတည် မငြိမ်ဖြစ်လာအောင် လုပ်ချင်ကြသူတွေဟာ လုံးဝကွဲပြားခြားနားတဲ့ အကျိုးဆက် ကို ရည်ရွယ်ပြီး ဆက်လုပ်နေကြတာပါ” ဟု ဂျာမနီ၏ စီးပွားရေး ၀န်ကြီး လည်းဖြစ် သူ ဂါဘရီယယ်လ်က ဆိုသည်။

ဥရောပနှင့်အမေရိကန်မှ အချို့သူများသည် ၎င်းတို့၏ပြိုင်ဘက်ဟောင်း ရုရှနိုင်ငံက ဒူးထောက်အညံ့ခံလာ သည်ကို မြင်လို ကြသော်လည်း “အဲဒီလို လုပ်တာဟာ ဂျာမနီနဲ့ ဥရောပအတွက်လည်း အကျိုးကျေးဇူး မရှိပါဘူး” ဟု ဂျာမနီ ဒုတိယ အဓိပတိက ပြောခဲ့သည်။

“ကျွန်တော်တို့က ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးမှာ ကူညီချင်တာပါ။ ရုရှ ဒူးထောက်လာအောင် ဖိအားပေးချင်တာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောခဲ့သည်။

ယူကရိန်းအကျပ်အတည်း ပိုမိုကြီးထွား ပြင်းထန်လာရန် ရုရှသည် ယူကရိန်း သူပုန် များအား လက်နက်များနှင့် တပ်ဖွဲ့များ ပံ့ပိုးပေးခြင်းအားဖြင့် ဆွပေးနေ ကြောင်း အနောက်နိုင်ငံများက အကြိမ်ကြိမ် စွပ်စွဲထားကြသော်လည်း ထိုစွပ်စွဲ ချက် များကို ရုရှက ငြင်းဆန်ထားသည်။

ရုရှအပေါ် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်းနှင့် ရေနံဈေးများ ထိုးကျသွားခြင်းတို့ကြောင့် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ရုရှရူဘယ်ငွေတန်ဖိုးသည် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းခန့်အထိ ထိုးကျသွားခဲ့သည်။

Ref: AFP
Mizzima - News in Burmese
ရုရှအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများသည် ရုရှ၏ အခြေအနေကို ပိုမိုမတည်မငြိမ် ဖြစ်သွား စေနိုင်ကာ ရုရှနိုင်ငံအား ပရမ်းပတာအခြေအနေသို့ ဆိုက်ရောက်သွားစေနိုင်ကြောင်း ဇန်နဝါရီ ၄ ရက်က ဖော်ပြထားသော သတင်းစာ အင်တာဗျူးတစ်ခုထဲတွင် ဒုတိယအဓိပတိ ဆစ်ဂ်မာဂါ ဘရီယယ်လ် (Sigmar Gabriel)က သတိပေးထားသည်။

အဲအေးရှား လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ၏ မိသားစုများကို နစ်နာ ကြေး ပေးရန် စီစဉ်နေ

Photo: အဲအေးရှား လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ၏ မိသားစုများကို နစ်နာ ကြေး ပေးရန် စီစဉ်နေ
Tuesday, January 6, 2015

အဲအေးရှား လေကြောင်းလိုင်းသည် ပျက်ကျသွားသည့် ခရီးစဉ်အမှတ် QZ8501 လေယာဉ်ပေါ် ပါသွားသူများ၏ မိသားစုများကို နစ်နာကြေး ပေးအပ်သွားရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဝေါလ်စထရိဂျာနယ်က အဲအေးရှား လေကြောင်းလိုင်းသည် ခရီးသည် တစ်ဦးစီအတွက် အင်ဒိုနီးရှား ရူပီရာငွေ သန်း(၃၀၀)စီ ပေးအပ်သွားရန် စီစဉ်နေကြောင်း ဆိုသည်။ လေယာဉ်ပေါ်တွင် ညီမနှင့် မိခင်တို့ အပါအဝင် မိသားစုဝင် (၇)ဦး လိုက်ပါသွားသည့် ဒေးဗစ် သီဂျာကူဆာမာ၏ အဆိုကို ကိုးကားပြီး ဝေါလ်စထရိက ယင်းကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။

Airbus A320-200 အမျိုးအစား လေယာဉ်သည် ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၁၆၂)ဦးကို သယ်ဆောင်ပျံသန်းရင်း ဒီဇင်ဘာ ၂၈ ရက်က ဂျာဗားပင်လယ်ထဲတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် အင်ဒိုနီးရှား နိုင်ငံသား အများဆုံး လိုက်ပါသွားခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ တစ်ဦးမျှ မရှိနိုင်တော့ဟု ခန့်မှန်းထားသည်။

အင်ဒိုနီးရှားထုတ် ရီရော်ပေါ့စ် သတင်းစာကလည်း ကျန်ရစ်သူ မိသားစုများအတွက် နှစ်သိမ့် နစ်နာကြေး ရူပီရာငွေ သန်း(၃၀၀)စီ ပေးအပ်ရန် စီစဉ်နေကြောင်း ထပ်မံ ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး အဲအေးရှားက တစ်စုံတစ်ရာ မှတ်ချက်မပေးသေးကြောင်းလည်း သိရသည်။

QZ8501 လေယာဉ်ပျက်ကျရာ နေရာတွင် ရှာဖွေရေးများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ရုပ်အလောင်း (၃၇)လောင်းကိုသာ ရှာဖွေတွေ့ရှိထားကြောင်း သတင်းရရှိသည်။

Ref: Channelnewsasia
7Day DAILY
အဲအေးရှား လေကြောင်းလိုင်းသည် ပျက်ကျသွားသည့် ခရီးစဉ်အမှတ် QZ8501 လေယာဉ်ပေါ်ပါသွားသူ များ၏ မိသားစုများကို နစ်နာကြေး ပေးအပ်သွားရန် စီစဉ်နေကြောင်း သတင်းများကဖော်ပြခဲ့သည်။

ရွေးကောက်ပွဲတစ်နှစ်ပြည့်နေ့တွင် ဘင်္ဂလားဒေ့ရှ်၌ အကြမ်းဖက်မှုများ ပေါ်ပေါက်

Photo: ရွေးကောက်ပွဲတစ်နှစ်ပြည့်နေ့တွင် ဘင်္ဂလားဒေ့ရှ်၌ အကြမ်းဖက်မှုများ ပေါ်ပေါက်
Tuesday, January 6, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အငြင်း ပွားဖွယ်ရွေးကောက်ပွဲတစ်နှစ်ပြည့် သည့် တနင်္လာနေ့တွင် နိုင်ငံတွင်း လမ်းများ၌ ဆိုးဆိုးရွားရွား ပဋိပက္ခ များပေါ်ပေါက်ခဲ့ကြောင်း AFP သတင်းအရ သိရသည်။

နိုင်ငံမြောက်ပိုင်းရှိ နာတိုရီမြို့ တွင် အာဏာရပါတီကို ထောက်ခံသူ များနှင့် အတိုက်အခံ BNP ပါတီကို ထောက်ခံသူများ ပဋိပက္ခဖြစ်ခဲ့ပြီး အတိုက်အခံနှစ်ဦး ပစ်သတ်ခံခဲ့ရသည် ဟု ရဲတပ်ဖွဲ့ကပြောသည်။

တနင်္လာ နေ့သည် BNP ပါတီက နိုင်ငံတွင်း၌ ''ဒီမိုကရေစီသေဆုံးသောနေ့'' ဟု ကြေညာခဲ့သောနေ့လည်း ဖြစ်သည်။ BNP ပါတီခေါင်းဆောင်သည် မြို့ တော်ရှိ သူမ၏ရုံးခန်းတွင် စနေနေ့ ညမှ ယခုအထိ ရဲတပ်ဖွဲ့၏ ဝန်းရံခြင်း ကို ခံနေရသည်။

သို့သော်သူမက ရုံးခန်းအတွင်းမှပင် တနင်္လာနေ့တွင် လက်ရှိဝန်ကြီးချုပ် ဟာစီနာအား ပါတီစုံပါဝင်သည့် ရွေးကောက်ပွဲ ကျင်းပပေးရေး တောင်းဆိုရန် အတွက် လမ်းပေါ်ထွက်ဆန္ဒပြရန် သူမ အားထောက်ခံသူများကို ဆော်သြ ခဲ့သည်။ ယင်းကြောင့် BNP ပါတီ အား ထောက်ခံသူများကလမ်းမပေါ် ထွက်ဆန္ဒပြခဲ့ကြပြီး ၄င်းတို့သည် ရဲများ၊ အာဏာရ Awami League ပါတီအား ထောက်ခံသူများနှင့် ပဋိပက္ခဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

ပြိုင်ဘက်ပါတီနှစ်ခုကို ထောက် ခံသူများအကြားမှ အကြမ်းဖက်မှုများ သည် မြို့တော်ဒါကာတွင်သာမက ကျန်မြို့များတွင် ဖြစ်ပွားနေသည်ဟု ဒေသတွင်း ရုပ်သံလိုင်းများကဆို သည်။

BNP ပါတီခေါင်းဆောင် ဇီယာသည် ရဲတပ်ဖွဲ့၏ပိတ်ဆို့ထားမှု ကြောင့် သူမကိုယ်တိုင်ဆန္ဒပြပွဲများ တွင် မပါဝင်နိုင်သော်လည်း သူမအား ထောက်ခံသူများအား စည်းရုံးနိုင်ခဲ့ ခြင်းဖြစ်သည်။

လက်ရှိဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟာစီနာသည် လွန်ခဲ့သော နှစ်ဇန်နဝါရီ ၅ ရက်တွင် ထပ်မံရွေး ချယ်ခံခဲ့ရသူဖြစ်သည်။ သို့သော် BNP အပါအဝင် ကျန်အတိုက်အခံ ပါတီများက အာဏာရပါတီသည် ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ် နိုင်သည်ဟု ဆိုကာရွေးကောက်ပွဲမှ နုတ်ထွက်သွားခြင်းကြောင့် ပြိုင်ဘက် မရှိ အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

Ref: AFP
Democracytoday
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အငြင်းပွားဖွယ်ရွေးကောက်ပွဲတစ်နှစ်ပြည့်သည့် တနင်္လာနေ့တွင် နိုင်ငံတွင်း လမ်းများ ၌ ဆိုးဆိုးရွားရွား ပဋိပက္ခများပေါ်ပေါက်ခဲ့ကြောင်း AFP သတင်းအရသိရသည်။

အီဘိုလာကြောင့် သေဆုံးသူဦးရေ ၈,၀၀၀ ကျော်ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်

အနောက်အာဖရိကတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၈,၁၅၃ ရှိပြီး ကူးစက်ခံရသူ မှာ ၂၀,၆၅၆ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြေယာကိစ္စ ဖြေရှင်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေ

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် ရက်စွဲနဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီ သတင်းထုတ်ပြန် ကြေညာချက် တစ်ရပ် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ကော်မတီ၏ ထုတ်ပြန်ချက်ကို ဒေသခံများ လက်မခံ

ကြေးနီ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီမှ ဒေသခံ များအား လုပ်ဆောင်ပေးမှု အစီရင်ခံစာ ထုတ်ပြန်ရာတွင် အားနည်းချက်များ ပြည့်နေပြီး လုံးဝ လက်ခံ နိုင်ကြောင်း ဒေသခံ များက ပြောသည်။ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ကော်မတီ၏ ထုတ်ပြန်ချက်ကို ဒေသခံများက ကန့်ကွက် ပြောဆိုခြင်း ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်သမ္မတ၏ လက်အောက်တွင်သာ ရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ် ပြော

တပ်မတော်သည် နိုင်ငံတော်သမ္မတ၏ လက်အောက်တွင်သာရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်မှ ယမန်နေ့က ပြောကြား လိုက်သည်။ ယမန်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ ကိုယ်စား လှယ်များ တွေ့ဆုံစဉ်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း RCSS/SSA  မှ ဗိုလ်မှူး စိုင်းလှက ပြောသည်။ နိုင်ငံရေး ပိုင်းဆိုင်ရာ မှာ နိုင်ငံကို  ဦးစီး ဦးဆောင်ပေး နေတဲ့ ဦးသျှောင် အဖွဲ့ အစည်း ရှိပါ တယ်။ သမ္မတ ဦးစီး ဦးဆောင်မှု အောက်မှာပဲ  တပ်မတော်က လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန်း-ဗန်းမော် ရေကြောင်း ကုန်စည်စီးဆင်းမှု သုံးပုံတစ်ပုံခန့် ကျဆင်း

Photo: မန်း-ဗန်းမော် ရေကြောင်း ကုန်စည်စီးဆင်းမှု သုံးပုံတစ်ပုံခန့် ကျဆင်း
Tuesday, January 6, 2015

မန္တလေး-ဗန်းမော် ရေကြောင်းကုန်စည်များ တရားမ၀င် အခွန်မဲ့ကုန်စည် စစ်ဆေးသည့် ကာလမတိုင်မီ အချိန်ထက် သုံးပုံတစ်ပုံခန့် ကျဆင်းသွားကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ဧရာဝတီ ဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုန်စည်စီးဆင်းမှု ကျဆင်းခြင်းမှာ တရားမဝင် အခွန်မဲ့ကုန်စည်များ စစ်ဆေးသည့်ကာလနှင့် ရေကြောင်း ကျပ်သည့်အချိန် တိုက်ဆိုင်သောကြောင့်လည်း ဖြစ်သည်။

“ဗန်းမော် ဆိပ်ကမ်းကလည်း ရေနည်း နေတယ်၊ ပြီးတော့ မိုဘိုင်းတင်း စစ်ဆေးတာလည်း ရှိတော့ အမှန်တကယ် ဂျုတီဆောင်တဲ့ကုန်တွေပဲ တင်ကြတော့ သုံးပုံတစ်ပုံလောက် ကုန်နည်းသွားတယ်” ၎င်းက ပြောသည်။

မန္တလေးမြစ်ဆိပ် ဂေါဝိန်ဆိပ်ကမ်းတွင် တရားမဝင်ကုန်သွယ်မှု တားဆီးစစ်ဆေးရေးအဖွဲ့ (မိုဘိုင်းတင်း) က ကုန်တင်ရေယာဉ်များတွင် အခွန်ရှောင်ပစ္စည်းများနှင့် ဥပဒေအရ တားမြစ်ကုန်စည်များ သယ်ဆောင်ခြင်းရှိ၊ မရှိကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာမှ စတင်ကာ ပညာပေးကာလအဖြစ် တစ်လ သတ်မှတ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ အခွန်မဲ့ ကုန်စည်များ ဖမ်းဆီးအရေးယူ ဆောင်ရွက်နေ ခြင်း ဖြစ်သည်။

ယခင်နှစ်များတွင် ဆောင်းရာသီ၌ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရေကြောင်းကျပ်မှုများ ဖြစ်ပွားခဲ့သော်လည်း ယခုနှစ်လောက် ကုန်စည်စီးဆင်းမှု လျော့နည်းခြင်းမရှိဟု တာဝန်ရှိသူက ဆိုသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲ လက်အောက်တွင် မန္တလေး-ဗန်းမော်၊ ကသာနှင့် မန္တလေး-ညောင်ဦး ရေကြောင်းခရီး စဉ်များ ပြေးဆွဲပေးလျက် ရှိသည်။ ဗန်းမော်လိုင်းသည် ကုန်စည်ပို့ဆောင်ရေး အဓိကဖြစ်ပြီး ညောင်ဦးလိုင်းသည် နိုင်ငံခြားသား ခရီးသွားများ သွားရောက် လည်ပတ်မှုများသည့် ခရီးသည်တင် ရေယာဉ်လိုင်းများ ဖြစ်သည်။

Mizzima - News in Burmese 

ဧရာဝတီမြစ်ကြောင်းကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ဧရာဝတီမြစ်ကြောင်းကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
မန္တလေး-ဗန်းမော် ရေကြောင်းကုန်စည်များ တရားမ၀င် အခွန်မဲ့ကုန်စည် စစ်ဆေးသည့် ကာလမတိုင်မီ အချိန်ထက် သုံးပုံတစ်ပုံခန့် ကျဆင်းသွားကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ဧရာဝတီ ဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၅ခုနှစ်တွင်အပ်နှံမည့် ယာဉ်အိုယာဉ်ဟောင်းများ ကားပါကင် ထောက်ခံချက် မလိုဆိုသည့် သတင်းမဟုတ်မှန်

၂၀၁၅ ခုနှစ်တွင် အပ်နှံမည့် ယာဉ်အိုယာဉ်ဟောင်းများ ကားပါကင်ထောက်ခံ ချက်မလိုဆိုသည့် သတင်းမှာ မဟုတ်မှန်ဟု စီး ပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အပစ်ရပ်မလား သို့မဟုတ် ငြိမ်းချမ်းရေး ပျက်သုဉ်းခံမလား KIA ?

Photo: အပစ်ရပ်မလား သို့မဟုတ် ငြိမ်းချမ်းရေး ပျက်သုဉ်းခံမလား KIA ?
Tuesday, January 6, 2015

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ အတွင်း ရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီး ကျရောက်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ရိုက်ခတ်မှုများ ရှိလာခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဆီမှ အသံထွက်လာခဲ့သည်။ ထိုဖြစ်စဉ် ကြောင့် KIA ဘက်မှ အကောင် အထည်ဖော်ဆောင် ရွက်နေသော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကိုအကန့်အသတ်မရှိ တွေ့ဆုံဆွေးနွေးခြင်း ပြုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

အစိုးရတပ်မတော်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းသာဖြစ်သည်ဟု KIA ဘက်မှ ပြောဆိုထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမူ လမ်းပြင်နေသော အစိုးရစစ်ကြောင်းများအား KIA အဖွဲ့မှ နှောင့်ယှက်ပစ် ခတ်ခြင်းကြောင့် ပြန်လည်တုံ့ပြန်ပစ်ခတ်ရခြင်းသာဖြစ်ကြောင်း ပြောဆိုထားပါသည်။ ထိုဖြစ်စဉ်တွင် ဘယ်သူမှန်၍ ဘယ်သူမှားသလဲဆိုတာ တိကျရေရာသည့် အဖြေမရှိဘဲ နှစ်ဖက်စလုံး အကြောင်းပြချက်ကိုယ်စီ ရှိနေသည်။

ထိုဖြစ်စဉ်နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ ပါဝင်သော UNFC က ဖွဲ့စည်းလိုက်ကြောင်း တရားဝင်ပြောကြားလာခဲ့သည်။ သို့သော် တပ်မတော်ဘက်ကယခုလက်ရှိမြန်မာ့တပ်တော်သည် ပြည်ထောင်စုတပ်မတော်သာဖြစ်ကြောင်း၊ စင်ပြိုင် တပ်မတော်နှစ်ခုသုံးခု ဖွဲ့စည်းတာ မည်သည့်နိုင်ငံ တွင်မှ မရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါသည်။

တစ်ဖန် FUA နှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့က လက်မခံကြောင်း သဘောထားရှိသလို တောင်ပိုင်း ဖက်ဒရယ်တပ်မတော်ကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က လုံးဝလက်မ ခံကြောင်း ပြော ဆိုထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် KIA ဦးဆောင်နေသော FUA၊ UNFC ၏ ရပ်တည်ချက်များသည် အများသဘောထားနှင့် ဆန့်ကျင်နေသည် ကို တွေ့နိုင် ပါသည်။

ထို့ပြင် KIA အဖွဲ၏ လူသစ်စုဆောင်းမှုနှင့် ပတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကလည်း အမေရိကန်လူ့အခွင့် အရေး ဒုတိယအတွင်း ၀န်နှင့် မြစ်ကြီးနား မှာတွေ့ဆုံစဉ် တိုင်ကြားစာများ ပေးလိုက်ပြီဟု သိရပါသည်။ KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် အမေရိကန်က ယုံကြည်ခဲ့မည်ဆိုပါက ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ တောင်းဆိုမှု များအတိုင်း ဆောင်ရွက်မှုများ ရှိလာနိုင်ပါသည်။

KIA အနေဖြင့် ကိုယ့်နိုင်ငံအစိုးရ၊ မြန်မာ့တပ်မတော်တို့ကို ပခုံးယှဉ်နေသော လုပ်ရပ်က အန္တရာယ်ကြီးလွန်းသည်။ ကချင်ပြည်နယ်မှာ နေထိုင်သော ရှမ်းမျိုးနွယ်စုများကလည်း နည်းလမ်းပေါင်းစုံဖြင့် KIA ကို တိုက်ခိုက်နေပြီဖြစ် ပါသည်။ အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း KIA ဦးဆောင်နေသော UNFC ၊ FUA မှာ မပါဝင် ဘဲ ဝေးဝေးက ရှောင်နေကြပြီ ဖြစ်ပါသည်။ အကယ်၍ KIA အနေဖြင့် ငြိမ်းချမ်းရေးမယူဘဲ အချိန်ဆွဲထားမည်ဆိုပါက မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အခြေအနေဖြစ်ပါသည်။ ထိပ်တိုက်ရင်ဆိုင် မလား သို့မဟုတ် ငြိမ်းချမ်းရေးယူမလား တစ်ခုခုကိုတော့ ရွေးချယ်ရပါတော့မည်။

အပစ်ရပ်မလား ဒါမှမဟုတ် တိုက်ပွဲများကို ဖန်တီးပြီး ငြိမ်းချမ်းရေး ပျက်သုဉ်းခံမလား ဟူသော အဖြေနှစ်မျိုးအနက် KIA အနေဖြင့် တစ်ခုကို ရွေးချယ်ရမည် ဖြစ်ပါသည်။ KIA ရွေးချယ်သော အဖြေသည် အပြုသဘောလား၊ အပျက်ဆီသို့ ဦးတည်မလားဆို တာ စောင့်ကြည့် သွားရမည် ဖြစ်ပါသည်။

နေ၀န်းသစ်
Credit to KDN
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ အတွင်းရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်း ကျောင်းပေါ် လက်နက်ကြီး ကျရောက်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ရိုက်ခတ်မှုများ ရှိလာခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဆီမှ အသံထွက်လာခဲ့သည်။ ထိုဖြစ်စဉ် ကြောင့် KIA ဘက်မှ အကောင် အထည်ဖော်ဆောင် ရွက်နေသော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကိုအကန့်အသတ်မရှိ တွေ့ဆုံဆွေးနွေးခြင်း ပြုမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

လေကြောင်းကင်းထောက်မှုဖြင့် ကချင်ပြည်နယ်အတွင်း တရားမ၀င် သစ်ခိုးဂိုဏ်ကြီး ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး ဒေသအတွင်း အဖိုးတန်သစ်များ အားတရားမ၀င် ခုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ကိုယ်ကျိုးစီးပွားအတွက် သယ်ဆောင် ရောင်းချရန် သစ်တင်ယာဉ်များဖြင့် စုစည်းပြင်ဆင်ထားရှိမှုအား လေကြောင်းကင်းထောက်မှုအရ သိရှိရ သဖြင့် တပ်မတော်စစ်ကြောင်း များက ဇန်န၀ါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေရှင်းလင်းဆောင်ရွက် ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ရှိနေသမျှ စစ်မှန်သော အမျိုးသားပြန်လည် သင့်မြတ်ရေး မရနိုင်ကြောင်း AAPP နှင့် FPPS ထုတ်ပြန်

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိနေသရွေ့ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး မရနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့က ကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးသက်ဦးက ပြောကြားသည်။

၂၀၁၅ တွင် ဦးသိန်းစိန်၏ နိုင်ငံရေးဗျူဟာ အလုပ်ဖြစ်ရန် ခက်ခဲမည်

၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ပြီး နောက်ထပ်သက်တမ်းတွင် လက်ရှိဖော်ဆောင်နေသော “ပြုပြင်ပြောင်းလဲရေး”ကို ပိုမိုပီပြင်လာစေရန် သမ္မတ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားလိုကြောင်း ဦးသိန်းစိန်၏ ရည်မှန်းချက်အား ပြီးခဲ့သော ဇန်နဝါရီ ၄ ရက်၌ နေပြည်တော်တွင် တခမ်းတနားကျင်းပခဲ့သော ဗိုလ်ရှုခံသဘင်က ပိုမိုခိုင်မာစေခဲ့သည်။

သံသယကင်းကင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲများဆီ ချီတက်သွားရန် ကာကွယ်ရေး ဦးစီးချုပ်တိုက်တွန်း

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်များသည် သံသယကင်းကင်းဖြင့် နိုင်ငံရေး ဆွေးနွေး ပွဲများ ဆီသို့ ဆက်လက်ချီတက်ကြရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်န၀ါရီ ၅ ရက် တွေ့ဆုံပွဲတွင် တိုက်တွန်းလိုက်သည် ဟု တွေ့ဆုံခဲ့သည့် တိုင်းရင်းသားများက ဆိုသည်။

အမေရိကန်ရေတပ်ရေငုပ်သမားများ အဲအေရှားလေယာဉ် ပျံသန်းမှုမှတ်တမ်း သေတ္တာ ရှာဖွေ

Photo: အမေရိကန်ရေတပ်ရေငုပ်သမားများ အဲအေရှားလေယာဉ် ပျံသန်းမှုမှတ်တမ်း သေတ္တာ ရှာဖွေ 
Tuesday, January 6, 2015

အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဖို့ထ်ဝါ့သ်က ရေတပ် ရေငုပ်သမားတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်ထဲ ပျက်ကျခဲ့တဲ့ အဲအေရှား လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း သေတ္တာနက်ကို ပင်လယ်ကြမ်းပြင်မှာ ရှာဖွေနေပါတယ်။

ရေတပ်အရာရှိတွေက seascan လို့ လူသိများတဲ့ ဆိုနာအသံလှိုင်းသုံး ရေအောက် ပုံရိပ်ဖမ်းပစ္စည်းကို တိုက်ခိုက်ရေးသင်္ဘောပေါ် တင်နေတာကိုလည်း တွေ့ရပါတယ်။

အမေရိကန်ရေတပ် ဒုတိယတန်းရေငုပ်သမား ဒယ်နီယယ် ကလာ့ခ်က seascan ဟာ ပင်လယ်ကြမ်းပြင်က ပုံရိပ်တွေကို ရေငုပ်အဖွဲ့ဆီကိုပေးဖို့ ဆိုနာအသံလှိုင်းကို သုံးတယ်လို့ ပြောပါတယ်။

ပင်လယ်ကြမ်းပြင်က ဂေါက်သီးဘောလုံးလောက် သေးတာကိုတောင် ရှာနိုင်တာမို့ လေယာဉ်ပျံလောက် ကြီးတာကို သေချာပေါက် ရှာနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီပစ္စည်းဟာ အလင်းရောင် အားနည်းတဲ့ ရေအောက်အနက် ပေ ၂၀၀၀ ကို ပုံရိပ်ဖမ်းနိုင်တယ်လို့လည်း ပြောပါတယ်။

ယူအက်စ်အက်စ် ဖို့ထ်ဝါ့သ်ဟာ အဲအေးရှလေယာဉ်ပျက်ကို ရှာဖို့ ပူးပေါင်းတဲ့ ဒုတိယမြောက် အမေရိကန်သင်္ဘောပါ။

ယူအက်စ်အက်စ် ဆန်းပဆင့်ဟာ အင်ဒိုနီးရှားအစိုးရရဲ့ တောင်းဆိုချက်ကြောင့် ဒီဇင်ဘာ ၂၉ ရက်နေ့တည်းက အင်ဒိုနီးရှားကို ရောက်နေခဲ့ပါတယ်။

ဒီဗွီဘီ
အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဖို့ထ်ဝါ့သ်က ရေတပ် ရေငုပ်သမားတွေဟာ အင်ဒို နီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်ထဲ ပျက်ကျခဲ့တဲ့ အဲအေရှား လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း သေတ္တာနက် ကို ပင်လယ်ကြမ်းပြင်မှာ ရှာဖွေနေပါတယ်။

မြစ်ကြီးနား မနောပွဲကို ကချင်အဖွဲ့အချို့ သပိတ်မှောက်

Photo: မြစ်ကြီးနား မနောပွဲကို ကချင်အဖွဲ့အချို့ သပိတ်မှောက်
Tuesday, January 6, 2015

ကချင်လူမှု အဖွဲ့အစည်းများ ကန့်ကွက်နေသည့် ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မနောကွင်း၌ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က စတင်ကျင်းပလိုက်ပြီဟု မနောပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က မဇ္ဈိမကို ပြောသည်။

ယင်းမနောပွဲကို ကန့်ကွက်ထားသည့် ကချင်လူမှုအဖွဲ့အစည်းများကမူ မတက်ရောက်ဟု ယင်းအဖွဲ့များထံက သိရသည်။

“ကျွန်မတို့ ကန့်ကွက်တဲ့လူတွေ အားလုံးက မသွားပါဘူး။ အခုအခြေအနေနဲ့ မနောပွဲလုပ်တာ မသင့်လျော်ဘူးပေါ့နော်။ ဒီနေ့ ဖွင့်ပွဲမှာလည်း ဒေသခံ လူထုတွေ မတက်တလောက်ပဲ။ အရင်တုန်းကဆိုရင် လမ်းမကြီးတွေ ကြပ်နေတာပဲ။ ကတဲ့လူနဲ့ ကြည့်တယ်။ အခုဆိုရင် ကျွန်မသွားသွားလာလာကြည့်ရင် လေဟာပြင်မှာ ဒေသခံတွေလည်း မလာဘူးလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကနေတဲ့ လူတွေက သူတို့ ဖိတ်ထားတဲ့လူတွေပေါ့။ အစိုးရက ကျောင်းသားတွေကို ခေါ်ပြီးတော့ ကကြတယ်”ဟု ယခုနှစ် မနောပွဲကျင်းပခြင်းကို ကန့်ကွက်သူ တစ်ဦးဖြစ်သည့် ဆရာမ လနန်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

ယင်းမနောပွဲကို ပြည်နယ်အစိုးရက ပထမဆုံး အကြိမ်အဖြစ် ဦးစီးကျင်းပခြင်းဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကမူ တက်ရောက်ခြင်း ရှိမရှိကို မသိရသော်လည်း၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင်ကမူ မအားလပ်၍ တက်ရောက်ခြင်း မရှိဟု မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှေ့တွင် ဇန်နဝါရီ ၅ရက် နံနက် ၈ နာရီက ဘာသာရေး ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များက မနောကွင်းကို ဖွင့်လှစ်သည့် အနေဖြင့် ဆုတောင်းဝတ်ပြုမှု ပြုလုပ်ခဲ့ပြီး လူထု ၄၀၀ခန့် တက်ရောက်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၈ရက်တွင်မူ မနောကမည်ဟု ဦးလခရိလအောင်က ဆိုသည်။ မနောပွဲကို ဇန်နဝါရီ ၅ရက်မှ ၁၀ရက်အထိ ၆ရက်တာ ကျင်းပမည်ဖြစ်သည်။

နေ့လည်ပိုင်းတွင် အားကစားပွဲများ ရှိမည်ဖြစ်ကာ ညပိုင်းတွင်မူ ကချင်ရိုးရာ အကပဒေသာများ၊ ဖျော်ဖြေပွဲများရှိမည်ဖြစ်ကာ မနောကွင်း အတွင်း ဈေးဆိုင်ခန်းပေါင်း ၂၀၀ ခန့်လည်း ရောင်းချနေသည်။

“ဒီမနောပွဲက အစိုးရက မဖြစ်မနေ လုပ်ခိုင်းတယ်ဆိုပြီး ပြောနေတယ်။ တကယ်မနောပွဲ လုပ်တယ်ဆိုတာ အရင်က ၂၀၁၁ ကနေ ၆၃ ကြိမ် ပွဲမြောက်ရေးကော်မတီက ဆက်လက် တာဝန်ယူပြီး ၆၇ ကြိမ်ဆက်လက် တာဝန်ယူတာ ဖြစ်တယ်။ ဘယ်သူမှ မဖြစ်မနေ လုပ်ရမယ်ဆိုပြီး လုပ်ခိုင်းတာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အစည်းအဝေးလုပ်တဲ့အခါ ကချင်ပြည်နယ်နေ့ မနောပွဲလုပ်တဲ့အခါ မနောက ကတာကို လျော့ရအောင်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်”ဟု ဦးလခရိလအောင်က ပြောသည်။

ကချင်မနောပွဲသည် အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပေါင်းစည်းခြင်းဟူသော အဓိပ္ပါယ်ဆောင်သော်လည်း လက်ရှိပြည်နယ်အတွင်း အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO စစ်တပ်တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး နယ်မြေ အေးချမ်းတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် မနောပွဲ ကျင်းပရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလထိ ကချင်ဒေသခံ ပြည်သူလူထု တစ်သောင်းကျော် လက်မှတ်ရေးထိုး ကာ ပြည်နယ် အ စိုးရကို ကန့်ကွက်ခဲ့သော်လည်း ဆက်လက် ကျင်းပနေခြင်း ဖြစ်သည်။

ယခုနှစ် မနောပွဲ ကျင်းပရေးအတွက် ကျပ်သိန်း ၄၀၀၀ ကုန်ကျရန် လျာထားသည်ဟု ဦးလခရိလအောင်က ပြောသည်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့သည် အဆိုပါ မနောပွဲကို ကျင်းပရန် ၂၀၁၁ ခုနှစ် မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ကို ပြည်နယ်အစိုးရရုံးတွင် တာဝန်ပေးခဲ့ရာ ကချင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၆ ခုနှင့် သဘောထားကွဲပြားမှု ဖြစ်ပွားခဲ့သေးသည်။

မနောပွဲကို ၂၀၁၀ ခုနှစ်က နောက်ဆုံးအကြိမ် ကျင်းပခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အစိုးရနှင့် KIO တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ သဖြင့် လေးနှစ်ကြာ မနောပွဲ ကျင်းပနိုင်ခြင်း မရှိတော့ဘဲ ယခုနှစ်တွင် ပြည်နယ်အစိုးရက ဦးစီးကျင်းပခြင်း ဖြစ်သည်။

Mizzima - News in Burmese
ကချင်လူမှု အဖွဲ့အစည်းများ ကန့်ကွက်နေသည့် ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနော ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မနောကွင်း၌ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က စတင်ကျင်းပလိုက်ပြီဟု မနောပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က မဇ္ဈိမကို ပြောသည်။

ကျပ်၂၅သိန်းချီးမြှင့်မည့် ရန်ကုန်တိုင်းဒေသကြီး၏ အသန့်ရှင်းဆုံးမြို့နယ်ဆုကို ဇန်နဝါရီ ၇ရက်တွင် ချီးမြှင့်မည်

Photo: ကျပ်၂၅သိန်းချီးမြှင့်မည့် ရန်ကုန်တိုင်းဒေသကြီး၏ အသန့်ရှင်းဆုံးမြို့နယ်ဆုကို ဇန်နဝါရီ ၇ရက်တွင် ချီးမြှင့်မည်
Tuesday, January 6, 2015

ရန်ကုန်၊ ဇန်နဝါရီ ၅- ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃မြို့နယ်မှ အသန့်ရှင်းမြို့နယ်ဆုကိုဇန်နဝါရီ ၇ရက်တွင် ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပထမဆုံးပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ဆုပေးပွဲကိုလည်း မြို့တော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီးဆုကြေး ကို ကျပ်၂၅သိန်းထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

ယခုချီးမြှင့်မည့် ဆုငွေ၂၅သိန်းကိုလည်း ဆုရရှိမည့်မြို့နယ်မှစည်ပင် ဝန်ထမ်း များကို ပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းဆုပေးရခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှတာဝန်ရှိသူတစ်ဦးက ''အမှတ်ပေးစနစ်အချက် ၃ဝနဲ့ အဓိကထားပြီး အမှတ်ပေးထားတာဖြစ်ပါ တယ်။ နောက်ဆိုရင်အသန့် ရှင်းမြို့နယ်ဆုကို သုံးလတစ်ကြိမ် ချီးမြှင့်ပေး သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။

အသန့်ရှင်းမြို့နယ် ဆုပေးရသည့် ရည်ရွယ်ချက်မှာ ရန်ကုန်မြို့တော် နယ်နိမိတ် အတွင်းတွင်မြို့နယ်တစ်ခုချင်းအလိုက် အမှိုက်များကို စနစ်တကျနဲ့ စိစစ်ပြီး စွန့်ပစ်အမှိုက် ပုံတွေသန့်ရှင်းလာစေရန်အတွက် ယခုလို ဆုကိုချီးမြှင့်ရခြင်း
ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းဆပ်ကော်မတီမှမြို့နယ်များတွင် ဒီဇင်ဘာ ၁ဝရက်မှ စတင်၍ စစ်ဆေးကာ ပြည်သူလူထု ၏ သဘောထားကိုယူပြီး အမှတ်ဇယားဖြင့် အမှတ်ပေးထားကြောင်း သိရသည်။

TST
Democracytoday
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃မြို့နယ်မှ အသန့်ရှင်းမြို့နယ်ဆုကို ဇန်နဝါရီ ၇ရက်တွင် ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

အမြန်လမ်း ဖောက်လုပ်ခြင်းကြောင့် သိမ်းဆည်း ခဲ့သည့် လယ်မြေ ဧက (၃၀၀၀) ကျော် အတွက် လျော်ကြေး ပေးမည်

Photo: အမြန်လမ်း ဖောက်လုပ်ခြင်းကြောင့် သိမ်းဆည်း ခဲ့သည့် လယ်မြေ ဧက (၃၀၀၀) ကျော် အတွက် လျော်ကြေး ပေးမည်
Tuesday, January 6, 2015

ရန်ကုန်-မန္တလေး အမြန်လမ်း ဖောက်လပ်ခြင်းကြောင့် သိမ်းဆည်း ခဲ့သည့် လယ်ယာမြေ (၃၁၂၇ ဒသမ ၃) ဧက အတွက် လျော်ကြေးငွေ များအား လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အပြီးသတ် ပေးချေရန် စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။ ယင်းကဲ့သို့ ပေးလျော်ရာတွင် တိုင်းဒေသကြီး အလိုက် မြေ အမျိုးအစားပေါ် မူတည်၍ ဈေးနှုန်း သတ်မှတ် ပေးသည့် အတိုင်းပေးလျော် သွားမည် ဖြစ်ကြောင်း သိရ သည်။

အမြန်လမ်းမှာ ပါဝင်နေတဲ့ တောင်သူ လယ်သမားတွေရဲ့ မြေ အမျိုးအစား အလိုက် နစ်နာမှု မရှိအောင် စနစ်တကျ ကွင်းဆင်း စိစစ် ဆောင်ရွက် ပြီး နိုင်ငံတော်က ပေးချေ သွားမှာပါ ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အင်ဂျင်နီယာမှူး တစ်ဦးက ပြောသည်။ အမြန်လမ်း ဖောက်လုပ် မှုကြောင့် လျော်ကြေး ပေးချေရန် ကျန်ရှိ နေသော မြို့နယ် များမှာ လှည်းကူး မြို့နယ်တွင် လယ်မြေ (၅၀၆ ဒသမ ၁၈) ဧက၊ ဥယျာဉ်ခြံမြေ (၆၄၃ ဒသမ ၄၅) ဧက၊ အုတ်တွင်း မြို့နယ်တွင် လယ်မြေ (၇၇၃ ဒသမ ၉၇ ) ဧက၊ ယာမြေ (၂၉ ဒသမ ၀၉) ဧက၊ ဥယျာဉ် ခြံမြေ (၁၅၇ ဒသမ ၅၂ ) ဧက ကိုင်းမြေ (၈ ဒသမ ၇၃) ဧက၊ မြေလွတ် မြေရိုင်း (၁၆၈ ဒသမ ၇၅) ဧကတို့ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နေပြည်တော် ကောင်စီ နယ်မြေရှိ ဒကိ္ခဏသီရိ၊ ဥတ္တရသီရိ၊ လယ်ဝေး၊ တပ်ကုန်း မြို့နယ် တို့ရှိ လယ် (၄၆၈ ဒသမ ၂၉)၊ ဧက၊ ယာ (၁၃၇၇ ဒသမ ၇၅) ဧက တို့လည်း ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်က ဒီလို နစ်နာကြေး တွေကို ပေးလျော်နေတဲ့ အတွက် လမ်းနယ် အတွင်း ကျူးကျော် ၀င်ရောက် နေထိုင်မှုတွေ မပြုလုပ် ဖို့လည်း မေတ္တာ ရပ်ခံပါတယ် ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အင်ဂျင်နီယာမှူး တစ်ဦး က ဆိုသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတီ်္ထလာ၊ မလှိုင်၊ ၀မ်းတွင်း၊ နွားထိုးကြီး၊ တံတားဦး၊ အမရပူရနှင့် ပြည်ကြီး တံခွန် မြို့နယ် များမှ ပါဝင် သွားသော လယ် (၁၃၇၈ ဒသမ ၈၆) ဧက၊ ယာ (၃၂၄၇ ဒသမ ၆၈) ဧကနှင့် အခြားမြေ (၆၅၉ ဒသမ ၀၆) ဧက တို့ကိုလည်း နစ်နာကြေး ပေးလျော် သွားမည် ဖြစ်ကြောင်း သိရ သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်များ အတွင်း ကလည်း အမြန်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သော မြို့နယ်များမှ လယ်မြေ၊ ယာမြေ စုစုပေါင်း (၂၀ ဒသမ ၁၈) ဧကအတွက် ကျပ်သိန်း (၆၆ ဒသမ ၈၁) အား နစ်နာကြေး အဖြစ် ပေးလျော်ခဲ့ပြီး ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ထံမှ သိရသည်။ လက်ရှိ အမြန်လမ်း တစ်လျှောက်တွင် လမ်း နယ်နိမိတ်နှင့် မလွတ်ကင်းသည့် ကျူးကျော်တဲ များကို ဖယ်ရှားပေးရန် အကြောင်းကြားစာ ပေးပို့ ထားပြီး ဖြိုဖျက်ခြင်း မပြုပါက ဌာနမှ ဖြိုဖျက် သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal
ရန်ကုန်-မန္တလေး အမြန်လမ်း ဖောက်လပ်ခြင်းကြောင့် သိမ်းဆည်း ခဲ့သည့် လယ်ယာမြေ (၃၁၂၇ ဒသမ ၃) ဧက အတွက် လျော်ကြေးငွေ များအား လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အပြီးသတ် ပေးချေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။ ယင်းကဲ့သို့ ပေးလျော်ရာတွင် တိုင်းဒေသကြီး အလိုက် မြေ အမျိုးအစားပေါ် မူတည်၍ ဈေးနှုန်း သတ်မှတ် ပေးသည့် အတိုင်းပေးလျော် သွားမည် ဖြစ်ကြောင်း သိရ သည်။

အကြမ်းဖက် အဖွဲ့တစ်ခုမှ ၀ှက်ထားသော မိုင်းများ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က ရှာဖွေတွေ့ရှိ

Photo: အကြမ်းဖက် အဖွဲ့တစ်ခုမှ ၀ှက်ထားသော မိုင်းများ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က ရှာဖွေတွေ့ရှိ
Tuesday, January 6, 2015

အမည်မသိ အကြမ်းဖက် အဖွဲ့တစ်ခုမှ ၀ှက်ထားသော မိုင်း ၁၂ ခုကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းမိုင်းများကို နယ်စပ် မှတ်တိုင် ၄၉ အနီးတွင် ၀ှက်ထားခြင်း ဖြစ်ပြီး ရှာဖွေ တွေ့ရှိပြီးနောက် ယင်းမိုင်းများကို ဖျက်ဆီးပစ်မည်ဟု နတ်ချောင်းဆရီမြို့နယ် အမှတ် (၃၁) BGB တပ်ရင်းမှူး ဗိုလ်မှူးချုပ် ဟာဆန် မော်ချေး ချော်ဒူရီက ပြောသည်။

အကြမ်းဖက်အဖွဲ့ပိုင် ယင်းမိုင်းများအား ရွာသားများဝှက်ခိုင်းထားရာမှ ရှာဖွေ ဖမ်းမိသည်ဟု ဆိုသည်။

မိုင်းများအား တွေ့ရှိသော နေရာမှာ လန်းဘူးချာရီ နယ်စပ်တွင်ဟု ဆိုသည်။ ၎င်းဒေသသည် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို မြို့နယ်ခွဲနှင့် နီးစပ်သည်ဟု သိရသည်။

Narinjara
အမည်မသိ အကြမ်းဖက် အဖွဲ့တစ်ခုမှ ၀ှက်ထားသော မိုင်း ၁၂ ခုကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်း ရရှိသည်။

လက်ပံတောင်းစီမံကိန်းအရေး NLD အမတ် လွှတ်တော်တွင် တင်ပြမည်

Photo: လက်ပံတောင်းစီမံကိန်းအရေး NLD အမတ် လွှတ်တော်တွင် တင်ပြမည်
Tuesday, January 6, 2015

ဒေသခံတောင်သူတစ်ဦး သေဆုံးသည်အထိ ပဋိပက္ခကြီးမားလာနေသော လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းကို ဆက်လက် မလုပ်ဆောင်သင့်ကြောင်း မေးခွန်း (သို့မဟုတ်) အရေးကြီး အဆိုတစ်ရပ်ကို လာမည့် လွှတ်တော်သို့ တင်သွင်းမည်ဟု လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

“အဆို တင်သွင်းလို့ ရမရ ဆိုတာကတော့ လွှတ်တော်ဥက္ကဋ္ဌအပေါ်မှာ မူတည်တယ်။ ကျွန်မတို့ ဘက်ကတော့ လိုအပ်တယ်ဆိုရင် ၁၉ ရက်နေ့ စမယ့် လွှတ်တော်မှာ တင်သွင်းမယ်။ သူတို့အနေနဲ့ ခွင့်ပြုမယ်ဆိုရင်တော့ ကျွန်မတို့က ချက်ခြင်း ဆွေးနွေးသွားမှာပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်စမ်းလှိုင်က ပြောသည်။

လွှတ်တော်တွင် ဆွေးနွေးမည့် အချက်များကိုမူ အသေးစိတ် ရှင်းလင်းပြောဆိုခြင်း မရှိပေ။

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၊ တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော စီမံကိန်းတိုးချဲ့ရန်အတွက် မြေယာ ၁ ဧကလျှင် ၁၈ သိန်း လျော်ကြေးပေးမည့် ဝမ်ပေါင်၏ ကမ်းလှမ်းချက်ကို တောင်သူအများအပြားက လက်မခံသည့် အခြေအနေတွင် စီမံကိန်းတိုးချဲ့ရေးလုပ်ငန်းများ လုပ်ကိုင်စဉ် လုံခြုံရေးအဖွဲ့ဝင်များနှင့် ဒေသခံတို့ တောင်သူတို့ ဒီဇင်ဘာလ ၂၂ရက်နေ့က ထိပ်တိုက်တွေ့ခဲ့ပြီးနောက် တောင်သူမကြီးဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး ဒေသခံ ၁၀ ယောက်ခန့် ဒဏ်ရာ ရရှိခဲ့သည်။

၂၀၁၂ နှစ်ကုန်ပိုင်းက ထိုဒေသအတွင်း စီမံကိန်းဆန့်ကျင်သည့် သပိတ်စခန်းကို အာဏာပိုင်တို့ ဖြိုခွင်းစဉ် သံဃာတော်တချို့ မီးလောင်ဒဏ်ရာရသွားပြီးနောက် စီမံကိန်းက ပိုမို ထင်ရှားလာပြီး နောက်ပိုင်း သမ္မတရုံးက လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ထိုကော်မရှင်က ထုတ်ပြန်သည့် အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း စီမံကိန်းလုပ်ကိုင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်း အကောင်အထည်ဖေါ်ဆောင်ရေးကော်မတီတို့ လိုက်နာဆောင်ရွက်ခြင်း မရှိသည့် အချက်နှင့် ပတ်သက်ပြီး လွှတ်တော်တွင် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိကြောင်း ၎င်းကပြောသည်။

ပဋိပက္ခ တကျော့ပြန် ကြီးထွားလာပြီးချိန်တွင် လည်း ကော်မရှင်၏ အကြံပြုချက်များ လျစ်လျှူရှုခံထားရကြောင်း ဒီဇင်ဘာလတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ပဋိပက္ခများကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့မှုများအတွက် ဝမ်းနည်းကြောင်း စီမံကိန်းတွင် အဓိက ပါဝင်သည့် ကုမ္ပဏီများထဲမှ ဝမ်ပေါင်ကုမ္ပဏီ ထုတ်ဖော် ကြေညာခဲ့သည်။

ဦးပိုင်နှင့် ဝမ်ပေါင်တို့က စီမံကိန်းဒေသအတွင်း လမ်းပြင်ခြင်း၊ ရေကန် တူးဖော် ပြုပြင်ခြင်း၊ ရေသန့်စက် လှူဒါန်းခြင်းကဲ့သို့သော ပရဟိတ လုပ်ငန်းများ လုပ်ဆောင်သည်ဟု သိရကြောင်း စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် ရေးသားထားသည်။

The Yangon Globe
ဒေသခံတောင်သူတစ်ဦး သေဆုံးသည်အထိ ပဋိပက္ခကြီးမားလာနေသော လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းကို ဆက်လက် မလုပ်ဆောင်သင့်ကြောင်း မေးခွန်း (သို့မဟုတ်) အရေးကြီး အဆိုတစ်ရပ်ကို လာမည့် လွှတ်တော်သို့ တင်သွင်းမည်ဟု လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

KIA မှ အတင်းအကြပ် စစ်သင်တန်းတက်ခိုင်းသော ဒေသခံများ တာဝန် ထမ်းဆောင်လိုစိတ် မရှိသဖြင့် ထွက်ပြေးတိမ်းရှောင်

Photo: KIA မှ အတင်းအကြပ် စစ်သင်တန်းတက်ခိုင်းသော ဒေသခံများ တာဝန် ထမ်းဆောင်လိုစိတ် မရှိသဖြင့် ထွက်ပြေးတိမ်းရှောင်
Tuesday, January 6, 2015

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများ အတွင်း ရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ အတင်းအကြပ်စစ်သင် တန်း တက်ခိုင်းထားသော ဒေသခံများ သည် KIA အဖွဲ့ အတွင်း တာဝန် ထမ်းဆောင် လိုစိတ်မရှိသဖြင့် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောပြသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ မှော်နယ်မြေ/ကျေးရွာ/ရပ်ကွက်များအတွင်းနှင့် ကံဆီး၊ ကျောက်မှော်၊ မြစ်မှော်၊ လေးအိမ်စု၊ ပန်ဂျာကျေးရွာများတွင်ရှိသော KIA စစ်သင်တန်းတက်ရောက်ပြီးသော ရွာသားများ အား KIA အဖွဲ့မှ လိုက်လံဖမ်းဆီး ခေါ်ဆောင်နေကြောင်း ကျောက်မှော် ရွာသားတစ်ဦးထံမှ သိရသည်။

ယခုကဲ့သို့ လိုက်လံဖမ်းဆီးနေသော ဒေသခံများသည် ၎င်းတို့ ဆန္ဒအရ KIA မှဖွင့်လှစ်သော စစ်သင်တန်းကို တက်ရောက်ခြင်းမဟုတ်ဘဲ KIA အဖွဲ့မှ ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သောကြောင့် တက်ခဲ့ ရခြင်း ဖြစ် ကြောင်း KIA အဖွဲ့အတွင်း တာဝန်ထမ်းဆောင်လိုစိတ်မရှိသောကြောင့် ယခုကဲ့သို့ ထွက်ပြေး တိမ်းရှောင် နေရ ခြင်းဖြစ်ကြောင်း ထွက်ပြေးနေသော ကံဆီးဒေသခံတစ်ဦး ၏ ပြောပြချက် အရ သိရ သည်။

KIA အဖွဲ့မှ ယခုကဲ့သို့ လူအင်အားများ ပြန်လည် စုဆောင်းနေခြင်းကြောင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ် မိကြောင်းနှင့် မြစ်ကြီးနားမြို့တွင် မနေ့က စတင်ကျင်းပနေသော ကချင်ရိုးရာ မနောပွဲအား KIA အဖွဲ့လာရောက် နှောင့်ယှက်မည် ဆိုသောသတင်းနှင့် ဆက်စပ်နေသောကြောင့် မဖြစ်လာ ပါစေနဲ့လို့ ဆုတောင်းနေမိကြောင်း ဖားကန့်မြို့ခံ ကချင်အမျိုးသမီးတစ်ဦးမှလည်း ပြောကြားခဲ့ပါသည်။

ဇော်လတ်(ဖားကန့်)
Credit to KDN
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ ကချင် လွတ်မြောက် ရေး တပ်မတော်(KIA) အဖွဲ့မှ အတင်းအကြပ်စစ်သင် တန်း တက်ခိုင်းထားသော ဒေသခံများ သည် KIA အဖွဲ့အတွင်း တာဝန်ထမ်းဆောင်လိုစိတ်မရှိသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ကျေးရွာ အုပ်ချုပ် ရေးမှူး တစ်ဦးမှ ပြောပြသည်။

ရန်ကုန်တက္ကသိုလ်အတွင်း နိုင်ငံတကာအဆင့်မီပန်းဥယျာဉ်ကြီးတစ်ခု ပေါ်ပေါက် လာစေရေး Landscaping လုပ်ငန်းများကို ငွေကျပ်သိန်းပေါင်း ၁၅၀၀ ခန့် အသုံးပြုဆောင်ရွက်သွားမည်ဟုဆို

ရန်ကုန်တက္ကသိုလ်အတွင်း နိုင်ငံတကာအဆင့်မီ ပန်းဥယျာဉ်ကြီးတစ်ခုပေါ်ပေါက်လာစေရေး Landscaping လုပ်ငန်းများကို ငွေကျပ်သိန်းပေါင်း ၁၅၀၀ ခန့် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ၏ ပါမောက္ခ ချုပ် ဒေါက်တာအောင်သူက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် မကြာခင်ချုပ်ဆိုနိုင်တော့မည်

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး မျက်ခြည်မပြတ် ထိန်းသိမ်းကာကွယ်ရေး၊ ပြည်ထောင်စု တိုင်းရင်း သား အားလုံး ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲသိုက်မပျက်အတူတကွ ရာသက်ပန် ပူးပေါင်းနေထိုင်ရေး၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး ရေရှည် တည်တံ့သည့် စစ်မှန်သောထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝ သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြည်သူ့စွမ်းအားဖြင့် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးတည် ချက်များဖြင့် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် ဗိုလ်ရှုခံအခမ်း အနားကို ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ထိုအခမ်း အနားသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် KNU၊ KNU/KNLA(PC)၊ DKBA၊ UWSA၊ NDAA၊ NMSP၊ ALP၊ SSPP/SSA၊ RCSS/SSA၊ NSCN(K)၊ ABSDF ၊ PNLO တို့မှ အဖွဲ့ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

တရုတ်လူမျိုးများ ငှားရမ်းနေထိုင်သည့် အိမ်မှ အိမ်ဖော်အမျိုးသမီးကိုသတ်၍ ကျပ် သိန်းသုံးရာ ကျော် တန်ဖိုးရှိ ကျောက်ပုတီးစေ့ များ ယူဆောင်မှု စစ်ကိုင်း တွင် ဖြစ်ပွား

Photo: တရုတ်လူမျိုးများ ငှားရမ်းနေထိုင်သည့် အိမ်မှ အိမ်ဖော်အမျိုးသမီးကိုသတ်၍ ကျပ် သိန်းသုံးရာ ကျော် တန်ဖိုးရှိ ကျောက်ပုတီးစေ့ များ ယူဆောင်မှု စစ်ကိုင်း တွင် ဖြစ်ပွား
Tuesday, January 6, 2015

စစ်ကိုင်းမြို့ နန္ဒဝံရပ်ကွက် နန္ဒဝံတောင်(၁)လမ်း ရှိ တရုတ်နိုင်ငံမှ ကျောက်ပုတီး စေ့ ရောင်းဝယ်ရေး လုပ် ငန်းဆောင် ရွက် သူများငှားရမ်းနေထိုင်သည်ဟုဆို သော အိမ် တွင် အိမ်ဖော်အမျိုးသမီး တစ်ဦးအားသတ်၍ အိပ်ခန်းအတွင်းမှ ကျပ် ၃၂၁ သိန်းတန်ဖိုးရှိ ကျောက်  ပုတီးစေ့များ ယူဆောင်သွားမှုဖြစ်ရပ် တစ်ခု ဇန်နဝါရီ ၅ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

''ဒီအိမ်ကို တရုတ်လူမျိုးလေး ဦးငှားရမ်းနေထိုင်တာ တစ်နှစ်ခွဲ လောက်ရှိပြီ၊ သူတို့က စစ်ကိုင်းဘော် ဂါကျောက်ဝိုင်းမှာ ကျောက်ပုတီးစေ့ အရောင်းအဝယ်လာလုပ်နေကြတာ မနက်ခင်း စောစောကျောက် ဝိုင်းသွား တယ်။ ၁ဝနာရီလောက်မှာ ပြန်လာ တယ်။ ဒီအထဲ က နှစ်ယောက် က ဒီ ကနေတရုတ်ပြည်ပြန်မှာ ယူနန်ပြည် နယ်က လာရောက်နေထိုင်သူတွေ လို့ထင်ပါတယ်''ဟု အဆိုပါ တရုတ် များနှင့် ရင်းနှီးသူ ကျောက်ဝိုင်းမှ အ မျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ နေအိမ်တွင် နေထိုင် သူ များထဲမှ မဂျာဆိုင်ပန်(ခ) မမေ ရှမ်းသည် နံနက် ၆နာရီအချိန်တွင် အိမ်ဖော်ဖြစ်သူ နန္ဒဝန်ရပ်ကွက် အုတ်ဖိုကုန်းရပ် နန္ဒဝံတောင်(၁)လမ်းနေ ဒေါ်နှင်းနွယ် (ခ)မနှင်း အ သက် ၅၄နှစ်အား အပ်နှံ၍ ဘော်ဂါ ကျောက်ဝိုင်းပုတီးစေ့ဝိုင်းသို့ သွား ရောက်အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး နေအိမ်သို့ နံနက် ၉နာရီအချိန်တွင် ပြန်လာရာ အိမ်လှေခါးအဆင်းသမံ တလင်း ပေါ်တွင် မနှင်းနွယ်အား လည်ပင်း၌ ငါးလက်မခန့်ပြတ်ရှ၊ ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေ သည်ကို တွေ့ရှိသဖြင့် နေအိမ်အခန်း များကို စစ်ဆေးရာ အောက်ထပ် အဝင်တံခါးသော့များ ဖျက်ဆီး ခံရပြီး အိပ်ခန်းအတွင်း ကြမ်းပြင်တွင်ထား ရှိသော ပလတ်စတစ်အိတ်ဖြူဖြင့် ထည့်ထားသည့် ကျောက်ပုတီးစေ့ များ မရှိတော့သည်ကို တွေ့ရသည်။

''အိမ်မှာ ဒေါ်နှင်းနွယ်တစ်ယောက် တည်းရှိချိန်မှာဖြစ်တာဆိုတော့ ဒီမှာ တရုတ်လူမျိုးတွေ အရောင်းအဝယ် လုပ်တာသိတဲ့လူရဲ့ လက်ချက် လို့ တွက် ချက်ရမယ်ထင်တယ်၊ ဒီကလေးမ လေး ကတော့ ဓားစားခံ ဖြစ်သွားရရှာ တာပါ။ ပစ္စည်းလိုချင်တော့ လူသတ် မှုပါကျူးလွန်သွားတာနေမှာပါ၊ နန္ဒဝံ ရပ်ကွက်က တကယ်တော့အလွန်အေး ဆေးတဲ့ရပ်ကွက်ပါ၊ စီးပွားရေးကြောင့် ဖြစ်သွား တဲ့ကိစ္စပါဘဲ'' ဟု နန္ဒဝံတောင် (၁)လမ်းတွင် နေထိုင်သူအသက် ၇၀ အမျိုးသားကြီးတစ်ဦးက ပြောသည်။

လူသတ်ပစ္စည်းရယူသွားသူများ ထံ ၁၃ဆိုက် ကျောက်ပုတီးအလုံး ၁ဝဝဝပါလေးထုပ် တန်ဖိုးကျပ် ၂၁၆ သိန်းခန့်၊ ၁ဝဆိုက်ကျောက် ပုတီးစေ့ အလုံး ၁ဝဝဝဝပါတစ်ထုပ်တန်ဖိုး ကျပ်သိန်း ၇ဝခန့်၊ လေး၊ ငါးဆိုက် ကျောက်ပုတီးစေ့အလုံး ၃၅ဝဝဝလုံး ပါနှစ်ထုပ်တန်ဖိုးကျပ် ၃၅သိန်းခန့် စုစုပေါင်းကျပ် ၃၂၁သိန်းဖိုးခန့်ပျောက် ဆုံးခဲ့ရာ လူသေတွေ့မှုနှင့်ကျောက် ပုတီးစေ့ပျောက်ဆုံးမှုကို စစ်ကိုင်း မြို့ နယ်ရဲစခန်းမှ ပုဒ်မ(ပ)၉/၂၀၁၅ဖြင့်အ မှုဖွင့်၍ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂/ ၃၉၂ ဖြင့် တရားခံအမြန်ဆုံးဖော် ထုတ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေသည်။

DW
Democracy today

အခင်းဖြစ်ပွားရာအိမ်ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဒေါင်းဝင်း
အခင်းဖြစ်ပွားရာအိမ်ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဒေါင်းဝင်း
စစ်ကိုင်းမြို့ နန္ဒဝံရပ်ကွက် နန္ဒဝံတောင်(၁)လမ်း ရှိ တရုတ်နိုင်ငံမှ ကျောက်ပုတီး စေ့ ရောင်းဝယ်ရေး လုပ် ငန်းဆောင် ရွက် သူများငှားရမ်းနေထိုင်သည်ဟုဆို သော အိမ် တွင် အိမ်ဖော်အမျိုးသမီး တစ်ဦးအားသတ်၍ အိပ်ခန်းအတွင်းမှ ကျပ် ၃၂၁ သိန်းတန်ဖိုးရှိ ကျောက်  ပုတီးစေ့များ ယူဆောင်သွားမှုဖြစ်ရပ် တစ်ခု ဇန်နဝါရီ ၅ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဗိုလ်ချုပ်ရာပြည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးအောင်ဆန်းဦးပါ မိန့်ခွန်းပြောကြားရန် စီစဉ်ပေးထား

Photo: ဗိုလ်ချုပ်ရာပြည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးအောင်ဆန်းဦးပါ မိန့်ခွန်းပြောကြားရန် စီစဉ်ပေးထား
Tuesday, January 6, 2015

နတ်မောက်မြို့တွင် ပြု လုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းရာ ပြည့် အခမ်းအနား၌ သမီးငယ် ဒေါ်အောင်ဆန်းစုကြည်အပြင် သားကြီး ဦးအောင်ဆန်းဦးပါမိန့် ခွန်းပြောကြားမည့် အစီအစဉ် ထည့်သွင်းထားကြောင်း သတင်း ရရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဇာ တိနတ်မောက်မြို့တွင် ဖေဖော်ဝါ ရီ ၇ ရက်မှ စတင်ပြုလုပ်မည့် ရာပြည့်အခမ်းအနား၌ ဗိုလ်ချုပ် အောင်ဆန်း၏ သွေးသားရင်းများ ကိုယ်တိုင် အမှတ်တရ တက် ရောက်မိန့်ခွန်းပြောရန် အခမ်းအ နားဖြစ်မြောက်ရေး ကော်မတီက အစီအစဉ် ရေးဆွဲထားပြီးဖြစ် သည်ဟု အဆိုပါ ကော်မတီအ တွင်းရေးမှူး ဒေါက်တာစိုးမင်းက ပြောသည်။

‘‘ဦးအောင်ဆန်းဦး တက် ရောက် မိန့်ခွန်းပြောကြားဖို့ အစီအစဉ်ထည့်ထားပါတယ်။ မောင်နှမနှစ်ယောက်မှာ သူက အကြီးဖြစ်တာကြောင့် သူ့ကိုအ ရင်ပေးပြောပြီးနောက်မှ အငယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောဖို့ အစီအစဉ်ဆွဲထားတယ်’’ ဟု ဒေါက်တာ စိုးမင်းက ပြောသည်။

ဗိုလ်ချုပ် အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦးမှာ နိုင်ငံရေးလောကနှင့် ကင်းကွာ ပြီး လူထုနှင့်ဝေးကွာနေသူ ဖြစ်သည်။ ၎င်းကို နိုင်ငံတော်က ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားများတွင်သာ ရံဖန်ရံခါတက် ရောက်လာသည်ကိုတွေ့ရသည်။

ဦးအောင်ဆန်းဦးအနေဖြင့် အဆိုပါ အခမ်းအနားသို့ တက် ရောက်၍ အမှတ်တရ မိန့်ခွန်း ပြောကြားပါက ၎င်းအတွက် လူ ထုနှင့် ပထမဆုံးနီးစပ်စွာ တွေ့ဆုံမှုလည်း ဖြစ်လာဖွယ်ရှိသည်။

နတ်မောက်မြို့သူမြို့သား များဦးဆောင် ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနားသို့ ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်နိုင်ရန် ကော်မတီအဖွဲ့က ကြိုးစားနေသော်လည်း ယနေ့အထိ နှစ်ဦးစလုံးကတက်၊မတက်အတည် ပြုထားခြင်း မရှိသေးကြောင်း သ တင်းရရှိသည်။

‘‘ဦးအောင်ဆန်းဦးက ဒီအခမ်းအနားကို နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အခမ်းအနားတစ်ခုလို့ မြင်နေပုံရတယ်။ ဒီပွဲလုပ်တာ အင်န်အယ်လ်ဒီနဲ့ ဘာမှမဆိုင်ဘူးလို့လည်း ကျွန်တော်တို့ ရှင်းပြထားတယ်’’ဟု ဒေါက်တာစိုးမင်းက ပြောသည်။

ယခုအခါ ဦးအောင်ဆန်းဦး သည်အမေရိကန်နိုင်ငံသို့ ခေတ္တ ပြန်သွားပြီး အချိန်မီပြန်လည် တက်ရောက်ပေးနိုင်ရန် ၎င်း၏ ဆွေမျိုးများမှတစ်ဆင့် ဆက်သွယ် အကြောင်းကြားထားသည်ဟု ဆိုသည်။

‘‘ဒီလိုပွဲမျိုးက နောက်ထပ် ကျင်းပဖို့ မလွယ်ပါဘူး။ မှတ်မှတ် ရရ နှစ်(၁၀၀)ပြည့်မှာ သက်ရှိ ထင်ရှားရှိနေသေးတဲ့ ဗိုလ်ချုပ် မျိုးဆက်နှစ်ဦးစလုံး တက်ရောက် စေချင်ပါတယ်။ မောင်နှမနှစ် ယောက်စလုံးပြောတဲ့ မိန့်ခွန်းအမှတ်တရ စကားကြားချင်တယ်’’ဟု နတ်မောက်မြို့ခံတစ်ဦးက ပြောသည်။

7Day DAILY
နတ်မောက်မြို့တွင် ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနား၌ သမီးငယ်ဒေါ်အောင်ဆန်း စုကြည်အပြင် သားကြီး ဦးအောင်ဆန်းဦးပါမိန့် ခွန်းပြောကြားမည့် အစီအစဉ် ထည့်သွင်းထားကြောင်း သတင်း ရရှိသည်။

ပုပ်ရဟန်းမင်း တင်မြှောက်ခွင့်ရ အဖွဲ့ဝင်အဖြစ် မြန်မာကက်သလစ် ဘုန်းတော်ကြီး တစ်ပါး ရွေးချယ်ခံရ

Photo: ပုပ်ရဟန်းမင်း တင်မြှောက်ခွင့်ရ အဖွဲ့ဝင်အဖြစ် မြန်မာကက်သလစ် ဘုန်းတော်ကြီး တစ်ပါး ရွေးချယ်ခံရ
Tuesday, January 6, 2015

ပုပ်ရဟန်းမင်းကြီး ရာထူး အတွက် အဆိုပြုတင်မြှောက်ခွင့် ရှိသည့် ကက်သလစ် ဘုန်းတော် ကြီးအဖွဲ့ဝင်အဖြစ် အသစ်ရွေး ချယ် တင်မြှောက်ခံရသူများအ နက် မြန်မာနိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး ပါဝင် ကြောင်း သတင်း ရရှိသည်။

အာရှ၊ အာဖရိကနှင့် သမုဒ္ဒရာပိုင်းဒေသများ အပါ အဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သက် တော် (၈၀) အောက် ဘုန်းတော်ကြီး ၁၅ ပါးကို ပုပ်ရဟန်းမင်း ကြီးက ဖြည့်စွက်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဗာတီကန်နန်းတော်က အတည်ပြုကြေညာသည်။

National Catholic သတင်း ဌာန၏အဆိုအရ ပုပ်ရဟန်းမင်း ရာထူးအတွက် အဆိုပြုတင် မြှောက်ခွင့်ရဘုန်းတော်ကြီးအဖွဲ့ တွင် ယခင်က လုံးဝမပါဝင်ဖူး သည့် နိုင်ငံသုံးခုမှ ဘုန်းတော်ကြီး တစ်ပါးစီကို ရွေးချယ်ခဲ့ကြောင်း၊ ယင်းတို့မှာ ကိပ်ဗာဒီမှ ဘုန်းတော် ကြီး အာလင်ဒို ဂိုမက်စ်ဗာတာဒို၊ တွန်ဂါမှ ဘုန်းတော်ကြီးဆိုယာနီ ပါတီတာပိုင်နီမာဖီနှင့် မြန်မာ နိုင်ငံမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (ဦး)ချားလ်မောင်ဘိုတို့ ဖြစ်ကြ ကြောင်း သိရှိရသည်။

ပုပ်ရဟန်းမင်းကြီး ရွေးချယ် သော အခြားအဖွဲ့ဝင် ဘုန်းတော် ကြီးများမှာ ပေါ်တူဂီ၊ အီတလီ၊ မက္ကဆီကို၊ ဥရုဂွေး၊ စပိန်၊ ပနား မား၊ နယူးဇီလန်၊ ထိုင်း၊ ဗီယက်နမ်နှင့် အီသီယိုးပီးယားနိုင်ငံများမှ ဖြစ်သည်။ ရွေးချယ်ခံဘုန်းတော် ကြီးများအနက် ဗာတီကန်နန်း တော်၏ လုပ်ထုံးလုပ်နည်းများ နှင့် အကျွမ်းတဝင် အတွေ့အကြုံ ရှိသူဟူ၍ မော်ရိုကိုမှ ဒေါမနစ် မမ်ဘာတီတစ်ဦးတည်းသာ ပါဝင် လာခဲ့သည်။

နှစ်ပေါင်း ၅၀၀ အတွင်း ပထမဆုံး(ကာဒီနယ်)အတိုင်ပင်ခံရဟန်းအမတ်အဖြစ် မြန်မာနိုင်ငံမှ ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်မောင်ဘို ရွေး ချယ်ခံရကြောင်း ကက်သလစ် ဆရာတော်ကြီး အဖွဲ့ချုပ် အမှု ဆောင်အတွင်းရေးမှူး Morisညွန့် ဝေကမိန့်သည်။

‘‘အင်မတန်မှ ဂုဏ်ယူပါ တယ်။ မြန်မာနိုင်ငံသားရွေးချယ် ခံရတာ။ ဟိုအရင်သတင်းတွေ ထွက်တာရှိတယ်။ ကာဒီနယ်ဆို တာ ကက်သလစ်ဂိုဏ်းမှာ အဆင့် မြင့်ပိုင်းမှာရှိတယ်။ မြန်မာတစ်ပြည်လုံးတင်မကဘူး။ ကမ္ဘာတစ်ခုလုံးမှာအရေးပါတဲ့တာဝန်ရှိသူဖြစ် သွားတာ’’ဟု မြန်မာနိုင်ငံဓမ္မတက္က သိုလ် ပါမောက္ခ နှစ်ခြင်းဆရာ တော်စောလှိုင်ဘွားက ၀မ်းမြောက်စကားဆိုသည်။

 ဆရာတော်ကြီး ချားလ် မောင်ဘိုသည် ၁၉၄၈ခုနှစ်က မန္တ လေးတိုင်း ရွှေဘိုခရိုင်၊မုံလာရွာ တွင် မွေးဖွားခဲ့ပြီး ၁၉၉၆ခုနှစ်တွင် ရဟန်းဖြစ်ကာ ၂၀၀၃ခုနှစ်မှစ၍ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာခြင်းဖြစ်သည်။

ဗာတီကန် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဘုန်းတော်ကြီး ဖက်ဒရေကို လွမ်ဘာဒီက ပုပ်ရဟန်းမင်း ကြီးသည် ယခုရွေးချယ်မှုတွင် အာရှနှင့် အာဖရိကဒေသမှ ဘုန်း တော်ကြီးများကို အဓိကဦးစား ပေးခဲ့ပြီး ကက်သလစ်ခရစ်ယာန် ဘာသာ ကောင်းစွာပျံ့နှံ့ထွန်းကား ပြီးဖြစ်သည့် မြောက်အမေရိက ဒေသကို ချန်လှပ်ထားခဲ့ကြောင်း ဆိုသည်။

အဆိုပါ ဘုန်းတော်ကြီး ၁၅ ပါးအပြင် သက်တော်(၈၀)အထက် ဘုန်းတော်ကြီးငါးပါးကို လည်း တင်မြှောက်ရေးအဖွဲ့ဝင် များအဖြစ် သီးခြားရွေးချယ်ခဲ့ရာ အာဂျင်တီးနား၊ ကိုလံဘီယာနှင့် မိုဇင်ဘစ်နိုင်ငံများမှ ပါဝင်ခဲ့ကြ သည်။ သို့သော်လည်း အဆိုပါ ဘုန်းတော်ကြီးများမှာမူ ပုပ်ရ ဟန်းမင်း ရွေးကောက်တင် မြှောက်မှုတွင် အသက်ကန့်သတ် ချက်ကြောင့် မဲပေးခွင့်ရမည် မဟုတ်ချေ။

အသစ်ရွေးချယ်ခံရသော ဘုန်းတော်ကြီးများသည် ဖေဖော် ဝါရီ ၁၄ ရက်တွင် ဗာတီကန်ရှိ ပုပ်ရဟန်းမင်းရွေးချယ်ရေး အဖွဲ့ဝင်များနှင့် စတင်ပူးပေါင်း တာဝန်ထမ်းဆောင်မည်ဖြစ် သည်။

၎င်းတို့သည် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်၏ နေရာကို ဆက်ခံမည့် ပုဂ္ဂိုလ်အတွက် မဲပေး တင်မြှောက်ခွင့်ရှိမည်ဟု သိရ သည်။

ပုပ်ရဟန်းမင်း ရာထူးရွေး ချယ်တင်မြှောက်ရေးအဖွဲ့တွင် မဲပေးခွင့်ရဘုန်းတော်ကြီး အပါး ၁၂၀ ပါဝင်ပြီး ကမ္ဘာ့ကက်သလစ် ဘာသာဝင် စုစုပေါင်း၏ ၂၄ ရာခိုင် နှုန်းရှိနေသည့် ဥရောပတိုက်မှ ၅၇ ပါးနှင့် ကမ္ဘာ့ကက်သလစ် ဘာသာဝင်စုစုပေါင်း၏ ထက် ဝက်မျှရှိနေသည့် လက်တင်အမေ ရိကမှ ၂၁ ပါးတို့လည်း ပါဝင်ကြ သည်။   Ref: The Irish Times     

(ထားထားမြင့်၊ ဇွဲရဲဝင့်၊ ဇေနွေထွန်း)
7Day DAILY 

မြန်မာနိုင်ငံမှ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး (ဦး)ချားလ်မောင်ဘို(ထိုင်နေသူ) (ဓာတ်ပုံ − အေပီ)
မြန်မာနိုင်ငံမှ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး (ဦး)ချားလ်မောင်ဘို(ထိုင်နေသူ) (ဓာတ်ပုံ − အေပီ) 
ပုပ်ရဟန်းမင်းကြီးရာထူးအတွက် အဆိုပြုတင်မြှောက်ခွင့်ရှိသည့် ကက်သလစ် ဘုန်းတော် ကြီးအဖွဲ့ဝင် အဖြစ် အသစ်ရွေး ချယ် တင်မြှောက်ခံရသူများအ နက် မြန်မာနိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး ပါဝင် ကြောင်း သတင်း ရရှိသည်။

ဝါရှင်တန် ထိုင်ဝမ်ကိုယ်စားလှယ်ရုံး အလံတင်မှု တရုတ်ကန့်ကွက်


Photo: ဝါရှင်တန် ထိုင်ဝမ်ကိုယ်စားလှယ်ရုံး အလံတင်မှု တရုတ်ကန့်ကွက်
Tuesday, January 6, 2015

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာရှိတဲ့ တရားဝင်မဟုတ်တဲ့ ထိုင်ဝမ်သံရုံးက နှစ်သစ်ကူးနေ့မှာ ထိုင်ဝမ်အလံကို လွှင့်ထူလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ One China Policy လို့ခေါ်တဲ့ တရုတ်တနိုင်ငံတည်းရှိရေး မူဝါဒကို လေးစားလိုက်နာဖို့ တရုတ်အစိုးရက တနင်္လာနေ့မှာ ကန့်ကွက်ရှုတ်ချ လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း တရုတ်နိုင်ငံတခုတည်းကိုယ်စားပြုမှုနဲ့ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တဲ့ အဲဒီအလံတင်အခမ်းအနားကို တရုတ်နိုင်ငံအနေနဲ့ အပြင်းအထန်ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဟွာချုံယင်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်အဖြစ် အသိအမှတ်ပြုထားရာက ၁၉၇၉ ခုနှစ်မှာ တရုတ်ပြည်မကြီးကိုပြောင်းလဲ အသိအမှတ်ပြုထားခဲ့ပြီးနောက်ပိုင်း ၃၆ နှစ်အတွင်း ထိုင်ဝမ်သံရုံးအနေနဲ့ သူတို့အလံကို ပထမအကြိမ် လွှင့်ထူခြင်းဖြစ်ကြောင်း ထိုင်ဝမ်အခြေစိုက် China Post သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

VOA

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာရှိတဲ့ တရားဝင်မဟုတ်တဲ့ ထိုင်ဝမ်သံရုံးက နှစ်သစ်ကူးနေ့မှာ ထိုင်ဝမ်အလံကို လွှင့်ထူလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ One China Policy လို့ခေါ်တဲ့ တရုတ်တနိုင်ငံတည်းရှိရေး မူဝါဒကို လေးစားလိုက်နာဖို့ တရုတ်အစိုးရက တနင်္လာနေ့မှာ ကန့်ကွက်ရှုတ်ချ လိုက်ပါတယ်။

ကချင်ပြည်နယ်နေ့ မနောပွဲ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်

Photo: ကချင်ပြည်နယ်နေ့ မနောပွဲ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်
Tuesday, January 6, 2015

၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနှစ် မနောပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့ မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က RFA ကိုပြောပါတယ်။

"ဒီကချင်ပြည်နယ်နေ့မှာ မနောပွဲ ပြန်ပြီးထည့်ပေးရတာ ကျနော်တို့ပြည်နယ်ထဲ ပြန်ပြီးငြိမ်းချမ်းလာပါစေ၊ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဆွေးနွေးတဲ့အခါ အမှန်တကယ်ပဲ နားလည်မှုရှိပြီး ကျနော်တို့ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲကို ကောင်းမွန်တဲ့စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ကြပါစေ၊ ဆွေးနွေးနိုင်ကြပါစေလို့ ကျနော်တို့ ပြည်သူတစ်ရပ်လုံးလည်း ဘုရားသခင်ဆီက တောင်းခံတဲ့အနေနဲ့လည်း ပြုလုပ်ခြင်းဖြစ်ပါတယ်"

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကေအိုင်အိုအဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် မနောပွဲကို ၃ နှစ်ကြာ မကျင်းပနိုင်ခဲ့ဘဲ ဒီနှစ်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပတာပါ။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် ဒီနှစ်မနောပွဲကိုမကျင်းပဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက လက်မှတ်တွေစုဆောင်းပြီး ကချင်ပြည်နယ်အစိုးရထံ တင်ပြခဲ့ကြပါတယ်။

မနောပွဲကို တက်ရောက်ဖို့အတွက် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရ၊ နိုင်ငံခြားသံတမန်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဗဟိုကော်မတီကိုလည်း တရားဝင်ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။

ပွဲတော်ကာလအတွင်းမှာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲ၊ အားကစားပြိုင်ပွဲတွေနဲ့အတူ ကုန်စည်ပြပွဲတွေကိုလည်း ထည့်သွင်းထားပါတယ်။

မနောပွဲတော်ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တဲ့ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။

RFA
၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

၂၀၁၅ ကိုယ်စားလှယ်လောင်းများစာရင်း ရခိုင်အမျိုးသားပါတီ လာမည့်ဇွန်လတွင် ထုတ်ပြန်မည်

၂၀၁၅အထွေထွေရွေး ကောက်ပွဲတွင် ရခိုင်အမျိုးသားပါ တီကိုယ်စားပြု ၀င်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စား လှယ်လောင်း များစာရင်းများကိုလာမည့်ဇွန် လတွင် ထုတ်ပြန်ကြေညာမည်ဖြစ် ကြောင်း သတင်းရရှိသည်။ လာမည့် အထွေထွေရွေး ကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးအပြင်အခြား သော ဒေသများရှိ ရခိုင်တိုင်းရင်း သားအများစုနေထိုင်ရာမဲဆန္ဒ နယ်များတွင် လည်း ပါတီက ၀င် ရောက်ယှဉ်ပြိုင် သွားမည်ဖြစ် သည်ဟု ရခိုင်အမျိုးသား ပါတီအ ထွေထွေအတွင်းရေးမှူးဦးထွန်း အောင်ကျော်ကဆိုသည်။

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာပြည်လာမည်

Photo: ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာပြည်လာမည်
Tuesday, January 6, 2015

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေကို သုံးသပ်လေ့လာဖို့အတွက် အခုလာမယ့် ဇန်န၀ါရီ ၇ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေအခြေအနေ တိုးတက်မှု ရှိမရှိဆိုတာကို သုံးသပ်မှာဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းက လူနည်းစုလူမျိုးတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာသုံးသပ်ဖို့လာရောက်မှာဖြစ်တယ်လို့ Ms. Yanhee Lee က ပြောဆိုတဲ့အကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန် ပါတယ်။ ခရီးစဉ်အတွင်းမှာပဲ ရခိုင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ရှိပြီး လူမှုအသိုင်းအဝိုင်းတွေအကြား တင်းမာမှု ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အဲဒီ လူမှုအသိုင်းအဝိုင်း အကြီးအကဲတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း ပြောဆိုဆွေးနွေးသွားမယ်လို့ Ms. Yanhee Lee က ပြောပါ တယ်။ ဒါ့အပြင် လူမျိုး ဘာသာ ကာကွယ်ဖို့ဆိုတဲ့ မျိုးစောင့်ဥပဒေမူကြမ်း လေးရပ် အပေါ်မှာလည်း ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ မပြည့်တဲ့ အချက်တွေအပေါ်မှာလည်း အလေးပေးဆွေးနွေးဖို့ရှိပါတယ်။ ဒီ ဥပဒေကြမ်းတွေကို အတည်ပြုလိုက်မယ်ဆိုရင် ဒါဟာ လူနည်းစု ဘာသာဝင်တွေ၊ လူနည်းစု လူမျိုးတွေ အပေါ် ခွဲခြားဆက်ဆံမှုဖြစ်လာစေနဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု ဖြစ် လာစေနိုင်တာမို့ ဒီအပေါ်မှာ အထူးပဲ စိုးရိမ်မကင်းရှိနေတယ်လို့လည်း Ms. Yanhee Lee က ပြောတဲ့အကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၁၀ ရက်ကြာမယ့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာပဲ အခြားသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတဖို့ကိစ္စတွေအပေါ် အာဏာပိုင်တွေ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိပါတယ်။ အခု ခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ဒီ ၂၀၁၅ ခုနှစ် ဧပြီလထဲလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံကို အခုတခေါက်ဆိုရင် ဒုတိယအကြိမ်မြောက် လာရောက်မှာဖြစ်ပါတယ်။

VOA
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မြန်မာနိုင်ငံ တွင်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေကို သုံးသပ်လေ့လာဖို့အတွက် အခုလာမယ့် ဇန်န၀ါရီ ၇ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။

တောင်သူဒေါ်ခင်ဝင်း သေဆုံးမှု လူ့အခွင့်အရေးကော်မရှင် အစီရင်ခံဖို့ ပြင်ဆင်

Photo: တောင်သူဒေါ်ခင်ဝင်း သေဆုံးမှု လူ့အခွင့်အရေးကော်မရှင် အစီရင်ခံဖို့ ပြင်ဆင်
Tuesday, January 6, 2015

စစ်ကိုင်းတိုင်းအတွင်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေး ဒေသခံပြည်သူနဲ့ရဲလုံခြုံရေးတွေကြား ပဋိပက္ခအတွင်း သေနတ်ဒဏ်ရာနဲ့ သေဆုံး ခဲ့ရတဲ့ ဒေါ်ခင်ဝင်းအမှုကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ ကွင်းဆင်းစုံစမ်းမှု အဆုံးသတ်ပြီဖြစ်ပြီး နိုင်ငံတော်သမ္မတကို တင်ပြတော့မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သေဆုံးသူဒေါ်ခင်ဝင်းအမှု မျှတတဲ့တရားစီရင်မှုရစေဖို့ ရဲစခန်းမှာ အမှုဖွင့်ထားသလို ပုဒ်မ ၁၄၄ ချိုးဖောက်မှု ခြံစည်းရိုးဖျက်မှုအပါအဝင် ပုဒ်မမျိုးစုံနဲ့တရားစွဲခံနေရတဲ့ လက်ပံတောင်း တောင်သူချို့ရဲ့အမှုတွေကို မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့ကလည်း ဆောင်ရွက်နေပါတယ်။ လက်ပံတောင်းတောင်အရေး ဆန္ဒပြသူအချို့လည်း ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အခြေအနေအသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း လျော်ကြေးမယူထားတဲ့ တောင်သူ လယ်သမားတွေရဲ့ လယ်မြေကို ခြံစည်းရိုးခတ်တဲ့အပေါ် ဒေသခံပြည်သူတွေက တားဆီးကြရင်းရဲလုံခြုံရေးတွေနဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ တင်းမာမှုတွေဖြစ်ချိန် ဦးခေါင်းမှာ သေနတ်ဒဏ်ရာရပြီးတော့ မိုးကြိုးပြင်ရွာသူ တောင်သူဒေါ်ခင်ဝင်းသေဆုံးခဲ့ရတာပါ။ ဒီအမှုနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း ရှိ-မရှိ အထူးစုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ကွင်းဆင်းသက်သေစစ်ဆေးချက် ယူခဲ့တာ ဇန်နဝါရီလ (၃) ရက်နေ့မှာ အဆုံးသတ်ပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်ကပြောပါတယ်။

“ကျနော်တို့ကော်မရှင်ကတော့ အဖွဲ့တဖွဲ့လွှတ်ပြီး စုံစမ်းစစ်ဆေးတာပေါ့ဗျာ။ စုံစမ်းစစ်ဆေးတဲ့အဖွဲ့ကတော့ ကျနော်တို့သိသလောက် ၃ ရက်နေ့မှာပြီးသွားပြီလေ။ စစ်တာကတော့ ဦးဇော်ဝင်း၊ နောက် ဒေါက်တာဉာဏ်ဇော်၊ ဦးစိုးဖုန်းမြင့်တို့ သုံးဦး၊ ကျနော်တို့ ကော်မရှင်လူကြီးသုံးဦး။ သူတို့ဖွဲ့ပြီးတော့သွားစစ်တာပါ။ အဓိကကတော့ ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ပတ်သက်လို့ ဘယ်လိုဖြစ်ပွားသလဲ၊ လူ့အခွင့်အရေး ထိခိုက်နစ်နာမှု ရှိသလားဆိုတဲ့အချက်ကို စစ်ဆေးတာပါ။”

လူ့အခွင့်အရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးချက်တွေကို နိုင်ငံတော်သမ္မတထံ သမ္မတရုံးကတဆင့် တင်ပြအစီရင်ခံမှာဖြစ်ပြီး အများပြည်သူ သိရှိနိုင်အောင် သတင်းထုတ်ပြန်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဒုဥက္ကဋ္ဌက ပြောပါတယ်။

“ကွင်းဆင်းစစ်ဆေးတာတွေကိုတော့ နိုင်ငံတော် သမ္မတရုံးကို တင်ပြပါမယ်။ ပြီးရင် ကျနော်တို့ရဲ့အင်တာနက်ကနေပြီးတော့ ပြည်သူကိုလည်း ကျနော်တို့ သတင်းထုတ်ပြန်ပါမယ်။”

ဒီလိုလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုအဆုံးသတ်တဲ့နေ့ဇန်နဝါရီ (၃)ရက်နေ့မှာ ဒေါ်ခင်ဝင်းအမှုကို ဆားလင်းကြီးရဲစခန်းမှာ သက်ဆိုင်ရာ မိသားစုက အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။ ဒီအမှုကို ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့က ရှေ့နေကြီး ဦးသိန်းသန်းဦးက တိုင်ကြားမှုရဲ့နောက်ဆုံးအခြေအနေ အခုလိုရှင်းပြပါတယ်။

“နောက်ဆုံးအခြေအနေထိကတော့ ကျနော်တို့ကို အကြောင်းမကြားသေးပါဘူး။ ဒါပေမယ့် အဖြေပေးရမှာပါ။ မပေးလို့မရဘူးလေ။ ဒေါ်ခင်မာအေးက တရားလိုလုပ်ပီးတော့ ဖွင့်တာပေါ့။ လူသတ်မှုနဲ့ဖွင့်တာ။ ကျနော်တို့က သေမှုသေခင်းလို့ ပြောရအောင်က ဘယ်သူသတ်လို့သတ်မှန်းမသိတဲ့ အနေအထားမျိုး မဟုတ်ဘူးလေ။ ….. အခုဟာက သေနတ်နဲ့ပစ်သတ်တာ မြင်နေရတာကို။ ဘယ်သူတွေပစ်တယ်ဆိုတာလည်း ရွာသားတွေ မြင်တဲ့ သက်သေအထောက်အထားတွေရှိတော့ ဒါတွေ စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတာပေါ့။ ပြည်သူတယောက်ကပထမသတင်းတရပ် ဖွင့်လှစ်တယ်ဆိုရင် အဲဒီ --- ကို ဖွင့်ပေးရမှာပဲ။ ဒီတိုင်ချက်အတိုင်း စုံစမ်းစစ်ဆေးဖို့ လိုတယ်၊ မလိုဘူးဆိုတာက နောက်တပိုင်းပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ကတော့ ရွာသားတွေဆီက ထွက်ချက်တွေကို စုစည်းပြီးတော့ သူတို့ဖြစ်ချင်တဲ့ သူတို့ဆန္ဒအတိုင်း ကျနော်တို့က တင်ပေးလိုက်တာပဲ။ သူ့ခေါ်စစ်ရင်လည်း အမှန်တိုင်း အကုန်ပြောနိုင်ပါတယ်။ အဲဒိအမကြီးက။”

မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ဥပဒေအကျိုးဆောင်ရှေ့နေတွေဟာ ဇန်နဝါရီလ ၃ ရက်နေ့က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနယ်မြေ အနီးက မိုးကြိုးပြင်ရွာနဲ့ ဆည်တဲရွာနဲ့ အနီးနားကရွာတွေကသူတွေဆီ သွားရောက်ခဲ့ပြီး ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေ ကို စုံစမ်းမေးမြန်းခဲ့ပြီး မျက်မြင် သက်သေတွေ အပေါ်စစ်ဆေးချက်တွေနဲ့ လုံလောက်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း စုဆောင်းထားရှိတယ်လို့ ဦးသိန်းသန်းဦးက ရှင်းပြပါတယ်။

“သူတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဥပဒေကြောင်းအရ ဆက်သွားစရာတွေ ပြင်ပြီးသားပါ။ ကျနော်တို့မှာ အထောက်အထားတွေ ရှိပါတယ်။ ရာနဲ့ချီတဲ့ မျက်မြင်သက်သေတွေ ရှိပါတယ်။ ဆရာဝန်ဆေးစစ်ချက်တွေရှိတယ်။ ဒဏ်ရာရတာကို ပစ်ထားတာ၊ ဘယ်လို လုပ်ကိုင်ဆောင်ရွက်တာ လက်ကိုင်ဖုန်းနဲ့ရိုက်ထားတဲ့ ဗွီဒီယိုမှတ်တမ်းတွေ ရှိတယ်၊ ဓာတ်ပုံတွေရှိတယ်။”

ဒေါ်ခင်ဝင်းအမှုအပြင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေ ခြံစည်းရိုးခတ်ထားတာကို ဖျက်ဆီးမှုအပါအဝင် ပုဒ်မ ၁၄၄ ချိုးဖောက်မှုစတဲ့ အမှုပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ဒေသခံပြည်သူတွေရဲ့ အမှုတွေကိုလည်း လိုက်လံဆောင်ရွက်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ပြောပါတယ်။

“တရုတ်ကုမ္ပဏီကနေပြီး ရွာသားတွေ သံဆူးကြိုးခိုးတယ်ဆိုပြီးတော့ တရားစွဲထားတာ ၇၀ ကျော် ရှိတယ်။ အဲဒါလည်း ပြည်သူလူထုဘက်က ကာကွယ်ပြီးတော့ ကျနော်တို့လိုက်မှာပါ။ နောက်ထပ် သူတို့ မတရားစွဲအုံးမှာတွေ အများကြီးပဲ။ အဲဒါတွေအတွက်လိုက်မယ်။ တဘက်က ခုနက လူသတ်မှုနဲ့ပတ်သက်တဲ့အပိုင်းကို ကျနော်တို့ ပံ့ပိုးမယ်။ ပြီးတော့ ပြည်သူတွေရဲ့နစ်နာမှုအတွက် ကုစားနိုင်တာတွေ ရသမျှ နစ်နာကြေးတောင်းတာတို့၊ နောက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးဗျ။ အဲဒါကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဆက်တက်မလို့။”

အခုလို လက်ပံတောင်းတောင်အရေး ဒေသခံပြည်သူတွေနဲ့ ရဲလုံခြုံရေးကြား တင်းမာမှုတွေဖြစ်နေချိန်မှာပဲ ဒေသခံပြည်သူတွေနဲ့အတူ ဆန္ဒတူ တက်ကြွ လှုပ်ရှားသူတွေက ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာလည်း ဆန့်ကျင်ဆန္ဒပြပွဲတွေပြုလုပ်နေချိန်ဖြစ်ပါတယ် ဒီဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ တက်ကြွလှုပ်ရှားသူအချို့လည်း ဖမ်းဆီးထိန်းသိမ်းခံနေရသလို အာဏာပိုင်တွေဘက်က လိုက်လံဖမ်းဆီးမှုရှိလို့ တိမ်းရှောင်နေရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

VOA
စစ်ကိုင်းတိုင်းအတွင်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေး ဒေသခံပြည်သူနဲ့ရဲလုံခြုံရေးတွေကြား ပဋိပက္ခအတွင်း သေနတ်ဒဏ်ရာနဲ့ သေဆုံး ခဲ့ရတဲ့ ဒေါ်ခင်ဝင်းအမှုကို မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ရဲ့ ကွင်းဆင်းစုံစမ်းမှု အဆုံးသတ်ပြီဖြစ်ပြီး နိုင်ငံတော်သမ္မတကို တင်ပြတော့မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သေဆုံးသူဒေါ်ခင်ဝင်းအမှု မျှတတဲ့တရားစီရင်မှုရစေဖို့ ရဲစခန်းမှာ အမှုဖွင့်ထားသလို ပုဒ်မ ၁၄၄ ချိုးဖောက်မှု ခြံစည်းရိုးဖျက်မှုအပါအဝင် ပုဒ်မမျိုးစုံနဲ့တရားစွဲခံနေရတဲ့ လက်ပံတောင်း တောင်သူ ချို့ရဲ့ အမှုတွေကို မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့ကလည်း ဆောင်ရွက်နေပါတယ်။ လက်ပံတောင်း တောင်အရေး ဆန္ဒပြသူအချို့လည်း ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အခြေအနေအသေးစိတ်ကို ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

နိုင်ငံတော် ကာ ကွယ် ရေးနှင့် နယ် မြေ ဒေ သ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပေးဆပ်မှု၊ တာဝန် ထမ်းဆောင်မှုများကိုလည်း များစွာ တန်ဖိုးထား ဂုဏ်ယူ

ကမ္ဘာ့နိုင်ငံများသည် မိမိနိုင်ငံ၏ စည်းလုံး ညီညွတ်မှုနှင့် စွမ်းရည်၊ စွမ်းပကားတို့အား နိုင်ငံသူ၊ နိုင်ငံသားများ သိရှိစေရန်၊ ကမ္ဘာက သိရှိစေရန် ထုတ်ဖော်ပြသ လေ့ရှိပါ ကြောင်း၊ မိမိနိုင်ငံ တွင်လည်း ယခင်က ဗိုလ်ရှုခံ အခမ်းအနားများကို ကျင်းပ ခဲ့ကြောင်း၊ ၁၉၆၂ခုနှစ်မှ စတင်၍ နှစ်ပေါင်း ၅ဝကျော် အကြောင်း အမျိုးမျိုးကြောင့် ပြုလုပ် နိုင်ခြင်း မရှိခဲ့သည့် ဗိုလ်ရှုသဘင် အခမ်းအနားကြီးအား ၂ဝ၁၅ ခုနှစ်၊ (၆၇)နှစ်မြောက် လွတ်လပ်ရေး နေ့တွင် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် ခဲ့ကြပါကြောင်း၊ နိုင်ငံတော်၏ ဦးသျှောင် သမ္မတကြီးအား တပ်မတော်နှင့် ကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၊ ဝန်ထမ်းများ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ ကိုယ်စား လှယ်များ၊ လူမှုရေးအသင်း အဖွဲ့များမှ ဂါရဝပြုသည့် အခမ်းအနားသို့ တပ်မတော် နှင့်အတူ ကိုယ်ပွား အဖွဲ့အစည်းများ ဖြစ်သည့် Border Guard Force များ၊ ပြည်သူ့စစ် ကိုယ်စားလှယ်များ အတူ တက်ရောက်ကြခြင်း အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ညနေ ၃နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ (၆၇)နှစ်မြောက် လွတ်လပ်ရေး နေ့ဗိုလ်ရှုခံ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် နယ်ခြားစောင့် တပ်များမှ ဂုဏ်ထူးဆောင် အရာရှိကြီး များနှင့် ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်များအား တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံ

Photo: သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံ
Tuesday, January 6, 2015

မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးတွေ လုပ်နိုင်မှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်နိုင်လိမ့်မယ်လို့ မြန်မာသမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က ဒီကနေ့ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြတာပါ။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပတဲ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့သလို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ နေပြည်တော်က မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ ဒီမနက် ၉ နာရီကနေ ၁၀ နာရီခွဲလောက်ထိ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးတာတွေကို ကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဒါရိုက်တာတဦးဖြစ်တဲ့ ဦးညိုအုံးမြင့်က အခုလို ပြောပါတယ်။

“သမ္မတကြီးဘက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်နိုင်မယ့် တခုတည်းသောနည်းလမ်းကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မှ ဖြစ်မယ်-တဲ့။ အဲဒီ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှသာလျှင် နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားလို့ရမယ်ဆိုတဲ့ ရှုဒေါင့်ကနေ ချဉ်းကပ်ပါတယ်။ တိုင်းရင်းသားတွေဘက်တော့ အဓိကအားဖြင့် ပင်လုံရဲ့အခြေခံမူပေါ့နော်၊ အဲဒါကတော့ ဖက်ဒရယ်ပြည်ထောင်---အခြေခံတဲ့ ပြည်ထောင်စုတခု ဖြစ်ပေါ်ဖို့ ဆိုတဲ့ဟာကို အဓိကပြောသွားပါတယ်။ သမ္မတကြီးဘက်ကလည်း ဒီမိုကရေစီကူးပြောင်းရေးမှာ ငြိမ်းချမ်းရေးရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့အတွက်ကို ဆောင်ရွက်ပေးချင်တယ်။ အဲဒီအတွက်ကြောင့် သူကတော့ စာချုပ်လက်မှတ်ရေးထိုးတဲ့နေ့ကို တိုင်းရင်းသားတွေအားလုံးနဲ့ ညီညီညွတ်ညွတ်နဲ့ ပြန်လည်ထူထောင်ချင်တယ်ဆိုတဲ့ ရှုဒေါင့်ဘက်ကနေ ချဉ်းကပ်တာကိုပဲ ကျနော်တို့တွေ့ရပါတယ်။”

အပစ်အခတ်ရပ်စဲထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကလည်း အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကို အခုလို ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားတွေအားလုံး တင်ပြကြတဲ့အချက်တွေကတော့ ကျနော်တို့ သဘောာထားတွေ မကွဲလွဲပါဘူး။ အဓိကအားဖြင့်တော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးဖြစ်ပေါ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကို တကယ်ထူထောင်နိုင်ဖို့- ဒီအချက်တွေပေါ်မှာ အခြေခံထားပြီးတော့ ကျနော်တို့ဒါကို ဆွေးနွေးကြတာပဲ။ နိုင်ငံတော်သမ္မတကြီးကလည်း ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီလ (၁၂) ရက်၊ ပြည်ထောင်စုနေ့မှာ အမြန်ဆုံးရရှိနိုင်ဖို့ သဘောထားတွေကို သမ္မတကြီးက ပြောပါတယ်။ ထူးခြားတဲ့အချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုတာကို သူ့အနေနဲ့ နှုတ်အားဖြင့်သာ ပြောတာမဟုတ်ဘဲနဲ့ ရေဒီယိုမိန့်ခွန်းတွေနဲ့ သတင်းစာတွေကရော စာအားဖြင့် ပြောတာဖြစ်ပါတယ်-လို့ သူကအဲဒီလို ပြောတော့ - ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့အပေါ်မှာတော့ အမြင်တွေ၊ သဘောထားတွေ- ဒါတွေတော့ ထပ်တူကျနေပြီဖြစ်ပါတယ်။”

ဦးသိန်းစိန်က ၂၀၁၅ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးအတွက် ဝိုင်းဝန်းအကောင်အထည်ဖော်ရေးကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံပြီးတဲ့နောက် တိုင်းရင်းသားခေါင်းဆောင်တွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘုရင့်နောင်ရိပ်သာမှာ ၁၁နာရီကနေ တနာရီခွဲလောက် အထိ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးခဲ့တာတွေကိုတော့ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“(တပ်မတော်) ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း ၂ နာရီလောက် ကြာပါတယ်။ ကျနော်တို့ တိုင်းရင်းသားအင်အားစုတွေ ပြောကြတာကတော့ အဓိကအားဖြင့် သမ္မတကြီးနဲ့ ဆွေးနွေးတဲ့အချက်တွေကိုပဲ၊ သဘောထားတွေကိုပဲ ပြန်ပြီးတော့ ပြောကြတာပါ။ ကာကွယ်ရေးဦးစီးချုပ်ကလည်း သူတို့အနေနဲ့က ငြိမ်းချမ်းရေးကို သူတို့ တကယ်၊ အလျင်အမြန်လိုချင်တဲ့အကြောင်း၊ ဖြစ်ချင်တဲ့အကြောင်း ပါလီမန်ဗဟိုစနစ်ကိုသွားတဲ့အချိန်မှာ ငြိမ်းချမ်းရေးကို ရရှိအောင်လုပ်မယ်၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို သူတို့ တကယ်ဖော်ဆောင်မယ်ဆိုတဲ့အကြောင်း၊ အဲဒါကို ပြောပါတယ်။ အဓိကအားဖြင့်တော့ သူတို့က ဥပဒေဘောင်အတွင်းကနေ အကောင်အထည်ဖော်သွားဖို့ဆိုတဲ့ဟာကို ပြောတာပေါ့လေ။”

ဒီကနေ့ ဆွေးနွေးပွဲတွေမှာ နိုင်ငံတော်သမ္မတနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တက်ရောက်ခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပွဲမှာတော့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ကြည်း၊ ရေ၊ လေ ဦးစီးချုပ်တွေလည်း ပါဝင်တက်ရောက်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်ကတော့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဦးဆောင်ပြီး အဖွဲ့ ၁၂က ခေါင်းဆောင်တွေ တက်ရောက်ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကတော့ လွတ်လပ်ရေးနေ့အခမ်းအနားကို ဖိတ်ကြားခဲ့ပေမဲ့ မတက်ရောက်ပါဘူး။

မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေ ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ လာမယ့် ၁၀ရက်နေ့နောက်ပိုင်းမှာ အလွတ်သဘောတွေ့ဆုံဖို့ရှိနေပြီး ဒီလ တတိယပတ်လောက်မှာတော့ တပြည်လုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲရေးအတွက် တရားဝင်တွေ့ဆုံဖွယ်ရှိနေပါတယ်။ ဒီဆွေးနွေးပွဲ အဆင်ပြေမယ်ဆိုရင်တော့ ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်မယ်လို့လည်း သုံးသပ်တာတွေ ရှိနေပါတယ်။

VOA
မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးတွေ လုပ်နိုင်မှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်နိုင်လိမ့်မယ် လို့ မြန်မာသမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်း ဆောင် တွေကို နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က ဒီကနေ့ သီးခြားစီ လက်ခံ တွေ့ဆုံခဲ့ ကြတာပါ။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရ၀န်ထမ်းနိုင်ငံခြားပညာတော်သင်များ ပြန်မလာပါက လျော်ကြေးပေးရသည့်စနစ် တစ်နှစ်ပယ်ဖျက်

နိုင်ငံခြားသို့ ပညာတော် သင်စေလွှတ်ခံရသော အစိုးရ၀န်ထမ်းများ ပြန်လာရန်ပျက်ကွက်ပါက လျော်ကြေး ပေးရမည့် ကတိခံဝန်ချက်ကို ၂၀၁၅ ဇန်န၀ါရီမှစ၍ လက်မှတ်ရေးထိုးရန်မလိုတော့ကြောင်း သတင်းရရှိ သည်။

ပျက်ကျ Air Asia လေယာဉ် ကြိုတင်ခွင့်ပြုချက်မရဘဲ ပျံသန်း

Photo: ပျက်ကျ Air Asia လေယာဉ် ကြိုတင်ခွင့်ပြုချက်မရဘဲ ပျံသန်း
Tuesday, January 6, 2015

မုန်တိုင်းထန်နေတဲ့ Java ပင်လယ်ကိုဖြတ်ပြီး ပျံသန်းနေရာကနေ ပျောက်ဆုံးသွားခဲ့တဲ့ AirAsia လေယာဉ်ခရီးစဉ် ၈၅၀၁ ကို စနစ်တကျ လိုအပ်တဲ့ အတည်ပြုချက်တွေမရှိဘဲ ပျံသန်းခွင့်ပြုလိုက်တယ်ဆိုတဲ့အချက် ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အင်ဒိုနီရှားအစိုးရက လေကြောင်းဆိုင်ရာတာဝန်ရှိသူအများအပြားကို တာဝန်က ရပ်ဆိုင်းထားလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ပျံသန်းနေစဉ်ပျက်ကျသွားတဲ့ ခရီးသည်တင်လေယာဉ်နဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ရုပ်အလောင်းတွေ လိုက်လံရှာဖွေနေမှု (၉) ရက်မြောက်နေ့မှာ အခုလို အရေးယူတဲ့သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ဝန်ထမ်းနဲ့ခရီးသည် စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားပြီး အဲဒီအထဲက ရုပ်အလောင်း ၃၇ လောင်း ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ပါတယ်။

နိုင်ငံတော်တော်များများက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ပင်လယ်ပြင်အတွင်းမှာ ဆက်လက် ရှာဖွေနေကြပါတယ်။ လေယာဉ်ပျက်ရဲ့ ကိုယ်ထည် ရှိနေတယ်လို့ ယုံကြည်ရတဲ့နေရာမှာ ရေစီးအလွန်သန်နေတာကြောင့် ရေငုပ်ရှာဖွေသူတွေမှာ အခက်ခဲကြုံနေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်မထွက်ခွာခင်နဲ့ လေယာဉ်နဲ့ နောက်ဆုံးအဆက်သွယ်ရရှိချိန်မှာ လေယာဉ်မှူးတွေက မုန်တိုင်းကိုကျော်နိုင်အောင် ပိုမိုမြင့်တဲ့ အမြင့်ကနေ ပျံသန်းဖို့ တောင်းဆိုခဲ့ပေမယ့် တခြားလေယာဉ်တွေ ရှိနေတာကြောင့် ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

အင်ဒိုနီးရှား Surabaya ကနေ Singapore ကို ပျံသန်းဖို့အတွက် လေကြောင်းလိုင်းကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး စနေနေ့တွေမှာ ပျံသန်းဖို့ ခွင့်ပြုထားပေမယ့် တနင်္ဂနွေနေ့မှာ ထွက်ခွာပျံသန်းခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
မုန်တိုင်းထန်နေတဲ့ Java ပင်လယ်ကိုဖြတ်ပြီး ပျံသန်းနေရာကနေ ပျောက်ဆုံးသွားခဲ့တဲ့ AirAsia လေယာဉ် ခရီးစဉ် ၈၅၀၁ ကို စနစ်တကျ လိုအပ်တဲ့ အတည်ပြုချက်တွေမရှိဘဲ ပျံသန်းခွင့်ပြုလိုက်တယ်ဆိုတဲ့အချက် ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အင်ဒိုနီရှားအစိုးရက လေကြောင်းဆိုင်ရာတာဝန်ရှိသူအများအပြားကို တာဝန်က ရပ်ဆိုင်းထားလိုက်ပါတယ်။

ယခုနှစ်တွင်ချမှတ်မည့် ဆုံးဖြတ်ချက်များသည် နိုင်ငံ့အနာဂတ်နှင့်သက်ဆိုင်ပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ယခုနှစ်တွင် ချမှတ်မည့်ဆုံးဖြတ်ချက်များသည် နိုင်ငံ့အနာဂတ်နှင့်သက်ဆိုင်ပြီး စိန်ခေါ်မှုများကို ကျော်လွှား နိုင်ပါ စေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ဝေသည့် ဇန်နဝါရီ ၅ ရက်ထုတ် ဒီလှိုင်းစာစောင်အတွဲ(၄) အမှတ်(၁) တွင် ဖော်ပြ ထားသည့် “ဒီစကားကဏ္ဍ” တွင် ရေးသားပြောဆိုခဲ့သည်။

ဝိုင်းမော်တွင် သစ်ခိုးထုတ်နေသည့် နိုင်ငံခြားသား တစ်ရာကျော်နှင့် အပေါင်း အပါများ ဖမ်းမိ

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော်အပါအ၀င် သစ်ခိုးထုတ်နေသူများ၊ ရာ နှင့် ချီ သော သစ်တင်ယာဉ်များအား တပ်မတော်စစ်ကြောင်းက ဇန်န၀ါ ရီ ၂ ရက်မှ ၄ ရက်အတွင်း ဖမ်းဆီး သိမ်းဆည်းခဲ့ကြောင်း တပ်မတော်ကျောထောက်နောက်ခံပေးထားသည့် မြ၀တီသတင်းဌာနမှ တစ်ဆင့် ဇန်န၀ါရီ ၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမည့်ရက် တိကျစွာ မပြောနိုင်သေးဟု ဦးအောင်မင်းပြော

Photo: ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမည့်ရက် တိကျစွာ မပြောနိုင်သေးဟု ဦးအောင်မင်းပြော
Tuesday, January 6, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးနိုင်မည့်ရက်ကို တိတိပပ မပြောနိုင်သေးဟု ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြောသည်။ ဇန်န၀ါရီ ၅ ရက်က နေပြည်တော် MICC- 2 တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိပြီး ဖြစ်သောကြောင့် ယုံကြည်မှု ပိုမိုရရှိရန် နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံခြင်းဖြစ်သည်ဟု ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါ ရီ ၅ ရက်တွင် ပြောသည်။

ဇန်န၀ါရီ ၅ ရက်က နေပြည်တော်MICC- 2 တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက “မြန်မြန်သွားချင်တဲ့သူ တိုင်းရင်းသားတွေက ပြည်ထောင်စုနေ့ကြီးမှာ လက်မှတ်ထိုးရအောင် ပြော တာတွေရှိတယ်။ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးနိုင်ဖို့ဆိုတာက ကြား ထဲမှာ အများကြီးလုပ်စရာတွေရှိတယ်။ ကြားထဲမှာ နိုင်ငံတော် သမ္မတနဲ့လည်းတွေ့ သင့်တာပေါ့”ဟု တွေ့ဆုံပွဲအပြီးတွင် ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၏ခေါင်းဆောင်များက နိုင်ငံတော်သမ္မတထံ လိုချင်သည့် အချက် အလက်များ တောင်းဆို ကြပြီး နိုင်ငံတော် သမ္မတကလည်း အချို့ကိစ်္စရပ်များ တာဝန်ယူထားသည့်အတွက် ယုံကြည်မှု ပိုပြီးတည် ဆောက်နိုင်သည်ဟုလည်း ဦးအောင်မင်းက ဆက်ပြောသည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေး ဖြစ်စဉ်က ရှေ့သို့ တိုးနိုင်သည်ဟုဆိုသော်လည်း မည်သည့်ရက်တွင် လက်မှတ်ထိုးနိုင်မည်ကို တိတိကျကျ ပြောဆိုနိုင်ခြင်းမရှိသေးဘူးဟု ဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ပြည် တွင်းငြိမ်းချမ်းရေး ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပါတယ်။ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံရေးဆွေနွေးပွဲဖြစ်တယ် ဆိုတာကို အားလုံးသဘောပေါက်ကြပြီး ဖြစ်ပါတယ်။ နိုင်ငံရေး သဘောတူညီချက်တွေကို ခိုင်ခိုင်မာမာ ရရှိနိုင်မှာသာ ပေါင်းစည်းရေး နည်းလမ်းကို အာမခံနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အထွေထွေ အတွင်းရေးမှူး၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုစော ကွယ်ထူးဝင်းကလည်း “ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုး ဖို့က နောက်ဆုံးရက် ညှိုနှိုင်းတွေ့ဆုံမှုမှာ ကျွန်တော်တို့သဘောတူညီတဲ့အချက်များ ရှိခဲ့တယ်။ အချက်အလက် အနည်းငယ်ကျန်ပြီးတော့ ဆက်လက် ညှိနှိုင်းမှုများရှိတဲ့အတွက် ဒီကာလအတွင်းထဲမှာ ဖေဖော်ဝါရီလ ၁၂ ရက်မတိုင်ခင် ညှိနှိုင်းမှုတွေ လုပ် ဆောင်နိုင်မယ်ဆိုရင် အကုန်လုံး သဘောတူနိုင်မယ့် အနေအထားရှိတဲ့အတွက် ပြောတာပေါ့။ ဒါကလည်း ဆန္ဒရှိတာပေါ့”ဟု ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးရေးအတွက် စစ်ရေး ဆိုင်ရာကိစ္စများ သဘောတူညီပြီဆိုပါက လက်မှတ်ရေးထိုးရန်နီးစပ်လာပြီဟု ဆိုနိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ရွေးကောက်ပွဲကို ကူညီပေးရန် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကို သမ္မတ တောင်းဆို

ယင်းအပြင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်စွာ ကျင်းပနိုင်ရန် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့အားကူညီပေးရန် သမ္မတ ဦးသိန်းစိန်က တောင်းဆိုလိုက်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က

“အထူးမေတ္တာရပ်ခံပြောကြားလိုတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေနဲ့ မိမိတို့နေတဲ့ဒေသ တွေ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်ဖို့အတွက် ၀ိုင်းဝန်းကူညီပေး ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ “ယေဘုယျ အားဖြင့် ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီစနစ်ရဲ့ မဏ္ဍိုင်တစ်ခု ဖြစ်တာ။ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ရွေးကောက်ပွဲက မပါမဖြစ်မဏ္ဍိုင် တစ်ခုဖြစ်တာ ပေါ့”ဟု ဆိုသည်။

နေပြည်တော်တွင် နိုင်ငံတော် သမ္မတ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ပထမဆုံးအကြိမ် နှစ်နာရီကြာ တွေ့ဆုံခြင်း ဖြစ်သည်။

Mizzima - News in Burmese 

ပဉ္စမအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၇ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ ဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ပဉ္စမအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၇ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပစဉ် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ ဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အောက်ခြေပိုင်းတွင် သဘောတူညီမှု ရရှိပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးနိုင်မည့်ရက်ကို တိတိပပ မပြောနိုင်သေးဟု ပြည်ထောင်စုငြိမ်ချမ်းရေး ဖော်ဆောင်ရေးကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ဇန်န၀ါ ရီ ၅ ရက်တွင် ပြောသည်။ ဇန်န၀ါရီ ၅ ရက်က နေပြည်တော် MICC- 2 တွင် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ တွေ့ဆုံပြီးနောက် ဦးအောင်မင်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆို

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆို
Tuesday, January 6, 2015

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မှ ကိုယ်စားလှယ်များက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေး တောင်းဆိုခဲ့ သည်ဟု သတင်းရရှိသည်။

ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ခန်းမတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ စစ်တပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သူ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက “အဓိကကတော့ အပစ်အခတ်ရပ်စဲရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ဖို့အရေးပေါ့။ အဲဒီမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကလည်း အင်မတန်မှအရေးကြီးတဲ့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ အားလုံးကတော့ အဲဒီလိုတောင်းဆိုကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း သူ့အနေနဲ့ ဒါကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်အောင် လုပ်နေတယ်ဆိုတဲ့သဘောမျိုး ရည်ညွှန်းပြောကြားသွားပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် လက်ရှိအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် ဆွေးနွေးရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအကြား များစွာပြောဆိုဆွေးနွေးခဲ့ရမှုများရှိခဲ့သည့် စကားလုံးပိုင်းဆိုင်ရာကိစ္စများ၊ လာမည့် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးဖြစ်နိုင်ရေးနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ပြောင်းလဲရာတွင်ရှိသည့် လုပ်နည်းလုပ်ဟန်များနှင့် ပတ်သက်၍လည်း ရည်ညွှန်းပြောကြားမှုများရှိခဲ့ကြောင်း သိရသည်။

“ကာကွယ်ရေးဦးစီးချုပ်က သူတို့တွေကတော့ ပြည်ထောင်စုနေ့မှာ ဒီလို တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ကိုသာ ပြောကြပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီပြည်ထောင်စုနေ့မှာ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရင် အကောင်းဆုံးဆိုတဲ့ အမြင်သဘောထားတွေ ရှိကြပါတယ်”ဟု ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဠ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

ယခုတွေ့ဆုံပွဲသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ပထမဆုံး အကြိမ် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နှစ်ဖက်သဘောထားများအား အပြန်အလှန် တင်ပြခဲ့ကြကာ တွေ့ဆုံချိန်နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် KIA၊ TNLA၊ KNPP၊ CNF တို့သည် အကြောင်းအမျိုးမျိုး ကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိချေ။

Eleven Media Group 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံစဉ် (Photo:Senior General Min Aung Hlaing Facebook)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံစဉ် (Photo:Senior General Min Aung Hlaing Facebook) 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေး လျင်မြန်စွာအကောင်အထည် ဖော်နိုင် ရေး တောင်းဆိုခဲ့ သည်ဟု သတင်းရရှိသည်။

တောင်ကိုရီးယား မြားပစ်အသင်း မြန်မာအသင်းနှင့်ပူးတွဲလာရောက်လေ့ကျင့်

အာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ပါဝင်သည့် တောင်ကိုရီးယား နိုင်ငံဂါဝန်ဒိုပြည်နယ် မြားပစ်အဖွဲ့ သည် စင်ကာပူ ဆီးဂိမ်းအတွက် ပြင်ဆင်နေသည့် မြန်မာမြားပစ်အဖွဲ့နှင့်နေပြည် တော်၌ပူးတွဲလာရောက် လေ့ကျင့် လျက်ရှိကြောင်းသတင်းရရှိသည်။

စည်ပင်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တချို့ ကျန်းသစ္စာကျိန်ဖို့ ဝန်လေး

Photo: စည်ပင်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တချို့ ကျန်းသစ္စာကျိန်ဖို့ ဝန်လေး
Tuesday, January 6, 2015

ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲမှာ အရွေးခံရတဲ့ကိုယ်စားလှယ်တွေ နိုင်ငံ့ဝန်ထမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အသိပေးလာတဲ့ အပေါ် လက်မခံနိုင်တဲ့ အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြု အရွေးခံ ကိုယ်စားလှယ် က ပြောပါတယ်။ ပြည်သူက ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေ ဟာ ဝန်ထမ်းတွေ မဟုတ်တဲ့အတွက် ဝန်ထမ်းအဖြစ်ကျမ်းကျိန်စရာ မလိုအပ်ဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၆ ရက် ဒီကနေ့ မနက် ၉ နာရီမှာ စည်ပင်သာယာရေးကော်မတီ ဝင်အဖြစ် အရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေကို ကျမ်းသစ္စာကျိန်ဆိုဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးလာတာပါ။ ဒီလို ကျမ်းကျိန်ဖို့ပေးပို့လာတဲ့ပုံစံထဲမှာ ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေအတိုင်း လိုက်နာရမယ်လို့ ပါရှိနေတဲ့အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြုအရွေးခံထားရတဲ့ ဦးခင်လှိုင်က ပြောပါတယ်။ ကျမ်းကျိန်ဖို့ထဲမှာ ဒီအချက်ပါရှိနေတာကို ဘာကြောင့် လက်မခံနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး သူက အခုလို ဆက်ပြောပါတယ်။

“နောက်တခုက ကျနော်တို့ ဘာကြောင့် အခက်တွေ့စေလဲဆိုတော့ နိုင်ငံဝန်ထမ်းဥပဒေ…ကို ကျနော်တို့ လေးစားပါတယ်။ ကျနော်တို့က လိုက်နာဖို့ကျ တာဝန်မရှိဘူးဗျ။ ဘာကြောင့်လဲဆိုတော့ အရိုးသားဆုံး ပြောရမယ်ဆိုရင် နိုင်ငံတော်အတွင်းမှာရှိတဲ့ ဒီဝန်ထမ်းတွေအတွက် လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေကိစ္စရပ်တွေနဲ့ ပတ်သက်လို့ရှိရင် လျှို့ဝှက်ပေါက်ကြားမှု ဆိုတာ ရှိပါတယ်။ အပြင်ကို မပြောရဘူးဆိုတာ ရှိပါတယ်။ ဘာတွေလုပ်ရမယ်၊ ဘယ်လိုဆိုတာ မပြောရဘူးဆိုတာ ပါပါတယ်။ အဲဒါကို ကျနော်တို့ နှုတ်ပိတ်နေလို့ မရပါဘူး။ ပြည်သူက ရွေးချယ်လိုက်ပြီးတော့မှ ကျနော်တို့က ဒီအထဲမှာ နှုတ်ပိတ်ပြီးနေရမယ်ဆိုရင် ကျနော်တို့ မလုပ်လိုပါဘူး။ ဒီကိစ္စကို။ ပြည်သူကိုလည်း ကျနော်တို့ အသိပေးရမှာဖြစ်ပါတယ်။ ပြည်သူက ရွေးလိုက်တာဖြစ်လို့ ပြောရမယ့်တာဝန် ရှိပါတယ်။ အဲဒီတော့ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ၊ နည်းဥပဒေအရ ကျနော်တို့ ချုပ်ကိုင်လိုက်မယ်ဆိုရင် ပြည်သူကို ကျနော်တို့ ဘာမှ သတင်းပေးလို့ မရဘူးဖြစ်နေပါတယ်။ ကျနော်တို့က သတင်းပေးလိုက်မယ်ဆိုလည်း လျှို့ဝှက်ဥပဒေကို ပေါက်ကြားစေမှုနဲ့ ပြဿနာတက်နိုင်ပါတယ်။ ဒါကြောင့် ဒီဟာကို ကျနော်တို့ မဆိုနိုင်ပါဘူး။ ကျနော် မလုပ်ပေးနိုင်ပါဘူး။”

ဒီအချက်နဲ့ပတ်သက်ပြီး စည်ပင်ရွေးကောက်ပွဲတွေ မကျင်းပခင်ကတည်းက သူ့အနေနဲ့ကန့်ကွက်ခဲ့ပြီး စည်ပင်ဥပဒေမှာ နိုင်ငံဝန်ထမ်းအဖြစ် ကျမ်းကျိန်ရမယ်ဆိုတဲ့အချက်မပါရှိသလို ကော်မရှင်ကရွေးဆွဲတဲ့ နည်းဥပဒေထဲမှာကျမှ ဒီအချက်ပါဝင်ခဲ့တာလို့လည်း ဦးခင်လှိုင်က ပြောပါတယ်။

 “ကျနော်ပြောတာနော်၊ ကျနော်ဆန့်ကျင်တာက ရန်ကုန်မြို့တော် ရွေးကောက်ပွဲကော်မရှင်မှာ နည်းဥပဒေမှာ ပါတဲ့ဟာကို ဆန့်ကျင်တာဖြစ်ပါတယ်။ ….. ဥပဒေကို ကျနော် ထောက်ခံပါတယ်။ ထောက်ခံလို့ ဒီစကားပြောတာပါ။ -- ဥပဒေမှာ ဒါကို ပယ်ဖျက်ပြီးသား ဖြစ်ပါတယ်။ ဒါကြီးကို --- တော့ ဘာဖြစ်လဲဆိုတော့ ဝန်ကြီးချုပ်အနေနဲ့လည်း သိက္ခာကျပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ရှိရင် ကျနော် ဘာပြောသေးလဲဆိုတော့ ဒေါ်ညိုညိုသင်းတို့၊ ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်းမှာလည်း ဒီကိစ္စကို ပြောပြပြီးသားဖြစ်တဲ့အခါ၊ သူက ဘာပြောလဲဆိုတော့ အဲဒီမှာ ပါတဲ့ဥစ္စာတွေက ကျမတို့ မဆွဲလိုက်ရဘူး၊ ကျမတို့ မသိရဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက အဲဒီကျရင် အခုလာမယ့် သူတို့ရဲ့…ရန်ကုန်တိုင်းဒေသကြီး (အစည်းအဝေးကျရင်) တင်ပြမှာဖြစ်ပါတယ်။”

နိုင်ငံ့ဝန်ထမ်းအဖြစ်ကျမ်းကျိန်ဖို့ သက်ဆိုင်ရာက တွန်းအားပေးလာတာဟာ အစိုးရဝန်ထမ်းနဲ့ ပြည်သူကိုယ်စားလှယ်ကို ကွဲကွဲပြားပြားနားမလည်နိုင်တဲ့ သဘောကြောင့် အခုလို တွန်းအားပေးတဲ့ပုံစံ ဖြစ်နေတာလ ရှုမြင်နိုင်တဲ့အကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“နိုင်ငံ့ဝန်ထမ်းဆိုတာက နိုင်ငံတော်ရဲ့လစာကို စားပြီးတော့ ပြည်သူ့ဝန်ကိုထမ်းဖို့၊ အရွေးကောက်ခံရတဲ့ပုဂ္ဂိုလ်တွေရဲ့ အဓိပ္ပာယ်ကျတော့ သူက ပြည်သူ့ကိုယ်စားလှယ်ဖြစ်နေတယ်။ ပြည်သူ့ဝန်ထမ်းမဟုတ်ဘူး။ ပြည်သူတို့ရဲ့ကိုယ်စားလှယ်၊ ပြည်သူတို့ရဲ့ကိုယ်စား ဒီလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရမှာ။ ဒါကြောင့် သူတို့ကို ပြည်သူ့ဝန်ထမ်းစည်းမျဉ်းကို လိုက်နာမယ်ဆိုတဲ့ ကျန်းကျိန်ခိုင်းလို့ မရဘူး။ အဲဒါဆိုရင်တော့ တော်တော့်ကို မဆီလျော်သောကိစ္စ ဖြစ်သွားပြီ။ ”

စည်ပင်သာယာရေး ကော်မတီဝင်တွေကို အခုလို နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်လုပ်ခိုင်းဖို့ ရည်ရွယ်တယ်ဆိုရင် အစောပိုင်းထဲက ရွေးကောက်ပွဲဝင်ခိုင်း စရာတောင် မလိုအပ်ဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ပြောပါတယ်။

“စည်ပင်သာယာရွေးကောက်ပွဲကတက်လာတဲ့ ကိုယ်စားလှယ်တွေပေါ့။ ဒါ ပြည်သူလူထုရဲ့ကိုယ်စားလှယ်တွေပဲ။ အဲဒီကိုယ်စားလှယ်တွေကတော့ လူထုကိုယ်စား ဆောင်ရွက်နိုင်ခွင့် ရှိမယ်လို့ မျှော်လင့်ထားတယ်လေ။ အခုက ဝန်ထမ်းဥပဒထဲကို သွတ်သွင်းတယ်ဆိုတဲ့အခါကျတော့ မေးစရာ တခုရှိတာက ဘာလဲဆိုတော့ ဒါ အစိုးရဝန်ထမ်းလား၊ ပြည်သူလူထုကိုယ်စားလှယ်လားဆိုတဲ့ မေးခွန်းတစ်ခုပဲ ကျနော်တို့ မေးကြရလိမ့်မယ်။ အစိုးရဝန်ထမ်း၊ စည်းမျဉ်းစည်းကမ်းအောက်မှာလုပ်မယ်ဆိုရင် လူထုက ရွေးချယ်စရာအကြောင်းကို မရှိဘူး။”

နှစ်ပေါင်း ၆၅ နှစ်ကြာပြီးမှ တစ်ကျော့ပြန် ပြန်လည်ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ဒီဇင်ဘာလ ၂၇ ရက်က ကျင်းပခဲ့တာပါ။

ရန်ကုန် စည်ပင်သာယာရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမှာဖြစ်တဲ့အတွက် အဲဒီ ကော်မတမှာ ပါဝင်မဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်တာလည်း ဖြစ်ပါတယ်။ မြို့တော်ဝန်ကိုတော့ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်မှာဖြစ်ပြီး ပြည်သူက မဲပေးရွေးချယ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၄ ဦး၊ တိုင်းဒေသကြီးအစိုးရက တိုက်ရိုက်ရွေးချယ်မယ့်သူ ၄ ဦးနဲ့ပြန်ဖွဲ့မှာလည်း ဖြစ်ပါတယ်ခင်ဗျား။

VOA 

ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲ မဲပေးစဉ်
ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲ မဲပေးစဉ် 
ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲမှာ အရွေးခံရတဲ့ကိုယ်စားလှယ်တွေ နိုင်ငံ့ဝန်ထမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အသိပေးလာတဲ့ အပေါ် လက်မခံနိုင်တဲ့ အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြု အရွေးခံ ကိုယ်စားလှယ် က ပြောပါတယ်။ ပြည်သူက ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေ ဟာ ဝန်ထမ်းတွေ မဟုတ်တဲ့အတွက် ဝန်ထမ်းအဖြစ်ကျမ်းကျိန်စရာ မလိုအပ်ဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ရုပ်တု စတင်ထုလုပ်

Photo: နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ရုပ်တု စတင်ထုလုပ်
Tuesday, January 6, 2015

 နေပြည်တော်ရှိအား ကစားမော်ကွန်းတိုက်တွင် ဂုဏ် ပြုမှတ်တမ်းတင်ပြသမည့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားကြီးများ၏ ပလတ်စတာရုပ်တုပြု လုပ်ခြင်းကို စတင်ဆောင်ရွက် နေပြီဖြစ်ပြီး နှစ်ဦး၏ရုပ်တုပြုလုပ်ပြီးသွားပြီ ဖြစ်ကြောင်းသတင်းရရှိသည်။

အားကစား ဝန်ကြီးဌာန သည် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများ၌ ရွှေတံဆိပ်လေးခုနှင့် အထက်ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြသည့် အားကစား သမား ဟောင်းကြီးများပလတ်စတာရုပ် ပြုလုပ်၍ အားကစားမော်ကွန်း တိုက်တွင် ဂုဏ်ပြု မှတ်တမ်းတင် ပြသရန် စီစဉ်လျက်ရှိပြီး ဇန်နဝါရီ ၅ ရက်အထိလက်ရွေးစင် ဘောလုံး သမားဟောင်း ဦးမျိုးဝင်းညွန့်နှင့် ဦးအေးမောင်လေးတို့နှစ်ဦး၏ရုပ် တုထုလုပ်ပြီး သွားပြီဖြစ်ကြောင်း ပန်းပုဆရာဦးကျော်ကျော်မင်းက ပြောသည်။

‘‘လက်ရှိအထိ ရွှေတံဆိပ် ၁၆ ဆုရှင်လက်ရွေးစင်ဘောလုံး သမားဟောင်း ဦးမျိုးဝင်းညွန့်နဲ့ ရွှေတံဆိပ် ၁၃ ဆုရှင်ဦးအေးမောင် လေးတို့နှစ်ဦးရဲ့ရုပ်တုပြု လုပ်ပြီး သွားပါပြီ။  အားကစား ဝန်ကြီး ဌာနအနေနဲ့ စာရင်းဆက်လက်ပြု လုပ်နေပြီး ကျွန်တော့်ဆီမှာတော့ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားဟောင်း ၁၁ ဦးစာရင်းတော့ ရရှိထားပြီးပါပြီ’’ဟုဦးကျော်ကျော်မင်းက ပြောသည်။

‘‘ကွယ်လွန်သွားတဲ့ နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားကြီးတွေကိုလည်း အတတ်နိုင်ဆုံး ဓာတ်ပုံတွေပြန်ရှာဖွေပြီး ရုပ်တုပြု လုပ်သွားမှာပါ။ ရန်ကုန်မှာရှိတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားဟောင်းကြီးတွေအနေနဲ့ အဆင်ပြေမယ်ဆိုရင် ဓာတ်ပုံတွေ ကို ကိုယ်တိုင်လာပေးပို့နိုင်ပြီး ရပ်ဝေးကအားကစားသမားဟောင်းကြီးတွေနဲ့ မလာနိုင်တဲ့သူတွေဆိုရင် ရန်ကုန်အား/ကာ (လူထုပညာ)ကို အမြန်ချောပို့နဲ့ ပို့ပေးရမှာဖြစ်ပါတယ်’’ဟု အား ကစားဝန်ကြီးဌာနတာဝန်ရှိသူကပြောသည်။

၂၀၁၃ ဆီးဂိမ်းမတိုင်မီ ပေါ်ပေါက်လာသည့် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရှိ အားကစားပြတိုက်တွင် လက်ရှိ၌ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဟောင်း ကြီးများ၏ ဆုတံဆိပ်များနှင့် ဓာတ်ပုံ မှတ်တမ်း များ ပြသထားသည်။

7Day DAILY 

လက်ရွေးစင်ဘောလုံးသမားဟောင်းဦးအေးမောင်လေးအား ပလတ်စတာ ရုပ်တုထုလုပ်နေစဉ် (ဓာတ်ပုံ - -ကျော်ကျော်မင်းဖေ့စ်ဘွတ်ခ်)
လက်ရွေးစင်ဘောလုံးသမားဟောင်းဦးအေးမောင်လေးအား ပလတ်စတာ ရုပ်တုထုလုပ်နေစဉ် (ဓာတ်ပုံ - -ကျော်ကျော်မင်းဖေ့စ်ဘွတ်ခ်)
နေပြည်တော်ရှိအား ကစားမော်ကွန်းတိုက်တွင် ဂုဏ်ပြုမှတ်တမ်းတင်ပြသမည့် နိုင်ငံ့ဂုဏ်ဆောင် အား ကစား သမားကြီးများ၏ ပလတ်စတာရုပ်တုပြု လုပ်ခြင်းကိုစတင်ဆောင်ရွက်နေပြီဖြစ်ပြီး နှစ်ဦး၏ ရုပ်တုပြုလုပ် ပြီးသွားပြီ ဖြစ်ကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြည်ခိုင်ဖြိုးအား မဲပေးရန်ဟောပြောခြင်းမှန်ပါက ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမည်ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် တစ်ဦးပြော

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က တရားဝင် မဲဆွယ်စည်းရုံးရန် ခွင့်ပြုချက်မ ပေးသေးမီကာလတွင် ၂၀၁၅အ ထွေထွေရွေးကောက်ပွဲ၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို မဲပေးရန် ရန်ကုန် တိုင်းဒေ သကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက မဲ ဆွယ်ဟောပြောခဲ့ခြင်းသည် အမှန်ဖြစ်ပါက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တိုင်ကြား သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ် အမှုဆောင်ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

မြန်မာဘောလုံးအကြောင်းနှင့်ပတ်သက်၍ အေဗရာမိုဗစ်ထံမှသိရှိထားဟု ရန်ကုန်နည်းပြသစ်ပြော

ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ်သစ် ဆားဗီး ယားလူမျိုး ဂျက်ဆစ်က မြန်မာ လိဂ်ပြိုင်ပွဲစတင်ရန် ရက်အနည်းငယ်အလိုမှ ရောက်လာသော်လည်း လက်ရွေးစင်နည်းပြအေဗ ရာမိုဗစ်ထံမှ အကူအညီများရရှိ ထားမှုကြောင့် ခက်ခဲမည်မထင် ကြောင်း ပြောကြားသည်။

ရဝမ်လူမျိုးများတည်ထောင်သည့် ဖုန်ကန်အက်ဖ်စီ မြန်မာလိဂ်-၂ တွင် ဝင်ပြိုင်ရန်စီစဉ်

လာမည့် ၂၀၁၅ ရာသီ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ရဝမ်လူမျိုးများ တည်ထောင်ထားသည့် ဖုန်ကန်အက်ဖ်စီ အ သင်းပါဝင်ယှဉ်ပြိုင်ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

မြန်မာနိုင်ငံတွင် နိုင်ငံ သားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။

အသန့်ရှင်းဆုံး မြို့နယ်ဆု ဇန်နဝါရီ ၇ ရက်တွင် ကြေညာမည်

ရန်ကုန်မြို့တွင် ပထမဆုံးပေးအပ်သည့် အသန့်ရှင်းဆုံး မြို့နယ်ဆုကို ဇန်နဝါရီ ၇ ရက် ၌ကြေညာကာ ရန်ကုန်မြို့ တော်ခန်းမ၌ ချီးမြှင့်မည်ဟု ရန်ကုန်မြို့တော် စည်ပင်မှ    သတင်း ရရှိသည်။

တောင်ကိုရီးယားသို့ အလုပ်သမား တရားမ၀င်စေလွှတ်ရန် စည်းရုံးမှုများရှိ

တောင်ကိုရီးယားသို့ အလုပ်သမား တရားမ၀င်စေလွှတ်ရန် ကုမ္ပဏီအချို့က ဆွဲဆောင်မှုများပြုလုပ်နေ ကြောင်း သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

မြန်မာနိုင်ငံတွင် နိုင်ငံ သားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။

အမျိုးသမီး ဗိုလ်လောင်းများ ဒုတိယအကြိမ်ခေါ်ယူ

Photo: အမျိုးသမီး ဗိုလ်လောင်းများ ဒုတိယအကြိမ်ခေါ်ယူ
Tuesday, January 6, 2015

တပ်မတော်က အမျိုး သမီးဗိုလ်လောင်းများကို ဒုတိယ အကြိမ် ခေါ်ယူရာတွင် ပါရဂူနှင့် မဟာဘွဲ့ရအိမ်ထောင်မရှိသူများ ကို ဦးစားပေးရွေးချယ်ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ သတင်းရရှိသည်။

နှစ်ပေါင်း ၆၀အတွင်း တပ်မ တော်က ပထမဆုံးအကြိမ်အဖြစ် အရပ်သား အမျိုးသမီး ဘွဲ့ရများ ကို ၂၀၁၃ ဒီဇင်ဘာတွင်ခေါ်ယူခဲ့ သည်။

‘‘ဇန်န၀ါရီ ၃ ရက်မှ ဖေဖော် ၀ါရီ ၃ ရက်အထိ တစ်လအတွင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် တွေမှာ   လျှောက်လွှာ   လာ ရောက်ထုတ်ယူနိုင်ပါတယ်။ ဖောင်ဖြည့်ပြီးရင် ဖေဖော်ဝါရီ ၃ ရက် ထက် နောက်မကျဘဲ ပြန်ပို့ပေးရ မှာ ဖြစ်ပါတယ်။ အခုတစ်ခေါက် ခေါ်တဲ့ ဘွဲ့တွေက အမျိုးအစား ၄၂ မျိုးသတ်မှတ် ထားပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးစစ်ဌာန ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဗိုလ်သင်တန်းတက်ရောက် ရန် လျှောက်ထားသူ အမျိုးသမီး များသည် ရိုးရိုး ဘွဲ့ရ ဖြစ်ပါက အ သက် (၂၅) နှစ်၊ မဟာဘွဲ့ရဖြစ်ပါက အသက် (၂၇) နှစ်နှင့် ပါရဂူဘွဲ့ရဖြစ်ပါက အသက် (၃၀) ထက်မ ကျော်ရဟု သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

‘‘ဒီနှစ်လည်း ပါရဂူနဲ့ မဟာ ဘွဲ့တွေကို ဦးစားပေးခေါ်ဖို့ ရှိပါ တယ်။ ဘွဲ့ကတော့ ၄၂ မျိုး သတ် မှတ်ထားတယ်ဆိုတော့ ဘွဲ့အမျိုး အစားအစုံပဲ ဖြစ်ပါတယ်’’ဟု ၎င်း က ပြောသည်။

ပြီးခဲ့သည့်နှစ်က မြန်မာတစ် နိုင်ငံလုံးမှ လျှောက်ထားသူ ဘွဲ့ရ အမျိုးသမီး ၃,၀၀၀ ကျော်အနက် ၁၀၀ ဦးအား  ဗိုလ်သင်တန်းတက် ရောက်ရန် ရွေးချယ်ခဲ့ပြီးနောက် ၂၀၁၄ ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း မှော်ဘီရှိ အမျိုးသမီးဗိုလ်သင်တန်းကျောင်းတွင် ခြောက်လကြာ စစ်သင်တန်းပေးခဲ့သည်။

တပ်မတော်သမိုင်းတွင် ပထမဆုံးအမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်း ၁၀၀ ဦး အား တပ်မတော်ကြည်း၊ ရေ၊ လေတပ်ဖွဲ့အားလုံး၌ ပြန်တမ်းဝင်အရာရှိအဖြစ် သြဂုတ် ၂၇ ရက်မှ စ၍ ခန့်အပ်ခဲ့ပြီး တပ်မတော်ကြည်းတွင် ၉၂ ဦး၊ တပ်မတော် ရေတွင် ငါးဦးနှင့် တပ်မတော်လေတွင် သုံးဦးခန့်အပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က အဝေးသင် ဘွဲ့ရများကို လျှောက်ထားခွင့်ပြု ခဲ့သော်လည်း နောက်ပိုင်းတွင် ဗိုလ်လောင်းလျှောက်ထားသူအ မျိုးသမီးများပြားသည့်အတွက် အ ဝေးသင်ဘွဲ့များကို လျှောက်လွှာ ထုတ်ပေးခြင်းရပ်ဆိုင်းခဲ့သည်။ ယခင်နှစ်က ခေါ်ယူထားသူများမှာပါရဂူဘွဲ့၊ မဟာဘွဲ့နှင့် နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ကျောင်းပြီး သူ အများစုဖြစ်ကြောင်း ဗိုလ်ရွေးအဖွဲ့မှ သတင်းရရှိသည်။

7Day DAILY 

ဗိုလ်ရှုခံအခမ်းအနားတွင် တက်ရောက်ချီတက်နေသော အမျိုးသမီး ဗိုလ်လောင်းများ -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဗိုလ်ရှုခံအခမ်းအနားတွင် တက်ရောက်ချီတက်နေသော အမျိုးသမီး ဗိုလ်လောင်းများ -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
တပ်မတော်က အမျိုးသမီးဗိုလ်လောင်းများကို ဒုတိယ အကြိမ် ခေါ်ယူရာတွင် ပါရဂူနှင့် မဟာဘွဲ့ရ အိမ်ထောင် မရှိသူများ ကို ဦးစားပေးရွေးချယ်ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ သတင်း ရရှိသည်။

ကုလက ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည်ဟု ဆုံးဖြတ် ချက် အပေါ် ရခိုင်အမျိုးသားပါတီ ပြင်းပြင်းထန်ထန်ကန့်ကွက်မည်

ကုလသမဂ္ဂအထွေထွေ ညီလာခံက ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု ရမည်ဟု ဆုံးဖြတ် ချက်ချမှတ်ခဲ့ခြင်းအပေါ် လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက သဘောထားထုတ်ပြန်ကြေညာသည်။