
တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ရာပေါင်းများစွာသော ပြည်သူများက ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရက ရုတ်တရက် ဖျက်သိမ်းလိုက်ကြောင်း ဒေသခံ ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်ကို Reuters သတင်း ဌာနက ကိုးကား ဖော်ပြသည်။