Wednesday 31 December 2014

မကွေးတွင် တောင်သူ ငါးထောင်ကျော်ပါဝင်သည့် ဆန္ဒပြပွဲစီစဉ်သူ ထောင်ဒဏ်ကျခံ

Demonstration-Maguye
 တိုင်းအစိုးရရုံးစိုက်ရာ မကွေးမြို့ပေါ် ဆင်ပေါင်ဝဲမြို့နယ်အတွင်း သိမ်းဆည်ခံ လယ်ယာမြေများ ပြန်ရရေး တောင်သူ ၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြပွဲ စီစဉ်သူ ဦးတင်ထွန်းအောင်ကို မြို့နယ်တရားရုံးက ဒီဇင်ဘာ ၃၁ ရက်တွင် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ငွေဒဏ်ကျပ်တစ်သောင်း (သို့) မဟုတ် ထောင်တစ်လ ကျခံရန် အမိန့်ချမှတ်ခြင်းကို ကာယကံရှင်က ထောင်ဒဏ်ကို သာ ရွေးချယ်လိုက်သည်။
“ကျွန်တော်လုပ်ဆောင်တာက တောင်သူလယ်သမားတွေ ကောင်းကျိုးအတွက် ဦးဆောင်ခဲ့တာပါ။ လုံးဝ အပြစ်မရှိပါဘူး၊ ဒဏ်ငွေဆောင်ရင် တရားရုံးတော်ကို အပြစ်ရှိတယ်လို့ ဝန်ခံရာရောက်သွားမှာပါ။ ဒါကြောင့် တောင်သူငါးထောင်ကျော်အတွက် မှန်ကန်တဲ့ အလုပ်ဖြစ်လို့ ထောင်ဒဏ် တစ်လအကျခံခြင်းဖြစ်ပါတယ်။ အစကထဲက အများကောင်းကျိုးအတွက် နိုင်ငံရေးလုပ်ရင်ထောင်ကျရုံက မပိုဘူးဆိုတာ ကြိုတင်တွက်ဆပြီးသားပါ’’ဟု  ဦးတင်ထွန်းအောင် မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည့် ဦးကိုကိုကြီးထံ ရဲစခန်းက လာရောက် အကြောင်းကြားခြင်း မရှိသေး

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း) ကို အဆောက်အဦးအဖြစ်  ဆောက်လုပ်ရန်   စီစဉ်နေသည့်အပေါ် ဆန္ဒဖော်ထုတ်ဟောပြောခဲ့သည့် အတွက် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံ ထားရသည့် ဦးကိုကိုကြီးထံသို့ မြို့နယ်ရဲစခန်းက လာရောက်အကြောင်းကြား ခြင်းမရှိသေးဟု ၈၈မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဒီဇင်ဘာ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ကူညီပေးမည့် အစီအစဉ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးကို တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌအနေနှင့် ကူညီလုပ်ဆောင်ပေးရန် အစီအစဉ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဆက်စပ်လုပ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ အစိုးရက လုပ်ပေးနေတယ်လို့ပဲ နားလည်ပါတယ်” ဟု ၎င်းကဆိုသည်။
အမှုမှ လွတ်မြောက်ရေး အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အဖမ်းဆီခံ မြန်မာနှစ်ဦး အကျဉ်းထောင်အတွင်းမှ စာရေးသား ပေးပို့ထားမှုနှင့် ပတ်သက်၍ The Voice ၏မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ပခုက္ကူတက္ကသိုလ် ပတ်ဝန်းကျင်မှာ ဖြစ်ပွားတဲ့ လုယက်မှုတွေ ရဲက အရေးမယူ

ပခုက္ကူတက္ကသိုလ် ပတ်ဝန်းကျင်မှာ ကျောင်းသား ကျောင်းသူတွေရဲ့ ဆိုင်ကယ် ပျောက်ဆုံးမှုတွေနဲ့ ပစ္စည်းလုယူခံရမှုတွေကို ပခုက္ကူမြို့ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူခြင်းမရှိဘဲ ထိန်ချန်ထားတယ်လို့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
ကျောင်းပတ်ဝန်းကျင်မှာ ဆိုင်ကယ်ပျောက်မှုတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ဆီကနေ လက်ဝတ်ရတနာတွေနဲ့ အသုံးဆောင် ပစ္စည်းတွေကို အုပ်စုဖွဲ့ ရိုက်နှက် လုယူမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့ပေမယ့် လာရောက်ဖြေရှင်းပေးတာ မရှိဘူးလို့ ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

အိုဘားမားက ၄င်း၏ ဂေါက်ကစားပွဲအစီအစဉ်ကြောင့် မင်္ဂလာဆောင် တစ်ခုကို နေရာပြောင်းရွှေ့စေခဲ့ ရသဖြင့် တောင်းပန်

အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် ဟာဝိုင်ယီရှိ ၄င်း ၏ ဂေါက်ကစားပွဲ အစီအစဉ်ကြောင့် မင်္ဂလာပွဲတစ်ခုကို နေရာပြောင်းရွှေ့ စေခဲ့သဖြင့် ထိုဇနီးမောင်နှံအား တောင်း ပန်စကားပြောကြားခဲ့သည်။
အိုဘား မားသည် ဟာဝိုင်ယီသို့ မိသားစုအ ပန်းဖြေခရီးလာရောက်မည်ကို သိသ ဖြင့် စစ်တပ်မှဗိုလ်ကြီးများဖြစ်သော ထိုဇနီးမောင်နှံက အိုဘားမားကို မင်္ဂလာဆောင်သို့ လာရန် ဖိတ်ကြားခဲ့ ကြောင်း ဘလွန်းဘတ်သတင်းများ အရ သိရသည်။
နာတာလီဟီမယ်လ်နှင့် အက် ဒဝပ်မယ်လူဂျေအာတို့သည် ၄င်း၏ ဖိတ်ကြားချက်ကို သမ္မတက ပယ်ချ ခဲ့သော်လည်း ဆုမွန်ကောင်းများ ပို့ သကြောင်း ဒီဇင်ဘာ ၂၇က စာတစ် စောင်လက်ခံရရှိခဲ့သည်။
ဒီဇင်ဘာ ၂၇ရက် ညဘက်တွင် သမ္မတ၏ ဂေါက်ကစားပွဲအစီအစဉ်ကြောင့် ဟာ ဝိုင်ယီရေတပ်စခန်းတည်ရှိရာ ဂေါက် ကွင်းအနီးရှိ မင်္ဂလာခန်းမတွင် ကျင်း ပမည့် မင်္ဂလာပွဲကို တခြားနေရာသို့ ပြောင်းလဲကျင်းပရန် ပြောကြားခဲ့သည်။
''ဒါဟာ စိတ်ထိခိုက်စရာပါပဲ၊ အထူး သဖြင့် သူမအတွက်ပေါ့၊ သူမဟာ သတို့သမီးတစ်ယောက်ဖြစ်တယ်၊ ၂၄ နာရီ မပြည့်ခင်အချိန်လေးမှာ သူတို့ တွေ စီစဉ်ထားခဲ့တဲ့ အရာတွေအား လုံး ပြောင်းလဲသွားခဲ့တယ်''ဟု သတို့ သား၏ အစ်မဖြစ်သူက ပြောသည်။

ကရင်ရွာမှ ပဟေဠိလူသား

အိမ်ဦးခန်း ဘုရားစင်ရှေ့ ပလ္လင်ပေါ်တွင် သစ်လွင်တောက်ပသော အ၀ါရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်(၃၀)ကျော် အမျိုးသားတစ်ဦး ထိုင်နေသည်။ ပလ္လင်ရှေ့တွင် ၀တ်ဖြူစင်ကြယ်နှင့် သက်ကြီးရွယ်အို နှစ်ဆယ်ခန့်က လက်အုပ်ချီမိုး ရှိခိုးနေကြသည်။ ပေနှစ်ဆယ်ပတ်လည်ခန့်သာကျယ်သည့် ထိုအိမ်လေးပေါ်တွင် လူအပြည့်ဖြစ်သည်။ ထို့ကြောင့် ၀တ်ဖြူစင်ကြယ်ဝတ်အချို့မှာ အိမ်ရှေ့မြေကွက်လပ်မှနေ၍ပင် ၎င်းရှိရာဘက်သို့ မျက်နှာမူကာ လက်အုပ်ချီလျက်။

Monday 29 December 2014

မြန်မာနယ်စပ် ထိုင်းရွာတစ်ရွာတွင် တိရစ္ဆာန်များကို အစိမ်းလိုက်စားသည့် ကရင် တစ်ဦးကြောင့် ရွာသားများ ထိတ်လန့်နေ

Photo: မြန်မာနယ်စပ် ထိုင်းရွာတစ်ရွာတွင် တိရစ္ဆာန်များကို အစိမ်းလိုက်စားသည့် ကရင် တစ်ဦးကြောင့် ရွာသားများ ထိတ်လန့်နေ
ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄
မြန်မာနယ်စပ် အနီးတွင် ရှိသည့် ထိုင်းနိုင်ငံ တက်ခ် ပြည်နယ် မယ်ရာမတ်ခရိုင် အတွင်းရှိ ကျေးရွာတစ်ရွာတွင် လူခြေတိတ်ချိန် များတွင် လူတစ်ဦးက တိရစ္ဆာန် များကို ရွာအတွင်း ဝင်ဆွဲကာ အစိမ်းလိုက် သတ်ဖြတ် စားသောက်ခြင်းကြောင့် ရွာသူ ရွာသားများ အနေဖြင့် ခြောက်ခြားလျက် ရှိနေရာ ယင်းကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ များက ကင်းလှည့် စောင့်ကြပ်ပေး နေရသည်။

မောက်ခလိုင် ပြန်လာမည်ကို တစ်ရွာလုံး ထိတ်လန့်နေသဖြင့် လုံခြုံရေး တပ်ဖွဲ့များ လာရောက် စောင့်ကျပ်ပေးနေ ရသည်။ ဓာတ်ပုံ - Bangkok Post

ခွေးများ၊ ကြက်များမှ အစ ရွာတွင်းမှ တိရစ္ဆာန်များကို ဖမ်းဆီး သတ်ဖြတ်ကာ အစိမ်းစား သူသည် မြန်မာနိုင်ငံသား တစ်ဦး ဖြစ်သည်ဟု ရွာသူရွာသားများနှင့် ဘုန်းကြီးများက ပြောသည်။ ထိုင်းအခေါ်အားဖြင့် မောက်ခလိုင် (Mokhalai) ဆိုသူ ဖြစ်ပြီး အသက် ၂၅ နှစ်ရှိ ကရင် လူမျိုး တစ်ဦးဖြစ်သည်။ ၎င်း၏ ရန်ကြောင့် တက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးက အရပ်ကင်းအဖွဲ့ နှင့် စစ်သားများကို ယင်းဒေသသို့ ပို့ ပေးထား ရသည်။
 
၎င်းသည် ခွေးများ၊ ကြက်များကို သတ်ကာ အစိမ်းစားသည်ကို တွေ့ ရှိ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ရွာဘုန်းကြီးကျောင်း ကုဋီတွင်း အသားစိမ်း များကို စားသောက် နေသည်ကို တွေ့ ရှိ၍ ဖမ်းမိခဲ့ခြင်း ဖြစ်ကာ အာဏာပိုင်များက နယ်စပ်မြစ်ကို ဖြတ်လျက် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ ဆောင် ခဲ့သည်။ သို့ သော်လည်း ၎င်း အစိမ်းစားသူက ဒေသတွင်း ပြန်လည် ၀င်ရောက်လာမည် စိုးသောကြောင့် လုံခြုံရေးကင်းများ ချထားသလို ရွာနေပြည်သူ များလည်း စိုးရိမ် ထိတ်လန့် ကာ ညဘက်များတွင် အပြင်မထွက်ဝံ့ရှိနေသည်။

"ရွာသူရွာသားတွေက အဲဒီဒကာ ပြန်ရောက်လာမှာကို ကြောက်နေကြတယ်" ဟု ရွာဦးကျောင်း ကျောင်းထိုင်ဆရာတော်ကြီးက လာရောက် ဖူးမြော်ကြသည့် အရပ်ကင်းစောင့်များနှင့် စစ်သားများကို မိန့် ကြားခဲ့သည်။

မောက်ခလိုင်သည် တိရစ္ဆာန်များကို အစိမ်းစားရာမှ ရွာမှ ကလေးလေးများကို ဝင်ဆွဲကာ သတ်ဖြတ်စားသောက်မည်ကို ရွာသားများက စိုးရိမ်လျက်ရှိကြောင်း ရွာသားတစ်ဦးက ပြောသည်။ "ရွာသားတွေက သူ ပြန်ရောက်လာမှာ စိုးရိမ်နေကြတယ်။ နောက်ပြီး ကလေးတွေကိုပါ သတ်ဖြတ်စား လာမယ်ဆိုပြီး ခြောက်ခြားနေတယ်"ဟု ယင်းရွာသားက ပြောသည်။ ထိုပြင် အာဏာပိုင်များအနေဖြင့် မောက်ခလိုင်အား တရားစွဲခြင်း သို့ မဟုတ် စိတ်ကျန်းမာရေး စစ်ဆေးခြင်းတို့ ကို လုပ်ဆောင်သင့် ပါလျက် မလုပ်ဆောင်ကြကြောင်း ရွာသားတစ်ချို့  ကလည်းပြော ကြသည်။
 
မောက်ခလိုင်သည် စစ်သားဟောင်းတစ်ဦးဖြစ်နိုင်ပြီး အသက်ရှင်သန်ရေးအတွက် မည်သည့်နည်းနှင့်မဆို မည်သည့် အစားအစာမဆို စားနိုင်အောင် လေ့ကျင့်ပေး ထားသူ ဖြစ်ကြောင်း လက်ထောက်ခရိုင် အုပ်ချုပ်ရေးမှူး ပန်တစ်က ပြော သည်။မယ်ရာမတ်ခရိုင် အာဏာပိုင် များနှင့် အရပ်ကင်းအဖွဲ့ များက ရွာသူရွာသားများ အန္တရာယ်ကင်းရေးနှင့် စိတ်လုံခြုံရေး အတွက် နေ့ စဉ် ကင်းလှည့် ပေးလျက်ရှိသည်။ 
Mizzima News
မြန်မာနယ်စပ် အနီးတွင် ရှိသည့် ထိုင်းနိုင်ငံ တက်ခ် ပြည်နယ် မယ်ရာမတ်ခရိုင် အတွင်းရှိ ကျေးရွာတစ်ရွာတွင် လူခြေတိတ်ချိန် များတွင် လူတစ်ဦးက တိရစ္ဆာန် များကို ရွာအတွင်း ဝင်ဆွဲကာ အစိမ်းလိုက် သတ်ဖြတ် စားသောက်ခြင်းကြောင့် ရွာသူ ရွာသားများ အနေဖြင့် ခြောက်ခြားလျက် ရှိနေရာ ယင်းကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ များက ကင်းလှည့် စောင့်ကြပ်ပေး နေရသည်။
ခွေးများ၊ ကြက်များမှ အစ ရွာတွင်းမှ တိရစ္ဆာန်များကို ဖမ်းဆီး သတ်ဖြတ်ကာ အစိမ်းစား သူသည် မြန်မာနိုင်ငံသား တစ်ဦး ဖြစ်သည်ဟု ရွာသူရွာသားများနှင့် ဘုန်းကြီးများက ပြောသည်။ ထိုင်းအခေါ်အားဖြင့် မောက်ခလိုင် (Mokhalai) ဆိုသူ ဖြစ်ပြီး အသက် ၂၅ နှစ်ရှိ ကရင် လူမျိုး တစ်ဦးဖြစ်သည်။ ၎င်း၏ ရန်ကြောင့် တက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးက အရပ်ကင်းအဖွဲ့ နှင့် စစ်သားများကို ယင်းဒေသသို့ ပို့ ပေးထား ရသည်။

မနုနုယဉ်သေဆုံးမှု အမှုမှန်ပေါ်ပေါက်စေလိုကြောင်း မိသားစုတောင်းဆို

မှုခင်းဆရာဝန်၏ ဆေး စစ်ချက်အဖြေများအရ သရုပ်ဆောင်မင်းအုပ်စိုးထိုးနှက်သဖြင့် သေဆုံးသွားခဲ့သည့် မနုနုယဉ်ရရှိ ခဲ့သော ဒဏ်ရာများမှာ ထိုးကြိတ် ရုံဖြင့် ရရှိနိုင်သည့် ဒဏ်ရာများ မဟုတ်ခြင်းကြောင့် အမှုကိုအမှန် အတိုင်းဖြစ်စေလိုကြောင်း မနုနု ယဉ်၏ မိသားစုဝင်များက သတင်း ထောက်များအား ပြောကြား သည်။
‘‘မှုခင်းဆရာဝန်တွေရဲ့ပြော စကားအရ ရင်ဘတ်က အရိုးတွေ အကုန်ကျိုးနေတယ်။ အသည်းတွေ၊ နှလုံးတွေ အကုန်ပွင့်ထွက်သွားတယ်။ အဆုတ်မှာ ညိုမည်းနေတယ်။ ခေါင်းရဲ့ ဘယ်ဘက်တစ်ခြမ်းလုံးက ညိုမည်းနေတယ်။ ညာဘက်မျက်လုံးက ချိုင့်နေ တယ်။ အဲဒါတွေကတော့မျက်မြင် ကိုယ်တွေ့တွေ့ခဲ့ရတာ။ ဆရာဝန် ပြောတဲ့စကားအရ လက်သီးနဲ့ ထိုး ရုံနဲ့တော့ ဒီလိုကျိုးကြေသွားတာ မဖြစ်နိုင်ဘူး’’ဟု မနုနုယဉ်၏ ဦး လေးဦးအောင်ကျော်ထွားကပြော သည်။ ထို့ကြောင့် မနုနုယဉ်သေဆုံး သည့်ကိစ္စကို အမှုမှန်အတိုင်းပေါ် ပေါက်စေလိုကြောင်း မိသားစုဝင် များက ဒီဇင်ဘာ ၂၈ရက်က ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

နေပူတောင်အား ဗီယက်နမ်ကို ကျောက်ထုတ်ရန် ဌားရမ်းမှု ဒေသခံ ၅၀၀၀ ခန့် ကန့်ကွက်ဆန္ဒပြ


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ အဖိုးတန် နေပူတောင်ကို ကျောက်ထုတ် ရန် ဗီယက်နမ် ကုမ္ပဏီ တစ်ခုအား ဌားရမ်းလိုက်သည့် အပေါ် ဒေသခံ ပြည်သူ ၅၀၀၀ နီးပါးခန့်က ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

အန်အယ်ဒီအဖွဲ့ဝင်အချင်းချင်း ညီညွှတ်ရန်လိုကြောင်း ဒေါ်စု တိုက်တွန်း

အဖွဲ့ချုပ်ကို ထူထောင်ထားတာဟာ ပြည်သူအကျိုးအတွက် ထူထောင်ထား တာဖြစ်တဲ့ အတွက် ကိုယ့်အကျိုးအတွက် ဆောင်ရွက်မယ်ဆိုရင် အဖွဲ့ချုပ်ကို မ၀င်သင့်ကြောင်းနဲ့ အဖွဲ့ချုပ်ဝင်အချင်းချင်း ညီညွတ်ဖို့ လိုတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီ ပါတီဝင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့က မြောင်းမြမြို့မှာ ပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့အတွက် လာရာလမ်းမှာရှိတဲ့ အိမ်မဲမြို့ ပြည်သူလူထုနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ထင်ရှားကျော်ကြား ၂၀၁၄

ရှေ့ပြေး သန်းခေါင်စာရင်း ရလဒ်နှင့် လူဦးရေ ကိုးသန်းကျော် ကွာဟမှု
မြန်မာနိုင်ငံ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပြန်လည်ပြုလုပ်ခဲ့သည်။ အဆိုပါ ပြည်လုံးကျွတ် သန်းခေါင်စာရင်း၏ ရှေ့ပြေးရလဒ်သည် ယခင် နိုင်ငံတော်က ထုတ်ပြန်ထားသည် စာရင်းများနှင့် နိုင်ငံရေးလုပ်ဆောင်ချက် အချို့တွင် အစိုးရမှ အသုံးပြုခဲ့သည့် လူဦးရေစာရင်းနှင့် များစွာကွဲလွဲ နေခဲ့သည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သောကြောင့် Weekly Eleven News ဂျာနယ်က ၂၀၁၄ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။
မြန်မာနိုင်ငံတွင် နောက်ဆုံးအကြိမ် ကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၅ ဒသမ ၃ သန်းကျော် ရှိသည်။ ၁၉၉၁ ခုနှစ်မှစ၍ တိုင်းနှင့် ပြည်နယ်များတွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းများကောက်ခဲ့ကာ မွေးနှုန်း-သေနှုန်း အခြေခံ၊ လူဦးရေ၊ ပညာ၊ အရည်အချင်းဖြင့် တွက်ချက်မှုများအရ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆၁ ဒသမ ၅၇ သန်းအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။
သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၂၀၁၄ မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ပြုလုပ်ခဲ့ပြီး သြဂုတ်လကုန်တွင် ထုတ်ပြန်ခဲ့သည့် ရှေ့ပြေးသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ ဒသမ ၄ သန်းသာ နေထိုင်လျက်ရှိသဖြင့် မူလခန့်မှန်းချက်ဖြစ်သည့် လူဦးရေသန်း ၆၀ စာရင်းနှင့် နှိုင်းယှဉ်ပါက လူဦးရေ ကိုးသန်းခန့် လျော့နည်းနေသည်။
၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၈ သန်းနီးပါး ရှိကြောင်းနှင့် ၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် အနီးစပ်ဆုံး ၅၉ သန်းဝန်းကျင်ရှိသည်ဟု နိုင်ငံတော်က ထုတ်ပြန်ထားသည်။
၂၀၁၅ မေတွင် သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကို ထုတ်ပြန်မည်ဖြစ်ရာ သန်းခေါင်စာရင်း နောက်ဆုံးရလဒ်သည် မဲပေးပိုင်ခွင့်ရှိသူဦးရေ အရေအတွက်နှင့် သက်ဆိုင်နေကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပြန်ရန် နှောင့်နှေးနေမည် ဆိုပါက ရွေးကောက်ပွဲကို မသမာမှုပြုလုပ်ရန် ပြင်ဆင်သည်ဟု ယူဆစရာ ရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ဝေဖန်ထောက်ပြမှုများရှိရာ တိုင်းပြည်၏ လူဦးရေစာရင်း အတိအကျကို အစိုးရက ထုတ်ပြန်သွားနိုင်မည်လား ဆိုသည်မှာ စောင့်ကြည့်ရမည့်အချက်ပင် ဖြစ်ပေသည်။

Eleven Media Group

ငွေမည်းများနှင့် ဈေးကစားသည့် ၂၀၁၄ ခုနှစ် အိမ်ခြံမြေဈေးကွက်

မြန်မာ့အိမ်ခြံမြေဈေးကွက်သည် အစိုးရသစ်တက်လာသည့် ၂ဝ၁၁ ခုနှစ် နောက်ပိုင်းမှစ၍ တရိပ်ရိပ်တက်လာခဲ့သည်။ ယင်းသို့ အိမ်ခြံမြေဈေးကွက် တက်လာသည့်အပိုင်းတွင် ပုံမှန်တက်လာခြင်းမျိုးမဟုတ်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ဈေးကစားရန် ကိုင်ထားသော လက်ကြီးသမားများကြောင့် ယင်းကဲ့သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ အိမ်ခြံမြေအား လက်ကြီးသမားများက ချုပ်ကိုင်ထားသကဲ့သို့ လုပ်ပိုင်ခွင့်ရှိသူများ နှင့် နီးစပ်သူများကလည်း ချုပ်ကိုင်ထားကြောင်း၊ ထို့အတူ တပ်မြေသိမ်းမှုများကြောင့် အိမ်ခြံမြေဈေးသည် တရိပ်ရိပ်တက်လာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ် မှစ၍ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ဝင်ငွေရလမ်း ဖော်ပြစရာမလိုဟူသော ပြဠာန်းကြောင့် အိမ်ခြံမြေဈေးကွက်သို့ ငွေမည်းအများအပြား ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းအနေအထားမှ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း အပြောင်းအလဲကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် အဆိုပါ ငွေမည်းသမားများက အိမ်ခြံမြေကို ကိုင်ထားခဲ့သည့်အတွက် ၂ဝ၁၄ ခုနှစ်သည် အိမ်ခြံမြေဈေးနှုန်းအမြင့်ဆုံး ရောက်နေသည့်အနေအထားဖြစ်ကြောင်း သိရသည်။

အာဏာရှင်ဟောင်းတချို့၏ ကြွယ်ဝမှုများ မဖုံးနိုင်မဖိနိုင် ပေါ်လာခဲ့သည့် ၂၀၁၄

အနှစ် ၆ဝ ခန့် အာဏာရှင်စနစ်အောက်၌ ရပ်တည်ခဲ့ရသော မြန်မာနိုင်ငံတွင် အစိုးရအရာရှိများ နှင့် နီးစပ်သူများ၏ အကျင့်ပျက်လာဘ်စားမှုများကြောင့် ကမ္ဘာတွင် နာမည်ပျက်ခဲ့ရသည်။
ထိုသို့ နာမည်ပျက်ခဲ့သော်လည်း အကျင့်ပျက်လာဘ်စားမှုများတွင် ပါဝင်သူများကိုယ်တိုင် ထုတ်ဖော်မှသာ အကျင့်ပျက်လာဘ်စားမှုကို ဖော်ထုတ်နိုင်မည်ဖြစ်သည့်အတွက် အစိုးရအရာရှိအများစုသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ယနေ့တိုင် ဖုံးဖိထားနိုင်ဆဲဖြစ်သည်။

ဂျော်ဂျီယာ လွှတ်တော် အစည်းအဝေးတွင် အတိုက်အခံ ပါတီနှစ်ခုမှ လွှတ်တော် အမတ်များကြား တိုက်ခိုက်မှု ဖြစ်ပွား


ဂျော်ဂျီယာ ပါလီမန် လွှတ်တော်၌ ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး တစ်ခုတွင် အာဏာရ ပါတီနှင့် အတိုက်အခံ ပါတီမှ လွှတ်တော် အမတ်များကြား ငြင်းခုံ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အတိုက်အခံ ပါတီနှစ်ခုကြား ရန်ပွဲသည် ဥရောပ ကောင်စီ၏ ပါလီမန် အစည်းအဝေးသို့ စေလွှတ်မည့် ဂျော်ဂျီယာ ကိုယ်စားလှယ် အဖွဲ့နှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၆ ရက်တွင် လွှတ်တော်အမတ်များ ဆွေးနွေး တိုင်ပင်ခဲ့ရာမှ အစပျိုးခဲ့ခြင်း ဖြစ်သည်။

Saturday 27 December 2014

စစ်သွေးကြွများကို ပြန်တိုက်ရန် မြန်မာအပါအ၀င် ၃ နိုင်ငံကို အိန္ဒိယ အကူအညီတောင်း

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဒီတပတ် အနည်းဆုံး လူ ၈၀ လောက် သေနတ် ပစ်သတ်ခံရလို့ သေဆုံးသွားရတာကြောင့် အဲဒီဒေသခံ စစ်သွေးကြွတွေ ကို ပြန်တိုက်ခိုက်ဖို့ မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပူးပေါင်းဆောင် ရွက်ပေးဖို့ အကူအညီ တောင်းထားတယ်လို့ ဒီိဇင်ဘာလ ၂၆ ရက်နေ့က တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဘိုဒိုတိုင်းရင်းသားတွေအတွက် သီးခြားပြည်နယ် ရ ရှိရေး တောင်း ဆိုနေတဲ့ ဘိုဒိုလန်း အမျိုးသား ဒီမိုကရက်တစ် တပ်ဦးအဖွဲ့ က ဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

KIA ကြိုးဆွဲရာ ကနေရသော TNLA ရုပ်သေးရုပ်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၄)ဖွဲ့ လက်မှတ် ရေးထိုးပြီး သော်လည်း လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော(၂) ဖွဲ့မှာ KIA နှင့် TNLA အဖွဲ့များ ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ သတ်မှတ်ထားသော်လည်း TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်၍ KIA တစ်ဖွဲ့တည်းသာ ကျန်ရှိသည်ဟု သတ်မှတ် ရမည် ဖြစ်ကြောင်း TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်သည်။

Friday 26 December 2014

ရန်ကုန်အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာမည်

Photo: ရန်ကုန်အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာမည်
Friday, December 26, 2014

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု အားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“မုန်တိုင်းငယ်တစ်ခု ဖြစ်လာဖို့ အလားအလာ များပေမယ့် မုန်တိုင်းကြီးလို ထူးခြားတဲ့ အခြေအနေမျိုးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကမ်းရိုးတန်း ဒေသတွေကို အရှေ့မြောက်လေပြင်းတွေ တစ်ခါတစ်ရံတိုက်ပြီး လှိုင်းကြီးနိုင်တာကိုတော့ သတိပြုရမယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ခြင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၁ ပေမှ ၃ ပေအထိ ရှိနိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၄ ပေမှ ၅ ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်လျက် ရှိသည့် လေဖိ အားနည်း ဆဲလ် INVEST 95 B ကြောင့် ယနေ့မှစ၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ အတွင်း မြန်မာပင်လယ်ပြင်တွင် အနောက်တောင်ဘက်မှ လှိုင်း (အမြင့်ဆုံး ၁၇ ပေ အထိ) ရှိနိုင်သည်ကို တွေ့ရှိရသဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေ သည့် MMWeather Page အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

The Voice Weekly
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လေဖိ အားနည်း ရပ်ဝန်းတစ်ခု အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံရေးအတွက် လုံခြုံရေးဆပ်ကော်မတီဖွဲ့စည်းပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နေ

Photo: ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ဖွဲ့စည်းပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နေ
Friday, December 26, 2014

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင်အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၄ရက်က ကျင်းပခဲ့ပြီး အခမ်းအနားလုံခြုံရေး အတွက် လုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းကာ သာမန်လုံခြုံရေး ထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်က ပြောသည်။

''နေပြည်တော် ဗိုလ်ရှုသဘင် အခမ်းအနားအပါအဝင် နေပြည်တော်မှာ အခမ်း အနားတွေလုပ်ရင် လုံခြုံရေးအတွက် လုံလောက်တဲ့ ရဲ တပ်ဖွဲ့အင်အား၊ လုံလောက်တဲ့လုံခြုံ ရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ဆောင်ရွက်တာ ပါ၊ နေပြည်တော် ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံ ရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ကို ဖွဲ့စည်းထားပြီး အဲဒီကော်မတီ ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကဥက္ကဋ္ဌ ၊ ရဲချုပ်က အတွင်း ရေးမှူး ၊ အမှတ်(၁)လုံခြုံရေး ကွပ်ကဲ ရေးမှူး ရဲမှူးချုပ်ကတွဲဖက်အတွင်း ရေးမှူးဆိုပြီး ကော်မတီဖွဲ့စည်းထား တယ်၊ ဗိုလ်ရှုသဘင် အခမ်းအနား လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် တပ်မတော်က လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်''ဟု ယင်းကဆိုသည်။

ဗိုလ်ရှုသဘင် အခမ်းအနားအတွက် လုံခြုံရေးစီမံဆောင်ရွက်ထားမှုနှင့်ပတ်သက် ၍ ရဲမှူးကြီးက ''လုံခြုံရေးဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အရင် ကတော့ ရဲတပ်ရင်းလို့ခေါ်တာပေါ့၊ အခုတော့ လုံခြုံရေးတပ်ဖွဲ့ခွဲပေါ့၊ အဲဒီ တပ်ဖွဲ့တွေလဲပါတယ်၊ နယ်မြေခံရဲ တပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ရဲတပ် ရင်း၊ အထူးတာဝန်တပ်ဖွဲ့နဲ့ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ အားလုံးပေါင်း စပ်ပြီး လုံခြုံရေး ဆောင်ရွက်ပေးရတာဖြစ်တယ်'' ဟု ဆက်လက်ပြောသည်။

ဗိုလ်ရှုသဘင်အခမ်းအနား တွင် လက်နက်ကိုင်(ကြည်း၊ရေ၊လေ) တပ်ဖွဲ့များ၊ တိုင်းဒေသကြီး ပြည် နယ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ကင်းထောက်အဖွဲ့များ ၊ မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့များ၊ NGO အဖွဲ့အစည်း များ၊ စစ် မှုထမ်းဟောင်းအဖွဲ့များ၊ ဝန်ကြီး ဌာနများစသည်ဖြင့် တပ်ခွဲအလိုက် စစ်ကြောင်း ၁၅ခုဖြင့် ချီတက်အလေးပြုကြမည်ဟု သိရသည်။

Democracytoday
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင်အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၄ရက်က ကျင်းပခဲ့ပြီး အခမ်းအနားလုံခြုံရေးအတွက် လုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းကာ သာမန် လုံခြုံရေးထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။

အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကောင်မလေးဆီမှာ ရှိစေချင်တဲ့ အရည်အချင်း (၆) ချက်

Photo: အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကောင်မလေးဆီမှာ ရှိစေချင်တဲ့ အရည်အချင်း (၆) ချက်
Friday, December 26, 2014

ခုခေတ်မှာ ပြီးပြည့်စုံတဲ့ ချစ်သူရည်းစားမျိုးကို လိုက်ရှာနေရင်တော့ တွေ့မယ်မထင်ပါဘူး။ ခုလက်ရှိကိုယ့်ရည်းစားက တော်တော်လေးကို ချစ်စရာကောင်းသလို ကိုယ်နဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ခုအခြေအနေနဲ့ နည်းနည်းကွဲပြားတဲ့ အရည်အချင်းတစ်ချို့ကို ပိုင်ဆိုင်စေချင်ကြပါတယ်။ ဘယ်လိုအရည်အချင်းမျိုးတွေလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်။

၁။ဘာမဟုတ်တာလေးတွေကို ပွစိပွစိပြောပြီး ရန်မရှာတတ်တာမျိုး
မိန်းကလေးတော်တော်များများဟာ သူတို့စိတ်အလိုမကျတော့ဘူးဆိုရင် သွား လာမထိနဲ့၊ စိတ်ဆိုးနေတယ်လို့ ပြောပြီး မကျေနပ်ချက်တွေကို ပွစိပွစိ လုပ်တတ်ကြပါတယ်တဲ့။ တည်ငြိမ်ပြီးရင့်ကျက်တဲ့ မိန်းကလေး အနည်းငယ်ကတော့ မြင်သမျှအရာတိုင်းကို ပြသနာမလုပ်တတ်သလို တကယ်ပြသနာတွေကိုမှ မျက်နှာချင်းဆိုင် ဖြေရှင်းတတ်ကြတာမျိုးပါ။အရာ

၂။အရာအားလုံးကို မမှီခိုနေတတ်တာမျိုး
ငွေရေးကြေးရေအရရော၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုတွေအရရော အမျိုးသားတွေဟာ ကိုယ့်ချစ်သူက ကိုယ့်ကို မှီခိုတာမျိုးကို သဘောကျကြတယ်လို့ ထင်ပါလိမ့်မယ်။ အမှန်တော့ ရေရှည်မှာ ကိုယ့်ရဲ့စဉ်းစာဥာဏ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်အားကိုယ့်ကိုးတဲ့ ချစ်သူမျိုးကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ အရာအားလုံး သူတို့လုပ်ပေးမှ အဆင်ပြေနိုင်တဲ့ သူမျိုးကိုတော့ ဘယ်သူမှ မလိုချင်ပါဘူး။

၃။စမတ်ကျကျလေး နေတတ်တာမျိုး
အပေါ်က အချက်လိုပါပဲ။ ကိုယ့်ချစ်သူက တုံးအနေတာမျိုး ဘယ်ယောင်္ကျားလေးက လိုချင်မှာလဲ။ မေးလိုက်တိုင်း ဘာဆိုဘာမှမသိတဲ့ ချစ်သူမျိုးထက် စမတ်ကျကျလေး နေတတ်တဲ့ ချစ်သူမျိုးကို ပိုပိုင်ဆိုင်ချင်ကြတာပါ။

၎။ညှို့အားပြင်းပြင်းနဲ့ သူတို့ကို ဆွဲဆောင်နိုင်တာမျိုး

ကိုယ်ခန္ဓာလှတာ မလှတာ ၊ ပိန်တာ၊ ၀တာမျိုးတွေနဲ့ မဆိုင်ပါဘူး။ သူတို့ဆိုလိုချင်တာက သူတို့နဲ့ နေတဲ့အခါမျိုးတွေမှာ ကိုယ်ဟာ သူတို့ကို ဆွဲဆောင်နိုင်တဲ့ ချစ်သူမျိုးဖြစ်တာမျိုးကို လိုချင်တာပါ။

၅။အားလုံးကို ခင်ခင်မင်မင် ပေါင်းသင်ဆက်ဆံတတ်တာမျိုး
ဒါကတော့ ယောင်္ကျားလေး၊ မိန်းကလေးမှ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ချစ်သူကို ကိုယ့်သူငယ်ချင်း၊ အပေါင်းအဖော်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေစေချင်တာ၊ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံစေချင်ကြတာချည်းပါပဲ။ ဒါဟာ ဆက်ဆံရေးတစ်ခုအတွက် အရေးပါလွန်းလှပါတယ်။

၆။ခွန်အားပေးတတ်တာမျိုး
ဘယ်ယောင်္ကျားလေးမဆို ကိုယ့်ကိုပြောင်းလဲနိုင်စွမ်းရှိတဲ့၊ ကိုယ့်စိတ်ကူးအိုင်ဒီယာတွေကို ပိုမိုသစ်လွင်လာအောင် ဖန်တီးပေးနိုင်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ စိတ်ခွန်းအားဖြည့်ပေးနိုင်မယ့် ချစ်သူမျိုးကို လိုချင်ပါတယ်။

Ref:mensxp.com
Trend Myanmar
ခုခေတ်မှာ ပြီးပြည့်စုံတဲ့ ချစ်သူရည်းစားမျိုးကို လိုက်ရှာနေရင်တော့ တွေ့မယ်မထင်ပါဘူး။ ခုလက်ရှိ ကိုယ့်ရည်းစားက တော်တော်လေးကို ချစ်စရာကောင်းသလို ကိုယ်နဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ခုအခြေအနေနဲ့ နည်းနည်းကွဲပြားတဲ့ အရည်အချင်းတစ်ချို့ကို ပိုင်ဆိုင်စေချင်ကြပါတယ်။ ဘယ်လိုအရည်အချင်းမျိုးတွေလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်။

ဘားကမ့် ၂၀၁၅ ကို ဇန်နဝါရီ ၃၁ရက်တွင် ကျင်းပမည်

Photo: ဘားကမ့် ၂၀၁၅ ကို ဇန်နဝါရီ ၃၁ရက်တွင် ကျင်းပမည်
Friday, December 26, 2014

ရန်ကုန်၊ ဒီဇင်ဘာ ၂၅-နည်းပညာ အပါအဝင် အသိပညာနှင့်ပတ်သက်သည့် မည့်သည့်ခေါင်းစဉ်ကိုမဆို ဆွေးနွေးနှီးနှော ဖလှယ်နိုင်မည့် Barcamp 2015 Yangon ကို ဇန်နဝါရီ ၃၁နှင့် ဖေဖော်ဝါရီ၁ရက် တို့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ရှိ MICT Park တွင် နံနက် ၉ မှ ည နေ ၅နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာတွင် ကျင်းပပြု လုပ်နေသည့်ပုံစံအတိုင်း အဆိုပါ ဘားကမ့်ပွဲကို ကျင်းပသွားမည် ဖြစ်ပြီး နည်းပညာအကြောင်းအရာများနှင့် လူအများစိတ်ပါဝင် စားသည့် အကြောင်းအရာများကို ခေါင်းစဉ် သတ်မှတ်ထားခြင်းမရှိဘဲလွတ်လပ် စွာ ဆွေးနွေးဖလှယ်နိုင်မည်ဖြစ် ကြောင်း သိရသည်။

Barcamp မှ ပြန်ကြားရေးတာ ဝန်ခံ ဦးဇော်ဇော်မျိုးလွင်က''ဘား ကမ့်ပွဲက လူငယ်တွေနဲ့ နှစ်စဉ်စည် စည်ကားကားကျင်းပနေတဲ့ပွဲဖြစ်တယ်။ အားလုံး လွတ်လပ်စွာနဲ့ကိုယ် ကြိုက်နှစ်သက်တဲ့ အကြောင်းအရာကို ခေါင်းစဉ်တစ်ခု ထားပြီး စိတ် ကြိုက်ပြောဆိုဆွေးနွေးလို့ရအောင် လုပ်ပေးသွားမယ်။ တက်ရောက်လာမယ့် လူငယ်တွေအတွက်လဲနည်းပညာနဲ့ တခြားဗဟုသုတတွေ၊ အ ဆက်အသွယ်တွေ ရနိုင်မယ့်ပွဲတော် တစ်ခုပါ''ဟုပြောသည်။

ယင်းဘားကမ့်ပွဲတော်တွင် အိုင်တီ၊ မိုဘိုင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အခြားသော Topic များနှင့်လည်း ပြောဆိုနိုင်မည့်ပွဲတစ်ခုဖြစ်ကြောင်း၊ အခြားနည်းပညာပွဲများကဲ့သို့ ပညာရှင်များကသာဆွေနွေးရခြင်းမျိုး မဟုတ်ကြောင်း သိရသည်။

ဆက်လက်၍ ဦးဇော်ဇော်မျိုးလွင်က ''Topic တစ်ခုကို ကိုယ်က ရွေး ချယ်ပြီး ဆွေးနွေးမယ်၊ ပွဲလာမယ့်သူတွေကလဲ တစ်ခန်းမှာပဲဆွေးနွေးတာကို ထိုင်နားထောင်ရမှာ မဟုတ်ဘူး။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းကို ပြော ဆိုနေတဲ့အခန်းကို သွားနားထောင်နိုင်မယ်။ အရမ်း Free ဖြစ်အောင် ပြင် ဆင်ထားတယ်'' ဟု ပြောသည်။

အဆိုပါ ဘားကမ့်ပွဲသို့ ယခင် နှစ်ကျင်းပခဲ့စဉ်က လူဦးရေ ၆၅၀၀ ကျော် တက်ရောက်ခဲ့ပြီး ယင်းပွဲကို ၂၀၁ဝပြည့်နှစ်မှစတင်၍ ရန်ကုန်မြို့၌သာမက နယ်မြို့များတွင်ပါ ကျင်းပပြုလုပ်ခဲ့ပြီး အနည်းဆုံးပြပွဲသို့ လူဦးရေ နှစ်ထောင်ကျော် သုံးထောင်ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

PPT
Democracytoday
နည်းပညာ အပါအဝင် အသိပညာနှင့်ပတ်သက်သည့် မည့်သည့်ခေါင်းစဉ်ကိုမဆို ဆွေးနွေးနှီးနှော ဖလှယ် နိုင်မည့် Barcamp 2015 Yangon ကို ဇန်နဝါရီ ၃၁နှင့် ဖေဖော်ဝါရီ၁ရက် တို့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ရှိ MICT Park တွင် နံနက် ၉ မှ ည နေ ၅နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းလုံးဝမနေဖူးသောကလေးများကို NLD ပညာရေး ကွန်ရက်မှ မိုဘိုင်းစနစ်ဖြင့် စာသင်ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ၂၅- ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းလုံးဝ မနေ ဘူးသော ကလေးများကို NLD ပညာရေးကွန်ရက်မှ မိုဘိုင်းစနစ်ဖြင့် စာသင်ပေး မည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဘားအမှု တတိယအကြိမ်မြောက် ရုံးထုတ်

Photo: ဗုဒ္ဓဘားအမှု တတိယအကြိမ်မြောက် ရုံးထုတ်
Friday, December 26, 2014

ဗုဒ္ဓရုပ်ပွားတော်ရဲ့ နားတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဗဟန်းတရားရုံးမှာ ဒီကနေ့မနက် ၁၀ နာရီ စတင်စစ်ဆေးနေပါတယ်။

အခု ရုံးထုတ်စစ်ဆေးတာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့V Grastro.bar က နယူးဇီလန်နိုင်ငံသား Mr. Philip၊ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို ပုဒ်မ ၂၉၅၊ ၂၉၅(က)နဲ့ ၁၈၈ တို့နဲ့ ဆွဲချက်တင်ထားတာဖြစ်ပါတယ်။

dvb
ဗုဒ္ဓရုပ်ပွားတော်ရဲ့ နားတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေ ကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဗဟန်းတရားရုံးမှာ ဒီကနေ့မနက် ၁၀ နာရီ စတင်စစ်ဆေးနေပါတယ်။

MPT ၏ ပြည်တွင်း ပြည်ပဖုန်းခေါ်ဆိုခများအား ယခုနှစ် မကုန်မီ ပြင်ဆင်ပေးမည်ဟုဆို

Photo: MPT ၏ ပြည်တွင်း ပြည်ပဖုန်းခေါ်ဆိုခများအား ယခုနှစ် မကုန်မီ ပြင်ဆင်ပေးမည်ဟုဆို
Friday, December 26, 2014

ယခု၂ဝ၁၄ခုနှစ်မကုန်မီ ပြည် တွင်းပြည်ပ ဖုန်းခေါ်ဆိုခနှုန်းထားများ အား ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးမှ အကြီးတန်းအင်ဂျင် နီယာတစ်ဦးက ပြောသည်။

''သေချာပြင်ဆင်သွားမှာပါ။ လက် ရှိမှာ အခက်အခဲတွေနဲ့ ပြောင်းလဲမှုတွေ ရှိနေလို့ပါ။ ဒီနှစ်မကုန်မီ အမီပြင်ဆင် သွားမှာပါ''ဟု ယင်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအ နေဖြင့် ယင်းသို့ဖုန်းခေါ်ဆိုခများ ပြင် ဆင်သတ်မှတ်မှုအပြင် ဖုန်းခေါ်နိုင်မည့် နိုင်ငံများကိုပါ တိုးချဲ့သွားမည်ဖြစ်ကြောင်း အဆိုပါ အကြီးတန်းအင်ဂျင်နီယာက ပြောသည်။

''သုံးစွဲသူ တော်တော်များများက ဖုန်းခေါ်ဆိုခတွေ လျှော့ချသွားမယ်လို့ ထင်နေကြတယ်။ လျှော့ချသွားမှာမဟုတ် ပါဘူး။ ပြင်ဆင်သွားမှာပါ။ ဘယ်လိုပြင် ဆင်သွားမှာလဲဆိုတာကတော့ အတိအ ကျမပြောသေးသလို နှုန်းထားတွေလဲ ပြောပြလို့မရသေးပါဘူး။ ပြင်ဆင်ပြီး သွားရင်တော့ ထုတ်ပြန်မှာပါ''ဟု ၄င်း က ဆက်ပြောသည်။

ဖုန်းကတ်များအတွက် ငွေဖြည့် ကတ်များကိုလည်း လက်ရှိ ကျပ်၅ဝဝဝ တန်နှင့် ၁ဝဝဝဝ တန်တို့သာ ရှိနေရာမှ တခြားသော ဆက်သွယ်ရေးကုမ္ပဏီများ ကဲ့သို့ ကျပ် ၁ဝဝဝ တန်၊ ကျပ် ၃ဝဝဝတန် တို့အထိပါ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ သိရသည်။

''ဖုန်းငွေဖြည့်ကတ် ၁ဝဝဝ တန် တွေ ပေါ်လာမယ်ဆိုရင်တော့ တော်တော် ကောင်းပါတယ်။ အခုက အော်ရီဒူးတို့၊ တယ်လီနောတို့မှာပဲ ငွေဖြည့်ကတ် ၁ဝဝဝ တန်တွေ၊ ၃ဝဝဝ တန်တွေ ရှိနေတယ်။ ယှဉ်ကြည့်မယ်ဆိုရင်တောင် မျက်နှာ တော်တော်ငယ်ပါတယ်''ဟု မြောက်ဥက္က လာပမြို့နယ် (၂)ရပ်ကွက်တွင် နေထိုင် သူ ဦးနိုင်စိုးကပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး မှ ထုတ်လုပ်ထားသည့် MPT SIM Card နှင့် နိုင်ငံပေါင်း ၂၆ဝ ကျော်သို့ဆက် သွယ်နိုင်ပြီး ၄၆ နိုင်ငံသို့သာ သယ်ယူ သွားနိုင်ကြောင်း သိရသည်။

''ပြည်ပဖုန်းခေါ်ဆိုခအနေနဲ့ တစ် မိနစ်ကို MPT က ကျပ်၉ဝဝရှိပါတယ်။ Telenor တို့၊ Ooredooတို့ဆိုရင် တစ် မိနစ်ကို ကျပ်၂ဝဝပဲရှိပါတယ်''ဟု ဦးနိုင် စိုးကထပ်မံပြောကြားသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး သည် E Top Up စနစ်အား Elite နှင့် Asia Mega Link တို့တွင် ကျပ် ၅ဝဝဝ တန်၊ တစ်သောင်းတန်၊ သုံးသောင်းတန် များလုပ်ဆောင်လျက်ရှိသည်။

မြန်မာ နိုင်ငံတွင် ပြည်သူများ အသုံးပြုလျက်ရှိ သည့် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းခေါ် ဆိုခများမှာ တစ်မိနစ် ကျပ် ၅ဝဖြစ်သည်။

TheYangonTimes
ယခု၂ဝ၁၄ခုနှစ်မကုန်မီ ပြည် တွင်းပြည်ပ ဖုန်းခေါ်ဆိုခနှုန်းထားများ အား ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးမှ အကြီးတန်းအင်ဂျင် နီယာတစ်ဦးက ပြောသည်။

လက်ပံတောင်း သေဆုံးမှုကို ဥပဒေ အတိုင်း အမြန်ဆုံး ဆောင်ရွက်ရန် ရွှေဝါရောင် သံဃာတော်များ ကြေညာချက်ထုတ်

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်နိမိတ် သတ်မှတ်ရန် ၀မ်ပေါင် ကုမ္ပဏီမှ ခြံစည်းရိုး ခတ်မှုကို ဒေသခံများ တားဆီးရာမှ တစ်ဆင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ကျည်ထိ မှန်ကာ သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်း ကိစ္စအား အမြန်ဆုံး အကောင်အထည် ဖော်ရန် အတွက် ရွှေဝါရောင် သံဃာတော်များ စုစည်းမှု အဖွဲ့မှ ကြေညာချက် ထုတ်ပြန် ထားကြောင်း ယင်းအဖွဲ့မှ ဆရာတော် ဦးအဂ္ဂရာဇာက  The Messenger Media  သို့ မိန့်ကြားသည်။ တို့ကတော့ ကြေညာချက် ထုတ်ပြီး သွားပြီ။ ဒီကြေညာချက် အတိုင်း ဆောင်ရွက်မရွက် စောင့်ကြည့်ရ မှာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တို့တစ်တွေ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကို အစည်း အဝေး တစ်ခု ကျင်းပ ပြီးတော့ လုပ်ဆောင် သွားမယ် ဟု ဆရာတော်က မိန့်သည်။

စစ်ဘေးဒုက္ခသည်များကို လူမျိုးရေးမခွဲခြားဘဲ လမ်းကမ်းကြိုဆိုရန် ဂျာမနီသမ္မတ တိုက်တွန်း

Photo: စစ်ဘေးဒုက္ခသည်များကို လူမျိုးရေးမခွဲခြားဘဲ လမ်းကမ်းကြိုဆိုရန် ဂျာမနီသမ္မတ တိုက်တွန်း
Friday, December 26, 2014

ဂျာမနီသမ္မတ ဂျိုချင်ဂတ်စ် ဂျာမန်ပြည်သူတွေကို လူမျိုးရေးခွဲခြားမှုကို ပယ်ရှားဖို့၊ စစ်ဘေးနဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေး လွတ်မြောက်လာပြီး ဂျာမနီကို ရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ကမ်းကြိုဆိုဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ခရစ္စမတ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုးလာနေချိန်မှာ ခုလို တိုက်တွန်းလိုက်တာပါ။

ဒီနှစ်အတွင်း ဒုက္ခသည်အသစ် ၂ သိန်းကို ထောက်ပံ့ ခိုလှုံခွင့်ပေးခဲ့တဲ့ ထောင်သောင်းချီတဲ့ ဂျာမန်လူမျိုးတွေကို ချီးကျူးတယ်လို့လည်း အမျိုးသားရုပ်သံကနေ မိန့်ခွန်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ရေး ဂျာမနီနိုင်ငံတွင်း အကြီးဆုံး စီတန်းလှည့်လည်ပွဲကို ဂျာမနီအရှေ့ပိုင်း ဒရဲ့စ်ဒန်မြို့မှာ လူအယောက် ၁၇၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဂျာမနီနိုင်ငံတွင်း ခိုလှုံခွင့်တောင်းခံသူ ဦးရေဟာ ဒီနှစ်ထဲမှာ ၂ သိန်းထိ တိုးလာခဲ့ပြီး ၂၀၁၃ ခုနှစ်ထက် ၂ ဆနဲ့ ၂၀၁၂ ခုနှစ်ထက် ၄ ဆ ပိုတိုးလာတာပါ။

ဂျာမနီဟာ စစ်ဘေးဒဏ်သင့် ဆီးရီးယားနဲ့ အီရတ်တို့က ထွက်ပြေးလာတဲ့သူတွေကို တခြားအနောက်နိုင်ငံတွေ အားလုံးထက် ပိုပြီး လက်ခံခဲ့တာပါ။

ဂျာမန်သမ္မတကတော့ “အကြောက်တရားဟာ ကျနော်တို့နဲ့အတူ အမြဲတွဲ ရှိနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာတရားဟာ လူသား လောကရဲ့ အကြီးမြတ်ဆုံး စွမ်းရည်အစစ်ပဲဆိုတာကိုလည်း ကျနော်တို့ သိကြပါတယ်” လို့ ပြောပါတယ်။

ဂျာမနီဟာ ကမ္ဘာပေါ်မှာ အလွတ်လပ်ဆုံး ခိုလှုံခွင့်စည်းမျဉ်းတွေ ရှိနေတာပါ။ ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဝီလီဘရန့်ဟာ နာဇီခေတ်က ရှင်သန်ကျန်ရစ်သူ ဖြစ်ခဲ့လို့ ဒုက္ခသည်အများအပြားကို ခိုလှုံခွင့်ပေးပြီး ကူညီခဲ့ပါတယ်။

DVB
ဂျာမနီသမ္မတ ဂျိုချင်ဂတ်စ် ဂျာမန်ပြည်သူတွေကို လူမျိုးရေးခွဲခြားမှုကို ပယ်ရှားဖို့၊ စစ်ဘေးနဲ့ အကြမ်းဖက် မှုတွေ ကနေ ထွက်ပြေး လွတ်မြောက်လာပြီး ဂျာမနီကို ရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ကမ်းကြိုဆိုဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ခရစ္စမတ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် တိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ တစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရဘဲ ပြည်သူများ ပူးပေါင်း ပါဝင်မှသာ အောင်မြင်မည်

Photo: နိုင်ငံတော် တိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ တစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရဘဲ ပြည်သူများ ပူးပေါင်း ပါဝင်မှသာ အောင်မြင်မည်
Friday, December 26, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာလာရာ ရခိုင်ပြည်နယ် သံတွဲလေဆိပ်သို့ ရောက်ရှိပြီး ငပလီမြို့ မဒေးတောင်ရှိ အမတသုခ အလိုတော်ပြည့် တောရကျောင်း၌ အလိုတော်ပြည့် ဆရာတော် ဒေါက်တာ အရိယဝံသနှင့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတသည် မဒေးတောင်ရှိ တိလောက သယမ္ဘူ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ ကျောက်ဖြူမြို့သို့ မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိသည်။ ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်ဖြူမြို့ ရမ္မာဝတီ ခန်းမ၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ ဒေသခံ ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက် ပေးနေသည့် အခြေအနေ များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း၏ ၅ဝ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိရေး ဆောင်ရွက် နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး ရရှိရေးနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက် နေမှုများအား ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရ တာဝန်ယူသည့် သက်တမ်း ကာလအတွင်း မိမိတို့ ပြည်သူများအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ပြည်သူဗဟိုပြု စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် အခြေခံအားဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုး တိုးတက်သည့် ဒေသဖြစ်ရန် မိမိတို့ အစိုးရအနေဖြင့် အလေးထား ဆောင်ရွက်နေပါကြောင်း၊ ''ချမ်းသာချင်လျှင် လမ်းဖောက်'' ဆိုသည့် စကားပုံအတိုင်း ဖွံ့ဖြိုး တိုးတက်ချင်လျှင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရမည် ဖြစ်ပါကြောင်း၊ မြေပေါ်မြေအောက် သဘာဝသယံဇာတ ပစ္စည်းများကို အသုံးချနိုင်ရန် လူ့စွမ်းအား အရင်းအမြစ် လိုအပ်ပါကြောင်း၊ ယင်းသဘာဝ အရင်းအမြစ်များကို လူသားတို့၏ ကာယအား၊ ဥာဏအား၊ ဝီရိယအား၊ လူ့စွမ်းအားများဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် ကြံဆ လုပ်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရန် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးသည် အရေးကြီးပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရမှသာ ပုံမှန်ဝင်ငွေ ရရှိနိုင်မည့် အခွင့်အလမ်းများ ရရှိမည် ဖြစ် ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကျောက်ဖြူ အထူးစီးပွားဇုန်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ထိုစီးပွားရေးဇုန် ပေါ်ပေါက် လာပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာမည်ဖြစ်ပြီး ကျွမ်းကျင် လုပ်သားများလည်း လိုအပ်လာမည် ဖြစ်ပါကြောင်း၊ ထိုကျွမ်းကျင် ဝန်ထမ်းများ ဖြစ်ရန် ပညာတတ်ရမည် ဖြစ် ပါကြောင်း၊ ဒေသတွင်း ပညာတတ်များနှင့် ကျွမ်းကျင် လုပ်သားများ ပေါ်ပေါက်လာရန် စက်မှုလက်မှု သိပ္ပံကျောင်းကိုလည်း ကျောက်ဖြူ၌ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရန် အတွက်လည်း ပြည်ပ နိုင်ငံများနှင့်ပါ ချိတ်ဆက်ပြီး စနစ်တကျ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် အထူးလိုအပ်ပြီး လျှပ်စစ် မီးရရှိရန် လိုအပ်ပါကြောင်း၊ မဟာဓာတ်အားလိုင်းက လျှပ်စစ်မီး ရရှိရေး သာမက ဒေသတွင်း လျှပ်စစ်မီး ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဓိက အရေးကြီးဆုံး အချက်မှာ တည်ငြိမ် အေးချမ်းမှုရှိရေးနှင့် တရားဥပဒေ စိုးမိုးမှုရှိရေး ပင် ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိ ပစ္စုပ္ပန်နှင့် နောင်အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူအားလုံးက နိုင်ငံတော် အစိုးရနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ အစိုးရ အနေဖြင့် ပြည်သူက ရွေးချယ်သည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီ စနစ်နှင့် လိုက်လျောညီထွေမှု ရှိသည့် ပြုပြင်ပြောင်းလဲမှုများကို အဆင့်လိုက် တစ်ဆင့်ချင်း အရှိန်အဟုန်ဖြင့် တိုးမြှင့် လုပ်ဆောင်ခဲ့ ပါကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရာ၌ နိုင်ငံတော် တည်ဆောက်ရေးတွင် နိုင်ငံသား အားလုံး ပါဝင်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအ တွက် ငြိမ်းချမ်းရေး ရရှိရန် တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ကြိုးပမ်း လုပ်ဆောင်နေပါကြောင်း၊ ယခုအချိန်တွင် စားပွဲဝိုင်းတွင် ထိုင်ပြီး လက်ဆွဲ နှုတ်ဆက်နိုင်သည့် အဆင့်ထိ ရောက်ရှိနေ ပါကြောင်း၊ အပစ်အခတ် ရပ်စဲရေး၊ သဘောတူ စာချုပ်ချုပ်ဆို နိုင်ရေးကိုလည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင် ငံရေး ဆွေးနွေးပွဲများကိုလည်း အချိန်ယူ ဆွေးနွေးသွားခြင်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လုပ်ငန်းစဉ်(၈)ရပ်ဖြင့် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် အရင်းအနှီး၊ အတတ်ပညာများ ရရှိရေးအတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူကို ဗဟိုပြုသည့် ပြုပြင် ပြောင်းလဲရေးကို လည်း ဆောင်ရွက်ခဲ့ ပါကြောင်း၊ ပြည်သူများ၏ ဆန္ဒသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး ဖြစ်သည့်အတွက် မိမိတို့ အနေဖြင့် ပြည်သူ့ဆန္ဒနှင့် အညီ ပြည်သူကို ဗဟိုပြုသည့် စနစ်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍများကို ကြိုးပမ်း အကောင်အထည်ဖော် လျက်ရှိနေပါကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့် အစိုးရ သက်တမ်းကာလ အတွင်း ပြည်သူများအတွက် ချက်ချင်း အကျိုးရှိမည့် လုပ်ငန်းများ၊ အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင် သည်များကို ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး အချိန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း စနစ်တကျ စီမံဆောင်ရွက် ပေးသွားမည်ဖြစ် ကာ နောင်တာ ဝန်ယူမည့် အစိုးရအတွက် အခြေခံအုတ်မြစ် ကောင်းများကို ချပေးနေခြင်းလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော် တိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ တစ်ဖွဲ့တည်းဖြင့် ဆောင် ရွက်၍မရဘဲ ပြည်သူများ ပူးပေါင်း ပါဝင်မှသာ အောင်မြင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအား နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် နိုင်ငံတော် အစိုးရနှင့်အတူ လက်တွဲပါဝင်ပူးပေါင်း ဝိုင်းဝန်း လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

ထို့နောက် မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ရမ်းဗြဲမြို့သို့ ထွက်ခွာရာ ရမ်းဗြဲမြို့မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူလေးများက ကြိုဆိုကြသည်။ ထို့နောက် မြို့နယ် ရမ္မာဝတီ ခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အထောက်အကူပြု ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ အား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသည့် သောက်သုံးရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်း ဆွေးနွေးမှာကြားသည်။ ယင်းနောက် မြို့မိမြို့ဖ အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက ဒေသလိုအပ်ချက်များအား တင်ပြရာ နိုင်ငံတော် သမ္မတက ဆွေးနွေး ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့သည်။

မြ၀တီ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာလာရာ ရခိုင်ပြည်နယ် သံတွဲလေဆိပ်သို့ ရောက်ရှိပြီး ငပလီမြို့ မဒေးတောင်ရှိ အမတသုခ အလိုတော်ပြည့် တောရကျောင်း၌ အလိုတော်ပြည့် ဆရာတော် ဒေါက်တာ အရိယဝံသနှင့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ရန် တာစူနေ

ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ မြစ်ဝ ကျွန်းပေါ်နှင့် ကမ်းလွန် ပင်လယ်ပြင်၌ လေပြင်းများ တိုက်ခတ်နိုင်ပြီး မိုးရွာသွန်းနိုင် ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်း သည်။

“ဒီလို အလား သဏ္ဍာန်တူတဲ့ ဖြိုခွဲနှိမ်နှင်းရေး လုပ်ငန်းတွေ မလုပ်ပါနဲ့”

Photo: “ဒီလို အလား သဏ္ဍာန်တူတဲ့ ဖြိုခွဲနှိမ်နှင်းရေး လုပ်ငန်းတွေ မလုပ်ပါနဲ့”
Friday, December 26, 2014

စစ်ကိုင်းတိုင်း လက်ပံတောင်းဒေသမှာ အစိုးရရဲ့ လက်အောက်ခံ ဦးပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီက ယာမြေ သိမ်းယူမှုတွေကြောင့် ဒေသခံတွေနဲ့ ကုမ္ပဏီအတွက် လုံခြုံရေး ယူပေးထားတဲ့ ရဲတပ်ဖွဲ့တွေ အကြား အခုလ ၂၂ ရက်က ပြန်လည်ပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ကြပါတယ်။

ဒေသခံတွေရဲ့ သီးနှံစိုက်ပျိုးထားဆဲ ဘိုးဘွားပိုင်ယာမြေတွေကို ကုမ္ပဏီဘက်က သံဆူးကြိုးတွေခတ်လိုက်တဲ့ အတွက် တောင်သူ တွေ ကတားမြစ်ရာမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့လို့ ဒေသခံတဦး သေနတ်ကျည်ဆန် ထိမှန် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီပဋိပက္ခဖြစ်စဉ်တွေအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အနည်းကပ်စောင့်ကြည့်နေသလို မြန်မာနိုင်ငံရဲ့
အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း ကွင်းဆင်း စောင့်ကြည့်မှုတွေ ပြုလုပ် နေ တာတွေ့ရပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးမှာ အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးသာအေးကို အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီဇင်ဘာ ၂၄ ရက်မှာ မျက်နှာချင်းဆိုင် သွားရောက်တွေ့ဆုံမေးမြန်း ခဲ့ တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဦးသာအေးနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှု အပါအဝင် ဒေသခံ တောင်သူတဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရှိသွားတဲ့ ပဋိပက္ခဖြစ် စဉ်နဲ့ ပတ်သက်ပြီး မိုးကြိုးပြင်ရွာကို ရောက်ရှိလာတဲ့ ဒေါ်ခင်စန်းလှိုင်ကို ဧရာဝတီ သတင်းထောက် ကျော်ခ က တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

မေး။ ။ လက်ပံတောင်းမှာ ဖြစ်သွားတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အန်တီတို့ အနေနဲ့ ဘာတွေဆက်ဖို့ရှိလဲ။

ဖြေ။ ။ ကျမ အနေနဲ့ကတော့ ဒီကနေ့ တိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးပြီးသွားပြီ။ သူ့ဘက်ကတော့ သံဆူးကြိုးခတ်တဲ့အထဲမှာ ပါသွားပြီး
အသိမ်းခံလိုက်ရတဲ့ လယ်တွေမှာပါသွားတဲ့ သီးနှံတွေကိုတော့ လျော်ကြေးပေးသွားမယ်လို့ ပြောပါတယ်။ မြေယာတွေ အတွက်ကို တော့ လျော်ကြေးပြန်ပေးမယ်။ အဲဒီအတွက်ကိုတော့ ဒေသခံလယ်သမားတွေနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ပါလို့ပြောတယ်။

ကျမတို့ဘက်ကတော့ နောင်ကို ဒီလို အလားသဏ္ဍာန်တူတဲ့ ဖြိုခွဲနှိမ်နှင်းရေး လုပ်ငန်းတွေ မလုပ်ပါနဲ့ နောက် ဒေသခံတွေကိုလည်း
ဒီလိုမျိုးပုံစံတွေနဲ့ နောင်မှာလည်း အကြမ်းဖက်တဲ့ ဒီလိုမျိုး ထိခိုက် နစ်နာတဲ့ကိစ္စမျိုးတွေကိုတော့ မဆောင်ရွက်ဖို့အတွက် ဝန်ကြီးချုပ် ကိုပြောခဲ့တယ်။

အဓိက ကတော့ ဖြစ်သွားတဲ့ ပြဿနာရဲ့ အပေါ်မှာ တိုင်းဒေသကြီးတခုလုံးရဲ့ တာဝန်အရှိဆုံး ဝန်ကြီးချုပ်တဦးအနေနဲ့ ဘယ်လို
ကိုင်တွယ် ဖြေရှင်းမလဲဆိုတာရယ် နောက်တခုက ဝန်ကြီးချုပ်တင်မဟုတ်ဘူး။ နောက် လက်ပံတောင်းတောင် စီမံကိန်း အကောင် အထည်ဖော်တဲ့ ကော်မတီရဲ့ ဒုတိယ ဥက္ကဋ္ဌ အနေနဲ့ရော ဘယ်လိုဆောင်ရွက်မလဲဆိုတာ ကျမတို့က စောင့်ကြည့်နေတယ်။ စောင့်ကြည့်နေတဲ့ ကာလ ၂ ပတ်အတွင်းမှာတော့ ဘယ်လိုအဖြေထွက်မလဲဆိုတာကို ကျမတို့ ကြည့်ပြီးတဲ့ နောက်မှာတော့ ကျမတို့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။

မေး။ ။ လက်ပံတောင်းကိစ္စက ဖြစ်နေတာကြာပြီ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ကွင်းဆင်းခဲ့သလို အစီရင်ခံစာ ထုတ်ပြန် ခဲ့တာလည်း ရှိတယ်။ ဒီအစီရင်ခံစာအပေါ်မှာ စီမံကိန်း အကောင်အထည်ဖော်တဲ့ အဖွဲ့က လိုက်နာမှုမရှိဘူးလို့လည်း သိရတယ်။ နောက်ဒီလိုပြဿနာတွေ ထပ်ဖြစ်နေမယ်ဆိုရင်ရော NLD ပါတီအနေနဲ့ ဘာဆက်လုပ်မယ့် အစီအစဉ်တွေရှိလဲ။

ဖြေ။ ။ အဓိက ကတော့လေ ကျမတို့ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြောနိုင်တဲ့ အခွင့်အရေး တခုပဲရှိတယ်။ မလုပ် ပါနဲ့ ဆိုတာမျိုး တားမြစ်နိုင်တဲ့ အနေအထားမရှိဘူး။ အဲဒီတော့ ကျမတို့က ဖြစ်နေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြည်သူလူထု ဘက် ကို ထိခိုက်လာပြီ။ ပြည်သူလူထု နစ်နာလာပြီဆိုလို့ရှိရင်တော့ ကျမတို့ တတ်နိုင်တဲ့ အခန်းကဏ္ဍတွေ ကနေ ပြောနေရမှာ။ ဒါတွေကို မလုပ်ဖို့ရာ အတွက်ကတော့ သက်ဆိုင်ရာ အာဏာပိုင်နဲ့ သက်ဆိုင်ရာ နိုင်ငံတော်ရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေမှာ အဓိက တာဝန် အရှိဆုံးပါ။ အဲဒီတော့ ဒီပုဂ္ဂိုလ်တွေက ဘယ်လိုဆက်လက် ကိုင်တွယ်ဆောင်ရွက်မလဲ ဆိုတာက အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိဖြစ်ပွားသွားတဲ့ ပဋိပက္ခ အခြေအနေနဲ့ ပတ်သက်ပြီးတော့ရော NLD ဗဟိုကို တင်ဖို့ အစီအစဉ်ရှိလား။

ဖြေ။ ။ ဒါနဲ့ပတ်သက်လို့ကတော့ ကျမအနေနဲ့ကတော့ ဒီကနေပြန်သွားရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဒေါ်အောင်ဆန်းစုကြည် ဆီကိုလည်း ဒီမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေအားလုံးနဲ့ ဝန်ကြီးချုပ်နဲ့ တွေ့ခဲ့ရတဲ့ အခြေအနေတွေအားလုံးကို အစီရင်ခံစာ တင်မယ်။ ပြီးပြီဆိုလို့ရှိရင်တော့ ဒီဘက်က ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ နည်းလမ်းမကျဘူးဆိုရင်တော့ ဒါနဲ့ပတ်သက်ပြီး တရား ဥပဒေ လမ်းကြောင်းအတိုင်း သွားနိုင်ဖို့ရာအတွက် ဒေသခံပြည်သူ လူထုနဲ့ ကျမတို့ ပူးပေါင်းမယ်။ နောက်တခုကတော့ ဒါပြီးပြီဆိုလို့ရှိရင် တော့ ၁၂ ကြိမ်မြောက် ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အရေးကြီး အဆိုတရပ် အနေနဲ့ ဖြစ်ဖြစ် မေးခွန်းအနေနဲ့ဖြစ်ဖြစ် မေးမြန်းဖို့ရာအတွက် ကျမတို့မှာ အစီအစဉ် ရှိပါတယ်။ ။

ဧရာဝတီ
စစ်ကိုင်းတိုင်း လက်ပံတောင်းဒေသမှာ အစိုးရရဲ့ လက်အောက်ခံ ဦးပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီက ယာမြေ သိမ်းယူမှုတွေကြောင့် ဒေသခံတွေနဲ့ ကုမ္ပဏီအတွက် လုံခြုံရေး ယူပေးထားတဲ့ ရဲတပ်ဖွဲ့တွေ အကြား အခုလ ၂၂ ရက်က ပြန်လည်ပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ကြပါတယ်။

မြန်မာ ကျားနှင့် ရှားပါး တိရစ္ဆာန်များ တရုတ်သို့ မှောင်ခိုကူးမှု များပြားလာ

Photo: မြန်မာ ကျားနှင့် ရှားပါး တိရစ္ဆာန်များ တရုတ်သို့ မှောင်ခိုကူးမှု များပြားလာ
Friday, December 26, 2014

မြန်မာ ကျားနှင့် ရှားပါး တိရစ္ဆာန် တောရိုင်း ကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တရုတ်နိုင်ငံသို့ မှောင်ခို လမ်းကြောင်းမှ တင်ပို့ရောင်းချမှုမှာ များပြားလာကြောင်း သတင်း ရရှိသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ သစ်တောထွက် အရင်းအမြစ်များ ကူးသန်း ရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့(TRAFFIC) ၏ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

တရုတ်နယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ သစ်တောထွက်ပစ္စည်းများ မှောင်ခိုဈေးကွက်တွင် မြန်မာနိုင်ငံမှ ကျားနှင့် ရှားပါးတောရိုင်းကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် အများဆုံးဖြစ်ကြောင်း၊ ထို တောရိုင်းကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ခြေသည်း၊ လက်သည်းများ၊ ဦးခေါင်းခွံ၊ အစွယ်နှင့် သားရေ တို့ ဖြစ်ကြောင်း TRAFFIC အစီရင်ခံစာက ဆိုသည်။

TRAFFIC အစီရင်ခံစာ၌ မိုင်းလားမြို့တွင် ရှားပါး တိရစ္ဆာန် ရောင်းချသည့် ဆိုင်အရေအတွက်မှာ ၂၀၀၆ ခုနှစ်တွင် ၆ ဆိုင်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၂၁ ဆိုင်အထိ ရှိလာကြောင်း၊ မိုင်းလားဆိုင်များ အားလုံး၏ ဖောက်သည်များသည် တရုတ်နိုင်ငံမှ ဖြစ်ကြောင်း ပါရှိသည်။

ယင်း တောရိုင်း တိရစ္ဆာန်များကို တရုတ်ကုန်သည် အများစုက လာရောက်ဝယ်ယူကြပြီး တရုတ်နိုင်ငံ အတွင်း သို့ တဆင့်ပြန်လည် ရောင်းချခြင်း၊ စားသောက်ဆိုင်များတွင် ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ခြင်း၊ တရုတ် တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် အသုံးပြုခြင်း၊ အိမ်အလှဆင်ခြင်းနှင့် အဆောင်များအဖြစ် အသုံး ပြုခြင်းများ ပြုလုပ်ကြကြောင်း ဒေသခံများနှင့် ဆိုင်ရှင်တချို့က ပြော သည်။

မိုင်းလားမြို့ ဈေးထဲတွင် ရောင်းချနေသော တောရိုင်း တိရစ္ဆာန်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မြို့ အနီးရှိ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ တင်သွင်းခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ဆိုင်ရှင်များက ဧရာဝတီ ကို ပြောပြသည်။

“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက တရားဝင် သားငှက် ထိန်းသိမ်းရေးအဖွဲ့များ တာဝန်ချထားခြင်း မရှိကြောင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရကသာ နိုင်ငံတော်၏ တည်ဆဲ ဥပဒေများအတိုင်း ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးတဦးက ပြောသည်။

ထို ညွှန်ကြားရေးမှူးက“နိုင်ငံတွင်းမှာ ဖြစ်နေရင် နိုင်ငံမှာ တည်နေတဲ့ ဥပဒေအရတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့တွေက ဒီဥပဒေတွေကို လိုက်နာပြီးတော့ အရေးယူ ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်”ဟု ပြော သည်။

မိုင်းလားဒေသတွင် တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးမှုများနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အရေးယူမှုများ ရှိလာစေရန် “ဝ” ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့ဆီသို့ တိုက်တွန်းမှုများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာနက ပြောသည်။

ကျားနှင့် တောရိုင်းကြောင်ကြီး မျိုးနွယ်များသည် မျိုးသုဉ်းမည့် အန္တရာယ် ကျရောက်နေသော တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် မျိုးစိတ်များ နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ သဘောတူညီချက်(CITES) နှင့် ပြည်တွင်းတွင် “တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ”အရ ဥပဒေ ချိုးဖောက်သူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

TRAFFIC ၏ အရှေ့တောင် အာရှဒေသ ညွှန်ကြားရေးမှူး ဒေါက်တာ Chris R. Shepherd က“မိုင်းလားနှင့် တာချီလိတ် ဒေသများတွင် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူမှုမှာ မရှိသလောက် (သို့မဟုတ်) အနည်းငယ်သာ ရှိနေခြင်းသည် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ သစ်တောထွက်ပစ္စည်း မှောင်ခိုကူး သူတို့အတွက် လွယ်ကူနေပြီး တရားမဝင် ဝယ်ယူသူများသည်လည်း ဥပဒေ ချိုးဖောက်မှုများ အတွက် တားဆီး စစ်ဆေးခံရမည်ကို ကြောက်လန့်စရာမလို ဖြစ်နေသည်”ဟု ပြောကြောင်း TRAFFIC အစီရင်ခံစာတွင် ဖော်ပြထားသည်။

မှောင်ခို ရောင်းဝယ်ဖောက်ကားမှုများတွင် အများဆုံးတွေ့ရှိရသည့် တောရိုင်းမျိုးစိတ်များမှာ အင်းကျား၊ ကျားကျုတ်၊ ကျားသစ်၊ ကျား နှင့် အာရှရွှေရောင် ကြောင်မျိုးနွယ် စသည်တို့ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

TRAFFIC က ကိုးကားခဲ့သည့် နှစ် ၂၀ ကြာ စစ်တမ်း အချက်အလက်များပါ သုတေသန စာတမ်းတခုအရ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံ၏ ကျားများနှင့် တောရိုင်းကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဝယ်လိုအား ကောင်းလာမှုကြောင့် မှောင်ခိုရောင်းဝယ်မှုများ တိုးလာသည့် အချိန်တွင် ထိုင်းနိုင်ငံဘက်သို့ တာချီလိတ်မြို့မှတဆင့် အလားတူ မှောင်ခိုရောင်းချခြင်းများ လျော့နည်းသွားခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီ
မြန်မာ ကျားနှင့် ရှားပါး တိရစ္ဆာန် တောရိုင်း ကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တရုတ်နိုင်ငံသို့ မှောင်ခို လမ်းကြောင်းမှ တင်ပို့ရောင်းချမှုမှာ များပြားလာကြောင်း သတင်း ရရှိသည်။

ကုလအရာရှိ ၂ ဦး ထွက်ခွာရန် ဆူဒန်အစိုးရ အမိန့်ထုတ်

Photo: ကုလအရာရှိ ၂ ဦး ထွက်ခွာရန် ဆူဒန်အစိုးရ အမိန့်ထုတ်
Friday, December 26, 2014

ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးကို ထွက်ခွာဖို့ ဆူဒန်သမ္မတနိုင်ငံက အမိန့်ထုတ်လိုက်တယ်လို ကုလသမဂ္ဂက ပြောပါတယ်။

ဒါဖာမှာ ငြိမ်းချမ်းရေးမစ်ရှင်နဲ့ ဆူဒန်တပ်ဖွဲ့တွေအကြား တင်းမာမှုတွေ ဖြစ်ပွားပြီးတဲ့နောက် အခုလို အမိန့်ထုတ်လိုက်တာလို့ အေအက်ဖ်ပီ သင်းမှာရေးပါတယ်။

ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အလီဇာတာရီနဲ့ ဆူဒန်နိုင်ငံ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး ညွန်ကြားရေးမှူး အီဝေါင်ဟယ်လင် တို့ကို ထွက်ခွာဖို့ အမိန့်ထုတ်လိုက်တာ ဖြစ်ပြီး ကုလသမဂ္ဂကအတွင်းရေးမှူးချုပ်က ဒီလုပ်ဆောင်ချက်ကို ဆန့်ကျင်သလို ပြန်လည်စဉ်းစားဖို့ တိုက်တွန်းတယ်လို့ ပြောပါတယ်။

ထွက်ခွာခိုင်းတဲ့အကြောင်းအရင်းနဲ့ ထွက်ခွာရမယ့် အချိန်အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိပါဘူး။

အောက်တိုဘာ ၃၁ ရက်က စစ်ဘေးသင့်ဒေသမှာ အစိုးရတပ်ဖွဲ့တွေက အမျိုးသမီးနဲ့ မိန်းကလေး ၂၀၀ ကို အဓမ္မပြုကျင့်တာ စုံစမ်းစစ်ဆေးဖို့ ကုလရဲ့ကြိုးပမ်းမှုကြောင့် ဆူဒန်က ဒေါသထွက်ခဲ့ပါတယ်။

ဧပြီလမှာ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့အကြီးအကဲကိုလည်း ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်တဲ့အတွက် တိုင်းပြည်က ထွက်ခွာဖို့ ဆူဒန် အစိုးရက ပြောဆိုခဲ့ပါတယ်။

ဒီဗွီဘီ

ဓာတ်ပုံ - အေအက်ဖ်ပီ
ဓာတ်ပုံ - အေအက်ဖ်ပီ
ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးကို ထွက်ခွာဖို့ ဆူဒန်သမ္မတနိုင်ငံက အမိန့်ထုတ်လိုက်တယ်လို ကုလ သမဂ္ဂက ပြောပါတယ်။

၅၆ ပါတီရေးဆွဲသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို နှစ်ဆန်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ချပြမည်

နိုင်ငံရေးပါတီ ၅၆ ပါတီ ကို ကိုယ်စားပြုရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံကာ လာမည့်ဇန်န၀ါရီအတွင်းချပြမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

နေရာလွဲကာ ဆန္ဒထုတ်ဖော်ခြင်းကို အမှုဖွင့်ခြင်းထက် နိုင်ငံပိုင်မြေအား အလွဲသုံးစားလုပ်သည့် အမှုကို အရင်ဆုံးတရားစွဲအမှုဖွင့်သင့်ဟု ဦးကိုကိုကြီးတုံ့ပြန်

တောင်ဥက္ကလာပမြို့နယ်အ တွင်း ကစားကွင်းကိစ္စနေရာလွဲကာ ဆန္ဒ ထုတ်ဖော်ခြင်းကို အမှုဖွင့်သည်ထက် နိုင်ငံပိုင်မြေအား အလွဲသုံးစားလုပ်သည့် အမှုကို အရင်ဆုံး တရားစွဲအမှုဖွင့်သင့် ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး က ပြောဆိုလိုက်သည်။

ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များ ကယ်ဆယ်ရေး၊ သုတေသနနှင့် လုံခြုံရေးအတွက် အသုံးပြုမည်

Photo: ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များ ကယ်ဆယ်ရေး၊ သုတေသနနှင့် လုံခြုံရေးအတွက် အသုံးပြုမည်
Friday, December 26, 2014

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကိုယ်ပိုင်ဒီဇိုင်း ဆွဲ၍ တည်ဆောက်ထားသည့် မောင်းသူမဲ့လေယာဉ် (MACEU 05) များကို သုတေသနလုပ်ငန်း၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နိုင်ငံတော်လုံခြုံ ရေးအတွက် စောင့်ကြည့်ရေးလုပ် ငန်းများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ သတင်းရရှိသည်။

‘‘လေယာဉ်ပေါ်မှာ တပ်ဆင် တဲ့ ကိရိယာပေါ်မူတည်ပြီး နေရာ တော်တော်များများမှာ အသုံးပြု နိုင်ပါတယ်။ သုတေသနလုပ်ငန်း တွေအပြင် သဘာဝဘေးအတွက် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ် ငန်းတွေမှာ သုံးနိုင်သလို လုံခြုံ ရေးနဲ့ ကာကွယ်ရေးအတွက် စောင့်ကြည့်ထောက်လှမ်းတဲ့ နေရာတွေ မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်’’ဟု မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသန ဌာန ဌာနမှူး ဒေါက်တာသဲမောင်မောင်က 7Day Daily သတင်းစာ အား ပြောသည်။

မောင်းသူမဲ့လေယာဉ်စီမံ ချက်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၏ လမ်းညွှန်မှုနှင့် ၂၀၀၉ တွင် စတင်၍ သုတေသနများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ကိုယ်ပိုင်ဒီဇိုင်းများရေးဆွဲပြီး မောင်းသူမဲ့စနစ် ထည့်သွင်းထားသော လေယာဉ် ခုနစ်စီး တည်ဆောက် ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။အဆိုပါ မောင်းသူမဲ့လေ ယာဉ်ကို အကြိမ်ကြိမ်စမ်းသပ်မှု များပြုလုပ်ခဲ့ပြီး လက်တွေ့စမ်း သပ်မှုအနေဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်မည့် 500 KV ဓာတ်အားလိုင်းပြေးဆွဲနိုင် ရန် လမ်းအူကြောင်းကို စစ်တမ်း ကောက်ပြီး တိုင်းတာရေးအတွက် မိုင် ၁၂၀ ရှည်သော လမ်းကြောင်းကို ကောင်းကင်ဓာတ်ပုံမှတ်တမ်း များရယူပြီး တိုင်းတာမှုများ ပြု လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

‘‘လေယာဉ်က လေထဲရောက်သွားရင် အလိုအလျောက်မောင်း တဲ့စနစ်ကို ဖွင့်လိုက်တယ်။ ပြီး တော့ ထိန်းချုပ်ရေးစခန်းကနေ ပဲခူးရိုးမတစ်လျှောက် ကောင်းကင် ဓာတ်ပုံတွေကို တိုင်းတာခဲ့ပါတယ်။ အဲဒါတွေကို ကိုရီးယားပညာရှင် အဖွဲ့နဲ့ ပူးပေါင်းပြီး 3D မြေပုံတွေ ပြန်ပြီး ပြုလုပ်နိုင်ခဲ့ပါတယ်’’ဟု ဒေါက်တာ သဲမောင်မောင်က ရှင်းပြသည်။

လေယာဉ်အရွယ်အစားမှာ ဦးပိုင်းမှ အမြီးဖျားအထိ အလျား မှာ ၂ဒသမ၁ မီတာ၊ အတောင်မှာ ၂ဒသမ၇ မီတာရှိမည် ဖြစ်သည်။ အင်ဂျင်ပါ 4HP ရှိမည်ဖြစ်ကာ အမြင့်ပေ ၁၂၀၀ တွင် အကွာအ ဝေး ၅၀ ကီလိုမီတာထိ ပျံသန်းနိုင်ပြီး မိုင် ၁၂၀ ခရီးကို ဆယ်ကြိမ်နား ၍ ပျံသန်း တိုင်းတာနိုင် ခဲ့ကြောင်း သတင်းရရှိသည်။

လေယာဉ်ကိုယ်ထည်ကို ပေါ့ပါးခိုင်မာသည့် သစ်သားတစ် မျိုးဖြင့် တည်ဆောက်ထားပြီး အ လေးချိန် ၂ကီလိုဂရမ် (၄ ပေါင်)သယ်ဆောင်သွားနိုင်ကာ ပျံသန်း ချိန် တစ်နာရီအထိ လေထဲတွင် ပျံ သန်းနိုင်မည် ဖြစ်သည်။

MACEU 05 မောင်းသူမဲ့ လေယာဉ်ဖြင့် သစ်တောနှင့် လယ် မြေစိုက်ဧကများ တိုင်းတာခြင်း၊ မြေမျက်နှာသွင်ပြင်နှင့် မြေကွက် သစ်ဖော်ထုတ်ရေးအတွက် တိုင်း တာခြင်း၊ လုံခြုံရေးအတွက် စောင့်ကြည့်ရေးလုပ်ငန်းများ ပြုလုပ် ခြင်း၊ သဘာဝဘေးကြုံတွေ့ရသော ဒေသများတွင် ရှာဖွေရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မောင်းသူမဲ့လေယာဉ်များ ကို အဆင့်မြှင့်တင်မှုများ ထပ်မံ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ရုပ်ရှင် ရိုက်ကူးရေးနှင့် သတင်းထောက်လှမ်းရေးတို့တွင် အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံများကိုလည်း စမ်းသပ် လျက်ရှိကြောင်း ဒေါက်တာသဲ မောင်မောင်က ပြောသည်။

7Day DAILY
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကိုယ်ပိုင်ဒီဇိုင်း ဆွဲ၍ တည်ဆောက်ထားသည့် မောင်းသူမဲ့လေယာဉ် (MACEU 05) များကို သုတေသနလုပ်ငန်း၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နိုင်ငံတော် လုံခြုံရေးအတွက် စောင့်ကြည့်ရေးလုပ် ငန်းများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလေ ကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ သတင်းရရှိသည်။

တန်ဖိုးနည်း အိမ်ရာအား အငှားချထား ပေးရန် စဉ်းစားနေဟု မြို့တော်ဝန်ပြော

တန်ဖိုးနည်း အိမ်ရာ များအား မရောင်းချဘဲ အငှားချထား ပေးရန် စဉ်စားနေကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်က The Messenger Media  သို့ ပြောသည်။ ၀င်ငွေနည်းတဲ့ ပြည်သူတွေ အတွက် စဉ်းစားပေးနေ တာပါ။ ပြီးတော့ ကျူးကျော်တဲ့ သူတွေ ကိုလည်း အိမ်ရာတွေ ဖော်ဆောင်ပေးဖို့ စီမံ ထားတယ် ဟု မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။

ဒေါ်ခင်ဝင်း အပစ်ခံရမှု အစိုးရ ဖြေရှင်းပေးရန် ပြည်တွင် ထိုင်သပိတ်ပြုလုပ်

လက်ပံတောင်းအဓိကရုဏ်းအတွင်း သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတဲ့သူနဲ့ ဒဏ်ရာရသူတွေအတွက် နိုင်ငံတော်က တာဝန်ယူဖြေရှင်းပေးရေးဖို့ ပြည်မြို့မှာ ဒီဇင်ဘာ ၂၅ ရက်နေ့က သပိတ်စခန်းဖွင့် တောင်းဆို ခဲ့ကြပါတယ်။

မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်မည်

Photo: မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်မည်
Friday, December 26, 2014

မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး အတွက် မန္တလေးမြို့ ၏ နေရာဒေသ အသီးသီးတွင် အင်အား အလုံးအရင်းဖြင့် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း မဟာအောင်မြေ ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီထံမှ သိရသည်။

 ““ဆန္ဒထုတ်ဖော်မှုက တစ်ပွဲတည်းနဲ့ ပြီးမှာ မဟုတ်ဘူး။ တစ်နေရာတည်း မှာတင် လုပ်သွားမှာ မဟုတ်ပါဘူး။ မန္တလေးမြို့ရဲ့ နေရာအနှံ့မှာ ဥပဒေဘောင် အတွင်းက နေပြီးတော့ ဆန္ဒထုတ်ဖော်မှုတွေကို ဆောင်ရွက်မှာပါ။ ကျောက်ဝိုင်း ပြောင်းဖို့ ရွှေ့ဖို့ စီစဉ်တာ တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်။ ကျွန်တော်တို့က သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု လွှတ်တော်ကို ဒီကိစ္စကို သိအောင်လုပ်မှ ရပါမယ်”” ဟု မဟာအောင်မြေ ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီဝင် ဦးသန်းဝင်းက The Messenger Media သို့ပြောသည်။

မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး အတွက် နိုင်ငံတော် သမ္မတထံ စာရေးသား ပေးပို့ အသိပေးမည် ဖြစ်သည့် အပြင် ပြည်ထောင်စု လွှတ်တော် အတွင်း ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ရရှိရေး အတွက် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရရေး အတွက် ပထမဆုံး အကြိမ် ဆန္ဒ ထုတ်ဖော်မှုကို လာမည့် ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက် (၉) နာရီ ခွဲအချိန်တွင် စတင် ပြုလုပ်မည် ဖြစ်ပြီး၊ စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်မည့် အင်အား ငါးသောင်းဖြင့် ခွင့်ပြုမိန့် တင်ပြပြီး ဖြစ်ကြောင်း ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီထံမှ သိရသည်။

““ကျွန်တော်တို့ အနေနဲ့ လက်ရှိ ကျောက်ဝိုင်း မပြောင်းရွှေ့ရရေး အတွက်ကို ဆန္ဒထုတ်ဖော်မယ့် အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ အင်အား အများဆုံး ဆန္ဒထုတ်ဖော်မှု ဖြစ်အောင် ကြိုးပမ်းသွားမယ်”” ဟု ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီဝင် ဦးမျိုးမြင့်နိုင်က ပြောသည်။

ဆန္ဒထုတ်ဖော်မှု စတင်မည့်နေ့ တွင် မဟာအောင်မြေကျောက်ဝိုင်း အနောက်ဘက်ပေါက်မှ စတင်ကာ၊ မန်္တလေးမြို့ ပြည်သူ့ဟစ်တိုင်ကွင်း အထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်သည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီက ကြီးကြပ် ဆောင်ရွက်နေ သည့် လက်ရှိ မဟာ အောင်မြေ ကျောက်ဝိုင်း နေရာအား မြို့ပြ သန့်ရှင်းမှုကို အကြောင်းပြကာ၊ တံတားဦး မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းမ အနောက်ဘက်ရှိ ကျောက်စိမ်း ဥယျာဉ် တည်ရှိရာ နေရာသို့ ပြောင်းရွှေ့ရန် ယခု ကျင်းပ ပြီးစီးခဲ့သည့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ မဟာအောင်မြေ ကျောက်ဝိုင်း ပြောင်းရွှေ့မှု အစီအစဉ်ကို မန်္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယခင်ထုတ်ပြန် ထားရှိသည့် အစီအစဉ် အတိုင်း ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း မန်္တလေး မြို့တော် စည်ပင် သာယာရေး ၀န်ကြီး ဌာန ၀န်ကြီး ဦးအောင်မောင်းက အတည်ပြု ပြောကြားထားသည်။

““ကျောက်ဝိုင်း အသစ် ဆောက်မယ့် အစီအစဉ်ကို မကန့်ကွက်ပါဘူး။ ကျောက်ဝိုင်း အသစ် ဘယ်နှခု ဆောက်ဆောက် လက်ခံပါတယ်။ ဒါပေမဲ့ အခုလက်ရှိ ကျောက်မျက် ဈေးသစ် ဆောက်နေတဲ့ သူတွေက မြေယာ လက်ဦးမှု ယူပြီးတော့ ဆောက်ချင်တဲ့ နေရာမှာ ဆောက်ပြီးမှ လက်ရှိ အထိုင် ကျပြီးသား ကျောက်ဝိုင်းကို ပြောင်းမယ်၊ ရွှေ့မယ် ဆိုတာကိုတော့ လုံးဝ လက်မခံပါဘူး”” ဟု ကျောက်မျက် ကုန်သည် တစ်ဦးဖြစ်သူ ကိုသိန်းအောင်မြင့်က ပြောသည်။

တိုင်းဒေသကြီး အစိုးရက စီစဉ် ဆောင်ရွက်လျက် ရှိသည့် ကျောက်စိမ်း ဥယျာဉ် နေရာတွင် ကျောက်စိမ်းစေတီ၊ ဆေးရုံ၊ ကျောက်မျက် သင်တန်းကျောင်း၊ ကွန်ဒို တိုက်ခန်းများ၊ ကျောက်မျက်ဈေး စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ မဟာအောင်မြေ ကျောက်ဝိုင်းသည် နေ့စဉ် လူဦးရေ နှစ်သိန်းကျော် ၀င်ထွက် သွားလာနေပြီး  အခြေခံ ကျောက်မျက် အလုပ်သမား (၁၂၀၀၀၀) ကျော်ခန့် မှီခိုလုပ်ကိုင်လျက် ရှိသည်။

Messenger News Journal
မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး အတွက် မန္တလေးမြို့ ၏ နေရာဒေသ အသီးသီးတွင် အင်အား အလုံးအရင်းဖြင့် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း မဟာအောင်မြေ ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီထံမှ သိရသည်။

မလေးရှားတွင် ရေကြီးမှုကြောင့် လူ ၆၀,၀၀၀ ကျော် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရ

Photo: မလေးရှားတွင် ရေကြီးမှုကြောင့် လူ ၆၀,၀၀၀ ကျော် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရ
Friday, December 26, 2014

ရုတ်တရက် သည်းထန်စွာ မိုးရွာသွန်းမှု များနှင့် ဒီရေ မြင့်တက်မှု တို့ကြောင့် မလေးရှားနိုင်ငံ၏ အရှေ့မြောက် ပိုင်းပြည်နယ်များဖြစ်သော ကီလန်တန်၊ တေရင်ဂါနုနှင့် ပါဟန်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် လူ ၆၂၀၀၀ ခန့်မှာ အိမ်မှ စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

မလေးရှား နိုင်ငံမြောက်ပိုင်းရှိ မြို့တစ်မြို့ ဖြစ်သော ကူအန်တန် မြို့တွင် ရေလွှမ်းနေသည့် မြင်ကွင်း။

ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းများအရ မြစ်များရေလျှံ မှုကြောင့် ကီလန်တန်မှ လူ ၂၆,၀၀၀ကျော်၊ တေရင်ဂါနုမှ ၂၂,၀၀၀ ကျော်နှင့် ပါဟန်းမှ ၁၃,၀၀၀ နီးပါးမှာ ၎င်းတို့၏ အိမ်များမှ ဘေးလွှတ်ရာသို့ ထွက်ခွာ ခဲ့ရသည်။

မုတ်သုန်မိုးမှာ ဆယ်စုနှစ်လေးနှစ် အတွင်း အဆိုးဝါးဆုံး ရွာသွန်းခြင်း ဖြစ်သည်။ အဆိုပါ ပြည်နယ်များတွင် မိုးရွာသွန်းမှုမှာ ယခင်နှစ်ကထက် နှစ်ဆပိုကြောင်း အမျိုးသား ရာသီဥတု ဋ္ဌာနမှ အကြီးတန်း မိုးလေ၀သ ပညာရှင် မိုဟာမက် ဟစ်ရှမ်မိုဟာမက် အန်နစ်က ပြောကြား ခဲ့သည်။

Mizzima - News in Burmese
ရုတ်တရက် သည်းထန်စွာ မိုးရွာသွန်းမှုများနှင့် ဒီရေမြင့်တက်မှုတို့ကြောင့် မလေးရှားနိုင်ငံ၏ အရှေ့ မြောက်ပိုင်းပြည်နယ်များဖြစ်သော ကီလန်တန်၊ တေရင်ဂါနုနှင့် ပါဟန်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား ခဲ့သဖြင့် လူ ၆၂၀၀၀ ခန့်မှာ အိမ်မှ စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို ရင်ဆိုင်ရန် အသင့်ပြင်ထားဟု ရုရှားသမ္မတ ပြော

Photo: အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို ရင်ဆိုင်ရန် အသင့်ပြင်ထားဟု ရုရှားသမ္မတ ပြော
Friday, December 26, 2014

ရုရှားသမ္မတ ပူတင်က အလယ်အာရှဒေသဟာ အစ္စလာမစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားသင့်တယ်လို့ ဒီသီတင်းပတ် အစောပိုင်းက သတိပေးလိုက်ပါတယ်။

အာဖဂန် နစ္စတန်ရဲ့အခြေအနေကို စိုးရိမ်ပြီး ရုရှား၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန်နို်င်ငံတွေ ပါတဲ့ လုံခြုံရေးသဘောတူညီမှု CSTO အဖွဲ့ဝင်နိုင်ငံတွေဟာ တုံ့ပြန်ဖို့ အဆင်သင့် ဖြစ်နေသင့်တယ်လို့ ပူတင်က မော်စကိုမှာ ကျင်းပတဲ့ CSTO အဖွဲ့ဝင်နိုင်ငံများ ဒီဇင်ဘာ ၂၃ ရက်နေ့ ထိပ်သီးညီလာခံမှာ ပြောပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံနဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ CSTO အဖွဲ့ဝင်နိုင်ငံတွေက အာရုံစိုက်ထားသင့်ကြောင်း၊ နိုင်ငံတကာတပ်တွေ ဆုတ်ခွာပြီးရင် ဒေသတခုလုံးအတွက် အစွန်းရောက်အန္တရာယ်နဲ့ မူးယစ်ကုန်ကူးမှုတွေ တိုးလာနိုင်ချေအတွက် အဆင်သင့် ဖြစ်သင့်တယ်လို့ ရုရှားနဲ့ မဟာမိတ်တွေကို ပူတင်က သတိပေးပါတယ်။

အာဖဂန်နစ္စတန်နဲ့ တာဂျစ်ကစ္စတန်ကြား နယ်စပ်လုံခြုံရေးကို အာရုံစိုက်သင့်ပြီး တာဂျစ်အစိုးရကို လက်နက်ကိုင်တပ်တွေ ခေတ်မီရေးအတွက် ဘဏ္ဍာရေး ထောက်ပံ့ရမယ်လို့လည်း ပူတင်က ဆိုပါတယ်။

တာဂျစ်ကစ္စတန်သမ္မတ အီမိုမာလီ ရာမွန်ကလည်း CSTO မဟာမိတ်တွေ အနေ နဲ့ အာဖဂန်စစ်သွေးကြွတွေနဲ့ မူးယစ်ကုန်ကူးသူတွေဆီက ခြိမ်းခြောက် မှုတွေကို ခုခံကာကွယ်ဖို့ သူ့နိုင်ငံကို ကူညီမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါ တယ်။

ဒီဗွီဘီ

ရုရှားသမ္မတ ပူတင်
ရုရှားသမ္မတ ပူတင်
ရုရှားသမ္မတ ပူတင်က အလယ်အာရှဒေသဟာ အစ္စလာမစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွ တွေကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားသင့်တယ်လို့ ဒီသီတင်းပတ် အစောပိုင်းက သတိပေးလိုက်ပါတယ်။

သမ္မတဦးသိန်းစိန် ရခိုင်ပြည်မှာ အားပေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ္မာဝတီခန်းမမှာ ကျောက်ဖြူ မြို့ခံတွေ၊ နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖံွ့ဖြိုးတိုးတက်ရေး ကိစ္စ တွေကို ဆွေးနွေးခဲ့ပါတယ်။

လက်ပန်းတောင်း တောင်သူ ဈာပန ဒေသခံ ရာချီ တတ်ရောက်

Photo: လက်ပန်းတောင်း တောင်သူ ဈာပန ဒေသခံ ရာချီ တတ်ရောက်
Friday, December 26, 2014

သေနတ်ထိမှန် သေဆုံးသွားခဲ့ရတဲ့ လက်ပန်းတောင်း တောင်သူဒေါ်ခင်ဝင်း ဈာပနကို ထောင်ချီတဲ့ ဒေသခံတွေက ချီတက် အလေးပြုပြီး ကျင်းပ ခဲ့ပါတယ်။ ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေးရေး အပါအ၀င် အချက် ၃ချက်ကို ဒေသခံတွေ က တောင်းဆိုခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပန်တောင်းက မြေသိမ်းမူတွေနဲ့ ပတ်သက်လို့ တရုပ်အစိုးရမှာ တာဝန်ရှိကြောင်း ထုတ်ဖော်တဲ့အနေနဲ့ ရန်ကုန်မြို့ တရုတ် သံရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးမာ သတင်းပေးပို့ထားပါတယ် ။

လက်ပန်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ ရတဲ့ ဒေါ်ခင်ဝင်းရဲ့ ဈာပနကို လက်ပန်တောင်းတောင်မှာ ထောင်ချီတဲ့ဒေသခံတွေက ချီတက် အလေးပြုခဲ့ပြီး ဆန္ဒပြတောင်းဆိုခဲ့တာပါ။ ဒီထဲမှာ အချက် ၃ချက်ကို သာ ဒေသခံတွေ က တောင်းဆိုခဲ့ကြောင်း စန်းမြ၀တီကျောင်းတိုက်က ဦးဇင်းဦးစန္ဒာသိရီက မိန့်ပါတယ်။

" သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ ကျဆုံးခဲ့တဲ့နေရာ၊ သေဆုံးခဲ့တဲ့ နေရာကို ချီတက်ပြီးတော့ ဝမ်းနည်းဖွယ် အထိမ်းအမှတ် နောက်ပြီးတော့ ဂုဏ်ပြု ချီတက်ပွဲလေး လုပ်လိုက်တယ် ဒကာမကြီး။ လက်ပန်းတောင် တောင်ဒေသ ခံတွေ က ဒေါ်ခင်ဝင်းကို အကြမ်းဖက် ပစ်သတ်လိုက်သော ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေါ့နော်။ စုံစမ်းရေး အစီရင်ခံစာကို မလိုက်နာတဲ့ ကြေးနီစီမံကိန်း ဖျက်သိမ်းပစ်ပေါ့နော်။ အကြမ်းဖက် သိမ်းပိုက်ခံလိုက်ရသော လယ်ယာမြေများကို ချက်ခြင်းပြန်ပေးဆိုပြီးတော့ ဒီအချက်သုံးချက်ကို ၂၆ရွာနဲ့တကွ တနိုင်ငံလုံးရဲ့ တောင်သူလယ်သမားတွေ ရဲ့ကိုယ်စား တောင်းဆိုတဲ့အချက် ကတော့ ဒီသုံးချက်ပဲ ဒကာမကြီး။ အဖွဲ့အစည်း အတော်များများရော နောက်ပြီးတော့ ဒီလက်ပန်းတောင် ပတ်ဝန်းကျင်က ကျေးရွာတွေရော၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ပေါ့ အင်အားကတော့ ကွင်းလည်းပြည့်တယ် ဆိုတော့ နှစ်ထောင်ကျော်ကျော် သုံးထောင်လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒကာမကြီး။ "

ခြံစည်းရိုးကာရံထားတဲ့ အတွင်းမှာ သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေရှိနေသလို သူတို့ မြေကြီးကို ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူးလို့ သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်းရဲ့ ဆွေမျိုးတော်စပ်သူ မိုးကြိုးပြင်ရွာသူ မဝ ကပြောပါတယ်။

" ကျမတို့ လက်ပန်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စီမံကိန်းကို ဖျက်သိမ်းရင် အကြိုက်ဆုံးပဲ။ ကျမတို့ လယ်ယာမြေတွေကို ရောင်းမှာမဟုတ်ဘူး။ သတ်ပစ်လည်း ရောင်းမှာ မဟုတ်ဘူး။ လူကို သတ်လုလည်း ကျမတို့က ရောင်းမှာမဟုတ်ဘူး။ မရောင်းနိုင်ဘူး။ ကျမတို့က တောင်သူပဲ လုပ်စားမှာ။ သူတို့ကျွန်ကိုလည်း မခံနိုင်ဘူး။ အခုဆိုရင် သူတို့က ကျမတို့ကို ရိုက်တာ ပစ်တာ၊ ကျမတို့ အခင်းတွေကို မရောင်းနိုင်လို့ ကျမတို့ ကာကွယ်တာ၊ ကျမတို့ လက်ထဲမှာဘာမှ မပါဘူး။ သူတို့ လက်ထဲမှာက သေနတ် ပါတယ်။ ဘတ်ခွ ပါတယ်။ ဓားပါတယ်။ နံပတ်တုတ် ပါတယ်။ ကျမတို့ လူထုမှာ ဘာမှ မပါဘူး။ သေနတ်နဲ့ပစ်တာ၊ တရုတ်ဝန်ထမ်းက တူနဲ့ထုတာ။ ခြံစည်းရိုး ခတ်တယ် ဆိုလို့ရှိရင် သံပိုက်လုံးကြီးတွေနဲ့ ခတ်တယ်။ အချွန်တွေ ခတ်တယ်။ တူတွေနဲ့ ထူတယ်။ လူကိုလည်း ထုတယ်။ သူတို့ သံလုံးကိုလည်း ထုတယ်။ အကုန်ထုတာ။"

ပြီးခဲ့တဲ့ရက်က ကြေးနီစီမံကိန်း ခြံစည်းရိုးကာရံမူအတွင်းမှာ ဒေသခံလူထုနဲ့ ကုမ္ပဏီဝန်ထမ်းတွေ ကုမ္ပဏီကို အကာကွယ်ပေးခဲ့တဲ့ ရဲအာဏာပိုင်တွေ တင်းမာမူဖြစ်အပြီးမှာ လူတဦးသေဆုံးပြီး ဒါဇင်နဲ့ ချီတဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တာပါ။ မြန်မာအစိုးရပိုင် သတင်းတွေမှာတော့ ကြေးနီး စီမံကိန်းခြံစည်းရိုး ကာရံတာကိုအနှောက်ယှက်ပေးတာကြောင့် ပဌိပက္ခဖြစ်ပွားပြိးလူတဦးသေဆုံးကာ ဒေသခံတွေနဲ့ ရဲတွေ ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီအတွက် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ဖြစ်တဲ့၁၂ ဗို့ပြောင်းချောသေနတ်ကို သုံးခဲ့ရတယ်လို့ဆိုပါတယ်။

ဒေသခံတွေကတော့ သူတိုရဲ့မြေတွေ သိမ်းဆည်ခံလိုက်ရတဲ့အတွက် ဆည်တဲရွာတရွာလုံးကတော့ နောက်ထပ် စိုက်ပျိုးစားသာက်စရာမြေတွေ မရှိတော့တဲ့အတွက် တောင်သူတွေရဲ့ စားဝတ်နေရေး အတွက် အခက်အခဲတွေ ကြုံရတော့မယ်လို့ ဆိုပါတယ် လက်ရှိမှာလည်း ရွာမီးရှို့မယ် ဆိုတဲ့ သတင်းတွေ ကြားနေရတာကြောင့် ရိပ်သိမ်းပြီးသားပဲနှမ်းတွေ ပြောင်းရွှေ့နေရသလို စိုက်လက်စ မရိတ်သိမ်းရသေးတဲ့ ပဲနှမ်းတွေကတော့ ဆုံးရှုံးနစ်နာခဲ့ရပြီလို့လည်း ဆိုပါတယ်။ ဒီထဲမှာ ခြံစည်းရိုး ကာရံထားတဲ့နေရာတွေမှာ လျှပ်စစ်ဓါတ်တွေ လွှတ်ထားတယ် ဆိုတဲ့သတင်းတွေကြောင့် ကျဲနွားတိရစ္ဆာန်တွေ ရွာသားတွေအတွက် စိုးရိမ်ပူပန်မူတွေလည်း ရှိနေပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကို ခြံစည်းရိုးကိုလျပ်စစ်ဓါတ်အားတွေ လွှတ်ထားတာ ဟုတ်မဟုတ် ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဒီသတင်းမဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

မအေးအေးမာ (VOA) - ခြံစည်းရိုးကာထားတဲ့ သွပ်ဆူးကြိုးတွေ နေရာမှာ လျှပ်စစ်ဓာတ်အားတွေ လွှတ်တယ်ဆိုတာ ဟုတ်ပါသလား။

မြန်မာဝမ်ပေါင်- ဟာ မရှိဘူး။ မရှိဘူး။ အဲ့တာဟာ ကောလဟာလပဲ။ အဲ့တာမရှိဘူး။

ရန်ကုန်မြို့မှာတော့ ညနေပိုင်းမှာ အင်အား ၆၀ ခန့်ရှိတဲ့ တက်ကြွလှုပ်၇ှားသူတွေ စုဝေးပြီး တရုတ်သံရုံးရှေ့မှာဆန္ဒပြနေကြပါတယ် နစ်နာကြေး မယူထားတဲ့မြေတွေ သိမ်းဆည်းခံရတာတွေ ဟာဒေသခံတဦးသေဆုံးရတဲ့အထိ အခြေအနေတွေ ဖြစ်ခဲ့ရတယ်ဆိုပြီး ဆန္ဒပြသူတွေကဆိုပါတယ်။ တရုတ် ကုမ္ပဏီဖြစ်တဲ့ မြန်မာ ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းတွေရဲ့ ဒေသခံတွေအပေါ် ကိုယ်ထိ လက်ရောက် ကျုးလွန်မူတွေ ရှိတာကြောင့်ဆိုပြီး တရုတ်အစိုးရမှာတာဝန်ရှိတယ်ဆိုကာ တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြကြတာဖြစ်ကြောင်းပြောပါတယ်။

voa
သေနတ်ထိမှန် သေဆုံးသွားခဲ့ရတဲ့ လက်ပန်းတောင်း တောင်သူဒေါ်ခင်ဝင်း ဈာပနကို ထောင်ချီတဲ့ ဒေသခံ တွေက ချီတက် အလေးပြုပြီး ကျင်းပ ခဲ့ပါတယ်။ ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေးရေး အပါအ၀င် အချက် ၃ချက်ကို ဒေသခံတွေ က တောင်းဆိုခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပန်တောင်းက မြေသိမ်းမူတွေနဲ့ ပတ်သက်လို့ တရုပ်အစိုးရမှာတာဝန်ရှိကြောင်း ထုတ်ဖော်တဲ့အနေနဲ့ ရန်ကုန်မြို့ တရုတ် သံရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးမာ သတင်းပေးပို့ထားပါတယ် ။

လက်ပံတောင်းတောင်ပဋိပက္ခတွင် လူသေဆုံးမှုနှင့် ပတ်သက်၍ ကျေနပ် လောက် သည့် ဖြေရှင်းပေးမှုမရှိပါက လွှတ်တော်သို့ အဆိုတင်မည်ဟုဆို

လက်ပံတောင်းတောင်ပဋိပက္ခတွင် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနား၌ ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))
လက်ပံတောင်းတောင်ပဋိပက္ခတွင် လူသေဆုံးမှုနှင့်ပတ်သက်၍ နှစ်ပတ်အတွင်း ဖော်ထုတ်ဖြေရှင်း ပေးမည် ဟု တိုင်းဝန်ကြီးချုပ် ကတိပေးခဲ့သော်လည်း ကျေနပ်လောက်သည့် ဖြေရှင်းပေးမှု မရှိပါက လွှတ်တော်သို့ အဆိုတင်မည်ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

အီဘိုလာ ရောဂါပိုး ဓါတ်ခွဲခန်းကနေ မပြန့်ဖို့လိုအပ်

Photo: အီဘိုလာ ရောဂါပိုး ဓါတ်ခွဲခန်းကနေ မပြန့်ဖို့လိုအပ်
Friday, December 26, 2014

အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းတခုရဲ့ ၀န်ထမ်းတယောက်ဟာ အီဘိုလာရောဂါပိုးမွှားတွေကို မတော်တဆ အဖုံးအကာအကွယ်မပါပဲ တနေရာကနေ တနေရာကို သယ်ဆောင်မှု လုပ်ခဲ့မိတယ်လို့ အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက CDC က ပြောပါတယ်။

အေဂျင်စီရဲ့ Atlanta, Georgia ဌာနချုပ်မှာ အခုသတင်းပတ် စောစောပိုင်း က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပမာဏသိပ်မများတဲ့ အီဘိုလာ ဗိုင်းရတ်စ် ပိုးမွှားတွေကို မှားယွင်းပြီး ဓါတ်ခွဲခန်း တခုကနေ တခြားဓါတ်ခွဲခန်း တခုကို ပြောင်းရွှေ့မှုပြုလုပ်ခဲ့ တယ်လို့ CDC အဖွဲ့ရဲ့ ပြောဆိုခွင့်ရှိသူ က ပြောပါတယ်။

ပြောင်းရွှေ့ပေးပို့လိုက်တဲ့ ဓါတ်ခွဲခန်းမှာ အီဘိုလာဗိုင်းရပ်စ်ပိုးကို ကိုင်တွယ်ဖို့ အတွက် ပစ္စည်းကရိယာ တန်ဆာပလာ တွေ တတ်ဆင်မထားဘူးလို့ပြောပါတယ်။
ဒီဓါတ်ခွဲခန်းဝန်ထမ်းကို အီဘိုလာရောဂါပိုး ကူးစက်နိုင်တဲ့ကာလဖြစ်တဲ့ ၂၁ ရက် စောင့်ကြည့်ကာလ သတ်မှတ် အကဲခတ်နေကြောင်း၊ ဒီဓါတ်ခွဲခန်းကို အ၀င်အထွက် လုပ်ခဲ့ကြတဲ့ တခြားဝန်ထမ်းအချို့ အနေနဲ့ကော ဗုင်းရပ်ပိုးမွှားကို သယ်ဆောင် သွားတာမျိုးရှိမရှိ CDC က လေ့လာနေတယ်လို့ ဆိုပါတယ်။

voa
အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းတခုရဲ့ ၀န်ထမ်းတယောက်ဟာ အီဘိုလာရောဂါပိုးမွှားတွေကို မတော် တဆ အဖုံးအကာအကွယ်မပါပဲ တနေရာကနေ တနေရာကို သယ်ဆောင်မှု လုပ်ခဲ့မိတယ်လို့ အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက CDC က ပြောပါတယ်။

စစ်ဆေးရေးကြောင့် ဒုက္ခသည်များကို ကူညီရေး ကြန့်ကြာမှုများ ရှိနေ

Photo: စစ်ဆေးရေးကြောင့် ဒုက္ခသည်များကို ကူညီရေး ကြန့်ကြာမှုများ ရှိနေ
Friday, December 26, 2014

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီရာမှာ အစိုးရ ဂိတ်တွေရဲ့ စစ်ဆေးမှုကြောင့် ဒုက္ခသည်တွေကို ကူညီဖို့ ခက်ခဲကြန့်ကြာမှုတွေ ရှိနေတယ်လို့ မူဆယ်မြို့က ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက ကချင်ဒုက္ခသည်စခန်းတွေကို ကူညီဖို့ ရန်ကုန်၊ မန္တလေးမြို့က အလှူပစ္စည်းတွေ မူဆယ်ဘက်ကို ပို့ဆောင်ရာမှာ မူဆယ် (၁၀၅) မိုင် ဂိတ်က စစ်ဆေးနေ တာလို့ မူဆယ် ကချင်နှစ်ခြင်း ခရစ်ယန်အသင်းက ဦးနော်ဒင်းက ပြောပါတယ်။

“လုံးဝ သွားလို့မရတာတော့မဟုတ်ဘူး။ ဒါပေမယ့် စစ်ဆေးမေးမြန်းမှုတွေက ခဏခဏ ဖြစ်နေတယ်။ တခါတလေ တရက်လုံးကြတယ်။ လွန်ခဲ့တဲ့အချိန်တုန်းက ကျနော်တို့ ပို့နေတာ ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်တောင်မစစ်ဘူး။ ဒီအတောအတွင်းမှာ ဘာဖြစ်လို့လည်းတော့ မသိဘူး။ ပစ္စည်းတွေကို ပြည်နယ်အစိုးရ ဒါမှမဟုတ် သက်ဆိုင်ရာ ၀န်ကြီးဌာနက ထောက်ခံစာလိုအပ်တယ်ဆိုပြီး ကျနော်တို့ကို ပြောတာပေါ။”

ကဦးပိုင်းစစ်ဆေးမှုနဲမတူပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစပြီး အချိန်ယူစစ်ဆေးနေ တာလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား အပစ်အခတ် မရှိတော့သလောက် နီးပါးဖြစ်နေပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ လွန်ခဲ့တဲ့လပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ကိုနော်ဒင်းတို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ အလှူရှင်တွေ လှူတဲ့ ပစ္စည်းတွေကို ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ မြို့နယ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ဖြန့်ဝေပေးတာလို့ ပြောပါတယ်။

“သူများလှူလိုက်တဲ့ပစ္စည်းတွေကို မူဆယ်ကချင်နှစ်ခြင်းဘုရားကျောင်းဝင်းမှာ လက်ခံထားတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်း ၂၃ ခု ရှိပေမယ့် ကျနော်တို့က ၁၇ ခုကိုသာ ဖြန့်ဝေပေးတယ်။ အဲစခန်း ၁၇ ခုမှာ အိမ်ထောက်စုပေါင်း ၁၄၀၄ စု လူဦးရေ ၆၀၀၀ ကျော်ရှိတယ်။”

လှူတဲ့ ပစ္စည်းအများစုဟာ စောင်၊ အနွေးထည်၊ မိုးကာ အစရှိတဲ့ ပစ္စည်းတွေသာဖြစ်ပြီး ဆန်နဲ့ စာနပ်ရိက္ခာတွေကိုတော့ နိုင်ငံတကာ အလှူရှင်တွေက ပေးလှူတယ်လို့ ပြောပါတယ်။ လှူဒါန်းမှုတွေ ရှိနေပေမယ့် မလုံလောက်ကြဘူးလို့ ပြောပါတယ်။

“တခြားဒေသတော့ ကျနော်မသိဘူး။ ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းမှာ ဆောင်းတွင်း တော်တော်လေး အေးပါတယ်။ အနွေးထည်ဆိုရင် ကျနော်တို့သူများ လှူတဲ့ ပစ္စည်းပြန်လှူတဲ့အခါမှာ ကျနော်တို့က အကုန်လုံးကို မျှတအောင် မပေးနိုင်ဘူးလေ။ စားဝတ်နေရေးမှာဆိုရင်လည်း သက်ဆိုင်ရာက ဆန်၊ ဆီ၊ ဆား ပေးနေတာပေါ့။ ဆိုတော့ ဒီဟာနဲ့ပဲ အသက်ရှင်ရမလိုဖြစ်နေတယ်။ ဆိုတော့ တခြားဟင်းသီးဟင်းရွက်ဖိုးတို့ လိုအပ်ချက်တွေ ရှိနေတာပေါ့နော်။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်း ၂၃ ခုရှိပြီး လူဦးရေ ၁ သောင်းကျော်ခိုလှုံနေပါတယ်။

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာအနီးက စစ်ပြေးဒုက္ခ သည်စခန်းတွေထံ အောက်တိုဘာလကတည်းကစပြီး နိုင်ငံတကာ အကူအညီတွေ မရောက်ဘဲ ဒေသခံ အလှူတွေနဲ့သာ နေထိုင်နေကြရတယ်လို့ ကချင်ဒုက္ခသည် ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲဗီဇာက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်း ၄ နှစ်ကျော်ကာလ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်တဲ့အလားအလာတွေ မြင်တွေ့နေရချိန်မှာ နယ်စပ်တကြောနဲ့ တောတောင်တွေကြားမှာ စစ်ဘေးဒုက္ခသည် သိန်းပေါင်းများစွာကို ပြန်လည်နေရာချထားရေး အစီအစဉ်ကတော့ မသေမချာဖြစ်နေဆဲဖြစ်ပါတယ်။

dvb
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီရာမှာ အစိုးရ ဂိတ်တွေရဲ့ စစ်ဆေးမှု ကြောင့် ဒုက္ခသည်တွေကို ကူညီဖို့ ခက်ခဲကြန့်ကြာမှုတွေ ရှိနေတယ်လို့ မူဆယ်မြို့က ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

၂ဝ၁၅ အလွန် သမ္မတရာထူးအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အား ပြည်ခိုင်ဖြိုးပါတီ ရွေးချယ်ထားဟုဆို

Photo: ၂ဝ၁၅ အလွန် သမ္မတရာထူးအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အား ပြည်ခိုင်ဖြိုးပါတီ ရွေးချယ်ထားဟုဆို
Friday, December 26, 2014

ရန်ကုန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်သမ္မတရာထူးကို လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ပါတီအနေနဲ့က တော့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတနေရာကို လက်ရှိသမ္မတဦးသိန်း စိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေ မန်းတို့ကို ရွေးချယ်ထားတယ်။ အဲလို ရွေးချယ်ထားတာ ၂ဝ၁၃ ခုနှစ်ကတည်း ကပါ။ အဲ့လိုပဲ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေလဲ ရွေးထားပြီးပါပြီ''ဟု အဆိုပါပါတီမှ အမည်မဖော်လိုသူပါတီ အကြီးအကဲတစ်ဦးက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည် နဝတ၊ နအဖခေတ် တစ်လျှောက်လုံး၌ တပ်မတော်နှင့်အ တူ လှုပ်ရှားဆောင်ရွက်ခဲ့သောပါတီ တစ်ခုဖြစ်ပြီး ၄င်းပါတီသည် ၁၉၉၃ခု နှစ် အောက်တိုဘာ ၉ ရက်တွင် မြို့ တော်ခန်းမ (လက်ရှိ ရန်ကုန်မြို့တော် စည်ပင်ရုံး)၌ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမှ ဗဟိုနာယကအဖြစ်တာ ဝန်ယူပြီး အသင်းအဖြစ် တည်ထောင် ပေးခဲ့ကာ ယခုလက်ရှိကျင့်သုံးနေသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၄င်းပါတီမှ စိတ်ကြိုက်ရေးဆွဲခြင်းဖြစ် သည်ဟု အဝေဖန်ခံနေရသည့် ပါတီ လည်းဖြစ်သည်။

''အဘတို့ကတော့ ပါတီဖွဲ့စည်းပုံ ရှိတယ်။ အဲဒီဖွဲ့စည်းပုံအတိုင်း ပါတီက လှုပ်ရှားဆောင်ရွက်နေတာ။ အခုဆိုပါတီ မှာ သမ္မတရာထူးကတော့ နှစ်ယောက် လေ။ လက်ရှိသမ္မတကလဲ ဖွဲ့စည်းပုံ အရ နောက်ထပ်တာဝန်ယူခွင့်ရှိတယ်။ သမ္မတကြီးကိုယ်တိုင်ကလဲ သူ့ရဲ့သက် တမ်းအကုန်မှာအနားယူမယ်လို့ တရား ဝင် ပြောဆိုထားတာမရှိသလို ဦးရွှေ မန်းကလဲ ၂ဝ၁၅ သမ္မတရာထူးကိုထမ်း ဆောင်ဖို့ အားကြိုးမာန်တက်ဆောင် ရွက်နေတယ်''ဟု အထက်ပါအမည်မ ဖော်လိုသူ အကြီးအကဲကပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁ဝရွေး ကောက်ပွဲတွင် မဲအများဆုံးအနိုင်ရရှိ ကာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့ စည်းနိုင်ခဲ့သည့်ပါတီကြီးတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပြိုင်ဘက်ပါတီများ အား ရှုံးနိမ့်ခဲ့သောပါတီလည်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသူ Bertil Linter က ''သူတို့နှစ်ယောက်စလုံး က ဘယ်သူသမ္မတဖြစ်ဖြစ် လက်ရှိနိုင်ငံ တိုးတက်ဖို့ ပြောင်းလဲစွာ လုပ်ဆောင် ပေးနိုင်မယ်လို့တော့ မထင်ပါဘူး။ သူ တို့ရဲ့အာဏာခွဲဝေမှုကလဲ ဒီအတိုင်းပဲ လေ။ ဦးသိန်းစိန်လက်ထက်မှာ ရင်းနှီး မြှုပ်နှံမှုတွေက မြန်မာနိုင်ငံကိုရောက်ရှိ လာတယ်။ ဒီမိုကရေစီစံအရတော့ ပြောင်း လဲမှု မရှိဘူး။ နောက်သက်တမ်းမှာလဲ ဒီ့ထက်ပိုပြီး တိုးတက်လာမယ်လို့တော့ မထင်ဘူးလေ။ ပြီးတော့ သူ့ရဲ့လုပ်ငန်း စဉ်တွေကို ပြည်သူသိဖို့လစဉ်ပြောနေ တာပဲ။ ပြည်သူတွေကို ဘယ်လောက် လုပ်ပေးနိုင်ခဲ့လဲ။ လူထုက သိနေပြီ''ဟု ပြောသည်။

အမည်မဖော်လိုသူ ပြည်ခိုင်ဖြိုး ပါတီအကြီးအကဲ၏အဆိုအရတော့ လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှအတွေ့အကြုံများကို သင်ခန်းစာယူ ကာ လူထုထောက်ခံမှုရရှိအောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group
ရန်ကုန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်သမ္မတရာထူးကို လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။

အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး

Photo: အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး
Friday, December 26, 2014

အာဏာရှင်စနစ်က ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နည်း သုံးမျိုးရှိတယ်လိုပ ယေဘုယျအားဖြင့် သတ်မှတ်ကြပါတယ်။ အစိုးရက ဦးဆောင်ပြီး အသွင်ကူးပြောင်းတဲ့နည်း၊ အစိုးရနဲ့ ပြည်သူလက်တွဲပြီး အသွင်ကူးပြောင်းတဲ့နည်း နဲ့ ပြည်သူလူထု ဦးဆောင်ပြီး ပြောင်းလဲတဲ့နည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပြည်သူလူထု ဦးဆောင်ပြီး အသွင်ကူးပြောင်းဖို့ (၁၉၈၈) နဲ့ (၁၉၉၀) မှာ ကြိုးစားတာကို စစ်တပ်က လက်မခံနိုင်တဲ့အတွက် အချည်းနှီးဖြစ်သွားပါတယ်။ အခုတော့ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းတွေ ဦးဆောင်တဲ့ အစိုးရက အသွင်ပြောင်းဖို့ လုပ်နေတာမို့ အရပ်သားလူထု ပါဝင်နိုင်တဲ့ အတိုင်းအတာကို စောင့်ကြည့်ရပါလိမ့်မယ်။

စစ်ခုံရုံးက ထောင်ဒဏ် (၁) နှစ် ပေးထားတဲ့ မုဒိမ်းမှုတရားခံစစ်သားကို မူဆယ်မြို့ နယ် တရားရုံးက ပြန်လည်စစ်ဆေးပြီး ထောင်ဒဏ် (၁၃) နှစ် ချမှတ်တဲ့အမှုကို အရပ်သားတရားစီရင်ရေး အောင်ပွဲခံတဲ့သဘောနဲ့ ဒီဇင်ဘာ (၁၁) ရက်နေ့ထုတ် Open Democracy အင်တာနက်သတင်းမှာ ဖော်ပြပါတယ်။ အရပ်သားအဖွဲ့တွေရဲ့  တောင်းဆိုမှုကြောင့် စစ်ခုံရုံးက စစ်ဆေးအပြစ်ပေးပြီးသာ မုဒိမ်းမှုကို အရပ်တရားရုံးကို လွှဲပြောင်းပေးတာဟာ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးမှာ အရေးပါတယ်လို့ မြင်ကြပါတယ်။ တကယ်တော့ ဒီဆက်ဆံရေးဟာ လက်ရှိ စစ်ဗိုလ်၊ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သားတို့ရဲ့  ဆက်ဆံရေး ဖြစ်ပါတယ်။

စစ်မှုထမ်းမှာ အမိန့်နာခံမှုဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ အမိန့်နာခံတဲ့ စစ်မှုထမ်းဟာ အပြစ်မရှိဘဲ အမိန့်မနာခံသူသာ အပြစ်ရှိတယ်လို့ သတ်မှတ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံတဲ့ ဗိုလ်မှူးတဦးကို အမိန့်မနာခံမှုနဲ့ မကြာမီက ထောင်ဒဏ် (၂) နှစ် ချလိုက်ပါတယ်။ အမိန့်နာခံသူဟာ အမှားအမှန် ဝေဖန်ပိုင်းခြားရေးကို ဂရုမစိုက်ပါဘူး။ ဒါကြောင့် အထက်ကခိုင်းလို့ လူ့အခွင့်အရေးမှန်သမျှ ချိုးဖောက်တာကို အပြစ်မရှိဘူးလို့ စစ်မှုထမ်းက ယူဆပါတယ်။ စစ်တပ်နဲ့ ကင်းကွာလာတဲ့အခါကြမှ စစ်ဗိုလ်ဟောင်းမှာ ဝေဖန်နိုင်တဲ့စွမ်းရည် ရှိလာတာ တွေ့ရပါတယ်။ အရပ်သားဘဝမှာ အနေကြာလာလေလေ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းရည် တိုးပွားလေလေ ဖြစ်တာမို့ ကြံ့ဖွံ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ်ဟောင်းအချို့ ဟာ အခြေခံဥပဒေကို ပြင်ဆင်လိုကြပါတယ်။

ဒါပေမဲ့ စစ်တပ်ကိုယ်စားလှယ်နဲ့ ကာချုပ်ကြီးကတော့ ဦးသန်းရွှေ စီစဉ်ခဲ့တဲ့ ပုံစံအတိုင်းသာ လုပ်လိုပြီး အခြေခံဥပဒေပြင်ဆင်ရေးကို စိတ်မဝင်စားပါဘူး။ အမိန့်နာခံဖို့သာ အဓိက ဖြစ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ကောက်ယူတဲ့ လှုပ်ရှားမှုမှာ လက်မှတ်မထိုးဖို့ စစ်တပ်မှာ အမိန့်ထုတ်ထားပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်မှာ ဆွေးနွေးတဲ့ စစ်ဗိုလ်ဟာ အမိန့်မနာခံသူအဖြစ် အရေးယူခံရဖွယ် ရှိပါတယ်။ ဒီသဘောတရားနဲ့ ကြည့်မယ်ဆိုရင် လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့  အမိန့်အတိုင်း လှုပ်ရှားနေကြသူတွေ ဖြစ်ပါတယ်။ အမိန့်နာခံတဲ့ စစ်တပ်ကိုယ်စားလှယ်ဟာ အမှားအမှန်ကို မမြင်နိုင်ပါဘူး။ ဒီလူတွေကို နိုင်ငံရေးဆွေးနွေးအောင် ကြံ့ဖွံ့အမတ် စစ်ဗိုလ်ဟောင်းတွေကတောင် စည်းရုံးနိုင်မှာ မဟုတ်ပါဘူး။

၁၉၇၄ ခုနှစ် ဆိုရှယ်လစ်အခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော်ဟာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သားပေါင်းစည်းပြီး တစ်ပါတီ ဆိုရှယ်လစ်စနစ် တည်ဆောက်တဲ့အစီအစဉ် ဖြစ်ပါတယ်။ စစ်တပ်ကတော့ ပြည်တွင်းစစ်မှာ တိုက်ခိုက်ဖို့ကိုသာ အဓိကထားပါတယ်။ ဒါပေမဲ့ လွှတ်တော်နဲ့ ပါတီဟာ ဦးနေဝင်းရဲ့  လက်အောက်ခံ ဖြစ်နေပါတယ်။ ဒီသဘောကို ဆန့်ကျင်ဖို့ ပါတီက ကြံစည်တဲ့ ၁၉၇၇ တတိယညီလာခံမှာ လက်ဝဲဝါဒီအရပ်သားနဲ့ စစ်ဗိုလ်ဟောင်း အများအပြားကို ပါတီက ထုတ်ပစ်လိုက်ပါတယ်။ စစ်ဗိုလ်ကိုကြိုးကိုင်ပြီး နိုင်ငံရေးလုပ်ရင် မအောင်မြင်ကြောင်း ဂျပန်ပညာရှင် Dr. Yoshihiro nakanishi က Strong Soldiers: Failed Revolution စာအုပ်မှာ ဖော်ပြထားပါတယ်။ အခုလဲ ဦးနေဝင်းပုံစံမျိုး ဖြစ်ပေမယ့် ဦးသန်းရွှေက ကိုယ်ပိုင်နည်းပရိယာယ်ကို သုံးထားပါတယ်။

ဦးနေဝင်းဟာ သူ့ကိုယ်ရံတော် ထောက်လှမ်းရေးနဲ့ ထိပ်ပိုင်းစစ်ဗိုလ်တစ်စုကတဆင့် နိုင်ငံရေးကစားသူဖြစ်ပြီး စနစ်တစ်ခုတည်ဆောက်ဖို့ စိတ်ဝင်စားသူ မဟုတ်ပါဘူး။ ထောက်လှမ်းရေးကို အားကိုးပြီး ဖြုတ်ထုတ်ဖမ်း လမ်းစဉ်ကို ကျင့်သုံးသူဖြစ်လို့ စစ်ဗိုလ်ကြီးတွေ ကျီးလန့်စာစား ဖြစ်ကြရပါတယ်။ ၁၉၈၈ အရေးတော်ပုံကြောင့် မဆလ နိဂုံးချုပ်ပြီး စစ်အစိုးရတက်လာတဲ့အခါ ဦးနေဝင်းရဲ့  ကိုယ်၇ံတော် ဗိုလ်ခင်ညွှန့် အရေးပါလာပါတယ်။ ဒါပေမဲ ဦးနေဝင်းသေပြီး (၂) နှစ်အကြာမှာတော့ ဗိုလ်ခင်ညွှန့်အုပ်စုကို ဖြုတ်ပစ်နိုင်တာကိုကြည့်ရင် စစ်အာဏာရှင်ဟောင်းရဲ့  သြဇာအရှိန်အဝါ အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။

စစ်တပ်နဲ့ ကင်းကွာသွားတဲ့ ဦးနေဝင်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုပ်သမျှ ခံရတဲ့ဘဝကို ရောက်သွားပါတယ်။ ဦးနေဝင်းလို့ ဇာတ်သိမ်းမကောင်းမှာ စိုးရိမ်တဲ့အတွက် အခြားစစ်ဗိုလ်တွေနဲ့ ဝေစားမျှစားလုပ်တဲ့ လက်ရှိစနစ်ကို ဦးသန်းရွှေ တည်ထွင်ထားတာ ဖြစ်ပါတယ်။ အခွင့်ထူးခံ ဓနရှင်စစ်ဗိုလ်လူတန်းစား ဦးသန်းရွှေလက်ထက်မှာ ပေါ်ထွက်လာပါတယ်။ အခြေခံဥပဒေနဲ့ နေပြည်တော်ဟာ ဦးသန်းရွှေနဲ့ စစ်အုပ်စု တည်ဆောက်ထားတဲ့ ခံတပ်ကြီး ဖြစ်ပါတယ်။ ဦးသန်းရွှေ မသေခင် ပြောင်းလဲဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ဈေးကွက်စနစ်၊ ပါတီစုံစနစ်၊ အရပ်သားအဖွဲပအစည်း၊ ပြုပြင်ရေးနဲ့ နိုင်ငံခြား ကူညီမှုတွေ အားကောင်းလာရင် ကောင်းသလို အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး အသွင်ကူးပြောင်းနိုင်ဖွယ် ရှိပါတယ်။

voa
အာဏာရှင်စနစ်က ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နည်း သုံးမျိုးရှိတယ်လိုပ ယေဘုယျအားဖြင့် သတ်မှတ် ကြပါတယ်။ အစိုးရကဦးဆောင်ပြီး အသွင်ကူးပြောင်းတဲ့နည်း၊ အစိုးရနဲ့ ပြည်သူလက်တွဲပြီး အသွင်ကူး ပြောင်းတဲ့ နည်း နဲ့ ပြည်သူလူထု ဦးဆောင်ပြီး ပြောင်းလဲတဲ့နည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပြည်သူလူထု ဦးဆောင်ပြီး အသွင်ကူးပြောင်းဖို့ (၁၉၈၈) နဲ့ (၁၉၉၀) မှာ ကြိုးစားတာကို စစ်တပ်က လက်မခံနိုင်တဲ့ အတွက် အချည်းနှီးဖြစ်သွားပါတယ်။ အခုတော့ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းတွေ ဦးဆောင်တဲ့ အစိုးရက အသွင်ပြောင်းဖို့ လုပ်နေတာမို့ အရပ်သားလူထု ပါဝင်နိုင်တဲ့ အတိုင်းအတာကို စောင့်ကြည့်ရပါလိမ့်မယ်။

မန္တလေးမြို့ စည်ပင်ရေ မသန့်မှုကြောင့် မြို့ခံများ အခက်တွေ့

water2
မန္တလေးမြို့ မြို့ရေပေးရေး (စည်ပင်ရေ) သန့်ရှင်းမှုမရှိဘဲ စည်ပင်ရေကိုသာ အားထားသုံးစွဲနေရတဲ့ မြို့ခံအချို့ အခက်တွေ့နေကြပါတယ်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ SNDP ပါတီမှ နုတ်ထွက်လျှင် လျော်ကြေး ၁၀ ဆ ပေးဆောင်ရမည်

Photo: ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ SNDP ပါတီမှ နုတ်ထွက်လျှင် လျော်ကြေး ၁၀ ဆ ပေးဆောင်ရမည်
Friday, December 26, 2014

ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ရွေးကောက်ပွဲအပြီး ပါတီမှ နုတ်ထွက်လျှင် လျော်ကြေးငွေအဖြစ် ကိုယ်စားလှယ်ကြေး၏ ၁၀ ဆ ပါတီသို့ ပြန်ပေးရမည် ဖြစ်ကြောင်း SNDP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ နှင့် ၂၀ ရက် နှစ်ရက်တိုင် ပြုလုပ်သော SNDP ၏ နဝမအကြိမ် မြောက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးက အထက်ပါအတိုင်း ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

SNDP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်ဖြစ်ပြီးမှ နုတ်ထွက်သွားမည့် သူများ ရှိလာနိုင်သောကြောင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်ကြေး ငါးသိန်းဖြစ် ပါက ပါတီသို့ သိန်း (၅၀) လျော်ကြေးပေးဆောင်ရမည့် ခံဝန်စာချုပ်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများက လက်မှတ်ထိုး ရမည် ဖြစ်ကြောင်း ဦးရဲထွန်းက ဆိုသည်။

“၂၀၁၀ တုန်းက SNDP ကနေပြီး ကိုယ်စားလှယ် ဖြစ်ခဲ့ပေမယ့်၊ တခြားပါတီတွေ ကို ကူးပြောင်းသွားတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်၊ အဲဒါမျိုးတွေ ထပ်မဖြစ် အောင် ပါတီက မူဝါဒတစ်ရပ် ချတာပါ” ဟု ၎င်းကဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးသည် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သို့ ၂၀၁၄ ခုနှစ်အတွင်း ပြောင်းရွှေ့ခဲ့သည်။

ယင်းသို့ ပါတီ ပြောင်းရွှေ့သွားသူများက SNDP ပါတီ၏ မူဝါဒများသည် အများပြည်သူဆန္ဒနှင့် ကိုက်ညီမှု မရှိသောကြောင့် နုတ်ထွက်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ ပါတီပြောင်းရွှေ့ခြင်းသည် ကိုယ်စားလှယ်များ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA ညီလာခံတွင် ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၅၇ နေရာတွင် အနိုင်ရရှိထားသည့် ပြည်ထောင်စုလွှတ်တော် အတွင်း တတိယ မဲအများဆုံး ပါတီဖြစ်သည်။

The Voice Weekly
ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ရွေးကောက်ပွဲအပြီး ပါတီမှနုတ်ထွက်လျှင် လျော်ကြေးငွေအဖြစ် ကိုယ်စားလှယ်ကြေး၏ ၁၀ ဆ ပါတီသို့ ပြန်ပေးရမည် ဖြစ်ကြောင်း SNDP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

မြေယာပြဿနာကို မဖြေရှင်းပေးနိုင်လျှင် အများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရ မည်ဖြစ်ပြီး အစိုးရနှင့်လွှတ်တော် ကျန်ရှိသက်တမ်းအတွင်း အပြီးဖြေရှင်း ပေး ရန် လိုဟု သူရဦးရွှေမန်း ပြောကြား

ယနေ့အချိန်ကာလတွင် မြေယာပြဿနာကို မဖြေရှင်းပေးနိုင်လျှင် အများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရမည် ဖြစ်ပြီး လက်ရှိအစိုးရနှင့် လွှတ်တော်တို့၏ ကျန်ရှိ သည့် သက်တမ်းအတွင်း အပြီးဖြေရှင်းပေးရန်လိုသည်ဟု ပြည်ထောင်စု လွှတ် တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အမှားအယွင်းဖြစ်ခဲ့သော ဗိုလ်ချုပ်ရုပ်ရှင်အပိုင်းကို ပြန်လည်ရိုက်ကူး

အောက်တိုဘာအတွင်း ဗိုလ်ချုပ်ဆောင်ဆန်းရုပ်ရှင်အ တွက် ရိုက်ကူးခဲ့သော နမူနာအမြည်း (Teasar) တွင် မှားယွင်းမှုများ ရှိခဲ့ခြင်းကြောင့် ဒီဇင်ဘာ ၂၄ ရက်က သန်လျင်မြို့တွင် ပြန်လည်ရိုက်ကူးခဲ့သည်။

ကွမ်းခြံကုန်းနှင့် မြိတ် ကျောက်မီးသွေးစက်ရုံနှစ်ခု၏ EIA အစီရင်ခံစာ စတင်စစ်ဆေး

မြန်မာနိုင်ငံတွင် တည် ဆောက်ရန် လျာထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၂ ခုရှိသည့်အနက် ကွမ်းခြံကုန်းနှင့် မြိတ်တွင် တည်ဆောက်မည့် စက်ရုံနှစ်ခု၏ ပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်း (EIA) စစ်ဆေးသည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ကင်ညာနိုင်ငံက အကြမ်းဖက်ခံ အမျိုးသမီးငယ်တွေရဲ့ဘဝ

ဓာတ်ပုံများ - Reuters
ကင်ညာနိုင်ငံမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေကို ထိမ်းမြားလက်ထပ်ဖို့ရန် ခန်းဝင်ပစ္စည်းကြေးအဖြစ် အိမ်မွေးတိရစ္ဆာန်တွေနဲ့လဲလှယ်ခြင်းခံရပြီး အမျိုးသမီးတစ်ဦးအဖြစ် ဓလေ့ထုံးတမ်းအရ အသိအမှတ်ပြုတဲ့ ပွဲကာလမှာတော့ တော်တော်ကို စိတ်နှလုံးကြေကွဲဖွယ်ကောင်းတဲ့အချိန်ဖြစ်ပါတယ်။

ဝှိုက်ကတ်ကိုင်ဆောင်သူများတွင် နိုင်ငံသား ဖြစ်၊ မဖြစ်စိစစ်နေသူများပါဝင်၍ မဲပေးခွင့်နှင့်ပတ်သက်၍ စဉ်းစားပေးရန်သာ သမ္မတကအကြံပြုခဲ့ဟုဆို

ယာယီသက်သေခံလက် မှတ် (White Card) ကိုင်ဆောင် သူများတွင် လူမျိုးခြားများအပြင် နိုင်ငံသား အဖြစ်စိစစ်ဆဲတိုင်းရင်းသားများပါဝင်သောကြောင့် မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေသော   လွှတ်တော်ကိုစဉ်း စားပေးရန် သမ္မတက အကြံပြု ခဲ့ခြင်းဖြစ်ပြီး အဆုံး အဖြတ် ပေးခြင်းမျိုးမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန  ပြည်ထောင်စု ဝန် ကြီးဦးခင်ရီကပြောသည်။

လက်ပံတောင်းလူသေမှု စုံစမ်းမှုရလဒ်ရရှိရန် မျှော်လင့်နေကြောင်း တရုတ်သံရုံးထုတ်ပြန်

လက်ပံတောင်းတောင် အဓိကရုဏ်းတွင် သေကျေထိ ခိုက်မှုများကို စိုးရိမ်မိ ကြောင်းနှင့် ယင်းအဖြစ် အပျက်ကို အာဏာပိုင်များထံမှ စုံစမ်းစစ်ဆေးမှုရလဒ်များရရှိရန်မျှော်လင့်ကြောင်း ရန်ကုန်ရှိ တရုတ်သံရုံး က ဒီဇင်ဘာ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

Thursday 25 December 2014

အကြမ်းဖက်မှု ကိစ္စရပ်များကို စီရင် စစ်ဆေးရန် စစ်ဘက် တရားရုံးများ ပါကစ္စတန် ဖွဲ့စည်းမည်

Photo: အကြမ်းဖက်မှု ကိစ္စရပ်များကို စီရင် စစ်ဆေးရန် စစ်ဘက် တရားရုံးများ ပါကစ္စတန် ဖွဲ့စည်းမည် 
Thursday, December 25, 2014 

အကြမ်းဖက်မှု ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးဆုံးဖြတ်မည့် စစ်ဘက် တရားရုံးများကို ဖွဲ့စည်း တည်ထောင် သွားရန် ပါကစ္စတန် ခေါင်းဆောင်များက ဒီဇင်ဘာ ၂၄ ရက်တွင် သဘောတူ ခဲ့ကြသည်။ နိုင်ငံတွင် တာလီဘန်တို့က ပတ်ရှဝါမြို့ရှိ စာသင်ကျောင်း ကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အာဏာပိုင်များက အကြမ်းဖက်မှု ဆိုင်ရာ အမျိုးသား စီမံချက် တစ်ခုအတွက် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြ ပြီးနောက် သဘောတူခဲ့ ကြခြင်း ဖြစ်သည်။

“နိုင်ငံရေး ပါတီတွေက စစ်ဘက် တရားရုံးတွေ ဖွဲ့စည်းဖို့ သဘောတူလိုက်ပါပြီ”ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိတစ်ဦးက ပြောသည်။ အကြမ်းဖက်မှုနှင့် သက်ဆိုင်သည့် အမှုကိစ္စများ အားလုံးကို အဆိုပါ စစ်ဘက် တရားရုံးများက ကိုင်တွယ်သွားမည်ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှဝါ ဒေသရှိ စစ်တပ်က ခန့်ခွဲနေသော စာသင်ကျောင်း တစ်ကျောင်းကို တာလီဘန်များက ၀င်ရောက်တိုက်ခိုက် ခဲ့မှုကြောင့် ကျောင်းသား အများစု အပါအ၀င် လူ ၁၅၀ ခန့် သေဆုံးခဲ့ပြီးနောက်ပိုင်း ပါကစ္စတန် နိုင်ငံရေး ပါတီများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ်တစ်ရပ် ရေးဆွဲရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ စစ်ဘက် တရားရုံးများကို နှစ်နှစ် သက်တမ်းတစ်ရပ်ဖြင့် တည်ထောင်သွားမည်ဟု ပါကစ္စတန် အတိုက်အခံ ပါတီ ခေါင်းဆောင် ဆိုင်ခါရှီရှာက ပြောကြားသည်။

“အကြမ်းဖက်သမား တွေကိုပဲ ဒီတရားရုံးတွေမှာ စီရင်သွားမှာဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်တွေအတွက် အသုံးပြုသွားမှာ မဟုတ်ပါဘူး၊ စစ်ဘက် တရားရုံးတွေ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က အကြမ်းဖက်သမားတွေကို အချိန်မြန်မြန်ဆန်ဆန်နဲ့ စစ်ဆေးသွားနိုင်ဖို့ပါ၊ ကျွန်တော်တို့ရဲ့ တရားရေး စနစ်မှာက ဟာကွက်တွေ အများကြီး ရှိပါတယ်”ဟု အတိုက်အခံ ပါတီခေါင်းဆောင် ဆိုင်ခါရှီရှာက ပြောသည်။ စစ်ဘက် တရားရုံးများ ဖွဲ့စည်းရေးကို လွယ်ကူချော့မွေ့စေရန် ဖွဲ့စည်းပုံ ဥပဒေကိုလည်း ပြင်ဆင်သွားရန် နိုင်ငံရေး ပါတီအားလုံးက သဘောတူညီခဲ့ကြသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာသူများက  နိုင်ငံ သမိုင်းတစ်လျှောက်တွင် လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် စာသင်ကျောင်း တိုက်ခိုက် ခံရမှုအပေါ် ပြစ်တင်ဝေဖန်ရင်း ယခု ဆုံးဖြတ်ချက်ကို တခဲနက် သဘောတူခဲ့ကြသည်။ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နောက် ပိုင်း နိုင်ငံတွင် သေဒဏ်ချမှတ်မှုကို ခြောက်နှစ်ကြာ ဆိုင်းငံ့ထားခြင်း ကိုလည်း ၀န်ကြီးချုပ် နာဝက်ဇ် ရှာရစ်က ရုပ်သိမ်းသွားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ပတ်ရှဝါ စာသင်ကျောင်းကို ၀င်ရောက် ပစ်ခတ်သတ်ဖြတ် ခဲ့သည့် သေနတ်သမားများ
ပတ်ရှဝါ စာသင်ကျောင်းကို ၀င်ရောက် ပစ်ခတ်သတ်ဖြတ် ခဲ့သည့် သေနတ်သမားများ
အကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များကို စစ်ဆေးဆုံးဖြတ်မည့် စစ်ဘက် တရားရုံးများကို ဖွဲ့စည်း တည်ထောင် သွားရန် ပါကစ္စတန်ခေါင်းဆောင်များက ဒီဇင်ဘာ ၂၄ ရက်တွင် သဘောတူ ခဲ့ကြသည်။ နိုင်ငံတွင် တာလီဘန်တို့က ပတ်ရှဝါမြို့ရှိ စာသင်ကျောင်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အာဏာပိုင်များက အကြမ်းဖက်မှုဆိုင်ရာ အမျိုးသားစီမံချက်တစ်ခုအတွက် အစည်းအဝေးတစ်ရပ် ကျင်းပ ခဲ့ကြ ပြီးနောက် သဘောတူခဲ့ ကြခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်း (သို့မဟုတ်) လက်ပံတောင်း အကြမ်းဖက်မှု၏ သားကောင်

Photo: ဒေါ်ခင်ဝင်း (သို့မဟုတ်) လက်ပံတောင်း အကြမ်းဖက်မှု၏ သားကောင်
Thursday, December 25, 2014

“ဝေး … ဝေးပါပြီအေ … သဘောကောင်းတဲ့မိန်းမကြီးပါ။ သဘောကောင်းတဲ့ မိန်းမကြီးရေ … မခင်ဝင်း” ဆိုပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အသံဟာ မိုးကြိုးပြင်ရွာထဲက နာရေး အိမ်ခြံ ဝင်းအတွင်းကနေ ပဲ့တင်ထပ်လို့နေပါတယ်။

ယာမြေသိမ်းခံဘဝတူ သူငယ်ချင်းဒေါ်ခင်ဝင်း သေဆုံးသွားတဲ့အတွက် ဒေါ်ခင်ဝင်းရဲ့ ခေါင်းတလားကို ဖက်ပြီးငိုကြွေးနေတဲ့ ဆည်တည်းရွာသူ မခင်ဆင့်ရဲ့ ငိုသံနဲ့ အတူ ခေါင်းတလားဘေးပတ်လည်မှာရှိတဲ့ ဆွေးမျိုးတွေနဲ့ ရွာသူရွာသားတွေရဲ့
ကြေကွဲ ဝမ်းနည်းနေကြတဲ့ မျက်နှာတွေပေါ်မှာလည်း မျက်ရည်စတွေနဲ့ပါ။

အိမ်ခြံဝင်းအတွင်းမှာလည်း ရပ်နည်းရပ်ဝေးက မိတ်ဆွေတွေ လယ်သိမ်းခံ ဘဝတူတောင်သူတွေနဲ့ လူမှုကူညီရေး အဖွဲ့ အစည်း တွေလည်း ရောက်ရှိနေကြလို့ အိမ်ဝင်းအတွင်းပြည့်နှက်လို့နေပါတယ်။

သေဆုံးသူ ဒေါ်ခင်ဝင်းမှာ သမီးနှစ်ယောက်ရှိပြီး ၂ ယောက်လုံးက မန္တလေးမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူ ကတော့ အသက်ဆုံးပါးသွားတာ ၂၅ နှစ်ခန့်ကြာပြီဖြစ်ပြီး ဘိုးဘွားပိုင်ယာမြေ ၇ ဧကကျော်ကို ထွန်ယက်စိုက်ပျိုးရင်း တယောက်တည်း ရုန်းကန် လာခဲ့သူ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆောင်ရွက်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက လျှော်ကြေးရယူထားခြင်းမရှိတဲ့ စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တုံရွာနဲ့ မိုးကြိုးပြင်အလယ်ကျေးရွာမှ လယ်ယာမြေ တွေကို အတင်းအဓမ္မ၀င်ရောက် သိမ်းယူ ခြံစည်းရိုးကာခဲ့ပါတယ်။ ရာပေါင်းများစွာသော ဒေသခံတွေက ၀မ်ပေါင် ကုမ္ပဏီရဲ့ အဓမ္မမြေသိမ်း ခြံစည်းရိုးခတ်မှုကို ဆန့်ကျင်ကြရမှာ ဒေါ်ခင်ဝင်းတဦးလည်း အပါအ၀င်ဖြစ်ပါတယ်။

မြေသိမ်းခံရလို့ ကံဆိုးမိုးမှောင်ကျ ပူဆွေးသောက ရောက်နေရတဲ့ ဒေါ်ခင်ဝင်းဟာ ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေး ယူပေးထားတဲ့ ရဲတပ်ဖွဲ့က သေနတ် နဲ့ ပစ်ခတ်မှု ကြောင့် ဦးခေါင်းပွင့်ထွက် သေဆုံးသွားခဲ့ရပါတယ်။ “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားပုံက ဒေါ်ခင်ဝင်းအတွက်တော့ အဟုတ်အမှန် ဖြစ်စေခဲ့ပါတယ်။

“အဲဒီမနက်က ထူးထူးခြားခြား မနက်လေးနာရီ တုန်းခေါက်သံကြားတဲ့ အချိန်မှာ သူကျမကို စကားလာပြောတယ်။ မနီတဲ့ ညကသူအိမ်မက်တွေမက်တယ်တဲ့။ အိမ်မက်ထဲမှာ သနပ်ခါးတွေလူးတယ်။ အင်းကျီသစ်၊ ထမီသစ်နဲ့တဲ့ သွားတွေလည်း ကျွတ်ကျတယ်တဲ့။ ကျမက အစောကြီးရှိသေးတယ်။ ပြန်အိပ်ပါဆိုတော့ မအိပ်ဘူးဆိုပြီး ကျမကို သူ့ပေါင်ပေါ်တင်ပြီး စကားတွေပြောနေတာ” လို့ ဒေါ်ခင်ဝင်းနဲ့ တအိမ်တည်းအတူနေတဲ့ မအေးစွာက ပြောပါတယ်။

ဒေါ်ခင်ဝင်းနဲ့ အတူနေတဲ့ မအေးစွာဟာ မိုးကြိုးပြင်မြောက်ရွာသူ မိဘမဲ့ တယောက်ဖြစ်ပြီး ခန္ဓာကိုယ် အောက်ပိုင်း မသန်စွမ်းသူဖြစ်ပါတယ်။ အနှိပ်သည် ဘဝနဲ့ အိမ်စဉ်လှည့်ပြီး နှိပ်ပေးနေရင်းက လွန်ခဲ့တဲ့ခြောက်နှစ်က ဒေါ်ခင်ဝင်း နဲ့တွေ့ဆုံပြီး ခိုကိုးရာမဲ့နေတဲ့ မအေးစွာကို ဒေါ်ခင်ဝင်းက သူ့အိမ်မှာခေါ်ယူမွေးစားထားတာဖြစ်ပါတယ်။

မအေးစွာရဲ့ ဖောက်သည်ချမှုကြောင့် ညက မက်တဲ့ အိမ်မက်အကြောင်းဟာ မိုးလင်းတာနဲ့ အိမ်နီးနားချင်းတွေဆီပြန့်သွား တယ်လို့ ဆိုပါတယ်။ ဒီအိမ်မက်မျိုးဟာ အတိတ်မကောင်းဘူးလို့ အိမ်နီးချင်းတွေက ပြောတာနဲ့ မအေးစွာ လည်း စိတ်သောကတွေ ရောက်ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။

“မနက်ဖြန်ကြ ယာတွေခြံလာခတ်မှာ သွားတားရမယ်ဆိုပြီး ကျမကိုပြောတယ်။ ကျမကသူ့ကို အတင်းတားတယ်။ စိတ်မချတာနဲ့ ကျမလိုက်သွားတယ်။ ပြောင်းခင်းထိပ်ရောက်တော့ သေနက်သံတွေ တဒိုင်းဒိုင်း နဲ့ စကြားတယ်။ ကျမသူ့ကို
ထပ်တားတယ်။ သူက ငါနောက်ပြန်မလှည့်ဘူး။ သေချင်သေပစေ။ ငါ့လက်ပံတောင်းတောင်အတွက်နဲ့ သေမယ်ဆိုရင်တောင် ဂုဏ်ယူတယ်လို့ သူကပြောလိုက်သေးတယ် နမိတ်ဖတ်လိုက်သလိုပဲ” လို့ မအေးစွာက ဆိုပါတယ်။

“သူ့ယောင်းမဖြစ်သူကလည်း သူ့ကို အဲ့ဒီနေ့က စိတ်ပူပြီးလိုက်ခေါ်တယ်။ သူက ပြန်မလိုက်ဘူး။ နင်တို့ နှစ်ယောက် ကြောက်တတ်ရင် ပြန် ငါတယောက်တည်းသွားမယ်ဆိုပြီး ဆက်သွားတယ်။ ညနေကြတော့ တခြားလူတွေ
ပြန်ပြေး လာကြတယ်။ သူပြန်ပါမလာဘူး။ သုံးနာရီထိုးလောက်ကြတော့ သူသေသွားပြီ ဆိုပြီး ကြားလိုက်ရတာ” မအေးစွာက ဆက်ပြောပါတယ်။

ဒေါ်ခင်ဝင်းဟာ စိတ်သဘောထားကောင်းလွန်းသူရယ်လို့ ဒေသခံ ရွာသူရွာသားတွေက ပြောဆိုကြပြီး လွန်ခဲ့တဲ့
ငါးနှစ်ခန့်ကလည်း ဆွေမျိုးတော်စပ်သူမဟုတ်တဲ့ စိတ်မနှံ့သူ အမျိုးသမီးတဦး ရွာအပြင်မှာ သေဆုံးတော့မယ့် အချိန်မှာ အိမ်ကိုခေါ်လာပြီး ဆေးကုသ ကျွေးမွေးစောင့်ရှောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့ အတွက် အထူးသဖြင့် မှီခိုအားထားနေရတဲ့ အသက် ၂၈ နှစ်အရွယ် မအေးစွာ တယောက် အတွက်တော့ ခိုကိုးရာမဲ့ ထပ်ဖြစ်သွားပြီး သူ့ရဲ့ အနာဂတ် နေထိုင်ရေးအတွက်ပါပူပင်နေရှာပါတယ်။

“ကျမက ဒုက္ခိတ မိဘမဲ့ သူကောင်ကြွက် တမျက်နှာ သူလိုလူကသာ သားသမီးအရင်းလို ကျမကို စောင့်လျှောက်ခဲ့တာ။ သူသေဆုံးသွားတာဟာ ကျမအတွက် ခိုနားရာ သစ်ပင်ကြီး ပြိုလဲသွားသလိုပါပဲ။ ကျမဘယ်သူကို အားကိုးရမလဲ မသိပါဘူး”လို့ တုန်ရီနေတဲ့ အသံနဲ့ပြောဆိုရင်း မအေးစွာရဲ့ ပါးပြင်မှာ မျက်ရည်တွေကျနေပါတယ်။

ဒေါ်ခင်ဝင်းရဲ့ ညီမဖြစ်သူ ဒေါ်သန်းနုက “သမီးတွေက မန္တလေးမှာ အေးအေးဆေးဆေးလာနေပါခေါ်တာ မသွားဘူး။ သူက ဒီရွာနဲ့ သူ့ယာတွေကို ခင်တွယ်လွန်းတယ်။ သူငယ်ငယ်တုန်းကတည်း မြင်တွေ့နေရတဲ့ ဒီလက်ပံတောင်းတောင် ကြီးကိုလည်း သူသံယောဇဉ်ရှိနေတယ်။ အဲဒီအတွက်ပဲ သူအသက်ပေးသွားတယ်လို့ပြောရမလိုပဲ” လို့ ငိုကြွေးရင်းက ရှင်းပြပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်၊ ရိုက်နှက်မှုတွေကြောင့် ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့အပြင် ယာမြေ ပြန်ရရေး တောင်း ဆိုတဲ့ ရွာသူ၊ ရွာသား ၄၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတဲ့ အတွက် ဒဏ်ရာပြင်းထန်သူတွေနဲ့ သေနတ်ကျည်ဆံ ထိမှန်ခံရသူတွေမှာ အခုအချိန်ထိ ဆေးကုသခံယူနေကြရပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးပြီး နောက်တနေ့မှာပဲ ရန်ကုန်မြို့မှာရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက မနီလာသိန်း၊ မမီးမီးနဲ့ တာဝန်ရှိသူတွေရောက်ရှိခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသနိုင်အောင်
ဆောင်ရွက် ခဲ့ ကြသလို သေဆုံးသူ ဒေါ်ခင်ဝင်း တရားမျှတမှုရရှိရေးအတွက်လည်း ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ဖို့ ကူညီခဲ့ကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက ဒေါ်ခင်ဝင်းကို အမှုဖွင့်ပေးနိုင်ဖို့အတွက် ဆားလင်းကြီးမြို့မ ရဲစခန်းမှာ
နာရီပေါင်းများစွာ အတိုက်အခံလုပ် ကြိုးစားခဲ့သလို ဒေါ်ခင်ဝင်းရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ ဆရာဝန်ကြီး တွေနဲ့ ခွဲစိတ် စစ်ဆေးဖို့ သွားရောက်ရာမှာလည်း အနှောင့်အယှက်များစွာ ကျော်ဖြတ်ပြီး အကူအညီပေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဒေါ်ခင်ဝင်း သေဆုံးမှုကို ရဲစခန်းက အမှုဖွင့်ပေးခဲ့သလို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကလည်း သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်း သေဆုံးကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့သတင်းက မြန်မာနိုင်ငံတနိုင်ငံလုံးတင်မကဘဲ နိုင်ငံတကာ အရပ်ရပ်အထိ ပျံ့နှံ့သွားခဲ့ပါတယ်။ ဗိုလ်ကျအနိုင်ကျင့် မြေသိမ်းမှုရဲ့ ဓားစာခံ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေါ်ခင်ဝင်း သေဆုံးမှု သတင်းကြောင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ စစ်တပ်ဦးပိုင်ကုမ္ပဏီနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ် ဘူးပေါ်သလို ပေါ်သွားပါတယ်။

ပြည်တွင်းမှာလည်း ဆန္ဒပြပွဲတွေ တောက်လျှောက် ဖြစ်ပေါ်လာပြီး ဒေါ်ခင်ဝင်း သတင်းကြားရသူ ပြည်သူတိုင်း တောက်ခေါက် ခံပြင်း ဒေါသထွက်ကြပါတယ်။

နိုင်ငံတကာမှာလည်း အမေရိကန် အစိုးရ အပါအ၀င် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကမြန်မာအစိုးရ အကြမ်းဖက်မှု ကြောင့် ဒေါ်ခင်ဝင်း သေဆုံးမှုအပေါ် ၀မ်းနည်းကြောင်း၊ စိုးရိမ်ကြောင်းနဲ့ တာဝန်ရှိသူတွေကို ချက်ချင်း အရေးယူဖော်ထုတ် ပေးဖို့ တောင်းဆိုနေကြပါတယ်။

ရိုးသားသဘောကောင်းလွန်းတဲ့ အသက် ၅၆ အရွယ် ဒေါ်ခင်ဝင်းဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သူ့အိမ်အောက် ကုတင် လေးပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေပေမယ့် သူ အသက် အသေခံ ဆန္ဒပြခဲ့တဲ့ လုပ်ရပ်ကတော့ အခုအချိန်အထိ ပြည်တွင်းပြည်ပ ပြည်သူတွေဆီ ဆက်လက် ပျံ့နှံ့နေဆဲဖြစ်ပါတယ်။

ဒေါ်ခင်ဝင်းက ယုတ်မာကောက်ကျစ်တဲ့ အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ အကြမ်းဖက်မှုကို ပေါ်လွင်ထင်ရှားစေခဲ့တဲ့ ဓားစာခံ သားကောင်တဦး လို့ ဆိုနိုင်သလို လက်ပံတောင်းတောင်ကို အသက်စွန့် ကာကွယ်သွားတဲ့ အမျိုးသမီး အာဇာနည် သူရဲကောင်းတဦးဆိုရင်လည်း မမှားနိုင်ပါဘူး။

ကျော်ခ (ဧရာဝတီ)
“ဝေး … ဝေးပါပြီအေ … သဘောကောင်းတဲ့မိန်းမကြီးပါ။ သဘောကောင်းတဲ့ မိန်းမကြီးရေ … မခင်ဝင်း” ဆိုပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အသံဟာ မိုးကြိုးပြင်ရွာထဲက နာရေး အိမ်ခြံ ဝင်းအတွင်းကနေ ပဲ့တင်ထပ်လို့နေပါတယ်။