Monday 23 November 2015

အစိုးရအဖွဲ့အမည်စာရင်း လျာထားခြင်း မရှိသေးဟု ဒီချုပ်ဆို

အစိုးရ အဖွဲ့အမည်စာရင်းကို လျာထားခြင်းမရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ပြောရေးဆို ခွင့်ရှိ သူပါတီ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဦးဝင်းမြင့်ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် နိုဝင်ဘာ ၈ ရက်က ကျင်း ပခဲ့သည့်အထွေထွေရွေးကောက်ပွဲ တွင် အစိုးရဖွဲ့နိုင်သည့်ရလဒ်ကို ရရှိခဲ့ပြီးဖြစ်သဖြင့် အစိုးရအဖွဲ့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည် ထောင်စုဝန်ကြီး နှင့်ဒုဝန်ကြီးနေရာများ၊တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို လက်ရှိအချိန်၌် လျာထားဆုံးဖြတ်ပြီးခြင်းရှိ၊ မရှိ ဒီမိုကရေစီတူဒေး သတင်းစာ၏ မေးမြန်းမှုအပေါ် ဦးဝင်းမြင့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''လက်ရှိအချိန်ထိတော့ အစိုးရအဖွဲ့ဝင်နေရာတွေအတွက် ခန့်အပ်ဖို့လျာထားစာရင်းကို ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီ ကဆုံးဖြတ် သတ်မှတ်ထားခြင်းမရှိသေးပါဘူး''ဟု ဦးဝင်းမြင့်က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

လက်ရှိအစိုးရအဖွဲ့ဝင်များအနက်အချို့ကိုြီူ အစိုးရအဖွဲ့တွင် ထည့်သွင်း မည့်အခြေအနေရှိ၊ မရှိ နှင့်ပတ် သက်၍ မေးမြန်းမှု အပေါ် တွင် လည်း ဦးဝင်းမြင့်က လက်ရှိ အချိန်ထိမည်သို့မျှလျာထားခြင်း မရှိသေး ကြောင်း ထပ်လောင်းပြော ကြားသည်။

နိုဝင်ဘာ ၁၆ ရက်က ဒီချုပ် လက်ရှိလွှတ်တော်ကိုယ်စားလှယ် များအား ဝန်ကြီး၊ ဒုဝန်ကြီးနေရာကို စိတ်ကူး မယဉ်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပြီးနောက်တွင် ပြင်ပမှပညာရှင်များကို အစိုးရ အဖွဲ့ဝင် အဖြစ် လူမှန်နေရာမှန်ရွေး ချယ်သွားနိုင်ဖွယ်ရှိသည်ဟု နိုင်ငံ ရေးအကဲခတ်အချို့က သုံးသပ် သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန်ယုံကြည်မှုရှိသည်ဟု ယူဆရသော သူရဦးရွှေမန်းအား အစိုးရသစ် အဖွဲ့ဝင်(သို့)ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိ ကကျသော အခန်းကဏ္ဍမှပါဝင်ရန် ဒီချုပ်မှကမ်း လှမ်းဖွယ် ရှိသည်ဟု လည်း အကဲခတ် အချို့က ထင်ကြေး ပေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် လက်ရှိလွှတ်တော် သက်တမ်းကုန်ဆုံးပါက အနိုင်ရ ကိုယ်စား လှယ်များဖြင့် ပြန်လည် စတင်ရမည့်လွှတ်တော်များခေါ်ယူ နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ဦးဝင်းမြင့် က ဆိုသည်။

''လွှတ်တော်အစည်းအဝေးများ ခေါ်ယူနိုင်ရေးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်းပဲ ဆောင်ရွက်ရမှာပါ'' ဟု ဦးဝင်းမြင့်က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမည့်လွှတ်တော်အစည်းအဝေးများကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် လွှတ်တော်ဥက္ကဋ္ဌများကခေါ်ယူ ကျင်းပပေးရမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပရန် ပြည် သူ့ လွှတ်တော်ဥက္ကဋ္ဌ ကခေါ်ယူရမည်ဖြစ်ကာ အမျိုးသားလွှတ်တော်ကျင်းပရန် လက်ရှိအမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူပေးရမည်ဖြစ်သည်။

YM
‎Democracytoday‬

No comments:

Post a Comment