Wednesday 17 April 2013

ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး


အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှမရောက်၊ ဘယ်နားမှာရှိမှန်း မသိ တာလဲပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။
===================================

နံနက်နိုးကာစတွင် ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်စေ

ကျောင်းသားကို စာရွက်စားခိုင်းသည့်ဆရာအား အလုပ်ဖြုတ်

ကျောင်းသားကို စာရွက်စားခိုင်းသည့်ဆရာအား အလုပ်ဖြုတ်
Wednesday, April 17,2013 
   

စကားများသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျောင်းသားကို စာရွက်များ ဝါးခိုင်းထားသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံ၊ မန်ဒူးမြို့တွင်ဖြစ်ပွားခဲ့သည်။

စီဘူးပြည်နယ်၊ မန်ဒူးမြို့ အထက်တန်းကျောင်းရှိ သင်္ချာဆရာမတစ်ဦးအား လူသားမဆန်စွာ ပြုကျင့်မှုအတွက် ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ဒေသဆိုင်ရာသတင်းစာများ၏ ဖော်ပြချက်အရ သိရှိရသည်။

ပတ်နမ်းအမျိုးသားအထက်တန်းကျောင်းမှ မိဘ ၃၀ တို့သည် ကျောင်းသားဖြစ်သူ စာရွက်များ ဝါးစားနေရသည့် ဗီဒီယိုပြကွက်များကို တွေ့မြင်ကြရပြီးနောက် ကျောင်းကိုအပြင်းအထန်လာရောက် ကန့်ကွက်ဆန္ဒပြမှုများပြုလုပ် ခဲ့ကြသည်ဟု ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနမှ ဘင်ဂျမင် တိုင်ဇုန်ကဆိုသည်။

ကျောင်းသူတစ်ဦးကလည်း ဆရာမသည် သူ့ကို ထိုင်ခုံဖြင့် ပစ်ပေါက်ခဲ့ဖူးကြောင်း ဖွင့်ဆိုသည်။ “ဆရာမက သမီးကို ပုစ္စာတစ်ပုဒ်မေးတယ်။ မဖြေနိုင်တော့ စာရွက်စားခိုင်းတယ်။ သမီးက မစားနိုင်ဘူးလို့ပြန်ပြောတော့ ခုံနဲ့ပေါက်တယ်” ဟု ထိုကျောင်းသူကပြောပြသည်။

ဆရာမသည် မိမိ၏လုပ်ရပ်ကြောင့် မိဘများကို တောင်းပန်ထားသော်လည်း ဌာနဆိုင်ရာ အရေးယူစုံစမ်းမှုများ ပြူလုပ်နေစဉ်အတွင်း ရာထူးမှချထားကြောင်း ပညာရေးဝန်ကြီးဌာနကဆိုသည်။ 
(ရွှေမောင်)မောက္ခနိုင်ငံတကာသတင်း စကားများသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျောင်းသားကို စာရွက်များ ဝါးခိုင်းထားသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံ၊ မန်ဒူးမြို့တွင်ဖြစ် ပွားခဲ့သည်။
စီဘူးပြည်နယ်၊ မန်ဒူးမြို့ အထက်တန်းကျောင်းရှိ သင်္ချာဆရာမ တစ်ဦး အား လူသားမဆန်စွာ ပြုကျင့်မှုအတွက် ဖိလစ်ပိုင်ပညာရေး ဝန်ကြီး ဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးမှုများ ပြု လုပ်နေကြကြောင်း ဒေသဆိုင်ရာသတင်းစာများ၏ ဖော်ပြချက်အရ သိရှိရသည်။

အိမ်စာမလုပ်နိုင်သည့်သမီးကို လက်စွမ်းပြသည့် မိဘများ အဖမ်းခံရ

အိမ်စာမလုပ်နိုင်သည့်သမီးကို လက်စွမ်းပြသည့် မိဘများ အဖမ်းခံရ
Wednesday, April 17,2013 
အသက် ၇ နှစ်အရွယ် သမီးဖြစ်သူသည် ကျောင်းမှ အိမ်ပြန်လာပြီး အိမ်စာမလုပ်နိုင်သဖြင့် မိဘများက အလွန်အကျွံရိုက်နှက်သောကြောင့် ရဲကဖမ်းဆီး အရေးယူအပြစ်ပေးခဲ့ရသော ဖြစ်ရပ်တစ်ခု အမေရိကန်၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် ဖြစ်ပွားခဲ့သည်။

ရန်ဒီ စမစ်နှင့် သူ၏ဇနီးဖြစ်သူ မစ္စတီ တေလာတို့သည် သမီးဖြစ်သူ အိမ်စာလုပ်နေသည်ကိုကြည့်ပြီး ဒေါသထွက်သဖြင့် ရိုက်နှက်ဆုံးမကြသည်။ ထိုသို့ရိုက်နှက်ရာတွင် စမစ်က သမီးဖြစ်သူကို ခါးပတ်ချွတ်ကာ ရိုက်ခြင်း၊ လည်ပင်းကိုညှစ်ပြီး နံရံတွင်ကပ်ကာ မျက်နှာကို လက်သီးဖြင့်ထိုးခြင်း၊ မိခင်ဖြစ်သူက ကြိုးဖြင့် တုတ်ကာ ရိုက်နှက်ခြင်းတို့ကို ပြုလုပ်သောကြောင့် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သည်။

သမီးဖြစ်သူသည် ကျောင်းသို့သွားသောအခါ ဒဏ်ရာများဖြင့် မြင်မကောင်းအောင် ဖြစ်နေသောကြောင့် ကျောင်းရှိ ဆရာများက စုံစမ်းပြီး ရဲကိုတိုင်ကြသည်။ ရဲများက စစ်ဆေးရာတွင် မျက်နှာ၊ ကျောနှင့် ခြေထောက် တို့တွင် ဒဏ်ရာများကို တွေ့ရှိခဲ့ကြရသည်။

“တော်တော်ရက်စက်တယ်ဗျာ။ တစ်ကိုယ်လုံးလည်း အညိုအမည်းစွဲနေတယ်။ ခြေထောက်မှာဆိုရင် ကြိုးရာတွေကြောင့် သွေးခြည်တောင် ဥနေတယ်။ ပြတ်ရှဒဏ်ရာတွေကလည်း အနှံ့ပဲ” ဟု ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ယခင်က စီးကရက်မီးဖြင့်ထိုးထားသည့် ဒဏ်ရာဟောင်းများကိုပါ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ရဲများက လင်မယားနှစ်ယောက်ကို ဖမ်းလိုက်ပြီး ကလေးသူငယ်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဖြင့် အရေးယူသွားမည်ဟု ဆိုသည်။ စမစ်သည် ကာလီဖိုးနီးယားတွင် ရန်ဖြစ်တိုက်ခိုက်မှုကြောင့် ဖမ်းဆီးမိန့်အထုတ်ခံထားရသူ တစ်ဦး လည်းဖြစ်သည်။ 
မောက္ခနိုင်ငံတကာသတင်း အသက် ၇ နှစ်အရွယ် သမီးဖြစ်သူသည် ကျောင်းမှ အိမ်ပြန်လာပြီး အိမ်စာမလုပ်နိုင်သဖြင့် မိဘများက အလွန်အကျွံရိုက်နှက်သောကြောင့် ရဲကဖမ်းဆီး အရေးယူအပြစ်ပေးခဲ့ရသော ဖြစ်ရပ်တစ်ခု အမေရိကန်၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် ဖြစ်ပွားခဲ့သည်။

ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်

ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်
Wednesday, April 17,2013 

ငယ်ရွယ်သည့် ကိုယ်ဝန်ဆောင်မိန်းခလေးတစ်ဦးကို မကောင်းဆိုးဝါးစီးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သတ်ပစ်လိုက်သည့် မိသားစုတစ်စုကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတော့မည်ဖြစ်ကြောင်း သိရ သည်။

ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ်ရှိကြောင်း ရှေ့နေတစ်ဦးကပြောကြားသည်။

မိသားစုလေးဦးအနက်မှ တစ်ဦးသည် အသက် ၂၁ နှစ်အရွယ်ရှိ နာလီယာ မမ်တက်ဇ်အား လည်ပင်းညှစ်နေချိန် တွင် အခြားသုံးဦးက နာလီယာကို ဖမ်းချုပ်ပေးထားကြသည်။ သူတို့က နာလီယာကိုယ်ခန္ဓာထဲတွင် ဝင်ပူးနေ သည့် မကောင်းဆိုးဝါးကို ထိုနည်းဖြင့် ထွက်သွားစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။

နာလီယာကို သတ်ဖြတ်ရန် ကြိုးပမ်းနေသူများထဲတွင် ခင်ပွန်းသည် မိုဟာမက် တူဆစ် မမ်တက်ဇ် ကိုယ်တိုင် ပါဝင်ပြီး ဇနီးသည်ကို အသက်ရှူကျပ်ပြီးသေသည်ဟု ထွက်ဆိုခဲ့သူဖြစ်သည်။ အခြား မိသားစုဝင် သုံးဦးမှာ အသက် ၅၁ နှစ်အရွယ်ဖြစ်သည့် မိဘနှစ်ပါး ဗီယာ အူဟတ်နှင့် ဆလမာ အက်စ်လမ်အပြင် အကိုဖြစ်သူ ဟာမက် ဟတ်စန်တို့လည်း ပါဝင်ခဲ့သည်။

တရားရုံးတွင် သုံးလအကြာ အမှုကို ကြားနာခဲ့ရာတွင် နာလီယာကို မိသားစုဝင်အားလုံးက မကြည်ဖြူ မနှစ် သက်ကြကြောင်း၊ ဇနီးသည်ကို မသေမချင်း လည်ပင်းညှစ်သတ်သည်မှာ ပေါ်လွင်ထင်ရှားကြောင်း သတ်မှတ် ဆုံးဖြတ်ကြသည်။

တရားသူကြီး ကိသ်က တရားခံများကို သေဒဏ်အထိချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် အဘယ်ကြောင့် သတ်ရကြောင်း ခိုင်လုံသည့် အထောက်အထားများ မရရှိသေးကြောင်း၊ စွဲချက်တင်ရာတွင်လည်း အမှုနောက် ကွယ်တွင် လူသတ်ရန် လှုံ့ဆော်သော မည်သည့်အကြောင်းအချက်များရှိနေကြောင်းကိုလည်း ရှေ့နေများက တင်ပြရန် အားနည်းနေသေးသောကြောင့် အမိန့်ချရန် ဆိုင်းငံ့ထားလိုက်သည်။

တရားရုံးက ခင်ပွန်းဖြစ်သူ ကိုယ်ခန္ဓာ ပိုလီယိုဝေဒနာခံစားရပြီး အကြောဆွဲနေသည့် မမ်တက်ဇ်၏ ထွက်ဆို ချက်ကို ကြားနာရာတွင် သူနှင့် ဇနီးဖြစ်သူတို့သည် ဇာတိဖြစ်သော ပါကစ္စတန်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇနီးသည် မကွယ်လွန်မီ ၁၄ လအလွန်က လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သူ၏ဇနီး ကွယ်လွန်ချိန်တွင် သူတို့၏ ပထမဆုံးကလေး ကိုယ်ဝန် ၆ လကိုလွယ်ထားကြောင်း သိရသည်။

လက်ရှိ သူတို့မိသားစုသည် ဘာမင်ဟန်မြို့တွင် နေထိုင်နေကြခြင်းဖြစ်ပြီး ဘာမင်ဟန်ဘုရင့်တရားရုံး၏ အမှုရင်ဆိုင်နေခဲ့ရသည်။ အိမ်နီ;ချင်းများ၏ အပြောအရ ကွယ်လွန်သူ နာလီယာသည် ပါကစ္စတန်သို့ ခေတ္တ ပြန်သွားပြီးနောက် ပြန်ရောက်လာသည့်အခါတွင် ကိုယ်ဝန်ရှိသည်ဟုပြောသဖြင့် သံသယဖြစ်နေကြသည် ဆိုသည့်စကားမှာလည်း စဉ်းစားစရာဖြစ်သည်။

သို့သော် မိသားစုများက နာလီယာတွင် ကိုရမ်ကျမ်းတွင် ပြဆိုထားသည့် မကောင်းဆိုးဝါး ပူးကပ်နေကြောင်း ထို့ကြောင့် ထိုမကောင်းဆိုးဝါးထွက်သွားစေရန် လည်ပင်းညှစ်ရခြင်းဖြစ်ကြောင်း  ထွက်ဆိုချက်မှာလည်း လက်ခံနိုင်စရာ မရှိကြောင်း တရားရုံးက သုံးသပ်သည်။

အရှေ့တိုင်းအတွေးအခေါ်များကို မိမိတို့ အနောက်တိုင်း အနေဖြင့် နားလည်ရန်ခက်ခဲကြောင်း၊ သူတို့ နေထိုင် သည့် အဖွဲ့အစည်းအတွင်း မကောင်းဆိုးဝါးများရှိသည်ဟု ယုံကြည်လက်ခံမှုများရှိနေသည်မှာ ထင်ရှားကြောင်း၊ မိသားစုဝင်တစ်ဦးသည် နာလီယာ မကွယ်လွန်မီက မကောင်းဆိုးဝါးများကိုနှင်ထုတ်ရန် အိမ်တွင်း၌ ဆုတောင်း ဝတ်ရွတ်ပွဲများလုပ်ခဲ့သေးကြောင်း ရှေ့နေ ခရစ်တိုဖာ ဟော့တန်ကပြောကြားသည်။ 

    ရွှေမောင်(     မောက္ခနိုင်ငံတကာသတင်း ) ငယ်ရွယ်သည့် ကိုယ်ဝန်ဆောင်မိန်းခလေးတစ်ဦးကို မကောင်းဆိုးဝါး စီးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သတ်ပစ်လိုက်သည့် မိသားစု တစ်စုကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ် ရှိကြောင်း ရှေ့နေတစ်ဦးကပြောကြားသည်။

ဘော်စတွန်ဗုံးကွဲမှု ဆက်စပ်ဓာတ်ပုံ FBI ထုတ်ပြန်


 ဘော်စတွန်မြို့ ပေါက်ကွဲမှုများမှာ သုံးသွားတဲ့ဗုံးတွေထဲက တခုအကြောင်းကို အမေရိကန် ထောက် လှမ်းရေးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီ လို့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီး

Photo: ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီး
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့တာကတော့ တရုတ်နိုင်ငံက Xie Qiuping ဖြစ်ပါတယ်....

သူမရဲ့ဆံပင်ဟာ 5.627 မီတာ (18 ပေ 5.54 လက်မ) ရှိပြီး ဒီအရှည်ကို 2004 ခုနှစ် မေလ 8 ရက်နေ့မှာ တိုင်းတာခဲ့တာဖြစ်ပါတယ်...

သူမဟာ အသက် 13 နှစ်အရွယ် 1973 ခုနှစ်ကတည်းက ဆံပင်ကို အရှည်ထားခဲ့တယ်လို့သိရပါတယ်...
----------------------------------------------------------------
Source: guinnessworldrecords.com
ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့တာကတော့ တရုတ်နိုင်ငံက Xie Qiuping ဖြစ် ပါတယ်....

မဟာသင်္ကြန်အတက်နေ့ညက ရန်ကုန်မြို့တွင်းရှိ အနော်ရထာလမ်းနှင့် ၁၉ လမ်းထိပ်တွင် မဏ္ဍပ်ပိတ်ပွဲကို ပျော်ရွှင်စွာဆင်နွှဲနေကြသောအနုပညာ ရှင်များနှင့် ပရိသတ်များကို တွေ့ရစဉ်။


7Day News Journal
မဟာသင်္ကြန်အတက်နေ့ညက ရန်ကုန်မြို့တွင်းရှိ အနော်ရထာလမ်းနှင့် ၁၉ လမ်းထိပ်တွင် မဏ္ဍပ်ပိတ်ပွဲကို ပျော်ရွှင်စွာဆင်နွှဲနေကြသောအနုပညာ
ရှင်များနှင့် ပရိသတ်များကို တွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
7Day News Journal

အီရန် နိုင်ငံ အရှေ့တောင်ဘက်မှာ ငလျင်ကြီးတခု လှုပ်ခါလို့ လူ အများ အပြား သေဆုံး



အီရန်နိုင်ငံ အရှေ့တောင်ဘက် ပါကစ္စတန်နယ်ခြား Khash မြို့ အနီးကို ဗဟိုပြုပြီး ပြင်းအား ၇.၈ ရှိတဲ့ မြေ ငလျင်ကြီးတခု လှုပ်ခါ သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး ဌာနက ပြောပါတယ်။

သင်္ကြန် အတတ်နေ့ မှာ မန္တလေးမြို့ Alpine မဏ္ဍပ် ရန်ပွဲဖြစ်၊ သင်္ကြန်ကာလအတွင်း လူ ၁၆ ဦးသေ၊ ၈၃ ဦး ဒဏ်ရာရ


 

တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ်


Photo: တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ် စာရင်းကို ပရိသတ်တွေ မဲပေးရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အဆိုတော် လေဒီဂါဂါတို့ဟာ နောက်ဆုံးအဆင့်မှာ မဲပြိုင်နေကြပါတယ်။

 မြန်မာစံတော်ချိန် ည၈း၃၀ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ (၆၅%)၊ လေဒီဂါဂါက (၃၅%)နဲ့ မဲအသာရနေပါတယ်။ (မဲအရေအတွက်ဟာ နောက်ဆုံးမိနစ် မဲပိတ်ချိန်အထိ အတက်အကျ အပြောင်းအလဲ ရှိနိုင်ပါတယ်။)
 
အခုနောက်ဆုံးအဆင့်မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂူဂယ်တည်ထောင်သူ လယ်ရီပေ့ခ်ျကို မဲအနိုင်ရခဲ့သလို၊ လေဒီဂါဂါကလည်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားကို ကျော်လွန်ခဲ့တာပါ။

တိုမ်းမဂ္ဂဇင်းက ဧပြီ ၁၇ရက်နေ့မှာ ဆယ်စုနှစ်တစ်ခုစာရဲ့ ကမ္ဘာကိုသြဇာအရှိဆုံးပုဂ္ဂိုလ် အဖြစ်ရွေးချယ်ခံရသူကို ကြေညာမှာ ဖြစ်ပါတယ်။

 မြန်မာ အင်တာနက် သုံးစွဲသူတွေကြားမှာ အောက်ပါလင့်ကနေ မဲပေးဖို့ကိုလည်း အချင်းချင်းတိုက်တွန်းနေကြပါတယ်။

http://time100.time.com/2013/04/11/face-off-whos-the-most-influential/
တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ် စာရင်းကို ပရိသတ်တွေမဲပေး ရာမှာ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အဆိုတော် လေဒီဂါဂါတို့ဟာ နောက်ဆုံးအဆင့်မှာ မဲပြိုင်နေကြပါတယ်။