Monday, 31 December 2012

ချာလီချက်ပလင် နှင့် ရုပ်တူ ပြိုင်ပွဲတွင် သူကိုယ်တိုင် ဆုမရခဲ့


ချာလီချက်ပလင် နှင့် ရုပ်တူ ပြိုင်ပွဲတွင် သူကိုယ်တိုင် ဆုမရခဲ့
Monday, 31 December 2012

ပေါက်ပေါက်ရှာရှာ ဖြစ်ရပ်လေး တစ်ခု ဖြစ်ပါတယ်။ အမေရိကန်ရောက် ဗြိတိန်ဖွား ဟာသ မင်းသား ချာလီ ချက်ပလင် တစ်ယောက် ချာလီ ချက်ပလင်နဲ့ ရုပ်တူ ပြိုင်ပွဲမှာ ဆုမရ တဲ့ ဖြစ်ရပ်လေး ဖြစ်ပါတယ်။

ရတော့ရပါတယ်။ သို့ပေမယ့် တတိယဆုပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၁၅ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဆန်ဖရန် စစ္စကိုမှာ ကျင်းပတဲ့ ပွဲလေး ဖြစ် ပါတယ်။ အဲ့တုန်းက ချာလီချက်ပလင်ဆိုတာ တော်တော်လေး ကို အောင်မြင်လူသိများတဲ့ အချိန်ကာလ ဖြစ်ပြီး သူနဲ့ ရုပ်တူ ပြိုင်ပွဲကို ဥရောပ၊ အမေရိကန် နိုင်ငံကြီးက မြို့ ကြီးတွေမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပ ကြပါတယ်။

သူ့အနေနဲပ ဆန်ဖရန်စစ္စကိုက ပွဲမှာ ချာလီ တစ်ယောက် ဘယ်လို လမ်းလျှောက် တယ်ဆိုတာကို ပြချင်လို့ စင်ပေါ်တက် ခြေစွမ်းပြ၊ ကိုယ် ဟန်ပြ ပြိုင်ခဲ့တာတောင် ပထမမရပါဘူး။ ဒုတိယလည်း မရပါဘူး။ တတိယတောင် မနည်းစိစစ်ပြီးမှ ရရှိခဲ့တာလို့ ဆိုပါတယ်။ Bob Hoop အမည်ရ ကြိုးစားဆဲ လူငယ် ဟာသသရုပ်ဆောင် တစ်ဦးက ပထမဆု ရရှိ သွားပါတယ်။

ပြီးတော့ အင်တာဗျူး တစ်ခုမှာ ပြန်လည်ဝန်ခံခဲ့ပါတယ်။ "ကျွန်တော့ လမ်းလျှောက်နည်းလေး သိစေချင်လို့ ဝင်ပြိုင်မိပါတယ်ဗျာ၊ အားလုံးက ချာလီ အဖေခေါ်ရလောက်အောင် တတ်နိုင်ပါပေသကော" လို့ ရယ်စရာ အဖြစ် ဖြေကြားခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး သတင်း
YoYarLay
ပေါက်ပေါက်ရှာရှာ ဖြစ်ရပ်လေး တစ်ခု ဖြစ်ပါတယ်။ အမေရိကန်ရောက် ဗြိတိန်ဖွား ဟာသ မင်းသား ချာလီ

အီးပေါက်တာဘယ်သူလဲ မပြောသဖြင့် ရိုက်နှက်မှု ထောင်ကျ


သမီးများကို ရက်စက်စွာ ရိုက်နှက်သည့် ဖခင်တစ်ဦးအား ရဲများက ဖမ်းဆီးထားကြောင်း သတင်းရရှိ သည်။ အော်စတင် ဒေးဗစ်ဆိုသူ အသက် ၃၂ အရွယ်ရှိ ဘခင်တစ်ဦးသည် ကားအတူစီးလာသည့် သမီး ၃ ဦးထဲမှ အီးပေါက်လိုက်သဖြင့် အနံ့အသက်ဆိုးသောကြောင့် မည်သူပေါက်သလဲဟုမေးကြောင်း၊ မည်သူကမျှ ၀န်ခံခြင်းမပြုသဖြင့် ခါးပတ် ချွတ်ပြီး သမီးများကို ရက်စက်စွာ ရိုက်နှက်ဆုံးမခဲ့ကြောင်း၊

အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ကျူးလွန်သူများအား သေဒဏ်ပေးရန် တရားလိုမိသားစုလိုလား


အိန္ဒိယနိုင်ငံတွင် လူစုလူဝေးဖြင့် မုဒိမ်းကျင့်ခံ ရခြင်းကြောင့် သေဆုံး သွားရှာသည့် မိန်းကလေး၏ မိသားစုက တရားခံ များအား သေ

မြောက်ကိုရီးယားက ကမ္ဘာသို့ ၎င်း၏ စစ်အင်အားကို ပြသရန် ဆန္ဒရှိ

Photo: မြောက်ကိုရီးယားက ကမ္ဘာသို့ ၎င်း၏ စစ်အင်အားကို ပြသရန် ဆန္ဒရှိ
Monday, 31 December 2012

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာသို့ ၎င်း၏ စစ်အင်အားကို ပြသရန် ဆန္ဒရှိ နေကြောင်း မြောက်ကိုရီးယား သတင်း ဌာနက ထုတ်ပြန် ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်မှုသည် နိုင်ငံ၏ စစ်ဘက် အကြီးအကဲ အဖြစ် ကင်ဂျုံအန်မှ တာဝန် ယူခဲ့ ပြီးနောက် တစ်နှစ် အကြာတွင် ထွက်ပေါ်လာ ခဲ့ခြင်း
ဖြစ်ပါသည်။ စစ်ဘက် တပ်ဖွဲ့တစ်ဖွဲ့အား ကင်မှ စစ်ဆေးနေသည့် ရုပ်ရှင်ကားနှင့် မကြာသေးမီက ဒုံးပျံ ပစ်လွှတ်မှုတွင် ပါဝင်ခဲ့သော သိပံ္ပ ပညာရှင် များနှင့်အတူ ကင်၏ ဓာတ်ပုံများအား နိုင်ငံပိုင် ရုပ်သံက ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြသခဲ့ပါသည်။ ဒုံးပျံ လွှတ်တင်မှုသည် ကင်ဂျုံအန်၏ ကြိုးပမ်းမှုနှင့် ဆုံးဖြတ် ချက်၏ ရလဒ်ဖြစ်သည်ဟု အယ်ဒီတာ အာဘော်တွင် ဖော်ပြခဲ့ကြောင်း ကိုရီးယား အလုပ်သမား ပါတီ သတင်းစာ ဖြစ်သော Rodong Sinmun က ဖော်ပြခဲ့ ပါသည်။

မြ၀တီ
မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာသို့ ၎င်း၏စစ်အင်အားကို ပြသရန် ဆန္ဒ

လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ပယ်ချ


လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ပယ်ချ
 
လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပယ်ချခဲ့ ပါသည်။

အနောက် နိုင်ငံများနှင့် အာရပ်နိုင်ငံ အချို့မှ မီဒီယာ များက ယီမင်တောင်ပိုင်းရှိ စစ်သွေးကြွများ ထံသို့ ဦးတည်၍ ခုတ်မောင်းခဲ့သည် ဟု စွပ်စွဲပြောဆို ခဲ့ကြမှုနှင့် ပတ်သက်၍ ယီမင် ရေပိုင်နက် အတွင်း ကြားဖြတ်ဖမ်းဆီး ခဲ့သော သင်္ဘောမှာ အီရန် သင်္ဘော မဟုတ်သကဲ့သို့ အဆိုပါ သင်္ဘောပေါ်တွင် မည်သည့် လက်နက်မျှလည်း ပါရှိခြင်း မရှိ ကြောင်း ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက အလေးထား ပြောကြားခဲ့ပါသည်။ 

ဒီဇင်ဘာလ ၃ဝ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ကြေညာချက် တစ်ခုတွင် ထိန်းသိမ်းခဲ့သည့် သင်္ဘော မှာ တိုဂို နိုင်ငံမှ သင်္ဘော တစ်စင်း ဖြစ်ပြီး အဆိုပါသင်္ဘော ပေါ်တွင် ကျောက်မီးသွေးများ တင်ဆောင်လာ ကြောင်း သိရှိရပါသည်။ 

အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ယီမင်နိုင်ငံ မီဒီဆိပ်ကမ်း အနီးတွင် “Royal Star” အမည်ရှိ တိုဂိုသင်္ဘော တစ်စင်းကို ယီမင် ကမ်းခြေစောင့် တပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထား သည်ဟု 
သိရှိရပါသည်။

http://www.myawady.com.mm/allnews/global/item/3221-2012-12-31-16-03-29

လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်း

KIA ခေါင်းဆောင်များ တရုတ်နိုင်ငံတွင် နေထိုင်နိုင်ရန်အတွက် မြေကွက်များကြိုတင်ငှားရမ်းထား

KIA ခေါင်းဆောင်များ တရုတ်နိုင်ငံတွင် နေထိုင်နိုင်ရန်အတွက် မြေကွက်များကြိုတင်ငှားရမ်းထား

31 Dec 2012

 ယခုရက်များအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အတွက် KIA ခေါင်းဆောင်ပိုင်းတွေ တရုတ်နိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးနေကြပါတယ်။ လိုင်ဇာနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အရင်ကထဲက ငှားရမ်းထားတဲ့မြေကွက်မှာ သူတို့ဆွေမျိုးတွေ အစုလိုက် သွားရောက် နေထိုင်မယ်လို့ သိရပါတယ်။ ကချင် လက်နက်ကိုင်တပ်တွေအနေနဲ့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ လူထု အများစု ကိုယ်တိုင်က မထောက်ခံတဲ့ အတွက် အစိုးရတပ်ရဲ့ ထိုးစစ်ဆင်လာတာကို ကချင်ပြည်နယ်အတွင်းမှာ ဘယ်သူကမှ ကန့်ကွက်မှုတစ်စုံတစ်ရာ မလုပ်ခဲ့ကြပါဘူး။

KIA တပ်တွေဟာ တရုတ်အစိုးရရဲ့ တိတ်တဆိတ်ထောက်ပံ့မှုတွေရရှိနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေ ကပြောပါတယ်။ KIA တပ်တွေအနေနဲ့ သီးခြားကချင်ပြည်နယ်ထူထောင်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံက လက်နက်ကျွမ်းကျင်သူတွေဦးစီးတဲ့ လက်နက်စက်ရုံတွေကို တရုတ်နယ်စပ်နဲ့ လိုင်ဇာဌာနချုပ်အနီး ဝေကြိုင်ဘွန် ရပ်ကွက်မှာ တည်ဆောက်ထားပါတယ်။ အစိုးရဘက်က အကြိမ်ကြိမ် အလျော့ပေးပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့် ဆွေးနွေးပွဲတွေ အောင်မြင်လာခြင်းမရှိခဲ့တဲ့အပေါ် ဒေသခံ လူမျိုးစု ခေါင်းဆောင်တွေ ကိုယ်တိုင်က KIA အပေါ် ထောက်ခံမှု လျော့နည်းလာခဲ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် KIA ခေါင်းဆောင်အများစုဟာ ကချင်ပြည်နယ်အတွင်းမှာ မနေရဲတော့ဘဲ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ သွားတာဖြစ်တယ်လို့ နယ်စပ်ဒေသက KIA အရေး စောင့်ကြည့်လေ့လာသူတစ်ဦးက ထောက်ပြပြောဆိုပါတယ်။


ယခုရက်များအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အတွက် KIA ခေါင်းဆောင်ပိုင်းတွေ တရုတ်နိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးနေကြပါတယ်။ လိုင်ဇာနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အရင်ကထဲက ငှားရမ်းထားတဲ့မြေကွက်မှာ သူတို့ဆွေမျိုးတွေ အစုလိုက် သွားရောက် နေထိုင်မယ်လို့ သိရပါတယ်။ ကချင် လက်နက်ကိုင်တပ်တွေအနေနဲ့ ကချင်ပြည်

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့

31 Dec 2012

 KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက်ကို အစောဆုံးဆုတ်ခွာသွားခဲ့ သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြပါတယ်။

KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘော တူညီချက်တွေရှိထားတဲ့အတိုင်း လိုင်ဇာမှာနေလို့မရတော့တဲ့အတွက် ပြောင်းရွှေ့နေကြခြင်းဖြစ်ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ ``သူတို့ KIA တွေရဲ့ လျှို့ဝှက်ချက် တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ်တယ်လို့`` ပြောပါတယ်။ ``ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေရှိတယ်ဆိုတာ သူတို့သတိမပြုမိလို့ အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့`` လည်း ပြောပြပါတယ်။
 

KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်းကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။


KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး
တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက်ကို အစောဆုံး

KIA နောက်ချန်အဖွဲ့များ လိုင်စင်ပို့သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ

KIA နောက်ချန်အဖွဲ့များ လိုင်စင်ပို့သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ

31 Dec 2012

 လိုင်ဇာဌာနချုပ်မှာ နောက်ချန်တပ်အဖြစ်ထားရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေ လိုင်ဇာကနေ လိုင်စင်ပို့ဘက်ကို ထွက်ပြေး တိမ်းရှောင်လျက်ရှိတယ်လို့ သိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းက ဒီအဖွဲ့တွေကို လိုင်ဇာဌာနချုပ်မှာ လူတံတိုင်းနဲ့ ကာကွယ်ဖို့ အသေခံတပ်ဖွဲ့တွေအဖြစ်ထားရှိခဲ့တာဖြစ်ပေမယ့် လိုင်ဇာ ဌာနချုပ်မှာ ဘယ်လိုမှနေလို့မရတော့ တဲ့အတွက် ထွက်ပြေးနေကြရခြင်း ဖြစ်ပါတယ်။ အစိုးရတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ လိုင်ဇာ ဌာနချုပ်အနီးတ၀ိုက်ကို အဆက်မပြတ် ကျရောက်ပေါက်ကွဲ နေတဲ့အတွက် ခုလိုမျိုး စွန့်လွှတ်ထွက်ပြေးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ချန်ထားရှိခဲ့တဲ့ တပ်ဖွဲ့တွေဟာ  အသေခံတိုက်ခိုက်လိုစိတ် မရှိဘဲ စွန့်ခွါနေတာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံထဲမှာ  ရောက်နေတဲ့ KIA ခေါင်းဆောင်တွေက ထွက်ပြေးတဲ့သူတွေကို ပစ်သတ်ဖို့ ဒီကနေ့အမိန့်ထုတ်ပြန် လိုက်ပါတယ်။

အခုအခါမှတော့ လိုင်ဇာဌာနချုပ်မှာရှိနေတဲ့ ကချင်တပ်ဖွဲ့ဝင်တွေအနေနဲ့ အထက်ကဘယ်လိုပဲ အမိန့် ပေးပေး လိုက်နာမှုမရှိတော့ပါဘူး။ ဘယ်တပ်ဖွဲ့ဝင်ကမှလဲ အသေခံတိုက်ခိုက်ဖို့ မစဉ်းစားကြတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ခေါင်းဆောင်တွေကိုယ်နှိုက်က ထွက်ပြေးနေတဲ့အတွက် ကျန်တဲ့သူတွေလဲ ဘေးလွှတ်ရာကို ပြေးနေကြတာဖြစ်ပါတယ်။ အောက်ခြေက KIA တပ်ဖွဲ့ဝင်အများစုကတော့ လိုင်စင်ပို့ ကိုလဲ အစိုးရတပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရအုံးမှာဖြစ်တဲ့အတွက် ထိတ်လန့် သွေးပျက်နေကြပါတယ်။ သူတို့အတွက်သေဖို့ ထက် နေဖို့ကို ဦးစားပေး စဉ်းစားကြရတော့မှာဖြစ်တယ်လို့ KIA စစ်သားတစ်ဦးက ပြောပြပါတယ်။
လိုင်ဇာဌာနချုပ်မှာ နောက်ချန်တပ်အဖြစ်ထားရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေ လိုင်ဇာကနေ လိုင်စင်ပို့ဘက်ကို ထွက်ပြေး တိမ်းရှောင်လျက်ရှိတယ်လို့ သိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းက ဒီအဖွဲ့တွေကို လိုင်ဇာ ဌာနချုပ်မှာ လူတံတိုင်းနဲ့ ကာကွယ်ဖို့ အသေခံတပ်ဖွဲ့တွေအဖြစ်ထားရှိခဲ့တာဖြစ်ပေမယ့် လိုင်ဇာ ဌာနချုပ်မှာ

KIA အဖွဲ့မှ လူစည်ကားရာနေရာများနှင့် အစိုးရရုံးဌာနများအား ဗုံးဖောက်ခွဲရန် ကြံစည်လျှက်ရှိ


မြစ်ကြီးနား -မန္တလေး မီးရထားလမ်းအား KIA သောင်းကျန်သူအဖွဲ့မှ မိုင်ထောင်ဖောက်ခွဲစဉ် ကိုယ့်မိုင်းနှင့်ကိုယ်ထိမိပြီးKIA သောင်းကျန်သူအဖွဲ့ဝင် ၂ဦး သေဆုံးစဉ်

KIA အဖွဲ့သည် အစိုးရရုံးစိုက်ရာမြို့ရွာများနှင့် လူစည်ကားရာ နေရာများအား ဗုံးဖောက်ခွဲရန် လုပ်ဆောင်နေကြကြောင်း သတင်းရရှိပါသည်။ အစိုးရအနေဖြင့် KIA အဖွဲ့အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှ

ဒီဇင်ဘာလ ၂၉/၃၀ ရက်နေ့ တိုက်ပွဲများတွင် KIA အဖွဲ့ဝင် ၁၅၀ ကျော်ကျဆုံး



        Photo: a rare historic photo of KIA fighters praying  before going to battlefield

      
 တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ KIA အဖွဲ့အား လမ်းကြောင်းရှင်းမည့်အကြောင်း ပေးပို့ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းတွင် KIA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အစိုးရတပ်များ ရိက္ခာသယ်ယူနေခြင်းအား တိုက်ခိုက်ခဲ့ပါသည်။ အစိုးရတပ်များမှ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများပိုမိုပြင်းထန် လာခဲ့သည်။ 

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန် 

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။ 

သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။ 

ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။ 

ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။ 

အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။ 

ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref- medic-facts
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_30.html

---


ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့

NEW YEAR COUNTDOWN အစီအစဉ် ဖျော်ဖြေပွဲ ကျင်းပမည်

ထူးခြား ဆန်းသစ်သော NEW YEAR COUNTDOWN အစီအစဉ် အဖြစ် DJ, DANCER များ၏ ဖျော်ဖြေမှု များနှင့် အခြား ပျော်ရွှင်စရာ အစီအစဉ် များစွာကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီတွင်

အွန်လိုင်းဝန်ဆောင်မှုများကြောင့် ဈေးကွက်ဝေစု လျော့ကျလာသည့် ပြည်တွင်းကားဈေးကွက်

အွန်လိုင်းဝန်ဆောင်မှုများကြောင့် ဈေးကွက်ဝေစု လျော့ကျလာသည့်
ပြည်တွင်းကားဈေးကွက်
Monday, 31 December 2012

အွန်လိုင်း ၀က်ဆိုဒ်(Website)များမှတဆင့် ကားများကို ဈေးနှုန်း
သက်သာစွာဖြင့် တိုက်ရိုက်မှာ ယူနိုင်ခြင်းက ပြည်တွင်းကား အရောင်းအ၀ယ်ဈေးကွက်အားများစွာထိခိုက်စေကြောင်း ယာဉ်ရောင်း ၀ယ်ရေးစခန်းရှိ ကားအကျိုးတော်ဆောင်များထံမှ သိရှိရသည်။

ကားဝယ်ယူသူများသည် ယခင်ကမူ ကားဝယ်လိုပါက ယာဉ်ရောင်းဝယ်ရေးစခန်း(သို့) Car Show Roomများသို့ တိုက်ရိုက် လာရောက်ကြသော်လည်း ယခုနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုတတ် သူများများပြားလာခြင်းကြောင့် ကားဈေးကွက်မှာ သိသိသာသာ ယိုင်နဲ့လာရခြင်းဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ဆိုသည်။


၂၀၁၁ ခုနှစ်တွင် မော်တော်ယာဉ်တင်သွင်းသော လုပ်ငန်းရှင်များအား အနိမ့်ဆုံး ၁၉၉၅ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၅ မော်ဒယ်များ အထိ တင်သွင်းခွင့်ပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်း အနိမ့်ဆုံး ၉၆မော်ဒယ် မှ အမြင့်ဆုံး ၂၀၀၆ ခုနှစ်အထိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အနိမ့်ဆုံး ၁၉၉၇မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၇ ခုနှစ် မော်ဒယ်အထိ တင်သွင်းခွင့်ပြုရန်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားကြောင်းကိုလည်း သိရသည်။

`` ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး လျှော့ချပေးခဲ့ပြီးတဲ့နောက်ပိုင်း Car Show Room တွေ ပေါ်လာတယ်၊ အခု နောက်ပိုင်း ပိုဆိုးလာတာက အွန်လိုင်း ကားဝန်ဆောင်မှုတွေပေါ့၊ ကားပွဲစားတန်းထဲလာပြီး နေပူခံစရာ မလိုဘူး၊ အပင်ပန်းခံစရာမလိုဘူး၊ အခန်းထဲ ထိုင်ပြီး ကိုယ့်တတ်နိုင်တဲ့
ငွေအားနဲ့ ကိုက်ညီတဲ့ကား အလွယ်တကူ ရှာလို့ရတယ်လေ၊ အဲလိုတွေ ပေါ်လာတာ ၀ယ်သူတွေအတွက် အဆင်ပြေလာပေမဲ့
နှစ်ရှည်လများ ဒီအလုပ်နဲ့ လုပ်ကိုင်စားလာတဲ့ အကိုတို့ ကိုတော့ အများကြီး ထိခိုက်စေပါတယ်´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ၀ါရင့်ကားပွဲစား ကိုကျားကြီးမှ ပြေသည်။

အဆိုပါတင်သွင်းခွင့်များ ပြုလာသည်နှင့် တစ်ပြိုင်နက် ကားသစ်များအား အလွယ်တကူ ရှာဖွေ မှာယူနိုင်သောနေရာမှာ ယာဉ်ရောင်းဝယ်ရေး
စခန်းလည်း မဟုတ်၊  Car Show Room များလည်း မဟုတ်ဘဲ အွန်လိုင်းကားဝန်ဆောင်မှုလုပ်ငန်း များပင်ဖြစ်ကြောင်း အွန်လိုင်းမှ ကားဝယ်ယူခဲ့သူ မမို့မို့သင်းမှ ပြောသည်။

အွန်လိုင်းမှတဆင့်ကားဝယ်ခြင်းကြောင့် အကျိုးကျေးဇူးများရရှိနိုင်သလို လိမ်လည်မှုများလည်း ရှိနေသည့်အတွက် နားလည်ကျွမ်းကျင်မှုမရှိပါက ၀ယ်ယူသူများမှာ ခံရနိုင်ကြောင်းကိုလည်း သိရသည်။

`` အွန်လိုင်းကနေပြီးတော့ ၀ယ်မယ်ဆိုရင် ကားအကြောင်း နားလည်
ကျွမ်းကျင်မယ်ဆိုရင်တော့ ကိုယ့်အတွက် ကောင်းကျိုးတွေ ကြီးပါပဲ၊ ဒါပေမဲ့ နားမလည်ဘဲနဲ့ ၀ယ်မယ်ဆိုရင်တော့ ကိုယ်ခံ ရနိုင်တယ်၊ ဒါပေမဲ့ သတိတော့
ထားသင့်တယ်၊ ကိုယ်နဲ့ ဆက်သွယ်တဲ့ အွန်လိုင်းဝန်ဆောင်မှုက စိတ်ချရရဲ့လား သေချာစစ်ဆေးကြည့်ဖို့လိုတယ်၊ နိုင်ငံတကာမှာတောင် Website အတုတွေ ထောင်ပြီး လိမ်နေတဲ့သူတွေ ရှိတယ်လေ ´´ ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ
ပြောသည်။

ယခုနောက်ပိုင်းမြန်မာဘာသာဖြင့် လွှင့်တင်ထားသော www.colayonline.com.mm/automobile သည် လူကြိုက်များပြီး အသုံးပြုမှုများပြားလာသည်။

အကြောင်းမှာ website၏ ၈၀% ကို မြန်မာဘာသာဖြင့် အသုံးပြုထားခြင်း၊ ကားမ၀ယ်မီ အခြားကုမ္မဏီ များကဲ့သို့ စရံ ၅% ပေးသွင်းစရာ မလိုသည့်အပြင် ကားလေလံဆွဲခြင်းအတွက် ၀န်ဆောင်မှု မတောင်းခံခြင်းတို့ကြောင့် လူကြိုက်များရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

လက်ရှိ အွန်လိုင်းဝက်ဆိုဒ်တစ်ခုဖြစ်သည့် www.tradecarview.com မှာလည်း အသုံးများလာသည့် website ဖြစ်လာကြောင်း သိရှိရသည်။

မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup

အွန်လိုင်း ၀က်ဆိုဒ်(Website)များမှတဆင့် ကားများကို ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်မှာ ယူနိုင်ခြင်း

အဓမ္မကျင့်ခံရတဲ့ အိန္ဒိယ ဆေးကျောင်းသူ မြုပ်နှံသဂြုင်္ိဟ်

အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာ ခံခဲ့ ရတဲ့ ဆေးကျောင်း သူလေးရဲ့ အလောင်းကို မိသားစုက မြှုပ်နှံသဂြုင်္ိဟ်တဲ့ အခမ်းအနား သီးသန့် ကျင်းပခဲ့ပါတယ်။ ဒီ ဆေးကျောင်းသူလေး အဓမ္မ ပြုကျင့် ခံရမှုနဲ့ သေဆုံးခဲ့တာ အတွက် အိန္ဒိယ နိုင်ငံတလွှား ၀မ်းနည်း ပူဆွေး မှုတွေနဲ့ ဒေါသတွေ ထွက်ခဲ့ကြပါတယ်။ သူမဟာ စင်ကာပူ ဆေးရုံမှာ စနေနေ့က သေဆုံးသွားခဲ့ပြီး အိန္ဒိယနိုင်ငံကို လေယာဉ်နဲ့ အလောင်းပြန်ပြီး သယ်လာခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း နဲ့ လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ အကြီးအကဲ

မြန်မာကျပ်ငွေ ၈ သောင်းတန် Ouya ဂိမ်းစက် ထွက်ပြီ

၉၉ ဒေါ်လာတန် (မြန်မာ ကျပ်ငွေ ၈ သောင်း ကျော်တန်) Ouya အမည်ရ Android ဂိမ်းစက် ထွက် ရှိပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ယခု ထွက်ရှိမှုက Developer ဗားရှင်းဖြစ်ပြီး ဂိမ်းဖန်တီးလို သူတွေ

ရွှေတိဂုံ စေတီတော်သို့ ဖူးမြော်ရန် နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိ



ရွှေတိဂုံ စေတီတော်သို့ ဖူးမြော်ရန် နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိ

ရွှေတိဂုံ စေတီတော်သို့ လာရောက် လည်ပတ် ဖူးမြော်လျက် ရှိသော နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိကြောင်း ရွှေတိဂုံ စေ တီတော် ဂေါပက ရုံးမှ သိရသည်။

နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ မသတ်မှတ် ထားသော်လည်း ရွှေတိဂုံ စေတီတော်သို့ လာရောက် လည်ပတ်လျက် ရှိသော နိုင်ငံခြားသား ဘုရားဖူး ခရီးသွား ဧည့်သည် အချို့သည် မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုက်ညီသော ဝတ်စား ဆင်ယင်မှုမျိုး မရှိသည့် အတွက် စေတီတော် ဂေါပက ရုံးအဖွဲ့မှ ရှမ်းတိုင်းရင်းသား ဝတ်စုံ၊ ပုဆိုးနှင့် ထဘီ များကို စီစဉ်ထားရှိ ပေးထားသည်ဟု သိရသည်။

''ရှမ်းအင်္ကျီ၊ ထဘီနဲ့ ပုဆိုးလေးတွေ စီစဉ် ထားတာပါ၊ သတ်မှတ်ဝတ်စုံ ဆိုတာတော့ မရှိပါဘူး။ ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ သတ်မှတ်တဲ့ ဝတ်စုံကတော့ လုံခြုံဖို့ ပါပဲ၊ မြန်မာ့ ယဉ်ကျေးမှုနဲ့ လျော်ညီဖို့ ပါပဲ''ဟု ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

ယခုနှစ် အောက်တိုဘာ လလယ်လောက်က ရွှေတိဂုံ စေတီတော် ရင်ပြင်တော် ပေါ်၌ ဖြစ်ပွား ခဲ့သော နိုင်ငံခြားသား ဧည့်သည် စုံတွဲ တစ်တွဲ၏ မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက် ညီသည့် နေထိုင်ပြုမူ ပုံများကြောင့် နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များ အတွက် ရင်ပြင်တော်ပေါ် နှင့် ရင်ပြင်တော် အောက်ခြေ၌ မေတ္တာ ရပ်ခံချက်များ ပြုလုပ် ခဲ့သော်လည်း လိုက်နာမှု မရှိ၍ လုံခြုံ သပ်ရပ်သော အဝတ် အစားများ စီစဉ် ပေးရခြင်း ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ သိရသည်။

http://www.myawady.net.mm/allnews/localnews/item/3196-2012-12-31-11-34-13

ရွှေတိဂုံ စေတီတော်သို့ လာရောက် လည်ပတ်ဖူးမြော်လျက်ရှိသော နိုင်ငံခြားသား ဧည့်သည်များအတွက်

မြန်မာသီချင်းနှင့် ညစ်ညမ်းခွေမပါပဲ ဆင်ဆာမဲ့အခွေဆိုင်များ ဆက်လက်ရောင်းချနေဆဲ

ဆင်ဆာမဲ့ခိုးကူးခွေအရောင်းဆိုင်များအား တရားဝင်ခွင့်ပြု ရောင်းချခွင့်မပြုသော်လည်း နားလည်ယူ၍ ဖွင့်လှစ်ရောင်းချနေဆဲဖြစ်ကြောင်း လမ်းဘေးဆင်ဆာမဲ့ အခွေဖွင့်လှစ်ရောင်းချနေသူများထံက သိရှိရ

တရုတ် စာရေး ဆရာ ၈ ဦးကို Apple က လျော်ကြေး ပေးရ

Apple ရဲ့ iTunes နဲ့ သက်ဆိုင်တဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ တရုတ် စာရေးဆရာ ၈ ဦးရဲ့ ခွင့်ပြုချက် အရပဲ သူတို့စာအုပ်တွေ ကို iTunes မှ တစ်ဆင့် Apple က ဖြန့်ချိခဲ့လို့ ဖြစ်ပါတယ်။ ယင်းအတွက်

ချောက်ကမ်းပါး နှစ်ဖက်ကို သွယ်တန်း ထားသော ကြိုးတန်းပေါ် လမ်းလျှောက်သူ

ချောက်ကမ်းပါး နှစ်ဖက်ကို သွယ်တန်း ထားသော ကြိုးတန်းပေါ် လမ်းလျှောက်သူ

အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့မှ အသက် ၂၄နှစ် အရွယ်ရှိ မစ္စအက်ရှ်ဘန်း ဆိုသူ အမျိုးသမီး တစ်ဦးသည် ပေ ၈ဝအမြင့် ရှိသော ကျောက်ဆောင် ချောက်ကမ်းပါး အစွန်း နှစ်ဖက်ကို သံမဏိကြိုးဖြင့် ကန့်လန့်ဖြတ် သွယ်တန်းလျက် ၎င်းကြိုးပေါ်မှ အလွတ်လမ်း လျှောက်ပြခဲ့ကြောင်း  အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ 

အဆိုပါ အမျိုးသမီးသည် ခရီးသွား အဖွဲ့နှင့် အတူ ထိုင်းနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်၌ လှေဖြင့် ခရီးလှည့်လည် သွားလာနေစဉ် အတွင်း ထူးခြား အံ့မခန်းသော နေရာ တစ်ခုကို  ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုအားကစား နည်းသည် ထူးခြားသော အားကစားနည်း တစ်မျိုးဖြစ်ပြီး အနည်းငယ် လွဲချော်ရုံ မျှဖြင့် သူမ၏ အသက် အန္တရာယ် ကိုပါ အန္တရာယ်ဖြစ်စေ နိုင်ဖွယ်ရှိသည်။ ကြိုးတန်းလမ်း လျှောက်သူ များသည် ၎င်းတို့၏ ဟန်ချက် ညီစေရန် ထိန်းပေးသည့် အကူပစ္စည်း အဖြစ် တိုင်ရှည်လေး တစ်ချောင်းကို အများအားဖြင့် အသုံးပြု၍ တင်းနေအောင် ချည်ထားသော သံမဏိ ကြိုးများ တွင်သာ လုပ်ဆောင်ခဲ့ကြ သော်လည်း သူမက ထိုကဲ့သို့ မဟုတ်ဘဲ မည်သည့် အကူပစ္စည်းမှ မပါဘဲ အလွတ်လျှောက် ပြခဲ့သည်ဟု သိရသည်။

ထိုအချိန်တွင် ပင်လယ် ဒီရေသည် မြင့်တက်လျက် ရှိသောကြောင့် အောက်သို့ပြုတ်ကျ သွားပါက ဒဏ်ရာ အနာတရ မရရှိ နိုင်သော်လည်း ဒီရေ ကျနေချိန်တွင် ပြုတ်ကျ ခဲ့ပါက အသက် အန္တရာယ် အလွန်စိုးရိမ် ရကြောင်း Stay Sure ခရီးသွား ကုမ္ပဏီမှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထိုကဲ့သို့ ကြိုးတန်း လမ်းလျှောက်ခြင်းသည် အသက်အန္တရာယ် စိုးရိမ်ရ သောကြောင့် အန္တရာယ် တစ်ခုခု ကြုံတွေ့ခဲ့ပါက ခရီးသွား ကုမ္ပဏီ အနေဖြင့် ကာကွယ် ပေးနိုင်မည် မဟုတ် ကြောင်း ၎င်းကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။

http://www.myawady.net.mm/allnews/global/item/3198-2012-12-31-11-34-04
အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့မှ အသက် ၂၄နှစ် အရွယ်ရှိ မစ္စအက်ရှ်ဘန်း ဆိုသူ အမျိုး သမီး တစ်ဦးသည် ပေ ၈ဝအမြင့် ရှိသော ကျောက်ဆောင် ချောက်ကမ်းပါး အစွန်း နှစ်ဖက်ကို သံမဏိ

ပူတာအို ဒေသခံများ အတွက် ပို့ဆောင်မည့် ရိက္ခာ ယာဉ်တန်းအား KIA အဖွဲ့က လက်နက် ငယ်များဖြင့် ပစ်ခတ်

KIA အဖွဲ့ အနေဖြင့် ရဝမ် တိုင်းရင်းသား အများစု နေထိုင်သည့် ပူတာအို ခရိုင်သို့ ဆက်သွယ် ထားသော လမ်းကြောင်းများကို ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်နေခြင်းကြောင့် ဒေသခံ ပြည်သူများ အနေဖြင့်

စကားပါရွာအနီး သစ်ခွပင်ရှာသူတစ်ဥိး ကေအိုင်အေထောင်ထားသောမိုင်းနင်း

စကားပါရွာအနီး သစ်ခွပင်ရှာသူတစ်ဥိး ကေအိုင်အေထောင်ထားသောမိုင်းနင်း
ဆဒုံး ဒီဇင်ဘာ၃၁
 စကားပါရွာမှ ၁၃နှစ်အရွယ် လူငယ်တစ်ဦးသည် သစ်ခွပင်ရှာရန် တောထဲသို့သွားစဉ် မနေ့ နေ့လည် ၁၂နာရီ ပတ်ဝန်းကျင်က ကေအိုင်အေထောင်ထားသော မိုင်းနင်မိခဲ့ပါသည်။ မိုင်းနင်းမိတာကြောင့် ညဘက် ခြေထောက်ပြတ်သွားပြီး ဒဏ်ရာရရှိခဲ့သည်။

 မိုင်းနင်းမိသည့်လူနာကို ဆဒုံးဆေးခန်းမှပြသပြီး ညနေ ၃နာရီ လောက်မှာ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်ဟုသိရပါသည်။ 
 ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားစဉ်ကတည်းက မိုင်းထိဒဏ်ရာရသူတွေ ခြေပြတ် လက်ပြတ်ဖြစ်တဲ့သူတွေနဲ့ များပြားနေပါပြီ ကချင်တိုင်းရင်းသားများက ငြိမ်းချမ်းရေးကိုအေးအေးချမ်းချမ်း နေနိုင်ရန် ငြိမ်းချမ်းရေးကိုမျှော်လင့်တောင်းတ နေကြရပါသည်။

စကားပါရွာမှ ၁၃နှစ်အရွယ် လူငယ်တစ်ဦးသည် သစ်ခွပင်ရှာရန် တောထဲသို့သွားစဉ် မနေ့ နေ့လည် ၁၂ နာရီ ပတ်ဝန်းကျင်က ကေအိုင်အေထောင်ထားသော မိုင်းနင်မိခဲ့ပါသည်။ မိုင်းနင်းမိတာကြောင့်

ကား ၉ စီးဆင့်ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၈ ဦးဒဏ်ရာရရှိ


ဘုန်းကြီးလမ်း စံပြ ...မီးပွိုင့် အကျော်တွင်..226 ယာဉ်မှ မီးပွိုင့် လွတ် ရန်အရှိန်ပြင်းစွာ ဖြတ်ကျော်မောင်းနှင်ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ ကား စီးဆက်ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။ ယနေ့ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၈နာရီး 30 မိနစ်ခန့်က အနောက် ပိုင်းခရိုင် ယာဉ်လိုင်း တစ်ခုဖြစ် သည့် ၂၂၆ ယာဉ်လိုင်းမှ ၆ခ/၄၈၈၁ မှသည် ရန်ကုန်တိုင်း ၊

မော်ဒယ်အသစ်တင်သွင်းခွင့်ကြောင့် တစ်စီးလျှင် ကျပ်သိန်း(၄၀)အထိ ကားဈေးကျဆင်းနေ


 ရန်ကုန်ကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားများမှာ Car Show Room များ၌ တစ်စီးလျှင် ပျမ်းမျှ ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အတွင်း ဈေးနှုန်းများ ကျဆင်းလျှက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများ၌အတွင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဆေးရုံတင်ထား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဆေးရုံတင်ထား

Monday, 31 December 2012

ဦးခေါင်းကို ထိခိုက်မိရာမှတစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအား ဆေးရုံတင်ထားရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

မစ္စစ်ဟီလာရီကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို သက်သာစေမည့် ဆေးဝါးများဖြင့် ကုသနေသည်ဟု ကန်နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်းအကြံပေး မစ္စတာဖိလစ်ရိုင်းနက်စ် က ပြောကြားသည်။ သူမအား ဆေးရုံတွင် ၄၈ နာရီကြာ စောင့်ကြည့်ကုသ သွားမည်ဟု ၄င်းကဆက်လက်ပြောကြားသည်။

''ဆရာဝန်တွေက သူ့အခြေအနေကို ဆက်ပြီးစောင့်ကြပ်ကြည့်ရှုနေပါတယ်။ အဲဒီလို ကြည့်ရှုတဲ့အထဲမှာ ဦးခေါင်းထိခိုက်မှုကြောင့် တခြားပြဿနာ တွေရှိသေးလား ဆိုတာတွေလည်း ပါဝင်ပါတယ်။ အခြားကုသမှုပုံစံ လိုအပ် သေးလားဆိုတာကို ဆရာဝန်တွေက ဆုံးဖြတ်သွားပါမယ်" ဟု မစ္စတာ ဖိလစ်ကပြောသည်။

ယခုလ အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဦးခေါင်းထိခိုက်မှုကို နောက်ဆက်တွဲ ကြည့်ရှုစစ်ဆေးရာမှ သွေးခဲမှုဖြစ်ပေါ်နေသည်ကို ဆရာဝန်များက တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက စီအင်န်အင်န်အား ပြောကြား သည်။

ယခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ဆင်းပေးမည့် မစ္စစ်ဟီလာရီ ကလင်တန် ၆၅ နှစ်သည် ၀မ်းဗိုက်ဗိုင်းရပ်စ်တစ်မျိုးကြောင့် ရေဓာတ် ခမ်းခြောက်မှု ဖြစ်ပေါ်ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

7Day News Journal

ဦးခေါင်းကို ထိခိုက်မိရာမှတစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအား ဆေးရုံတင်

နယ်ကျောင်းဆရာတို့၏ ဘ၀ အခြေအနေကို ရိုက်ကူးထားသည့် ထာဝရအလင်းတန်း ရုပ်ရှင် အကယ်ဒမီ ၈ ခု ဆွတ်ခူး


ကျောင်းဆရာများရဲ့ ဘ၀အခြေအနေနဲ့ အလုပ်အကိုင်အကြောင်း၊ နယ်မြှို၊ ကျေးလက်ဒေသတွေကလူထုနဲ့ ကလေးများရဲ့ ပညာရေးအခြေ
အနေ၊ ခေတ်နောက်ကျနေဆဲအမြင်သဘောထားစတဲ့ အကြောင်း အရာများနဲ့ ဖွဲ့စည်းထားတဲ့ "ထာဝရ အလင်းတန်းများ" ရုပ်ရှင် ဇာတ်ကားဟာ 2011 ခုနှစ်အတွက် အကယ်ဒမီ ၈ ခု ဆွတ်ခူးနိုင် ခဲ့ ပါတယ်။ 2011 ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိခဲ့သူများမှာ ဓာတ်ပုံဆု တင်ဆန်း (ပန်းကြာဝတ်မှုန်) ၊ တည်းဖြတ်ဆု ဟိန်းထက်-

သမီးလေးယောက်နှင့်အတူ မီးရှို့အသေခံခဲ့သည့်မိခင်

အိုကလားဟိုးမားမြို့တွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က မီးလောင်မှုတစ် ခု ဖြစ် ပွားခဲ့ရာ မိခင်တစ်ဦးသည် သူမနှင့်အတူ သမီးလေးယောက် ကိုမီး ရှို့ သတ်သေသွားခြင်းဖြစ်ကြောင်း  ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ခဲ့ သည်။ ဗုဒ္ဓဟူးနေ့နံနက်စောစောအချိန်တွင် မီးလောင်မှုကို အိမ်နီးချင်းတစ်ဦးက စတင်တွေ့ရှိခဲ့ပြီး၊ မီးသည်တစ်အိမ် လုံး ကို လောင်ကျွမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုတွင် အမေနှင့် သမီး လေးယောက် ကွယ်လွန်သွား ခဲ့ကြောင်း၊ သမီး များမှာ အသက် ၃ နှစ်မှ

တာင်နီရွာအနီးတွင်ကေအိုင်အေမှ ရထားလမ်းမိုင်းခွဲ




မနေ့မနက် ၃နာရီလောက်မှာ တောင်နီရွာနဲ့ မင်းကုန်းရွာကြားတွင် ကေအိုင်အေက မိုင်းဖောက်ခွဲခဲ့ ပါသည်။ မိုင်းဖောက်ခွဲမှုကြောင့် ရထားသံလမ်းပျက်စီးသွားခဲ့ပါသည်။ ညအချိန်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်မှု

လေးမြို့စီိမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများ လက်မှတ်ထိုးရန်ပြင်ဆင်


လေးမြို့မြစ်အတွင်း ဆောက်လုပ်ရန် ပြုလုပ်နေသည့် ရေအားလျှပ်စစ်
 စီမံကိန်းအား ဒေသခံများက ရပ်တန့်ပေးရန်အတွက် လက်မှတ် ရေး
ထိုးပြီး ကန့်ကွက်သွားရန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို (Shwe Taung Hydropower Co.ltd) နှင့် (China Datang Overscas Investment Co. ltd-CDOIC) တို့မှ ဆောက်လုပ်နေကြခြင်းဖြစ်ပြီး ၄င်းစီမံကိန်းကို

myanmar Mini နှင့် Cherry QQ 3 မော်တော်ယာဉ်များ အတွက် အခမဲ့ ၀န်ဆောင်မှု ပေးပြီ




စက်မှုဝန်ဘကီးဌာနနှင့် Cherry Automobile Co,Ltd., တို့ ပူးပေါင်း ထုတ်လုပ် တင်သွင်း လျက် ရှိသော myanmar Mini နှင့် Cherry QQ 3 မော်တော်ယာဉ်များ အတွက် အခမဲ့ ၀န်ဆောင်မှု များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဆောင်ရွက်ပေး မည့်

မိုဒရစ်နှင့် နှိုင်းယှဉ် ခံရမှုကို ဒမ်ဘီလီ သဘောမတွေ့


စပါး ကွင်းလယ်လူ ဒမ်ဘီလီင်္သည် ၎င်းအနေဖြင့် အသင်းတွင် မိုဒရစ် လက်သစ် မဟုတ်ကြောင်း ပြောကြား လိုက်သည်။ အဆိုပါ ဘယ်လ်ဂျီယံကွင်းလယ်လူသည် ၂၀၁၀ သြဂုတ်လတွင် ဖူလ်ဟမ် အသင်း မှ ရောက် ရှိ ခဲ့ပြီးနောက်ပရီးမီးယားတွင် အသင်းအတွက် ၆ ဂိုးသာ သွင်းယူထားသူ ဖြစ်သော်လည်း စပါး

မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ်

မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ်

30 DECEMBER 2012  

မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။
ဂျာမနီနိုင်ငံ၊ Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီး အနုပညာရှင်နဲ့ ဒီဇိုင်နာ များ ဖြစ်တဲ့ Christoph Roßner, Annette Paul နဲ့ Andre Tempel တို့က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့ သုံးယောက်နေတဲ့ တိုက်လည်း ဖြစ်ပါတယ်။
အိမ်ခေါ်မိုးက ကျလာတဲ့ မိုးရေကို အသုံးပြုလို့ ပုလွေ၊ အနောက်တိုင်း နှဲ တစ်မျိုး ဖြစ်တဲ့ ဆက်ဆိုဟွန်း (Saxophone) ပေါင်းများစွာနဲ့ ဖန်တီး ထားပါတယ်။ အချက်မှန်မှန် ထွက်အောင်လည်း တစ်ခါတည်း အီလက်ထရောနစ် ဆားကစ် ချိန်သလို ချိန်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မိုးရွာပြီဆိုတာနဲ့၊ ဘယ်လောက်များများ၊ ဘယ်လောက်နည်းနည်း အနောက်တိုင်း စစ်တီးဝိုင်း သို့မဟုတ် အကတီးဝိုင်းက သံစဉ်များကို ကြားရမှာ ဖြစ်ပါတယ်။
၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုကြောင့် လာရောက် လေ့လာသူများနဲ့ အမြဲ စည်ကားလျက် ရှိကြောင်း သိရပါတယ်။ 
--
Ref: wiki

အေးချမ်းမွန်မှ   ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။
ဂျာမနီနိုင်ငံ၊ Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီး အနုပညာရှင်နဲ့ ဒီဇိုင်နာများ ဖြစ်တဲ့ Christoph

ဆီးရီးယားပဋိပက္ခ လူသိန်းချီ သေဆုံးနိုင်


ဆီးရီးယားနိုင်ငံမှာ ၂၁ လကြာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေ ရပ် သွားအောင် ဆီးရီးယား အစိုးရကိုရော၊အတိုက်အခံ သူပုန်တွေကိုပါ ညှိနှိုင်းဖို့အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ဖိအားမပေးနိုင်ဘူး ဆိုရင် လာမယ့်နှစ်ထဲမှာ ဆီးရီးယား နိုင်ငံအတွက် လူပေါင်း တသိန်းလောက်အထိ သေဆုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ

NLD ရဲ့ ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် ထုတ်ဝေဖို့ပြင်ဆင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ် ကို နေ့ စဉ်ထုတ်သတင်းစာအဖြစ် ထုတ်ဝေတော့မယ်လို့ အမျိုးသား ဒီမို ကရေ စီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာကျင်းပတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ပုလဲသီရိတိုက်ခန်းက ဒီလှိုင်းဂျာနယ် ရုံးခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါ

လျှို့ဝှက်စွာ ကြီးထွားခဲ့သော WINDOWS TABLET များ၏ သမိုင်းတစ်စ



တက်ဘလက်တွေရဲ့ သမိုင်းကို ပြောရမယ်ဆိုရင် ၁၉၈၆ ခုနှစ်ကတည်းက စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကွန်ပျူတာ ပညာရှင် အလန်းခေးဟာ ပထမဆုံး တက်ဘလက်ပုံစံကို စဉ်းစားတွေးခေါ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုအဖြစ်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

၂၀၁၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ iPad ကတော့ ခေတ်သစ် တက်ဘလက်လောကရဲ့ ဦးဆောင်သူ ဖြစ်ခဲ့ ပါ

ဆေးလိပ်နှင့် နှလုံးရောဂါ

ဆေးလိပ်နှင့် နှလုံးရောဂါ

ဆေးလိပ် မကောင်းကြောင်း ရေးလွန်းလို့ ဆေးလိပ်ကုမ္ပဏီ တွေက အမြင်ကပ် နေလောက်ပြီ ထင်ပါတယ်။ နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့က ကမ္ဘာ့နှလုံးများနေ့ ဖြစ်ပါတယ်။ ကမ္ဘာ့ နှလုံးစောင့်ရှောက်ရေး အဖွဲ့ကြီးမှ ဦးစီးပြီး နှစ်စဉ် ကျင်းပနေတဲ့ ဒီနေ့မှာ တစ်ခုခုရေး ချင်တာနဲ့ ဆေးလိပ် မကောင်းကြောင်း ကိုပဲရေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ဒီနှစ် ကမ္ဘာ့နှလုံး များနေ့ရဲ့ ဆောင်ပုဒ် ကလည်း နှလုံး အန္တရာယ် သိရှိ ကာကွယ် (Do you know your risk?) ဆိုတော့ စာဖတ်သူ တွေထဲ မှာ မသိတဲ့သူ သိအောင် သိပြီးသားသူ ပိုပြီး သတိထား မိအောင် ဒီခေါင်းစဉ် လေးကို ရွေးချယ်လိုက် ပါတယ်။ သိပြီးသားသူဆို တဲ့ထဲ မှာဆရာဝန်တွေက ထိပ်ဆုံးကပါ။ ကျွန်တော် အခု စာသင် နေတဲ့ဆေးရုံက နှလုံးအထူးကု ဆေးရုံကြီး တစ်ခုပါ။Ward တစ်ခုထဲမှာ အတူတူ အလုပ်လုပ် နေတဲ့ လက်ထောက် ဆရာဝန် (၁၅) ယောက်ခန့် ရှိပါတယ်။ သူတို့ရဲ့ DUTY COAT ထဲမှာ ဆေးလိပ်ဘူး ကိုယ်စီ ရှိကြပါတယ်။ မနက်ပိုင်း လူနာကြည့်ချိန် ပြီးတာနဲ့ smoking zone (ဆေးလိပ်သောက် ရန် သတ်မှတ် ထားသောနေရာ) ကို ပြေးကြတာပါပဲ။ သူတို့အတွက် လူနာကြည့်ချိန် (၁)နာရီ လောက်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ ရပုံပါပဲ။ နောက် ပါမောက္ခကြီး။ 

သူကတော့ နေ့လည်းပိုင်း စာသင်ခန်းမှာ (၄၅) မိနစ်စာ သင်ပြီး တာနဲ့ ဆေးလိပ်သောက် နားချိန် ပေး ပါတယ်။ ဆေးလိပ် တစ်လိပ်ကုန်မှ စာသင်ခန်း ကို ပြန်လာ ပါတယ်။ ဆရာဝန်တွေ ကိုယ်တိုင် နစ်ကိုတင်း ရဲ့ သားကောင်တွေ ဖြစ်နေ ကြပါတယ်။ သာမန် စာဖတ် သူတွေကတော့ ဆေးလိပ်နဲ့ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဆက်နွယ်နေ တယ် ဆိုတဲ့ အကြောင်း သိပြီး ကြမှာပါ။ နှလုံး ကျန်းမာရေးနဲ့ ပက်သက်ရင်တော့ သိတဲ့သူ နည်းပါလိမ့်မယ် ငယ်ငယ်က မြန်မာ့ရုပ်မြင်သံကြား မှာ ပညာပေး ဇာတ်လမ်းတိုလေး ကြည့်ဖူးပါတယ်။

ကျန်းမာရေး ၀န်ကြီး ဌာနကတော့နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ပညာပေး နေတာပါပဲ။ နှလုံးရောဂါ တွေဖြစ်စေနိုင်တဲ့ အခြေခံ အကြောင်း အရင်းတွေထဲ မှာ ဆေးလိပ် သောက်ခြင်းက အဓိက အချက် တစ်ချက် ဖြစ်ပါတယ်။ နေ့စဉ် ဆေးလိပ် ဘယ်နှစ်လိပ် သောက်တယ် ဆိုတဲ့အချက် က နှလုံးရောဂါ ဖြစ်ပွား မှု အပေါ်မှာ တိုက်ရိုက် အကျိုး သက်ရောက် ပါတယ်။ များများ သောက်လေ ဖြစ်ဖို့ အလားအလာ ပိုများ လေပါပဲ။ နေ့စဉ် ဆေးလိပ်တစ်ဘူး ကုန်အောင် သောက်တဲ့သူဟာ ဆေးလိပ် လုံးဝ မသောက်တဲ့ သူနဲ့ စာရင် နှလုံး ရောဂါ ဖြစ်နိုင်ခြေ (၂) ဆ ပိုများပါတယ် ဆေးလိပ်လည်း သောက်တယ် သန္ဓေ တားဆေး တွေလည်း သုံးစွဲတယ် ဆိုတဲ့ အမျိုးသမီး တွေ အတွက်တော့ ဖြစ်နိုင်ခြေပို များပါတယ်။ ဆေးလိပ် သောက်တယ် ဆိုတဲ့ ခေါင်းစဉ်အောက် မှာ တဆင့်ခံ ဆေးလိပ်သောက်ခြင်း (secondhand smoke) လည်း ပါဝင် ပါတယ်။ နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ခန့်ဟာ ဒီလို တဆင့်ခံ ဆေးလိပ်သောက်ခြင်း နှင့် တိုက်ရိုက် ဆက်စပ် နေတယ်လို့ ဆိုပါတယ်။

ဆေးလိပ် နှင့် နှလုံးရောဂါ ဘယ်လို ဆက်စပ် နေသလဲ?

Read More => http://www.myawady.net.mm/library/stories/healthstories/item/287-smokingandheart

ဆေးလိပ် မကောင်းကြောင်း ရေးလွန်းလို့ ဆေးလိပ်ကုမ္ပဏီ တွေက အမြင်ကပ် နေလောက်ပြီ ထင်ပါ တယ်။ နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့က ကမ္ဘာ့နှလုံးများနေ့ ဖြစ်ပါတယ်။ ကမ္ဘာ့ နှလုံးစောင့်ရှောက်ရေး

KIA အဖွဲ့က လျှပ်စစ်ဓါတ်အားလိုင်းများ ပြုပြင်မည့်အဖွဲ့အား လက်နက်ကြီး များဖြင့်ပစ်ခတ်


KIA အဖွဲ့က လျှပ်စစ်ဓါတ်အားလိုင်းများ ပြုပြင်မည့်အဖွဲ့အား လက်နက်ကြီး များဖြင့်ပစ်ခတ်

သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမ ကျောင်းကွေ့မှတ်တိုင်အနီးတွင် ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွား

AddThis Social Bookmark Button
tha
ဒီဇင်ဘာလ ၃၀ ရက် ည ၁၁ နာရီအချိန်ခန့်တွင် သာကေတ မြို့နယ်၊ ဧရာဝဏ် လမ်းမ ကျောင်းကွေ့

HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်


HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်

မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင်တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ် သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေအနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့ လူကြိုက်လည်းမများခဲ့ပေ။ ယခုအခါဝါရှင်တန်တက္ကသိုလ်မှယင်း ပြဿနာနှစ်ရပ်လုံးအားတစ်ပြိုင်ထဲ ဖြေရှင်းပေး နိုင်မည့်အခြားနည်းတစ်ခု ကို တီထွင်နိုင်ခဲ့လေသည်။ ယင်းကဲ့ သို့ တီထွင်နိုင်ခဲ့သည့်အတွက် ဝါရှင်တန် တက္ကသိုလ် မှ လေ့လာသူ များအား ဘေလ်နှင့်မီလင်ဒါဂိတ် အဖွဲ့အ စည်းမှ ဒေါ်လာ ၁သန်းဆုချီးမြင့်ခဲ့လေသည်။ ယင်းပစ္စည်းမှာ ဗို့အားမြင့်ချည်ငင်စက် မှထုတ်လုပ်ထားသောအဝတ်ဖြစ်ပြီး ယင်း အဝတ်မှာ နာနိုအရွယ်အစားဖိုက်ဘာ မျှင်များဖြင့် ထုတ်လုပ်ထား၍ ယင်း ဗိုက်ဘာမျှင်များမှာလည်း လူ၏ခန္ဓာ ကိုယ်အပူချိန်တွင် ပျော်ဝင်ကာ သန္ဓေ တားဆေးများ၊HIV တားဆေးများထုတ် ပေးနိုင်သည်။ ယင်း ဖိုက်ဘာမျှင်များ ဖြင့်ရက်လုပ်ထားသောအဝတ်မှာ ဈေး ပေါပြီးသီးခြားဆန်ကာ၊ ကိုယ်ဝန်လို ချင်သောအချိန်တွင် အချိန်မရွေးပြန် ရနိုင်ပေသည်။ ဗို့အားမြင့်ချည်ငင်စက် ဆိုသည်မှာ လျှပ်စစ်လှိုင်းကို အသုံးပြု ၍လျှပ်စစ်မှုန်များ ပါဝင်သောအရည် ကို အရှိန်အဟုန်မြှင့်ညစ်ထုတ်၍ သေးငယ်သော နာနိုဖိုက်ဘာမျှင်များ ထုတ်လုပ်ပေးနိုင်သော စက်ဖြစ်သည်။ ယင်းဖိုက်ဘာမျှင်များသည် ဆေးများ ကို သိုလှောင်ထားနိုင်ရုံသာမက ဆေး များကို ခန္ဓာကိုယ်တွင်းသို့ ပို့ဆောင်ရာ တွင်လည်း အခြားသော ဂျယ်များ၊ ဆေးလုံးများ၊ ဆေးပြား များထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ ထို့ပြင် အခြားသောနည်းများဖြင့် ပို့ဆောင် လျှင် လုပ်ဆောင်ရန် ခက်ခဲသောခန္ဓာ ကိုယ်တွင်းမှ မော်လီကျူးကြီးများ ဖြစ် ကြသည်။ ပရိုတင်းများ၊ အန်တီဘော် ဒီ များနှင့်လည်းတစ်သားတည်းပူးပေါင်း လုပ်ဆောင်နိုင်လေသည်။ လေ့လာ သူများက ပထမအနေဖြင့် HIV ကာ ကွယ်ဆေး antiretroviral ဆေးများ အား FDA မှ ခွင့်ပြုထားသောပိုလီမာ ဖြင့် ရောနှော၍ ဆေးထိုးအပ်မှတစ်ဆင့် ထုတ်နိုင်သောပျစ်ချွဲသည် အရည် ဖြစ်သည်အထိ ဖျော်လိုက်သည်။ ထို့ နောက် ယင်းအရည်များကို ဗို့အားမြင့် ချည်ငင်စက် ကို အသုံးပြု၍ဖိုက်ဘာမျှင် များရအောင် ပြုလုပ် လေသည်။ ယင်း ဖိုက်ဘာမျှင်များဖြင့်ပြု လုပ်ထားသော အဝတ်ကို ကိုယ်တွင်းသို့ မိန်းမကိုယ် မှတစ်ဆင့်တိုက်ရိုက်သော်လည်းကောင်း၊ သားအိမ်အား ထိန်းပေးထားသော ကွင်းများတွင်သော်လည်းကောင်းတပ် ဆင်အသုံးပြုနိုင်သည်။ ထိုအဝတ်မှာ ရုပ်ပိုင်းဆိုင်ရာအရ သုက်ပိုးများမဝင် နိုင်အောင် တားဆီးပေးနိုင်သကဲ့ သို့ ပျော်ဝင်သွားပြီးနောက် ဆေးများကို ထုတ်ပေး၍လည်း HIV ပိုးနှင့်သန္ဓေ မရနိုင်ရန် တားပေးနိုင်သည်။ဖိုက် ဘာမျှင်တစ်မျိုးမှာထည့်ပြီး မိနစ်ပိုင်း အတွင်းပျော်ဝင်သွား၍မလိုလားအပ်သော သန္ဓေ နှင့်လိင်မှ တစ်ဆင့် ကူးစက်နိုင် သော ရောဂါများအား တားဆီးနိုင် ၍ နောက်ဖိုက်ဘာတစ်မျိုးမှာတဖြည်းဖြည်း ပျော်ဝင်ပြီး ရက်အနည်း ငယ်ကြာသည် အထိခံကာတဖြည်းဖြည်းဆေးကိုထုတ် လွှတ်ပေးပြီး HIV နှင့်ကိုယ်ဝန်ရခြင်း တို့အား ကာကွယ်ပေးသည်။
မိုင်ကိ 
Ref: MNT
Health Updates Journal


မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင် တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ်သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေ အနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့ လူကြိုက်လည်းမများခဲ့ပေ။ ယခုအခါ ၀ါရှင်တန်တက္ကသိုလ်မှ

AH -64 အပါချီ

AH -64 အပါချီ

အပါချီ ရဟတ်ယာဉ်သည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းဖြစ်ပြီး လက်ရှိအချိန်တွင် အမေရိကန်စစ်တပ်၏ အားထားရသော အနီးကပ် လေကြောင်းပစ်ကူ တိုက်ခိုက်ရေး ရဟတ်ယာဉ်ပင်ဖြစ်သည်။ အမေရိကန်တပ်မတော်၏ လက်ရှိဆင်နွှဲနေသော အကြမ်းဖက်သမားများ ချေမှုန်းရေးတာဝန်များတွင် တာဝန်ယူတိုက်ခိုက်နေသဖြင့် တာလီဘန်များနှင့် အကြမ်းဖက်စစ်သွေးကြွများမှာ အလွန်ကြောက်ရွံ့ကြပြီး ခြင် ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ အဆိုးဆုံးခြင်ကိုက်လျှင် အများဆုံးဖျားနာပြီးမှသာ သေဆုံးသော်လည်း အပါချီ ခြင် ကိုက်လျှင်မူ ကိုက်မှန်းမသိပဲနဲ့ပင် သေဆုံးကြရသည်သာဖြစ်သည်။ အပါချီရဟတ်ယာဉ်မှာ မည်သည့်အရပ်မှ ပစ်ခတ်နေသည်၊ ပစ်ကွင်းကိုချိန်ရွယ်နေသည်ကိုတောင် မသိလိုက်ရပဲ ထိမှန်ပြီးမှာသာ သိရသဖြင့် အကြမ်းဖက်သမားများနှင့် ရန်သူများမှာ လွန်စွာထိတ်လန့်ကြရသည်။

AH -64 အပါချီ ရဟတ်ယာဉ်သည် ပန်ကာဒလက် အချပ် ၄ခု၊ အင်ဂျင် ၂လုံး ပါဝင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်ပြီး ရာသီမရွေး ၊ နေ့ညမရွေး တိုက်ပွဲဝင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ကြသည်။ ပုံသေတပ်ထားသည့် အဓိက လက်နက်မှာ ရဟတ်ယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားသည့် ၃၀ မီလီမီတာ M230 Chain Gun ဖြစ်သည်။ မြေပြင် - ဝေဟင် ပစ်ခတ်နိုင်သည့် AGM-114 Hellfire နှင့် Hydra 70 ဒုံးကျည်များ တပ်ဆင်နိုင်ရန်အတွက် နေရာ (၄) ခုရှိသည်။

ထို့အပြင် အဆိုပါလက်နက်များမှ တင့်ကားချေမှုန်းရေးဒုံးကျည် (Hellfire Missiles) များကိုပါ တပ်ဆင်ထားနိုင်သောကြောင့် တိုက်ပွဲ၌ ၅ မိုင်ပတ်လည်အတွင်းရှိ မည်သည့် သံချပ်ကာယာဉ်များကိုမဆို ထိရောက်စွာ ဖျက်ဆီးချေမှုန်းနိုင်ပါသည်။ ထို့အပြင် အနှေးပျံ slow fly တွင်လည်း လူတစ်ယောက်၏ လမ်းလျှောက်နှုန်းသာသာ ရှိသည့် အမြန်နှုန်းနှင့်လည်း ပျံသန်းနိုင်ပါသည်။ 

အပါချီသည်အသုံးပြုရသော ရည်ရွယ်ချက အားသာချက်အချို့လည်းရှိပါသည်။ အများပြည်သူဆိုင်ရာနေရာများ၊ ကျောင်းများနှင့် သာမန်အရပ်သားများကြားတွင် နေရာယူပုန်းအောင်နိုင်သည့် ရန်သူတပ်ဖွဲ့များကို အနီးကပ်ပစ်ခတ်ချေမှုန်းနိုင်ခြင်းသည် အမြင့်ပေ ၂၀၀၀၀ ကျော်မှ တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲချေမှုန်းရခြင်းထက် ပိုမိုထိရောက်အောင်မြင်နိုင်သောကြောင့်ဖြစ်သည်။ အပစ်မဲ့သောသူများ သေဆုံးမှုနှင့် အခြားသော အဆောက်အဦးများ ပျက်စီးမှုကိုလည်း လျှော့ချနိုင်ခြင်းမှာလည်း ကောင်းမွန်သောအချက်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ Hughes Helicopters မှ ဒီဇိုင်းရေးဆွဲပြီး ၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း ထုတ်လုပ်၍ McDonnell Douglas မှ ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိထုတ်လုပ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ ယနေ့တိုင် Boeing Defense မှ ဆက်လက်ထုတ်လုပ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပထမဦးဆုံးပျံသန်းမှုကို စမ်းသပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါသည်။

အခြေခံ အချက်အလက်များ

လေသူရဲ = ၂ ဦး
ရဟတ်ယာဉ် အလျား = ၁၇.၇၃ မီတာ
ရဟတ်ယာဉ် အမြင့် = ၃.၈၇ မီတာ
အင်ဂျင် = General Electric T700-GE-701 အင်ဂျင် (၂) လုံး
အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၂၉၃ ကီလိုမီတာ
လက်နက်
၃၀ မီလီမီတာ M230 စက်အမြောက် (၁) လက် (ကျည် ၁၂၀၀)
Hydra 70 FFAR ဒုံးကျည်များ
AGM-114 Hellfire ၊ AIM-92 Stinger နှင့် AIM-9 Sidewinder ဒုံးကျည်များ

ဝေဟင်ချစ်သူ

အပါချီ ရဟတ်ယာဉ်သည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းဖြစ်ပြီး လက်ရှိ အချိန်တွင် အမေရိကန်စစ်တပ်၏ အားထားရသော အနီးကပ် လေကြောင်းပစ်ကူ တိုက်ခိုက်ရေး ရဟတ်

၁၂ နှစ်သမီး ဗိုက်နာလို့ဆေးရုံသွားမှ ကိုယ်ဝန်ရှိနေမှန်းသိ


အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အပြင်းအထန် ဗိုက်နာသည့် ဝေဒနာကို ခံစားနေ

Sunday, 30 December 2012

ပြည်သူ့စစ် စခန်းကို ကေအိုင်အေ စီးနင်းတိုက်ခိုက်

ပြည်သူ့စစ် စခန်းကို ကေအိုင်အေ စီးနင်းတိုက်ခိုက်
Sunday, 30 December 2012

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့ စစ်စခန်းကို
ကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ယင်း တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ 
တပ်ရင်း၅ မှ အထူး တိုက်ခိုက်ရေး အင်းအား ၇၀ ဝန်းကျင် ခန့်က 
အဖွဲ့နှစ်ဖွဲ့ ခွဲကာ တောာင်နီကျေးရွာ အရှေ့ဘက် ဇွတ်လျန် ကျေးရွာဘက်မှ ဝင်ရောက်လာပြီး ခရမ ၃၈၄ ဒုအရာခံဗိုလ် ဦးစီးသည့် ပြည်သူ့စစ် စခန်း နှင့် ခလရ ၁၀၅ တပ်ရင်းမှ ဗိုလ်ကြီး ဦးစီးသည့် မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် စခန်းများကို စီးနင်း တိုက်ခိုက်ခဲ့ခြင်း
ဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောကြားသည်။

ယင်းတိုက်ခိုက်မှု များနှင့် ပတ်သက်၍ ကေအိုင်အေထံ အတည်ပြုချက်နှင့် သဘောထား မှတ်ချက် တို့ကို တောင်းခံ နေဆဲ ဖြစ်သည်။

The Voice Weekly
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့ စစ်စခန်းကိုကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့

ထိုင်းအမျိုးသမီးတစ်ဦး အိုးဖာတိပ်ထဲတွင် စိတ်ကြွဆေးမှုန့်များ ထည့်သယ်ယူစဉ် စင်္ကာပူလေဆိပ်တွင် ဖမ်းမိ

ထိုင်းအမျိုးသမီးတစ်ဦး အိုးဖာတိပ်ထဲတွင် စိတ်ကြွဆေးမှုန့်များ ထည့်သယ်ယူစဉ် စင်္ကာပူလေဆိပ်တွင် ဖမ်းမိ
Saturday, December 29, 2012

စင်္ကာပူ Changi လေဆိပ်၊ တွင် ICA မှ ထိုင်းအမျိုးသမီး (၂၉နှစ်)
အား ပုံမှန်စစ်ဆေးနေကျအတိုင်း စစ်ဆေးရာ အဆိုပါအမျိုးသမီး၏ မိုးကာအိတ်အတွင်းရှာဖွေစဉ် အိတ်လက်ကိုင်အားမသင်္ကာ
သဖြင့် သေချာဖြတ်ထုတ်ဖွင့်စစ်ခဲ့ရာ လက်ကိုင်အမာသဏ္ဍန်လုပ်ပြီး ထည့်ထားသော အလူမီနီယမ်အလိပ်အား ရှာဖွေတွေ့ရှိခဲ့ပါသည်။

အလူမီနီယမ်လိပ်အတွင်း စိတ်ကြွဆေးမှုန့်များအား ထည့်လိပ်ယူဆောင်
လာစဉ် ဖမ်းမိခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးနှင့် အတူပါလာသော အခြား
အိတ်လက်ကိုင်များအား စစ်ဆေးရာ အလားတူစိတ်ကြွဆေးမှုန့်များ
တွေ့ရှိပြီး စိတ်ကြွဆေးမှုန့် ၃.၁ KG ဖမ်းဆီးရမိခဲ့ပါသည်။

Thit Htoo Lwinစင်္ကာပူ Changi လေဆိပ်၊ တွင် ICA မှ ထိုင်းအမျိုးသမီး (၂၉နှစ်)အား ပုံမှန်စစ်ဆေးနေကျအတိုင်း စစ်ဆေးရာ အဆိုပါအမျိုးသမီး၏ မိုးကာ အိတ်အတွင်းရှာဖွေစဉ် အိတ်လက်ကိုင်အားမသင်္ကာ သဖြင့် သေ ချာဖြတ် ထုတ်ဖွင့် စစ်ခဲ့ရာ လက်ကိုင်အမာသဏ္ဍန်လုပ်ပြီး ထည့်

မြန်မာ့ပထမဆုံး သုံးမြွှာတာဝါ Junction မြို့တော်စီမံကိန်းကြီး ရန်ကုန်တွင် တည်ဆောက်ရန်ရှိ

မြန်မာ့ပထမဆုံး သုံးမြွှာတာဝါ Junction မြို့တော်စီမံကိန်းကြီး ရန်ကုန်တွင် တည်ဆောက်ရန်ရှိ မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ်မြေဧရိ ယာစတုရန်းပေ နှစ်သန်း   ကျော်ပေါ်တွင် သုံးမြွှာယှဉ်တွဲကာ ဆောက်လုပ် မည့် အထပ်

ဆောင်းရာသီတွင်ဆံပင်နှင့်အရေပြားထိန်းရန်လိုက်နာသင့်သော အခြေခံအချက်များ

Photo: ဆောင်းရာသီတွင်ဆံပင်နှင့်အရေပြားထိန်းရန်လိုက်နာသင့်သော အခြေခံအချက်များ
Saturday, December 29, 2012

ဒီဇင်ဘာ (ဒါမှမဟုတ်) မင်္ဂလာပွဲ များ၊ ပွဲတော်များ၊ ခရီးထွက်ခြင်းများသဖြင့် ပါတီပွဲကျင်းပရာ လရာသီဖြစ် သည့်အလျောက် လူတိုင်းသည် အကြောင်း
အမျိုးမျိုးကြောင့် ပျော်ရွှင် နေကြသည်။ 

သို့သော် ဤကဲ့သို့ ပျော်ရွှင် စရာကောင်းလှသောဆောင်း လရာသီ၌ အရေပြားခြောက်ခြင်း၊ ဆံပင်များခြောက်ခြင်းက သင့်ရဲ့လှပမှု ကို လုယူသွားနိုင်ပါသည်။ 

ထို့ကြောင့် ဤကဲ့သို့မဖြစ်ပွားရန် ဆောင်းရာသီ၌ အခြေခံလိုက်နာ
သင့်သည့်အချက်များကို ဖော်ပြလိုက်ပါသည်။

(၁) ရေခပ်နွေးနွေးနှင့်ချိုးပေးပါ။ ဆောင်းရာသီဆိုသည်မှာ အရေပြား နှင့်ဆံပင်အတွက် ဂရအစိုက်သင့်ဆုံး ရာသီဖြစ်ပါသည်။ ရေနွေးပူပူနှင့်ရေ ချိုးမည့်အစား ရေခပ်နွေးနွေးလေးဖြင့် ချိုး၍ခန္ဓာကိုယ်ကိုရေဓာတ်ပြန်လည် ဖြည့် တင်းပေးနိုင်သောဆပ်ပြာမျိုးကိုသုံးပါ။

(၂) ချေးချွတ်ပေးပါ။ ဆောင်း ရာသီတွင် အခန်းတွင်းနှင့်အခန်းပြင်ပ အပူချိန်ကွာခြားမှုကအရေပြားပေါ်တွင် သက်ရောက်မှုများစွာရှိပေသည်။ ထို့ ကြောင့်ရေချိုးတိုင်းတွင်ချေးတွန်းပစ္စည်း ဖြင့်ဆဲလ်သေများကိုခွာချခြင်းကဆဲလ် သစ်များဖြစ်ပေါ်စေရန်အားပေးသည်။

(၃) ရေဓာတ်ပြန်လည်ဖြည့်တင်း ပေးသောအလှကုန်များကို အသုံးပြုပါ။ တစ်ကိုယ်လုံးရှိအရေပြားများကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ် ပါတယ်။ အထူးသဖြင့် လက်ဖဝါး၊ လက်သဲ၊ ခြေထောက်နှင့် နှုတ်ခမ်းတို့ကို အစဉ်သဖြင့် ရေဓာတ် ပြည့်ဝနေရန် လိုပေသည်။

(၄) နေရောင်ကာခရင်သုံးပါ။ နေရောင်ကာခရင်တွေကနွေရာသီမှာပဲ သုံးဖို့မဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံး အပြင်ထွက်တာနဲ့အသုံးပြုသင့်တာပါ။

(၅) ချွေးနံပျောက်ဆေး အလွန် အကျွံသုံးခြင်း ရှောင်ပါ။ ဆောင်းရာ သီ မှာ ချွေးထွက်မများတဲ့အတွက် ချွေးနံပျောက်ဆေးသုံးမှုကို လျော့သင့် ပါသည်။ အကြောင်းမှာ ချွေးနံပျောက်ဆေးများတွင် alcohol ပါဝင်သည့် အတွက် ယင်းတို့က အရေပြားမှ ရေ ဓာတ်များကို ဆုံးရှုံးစေ၍ အရေပြား ကို ခြောက်သွေ့စေသည်။

(၆) ကွန်ဒီရှင်နာအသုံးပြုပါ။ ဆောင်းရာသီတွင်ချွေးထွက်မများသည့် အတွက် ခေါင်းခဏခဏ မလျှော်သင့် ပါဘူး။ ခေါင်းခဏခဏ လျှြော်ခင်းက ဦးရေပြားကိုခြောက် သွေ့စေပါသည်။ ထို့ကြောင့်ခေါင်းလျှော်ရည်အပျော့စား နှင့်ရေကြက်သီးနွေးဖြင့်ခေါင်းလျှော်ပေး ပြီးကွန်ဒီရှင်နာကို အသုံးပြုပေး သင့်ပါသည်။အုန်းနို့နှင့်ပြုလုပ်ထားသောကွန် ဒီရှင်နာမှာ ယခုရာသီ အတွက်အကောင်း ဆုံး ဖြစ်သည်။)

(၇) ခေါင်းကို ပုံမှန်ဆီထည့်ပါ။ အလုပ်မည်မျှပင်ရှုပ်နေပါစေ၊ခေါင်းကို ဆီထည့်ပေးဖို့ မမေ့ပါနှင့်၊ ခေါင်းကို ဆီထည့်ပေးခြင်းဖြင့် ဦးရေပြား သွေး လှည့်ပတ်မှုမှန်စေပြီး ရေဓာတ်ဆုံးရှုံး မှုမှကာကွယ်ပေးနိုင်ပါသည်။

(၈) သင့်လျော်သောအလှပြင် ပစ္စည်းသုံးပါ။ ဆံပင်အခြောက်ခံစက်တွေ၊ ဆံပင်ကောက်စက်တွေ၊ ဖြောင့် စက်တွေ အသုံးမပြုပါနှင့်။ ဤဆံပင် အလှပြင်ပစ္စည်းများသည် အများအား ဖြင့် အပူကို အခြေခံပြီးပြုပြင်
ကြခြင်း ဖြစ်သည်။အကယ်၍ အလှပြင်ပစ္စည်း များကို ဆောင်းရာသီ
တွင် အသုံးပြု ပါက အရေပြားကို ဆိုးဝါးစွာ ထိခိုက် စေသည်။ ပလတ်စတစ်နှင့်လုပ်ထား သောဘီးများကိုသုံးမည့်အစားသစ်သား ဘီးကို အသုံးပြုသင့်ပါတယ်။ အထက် ကအချက်တွေပြုလုပ်ပြီးပြီဆိုလျှင်အချိန် လည်း ရ ဘဏ္ဍာရေးလည်းလုံလောက်ပါ ကအလှပြင်ဆိုင် ကောင်းကောင်းသို့
သွား၍ဦးရေပြားအတွက်လိုအပ်သော ပရိုတင်းဓာတ် ကိုဖြည့်တင်းသင့် ပါတယ်။

(၉) သိုးမွေးဦးထုပ်တွေ၊လည်စည်းတွေ၊ ခြေအိတ်တွေက စတိုင်ကျကောင်း
ကျပါလိမ့်မည်။သို့သော်ယင်းတို့ကအမွှေး အမျှင်များပြတ်ထွက်ခြင်း
ကိုဖြစ်ပေါ်စေ သည်။ အထူးသဖြင့်ဂုတ်ပိုးနှင့်နဖူးတို့၌ ဖြစ်သည်။ 
ထို့ကြောင့် ၎င်း တို့အား ဝတ်ဆင်ရာတွင်ကျပ်တည်းစွာ မဝတ်ဆင် ဘဲဦးရေပြားအတွက်လုံလောက်သော လေရရှိရန်ခပ်လျော့လျော့
ဝတ်ဆင်သင့် ပါသည်။

မိုင်ကိ
Ref:MNT
Health Updates Journal ဒီဇင်ဘာ (ဒါမှမဟုတ်) မင်္ဂလာပွဲ များ၊ ပွဲတော်များ၊ ခရီးထွက်ခြင်း များသဖြင့် ပါတီပွဲကျင်းပရာ လရာသီဖြစ် သည့်အလျောက် လူတိုင်း

ဝိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း  စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင်  ဒုက္ခသည်ဦးရေ နှစ်ဆနီးပါး များလာကြောင်း

ပါကစ္စတန် ပြန်ပေးဆွဲ သတ်ဖြတ်မှု ၂၁ ဦးသေ

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့နားမှာ  ကြာသပတေးနေ့က စစ်သွေးကြွ ရဲ့
 ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတဲ့ လူမျိုးစုတွေရဲ့ ပြည်သူ့စစ် ၂၁ ယောက်

ရခိုင်စက်လှေ အလုပ်သမားရှစ်ဦး ပျောက်ဆုံးနေမှု စက်လှေပိုင်ရှင်က ဖုံးကွယ်ထား

စစ်တွေသား ခြောက်ဦး နှင့် ကျောက်ဖြူသားနှစ်ဦးတို့ သည် ပြီးခဲ့သည့် ဒီဇင်ဘာ  (၂၁) ရက်နေ့တွင် စက်လှေလုပ်သားများအဖြစ် ကုန်သွယ်

Saturday, 29 December 2012

နယူးယောက်မြို့ လမ်းများပေါ်တွင် စိန်ရှာသည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မက ရရှိ

နယူးယောက်မြို့ လမ်းများပေါ်တွင် စိန်ရှာသည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မက ရရှိ
Saturday, 29 December 2012 

ပုံမှာ မြင်တွေ့ရတဲ့ သူဟာ Stepanian အမည်ရ အမျိုးသား တစ်ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ နယူးယောက်မြို့  လမ်းမပေါ်က စိန်ရှာသမား ဖြစ်ပါတယ်။

သူ့ကိုမြင်တော့ မြန်မာပြည်မှာက ပလပ်စတစ်အိပ်ကောက်တဲ့ ကလေးတွေကို သွားသတိရပါတယ်။ သို့ပေမယ့် Stepanian ကတော့ အများကြီး သာပါတယ်။ သူ့ဝင်ငွေက တစ်ပတ်ကို ဒေါ်လာ ၈၂၀ ရှိတယ် ဆိုတော့ တစ်ရက်ပျှမ်းမျှဝင်ငွေက ဒေါ်လာ ၁၁၀ မကပါဘူး။ အလုပ်က နည်းနည်းတော့ ပင်ပန်းပါတယ်။

နယူးယောက်မြို့ ကြီး လမ်းမပေါ်က ရေအိုင်မှာပါမကျန် ကြားတွေကြားတွေ ထဲအထိတောင် လိုက်လံ ရှာဖွေ ရတာ ဖြစ်ပါတယ်။ စိန်၊ရွှေတင်မက အခြားသော အဖိုးတန် ရတနာများကို တွေ့ရှိပါတယ်။ တကယ် တွေ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက နယူးယောက်မြို့ ကြီးက လူတွေဟာ အလုပ်တွေ ရှုပ်ပြီး လမ်းမကြီးကို ငုံ့ကြည့်ဖို့တောင် အချိန်မရကြပါဘူး။ ဒါကြောင့် Stepanian လို့ပဲ စိန်ရှာတဲ့သူ အနည်းစုအတွက် အလုပ်ဖြစ် ပါတယ်။ ပျောက်တာတွေရော၊ ပဲ့ကျထားတာတွေရော အဖိုးတန် ရတနာ အားလုံးကို သူတို့ ပိုင်သွားပါတယ်။ နှစ်ပေါင်း ၆၀ မကတဲ့ အချိန်တွေ ကတည်းက တည်ရိနေတဲ့ စိန်ခဲ၊ ရွှေခဲတွေကိုတောင် တွေ့ရ တတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တစ်ပတ်တစ်ပတ် ရှာဖွေထားတာတွေကို ပြန်ရောင်းရင် အနည်း ဆုံး ဒေါ်လာ ၈၂၀ လောက်တော့ ဝင်ငွေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နယူးယောက်မြို့ က စိန်ရှာတဲ့အလုပ်ဟာလည်း ဝင်ငွေ မစိုးတဲ့ အလုပ်မို့ စိတ်ဝင်စားသူ များပြားကြောင်း သိရပါတယ်။
--
Ref: nypost
ရိုးရာလေး သတင်း
YoYarLayပုံမှာ မြင်တွေ့ရတဲ့ သူဟာ Stepanian အမည်ရ အမျိုးသား တစ်ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ နယူးယောက်မြို့  လမ်းမပေါ်က စိန်ရှာသမား ဖြစ်ပါတယ်။ သူ့ကိုမြင်တော့ မြန်မာပြည်မှာက ပလပ်စတစ် အိပ်ကောက်တဲ့ ကလေးတွေကို သွားသတိရပါတယ်။ သို့ပေမယ့် Stepanian ကတော့ အများကြီး သာပါတယ်။ သူ့ဝင်ငွေက တစ်ပတ်ကို ဒေါ်လာ ၈၂၀ ရှိတယ် ဆိုတော့ တစ်ရက်ပျှမ်းမျှ ဝင်ငွေ

Who's who 2012- ဦးသိမ်းဝေ (ခ) Mr. Serge Pun

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနက် ဦးသန့်ရှင်း (Mr.Clean) ဟု ပြည်ပက အသိအမှတ် ပြုခံရသော ဦးသိမ်းဝေသည် မြန်မာနိုင်ငံ၌ စီးပွား ရေးလုပ်ငန်း များစွာကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော SPA (Myanmar) Ltd. နှင့် First Myanmar Investment Co.,Ltd.

Who's who 2012- ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း

 ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း
မြန်မာနိုင်ငံတွင် နှစ်အတန်ကြာ ဒီမိုကရေစီ ဆိတ်သုဉ်းမှုကြောင့် ပြည်သူအများ မပြောရဲ  မဆိုရဲ ဖြစ်ကာ အကြောက်တရားနှင့် ပိတ်ထားသော စိတ်၊ ဖိထားသော စိတ်နှင့် ရှင်သန်ခဲ့သည်မှာ မျိုးဆက် သုံးဆက်ခန့် ရှိခဲ့ရာက ၈၈ ဟု လူသိများသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊

Who's who 2012-မှူးဇော် (ခ) ဦးဇော်ဌေး

အင်တာနက်နှင့် ယဉ်ပါးသော မြန်မာလူမျိုး တို့၏ အသည်းစွဲ လူမှုကွန်ရက် Website စာမျက်နှာ ဖြစ်သည့် Facebook မှ တစ်ဆင့် နိုင်ငံတော်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များ၊ သတင်းအချက် အလက် များကို ဖြန့်ဖြူး ဝေငှခြင်းဖြင့် ထိပ်တန်း သတင်း အရင်းအမြစ်အဖြစ် လည်းကောင်း၊ တစ်ဦး တည်း မီဒီယာ (one-person-media) အဖြစ်လည်း ကောင်း၊ သတင်းနှင့် ပြန်ကြားရေး လောက (News and Information) ကို သြဇာ သက်ရောက်ခဲ့သူ သမ္မတရုံး ညွှန်ကြားရေးမှူး

Who's who 2012- ဦးသိန်းညွန့်


ဦးသိန်းညွန့်လွှတ်တော်နိုင်ငံရေး စတင်သည့် အချိန်မှစကာ လွှတ်တော် အတွင်း ဆွေးနွေး၊ အကြံပြုမှုများ၊ ဥပဟောင်းများ ပယ်ဖျက်၊ ပြင်ဆင် ၊ ဖြည့်စွက်ရေး ကိစ္စများ၊ တင်သွင်း ဆွေးနွေးမှုများ မကြာ ခဏ ဆောင် ရွက်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ပြုလုပ် ခဲ့သော လွှတ်တော် အစည်းအဝေး များတွင် သတင်းစာ ဆရာများနှင့် နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီး ထောင်ချရာ၌ အသုံးပြုခဲ့သည့် တရားရုံးများ

Who's who 2012-ထွန်းအိန္ဒြာဗို

ရုပ်ရှင်နယ်ပယ် အတွင်း အသက်ဝင်အောင် သရုပ်ဆောင်နိုင်သူ တစ်ဦးအဖြစ်သာမက တေးဂီတ ဘက်တွင်လည်း ပရိသတ် အခိုင်အမာရရှိ ထားသူ၊ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်း အားကောင်းစွာ ပူးပေါင်းပါဝင်သူ တစ်ဦး အဖြစ် အများက လက်ခံထားသည့် ထွန်းအိန္ဒြာဗိုကို အနုပညာ နယ်ပယ်အတွင်း

Who's who 2012-နန်းခင်ဇေယျာ


နန်းခင်ဇေယျာကမ္ဘာတွင် မြန်မာပုံရိပ်ကို ပိုမို ထင်ရှားလာအောင် တွန်းပို့နိုင်ခဲ့သူ များအနက် တစ်ထောင့် တစ်နေရာမှ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် နန်းခင်ဇေယျာ ကို အားကစားနယ်ပယ်အတွင်း ထူးခြားထင်ရှားသူ