Monday, 13 April 2015

သင်္ကြန်အလွန်ကာလများတွင် ရခိုင်ကမ်းရိုးတန်း၌ အောင်တံခွန်နှင့် ဓည၀တီသင်္ဘောများ ပြန်လည်ပြေးဆွဲမည်



ပြန်လည်ပြုပြင်ရန်အတွက် ရပ်နားထားသော ဓည၀တီသင်္ဘောများကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ခိုင်ဖြိုး / RNA)

အောင်တံခွန်-၃ သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပြေးဆွဲလျက် ရှိသော ပြည်တွင်းရေကြောင်းပိုင် ခရီးသည်တင်သင်္ဘောများကို ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး သင်္ကြန် ကာလအပြီးတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း(ရခိုင်ဌာနခွဲ) မှ သတင်းရရှိသည်။

ဟီလာရီ ကလင်တန် အမေရိကန် သမ္မတ အရွေးခံမည်ဟု ကြေညာ


အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ဟာ လာမယ့် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရွေးခံမယ်လို့ ဧပြီ ၁၃ ရက်က တရားဝင်ကြေညာပါတယ်။

မဘိမ်းမြို့နယ်အတွင်း၌ တရားမ၀င်ကျွန်းသစ် ၂၇ တန်ခန့်အား တပ်မတော် စစ်ကြောင်းနှင့် ပြည်နယ် သစ်တောဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ မယ်ဇလီကျေးရွာအနီး တောအတွင်းတွင် တရားမ၀င်ခုတ်ယူထား သော ကျွန်းသစ် ၂၇ တန်ခန့်အား ဧပြီလ ၉ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းနှင့် ပြည်နယ်သစ်တော ဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မီးဘေးသင့် ကရင်နီ ဒုက္ခသည်စခန်းကို မိုးရာသီမတိုင်မီ တည်ဆောက်မည်



ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင်ခရိုင်က မီးဘေးသင့် ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ ပြန်လည် တည်ဆောက်တာတွေကို မိုးရာသီမတိုင်မီ အပြီးဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါ တယ်။

ရင်သား ကင်ဆာ သိကောင်းစရာ


ရင်သားကင်ဆာ ရောဂါသည် အသက် ၄ဝ ကျော် အမျိုးသမီးများ သို့မဟုတ် အိမ်ထောင်မရှိ အမျိုးသမီးများ သို့မဟုတ် မိမိ ရင်သွေးများအား နို့ချို မတိုက်ကျွေးသူများတွင် အဖြစ်များသည်။

မျက်စိမှုန်ခြင်း


မျက်စိမှုန်သူများ မျက်မှန်တပ်လျှင် ပိုမှုန်သည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် မျက်စိမှုန်လာပြီး ပါဝါ အလွန်အကျွံ တက်မှသာ မျက်စိကို အထူး ဂရုစိုက်ကြသည်ကို တွေ့ရတတ်သည်။ တစ်ဦးနှင့် တစ်ဦး အမြင် အာရုံချင်း မတူညီကြသဖြင့် မျက်စိ ကျန်းမာရေးကို ဂရုစိုက်သင့် ပါသည်။

ရုရှားသင်္ဘောနစ်မြုပ်မှုဖြစ်စဉ်တွင် အသက်ရှင်သူ မြန်မာသင်္ဘောသားများ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ


ရုရှားနိုင်ငံအရှေ့ဖျားပိုင်Okhotsk ပင်လယ်ပြင်အတွင်း ဧပြီ ၁ ရက် ညပိုင်းက နစ်မြုပ်သွားခဲ့သည့် ရုရှား ငါးဖမ်းသင်္ဘောDalniy Vostok မှ အသက်ရှင်ကျန်ရစ်သည့် မြန်မာသင်္ဘောသား ၂၂ ဦးမှာ ယနေ့ညပိုင်း တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။