Thursday 31 January 2013

အေစီမီလန်ရောက် မာရီယို ဘာလော့တယ်လီ

 အင်္ဂလန်ပရီးမီးယားလိဂ်မှ မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူး မာရီယို ဘာလော့တယ်လီသည် ပေါင်စတာလင်သန်း ၂၀ ဖြင့် အီတလီ စီးရီးအေ ဘောလုံးကလပ် အသင်း အေစီမီလန် သို့ ပြောင်းရွှေ့ သွားသည်။

ဂျာမနီမှ တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး

ဂျာမနီမှ တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး
Thursday, January 31, 2013 

ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်းရထားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ က ရထားလမ်း ဖြစ် ပါတယ်။

Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။ ခရီးစဉ်တောက်လျှောက်မှာ ဘူတာ အခု ၂၁ ရှိပါတယ်။ ၁၉၀၁ ခုနှစ် မတ်လ ၁ ရက်နေ့က စတင်ပြေးဆွဲပြီး ၂၀၀၈ ခုနှစ်အထိ စီးနှင်း သူပေါင်း ၂၈ သန်း ရှိသွားပြီလို့ ဆိုပါတယ်။ နေ့စဉ် စီးနှင်းသူဦးရေ ၈၂၀၀၀ ကျော် ရှိပါတယ်။ မြေပြင်အပေါ် အထက် ၃၉ ပေခွဲနီးပါး မြင့်ပြီး ခရီးစဉ် အစအဆုံးက မိနစ် ၃၀ ကြာမြင့်ပါတယ်။

ဘာလင်မြို့ မှာ တပ်ဆင်ဖို့ စိတ်ကူးခဲ့ပေမယ့် Wuppertal မြို့ မှာတင် တပ်ဆင် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့တိုင် ပြေးဆွဲလျက် ရှိပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခြင်း အဆင့်မြင့်တင်ခြင်း များ ပြုလုပ်ပါတယ်။

အပျော်ခရီးအနေနဲ့ စီးချင်သူရော၊ လုပ်ငန်းသုံးအတွက်ရော ပြေးဆွဲနေတဲ့ Wuppertal မြို့ က တွဲလောင်းရထားဟာ ဂျာမနီနိုင်ငံ၊ Wuppertal မြို့ မှာ အထင်ကရ တစ်ခုအနေနဲ့ တည်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_1344.html

--
ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်း ရထား အဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ ကရထား လမ်း ဖြစ်ပါတယ်။
Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။ ခရီးစဉ်တောက်လျှောက်မှာ ဘူတာ အခု ၂၁

ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံရယူ

တောင်ကိုရီယားနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းက ဂွမ်ဂျူးမြို့မှာရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ဗိမာန်တွေကို ပန်းစည်းချ ဂါရဝပြုခဲ့ပါတယ်။

ကချင်ပြည်နယ်တွင် အစိုးရနှင့် KIA တပ်များအကြား စစ်ပွဲ ငြိမ်သက်


ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ် ဖားကန့်နှင့် လိုင်ဇာဌာနချုပ် အနီးတဝိုက်တွင် မြန်မာအစိုးရနှင့် ကချင် လွတ်လပ်ရေး KIO တပ်ဖွဲ့တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားမှု နေသည်ဟု KIO နှင့် ကျောင်းသား တပ်မတော်က ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုလိုင်းများမှ မိန့်ခွန်းပြောကြားမည်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ရေဒီယိုမှတစ်ဆင့် မိန့် ခွန်းပြောကြားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရပုဂိုလ် ဦးရဲထွဋ်၏ ကိုယ်ပိုင် facebook စာမျက်နှာ တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ရန် ငြမ်းဆင်စဉ် ကျိုက်ထီးရိုးစေတီတော်မြတ်ရောင်ခြည်တော်ကွန့်မြူး

 
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် အ တွက် ငြမ်းဆင်နေစဉ် ရောင်ခြည်တော် ကွန့်မြူး ခဲ့ကြောင်း သိရှိရသည်။
ပြင်ဦးလွင်မှဘုရားဖူးအဖွဲ့မှ ကားဆရာများဖြစ် သည့် ကိုအောင်ကိုကိုဦးနှင့် ကိုကျော်ဇေယျာလွင် တို့နှစ်ဦးမှာ ငြမ်းဆင်နေသည့် ကျိုက်ထီးရိုး ဆံတော်ရှင် မြတ်ပုံတော်အား ဖုန်းဖြင့် ဓာတ် ပုံရိုက်ရာမှ ရောင်ခြည်တော်ကွန့်မြူးနေသည့် ပုံတော်အား ရိုက်ကူးဖူးမျှော်မိခြင်းဖြစ်သည်။
 

ဇေကမ္ဘာမှ ရောင်းချခဲ့သော ပီစီအိုဖုန်းများအား ဆက်သွယ်ရေးမှ တစ်လခွဲခန့် လိုင်းပိတ်ထားမှု ဖြစ်ပေါ်

Photo: ဇေကမ္ဘာမှ ရောင်းချခဲ့သော ပီစီအိုဖုန်းများအား ဆက်သွယ်ရေးမှ
တစ်လခွဲခန့် လိုင်းပိတ်ထားမှု ဖြစ်ပေါ်
Thursday, 31 January 2013

ဇေကမ္ဘာကုမ္ပဏီမှ ကော့မှူးမြို့နယ် ၀ါးဘလောက်သောက်
ကျေးရွာတွင် ငွေအကျေချေပြီးရောင်းချခဲ့သော ပီစီအိုဖုန်း
များကို လက်ကျန်ငွေ ကျပ် တစ်သိန်းသွင်းရန် ကျန်ရှိနေ
သေးသည်ဟုဆိုကာ ဆက်သွယ်ရေးမှ ၁လခွဲခန့် လိုင်းပိတ် ခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့ နယ်တွင် ဇေကမ္ဘာကုမ္ပဏီမှရောင်းချခဲ့သော ပီစီအိုဖုန်းများထဲမှ ငွေအကျေချေပြီး ဝယ်ယူခဲ့သော၂၂လုံးကို
ငွေကျပ် တစ်သိန်း သွင်းရန် ကျန်ရှိနေသေးသည် ဟုဆိုကာ
လိုင်းပိတ်ခဲ့ရာ လိုင်းပိတ်ခံရသူများမှ မြန်မာ့ဆက်သွယ်ရေးကို တိုင်ကြားခဲ့သဖြင့် ဇေကမ္ဘာကုမ္ပဏီမှ လာရောက်ဖြေရှင်းခဲ့သော
ကြောင့် ဇန်န၀ါရီ ၃၀ရက်နေ့တွင် ဖုန်းလိုင်းများ ပြန်ဖွင့်ပေးခဲ့
ကြောင်း ပီစီအိုဖုန်းဝယ်ယူခဲ့သူ ကိုအောင်နေမျိုးက ပြော
ကြားသည်။

“မနေ့က ဇေကမ္ဘာကနေ လာရှင်းသွားပါပြီ။ ဖုန်းလိုင်းတွေ လည်း ပြန်ဖွင့်ပေးလိုက်ပါပြီ။ကြိုတင်ငွေသွင်းတာ တစ်သိန်းနဲ့
နှစ်သိန်းကို မှားသွား တာပါ”ဟု မြန်မာ့ဆက်သွယ်ရေးမှ စီမံရေးရာရုံးအုပ် ဒေါ် အေးငွေက မြန်မာ့ခေတ်သို့
ပြောကြားသည်။

ဇေကမ္ဘာမှ သွားရောက်ဖြေရှင်းရာတွင် ပါဝင်ခဲ့သော
ဗိုလ်မှူးကျော်လွင် က “မနေ့ကဆက်သွယ်ရေးမှာ သွားရှင်း
ခဲ့တာက ပိုက်ဆံသွားသွင်း ပေးတာ မဟုတ်ပါဘူး။ လိုင်းပိတ်
ခံရတဲ့လူတွေရဲ့ ဖုန်းတွေကို ပြန်ဖွင့်ပေးဖို့ ညှိနှိုင်းပြီး
မေတ္တာရပ်ခံပေးခဲ့တာပါ”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဖုန်းလိုင်းအပိတ်ခံရသူများမှာ ဇေကမ္ဘာကုမ္ပဏီကို ပေးသွင်း
ရမည့် ငွေကျပ် ၄သိန်း ၁သောင်း ၅ထောင်ကျပ်ကို ဇေကမ္ဘာ
ကုမ္ပဏီမှ ဦးကျော်ဦး ဆိုသူထံသို့ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ
၁ရက်နေ့မှ စတင်ပြီး အကျေပေးချေခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာ
၁၄ ရက်နေ့တွင် ငွေကျပ် ၁သိန်း ပေးသွင်း ရန် ကျန်ရှိနေသေး
သည်ဟူသော အကြောင်းကြားစာများ ရောက်လာပြီး ဒီဇင်ဘာ ၂၀ရက်နေ့တွင် ဖုန်းလိုင်းများ အပိတ်ခံခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။

ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇေသီဟကပြောကြားရာတွင်
ကော့မှူးမြို့နယ်သို့ ရောင်းချေပေးခဲ့သော ပီစီအိုဖုန်းအလုံး ၂၀၀
တွင် ၂၂လုံး မှာ ထိုကဲ့သို့ လိုင်းပိတ်ခံခဲ့ရပြီး ဖုန်းလိုင်းများ
ပြန်ပွင့်စေရန် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ပေး မည် ဖြစ်ပြီးအဖြစ်မှန်ကို စုံစမ်းသွားမည် ဖြစ်ကြောင်း
ပြောကြားသည်။

ဆုဝေ
The Myanma Age
ဇေကမ္ဘာကုမ္ပဏီမှ ကော့မှူးမြို့နယ် ၀ါးဘလောက်သောက် ကျေးရွာ တွင် ငွေအကျေချေပြီးရောင်းချခဲ့သော ပီစီအိုဖုန်းများကို လက်ကျန်ငွေ ကျပ် တစ်သိန်းသွင်းရန် ကျန်ရှိနေ သေးသည်ဟုဆိုကာ ဆက် သွယ်ရေးမှ ၁လခွဲခန့် လိုင်းပိတ် ခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့ နယ်တွင် ဇေကမ္ဘာကုမ္ပဏီမှရောင်းချခဲ့သော ပီစီအိုဖုန်းများ ထဲမှ ငွေအကျေချေပြီး ဝယ်ယူခဲ့သော၂၂လုံးကိုငွေကျပ် တစ်သိန်း သွင်း ရန် ကျန်ရှိနေသေးသည် ဟုဆိုကာလိုင်းပိတ်ခဲ့ရာ လိုင်းပိတ် ခံရ သူများ

ကမ္ဘာအတွက်အန္တရာယ်များ၊ တရုတ်စီးပွားရေးအလားအလာနဲ့ ယူရိုဇုံအခြေအနေ

စီးပွားရေးအားနည်းတာနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာ အကျပ် အတည်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် တွေထဲ ထိပ်ဆုံး မှာရှိနေ တယ်ဆိုတာကို ဂျီနီဗာအခြေစိုက် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF က ထုတ်ပြန်လိုက်တဲ့ လေ့လာချက်အသစ်တခုမှာ ဖော်ပြထားပါတယ်။ ဒီလိုအခြေအနေအောက်မှာပဲဒီနှစ်အတွက် တရုတ်နိုင်ငံရဲ့ စီးပွားရေး

မူဆိုလီနီသည် ခေါင်းဆောင်ကောင်း တစ်ဦးဟု ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ကာကွယ်ပြောဆို

(မီလန်၊ ဇန်နဝါရီ ၂၈)
အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီသည် ဖက် ဆစ် ခေါင်းဆောင်မူဆိုလီနီအား ခေါင်းဆောင်ကောင်းဟုကာ ကွယ်ပြောဆိုမှု လုပ်ခဲ့သော ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ သည်။

ဗြောင်လိမ်ဗြောင်စား တရုတ်နှင့် ကျွန်တော်သိသမျှ ၎င်းတို့၏ တပည့်များအကြောင်း

Photo: ဗြောင်လိမ်ဗြောင်စား တရုတ်နှင့် ကျွန်တော်သိသမျှ ၎င်းတို့၏ တပည့်များအကြောင်း
Thursday January 31, 2013

ကချင်စစ်ပွဲအတွင်း ယခုရက်ပိုင်းတွင် Internet တွင်တွေ့ရှိလာရသည့်
သတင်းများ၊ ဓာတ်ပုံများနှင့်ပတ်သက်ပြီး ဤစာအားရေးသား
ရခြင်းဖြစ်ပါတယ်။

အစိုးရတပ်နှင့် KIA စစ်ပွဲဖြစ်ပွားတဲ့နေရာမှ KIA အဖွဲ့က ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့တွေကို လိုင်ဇာကိုဖိတ်ခေါ်ပြီး KIA တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှု
တွေကို ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးပြီး ကမ္ဘာကိုပြသခဲ့တာကို
တွေ့ရပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့သတိထားမိတာကတော့ KIA သူပုန်လို့ခေါ်တဲ့ KIA သောင်းကျန်းသူတွေဟာ ယခုနောက်ပိုင်း ခေတ်မီစစ်လက်နက်
ပစ္စည်းတွေကိုအသုံးပြုလာကြတာကို ပြည်တွင်း ပြည်ပ Media တွေက
တစ်ဆင့်တွေ့မြင်လာရပါတယ်။

အသစ်စက်စက် ကျည်ကာဦးထုပ်တွေ၊ ကျည်ကာအင်္ကျီတွေ၊
လေယာဉ်ပစ်သေနတ်တွေဟာ မိုးပေါ်ကကျလာတာတော့မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးသူပုန်လို့ ပြောလို့ရအောင်ကိုမှ KIA အဖွဲ့တွေပြည့်စုံနေပါတယ်။

အချို့နိုင်ငံကစစ်တပ်တွေတောင် မတပ်ဆင်ပေးနိုင်တဲ့ ကျည် ကာအင်္ကျီတွေ၊ ကျည်ကာဦးထုပ်တွေအသုံးပြုနိုင်တာ ဒါတွေကို ဘယ်ကရတာလဲဆိုတာ စဉ်းစားစရာပါ။

ကျွန်တော်တို့ရဲ့ ၈၈ ကျောင်းသားခေါင်းဆောင်ကြီး ကိုမြအေး လိုင်ဇာကိုရောက်တုန်းက KIA တပ်ဖွဲ့ဝင်တွေ ကိုင် ဆောင်ထားတဲ့ လက်နက်တွေနဲ့ အသုံးပြုသောခဲယမ်းများအားလုံး တရုတ်စစ်တပ်က
သုံးတဲ့လက်နက်ခဲယမ်းတွေနဲ့ အတူတူပဲဖြစ်ပါတယ်။

ဒါ့အပြင် သူက လိုင်ဇာကို ဒုတိယအကြိမ်ရောက်တဲ့အချိန်မှာ KIA အဖွဲ့တွေဟာ လက်နက် အသစ်တွေ ကိုင်ဆောင်ထားပြီး ကျည်ကာအင်္ကျီ နဲ့ ကျည်ကာဦးထုပ်တွေကို အသုံးပြုနေတာကို တွေ့ရတယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုသွားပါတယ်။

Internet သတင်းဓာတ်ပုံများမှာ တွေ့ရှိရတဲ့အစိုးရတပ်များမှ KIA ထံက သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ မိုင်းများ
အားလုံးမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သောပစ္စည်းများဖြစ်ပါတယ်။
တရုတ်တို့အနေဖြင့် ယခုအစိုးရသစ်တက်ပြီးနောက်ပိုင်းမှာ UWSA အဖွဲ့နှင့် KIA အဖွဲ့တို့ကို လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးလာကြောင်း၊ ၂၀၁၂ ခုနှစ်ထုတ် James Intelligence Review စာစောင်တွင် ဖော်ပြထားပါတယ်။

၎င်း စာစောင်မှာ တရုတ်တို့မှ UWSA အဖွဲ့အား သံချပ်ကာကားများ၊ ပုခုံးထမ်းလေယာဉ်ပစ်လက်နက်များအား ရောင်းချ ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ ငြင်းဆိုထားသော်လည်း Internet သတင်းမှာ တရုတ်သံချပ်ကာကားများနဲ့ “၀”စစ်သားများ
ဓာတ်ပုံများ ပျံ့နှံ့နေတာကိုတွေ့မြင်နေရပါတယ်။

တရုတ်တို့အနေနဲ့ မြန်မာနယ်စပ်ရှိ တိုင်းရင်းသားသူပုန်များကို လက်နက်ထောက်ပံ့မှုမှာ ယခုအချိန်မှသာမဟုတ်ဘဲ ၂၀၀၄၊ ၂၀၀၅ ခုနှစ်ကတည်းကစပြီးတော့ ကိုးကန့်ဒေသမှာ လက်နက်စက်ရုံများကို တရုတ်တို့အကူအညီနဲ့ တည် ဆောက်ပေးခဲ့တယ်ဆိုတာ အားလုံး
သိပြီးသားဖြစ်မှာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းစမှာ နိုင်ငံတကာမှ အံ့အားသင့်လောက်အောင် အပေါင်းလက္ခဏာ တိုးတက်မှုများ
တွေ့မြင်နေရပေမယ့် အနုတ်လက္ခဏာလို့ဆိုရမယ့် ပြဿနာအခက်
အခဲများကိုလည်း တွေ့ရှိရပါ တယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ၊ လက်ပံတောင်းတောင်ကိစ္စနှင့် ကချင်ပြည်နယ်အတွင်း KIA နှင့် တပ်မတော် တို့၏ စစ်ရေးကိစ္စရပ်များဟာ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့အတွက် ၎င်းဖြစ်စဉ်ဖြစ်ရပ်များ၏
နောက်ကွယ်မှာ တရားခံမည်သူဖြစ်သည်ကို ရှာနေစရာမလိုဘဲ သာဓကတွေကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

တရုတ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးလို့ အော်နေပေမယ့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ကျွန်တော်တို့ နိုင်ငံကိုပင် စစ်ရေး၊
နိုင်ငံရေးမတည်မငြိမ်ဖြစ်ရန် နောက်ကွယ်မှ ကြိုးကိုင်မှုများပြုလုပ်
လာကြောင်း သက်သေအထောက်အထား များစွာ တွေ့ရှိရပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ စစ်တပ်က ထုတ်ဖော်ပြောဆိုတာ ခုချိန်ထိမရှိဘူး ဆိုတာက ကျေးဇူးခံကျေးဇူးစားတွေ ရှိနေလို့သာ အားနာနေလို့လားမသိပါဘူး။

တရုတ်ဗဟိုအစိုးရအနေနဲ့လည်း တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ အလွန်ကောင်းမွန်နေတယ်လို့ ဗန်းပြဆက် ဆံနေသော်လည်း ယူနန်ပြည်နယ်အစိုးရက တရုတ်ကုန်သည်ပွဲစားများရဲ့ လွှမ်းမိုးမှုကို အကာအကွယ်ယူပြီး တရုတ် -မြန်မာနယ်စပ်ဒေသရှိ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများကို စစ်ရေးဖြင့် ကူညီမှု စနစ်တကျ
ဆောင်ရွက် လာကြောင်း တွေ့ရှိရပါတယ်။

အထက်ပါများကို ခြုံ၍သုံးသပ်ရလျှင် ရန်ကုန်မြို့ရှိ တရုတ်သံရုံးမှ ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည့် မြန်မာ နိုင်ငံရှိ လက်နက်ကိုင်
အဖွဲ့များအား လက်နက်များထောက်ပံ့ပေးခြင်းမရှိပါဟူသော
ကြေညာချက်သည် ဗြောင်လိမ် ဗြောင်စားလုပ်ရပ်တစ်ခုသာ ဖြစ်နေသဖြင့် ၎င်းထုတ်ပြန်ချက်အပေါ်ဖြေရှင်းမှုအသစ်တစ်ရပ်လိုအပ်နေကြောင်းကို ပြည်တွင်း၊ ပြည်ပရှိ အမှန်တရားကို လိုလားသူများမှ စောင့်ဆိုင်းတောင်းဆို
နေသည်မှာ ဧကန်မလွဲဖြစ်နေကြောင်း ပြောလိုက်ပါရစေ။

၈၈ကျာင်းသားဟောင်းတစ်ဦး

Irrwaddy ကချင်စစ်ပွဲအတွင်း ယခုရက်ပိုင်းတွင် Internet တွင်တွေ့ရှိလာရသည့်
သတင်းများ၊ ဓာတ်ပုံများနှင့်ပတ်သက်ပြီး ဤစာအားရေးသား ရခြင်းဖြစ် ပါတယ်။အစိုးရတပ်နှင့် KIA စစ်ပွဲဖြစ်ပွားတဲ့နေရာမှ KIA အဖွဲ့က ပြည် တွင်းပြည်ပ မီဒီယာအဖွဲ့တွေကို လိုင်ဇာကိုဖိတ်ခေါ်ပြီး KIA တပ်ဖွဲ့တွေ ရဲ့လှုပ်ရှားမှုတွေကို ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးပြီး ကမ္ဘာကိုပြသ

Microsoft မှဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့် နည်းပညာ

Photo: Microsoft မှဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့် 
နည်းပညာ
Thursday January 31, 2013

၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကို ထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုခြင်း ကို လက်တွေ့ပြသခဲ့လို့ ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာ ကို ပြန်လည် Upgrade လုပ်နေပါပြီ။ နောက်ဆိုရင် လူတိုင်း လက်မှာကိုင်ရ တဲ့ ဖုန်း၊ စားပွဲပေါ် တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော်များများမှာ လွမ်းမိုး လာမယ့်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်းပညာ ဘယ်လိုအလုပ်လုပ် မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။

လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဓာကိုယ် အရေအပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့အခါ အသံလှိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်။ ဥပမာ - ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေး တောက်တဲ့အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါမယ်။ ဒီတော့ ကိုယ်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ့် စက်သေးသေးလေး တစ်ခုတော့ ကပ်ထား၊ ပတ်ထားဖို့လိုပါမယ်။ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။

ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင်သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှမပါပါဘူး။ ယင်း ပရိုဂျက်တာထိုးထားတဲ့ အလင်းရောင် နေရမှာ အသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ် လာ စေဖို့ ဖြစ်ပါတယ်။

အထက်ပါ ရှင်းလင်းပြသမှုက အကြမ်းဖျင်းပဲ ရှိပါတယ်။ ဒါကို မိုက်ခရိုဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာသုသေတနပြုလုပ်လို့ ဖန်တီးနေပါတယ်။ မိုက်ခရိုဆော့ဖ်ဆိုပေမယ့် အပြင်က အင်ဂျင်နေယာများ ဖြစ်ပြီး မိုက်ခရိုဆော့ရဲ့  ဓာတ်ခွဲခန်းကို အသုံြး့ပုခြင်း မျှသာ ဖြစ်ပါတယ်။ ဒီတော့ ထွက်လာမယ့် ထုတ်ကုန်ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

အနာဂတ်မှာ အသုံးပြုရမယ့် အိုင်တီ Gadget များဟာ ရုပ်ရှင်တွေထဲကလိုပဲ လက်ဖဝါးတွေ၊ လက်မောင်းတွေ နဲ့ အခြား ခန္ဓာကိုယ် အရေအပြားနေရာ များမှာသာ ဖြစ်တော့မှာဆိုတော့ နည်းပညာလောကသားတိုင်း စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။
--
Ref: mircosoft,wiki
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/microsoft.html

--
TechSpace Journal
၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကိုထိတွေ့မျက်နှာပြင်အဖြစ် အ သုံးပြုခြင်းကို လက်တွေ့ပြသခဲ့လို့ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာကို ပြန်လည် Upgrade လုပ်နေပါပြီ။ နောက်ဆိုရင် လူတိုင်း လက်မှာကိုင်ရတဲ့ ဖုန်း၊ စားပွဲပေါ်တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော် များများမှာ လွမ်းမိုးလာမယ့်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်း

ဒီကေဘီအေမှ ရယူခဲ့သောမြေများကို ရွာသားများက ပြန်တောင်းဆို

 ဒီကေဘီအေမှ အဖွဲ့ဝင်များ နေထိုင်ရန် ရယူခဲ့သော ကရင်ပြည်နယ်၊ ကတိုင်တိကျေးရွာမှ မြေများကို တရားဝင် ပြန်လည် ရယူလိုကြောင်း ရွာသားများက ပြန်လည်တောင်းဆိုမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
လွန်ခဲ့သော ၁၈ နှစ်ကျော်က လက်နက်နှင့် ငြိမ်းချမ်းရေးလဲရာတွင် ဒီကေဘီအေ အဖွဲ့ဝင်များ ခေတ္တနေ ထိုင်ရန် အိမ်ဝိုင်းများကို ၃ ရက်အတွင်းဖယ်ခိုင်းသောကြောင့် အိမ်ပိုင်ရှင်များက

တောင်ကိုရီးယား နိုင်ငံ၏ တတိယ မြောက် ဒုံးပျံ လွှတ်တင်

တောင်ကိုရီးယား နိုင်ငံ၏ တတိယ မြောက် ဒုံးပျံ လွှတ်တင်

တောင်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ တတိယမြောက် ကြိုးပမ်းမှု တစ်ရပ်အဖြစ် Korea Space Launch Vehicle-1 (KSLV-1)  အမည်ရှိ  ဂြိုဟ်တုတစ်စင်း တင်ဆောင်ထားသော ဒုံးပျံ တစ်စင်းကို ဇန်နဝါရီ ၃ဝ ရက်တွင် အာကာသပတ် လမ်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

တန် ၁၄ဝ အလေးချိန် ရှိသော Naro အမည်ရှိ ဒုံးပျံကို တောင်ကိုရီးယား နိုင်ငံ တောင်ဘက် ကမ်းရိုးတန်း ဒေသရှိ Naro အာကာသ စခန်းမှ လွှတ်တင်ခဲ့သည်။ Naro အမည်ရှိ ဒုံးပျံ၏ အစိတ်အပိုင်း အချို့ကို တောင်ကိုရီးယား နိုင်ငံက တည်ဆောက်ခဲ့ပြီး ကျန်အစိတ်အပိုင်း အချို့ကို ရုရှား နိုင်ငံက တည်ဆောက် ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ဂြိုဟ်တု တစ်စင်းကို အာကာသ ပတ်လမ်း အတွင်း၌ ထားရှိရန် ဒုံးပျံ တစ်စင်းကို ၂ဝဝ၉ ခုနှစ်က လွှတ်တင်ခဲ့ရာ အောင်မြင်မှု ရှိခဲ့သော်လည်း ဂြိုဟ်တုအား ပတ်လမ်းနှင့် ချိတ်ဆက်ရန် ကြိုးပမ်းရာ တွင် အောင်မြင်မှု မရှိခဲ့ကြောင်း၊ ထို့ကြောင့် ၂ဝ၁ဝ ပြည့်နှစ်က ထပ်မံ လွှတ်တင်ရန် ကြိုးပမ်းခဲ့ရာ ဒုံးပျံ လွှတ်တင်ပြီးနောက် စက္ကန့်ပိုင်း အကြာတွင် ထိုဒုံးပျံမှာ ပေါက်ကွဲသွား ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခုတစ်ကြိမ် ထပ်မံ လွှတ်တင်မှုသည် အောင်မြင်မှု မရှိခဲ့ပါက တောင်ကိုရီးယား နိုင်ငံသည် ရုရှားနိုင်ငံနှင့်  ဆက်လက် လုပ်ဆောင်မည် မဟုတ်ကြောင်း၊ အခြား နိုင်ငံများ နှင့်သာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၃ဝ ရက်တွင် ရာသီဥတု အခြေအနေသည် သာယာမှု မရှိသော်လည်း တောင်ကို ရီးယား နိုင်ငံသည် ၎င်းတို့၏ ဒုံးပျံ လွှတ်တင်မှု အစီအစဉ်ကို ရပ်တန့်ခဲ့ခြင်း မရှိကြောင်း သိရသည်။

http://bit.ly/VxdCnj
တောင်ကိုရီးယား နိုင်ငံသည်၎င်းတို့၏ တတိယမြောက် ကြိုးပမ်းမှု တစ်ရပ်အဖြစ် Korea Space Launch Vehicle-1 (KSLV-1) အမည်ရှိ ဂြိုဟ်တုတစ်စင်း တင်ဆောင်ထားသော ဒုံးပျံ တစ်စင်းကို ဇန်နဝါရီ ၃ဝ ရက်တွင် အာကာသပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း အင်

၂၀၁၄အခြေခံမူလတန်းကျောင်းမှ အလယ်တန်းအထိ ဘာသာရပ်အသစ်ထပ်တိုး

၂၀၁၄အခြေခံမူလတန်းကျောင်းမှ အလယ်တန်းအထိ
ဘာသာရပ်အသစ်ထပ်တိုး
Thursday, 31 January 2013

အခြေခံပညာမူလတန်းမှ အလယ်တန်းအထိသင်ကြားလျက်ရှိသော လက်ရှိဘာသာရပ်များ အပြင် နောက်တိုးဘာသာရပ်အဖြစ်  စိုက်ပျိုးရေးနည်းပညာဘာသာရပ်   အသစ်တစ်ခုအား အခြေခံပညာ  မူလတန်းမှအလယ်တန်းအထိ ထည့်သွင်းသင်ကြားတော့မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါကဲ့သို့သော ဘာသာ ရပ်အသစ်တစ်ခုထည့်သွင်းသင် ကြားနေသည့်အပေါ်ကျောင်းဆရာ  Bio ဦးဝင်းမြင့်ကပြောကြားရာ တွင် ““အခု ဒီစိုက်ပျိုးရေးနည်းပညာ  ဘာသာရပ်ကိုအချို့ကျောင်းတွေ ကတော့ သင်နေပြီအချို့ကျောင်း တွေမှာတော့မသင်သေးဘူး။ကျောင်းတိုင်းလိုလို
တော့ သင်ရတယ်။ဒီစာအုပ်ရဲ့သင်ကြားချိန်က လည်း ၇၂နာရီရှိတယ်။
အခုလာ မယ့် နှစ်ဆိုရင်တော့ အကုန်လုံး  သင်ကြားနိုင်မှာပါ အခုကျောင်း တိုင်းမှာ မသင်ကြားနိုင်သေးဘူး ဆိုတာ ဆရာမတွေဆီမှာ စာအုပ်မလုံလောက်လို့ မသင်ကြားနိုင်သေး တာပါ။အခုလို
သင်ကြားတာ ကောင်းပါတယ်။ ဒါကလည်းနိုင်ငံတော်သမ္မတကြီးရဲ့
လမ်းညွှန်ချက် နဲ့ပဲ အဲဒီအကျိုး ကျေးဇူးတွေကို  ပြောပြရင်
အရမ်းကောင်းပါတယ်။ ငယ်ငယ်လေးထဲက (၁)တန်းကလေး၊ အပင်ရဲ့အကြောင်းနားလည်မယ်။ (၂)တန်းကလေးက အပင်ရဲ့အကြောင်းကိုသိလာ၊(၃)တန်းကလေး က အဲဒီအပင်ရဲ့အသီးက
မစားကောင်းတဲ့အသီးလား၊စားကောင်းတဲ့အသီးလားဆိုတာသိလာမယ်။  ကလေးတွေက အခြေခံရသွား မယ်။ အဲလိုအခြေခံရသွားတဲ့ အတွက် ငါတို့နိုင်ငံကစားသုံးသူ  တွေအားလုံးရဲ့ကျန်းမာရေးနဲ့ညီ ညွတ်မယ်။
နောက်ပိုင်းဆိုရင်လူတွေ ကို ဆိုးကျိုးပေးတဲ့ဓာတုပစ္စည်း တွေပပျောက်
သွားနိုင်တယ်။ဒီလို  လမ်းညွှန်ချက်ပေးတဲ့အတွက်””ဟု ပြောကြားခဲ့သည်။

အခြေခံပညာအလယ်တန်း တွင် သင်ကြားလျက်ရှိသော ကျောင်းဆရာ
တစ်ဦးကပြောကြား ရာတွင်လည်း ““အခုဆရာမတို့ လက်ထဲမှာ  ဒီစာအုပ်ကရှိနေပြီ   ကျောင်းသား/ကျောင်းသူတွေရဲ့  လက်ထဲမှာတော့ မရှိသေးဘူး။ ဒီ  ဘာသာရပ်ကိုတော့ ဆရာမတို့က တော့ မသင်ကြားဘူး ဘာလို့လည်း  ဆိုတော့ ဆရာမတို့ဆီမှာ စာအုပ်  မလုံလောက်ဘူး””
ဟုပြောကြားခဲ့သည်။

ဖြိုးအောင်
The Hot News
အခြေခံပညာမူလတန်းမှ အလယ်တန်းအထိသင်ကြားလျက်ရှိသော လက်ရှိ ဘာသာရပ်များ အပြင် နောက်တိုးဘာသာရပ်အဖြစ် စိုက်ပျိုးရေး နည်းပညာ ဘာသာရပ်အသစ်တစ်ခုအား အခြေခံပညာ မူလတန်းမှအလယ်တန်းအထိ ထည့်သွင်းသင်ကြားတော့မည်ဖြစ် ကြောင်း သိရသည်။

ABSDF ဘာကြောင့် KIA နဲ့ပေါင်းသလဲ?

Photo: ABSDF ဘာကြောင့် KIA နဲ့ပေါင်းသလဲ?
=======================

၁။  တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့  နာမည်သေကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်းရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်းလူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးသွန်သံများဆိုတဲ့ ဖွင့်ဖောက်ချမှုကနေ ပြည်သူတွေသိခွင့်ရခဲ့ကြတယ်။

၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဖွန် ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူဝါဒ၊ ခေါင်းဆောင်မှုနဲ့ တယူသန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေးသူလျှိုဆိုပြီးစွပ်စွဲ၊ရက်ရက်စက်စက်လည်ပင်းကို ၀ါးကြောနဲ့လှီး၊ပေါင်းကိုခွဲ ဆားသိပ်၊ အမျိုးသမီးဆိုရင် မိန်မအင်္ဂါကို တံစို့ကိုမီးရဲရဲကင်ပြိးထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှခဲ့လို့ ABSDF ကို အော့နှလုံးနာခဲ့ကြတယ်။

၃။ တပ်မတော်အစိုးရကနေ လက်ရှိ ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်လဲလိုက်တဲ့အချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့ အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာချိန်မှာတော့ ပြည်ပကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုကဘာတွေဘဲလုပ်ခဲ့လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလု့ပ်ခဲ့တယ်။

၎။ ဒီလိုအခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေ သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ကြိုးစားခဲ့တယ်။

၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဖွန်မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များရမလားဆိုပြီး စမ်းကြည့်တယ်။ မီသီးဖွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီဆိုပြီ ဆန်အိတ်တွေဘာတွေတောင် ထမ်းပြလိုက်သေးတယ်။ ABSDF ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တဲ့ မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေရှားမှာ ကုလားတွေနဲ့ပေါင်းပြိး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာတိုင်းရင်းသားဖြစ်အောင် နိုင်ငံခြားသတင်းဌာနတွေနဲ့ လက်ဝါချင်းရိုက်လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် မြောက်ပိုင်း လူသတ်မှုတွေကြောင့်တရားစွဲခံရမှာလဲကြောက်၊သူ့ကိုယ်သူ  ပြည်သူ့အော့နှလုံးနာကြီးဆိုတာလဲသိတော့ ပြန်ပြေးရှာပါတော့တယ်။

၆။ ဒါနဲ့တင်ရပ်သလားဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာ ပါပြီ၊ ပြောင်ပြောင်တင်းတင်းပါဘဲ၊ဘာမဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ကြိုးစားပြန်ပါတယ်။ KIA ကတပ်မတော်ကို ခြုံခိုတိုက်တဲ့အခါ၊KIA က အသာစီးရနိုင်တဲ့တိုက်ပွဲတွေ မှာ Movies ဖိုင်တွေ ဓာတ်ပုံတွေရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကိုကန့်လန့်တိုက်နေတဲ့ သတင်းဌာနတွေ၊ Social Network တွေပေါ်ကိုတင်ပြီး KIA ဘက်ကကူသယောင်နဲ့ ABSDF ကို နာမည်ရအောင်လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့နာမည်ကို ပါအောင်သုံးတယ်။

၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ်လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ပါကြီးအုပ်၊ လိုင်ဇာကနေ တရုတ်ကိုခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်းပေါ်လာ၊ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကို ပြည်သူတွေ ကလည်း ပြင်းပြင်းထန်ထန်ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံးကျပြိး ရှုံ့နိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီဆိုတော့ ABSDF အတွက် ကျင်းထဲကြပ်ထဲကိုရောက်နေပါပြီ။

၈။ ABSDF အတွက် ဒုတိယနည်းလည်းကလည်းအဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လိုနည်းနဲ့မှလက်ခံမှာမဟုတ်ဘူးဆိုတာ သိသွားပါတယ်။ဒီတော့ တစ်ဘက်လှည့်နဲ့ ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ ( KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့ နည်းလမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက်ဆုံးထွက်ပေါက်ရှာမဲ့နည်းလမ်းဖြစ်ပါတယ်။


၉။ KIO/KIA တွေသိဖို့က ABSDF ဆိုတာ KIA ကိုချစ်လွန်းလို့ လာပူပေါင်းတောမဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေတစ်လုံးကို အသက်သွင်းချင်လို့ KIA ဆိုကိုရောက်နေတယ်ဆိုတာပါဘဲ။

JingHpaw Land
၁။ တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့ နာမည်သေကျောင်းသား တပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်းရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်းလူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးသွန်သံများဆိုတဲ့ ဖွင့်ဖောက်ချမှုကနေ ပြည်သူတွေသိခွင့်ရခဲ့ကြတယ်။

နိုင်ငံခြားဧည့် မြဝတီနယ်စပ်ဂိတ်မှ ပြည်တွင်းသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက် လည်ပတ်ခွင့်ပြု

နိုင်ငံခြားဧည့် မြဝတီနယ်စပ်ဂိတ်မှ ပြည်တွင်းသို့ ဆိုင်ကယ်ဖြင့်
ဝင်ရောက် လည်ပတ်ခွင့်ပြု


ခရီးသွားဧည့်များအား မြဝတီနယ်စပ်ဂိတ်မှ ဆိုင်ကယ်စီး၍ တိုက်ရိုက်လည်ပတ်ခွင့်ပြုလိုက်ခြင်းကြောင့် ပိုပြီး သွားလာရ
အဆင်ပြေလာကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။

“ မြဝတီ၊ ကော့ကရိတ်၊ ဘား အံလမ်းကြောင်းက လမ်းမကောင်း ဘူးဆိုပေမယ့် သွားလို့ ရနေတာ ပေါ့နော်။ မော်လမြိုင်ဘက် ရောက် ရင် လမ်းကောင်းသွားပြီး သွားရတာ ချောမွေ့တယ်” ဟု All Asia Exclusive မှ ဦးဖြိုးဝေရာဇာက ပြောသည်။

မြဝတီ နယ်စပ်ဂိတ်မှ မြန်မာ ပြည်တွင်းသို့ တိုက်ရိုက်ဝင်ရောက် ၍ လည်ပတ်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ယခုလတွင် တရားဝင် သွား လာခွင့် ပြုလိုက်ခြင်းဖြစ်ပြီး ယင်း
လမ်းကြောင်းမှာ အမြန်လမ်းပေါ် ချက်ချင်းရောက်၍ လုံခြုံရေးလည်း အဆင်ပြေကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ဟိုတယ်/ခရီးဝန်ကြီးနှင့် ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံ ပွဲတွင် ပြောသည်။

လက်ရှိတွင် မြဝတီ နယ်စပ် ဂိတ်အပြင် လွိုင်ကော်ဘက်မှလည်း ဂိတ်ပေါက်ဖွင့်ရန် ဖြစ်နိုင်ခြေရှိပြီး အဆိုပါ ဂိတ်တစ်ပေါက် ထပ်မံဖွင့် ဖြစ်ပါက လွိုင်ကော်မှ အင်းလေး၊ နေပြည်တော် စသဖြင့် ခရီးစဉ်များ သွားလာနိုင်ပြီး ဆိုင်ကယ်စီးစွန့် စား၍ ခရီးသွားလိုသူများအတွက် အဆင်ပြေမည့်
လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဦးဖြိုးဝေ ရာဇာက သုံးသပ်သည်။

“ မြဝတီက အခုဝင်လို့ရပြီ ဆိုတာ နယ်စပ်ဝင်ပေါက် တစ်ခုအဖြစ် သတ်သတ်မှတ်မှတ်လေး ရှိနေပြီ။ လွိုင်ကော်က စဖွင့်ဖို့ ကြိုးစားနေတာ
ဆိုတော့ ဘယ်လိုအခြေအနေ ရှိသေးလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၄င်းက ဆက်ပြောသည်။

မြဝတီဂိတ်နှင့် လွိုင်ကော် ဂိတ် နှစ်ခုစလုံး ဖွင့်မည်ဆိုပါက လွိုင်ကော်ဂိတ်မှာ လမ်းကောင်း သည့် ဂိတ်ဖြစ်သဖြင့် ဝင်ရလွယ်ကူမည် ဆိုသော်လည်း
နိုင်ငံခြား ခရီးသွားများ အတွက် ပြည်တွင်းသို့ ဝင်ရောက်ရန် လူဝင်မှု
ကြီးကြပ် ရေးမှလည်း စည်းမျဉ်းများ ဖြေ လျှော့ခြင်း၊ ခွင့်ပြုခြင်းများ
ပြုလုပ် ပေးမည်ဆိုလျှင် လွိုင်ကော်ဂိတ်မှ ဝင်ရောက်ရန် ပိုအဆင်ပြေမည်
ဖြစ်ကြောင်း သိရသည်။

မြဝတီဂိတ်မှ ဆိုင်ကယ်စီးခရီးသွားများ ဝင်ရောက်မည်ဆိုပါက မြဝတီမှ တစ်ဆင့် မော်လမြိုင်၊ ကျိုက်ထို၊ ကျိုက်ထီးရိုး၊ ပဲခူးနှင့် ဘားအံမြို့များသို့ သွားရောက် လည်ပတ် နိုင်ပြီး လွိုင်ကော်ဂိတ်ဖွင့်မည်ဆိုလျှင် လွိုင်ကော်မှ တစ်ဆင့် ကယားပြည်နယ်သို့ ချိတ်ဆက်သွားလာရန် ခရီးစဉ်သစ်များ တိုးချဲ့သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ နယ်စပ်ဂိတ်မှ ဝင်ရောက် လည်ပတ်သူ
နိုင်ငံခြားသား ဧည့် အရေအတွက်မှာ ၄၅၄၉၄၂ ဦးရှိ ကြောင်း သိရသည်။

ခိုင်နွယ်ဦး

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ခရီးသွားဧည့်များအား မြဝတီနယ်စပ်ဂိတ်မှ ဆိုင်ကယ်စီး၍ တိုက်ရိုက် လည်ပတ်ခွင့်ပြုလိုက်ခြင်းကြောင့် ပိုပြီး သွားလာရအဆင်ပြေ လာကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။
“ မြဝတီ၊ ကော့ကရိတ်၊ ဘားအံလမ်းကြောင်းက လမ်းမကောင်း ဘူး ဆိုပေမယ့် သွားလို့ ရနေတာ ပေါ့နော်။ မော်လမြိုင်ဘက် ရောက်ရင်

ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်

ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်
Thursday January 31, 2013

ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ
ပြုလုပ်ပါက တိုင်ကြားနိုင် တယ်လို့ ယခုလ အတွင်းက ရန်ကုန်မြို့တော် ခန်းမမှာ ပြုလုပ်ခဲ့တဲ့

သတင်းစာ ရှင်းလင်းပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ လာဘ်ပေး လာဘ်ယူမှုများနဲ့ ပတ်သက်ပြီး တိုင်ကြားမှုများ မရှိ တဲ့အတွက် တိုင်ကြား လိုသူတွေမှ တိုင်ကြား နိုင်ဖို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ အတွက် တိုင်းကြားချက် တွေရှိခဲ့ရင် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ရဲလက်စွဲ ဥပဒေများ အရ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသည်တင် ကားများမှ ပိုက်ဆံများ ပစ်ချပေး ရင်တော့ အဆိုပါ ခရီးသည်တင် ကားများကိုပါ အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပုံ အသစ်နဲ့ ဆောင်ရွက်
နေပြီး စည်ပင် သာယာ နယ်နိမိတ် ၃၁ မြို့နယ်မှာ တစ်မြို့နယ် တပ်ဖွဲ့တစ်စုနဲ့ စည်ပင် သာယာ နယ်နိမိတ်ပြင်ပ ၁၄ မြို့နယ်ကို နှစ်မြို့နယ် တပ်ဖွဲ့စု တစ်ဖွဲ့စီနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ တပ်ဖွဲ့စု တစ်စု မှာတော့ ဒုရဲမှူး အဆင့်ရှိသူ တစ်ဦး၊ ရဲအုပ် ၄ ဦး၊ ဒုရဲအုပ် ၃ ဦးနဲ့ အခြားအဆင့် ၂၈ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်ဖွဲ့စည်း ထားတယ်လို့ သိရပါတယ်။

Mrtv - 4
ဓာတ်ပုံ - Popular Myanmar News Journal
ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်ထိန်းရဲများ လာဘ်ပေး လာဘ်ယူ ပြု လုပ်ပါက တိုင်ကြားနိုင်တယ်လို့ ယခုလအတွင်းက ရန်ကုန်မြို့တော် ခန်းမမှာ ပြုလုပ်ခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲမှတာဝန်ရှိသူတစ်ဦး ရဲ့ ပြောပြချက်အရသိရပါတယ်။ လက်ရှိမှာတော့ အဆိုပါလာဘ်ပေး လာဘ်ယူမှုများနဲ့ ပတ်သက်ပြီးတိုင်ကြားမှုများမရှိတဲ့အတွက် တိုင်ကြား

ဘာမြူဒါ တြိဂံ



ဘာမြူဒါ တြိဂံ (Bermuda Triangle) သည် အတ္တလန်တစ် (Atlantic) သမုဒ္ဒရာ၏ အနောက်မြောက်အရပ်တွင် တည်ရှိသော နေရာ တဝိုက်ဖြစ်ပြီး ထိုနေရာမှာ သင်္ဘော၊ လေယာဉ် များ ပျောက်ဆုံး သွား သည်ဟု နာမည်ကြီးသော နေရာဖြစ်သည်။ ဘာမြူဒါတြိဂံဟု ခေါ် ရခြင်းမှာ
ထိုနေရာတည်နေပုံသည် တြိဂံပုံထွက်နေသောကြောင့်ဖြစ် သည်။ အကြမ်းဖျင်းအားဖြင့် မက္ကဆီကို ပင်လယ်ကွေ့၊ ဖလော်ရီ ဒါ ပြည်နယ်၏ အစွန်းနှင့် ကာရီဘီယံကျွန်းများ အနီးတစ်ဝိုက်ဖြစ်သည်။

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်

Gas pipeline at Sipaw သီပေါမြို့နယ်အတွင်းဖြတ်သန်းသော ဂက်စ်ပိုက်လိုင်း (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
ရခိုင်ကမ်းလွန်မှဂက်စ်နှင့်ရေနံစိမ်းများကို မေလ ၁ ရက်နေ့ တရုတ်ပြည် သို့စတင်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည့် အပေါ်  မြန်မာ- တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ မှ ဂက်စ် ပိုက်လိုင်းဖြတ်သန်းသည့်မြို့ရွာမှ ဒေသခံများထံမှ စစ်တမ်းကောက် ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင် ကန့်ကွက် မည်ဟုဆိုပါသည်။

UWSA ၏ စစ်ရေးလေ့ကျင့်ရေးမှူး ကွယ်လွန်

li wen -gift-exchange4 ဒီဇင်ဘာလ ဆွေးနွေးပွဲက RCSS/SSA အား လက်ဆောင် ပစ္စည်း များပေးနေသော Li Wen
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ စစ်ရေးလေ့ကျင့်ရေးမှူး Li Wen ၏ ဈာပနအခမ်းအနားအား မြို့တော် ပန်ဆန်း၌ ကျင်းပခဲ့ကြောင်း နီးစပ်သည့်သတင်းရပ်ကွက်က ဆိုပါသည်။
အသက် ၆၀ ရှိ Li Wen သည် သွေးတိုးရောဂါဖြင့် ယခုလ ၂၆

မီဒီယာ သမားတွေ ကြောင့် KIA စစ်ရှုံးခဲ့သလော

ကေအိုင်အေတွေရဲ့  ခံစစ်နေရာယူပုံ
ပြည်ထောင်စု တပ်မတော် နဲ့  ကေအိုင်အေတို့တိုက်ပွဲတွေ ဖြစ် ပွားနေစဉ်မှာ ကေအိုင်အေအဖွဲ့တွေက မီဒီယာသမားတွေကို လိုင် ဇာနဲ့ ရှေ့တန်း စစ်ပြေပြင်ကို ခေါ်ယူပြီး သူတို့စစ်တိုက်တာ မှန် သယောင် ခေါ်ပြခဲ့ကြပါတယ်အထူးသဖြင့် ယခင်အစိုးရလက် ထက် က တပ်မတော်ကို အစဉ်အမြဲဆန့်ကျင်ဘက်အမြင်နဲ့ ရေးခဲ့တဲ့ ဧရာဝတီ သတင်းထောက်တွေကိုပါ။  (အခုလဲ  သတင်းထောက်

နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် John Kerry ကို လွှတ်တော်အတည်ပြု

အမေရိကန် အထက်လွှတ်တော်အမတ် John Kerry ကို နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ခန့်အပ်ဖို့ အထက်လွှတ်တော်ကနေ မဲခွဲ အတည်ပြုပေး လိုက်ပါပြီ။ အထက်လွှတ်တော် အမတ် John Kerry နိုင်ငံခြားရေး ၀န်ကြီးဖြစ်လာရင် မြန်မာနိုင်ငံရေးအပေါ် အမေရိကန်မူဝါဒ သက်ရောက်မှုတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။ ကိုသားညွန့်ဦး စုံ စမ်းမေးမြန်းထားပါတယ်။

Wednesday 30 January 2013

ဒေသအချို့ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုများ၍ နေရောင်ခြည်ဒဏ် သတိထားရန်လို

Photo: ဒေသအချို့ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုများ၍ နေရောင်ခြည်ဒဏ် သတိထားရန်လို
Wednesday, 30 January 2013 

မြန်မာနိုင်ငံဒေသအချို့တွင် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုညွှန်းကိန်း
အဆင့် အလွန်မြင့်မားနေသောကြောင့် နေရောင်ခြည်ဒဏ်ကို အထူး
သတိထားရန်လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က
ပြောသည်။

အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့်ကို မြန်မာနိုင်ငံတွင် အဆင့် ၈ မှ အဆင့် ၁၁ အတွင်း သတ်မှတ်ထားပြီး လက်ရှိ မြန်မာနိုင်ငံတွင် ကျရောက်နေသော ခရမ်းလွန်ရောင် ခြည်ညွှန်းကိန်းမှာ အဆင့် ၉ ရှိသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကျန်းမာရေးအားနည်း
ချက်ရှိသူများနှင့် နေရောင်အောက်တွင် မဖြစ်မနေ အလုပ်လုပ်နေရ
သူများအတွက် လိုအပ်သော ကာကွယ်သူမှုများ ပြုလုပ်ထားသင့်ကြောင်း ဦးထွန်းလွင်က အကြံပြုပြောကြားသည်။

“ပူပြင်းတဲ့ နေရောင်အောက်မှာ ကြာကြာမနေဖို့လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း အဆင့် ၉ ဆိုတာ မြန်မာနိုင်ငံလို ရာသီဥတုမျိုးအတွက်သတိထားဖို့ လိုအပ်ပါတယ်”ဟု ဦးထွန်းလွင်က
ဆိုသည်။

ခရမ်းလွန်ရောင်ခြည်ကျရောက်လျှင် အရေပြားဆိုင်ရာ ရောဂါများ အဖြစ်များပြီး ညွှန်းကိန်းအဆင့်မြင့်လာပါက အမြင်အာရုံချို့ယွင်းခြင်း၊ သားသမီး မရနိုင်ခြင်းစသော ရောဂါများအထိ ဖြစ်ပွားနိုင်ကြောင်း
သိရသည်။ သို့သော် ယင်းရောဂါများမှာ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း
အဆင့် ၁၁ ကျော်မှသာဖြစ်တတ်ပြီး မြန်မာနိုင်ငံတွင် ကျရောက်နေသော ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း အဆင့် ၉ သည် အလွန်ဆုံး
အရေပြားကင်ဆာဖြစ်ပွားနိုင်ကြောင်း ဦးထွန်းလွင်ကပြောသည်။

လှည်းတန်းခုံးကျော်တံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားတစ်ဦးက “နေပူဒဏ်ကတော့ သိသိသာသာကို ခံစားရတယ်။ အရင်နှစ်တွေထက် ပိုပူတာတော့ သိသာပါတယ်”ဟု ပြောသည်။

ခရမ်းလွန်ရောင်ခြည်ညွှန်း ကိန်းအဆင့်ကို ပညာရှင်များက ၀ မှ ၁၁ အထိ ခွဲခြားထားပြီး ၀ မှ ၃ အတွင်းကို ညွှန်းကိန်းအနိမ့်၊ ၄ မှ ၇ အတွင်းကို
ညွှန်းကိန်းအလယ် အလတ်အဖြစ် သတ်မှတ်၍ ညွှန်းကိန်း ၈ မှ ၁၁ အထိကို မြင့်မား သော ညွှန်းကိန်းအဖြစ် သတ်မှတ်ထားသည်။

နေ့တစ်နေ့၏ ခရမ်းလွန် ရောင်ခြည်ညွှန်းကိန်းသည် တစ်နေ့လုံး ကျရောက်နေခြင်းမဟုတ်ဘဲ မွန်းတည့်ချိန်တွင် အပြင်းထန်ဆုံးဖြစ်ကာ ခရမ်းလွန်ရောင်ခြည်အပြင်းဆုံးကျရောက်သည့်အချိန် ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ ပညာရှင်များက သတ်မှတ်ထားသည်။

7Day News Journal
မြန်မာနိုင်ငံဒေသအချို့တွင် ခရမ်းလွန်ရောင်ခြည် ကျရောက် မှုညွှန်း ကိန်းအဆင့် အလွန်မြင့်မားနေသောကြောင့် နေရောင်ခြည်ဒဏ်ကို အထူးသတိထားရန်လိုအပ်ကြောင်း မိုးလေ၀ သပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။

ကမ္ဘာ့အလှဆုံးမြို့ ထဲမှာ တစ်ခုဖြစ်သော နော်ဝေမှ Alesund

Photo: ကမ္ဘာ့အလှဆုံးမြို့ ထဲမှာ တစ်ခုဖြစ်သော နော်ဝေမှ Alesund
Wednesday, January 30, 2013

ကမ္ဘာ့ သမိုင်းဝင်မြို့ အနေနဲ့ရော၊ ကမ္ဘာ့အလှဆုံးစားရင်ဝင်မြို့ 
အနေနဲ့ရော၊ နော်ဝေနိုင်ငံရဲ့  အလှပဆုံး၊ အသန်ရှင်းဆုံး မြို့ အနေနဲ့ရော အသိမှတ်ပြု ဆုပေါင်းများစွာ ရရှိထားတဲ့ မြို့ လေး ဖြစ်ပြီး Alesund လို့ အမည်ရပါတယ်။

နော်ဝေနိုင်ငံ အနောက်ဘက်ခြမ်းက ပင်လယ်ကမ်းခြေမြို့  တစ်ခုလည်း
ဖြစ်ပါတယ်။ လူဦးရေ ၅ သောင်းဝန်းကျင်သာရှိပြီး သဘာဝပတ်ဝန်းကျင် နဲ့ နေအိမ်များကို ယခုလို လှလှပပ မြင်တွေ့ ရပါတယ်။ ကမ္ဘာ့လှည့်ခရီးသည် များ သွားရောက်လည်ပတ်လေ့ရှိတဲ့ ဒေသတစ်ခု လည်း ဖြစ်တဲ့အတွက်
မြို့ ရဲ့  အဓိက စီးပွားရေး လုပ်ငန်းက Tourism ဖြစ် သွားပါတယ်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ယနေ့တိုင် ပုံစံမပျက် ထိန်းသိမ်းထားတဲ့ သမိုင်းဝင် ဘုရားကျောင်းများ၊ တိုက်တာ အဆောက်အအုံများ အမြောက်အများ တည်ရှိနေကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး နိုင်ငံတကာ

http://www.yoyarlay.com/international-news/europe/34004-the-world-most-beautiful-city-alesund

--
YoYarLay
ကမ္ဘာ့ သမိုင်းဝင်မြို့ အနေနဲ့ရော၊ ကမ္ဘာ့အလှဆုံးစားရင်ဝင်မြို့  အနေနဲ့ ရော၊ နော်ဝေနိုင်ငံရဲ့  အလှပဆုံး၊ အသန်ရှင်းဆုံး မြို့ အနေနဲ့ရော အသိ မှတ်ပြု ဆုပေါင်းများစွာ ရရှိထားတဲ့ မြို့ လေး ဖြစ်ပြီး Alesund လို့ အ မည် ရပါတယ်။

ရုံးသမား တို့အတွက် အလွယ်ကူဆုံး လေ့ကျင့်ခန်း

Photo: ရုံးသမား တို့အတွက် အလွယ်ကူဆုံး လေ့ကျင့်ခန်း
Wednesday, January 30, 2013

ရုံးသမားရယ်လို့ မဟုတ်ပဲ နေ့စဉ် ထိုင်ပြီး အလုပ်လုပ်ရ၊ ပညာသင်နေရ သူများအတွက် အလွယ်ကူဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

ယနေ့ အရိုးကျီးပေါင်း၊ ဇာတ်ကြောတတ်၊ ခါးနာ၊ ကြောနာ၊ ခေါင်းကိုက်၊ မူးဝေခြင်း နဲ့ ခန္ဓာကိုယ် ကြွက်သားများ အားနည်းလာမှု အစရှိ သဖြင့် ရောဂါများရဲ့  အဓိက ဇစ်မြစ်ဟာ အထိုင်းများတဲ့ ပြဿနာ တစ်ခုဖြစ်ကြောင်း လေ့လာ သူ ဆေးပညာရှင်များက ပြောဆိုထားပါတယ်။

အထိုင်များသူများအနေနဲ့ လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းမရှိ ရင် နောက်ဆက်တွဲ ရောါဂါက ကြွက်သား အပြင် ကိုယ်တွင်း အင်္ဂါအစိတ် အပိုင်းထိကို ဆက်စပ်သွားနိုင်ပါတယ်။ ဒါကြောင့် ရုံးမှာ ထိုင်နေရင်းနဲ့တောင် လုပ်ရှား ပြုလုပ်နိုင်မယ့် အလွယ်တကူ လေ့ကျင့်ခန်း နည်း လမ်းကို ရှာဖွေ မျှဝေ ပေးလိုက် ရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး
YoYarLay
ရုံးသမားရယ်လို့ မဟုတ်ပဲ နေ့စဉ် ထိုင်ပြီး အလုပ်လုပ်ရ၊ ပညာသင်နေရ သူများအတွက် အလွယ်ကူဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။
ယနေ့အရိုးကျီးပေါင်း၊ ဇာတ်ကြောတတ်၊ ခါးနာ၊ ကြောနာ၊ ခေါင်းကိုက်၊ မူးဝေခြင်းနဲ့ ခန္ဓာကိုယ်ကြွက်သားများ အားနည်းလာမှုအစရှိ သဖြင့် ရောဂါများရဲ့  အဓိကဇစ်မြစ်ဟာအထိုင်းများတဲ့ ပြဿနာတစ် ခုဖြစ်ကြောင်း လေ့လာသူ ဆေးပညာရှင်များက ပြောဆိုထားပါတယ်။

KIA အကြမ်းဖက် ခေါင်းဆောင် ဂမ်ရှောင် စစ်ရာဇ၀တ်မှု့ တစ်ခု နောက်ထပ် ကျူးလွန်ဖို့ ပြင်ဆင်နေဟု သတင်းထွက်

KIA မှ မြို့ကြီးများတွင် အသေခံဗုံးခွဲရန် စေလွှတ်

လိုင်စင်ပို့စ်  ဇန် ၃၀ ၂၀၁၃

ကချင်ဒေသအတွင်းသို့ ဆက်သွယ်ထားသော လမ်း/ တံတားများနှင့် ရထားလမ်းများကို KIAမှ အစိုးရတပ်အသုံးပြုသည်ဟု အကြောင်းပြချက်ဖြင့် အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် KIA သောင်းကျန်းသူ၏ အခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့သည်။ ကချင်ဒေသခံနှင့် နိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်းသားများကလည်း KIA အား ရွံ့ရှာစက်ဆုပ်လာကြသည်။
  
    ယခုတဖန် KIA သည် အစိုးရအား နိုင်ငံရေးသိက္ခာ ကျဆင်းစေ ရန်နှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအား အထင်မြင်သေးစေရန် ရည်ရွယ်ချက်ဖြင့် မြို့ကြီးများတွင် အကြီးစားဖောက်ခွဲ ဖျက်ဆီးမှု များ ပြုလုပ်ရန် အတွက် အသေခံအဖွဲ့အဖြစ် ဖွဲ့စည်းထားသော KIA သောင်းကျန်းသူများအား ကချင်ပြည်နယ် လိုင်စင်ပို့စ်မှ မနေ့က စတင်စေလွှတ်ခဲ့သည်ဟု လိုင်စင်ပို့စ် ဒေသခံတစ်ဦးထံမှ သတင်းရရှိ ပါတယ်။  အနီးစပ်ဆုံးမှရှိသည့် မြစ်ကြီးနား မြို့မှ ဒေသခံများနှင့် ဗန်းမော်မြို့မှ ဒေသခံများမှ KIA ၏ပြုလုပ်မည့်အစီအစဉ်ကို ကြားသိပြီး စိုးရိမ်မှုများဖြစ်ပေါ် နေသည်ဟု ဒေသခံများ၏ပြောပြချက်အရသိရှိရသည်။KIA မှ မြို့ကြီးများတွင် အသေခံဗုံးခွဲရန် စေလွှတ်


ကချင်ဒေသအတွင်းသို့ ဆက်သွယ်ထားသော လမ်း/ တံတားများနှင့် ရထားလမ်းများကို KIAမှ အစိုးရတပ်အသုံးပြုသည်ဟု အကြောင်းပြ ချက်ဖြင့် အကြိမ်ကြိမ်မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ သည်။ သို့သော် KIA သောင်းကျန်းသူ၏ အခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့သည်။

သတင်း မှတ်တမ်းယူသည့် ပြင်သစ်နိုင်ငံသားတဦး ပြည်နှင်ခံရ


 ငြိမ်းချမ်းရေးအတွက် လိုင်ဇာ ရောက်သည်အထိ လမ်းလျှောက်သူများ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ရန်ကုန်မြို့မှ ကချင်ပြည်နယ်လိုင်ဇာမြို့နယ်အထိ  ငြိမ်းချမ်းရေး လမ်းလျှောက်နေသူများနှင့် လိုက်ပါ၍ သတင်းမှတ်တမ်း ရယူသည့် ပြင်သစ်နိုင်ငံသားတဦးကို ယနေ့ညနေ ပိုင်းတွင် မြန်မာနိုင်ငံမှ ပြည်နှင်ဒဏ် ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဦးဆန်းဆင့် ဧရာဝတီတိုင်းမှာ ပေါ်ပြူလာဖြစ်


ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီး ခန့်အပ်ခြင်းမပြုဘဲ ဧရာဝတီတိုင်းမှာပဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့ သက်တမ်းကုန်တဲ့ အထိဆက်ထားပေးဖို့ ပြည်သူ ၇,၀၀၀ ကျော်က အင်္ဂါနေ့မှာ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအနီး ကေအိုင်အေများ လူနေအိမ်ကို အသုံးပြု တိုက်ခိုက်

မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအနီး ကေအိုင်အေများ လူနေအိမ်ကို အသုံးပြု တိုက်ခိုက်
====================================
ဇန်န၀ါရီလ ၂၉ ရက် ညနေ ၇ နာရီ ၂၀ ခန့်တွင် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ အနီး မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် ကေအိုင်အေများမှ လူနေအိမ်ကို အကာအကွယ်ပြု တိုက်ခိုက်သဖြင့် ပြန်လည် ပစ်ခတ်ရာ လက်နက်ကြီး ထိမှန်မှုကြောင့် နေ အိမ် ပေါ်ရှိ အသက် ၂၅ နှစ်အရွယ် မိခင်နှင့် အသက် ၈ နှစ် အရွယ် ကလေးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ကေအိုင်အေ သောင်းကျန်းသူများ အနေဖြင့် ယခုရက်ပိုင်းအတွင်း ရွာသားများ ဟန်ဆောင်၍ လည်းကောင်း၊ ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်များကို အသုံးချ၍ လည်းကောင်း တိုက်ခိုက်မှုများ ပြုလုပ်လျှက် ရှိသည်။

ဇန်န၀ါရီလ ၂၉ ရက် ညနေ ၇ နာရီ ၂၀ ခန့်တွင် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ အနီး မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ် ဖြစ် မဖြစ် ဆက်သွယ်ရေး အရှုပ်တော်ပုံ ရှင်းပြီးမှ သိမည်

မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ် ဖြစ် မဖြစ် ဆက်သွယ်ရေး
အရှုပ်တော်ပုံ ရှင်းပြီးမှ သိမည်
Wednesday, January 30, 2013

လတ်တလောဖြစ်ပွားနေသော ဆက်သွယ်ရေးအရှုပ်တော်ပုံကို ရှင်းလင်းပြီး မှသာ တန်ဖိုးနည်းမိုဘိုင်းဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတရုံး
ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

တန်ဖိုးနည်းမိုဘိုင်းဆင်းကတ် ဈေး နှုန်းနှင့်ပတ်သက်၍ ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းသန်းက
ယခုနှုန်းထားထက်များစွာသက်သာသည့် နှုန်းဖြင့် ဝန်ဆောင်မှုပေးမည်ဟု
ပြောကြားပြီးနောက်တွင် ဆင်းကတ်ေ ဈး နှစ်သောင်းကျပ် သတ်မှတ်မည်
ဆိုသည့် သတင်းများ ပြည်သူများကြားတွင် ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးက ”မူလ ထက် အများကြီး ဈေးလျှော့သွားမယ်လို့ ပြောနိုင်တယ်။ ”အခုက အဖြေမထွက်သေး တာ။ အရင် သူတို့ရဲ့ အရှုပ်ထုပ်ကို ရှင်းနေတယ်။ ပြီးမှရမှာပေါ့။ တချို့ ကလည်း သူတို့ဖြစ်ချင်တာကို လျှောက်ပြောနေတယ်။ ဌာနတွေကို လည်း နည်းနည်းစစ်နေတယ်။ အ ရင်ကအမြတ်ကြီးစား
ထားတာတွေကိုပေါ့။ ဖုန်းဈေးကို ဘယ်လောက်နဲ့ လျှော့ပေးနိုင်တယ်
ဆိုတာ ညှိနှိုင်းပြီး ရင် ပြည်သူတွေအတွက် လုပ်ပေး သွားမှာပါ”ဟု ပြောသည်။

ဆင်းကတ်ဈေး နှစ်သောင်း ကျပ်နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး မှ အကြီးတန်းအရာရှိတစ် ဦးအား မေးမြန်းခဲ့ရာ ဒုတိယဝန် ကြီး ပြောကြားသည့်
အတိုင်းသာ သိရှိကြောင်းဖြေကြားခဲ့သည်။ဆင်း ကတ်ဈေးနှင့်ပတ်သက်၍ အတိအကျ မပြောနိုင်သေးသလို ရောင်းချ ပေးမည့် အချိန်ကိုလည်း ”သိပ် မကြာနိုင်ဘူးလို့ ပြောလို့ရတယ်။ ခဏတော့စောင့်ရမယ်။ ဘာကြောင့် လဲဆိုတော့ ဈေးနှုန်းညှိနေတာေ ကြာင့် ပါ”ဟု ဦးစိုးသိန်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ သမ္မတက ဖုန်းဈေးနှုန်းကို ကျပ်တစ်သိန်း အောက်
လျှော့ချရန်ညွှန်ကြားခဲ့ခြင်း နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကယခုနှုန်းထားထက် များစွာသက်သာသည့်နှုန်း ဖြစ်မည် ဟုပြောခဲ့ခြင်းကြောင့် နှစ်သောင်း ကျပ်သာရှိမည်ဆိုသည့် သတင်းကို အိပ်မက်ဟုမပြောနိုင်ေ ကြာင်း ဈေး ကွက်ကျွမ်းကျင်သူ တစ်ဦးက သုံး သပ်သည်။ မိုဘိုင်းဖုန်း ဆားဗစ် ကျွမ်းကျင်သူ ကိုစည်သူက ”ကျပ် ငါးသောင်းလောက် အနေအထား ဖြစ်ရင်တောင် ရန်ကုန် မှာရှိတဲ့ 
ဝန် ထမ်းတွေ၊ အခြေခံလူတန်းစား အနည်းအကျဉ်း ဖုန်းကိုင်နိုင်ပါပြီ။ 
ဒီ ထက်ဈေးနှုန်းလျှော့မယ်ဆိုရင်တော့ နိုင်ငံတကာနှုန်းမဖြစ်ရင်တောင် 
လူ တိုင်းနီးပါး ဖုန်းကိုင်နိုင်မှာပါ”ဟု ပြောသည်။

မင်းသုအောင်၊ အောင်ဇော်
Popular Myanmar News Journal

လတ်တလောဖြစ်ပွားနေသော ဆက်သွယ်ရေးအရှုပ်တော်ပုံကို ရှင်း လင်းပြီးမှသာ တန်ဖိုးနည်းမိုဘိုင်းဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

၂၀၁၂ အတွင်း လူသတ်မှုနှင့်မုဒိမ်းမှု အများဆုံးဖြစ်


မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုးတွင် လူသတ်မှုနှင့်မုဒိမ်းမှုမှာ ယခင်နှစ်များကဲ့သို့ အများဆုံးဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နေ့ခင်းကြောင်တောင် ရန်ကုန်မြို့လယ်ခေါင် တစ္ဆေခြောက်ခံရခြင်း


“သင်္ချိုင်းစောင့်စံအိမ်”၊ “သုသာန်စောင့်မဖဲဝါ”၊ “သရဲမလင်”၊ “တစ်နပ် စားခင်မှုန်”၊ “ခြတောင်ပို့ဖြို၍ ကြမ္မာဆိုးနှင့်
သေကြသူများ”၊ “၀က်မိစာ”၊ “အမေကို ပစ်မှားတဲ့ဘီလူးဝင်စားသား”၊ “မကျွတ်မလွတ်ကျော်မမ”၊ “လက်ပြတ်ဝင်စား မလှရီ”မြန်မာ ဗီဒီယိုဈေးကွက် ဗဟိုချက်ဖြစ်သော ရန်ကုန်မြို့လယ် ၃၅ လမ်းနှင့် ၃၆ လမ်းရှိ ဗီဒီယိုလုပ်ငန်းများ

အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ

အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အမျိုးသမီးတွေကို မုဒိန်းကောင်တွေရဲ့ အန္တရာယ်ပေးမှုက ခုခံကာကွယ်နိုင်အောင် ငရုပ်သီးမှုန့်နဲ့ ဓားတွေ ဆောင်ထားဖို့ အိန္ဒိယနိုင်ငံက နိုင်ငံရေး ပါတီကြီး တခုက ဝေ ငှပေးဝေနေပါ တယ်။
အခုလို အမျိုးသမီးတွေ ငရုပ်သီးမှုန့်နဲ့ဓားဆောင်ဖို့ ဖြစ်လာရတာက လွန်ခဲ့တဲ့ လတုန်းက ဒေလီမြို့ မှာ ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့

ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက်အစောပိုင်း ဘောလုံးပွဲရလဒ်များ


အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ် (၂၄)
-------------------------------------

Myanmar Times အင်္ဂလိပ်အယ်ဒီတာချုပ် ဒန်ကလေ တရားစွဲခံရ

 မြန်မာတိုင်းမ်စ် ဂျာနယ် အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ် Ross Dunkley.
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ထုတ်ဝေနေတဲ့ မြန်မာတိုမ်းဂျာနယ်ရဲ့ အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် မစ်စတာ ရော့စ်ဒန်ကလီကို Myanmar Consolidated ကုမ္ပဏီရဲ့ ဒါရိုက်တာက ကိုယ်ထိ လက်ရောက် ကျူးလွန်မှုအပါအ၀င် ပုဒ်မ နှစ် ခုနဲ့ ကျောက် တံတား

နိုင်ငံရေးပြဿနာရဲ့ အန္တရာယ် အီဂျစ်စစ်တပ် သတိပေး

 အီဂျစ်နိုင်ငံမှာ ဆန္ဒပြမှု ဆက်လက်ဖြစ်ပွား
အီဂျစ်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဓိ ကရုဏ်းတွေကြောင့် နိုင်ငံပြုကွဲသွား နိုင်တယ်လို့ အီဂျစ်စစ်တပ် အကြီး အကဲက သတိပေးလိုက်ပါတယ်။

ကချင်ပဋိပက္ခ UWSA ကြားဝင်စေ့စပ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းသွားစေဖို့အတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲတွေကို ၀ နယ်မြေတွင်းမှာ ပြုလုပ်ဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖိတ်ခေါ်ထားတာကို KIO ဘက်ကလက်ခံ လိုက်ပြီဖြစ် ပါတယ်။ အစိုးရဘက်ကလည်း အရင်ရက်တွေကတည်းက လက်ခံ

Tuesday 29 January 2013

မိုဘိုင်းဖုန်းနှင် ဆက်စပ်သော စိတ်ရောဂါသစ် တွေ့ရှိ


ရယ်စရာ မဟုတ်ပါဘူး။ တကယ် ရောဂါ စစ်စစ်ဖြစ်ပါတယ်။ ဟန်းဖုန်းမရှိတော့ တာမျိုး၊ ဟန်းဖုန်း ပါဝါ ကုန် သွားတာမျိုး၊ ဟန်းဖုန်း ဘေလ်ကုန်သွားတာမျိုးကျရင် စိတ်ဓာတ်ကျဆင်းမှုနဲ့ အခြားမအီမသာခံစားချက် တစ်ခု ဖြစ်ပေါ်ပြီး ယင်းစိတ်ရောဂါကို Nomophobia လို့ အမည်ပေး ထားပါ တယ်။

ဆီးဂိမ်းတွင် ယှဉ်ပြိုင်မည့် အားကစားနည်းများ တရားဝင်ထုတ်ပြန်




မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) မှာ ယှဉ်ပြိုင်မယ့် အားကစားနည်း ၃၃ မျိုးကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကောင်စီက ဇန်န၀ါရီ ၂၉ ရက်နေ့ နေပြည်တော်မှာ အစည်းအဝေး ကျင်းပပြီး အတည်ပြု လိုက် တယ်လို့ ဆီးဂိမ်းပြိုင်ပွဲ ပြောရေးဆိုခွင့်ရှိသူ အား/ကာ လူထုပညာဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဒီဗွီဘီကို ပြောပါတယ်။

နယ်သာလန်ဘုရင်မ ဘီထရစ် ထီးနန်းစွန့်မည်

Photo: နယ်သာလန်ဘုရင်မ ဘီထရစ် ထီးနန်းစွန့်မည်
Tuesday, 29 January 2013

နယ်သာလန် ဘုရင်မ ဘီထရစ်သည် ယခုအခါ သူမ၏ ထီးနန်းကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့သည်။ ဘုရင်မ နန်းစွန့်ပြီးနောက် သူမ၏ အရိုက်အရာကို သားကြီးဖြစ်သူ မင်းသား ဝီလျံ အလက်ဇန္ဒားထံ လွှဲအပ်ပေးရန်လည်း ဆုံးဖြတ်ခဲ့သည်။

တနင်္လာနေ့ ညနေပိုင်းက ဘုရင်မသည် တစ်နိုင်ငံလုံးသို့ ဝီလျံသည် ဘုရင်အသစ် ဖြစ်လာတော့မည်ဆိုသော သတင်းကို အတည်ပြု အသိပေးခဲ့သည်။ 

Planet Myanmar Network
နယ်သာလန် ဘုရင်မဘီထရစ်သည် ယခုအခါ သူမ၏ထီးနန်းကို စွန့် လွှတ်တော့မည် ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့သည်။ ဘုရင်မနန်း

မခုန်ပဲ လမ်းလျှောက်သော ဖားပညာရှိ သို့မဟုတ် မျောက်ဖား

Photo: မခုန်ပဲ လမ်းလျှောက်သော ဖားပညာရှိ သို့မဟုတ် မျောက်ဖား
Tuesday, 29 January 2013

Monkey Leaf Frog လို့ခေါ်တဲ့ သစ်ပင်ပေါ်နေ ဖားတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ ဈေးကြီး အိမ်မွေး တိရစ္ဆာန်စာရင်းထဲမှာလည်း ပါရှိပါတယ်။

ပုံစံကလည်း တကယ့် ပညာရှိပုံအတိုင်းပါပဲ။ မျက်လုံးနဲ့ ကိုယ်ဟန် နေထိုင် သွားလာပုံက အလွန်တည်ငြိမ် ပါတယ်။ နေ့ဘက်တွေ မှာ နေပူစာလုံ လို့ အေးအေးဆေးဆေး နေတတ်ပြီး ညဘက်မှာ အင်းဆက် အစာရှာထွက် တတ်တဲ့ ဖား ဖြစ်ပါတယ်။ ရာသီတစ်ခုလုံး မြေအောက် မဆင်းပဲ သစ်ပင်ပေါ် မှာပဲ နေထိုင်နိုင်လောက်အောင် လည်း ထူးခြားတဲ့ ဖား ဖြစ်ပါတယ်။

Waxy Monkey Leaf Frog လို့လည်း ခေါ်ပါတယ်။ အရွယ်အစား သေး ပါတယ်။ ၂ လက်မနဲ့ ၃ လက်မ အတောအတွင်းသာ ရှိပြီး အမတွေက အထီးထက် ၂၅ ရာခိုင်နှုန်း ပိုကြီးတတ်ပါတယ်။ တစ်ကမ္ဘာလုံးမှာမှ တောင် အမေရိကနဲ့ အမေရိကတိုက် အလယ်ပိုင်းတွေမှာပဲ မြင်တွေ့ရတဲ့ ဖားမျိုးစိတ် ဖြစ်ပြီး ရှားပါးဖားထဲမှာ ပါဝင် ပါတယ်။

ခုန်တတ်ပေမယ့် လမ်းလျှောက်ပြီး သွားတဲ့ အကျင့် ပိုရှိတဲ့အတွက် Monkey Frog လို့ အမည်ပေးထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းကနေ လို့ Monkey Leaf Frog ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဝယ်ယူ မွေးလေ့ ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

Monkey Leaf Frog လို့ခေါ်တဲ့ သစ်ပင်ပေါ်နေ ဖားတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ ဈေးကြီး အိမ်မွေး တိရစ္ဆာန်စာရင်းထဲမှာလည်း ပါရှိပါတယ်။

သပိတ်စခန်း ဖြိုခွဲခံရမှု ၂ လပြည့် ဒေသခံ ၂၀၀၀ ချီတက် ဆန္ဒပြ


လက်ပန်းတောင်းတောင်ဒေသ က ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရမှု ၂ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒေသခံအင်အား ၂ ထောင်ကျော်ဟာ တုံရွာသပိတ်စခန်း ကနေ ညောင်ပင်ကြီးဆိပ်ကမ်းအထိ ဒီကနေ့လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးကို အဓိကထား တောင်းဆိုခဲ့တယ်လို့ အဲဒီဆန္ဒပြပွဲမှာပါဝင်တဲ့ တောကျောင်းကျေးရွာ မှ ဒေသခံ ဦးမြင့်ဌေးက RFA ကို ပြောပါတယ်။

တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ဟု ဦးအောင်သိန်းလင်း ပြော

ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍ အမေရိကန် ၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်း လင်းပြော
=================================================

ကာဇက်စတန်တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွား

Photo: ကာဇက်စတန်တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွား
Tuesday, 29 January 2013

ကာဇက်စတန်တွင် လေယာဉ်ပျက်ကျမှု ဖြစ်ပွားကာဇက်စတန်နိုင်ငံတွင်
လေယာဉ်တစ်စင်း ယနေ့ ပျက်ကျသွားရာ လူ ၁၅ ဦး သေဆုံးသွားကြောင်း သိရသည်။ လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၅ ဦးနှင့် ခရီးသည် ၁၅ ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း ကာဇက်စတန် အရေးပေါ်ဌာနက
ပြောကြားသည်။

ပျက်ကျသွားသည့် လေယာဉ်မှာ ကာဇက်စတန်အခြေစိုက် SCAT လေကြောင်းလိုင်းမှ Challanger-200 အမျိုးအစား
လေယာဉ်ဖြစ်သည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် အများစုမှာ စီးပွားရေုးလုပ်ငန်းရှင်များဖြစ်ကြောင်းနှင် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်။

Photo: kz-photo.net
Planet Myanmar Network
ကာဇက်စတန်တွင် လေယာဉ်ပျက်ကျမှု ဖြစ်ပွားကာဇက်စတန်နိုင်ငံတွင်
လေယာဉ်တစ်စင်း ယနေ့ပျက်ကျသွားရာ လူ ၁၅ ဦး သေဆုံး သွားကြောင်းသိရသည်။ လေယာဉ်ပေါ် တွင် လေယာဉ်အမှုထမ်း ၅ ဦးနှင့် ခရီးသည် ၁၅ ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း ကာဇက်စတန် အရေးပေါ်ဌာနကပြောကြားသည်။

အသံထွက်သော စန္တယားလှေကားများ

Photo: အသံထွက်သော စန္တယားလှေကားများ
Tuesday, 29 January 2013

တရုတ်နိုင်ငံ အရှေ့ ပိုင်း Hangzhou မြို့ က Wulin Square မှာ ရှိတဲ့ လှေကား တစ်ခုမှာ ဖြစ်ပါတယ်။ လှေကား အထစ်တိုင်းကို စန္တယား လို ပြုပြင်လိုက်ပြီး အတက်အဆင်း လုပ်တိုင်း အသံထွက်စေ ပါတယ်။

၂၀၀၉ ခုနှစ် အောက်တိုဘာလက ဂျာမနီမှာ Volkswagen တို့လုပ်ခဲ့တဲ့ နည်းလမ်း အတိုင်းပါပဲ ဖြစ်ပါတယ်။ အဲ့တုန်းကလည်း ဘူတာရုံက အတက်အဆင်း လှေကားကို စန္တယားလိုဖြစ်အောင် ဝါယာကြိုးများ၊ ဆားကစ် များ ထည့်သွင်းလိုက်တော့ အတက်အဆင်းလုပ်တိုင်း၊ တစ်ထစ်ပြီးတစ်ထစ် လှမ်းလိုက်တိုင်း အသံထွက်ပါတယ်။ လူတော်တော် များများ အတွက် အထူးအဆန်း ဖြစ်နေပြီး လေ့လာစရာ တစ်ခု ဖြစ်ခဲ့ ပါတယ်။

လှေကားကို စန္တယားလို အသံထွက်အောင် VW တို့ ဘယ်လို ဖန်တီး ခဲ့တယ် ဆိုတာ အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/2lXh2n0aPyw

International news for myanmar

တရုတ်နိုင်ငံအရှေ့ ပိုင်း Hangzhou မြို့ က Wulin Square မှာ ရှိတဲ့ လှေကားတစ်ခုမှာ ဖြစ်ပါတယ်။ လှေကား အထစ်တိုင်းကို စန္တယား လို ပြုပြင်လိုက်ပြီး အတက်အဆင်း လုပ်တိုင်း အသံထွက်စေ ပါတယ်။
၂၀၀၉ ခုနှစ် အောက်တိုဘာလက ဂျာမနီမှာ Volkswagen တို့လုပ်ခဲ့တဲ့ နည်းလမ်း အတိုင်းပါပဲ ဖြစ်ပါတယ်။ အဲ့တုန်းကလည်း ဘူတာရုံက အတက်အဆင်း လှေကားကို စန္တယားလိုဖြစ်အောင် ဝါယာကြိုးများ၊ ဆားကစ်များထည့်သွင်းလိုက်တော့ အတက်အဆင်းလုပ်တိုင်း၊ တစ်

ကေအိုင်အေတို့၏ ခံစစ်စခန်းများကို မြန်မာ့တပ်မတော် ဘယ်လို တိုက်ခဲ့သလဲ


မြန်မာ့ တပ်မတော်သားများအဖို့ စခန်းသိမ်းတိုက်ပွဲဆိုသည်နှင့် အရင် ဆုံး ပြန်လည် မြင်ယောင်ကြသည်မှာ ထိုင်း-မြန်မာ နယ်စပ်တွင် အိုမီဂါပုံ ၊ သို့မဟုတ် ပုလင်းခွံတစ်လုံးပုံကဲ့သို့ အ၀င်တစ်ပေါက်သာရှိသည့် စခန်းများ ကို သိမ်းယူနိုင်ခဲ့သည့် တိုက်ပွဲများပင်ဖြစ်သည်။ အဆိုပါစခန်းများ သည် နိုင်ငံခြားသားများ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး
ဘယ်တော့မှ မဆုံးရှုံးနိုင်ဟု ယုံကြည်ခဲ့သည့် ခံစစ်စခန်းများ ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ပြင်းထန်စွာ ကန့်ကွက်မှုကြောင့် လက်နက်ကြီး ကျည်

ငြိမ်းချမ်းရေး ချီတက်လမ်းလျှောက်နေသူများအား တောင်ငူ ခရိုင် ရဲမင်းကြီးက အိပ်ကပ်ထဲက ငွေသုံးသောင်းကို လှူဒါန်းသွားခဲ့ဟုဆို


တောင်ငူမြို့သို့ စတင်ဝင်ရောက်နေသော ငြိမ်းချမ်းရေး ချီတက်လမ်းလျောက်အဖွဲ့နှင့် ဒေသခရိုင် ရဲမင်း ကြီးတို့ တွေ့ဆုံဆွေးနွေးပြီးသည့် နောက်အားလုံးအဆင်ပြေနားလည်မှုရသွားကာ ငြိမ်းချမ်းရေး အဖွဲ့

ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား


ချင်းမိုင်(မဇ္စျိမ)။   ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆို ခွင့်ရသူ ဦးအောင်မြင့် က ပြောသည်။  

အခမဲ့မြွေဆေးဖြင့် လူနာ(၈)ဦးကယ်နိုင်

အခမဲ့မြွေဆေးဖြင့် လူနာ(၈)ဦးကယ်နိုင်
Tuesday, 29 January 2013

နွားထိုးကြီး ဇန်န၀ါရီ ၂၄  နွားထိုးကြီးမြို့နယ်မြွေဆိပ်ဖြေဆေး   ကိုယ်ထူကိုယ်ထကူညီရေးအဖွဲ့၏  ဆေးဖြင့်ဆေးရုံက ဆေးထိုးကုသ
ပေးနေရာ မြွေကိုက်လူ နာ (၈)ဦး ကို အသက်ကယ်ကုသပေးနိုင်နေ ပြီဖြစ်ကြောင်းသိရသည်။

မြွေကိုက်လူနာ ကုသရန် ငွေကျပ်(၁၀)သိန်းဖိုးဝယ်ယူထား ရာ၊ တိုက်နယ်ဆေးရုံ(၃)ရုံတွင် (၁၆)လုံး၊နွားထိုးကြီးမြို့နယ် ဆေးရုံတွင် (၁၆)လုံးအဆင်သင့်ထားရှိ ပြီး အခမဲ့ကုသပေးရန် စီစဉ်ထား  ကြောင်း ယင်းအဖွဲ့အတွင်းရေးမှူး  ဦးသန်းထိုက်အောင်ကဆိုသည်။

နွားထိုးကြီးနယ်တွင် မြွေဆေး  အခမဲ့ကုသရေးအတွက် ရန်ပုံငွေ   (၃၅)သိန်း၊စုဆောင်းထားပြီး (၁၀) သိန်းဖိုး မြွေဆေးဝယ်ထားသည်။
မြွေဆေးများတွင် ပြည်တွင်းထုတ်မြွေဆေးက ကျပ်တစ်သိန်းကျော်၊
အိန်္ဒိယနိုင်ငံထုတ်က ကျပ် နှစ်သောင်းကျော်ရှိသည်ဆိုသည်။

မြွေဆေးရန်ပုံငွေအတွက် လှူဒါန်း  လိုသူများသည် ဖုန်း-၀၆၆-၈၀၀၁၄၊
၀၆၆-၈၀၂၈၈သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။

နန်းခင်ဇာ(ဥပဒေ)
The Hot News

နွားထိုးကြီး ဇန်န၀ါရီ ၂၄ နွားထိုးကြီးမြို့နယ်မြွေဆိပ်ဖြေဆေး ကိုယ်ထူ ကိုယ်ထကူညီရေးအဖွဲ့၏ ဆေးဖြင့်ဆေးရုံက ဆေးထိုး ကုသ ပေးနေ ရာ မြွေကိုက်လူနာ (၈)ဦး ကို အသက်ကယ်ကုသပေးနိုင်နေ ပြီဖြစ်ကြောင်းသိရသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်ထုတ်ဝေခဲ့သော သတင်းစာများစာရင်း

(၁) သူရိယသတင်းစာ