Sunday, 21 April 2013
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း

သင်သေဆုံးသွားပြီးတဲ့နောက် ဘ၀ဟောင်းက သင့်ရဲ့ အီးမေးလ်

ကျွန်တော်တို့ ကားတာယာတွေ ဘေးမှာရေးထားတဲ့ စာတွေက ဘာတွေလဲ
ပုံအရဆိုရရင် 165/65R14 79T
165 - ဆိုတာ တာယာရဲ့ အကျယ်ကိုပြောတာပါ 165mm တဲ့.
65 - ဆိုတာကတော့ တာယာ အသားရဲ့ ထုကိုခေါ်တာပါ တာယာအကျယ်ရဲ့ 65% ပါတဲ့ R - ဆိုတာက တာယာကို ဘယ်လိုတည်ဆောက်ထားပုံကိုပြောချင်တာပါ။ R ဆိုတာ radial တည်ဆောက်ပုံကိုညွှန်းပါတယ်။ အခြား bias belt (B), diagonal (D) ဆိုတာမျိုးလည်းရှိပါတယ်။ အဲ့ဒီနေရာ စာလုံးနေရာကို မရေးထားရင် R ဟုမှတ်ပါ။
165 - ဆိုတာ တာယာရဲ့ အကျယ်ကိုပြောတာပါ 165mm တဲ့.
65 - ဆိုတာကတော့ တာယာ အသားရဲ့ ထုကိုခေါ်တာပါ တာယာအကျယ်ရဲ့ 65% ပါတဲ့ R - ဆိုတာက တာယာကို ဘယ်လိုတည်ဆောက်ထားပုံကိုပြောချင်တာပါ။ R ဆိုတာ radial တည်ဆောက်ပုံကိုညွှန်းပါတယ်။ အခြား bias belt (B), diagonal (D) ဆိုတာမျိုးလည်းရှိပါတယ်။ အဲ့ဒီနေရာ စာလုံးနေရာကို မရေးထားရင် R ဟုမှတ်ပါ။
အကျဈေးဖြင့် ရွှေဝယ်စုသူ များပြား၍ ရွှေဈေးမငြိမ်ဖြစ်နေ မိနစ်ပိုင်းအတွင်း၌ပင် ဈေးအတက်အကျ ဖြစ်လျက်ရှိပြီး ပျမ်းမျှဈေးဖြင့် ရောင်းဝယ်နေရ
အကျဈေးဖြင့်ရွှေဝယ်စုသူများ၍
ဧပြီလ ၁၉ ရက်နေ့ မြန်မာ့ရွှေဈေးမှာတည်ငြိမ်မှုမရှိပဲ အတက် အကျ
မြန်ဆန်လျက်ရှိကြောင်း၊ မိနစ်ပိုင်း အတွင်း၌ပင်
ဈေးအပြောင်းအလဲ မြန်ဆန်နေသည်ဟု သိရသည်။
Park Royal ဟိုတယ် ရှစ်လွှာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံး ရဲတပ်ဖွဲ့ဝင်များက ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရေးအတွက် ဟိုတယ်၏ CCTV ကင်မရာများကို ပြန်လည်ကြည့်ရှု စစ်ဆေး
ဧပြီ ၁၉ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ
Park Royal ဟိုတယ်၏ ရှစ်လွှာအမြင့်မှ ဟိုတယ်ဝန်ထမ်းတစ်ဦး
ပြုတ်ကျသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုး .....
သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုးစိတ်ချရတဲ့
သားဆက်ခြားနည်းတွေထဲမှာ နေ့စဉ် သောက် သန္ဓေတား ဆေးကဒ်ကို
သုံးစွဲခြင်းလည်း ပါဝင်ပါတယ်။ အဆိုပါဆေး သောက်သုံးခြင်းရဲ့
အကျိုးကျေးဇူးတွေကတော့ လစဉ်ရာသီပုံမှန်လာခြင်း၊
ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေ
ခြင်း၊ ကလေးယူ တော့မည်ဆိုလျှင် ဆေးသောက်ရပ် လိုက်သည်နှင့်
ကလေးရနိုင်ခြင်း၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင် ဆာဖြစ်နိုင်ခြေနည်း သွားခြင်းတို့ပဲ ဖြစ် ပါတယ်။
မူးယစ်နေသော တူဖြစ်သူက ဓားကိုင် စိန်ခေါ်သဖြင့် ဦးလေးဖြစ်သူ ဓားချင်း ယှဉ်ခုတ်စဉ် သေဆုံး
ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ
အထက်စု ရွာ၌ ဧပြီ ၁၈ ရက် ညနေပိုင်းက မူးယစ် ရမ်းကား၍ စိန်ခေါ်ပြီး ဓားချင်း
ယှဉ်ခုတ်ရာမှ သေဆုံး မှု ဖြစ်ပွား ကြောင်း သိရသည်။
ကော်ဖီသည် အသည်းရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ

ကော်ဖီသည် အရက် သောက်သုံးသူ များအား
အသည်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ကြောင်း ဖင်လန်နိုင်ငံ သုတေသန ပညာရှင် များက
အရက်သေစာ နှင့် အရက်စွဲခြင်း ဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာ မှု တစ်ရပ်တွင် ပြောကြား
ထားသည်။ သုတေသီ များသည် အသက် ၂၅ နှစ်မှ ၇၄ နှစ် အကြားရှိ ဖင်လန် အမျိုးသား နှင့် အမျိုးသမီး
၁၉၀၀၀ ဦးခန့်အား ကော်ဖီ သောက်သုံးခြင်း နှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့ပြီး လေ့လာမှု
တွင် ပါဝင် သူများ၏ သွေးအတွင်း အသည်းအင်ဇိုင်း ( GGT ) ပါဝင်မှု ပမာဏကို လည်း တိုင်းတာ
ခဲ့ကြသည်။
ကျပ် ၅၀၀၀ တန်မြန်မာငွေစက္ကူအတု သိန်း ၂၇၀ ဖမ်းဆီးရမိ
ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲမှူး ယာယီ ရဲမှူး
လှရီ ၏ လမ်းညွှန်မှု အရ မြို့ပေါ် ရပ်ကွက်များ အတွင်း လုံခြုံရေး အတွက်
ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာ မှ မြန်မာ ငွေ စက္ကူ ကျပ်
၅၀၀၀ တန် အတု ငွေကျပ်သိန်း ၂၇၀ နှင့် တရားမ၀င် ၀င်ရောက် လာသည့် တရုတ်
နိုင်ငံ သား ၂ ဦးနှင့် မြစ်ကြီးနားမြို့ နေသူ ၂ ဦးတို့အား ဧပြီလ ၁၂ ရက်က
ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရ သည်။
ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းရှိ တိုင်းရင်းသားပါတီနှင့် ကိုယ်စားလှယ်များအား တရုတ်အစိုးရဖိတ်ခေါ်
ရန်ကုန်(မဇ္ဈိမ)။
။ ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ဒေသတွင်း
တိုင်းရင်းသားပါတီအချို့နှင့် လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ် အများအပြား
တက်ရောက်နေကြသော ပါတီများအား တရုတ်
ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်ထားကြောင်း
ဖိတ်ကြားခံရသည့် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) မှ ဥက္ကဌ ဒေါက်တာအေးမောင် ကပြောသည်။
ဝါရှင်တန်မြန်မာသံရုံး သင်္ကြန်ပွဲ
နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့
မြန်မာတွေအချင်းချင်း ရင်းနှီးမှုပိုရှိလာစေဖို့နဲ့ တဦးအပေါ်တဦး
နားလည် မှုတွေ ရှိလာစေဖို့ ရည်ရွယ်ချက်နဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ
နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို လုပ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး
ဦးသန်းဆွေက ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု
အရှေ့ဘက်ခြမ်းမှာရှိတဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ဧပြီလ ၂၀ ရက် စနေနေ့က အတာသင်္ကြန်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းအားလုံးကိုရော၊
အမေရိကန်ပြည်ထောင်စုက ဧည့်သည်တွေရော၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက
သံရုံးတွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သံအမတ်ကြီး ဦးသန်းဆွေက
အခုလို ပြောပြပါတယ်။
Boston မာရသွန် ဗုံးဖောက်ခွဲခဲ့သော ညီအစ်ကို နှစ်ယောက်၏ ဖြစ်စဉ် (အပြည့်အစုံ)
မိပြီ" မာရသွန်ဗုံးဖောက်ခွဲမှု တရားခံကို ဖမ်းဆီး ထိန်းသိမ်းထားပြီဟု ဘော်စတွန် ရဲတပ်ဖွဲ့ ကြေငြာ
CNN
ဘော်စတွန် မာရသွန်ဗုံးဖောက်ခွဲမှုမှ ဒုတိယမြောက် သင်္ကာမကင်း ဖြစ်ခံရသူကို သောကြာနေ့ညက ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သောကြောင့် မက်ဆာချူးဆက် ပြည်နယ် မြို့တော် တွင်ပြုလုပ်ခဲ့သော လူဖမ်းပွဲကြီး အဆုံးသတ် သွားပြီ ဖြစ်ကာ ထိုသူသည် လက်နက်နှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ပါဝင်နိုင်သည်ဟု သတိပေးထားမှုကြောင့် စိုးရိမ်ထိတ်လန့်နေရမှု များလည်း ကင်းစင် သွားပြီဖြစ်သည်။
CNN
ဘော်စတွန် မာရသွန်ဗုံးဖောက်ခွဲမှုမှ ဒုတိယမြောက် သင်္ကာမကင်း ဖြစ်ခံရသူကို သောကြာနေ့ညက ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သောကြောင့် မက်ဆာချူးဆက် ပြည်နယ် မြို့တော် တွင်ပြုလုပ်ခဲ့သော လူဖမ်းပွဲကြီး အဆုံးသတ် သွားပြီ ဖြစ်ကာ ထိုသူသည် လက်နက်နှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ပါဝင်နိုင်သည်ဟု သတိပေးထားမှုကြောင့် စိုးရိမ်ထိတ်လန့်နေရမှု များလည်း ကင်းစင် သွားပြီဖြစ်သည်။
ကလောမြို့နယ် အတွင်း ပြည်သူများ CDMA 800-MHz မိုဘိုင်းလ်ဖုန်းများ ဝယ်ယူခွင့် ရရှိရေး လျှောက်ထားလျက်ရှိ
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ်အတွင်း ယနေ့မှ စတင်၍ ပြည်သူများက
CDMA 800-MHz မိုဘိုင်းလ်ဖုန်းများအား ဝယ်ယူခွင့်ရရှိရေး ကလောမြို့နယ်
အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး၌ လျှောက် ထားလျက် ရှိကြောင်း သိရသည်။
Subscribe to:
Posts (Atom)