Sunday 11 May 2014

ရေရှားပါးမှုကြောင့် တောဆင်ရိုင်းများ ကျေးရွာများအထိ ဝင်ရောက်

ပုသိမ်-မော်တင် ကားလမ်းပေါ်ရှိ ကျေးရွာအချို့တွင် ညဘက်အချိန်၌ တောဆင်ရိုင်းများ ဝင်ရောက်လျက် ရှိကြောင်း ယင်းလမ်းတစ်လျောက်ရှိ ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ထိုင်းအစိုးရ အိမ်တော်ထဲက အဆောက်အဦကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် အသုံးပြုခွင့်ရ

Photo: ထိုင်းအစိုးရ အိမ်တော်ထဲက အဆောက်အဦကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် အသုံးပြုခွင့်ရ
Sunday, May 11, 2014 
  
ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းစုဘန်က အစိုးရ အိမ်တော်ထဲက အဆောက်အဦတလုံးကို သူ့ရဲ့ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ (ပီဒီအာရ်စီ) ရဲ့ ကွပ်ကဲညွှန်ကြားရေးရုံးအဖြစ် အသုံးပြုခွင့် ရသွားပါပြီ။

ဆန္ဒပြခေါင်းဆောင်ဟာ ဒီရုံးကို စောင့်ကြပ်နေတဲ့ ရဲနဲ့စစ်တပ် အကြီးအကဲတွေဆီက ခွင့်ပြုချက် ရအပြီး ရုံးထဲကို ၀င်ရောက်ခဲ့ပါတယ်။ ဒီရုံးထဲမှာ သူတို့ရဲ့ နေ့စဉ် ကြေညာချက်တွေ ထုတ်ပြန်ဖို့နဲ့ ဆန္ဒပြခေါင်းဆောင်တွေကြား အစည်းအဝေးလုပ်ဖို့ စီစဉ်ထားပါတယ်။ အပြန်အလှန်အနေနဲ့ ရုံးပြင်က ဆန္ဒပြသူတွေကို ထိန်းထားဖို့ ကတိပြုခဲ့ကြပါတယ်။

ဆူထေ့ပ် ကတော့ သူအဆိုပြုထားတဲ့ အိမ်စောင့်အစိုးရကို ဖွဲ့စည်းဖို့ အထက်လွှတ်တော်နဲ့ တရားရုံးက ပျက်ကွက်ရင် တဖက်သတ်လှုပ်ရှားမှုအနေနဲ့ ပြည်သူ့အစိုးရကို မေလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းဖို့ ခြိမ်းခြောက်ထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လခ်ရှင်နာဝပ်နဲ့အတူ အစိုးရအဖွဲ့ အကြွင်းအကျန် အစအနတွေ အားလုံးကို ဖယ်ရှားဖို့ ဆန္ဒပြခေါင်းဆောင်က တောင်းဆိုထားပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက မနှစ်က နိုဝင်ဘာလ ကတည်းက အစိုးရအိမ်တော်ရှေ့မှာ စီတန်းလှည့်လည်နေ ခဲ့ပြီး စစ်တပ်နဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေကို အဲဒီအချိန်တည်းက တာဝန်ချထားခဲ့ပါတယ်။

ဆူထေ့ပ်ရဲ့ဘက်မလိုက်ဝန်ကြီးချုပ်ရရေး တောင်းဆိုမှုကြောင့် ၀န်ကြီးချုပ်ဟောင်း ယင်လခ်ကို ထောက်ခံသူတွေက မေလ ၁၁ ရက်နေ့မှာ ဘန်ကောက်မြို့စွန်မှာ သပိတ်စခန်း ချလိုက်ကြပါ တယ်။

ထိုင်းနိုင်ငံရေးသမားတွေကတော့ ဘုရင်စနစ်ကို သစ္စာခံသူတွေနဲ့ ထင်ပေါ်ကျော်ကြားရေး ၀ါဒီ ၀န်ကြီးချုပ်တွေ ဖြစ်တဲ့ ရှင်နာဝပ်မောင်နှမကို ထောက်ခံသူတွေကြား နိုင်ငံရေး ကွဲပြားမှုကို မစေ့စပ်နိုင်တာ ဆယ်စုနှစ် တခုနီးပါး ရှိနေပါပြီ။

ဝန်ကြီးချုပ်ဟောင်း ယင်လခ် အာဏာအလွဲ သုံးစားလုပ်မှုနဲ့ အခြေခံဥပဒေခုံရုံးမှာ ရင်ဆိုင်နေရတဲ့ ၆ လတာအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ဒေါ်လာ ဘီလျံရာချီ လျော့ကျသွားခဲ့ပြီး ကမ္ဘာလှည့်ခရီးသည် လည်ပတ်မှု ဦးရေလည်း ကျခဲ့ရပါတယ်။

ယင်လခ်ကို ထောက်ခံသူတွေကတော့ သူ့ကိုဖယ်ရှားမှုကို တရားရေးနဲ့ အာဏာသိမ်းမှုလို့ ပြောရင်း ပြက်ရယ်ပြုခဲ့ပါတယ်။ ယင်လခ်ရဲ့အကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာလည်း ၂၀၀၆ ခုနှစ်က စစ်တပ်အာဏာသိမ်းတာ ခံခဲ့ရတာပါ။

ထိုင်းနိုင်ငံရေးအတွင်း သက်ဆင်ရဲ့ သြဇာလွှမ်းမှုကို အပြီးသတ် ဖယ်ရှားဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရေး အစိုးရဆန့်ကျင်ရေး ဆန္ဒပြအဖွဲ့(ပီဒီအာရ်စီ)က တောင်းဆိုနေပါတယ်။ အစိုးရ ဆန့်ကျင်သူနဲ့ ထောက်ခံသူ သပိတ်စခန်း ၂ ဘက်လုံးမှာ ရာထူးလက်ရှိ လက်နက်ကိုင်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိနေပါတယ်။

အားလပ်ရက်အတွင်း အပြိုင်အဆိုင် ဆန္ဒပြမှုတွေက နေရာချင်း ဝေးပေမယ့် ပဋိပက္ခတွေအတွက် ကြောက်ရွံ့မှုတွေတော့ မြင့်နေပါတယ်။

ဒီဗွီဘီ
ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းစုဘန်က အစိုးရ အိမ်တော်ထဲက အဆောက်အဦတလုံးကို သူ့ရဲ့ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ (ပီဒီအာရ်စီ) ရဲ့ ကွပ်ကဲညွှန်ကြားရေးရုံးအဖြစ် အသုံးပြုခွင့် ရသွားပါပြီ။

စတင်ပြေးဆွဲနေပြီဖြစ်သည့် ဘန်ကောက်-ထားဝယ်-ဘိတ် Charter Flight စင်လုံးငှားလေယာဉ်ခရီးစဉ်များ

Photo: စတင်ပြေးဆွဲနေပြီဖြစ်သည့် ဘန်ကောက်-ထားဝယ်-ဘိတ် Charter Flight စင်လုံးငှားလေယာဉ်ခရီးစဉ်များ
Sunday, May 11, 2014

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန DCA မှ ပြောကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထားဝယ်-ဘိတ် ဒေသတို့အတွက်
စင်းလုံးငှားလေယာဉ် ခရီးစဉ်တွေကို မေလ(၈) ရက်နေ့ကတည်းက စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံမှာ လေယာဉ်စင်းလုံးငှားခရီးစဉ်ဟာ ယခင်ကလည်းရှိပြီးသားဖြစ်ပြီး  မြန်မာနိုင်ငံမှာ ရှိနေတဲ့ International Airport တွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လေဆိပ်တွေရဲ့ ပြေးလမ်းအခြေအနေ လက်ခံနိုင်မှု၊ အခြားသော လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလုပ်ဆောင် နိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေယာဉ်မတော်တဆ ထိခိုက်မှုများ မဖြစ်ပွားစေဖို့နဲ့  ခရီးသည်တွေသွားလာတဲ့အခါ လွယ်ကူချောမွေ့စေရေး စတာတွေအတွက် လတ်တလောမှာ Charter Flight တွေကိုခွင့်ပြုပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
 ယခု ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထားဝယ်-ဘိတ် ဒေသတို့အတွက် Charter Flight  လေယာဉ်တွေငှားရမ်းမှုကိုတော့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန DCA မှ တဆင့်လည်းအသေစိတ်စုံးစမ်းငှားရမ်းနိုင်တာဖြစ်သလို ဘန်ကောက်ဘက်မှာလည်း  ဆောင်ရွက် နေတဲ့ကိုယ်စားလှယ်အဖွဲ့ရှိတယ်လို့လည်းသိရပါတယ်။  စင်းလုံးငှားခရီးစဉ်များဆောင်ရွက်ရာမှာ  သယ်ဆောင်မှုအနေနဲ့လူရောကုန်ပါတင်လို့ရမှာဖြစ်ပြီး အလေချိန်ကိုတော့  အကန့်အသတ်နဲ့ပဲ ခွင့်ပြုတာဖြစ်တယ်လို့သိရပါတယ်။ 

MRTV-4
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန DCA မှ ပြောကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထားဝယ်-ဘိတ် ဒေသတို့အတွက် စင်းလုံးငှားလေယာဉ် ခရီးစဉ်တွေကို မေလ(၈) ရက်နေ့ကတည်းက စတင်ပြေး ဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။

အသက်မွေးဝမ်းကျောင်း သင်တန်းအတွက် ဆရာများ မွေးထုတ်ရန် ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းမည်

Photo: အသက်မွေးဝမ်းကျောင်း သင်တန်းအတွက် ဆရာများ မွေးထုတ်ရန် ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းမည်

ရန်ကုန်၊ မေ ၁၀

နည်းပညာ ကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာ ဥပဒေမူကြမ်းကို ယခုနှစ်အတွင်း အပြီးသတ် ရေးဆွဲလျက် ရှိပြီး ယင်းဥပဒေ ပေါ်ပေါက်လာပါက အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်နိုင်မည် ဖြစ်ရာ အဆိုပါ သင်တန်းကျောင်းများအတွက် နည်းပြဆရာများ မွေးထုတ်ရန် ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ယခုနှစ်ကုန်ပိုင်းတွင် ပူးပေါင်းမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းနိုင်ရန် ယခုနှစ်ကုန်ပိုင်းတွင် နားလည်မှု စာချွန်လွှာများကို ရေးထိုး၍ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ကာ သင်တန်းဆရာများ မွေးထုတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ဆရာဖြစ် သင်တန်းကျောင်းတွေ ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ ၂၀၁၅ မှာ တစ်ကျောင်း၊ ၂၀၁၆ မှာ တစ်ကျောင်း ပေါ်လာနိုင်ဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပါက သင်တန်းသားများ၏ အရည်အသွေးကို ထိန်းသိမ်းရန်အတွက် အမှန်တကယ် တတ်ကျွမ်းသော ဆရာများ ရှိရန် လိုအပ်ကြောင်း၊ သင်တန်း ပြီးဆုံးလျှင်လည်း လုပ်ငန်းခွင်တွင် ဆက်လက် သင်ယူနိုင်ပါက သင်တန်းသားများ၏ အရည်အချင်းကို ရေရှည်ထိန်းသိမ်းရာလည်း ရောက်ကြောင်း Tip Top Education အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်မင်းထွန်းက အကြံပြု ပြောကြားသည်။

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ပြင်ဦးလွင်နှင့် ဘီးလင်းတို့တွင် စက်မှု ဆရာဖြစ်သင်ကျောင်း နှစ်ကျောင်းကို ဖွင့်လှစ်ထားသည်။
နည်းပညာ ကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာ ဥပဒေမူကြမ်းကို ယခုနှစ်အတွင်း အပြီးသတ် ရေးဆွဲလျက် ရှိပြီး ယင်းဥပဒေ ပေါ်ပေါက်လာပါက အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်နိုင်မည် ဖြစ်ရာ အဆိုပါ သင်တန်းကျောင်းများအတွက် နည်းပြဆရာများ မွေးထုတ်ရန် ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ယခုနှစ်ကုန်ပိုင်းတွင် ပူးပေါင်းမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။

စာဖတ်ခြင်း ကောင်းကျိုးများ

Photo: စာဖတ်ခြင်း ကောင်းကျိုးများ
Sunday, May 11, 2014

စာဖတ်ခြင်း ကောင်းကျိုးများစာဖတ်ခြင်းက ခန္ဓာကိုယ်ကို ကောင်းကျိုး ၇ မျိုးပေးတယ်။ လေ့လာ ဆန်းစစ်ချက်အရ စာဖတ်ခြင်းက...

(၁) ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။

(၂) စာဖတ်ခြင်းက စိတ်ဖိအားကိုဖြည်လျော့ပေးနိုင်တယ်၊ လက်ရှိအခြေအနေကနေ ခဏတာရုန်းထွက်စေနိုင်တယ်။

(၃) မှတ်ဉာဏ်ကိုတိုးမြှင့်ပေးနိုင်တယ်။

(၄) ဘဝနေထိုင်နည်းကို ပိုကျန်းမာပြီး အရောင်စုံစေတယ်။

(၅) အာရုံစူးစိုက်စေတယ်၊ တွေးတောစေတယ်။

(၆) သက်တောင့်သက်သာမရှိတဲ့ခန္ဓာကိုယ်ကို ခဏတာအာရုံလွှဲစေနိုင်တယ်၊ နာကျင်မှုတွေကို ပြေလျော့စေနိုင်တယ်။

(၇) စိတ်ဓာတ်ကျ အားငယ်ခြင်းတွေကို ကုစားပေးတယ်၊ အပျက်ဆောင်ခံစားချက်ထဲကနေ လျှောက်လှမ်းထွက်လာစေနိုင်တယ်။ နေ့ရက်တွေကို စာဖတ်ခြင်းလက်ထဲအပ်လိုက်ပါ သင့်ဘဝကို ပျော်ရွှင်ငြိမ်းချမ်းခြင်းတွေ ပိုတိုးစေနိုင်ပါတယ်

Nine Nine Sanay
စာဖတ်ခြင်း ကောင်းကျိုးများစာဖတ်ခြင်းက ခန္ဓာကိုယ်ကို ကောင်းကျိုး ၇ မျိုးပေးတယ်။ လေ့လာဆန်းစစ်ချက် အရ စာဖတ်ခြင်းက...

ကိုယ်ဝန်ဆောင်များ အတွက် နေ့လည်စာနှင့် ညစာ

Photo: ကိုယ်ဝန်ဆောင်များ အတွက် နေ့လည်စာနှင့် ညစာ
Sunday, May 11, 2014

ကိုယ်ဝန်ဆောင်များ အတွက် နေ့လည်စာနှင့် ညစာ စားသင့်တဲ့ အစားအစာ တွေက အရင်ဆုံး ကိုယ်ဝန်ဆောင်သည် တစ်ယောက် အတွက် စားသင့်တဲ့ အစား စာတွေကို ရွေးချယ်ထားရမှာပါ။ အဟာ ရညီမျှပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေ ဖြစ်တဲ့ ပရိုတင်း၊ ကယ် လ်ဆီယမ်ညီမျှစွာ ပါဝင်တဲ့အစားအစာ၊ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အစားအစာ၊ အရည်ရွှမ်းအသီးနဲ့ ဟင်းသီးဟင်းရွက် တွေအပြင် ပြည့်ဝပြီး ကျန်းမာရေးနဲ့ညီ ညွတ်တဲ့အဆီတွေကို စားရမှာပါ။

ကိုယ် ဝန်ဆောင်သည် စားလိုက်တဲ့ အစားအစာ တွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုါ် မှု၊ ဦးနှောက် ဥာဏ်ရည် ဖွံ့ဖြိုးမှုအပြင် မွေးဖွားချိန်မှာ ဖြစ်တတ်တဲ့ တခြားရောဂါတွေ မဖြစ်အောင် ကလေးအတွက် ကာကွယ် နိုင်ရုံသာမကဘဲ မိခင်အတွက်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့် သက်ာဖြစ်စေပြီး ကိုယ်ဝန်ဆောင်ချိန် ပျို့ အန်ခြင်းတွေကို သက်သာစေ ပါတယ်။

 ရှောင်သင့်တာတွေက အာဟာရပြည့်ဝဖို့ အစားမရှောင် သင့်ဘူးဆိုပေမယ့် သင့်အတွက်ကျန်းမာ ရေးနဲ့ မညီညွတ် တာမျိုးကိုတော့ ရှောင်ပါ။ ဟော့ဒေါ့နဲ့ ဘာဂါလို အဆီတက်စေမယ့် အစားအစာတွေ၊ အသားနဲ့ ငါးကင်တွေကို ရှောင်သင့်ပါတယ်။

အသားနဲ့ငါးကို သေချာကျက်အောင်ချက်ပြီး စားဖို့လိုပါ တယ်။ ဆားအရမ်းများလွန်းတဲ့ အစားအ စာ၊ ငမန်းသား၊ ပင်လယ်ငါး၊ ကင်းမွန်နဲ့ ငါးအစိမ်းသုပ်တွေ မစားပါနဲ့။ သင်နဲ့အ ရင်က ဒီအစားအစာတွေဟာ တည့်ခဲ့ တယ်ဆိုတောင် ကိုယ်ဝန်ဆောင်ချိန်မှာ ဓာတ်မတည့်မှုဖြစ်နိုင်တာကြောင့်ပါ။

ကိုယ် ဝန်ဆောင်ချိန်ဆေးကုသရာမှာ လိုအပ် တဲ့ဆေးဝါးကို ပေးမယ်ဆိုရင်တောင် က လေးကိုမထိခိုက်အောင် ချင့်ချိန်ပြီးပေးရ တာကြောင့် ကုသရခက်ခဲနေတတ်ပါ တယ်။ အစားအစာတွေကို အပိုပြုလုပ် ပြီးအမြဲထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင် သည်တွေအတွက် အကောင်းဆုံးအစာ တစ်မျိုးက စွပ်ပြုတ်တွေပဲဖြစ်ပါတယ်။ ပဲဟင်းချို၊ ကြက်စွပ်ပြုတ်၊ ငါးနဲ့ဟင်းရွက် ဆန်ပြုတ်စတာတွေဟာ အာဟာရတန် ဖိုးမြင့်မားစွာ ပါဝင်တတ်ကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အတွက် အရသာရှိသော စွပ်Soupတစ်ခွက်

ကိုယ်ဝန် ဆောင်ချိန်မှာ ချက်ပြုတ် စားသင့်တဲ့ စွပ်ပြုပ် (Soup) တစ်မျိုးကို ဖော်ပြ ပေးလိုက်ပါတယ်။ အရသာ လည်းရှိပြီး ချဉ်ငန်လေးဖြစ်စေမယ့် စွပ် ပြုတ်(Soup) တစ်ခွက် လောက် ဖန်တီး ကြည့်ပါ။

လိုအပ်တာတွေက
အလတ်စားကြက်သွန်နီတစ်လုံး နုတ်နုတ်စဉ်းထားပါ။ မုန်လာဥနီ (အသေး အမျိုးအစား) ၁၆ အောင်စ၊ ဂျင်းနုတ်နုတ် စဉ်းပြီးသား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆားလျှော့ထားတဲ့ ကြက်သားဆန်ပြုတ် အမှုန့် ဒါမှမဟုတ် ဟင်းရွက်ဆန်ပြုတ်အ မှုန့် ခွက်နှစ်ခွက်စာ၊ သံပုရာရည်အနည်း ငယ်၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်အနည်း ငယ်၊ အဆီထုတ်ထားတဲ့ ဒိန်ချဉ်နှစ်ဇွန်းလို ပါတယ်။

ချက်ပြုတ်နည်း
အိုးတစ်လုံးထဲမှာ ကြက်သွန်နီ၊ ဂျင်း နဲ့ မုန်လာဥတွေကို နူးသွားတဲ့ အထိပြုတ်ပါ။ နူးသွားရင် ကြိတ်စက်နဲ့ ကြိတ်လိုက်ပါ။ ရေလေးခွက်နဲ့ ဆန်ပြုတ် အမှုန့်တွေကို ဆူအောင်ပြုတ်ပါ။ အပူချိန် အရမ်းမပေးဘဲ မီးအေးအေးနဲ့ ဆူအောင် ထည့်ပါ။

ဆန်ပြုတ်တွေ ဆူလာရင် ကြိတ်ထားတဲ့အ ရာတွေရောထည့်ပြီး ဆားနဲ့ငရုတ်ကောင်း မှုန့်ကို အရသာရှိအောင်အနည်းငယ် ထည့်ပါ။ သံပုရာရည်အနည်းငယ်ညှစ် ထည့်ပြီးမွှေပါ။ ပန်းကန် တစ်လုံးထဲကို ထည့်ပြီး ဒိန်ချဉ်နှစ်ဇွန်းအပေါ်ကနေ စမ်း လိုက်ပါ။ အရသာရှိပြီး အာဟာရလည်း ပြည့်မယ့် စွပ်ပြုတ်ဟာ ကိုယ်ဝန်သည် သင့်အ တွက် ခံတွင်းတွေ့စေမှာ ပါ။ 

Good Health
ကိုယ်ဝန်ဆောင်များ အတွက် နေ့လည်စာနှင့် ညစာ စားသင့်တဲ့ အစားအစာ တွေက အရင်ဆုံး ကိုယ် ဝန်ဆောင် သည် တစ်ယောက် အတွက် စားသင့်တဲ့ အစား စာတွေကို ရွေးချယ်ထားရမှာပါ။ အဟာ ရညီ မျှပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေ ဖြစ်တဲ့ ပရိုတင်း၊ ကယ် လ်ဆီယမ်ညီမျှစွာ ပါဝင်တဲ့ အစားအစာ၊ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အစားအစာ၊ အရည်ရွှမ်းအသီးနဲ့ ဟင်းသီးဟင်းရွက် တွေ အပြင် ပြည့်ဝပြီး ကျန်းမာရေးနဲ့ညီ ညွတ်တဲ့အဆီတွေကို စားရမှာပါ။

လဂွန်းပြင် ရေပေးစီမံကိန်း ဆောက်လုပ်မှု ၃၆ ရာခိုင်နှုန်းကျော် ပြီးစီး

ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ်များကို အဓိကထားရေဖြန့်ဝေမည့် လဂွန်းပြင် ရေပေးဝေရေး စီမံ ကိန်း ဆောက် လုပ်မှုမှာ ၃၆ ရာခိုင်နှုန်းကျော် အထိ ပြီးစီးနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာ ယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

UK စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များ တက်ရောက်နိုင်မည်

ABE (Association of Business Executices,UK) ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များကို အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ သင်ကြား ပို့ချနေသော YCTC Business Institute တွင် Diploma, Higher Diploma နှင့် Graduate Diploma သင်တန်းများကို ဇွန်လ ၂၄ ရက်နေ့တွင် စတင် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ သိရသည်။

ယာဉ်ထိန်းရဲများအတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု နေကာမျက်မှန် ထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန် ထမ်းဆောင်နေသည့် ယဉ်ထိန်းရဲများ အတွက် ပုဂ္ဂလိက လျှပ်စစ်နှင့် စက်ပစ္စည်းများ နေကာ မျက်မှန်များကို ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော Soe Electrical & Mechanical Co,Ltd က ထောက်ပံ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုစနစ် ညှိနှိုင်းရန် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲ ကော်မရှင် တွေ့မည်

ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခွင့်နှင့် ပတ် သက်ပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းရန် စီစဉ်ထားကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော် မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။

ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမ၀င်အေးခဲ ကြက်သား တစ်ရက်လျှင် ၁၀ တန်ခန့် ၀င်ရောက်လျက်ရှိပြီး စားသုံးရန်သင့် မသင့် စစ်ဆေးခြင်းမရှိ

Photo: ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမ၀င်အေးခဲ ကြက်သား တစ်ရက်လျှင် ၁၀ တန်ခန့် ၀င်ရောက်လျက်ရှိပြီး စားသုံးရန်သင့် မသင့် စစ်ဆေးခြင်းမရှိ
Sunday, May 11, 2014

မန္တလေးမြို့အတွင်းသို့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမဝင် အေးခဲကြက်သားများ တစ်ရက်လျှင် ခြောက်တန်မှ ၁ဝ တန်အတွင်း နေ့စဉ် ဝင်ရောက်လျက်ရှိနေသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ စားသုံးရန်သင့်၊ မသင့် စစ်ဆေးခြင်းများ ပြုလုပ်မှုမရှိကြောင်း စုံစမ်းသိရသည်။

တရုတ်နိုင်ငံတွင် လက်ရှိအချိန်၌ H7N9 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိရာ မန္တလေးမြို့အတွင်း ဝင်ရောက်လာရာလမ်းကြောင်းတစ်လျှောက်ရှိ မွေးမြူရေးခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်သည့် အခွင့်အလမ်းများစွာရှိနေကြောင်း၊ ဈေးကွက်အတွင်း ရောင်းချနေသည့် အေးခဲ ကြက်သားများကို စစ်ဆေးမှုများမရှိသောကြောင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးမှာ ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။

“တရုတ်ဘက်ကနေ နယ်စပ်ဂိတ်တွေကို ဖြတ်ကျော်ပြီး တရားမဝင် အေးခဲကြက်သားနဲ့ ကြက်ဥ ဝင်ရောက်မှုတွေရှိနေခဲ့တာ ကြာပါပြီ။ လက်ရှိအချိန်မှာ ပြည်တွင်းဈေးကွက်အတွင်း ကြက်သားဈေး တက်နေတာကြောင့် ဈေးကွက်ရှိတဲ့အတွက် ပိုဝင်နေသလို ဖြစ်နေတယ်။ နယ်စပ်ဂိတ်တွေကို ဖြတ်ကျော်ပြီး မန္တလေးမြို့တွင်းကို ရောက်လာပြီဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ဝင်ရောက်မှုကို မတားဆီးနိုင်ရင်တောင် ဈေးကွက်ထဲကို ဖြန့်ဖြူးရောင်းချမှုပြုလုပ်နေတဲ့ အအေးခန်းတွေမှာ ရှောင်တခင်စစ်ဆေးတာပဲဖြစ်ဖြစ်၊ ပုံမှန်စစ်ဆေးတာပဲဖြစ်ဖြစ် စားသုံးရန် သင့် မသင့်ကို စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်”ဟု ကြက်ဥ၊ ကြက်သားမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းမှ ဒေါက်တာကျော်ထင်က ပြောကြားသည်။

ဆက်လက်ပြီး ဒေါက်တာကျော်ထင်က “လက်ရှိအချိန်ထိ စစ်ဆေးမှုမရှိဘဲ ဒီအတိုင်းဈေးကွက်ကို ဖြန့်နေတဲ့အတွက် စားသုံးသူတွေအနေနဲ့ အစားအစာအန္တရာယ်ကင်းရှင်းဖို့ စိတ်မချရဘူးဖြစ်နေတယ်။ ပြီးတော့ သယ်ယူခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်က ကြက်မွေးမြူရေးခြံတွေမှာလည်း ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်တဲ့ အခွင့်အလမ်းများစွာရှိနေတဲ့အတွက် သက်ဆိုင်ရာဌာနတွေကို စစ်ဆေးပေးဖို့ တင်ပြထားတာရှိပါတယ်” ဟု ပြောသည်။

ကြက်ဥ၊ ကြက်သားမွေးမြူထုတ်လုပ် ရောင်းချသူများအသင်းအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ စစ်ဆေးမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် မေလဆန်းပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း သိရသည်။

မန္တလေးမြို့ ဈေးကွက်အတွင်းသို့ တရုတ်မှ ဝင်ရောက်လာသော အေးခဲကြက်သားများအား မန္တလေးမြို့ရှိ စားသောက်ကုန် အအေးခန်းလုပ်ငန်းများတွင် သိုလှောင်ထားရှိကာ ဈေးကွက်သို့ ဖြန့်ဖြူးလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိခဲ့ပြီး မွေးမြူရေးကြက်ခြံများ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ နှစ်စဉ်မွေးမြူရေးကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါနှင့် ပုံစံတူသေဆုံးမှုများကိုလည်း ကြုံတွေ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် H7N9 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄ဝဝ ဝန်းကျင်ရှိနေပြီဖြစ်ကာ သေဆုံးသူ ၄ဝ ကျော်ရှိကြောင်း သိရသည်။

(ဖမ်းဆီးရမိသော အေးခဲအသားများအား နောင်ချို စစ်ဆေးရေးဂိတ်အနီးတွင် မီးရှို့ဖျက်ဆီးနေစဉ်)

Eleven Media Group
ဖမ်းဆီးရမိသော အေးခဲအသားများအား နောင်ချို စစ်ဆေးရေးဂိတ်အနီးတွင် မီးရှို့ဖျက်ဆီးနေစဉ်
မန္တလေးမြို့အတွင်းသို့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမဝင် အေးခဲကြက် သား များ တစ်ရက်လျှင် ခြောက်တန်မှ ၁ဝ တန်အတွင်း နေ့စဉ် ဝင်ရောက်လျက်ရှိနေသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ စားသုံးရန်သင့်၊ မသင့် စစ်ဆေးခြင်းများ ပြုလုပ်မှုမရှိကြောင်း စုံစမ်းသိရ သည်။

တောင်တရုတ် ပင်လယ်အရေး အထူးစိုးရိမ်ကြောင်း ထိပ်သီးအစည်းအဝေး အကြို အာဆီယံ ထုတ်ပြန်

Photo: တောင်တရုတ် ပင်လယ်အရေး အထူးစိုးရိမ်ကြောင်း ထိပ်သီးအစည်းအဝေး အကြို အာဆီယံ ထုတ်ပြန် 
Sunday, May 11, 2014

ဗီယက်နမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ တောင်တရုတ်ပင်လယ် အတွင်း မေလဆန်းမှ စတင်ဖြစ်ပွားနေသော တင်းမာမှုများအပေါ် အထူးစိုးရိမ်ကြောင်း မေလ ၁၁ ရက်နေ့ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ထုတ်ပြန် ကြေညာလိုက်သည်။

မေလဆန်းက တရုတ် ရေနံတူးစင်တစ်ခု ဗီယက်နမ် ကမ်းလွန် ပင်လယ်ပြင်တွင် လာရောက် အခြေချပြီးနောက် ပိုမိုတင်းမာလာသော တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုအတွက် အထူးစိုးရိမ်ကြောင်း အစည်းအဝေး တက်ရောက်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အားလုံးက ထုတ်ဖော် ပြောကြားသွားသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီအထိ တစ်နာရီ ကျင်းပရမည်ဟု ကြိုတင် ဝေငှထားသော အချိန်ဇယားတွင် ဖော်ပြထားသော်လည်း နေ့လည် ၁၁ နာရီကျော်မှ အစည်းအဝေး အဆုံးသတ်နိုင်ခဲ့သည်။

မီဒီယာ စင်တာအတွင်း ရုပ်မြင်သံကြားစက်များမှ တစ်ဆင့် အသံမပါ အရုပ်သီးသန့် တိုက်ရိုက်ထုတ်လွှင့်မှုအရ နိုင်ငံခြားရေး ဝန်ကြီးများ အချိန်အတော်အကြာ အပြန်အလှန် ဆွေးနွေးနေသည်ကို တွေ့ရပြီး အစည်းအဝေးနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင်မူ နိုင်ငံတကာအရေး၊ ပြင်ပဆက်ဆံရေးတို့နှင့် ဆွေးနွေး ဖလှယ်ကြောင်းသာ ထုတ်ပြန်ခဲ့သည်။

၂၀၁၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် အတည်ပြုထားသော တောင်တရုတ်ပင်လယ်အရေး ကျင့်ဝတ် စည်းမျဉ်းများအပြင် တည်ငြိမ်အေးချမ်းစွာနှင့် ရေပိုင်နက် လုံခြုံရေး ပြဿနာကို ဖြေရှင်းရန် အရေးကြီးကြောင်း နိုင်ငံခြားရေး ဝန်ကြီးများက ဆက်လက် ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ် အရေးတွင် ပါဝင်ပတ်သက်သူများ အနေနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ၊ အင်အားသုံးခြင်း ခြိမ်းခြောက်ခြင်းတို့ မပါဝင်သည့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံခြားရေး ဝန်ကြီးများက တိုက်တွန်းကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံနှင့် များစွာ နီးစပ်မှု ရှိသော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌများမှာ တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ နှုတ်ဆိတ်နေလေ့ ရှိသော်လည်း မြန်မာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ယင်းသို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၁ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေးများတွင်သာ နောက်ဆုံး ဆွေးနွေးနိုင်ခဲ့ပြီး ၂၀၁၂ နှင့် ၂၀၁၃ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သော ကမ္ဘောဒီးယားနှင့် ဘရူနိုင်းတို့ လက်ထက်တွင် ဆွေးနွေးနိုင်ခြင်း မရှိပေ။

ယင်းသည် ပူပူနွေးနွေး အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာအတွက် သံတမန်ရေး စမ်းသပ်ချက်တစ်ရပ် ဖြစ်လာပြီး ယင်းအတွက် တရုတ်နှင့် မြန်မာဆက်ဆံရေးတွင် နောက်ဆက်တွဲ သက်ရောက်မှုများ မည်သို့ ဖြစ်လာမည်ကို မသိသေးပေ။

ယင်းသို့ ဖြေရှင်းရာတွင် မြန်မာ၏ အားသာချက်မှာ အာဆီယံနိုင်ငံ အားလုံးနှင့် ဆက်ဆံရေး ကောင်းခြင်း၊ တရုတ်နှင့် မဟာဗျူအဆင့် ဆက်ဆံရေး ရှိခြင်းတို့ ဖြစ်ကြောင်း မြန်မာသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ယနေ့ အစည်းအဝေး မတိုင်မီက ပြောဆိုထားသည်။

အာဆီယံ၏ ခက်မသုံးဖြာ အသိုက်အဝန်း ပေါင်းစည်းရေး အဓိက ဖြစ်နေချိန်၊ တောင်တရုတ်ပင်လယ်အရေး ဖြေရှင်းရန် အခြေခံမူဘောင်များ ယခုဥက္ကဋ္ဌ လက်ထက်တွင် အပြီးသတ်ရန် လိုနေချိန်တွင် တောင်တရုတ်ပင်လယ် အရေးက အရေးပေါ် အနေအထားဖြင့် စင်ပေါ်သို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

အထူးသဖြင့် အာဆီယံ မိသားစုဝင် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် မြန်မာ့ မဟာဗျူဟာမိတ်ဖက် တရုတ်တို့ ပါဝင်ပတ်သတ်နေသော တောင်တရုတ်ပင်လယ် အရေးတွင် အာဆီယံအနေနှင့် ဘက်တစ်ဘက်သို့ လိုက်ရန် မလိုသော်လည်း ယခုတစ်ကြိမ်တွင် “နှုတ်ဆိတ် မနေနိုင်တော့” ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ယနေ့ အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ထုတ်ဖော် ပြောကြားသည်။

မြန်မာအိမ်ရှင်အဖြစ် ကျင်းပသော နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ မှတ်တိုင်အဖြစ် တောင်တရုတ်ပင်လယ်အရေး စိုးရိမ်ကြောင်း ပွင့်လင်းစွာ ထုတ်ဖော်ပြောရန် အားလုံး သဘောတူခဲ့သော်လည်း လောလောလတ်လတ် ပြန်ဖြစ်လာသော ထိုအရေး အဓိက မီးမွှေးသည်ဟု စွပ်စွဲခံနေရသည့် တရုတ်နိုင်ငံကို ထုတ်ပြန်ချက်တွင် အမည် မတပ်ထားခြင်းအပေါ် အာဆီယံကို မေးခွန်းထုတ်ခဲ့သည်။

“ဘယ်တိုင်းပြည်ကို ရည်ညွန်းတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် လီလောင်မင်းက ယင်းမေးခွန်းကို ပြန်လည်ချေပ ပြောဆိုခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဆွေးနွေး ဆုံးဖြတ်ချက်များကို အစိုးရနှင့် နိုင်ငံခေါင်းဆောင်များထံ တင်ပြမည်ဖြစ်ပြီး ထိပ်သီး အစည်းအဝေးတွင် အပြီးသတ် ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။

“တောင်တရုတ်ပင်လယ် ကိစ္စက အာဆီယံရဲ့ မျှော်မှန်းချက် (Vision) အပေါ်မှာ ထင်ဟပ် သက်ရောက်မှု မရှိပါဘူး။ ဒီဟာနဲ့ ပတ်သက်ပြီး ထင်ကြေးပေး မပြောလိုပါဘူး။ ဒါပေမဲ့ အာဆီယံမှာ အတူတကွ တာဝန်ရှိပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီက အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။ အာဆီယံ၏ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း တောင်တရုတ်ပင်လယ် အရေးကို အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

The Voice Weekly
ဗီယက်နမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ တောင်တရုတ်ပင်လယ် အတွင်း မေလဆန်းမှ စတင်ဖြစ် ပွားနေသော တင်းမာမှုများအပေါ် အထူးစိုးရိမ်ကြောင်း မေလ ၁၁ ရက်နေ့ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ထုတ်ပြန် ကြေညာလိုက်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု များကြောင့် သေ ဆုံးခဲ့သူများအား ရည်စူး၍ အကျွတ်အလွတ်ဒါနပြုပွဲ ပြုလုပ်


 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်စဉ် များကြောင့် သေဆုံးခဲ့သူများအား ရည်စူး၍ အကျွတ်အလွတ် ဒါနပြုပွဲ ပြုလုပ်ပေးကာ အမျှအတန်းဝေမှုများကို မေ ၁၀ ရက် ည ၁၁ နာရီက မိုင်တိုင် ၁၁၆ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လမ်းပြောင်းပြန်နှင့် မီးနီ ဖြတ်မောင်းသူများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်မှ လေးနှစ်အထိ ပိတ်မည်

ရန်ကုန်မြို့တော်တွင် မောင်းနှင်လျက်ရှိသော မော်တော်ယာဉ်များ အနေနှင့် လမ်းပြောင်းပြန်နှင့်၊ မီးနီ ဖြတ်မောင်း ပါက သတ်မှတ်ထားသော ဒဏ်ကြေးငွေများ အပြင် လိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ (နှစ်အကန့်အသတ်ဖြင့်) ပိတ်သိမ်းရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ညှိနှိုင်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ် က ပြောကြားသည်။

မြန်မာ-အင်ဒိုနီးရှား ဗီဇာ ကင်းလွတ်ခွင့် ယခုလအတွင်း စတင်မည်

အာဆီယံဒေသတွင်း နိုင်ငံများ ပေါင်းစည်းဗီဇာ (Single Visa) အစီအစဉ် မစတင်မီ မြန်မာနှင့် အင်ဒို နီးရှား နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ကို ယခုလ (မေလ) အတွင်း စတင်နိုင်မည် ဖြစ်ကြောင်း နိုင် ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

အစိုးရ နှုတ်ထွက်ပေးရေး စာရွက်ဝေငှသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်း

Photo: အစိုးရ နှုတ်ထွက်ပေးရေး စာရွက်ဝေငှသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်း
Sunday, May 11, 2014

 ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေကို လိုက်လံဝေငှခဲ့တဲ့ ဒီမိုကရေစီစဉ်ဆက် မပြတ်လှုပ် ရှားရေးအဖွဲ့ MDCF က ကိုတင်မောင်ကြည်နဲ့ ကိုဇော်ဝင်း တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မနေ့ကဖမ်းဆီးလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက် ပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က တာမွေမြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ အဲဒီစာရွက်တွေဝေခဲ့တဲ့အတွက် သူတို့နှစ်ဦးစလုံး အဖမ်းခံရတာလို့ MDCF အဖွဲ့က ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင်နောင်က ပြောပါတယ်။

"ကိုထင်ကျော်ကိုဖမ်းပြီး နောက်နေ့တာမွေမှာ ကျန်ခဲ့တဲ့အင်အားစုတွေက ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ပြည်သူအပေါ် စာနာစိတ် မရှိတဲ့ ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ နဲ့ ပြည်သူတွေအတွက် အမှန်တကယ် အနစ်နာခံခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို အစိုးရဖြစ်ကြောင်း ပြည်သူတွေထောက်ခံကြ ဆိုတဲ့ စာရွက်ကလေးတွေ လိုက်ဝေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကိုတင်မောင်ကြည်နဲ့ ကိုဇော်ဝင်းတို့ကို ရန်ကုန်တိုင်း ရဲတပ်ဖို့ကနေပြီးတော့ လာရောက်ဖမ်းဆီးသွားပါတင်ခင်ဗျ၊ သူတို့လောလောဆယ်တော့ အင်းစိန်ထောင်ကို အပို့ခံထားရပါတယ်"

မနေ့က MDCF အဖွဲ့ဝင် ကိုထင်ကျော်ကို ပုဒ်မ (၁၈)နဲ့ အင်းစိန်ထောင်ကနေ ကျောက်တံတားတရားရုံးမှာ ရုံးထုတ်စဉ် ကိုတင်မောင်ကြည်နဲ့ ကိုဇော်ဝင်းတို့က တရားရုံးရှေ့မှာ စာရွက်တွေလိုက်ဝေခဲ့ရာမှာ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

RFA Burmese
ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေကို လိုက်လံဝေငှခဲ့တဲ့ ဒီမိုကရေစီစဉ်ဆက် မပြတ်လှုပ် ရှားရေးအဖွဲ့ MDCF က ကိုတင်မောင်ကြည်နဲ့ ကိုဇော်ဝင်း တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မနေ့ကဖမ်းဆီးလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက် ပါတယ်။

မြစ်ဆုံအနီး အရပ်သား ၃၂ ဦးကို ကေအိုင်အေ ဖမ်းဆီး

Photo: မြစ်ဆုံအနီး အရပ်သား ၃၂ ဦးကို ကေအိုင်အေ ဖမ်းဆီး
Sunday, May 11, 2014

ကချင်ပြည်နယ်အတွင်း KIA တပ်မဟာ(၁)၊ တပ်ရင်း (၄) က မြစ်ဆုံအနီး နေထိုင်သူ အရပ်သား ၃၂ ဦးကို မေလ ၇ ရက်နေ့က ဖမ်းဆီးသွားကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကို အကြောင်းကြားတယ်လို့ သိရပါတယ်။

KIA တပ်ဖွဲ့က ဖမ်းသွားသူစုစုပေါင်း ၃၉ ဦးဖြစ်ပြီး ၇ ဦးဟာ ကလေးငယ်တွေ ဖြစ်တာကြောင့် ပြန်လွတ်ပေးလိုက်တယ်လို့ဆိုပါတယ်။ သူတို့ကို မေလ ၇ ရက်နေ့ ည၁၂ နာရီက တန်ဖဲရွာက ဖမ်းသွားတာဖြစ်ပါတယ်။

အခုလိုဖမ်းသွားသူတွေကို ပြန်လွတ်ပေးဖို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကြားဝင်ဆောင်ရွက်ရာမှာ ဒီကနေ့ညနေပိုင်းမှာ မြစ်ကြီးနားမြို့နဲ့ မိုင်၅၀ ကျော်ဝေးတဲ့ ရွာတစ်ရွာမှာ ဖမ်းထားသူတွေကို လာခေါ်ဖို့ KIA က အကြောင်းကြားထားတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

အခုလွတ်ပေးမယ့်သူတွေထဲမှာ မေလ ၃ရက်နေ့က မြစ်ဆုံသွားရာလမ်းမှာ အဖမ်းခံရသူ အစိုးရ၀န်ထမ်းနှစ်ဦးလည်း ပါဝင်တယ်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။ အခုလို KIA အဖွဲ့က အရပ်သားတွေကို ဖမ်းစီးတယ်ဆိုတာနဲ့ ပတ်သက်ပြီး KIO ဌာနချုပ်က ညွန်ကြားထားတာ မရှိဘူးလို့လည်း ဦလမိုင်ဂွမ်ဂျာကပြောပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ အစိုးရတပ်တွေနဲ့ KIA တပ်၊ တအာင်းလွတ်မြောက်ရေးတပ်တွေနဲ့ ကိုးကန့်တပ်တွေ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ တအာင်းလွတ်မြောက်ရေးတပ်က ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပြပါတယ်။

"တိုက်ပွဲကတော့ ဒီလိုပဲ ကြိုကြားကြိုကြား လက်နက်ကြီးတွေနဲ့ ကျနော်တို့တပ်တွေရှိတဲ့ဖက်ကို ဆက်တိုက်ပစ်နေတယ်၊ ကေအိုင်အေက တပ်ရင်း ၃၆ နဲ့ ၃၈ အဲထဲမှာရှိတယ်၊ နောက်ကျနော်တို့ တအာင်းတပ်တချို့ရယ်၊ ကိုးကန့်တပ်တချို့ရယ် အဲမှာရှိတယ်"

တိုက်ပွဲတွေဟာ အစိုးရတပ် တပ်မ၇၇ လက်အောက်ခံတပ်တွေ နဲ့ ဖြစ်ပွားနေတာဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်းနဲ့ မနေ့က မနက်ပိုင်းတွေမှာလည်း ရင်ဆိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ တချိန်ထဲမှာဘဲ ဗန်မော်ခရိုင် မန်ဝန်းကြီးနဲ့ ၅မိုင်ခန့်မှာ အခုလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေဖြစ်နေတယ်လို့ မန်ဝန်းကြီး ဒုက္ခသည်စခန်း တာဝန်ခံ ဦးခင်လတ်က ပြောပါတယ်။

RFA Burmese
ကချင်ပြည်နယ်အတွင်း KIA တပ်မဟာ(၁)၊ တပ်ရင်း (၄) က မြစ်ဆုံအနီး နေထိုင်သူ အရပ်သား ၃၂ ဦးကို မေလ ၇ ရက်နေ့က ဖမ်းဆီးသွားကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ကို အကြောင်းကြားတယ်လို့ သိရပါတယ်။