Friday 2 November 2012

ယခုနှစ် အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့တွင် ကျင်းပမည်

ယခုနှစ် အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်များ တွင် ကျင်းပမည်ဖြစ်သည်။

ယခုနှစ် ဖိုရမ်၏ အကြောင်းအရာခေါင်းစဉ်မှာ “Turbulent World. Rising Asia. Where do we go from here?” ဖြစ်သည်။

မြန်မာနိုင်ငံအတွက် MBA + Business Placement အစီအစဉ်အား ပထမဆုံးအကြိမ် ကမ်းလှမ်းခံရ


ယူကေ တွင် MBA သင်ယူလိုသူများအတွက် လက်တွေ့အလုပ်အကိုင် နေရာချထားပေးမူ့အပြင်လ  စာပါရရှိမည့် အစီအစဉ်ပါရှိသော MBA+ Business Placement ကို University of Portsmouth တွင်
လေ့လာသင်ယူနိုင်ရန် သတ်မှတ်အရည်အချင်းပြည့်မှီသူများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာေ ရး ၀န်ဆောင်မှုအသိုင်းအ၀ိုင်းက သိရသည်။

Windows 7 ကို လျင်မြန်စွာ အသုံးပြုနိုင်သည့် အချက် ခုနစ်ချက်

http://slodive.com/wp-content/uploads/2010/11/windows-7-wallpapers/green-windows-7-wallpapers_11839_1024x768.jpg


Windows 7 ကို အသုံးပြု နေသူများ အတွက် Windows 7 ကို လျင်မြန်သော လုပ်ဆောင်ချက်များ ရရှိ နိုင်စေရန် အတွက် အွန်လိုင်းတွင် ဝေမျှထားသည့် အချက် ခုနစ်ချက်ကို ဖော်ပြ ပေးလိုက်ပါသည်။
Window 7 ကို လျင်မြန်စွာ ပြောင်းလဲအသုံးပြုခြင်း
Window 7 ကိုလျင်မြန်စွာ ပြောင်းလဲ အသုံးပြု နိုင်ရန်အတွက် minimize- maximize Animation များကို disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။
Disable ပြုလုပ်နည်းမှာ Run Box ကနေ System Properties Performance ဟု ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ်ကာ OK နှိပ်ရမည် ဖြစ်ပါသည်။

နောင်ချိုမြို့ လွယ်ခေါ် ရွာအနီးတွင် ထော်လာ ဂျီယာဉ် ဘရိတ်ပေါက် တိမ်းမှောက် လူ(၃)ဦး သေဆုံး



ရှမ်းပြည်နယ် နောင်ချိုမြို့ လွယ်ခေါ်ရွာ အနီးတွင် အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ခွဲ က ယာဉ် တိမ်း မှောက် မှု ဖြစ်ပွားခဲ့သည်။

အရေပြားကင်ဆာအတွက် မစားသင့်သော အစားအစာခုနစ်မျိုး

သင့်အရေပြားကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ အစားအစာတွေ ရှိသလိုပဲ၊ အရေပြားကင်ဆာ အတွက် အန္တရာယ်ရှိတဲ့ အစားအစာတွေလည်း ရှိပါတယ်။

ကင်ထား၊ ဖုတ်ထားသော အစာများ

ကင်ထားဖုတ်ထားတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ ဖရီးရယ်ဒီကယ်တွေက ကျန်းမာတဲ့ အရေပြား ဖြစ်ပေါ်မှုကို တားဆီးတတ်တာကြောင့်ပါ။ ကြက်သား၊ ဝက်သားနဲ့ အမဲသားတွေ ကို သေချာ ချက်ပြုတ်ပြီး စားပေးဖို့ အမေရိကန် ကင်ဆာရောဂါဌာနက အကြံပြုထားပါတယ်။ ဆဲလ်မွန်ငါးက သင့်ကျန်း မာရေး ကို အထောက်အကူပြုတဲ့ အိုမီဂါသရီးဖက်တီးအက်စစ်တွေ ပါဝင်တယ်ဆိုပေမယ့် ကင်စားမယ် ဆိုရင်တော့ သင့်ကိုပိုပြီး အန္တရာယ်ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ငါးကိုလည်း ချက်ပြုတ် စားသောက် ပါ။

ဆူရင်ရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး အဆိုပြုချက်ကို ပယ်ချလိုက်တာ မှန်တယ်

ဆူရင်ရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး အဆိုပြုချက်ကို ပယ်ချလိုက်တာ မှန်တယ်
by Lwin Aung Soe on Friday, November 2, 2012 at 12:20pm ·



ဆူရင်ရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး အဆိုပြုချက်ကို ပယ်ချလိုက်တာ မှန်တယ်



ရခိုင်ပြည်နယ်က ပဋိပက္ခမှာ မြန်မာ-အာဆီယံနဲ့ ကုလသမဂ္ဂ သုံးပွင့်ဆိုင် ဆွေးနွေးကြဖို့ အာဆီယံ အတွင်းရေးမှူး ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) က အဆိုပြုလာပါတယ်။ ဒါကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။ ဒီလို ပယ်ချလိုက်တာဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုရပါမယ်။



မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် မရှိနိုင်တော့လောက်တဲ့ အချိန်ဖြစ်သွားလို့ မြန်မာ့အရေးမှာ မြန်မာတွေကသာ ဖြေရှင်းတာ အကောင်းဆုံး ဖြစ်ပါတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်ရုံမက အမျိုးသားရေးအမြင်ရှိပြီး ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်းရှိမယ့် ခေါင်းဆောင်တွေ ရှိနေလို့ပါပဲ ။



အထိအခိုက် နည်းနည်းမှ အဖြစ်မခံနိုင်တဲ့ ပြည်တွင်းရေးကိစ္စမျိုးမှာ ပြည်ပ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ ပါလာရင် ပိုတောင်မှ ရှုပ်ထွေးပြီး ဖြေရှင်း မရတာမျိုး ဖြစ်တတ်တယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးကိစ္စတွေမှာ အတော့်ကို ဂရုစိုက်နိုင်ရမှာ ဖြစ်ပါတယ်။



လက်ရှိ ရခိုင်ပြည်နယ် ပဋိပက္ခအရေးမှာ အမေရိကန်၊ အီးယူ အပါအဝင် အနောက်အုပ်စုက လက်ရှောင်ထားပါတယ်။ တရုတ်နဲ့ ရုရှားက ငြိမ်ပေးနေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတ ဦးသိန်းစိန် အနေနဲ့ သတိထားဖို့ အကြံပေးထားပါတယ်။



ဒီအချိန်မှာ အစ္စလမ် နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ OIC ဝင်လာဖို့ ကြိုးစားလာပါတယ်။ မြန်မာပြည်သူတွေက အမြော်အမြင်ရှိရှိ လက်မခံချင်ကြောင်း ကန့်ကွက်လိုက်လို့ OIC ရဲ့ အကြံ မအောင်မြင်ဘဲ ဖြစ်သွားပါတယ်။ (နောက်တမျိုးပြီးတမျိုး ကြံစည်နေဦးမယ်လို့လည်း တွက်ဆထားနိုင်ပါသေးတယ်။)



ဒီလိုအနေအထားမှာ အာဆီယံက ဝင်ရောက်စွက်ဖက်တာကို လက်ခံလိုက်ရင် မှားသွားပါမယ်။ ပဋိပက္ခ ဖြေရှင်းရေးမှာ အာဆီယံဟာ ဘယ်တုန်းကမှ အစဉ်အလာ မကြီးမားခဲ့ပါဘူး။ အခြားနိုင်ငံတွေ၊ အဖွဲ့အစည်းတွေက ဦးဆောင်လုပ်ပေးမှ နောက်ကနေ ဝေလေလေ လုပ်တတ်တဲ့ သာဓကတွေပဲ ရှိပါတယ်။



အာဆီယံထဲမှာ ဦးဆောင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားက အစ္စလမ်နိုင်ငံတွေ ဖြစ်ကြပြီး ထိုင်းနဲ့ ဖိလစ်ပိုင်တို့မှာ မွတ်ဆလင် အစွန်းရောက် အုံကြွမှုတွေ ရှိနေပါတယ်။ အဆိုပြုသွားတဲ့ လက်ရှိ အာဆီယံ အတွင်းရေးမှူး ဆူရင် ကိုယ်တိုင်ကလည်း အစ္စလမ်ဘာသာဝင် ဖြစ်နေပါတယ်။



ပြီးတော့ ဒါဟာ အာဆီယံ နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲ အတွင်းရေးမှူးရဲ့ အဆိုပြုချက်သာ ဖြစ်နေပြန်ပါတယ်။



ဒီတော့ ဘက်မညီတာတွေနဲ့ မလိုအပ်တဲ့ အင်အားကြီး လွှမ်းမိုးမှုတွေက မြန်မာ့အရေးအတွက်လည်း မကောင်းသလို အာဆီယံ ရှေ့ရေးအတွက်လည်း မသင့်တော်လှဘူး။



ဒီလို ဒီလို အကြောင်းတွေကြောင့် မြန်မာအစိုးရက အတွင်းရေးမှူး ဆူရင်ရဲ့ အဆိုပြုချက်ကို ပယ်ချလိုက်တာဟာ အင်မတန် အမြော်အမြင်ကြီးမားတဲ့ လုပ်ရပ်လို့ ယူဆရပါမယ်။



လွင်အောင်စိုး

၂-၁၁-၂ဝ၁၂



......................
 
 
ရခိုင်ပြည်နယ်က ပဋိပက္ခမှာ မြန်မာ-အာဆီယံနဲ့ ကုလသမဂ္ဂ သုံးပွင့် ဆိုင် ဆွေးနွေးကြဖို့ အာဆီယံ အ တွင်းရေး မှူး ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) က အဆိုပြု လာပါတယ်။ ဒါကို မြန်မာအစိုးရက ပယ်ချ လိုက်ပါတယ်။ ဒီလို ပယ်ချလိုက်တာ ဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုရပါ မယ်။

မြန်မာ- ဘင်္ဂလာ နယ်စပ် ပင်လယ်ပြင် နှစ်ဘက်နိုင်ငံ ရေတပ်သင်္ဘောများ တိုးချ

ရခိုင်တွင် ပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် မြန်မာ- ဘင်္ဂလာနယ် စပ်  ပင်လယ်ပြင် တွင် နှစ်ဘက် နိုင်ငံ၏ ရေတပ် သင်္ဘောများကို တိုးချကာ လုံခြုံရေး မြှင့်တင် ထားကြောင်း သတင်း ရရှိ သည်။

 ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများမှ ကျပ်သန်းပေါင်း ၂၃ သိန်းကျော်ထပ်မံတောင်းခံထားပြီး စက်မှုဝန်ကြီးဌာနမှ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ငါးသိန်းကျော်ဖြင့် အများဆုံး တောင်းခံထားကြောင်းသိရ

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မူလခွင့်ပြုငွေဖြင့်မလုံလောက် သဖြင့် ပြည်ထောင်စု အဆင့်ဌာနအဖွဲ့ အစည်းများမှ ကျပ်သန်းပေါင်း ၂၃ သိန်းကျော် ထပ်မံတောင်းခံထားပြီး စက်မှုဝန်ကြီးဌာနမှ ငွေလုံငွေရင်း အသုံး စရိတ်အဖြစ် ကျပ် ၅၀၆၅၂၂.၅၆၇ သန်းဖြင့် အများဆုံးတောင်းခံထားကြောင်း သိရသည်။

ဆောင်းရောက်သည့် အခါ ဖြစ်တတ်သည့် ဗောက်ထခြင်း (Dandruff) ......

ဆောင်းရောက်သည့် အခါ ဖြစ်တတ်သည့်  ဗောက်ထခြင်း (Dandruff) ......

ဆေးဖက်ဝင် ဗောက်ပျောက်ခေါင်းလျှော်ရည်၊ ဦးရေပြားနဲ့ ဆံပင်မှာ အဖြူရောင်၊ အဝါရောင် အဖတ်လေးတွေကို တွေ့ရရင် ဒါမှမဟုတ် ပခုံးပေါ်မှာ အဖြူဖတ်၊ အဖြူမှုန့် လေးတွေကို တွေ့ရရင် ခေါင်းမှာ ဗောက်ထနေပါပြီ။ အလွန်ခြောက်သွေ့တဲ့ ဆံသားရှိသူနဲ့ အဆီပြန်တဲ့ ဆံသားရှိသူတွေမှာ ဗောက်ထလေ့ရှိပြီး စိတ်ဖိစီးမှုများတာဟာလည်း ဗောက်ထ နိုင်ပါတယ်။

ဆောင်းရာသီမှာ အဖြစ်များတဲ့ ဗောက်ထတဲ့ ပြဿနာအတွက် အကောင်းဆုံး ကုသမှုက Pyrithione, Zine နဲ့ Selenium Sulfide တို့ ပါဝင်တဲ့ ဗောက် ပျောက် ခေါင်းလျှော်ရည်နဲ့ လျှော်ပေးတာပဲ ဖြစ်ပါတယ်။ 
 
 
 
ဆေးဖက်ဝင် ဗောက်ပျောက်ခေါင်းလျှော်ရည်၊ ဦးရေပြားနဲ့ ဆံပင်မှာ အဖြူရောင်၊ အဝါရောင် အဖတ်လေးေ တွ ကို တွေ့ရရင် ဒါမှမဟုတ် ပခုံးပေါ်မှာ အဖြူဖတ်၊ အဖြူမှုန့် လေးတွေ ကို တွေ့ရ ရင် ခေါင်း မှာ ဗောက် ထနေပါပြီ။ အလွန်ခြောက်သွေ့တဲ့ ဆံသားရှိသူနဲ့ အဆီပြန်တဲ့ ဆံသားရှိသူတွေ မှာ ဗောက်ထလေ့ရှိပြီး စိတ်ဖိစီးမှုများတာဟာလည်း ဗောက်ထ နိုင်ပါတယ်။

ဝန်ကြီးဌာန နှစ်ခု အမည်ပြောင်းရန် နိုင်ငံတော် သမ္မတရုံးက သဝဏ်လွှာ ပေးပို့

နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော် အစည်းအဝေး သို့ နိုဝင်ဘာ ၁ ရက်၊ ရက် စွဲဖြင့် ပြည်ထောင်စု ဝန်ကြီးဌာန နှစ်ခု အမည်ပြောင်းရန် ယနေ့တွင် သဝဏ်လွှာ တစ်စောင် ပေးပို့ လိုက်ေ ကြာင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ချေးငွေနှင့် အထောက်အပံ့ငွေ ဒေါ်လာ ၂၄၅ သန်းပေးရန် စီစဉ်

ကမ္ဘာ့ဘဏ်က ၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံကို ချေးငွေနှင့်အထောက်အပံ့ငွေ အမေရိ ကန်ဒေါ်လာ ၂၄၅ သန်း ထုတ်ပေးသွားရန် စီစဉ်ထားသည် ဟု နိုင်ငံတကာသတင်းဌာန များတွင် ဖော်ပြ ချက် အရ သိရသည်။

အိုက်စလန် သမ္မတ နိုင်ငံနှင့် သံအဆက်အသွယ် ထူထောင်ရန် ပြည်ထောင်စု လွှတ်တော်က သဘောတူညီ

နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ စက်မှုဖွံဖြိုး တိုးတက်သော အိုက်စလန် သမ္မတ နိုင်ငံနှင့် သံတမန် ဆက်သွယ်ရေး ထူထောင်ရန် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူ မရှိဘဲ ယနေ့ အစည်းအဝေးတွင် သဘောတူညီလိုက်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင် ပြည်တွင်းဖြစ် ကားများကို အသုံးပြု သွားမည်ဟုဆို



ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ ချိန်မှ စ၍ ရုရှား နိုင်ငံမှ ခေါင်းဆောင်များ စီးနင်းခဲ့သည့် နိုင်ငံခြားဖြစ် ကျည်ကာ ကားများ အစား ပြည်တွင်းဖြစ် ကားများကို အသုံးပြုရန် သမ္မတ ဗလာဒီမာ ပူတင်က ဆုံးဖြတ် ခဲ့သည်။

ရခိုင် ဒုက္ခသည်များ အတွက် ပေါင်၂ သန်း ဗြိတိန် ကူညီ ထောက်ပံ့မည်

ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသော ရခိုင် ဒေသရှိ ဒုက္ခသည် များအတွက် ဗြိတိန် နိုင်ငံမှ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ အဖြစ် ပေါင်၂ သန်း ပေးအပ်မည် ဖြစ်ကြောင်း ဘီဘီစီ သတင်း တွင် ဖော်ပြ ထားသည်။

ဂရိ သတင်းသမား ပြန်လွတ်

vaxevanis
 ဂရိ မဂ္ဂဇင်း အယ်ဒီတာ တယောက်ကို အခွန်ရှောင်တယ်လို့သင်္ကာ မကင်းသူ တွေရဲ့ ပုဂ္ဂိုလ်ရေး အချက် အလက်တွေကို ဖွင့်ချမှုနဲ့တရားစွဲ ထားတာကနေ ပြန်ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။

ဆွစ်ဇာလန်မှာ ဘဏ်စာရင်း ဖွင့်ထားတဲ့ ဂရိ လူမျိုး ၂ ထောင် ရဲ့ စာရင်း ကို ကော့စတပ် ဗက်စီ ဗန်းနစ် က ဖွင့်ချ ခဲ့ရာမှာ ဝန်ကြီးဟောင်း တယောက်လဲ ပါနေပါတယ်။

အမေရိကန်သမ္မတရွေးပွဲ မဲဆွယ်မှု အရှိန်ပြန်ရ


 


အမေရိကန် ပြည်ထောင်စု အရှေ့ခြမ်းမှာ တိုက်ခတ်ခဲ့တဲ့ အားပြင်းဟာရီကိန်းမုန်တိုင်း Sandy ဒဏ်ခံ ခဲ့ရတဲ့ ဒေသတွေ အတွက် အချိန်ပေး ဆောင်ရွက်နေတဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား Barack Obama ဟာ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့ မဲဆွယ် ပွဲတွေ ပြန် လုပ်နေပြီဖြစ်ပါတယ်။

ရွှေတိဂုံရင်ပြင်ပေါ် အနေအထိုင် မတတ်သော ပြည်ပ ဧည့်များကို ယခင်ထက် ပိုကြပ်မတ်မည်

 
ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် ပြည်ပ ဧည့်စုံတွဲများ မဖွယ်မရာပြုမူ နေထိုင်မှုများမရှိအောင် ယခင်ထက် ပိုမိုကြပ်မတ် သွားမည်ဟု ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။ ယခုလအတွင်း အင်တာ နက်ပေါ် တွင် ပျံ့နှံ့လာသော ရင်ပြင်ပေါ်တွင် ပြည်ပဧည့်နှစ်ဦး လှဲအိပ်နေသော ဓာတ်ပုံနှင့် ပတ်သက် ၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“Facebook က ဓာတ်ပုံရဲ့ တည်နေရာကို ကြည့်တဲ့အခါ ရင်ပြင်တော် အနောက်မြောက် ဘက် အော င်မြေ ဖြစ်နေတယ်။

အွန်လိုင်းမှ ဈေးဝယ်နိုင်မည့် ရတနာပုံ Debit ကတ် ထုတ်လုပ်မည်

ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်း၍ အွန်လိုင်းတွင် ဈေးဝယ်ယူနိုင်မည့် ရတနာပုံ Debit ကတ် ထုတ် လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရတနာပုံကုမ္ပဏီ လီမိတက် စီမံကိန်းများ တည်ေ ဆာက်ရေး ဌာနကြီး၏ ဌာနမှူးဦးအောင်စံမြတ်က ပြောကြားသည်။  

ရန်ကုန်တက္ကသိုလ်တွင် အွန်လိုင်းစာကြည့်တိုက် တည်ထောင်မည်

ရန်ကုန် တက္ကသိုလ်တွင် ပြည်တွင်းပြည်ပ တက္ကသိုလ် များနှင့် အချက်အလက် များ ဖြန့်ဖြူး နိုင်ရန် အတွက် အွန်လိုင်း စာကြည့်တိုက် တည်ထောင်ရန် စီစဉ် ဆောင်ရွက် နေကြောင်း ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းက  ပြောကြားသည်။

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားကွင်း ကို နေလုံ၊ မိုးလုံ ပြုလုပ်မည်

အောင်မင်္ဂလာ အဝေးပြေး ယာဉ် ရပ်နားကွင်း ကို ခရီးသည် များ အဆင်ပြေ ချောမွေ့ စေရန် အမိုး မိုး ၍ ဆောက်လုပ် သွားမည် ဟု ယင်း ယာဉ်ရပ်နား စခန်း စည်ပင်သာယာ ဌာနမှ ဒုတိယ ဌာနမှူး ဦးဉာဏ်ထွန်းအောင် က  ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သမ္မတ၏တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိရန်စီစဉ်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သီးခြားလွတ်လပ်သောအဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၏တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ထားကြောင်းသိရသည်။

နိုင်ငံတော်၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော ဘဏ်လုပ်ငန်း စနစ်ကို ကမ္ဘာ့နိုင်ငံများ၏ဘဏ်စနစ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ထိုသို့ပြောင်းလဲ ရန်စီ စဉ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။