Wednesday 3 October 2012

လက်ပန်းတောင်းတောင်ကိစ္စ တွေးဆနိုင်ဖို.

မုံရွာတစ်ဖက်ကမ်း လက်ပန်းတောင်း တောင်ကိစ္စ နဲ.ပတ်သက်ပြီး သူများတွေ ပြောနေဆိုနေကြတာတွေကို ဖတ်နေတွေ.နေရပေမယ့်အကြောင်းအမျိုးမျိုးကြောင့် ဘာတစ်ခုမှ ၀င်မပြောဖြစ်ခဲ့ပါဘူး…။ ခုတော့ လယ်တွေ ပျက်စီးကုန်ပြီ…အက်စစ်တွေကြောင့် ကန်တွေ ပျက်စီးပြီး အဆိပ်သင့်ကုန်ပြီ…ဘာညာဆိုပြီး ဓါတ်ပုံေ တွ နဲ. တက်လာလို. မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကျနော်သိထားတာလေး ကို ရေးပြ မှ ဖြစ်တော့မယ်လို. စဉ်းစားမိလို. ဒီစာစုကိုရေးဖြစ်တာပါ…။ဒါကလဲ အခု လက် ပန်းတောင်းေ တာင် ကိစ္စ လှုပ်ရှားနေကြတဲ့ အဖွဲ.အစည်း တွေကို ကန်.ကွက်ပိတ်ပင်တဲ့ သဘောမဟုတ် ပဲ….တွေးဆ ဆင်ခြင်နိုင် ဖို.ရာအတွက် အခြားတဖက်က အကြောင်းအရာကို တင်ပြခြင်းသက်သက်ပဲဖြစ်ပါတယ်…။

အပြီးသတ် လူစာရင်းတွင် ကျော်ကိုကို၊ ရန်ပိုင်၊ ရာဇာဝင်းသိန်း၊ မင်းမင်းသူတို့ ပါဝင်နိုင်ဖွယ် မရှိကြောင်း သတင်းများ ထွက်ပေါ်

ဆူဇူကီး ဖလား ခြေစစ်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေး အသင်း၏ အပြီးသတ် လူစာရင်းကို ထုတ်ပြန်နိုင်ခြင်း မရှိသေး သော်လည်း ထွက်ပေါ်နေသည့် သတင်းများ အရ ၀ါရင့် ကစားသမား များ ဖြစ် သည့် ကွင်းလယ်လူ ရာဇာဝင်းသိန်းနှင့် မင်းမင်းသူတို့မှာ အပြီးသတ် လူစာရင်းတွင် ပါဝင်နိုင်ဖွယ် မရှိကြောင်း သိရသည်။ အဆိုပါ ကစားသမား နှစ်ဦးအပြင် အသင်းအတွက် အရေးပါသည့် တိုက်စစ် မှူး နှစ်ဦးဖြစ်သည့် ရန်ပိုင်နှင့် ကျော်ကိုကို တို့မှာလည်း ရရှိထားသည့် ဒဏ်ရာများမှ အသီးသီး သက် သာ လာခြင်း မရှိသေး သောကြောင့် အပြီးသတ် လူစာရင်းတွင် ပါဝင်လာနိုင်ခြေ မရှိတော့ကြောင်း သိရသည်။ ထို့အပြင်ဂိုးသမား (၃)ဦးအနက်မှ တတိယ ဂိုးသမား မျိုးမင်းလတ်မှာလည်း အသင်းသို့ ပြန်ရဖွယ် ရှိနေကြောင်း သိရသည်။

ကျေးလက်တွင် နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်း အရစ်ကျ ရောင်းမည်

ရန်ကုန်၊ အောက်တိုဘာ ၃

 
 မြန်မာနိုင်ငံ လူဦးရေ၏ ခုနှစ်ဆယ်ရာခိုင်နှုန်းရှိသော ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းများအား ဝယ်ယူ အသုံးပြုနိုင်ရန် ကျပ်နှစ်သိန်းတန် GSM ဖုန်းများကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးသွား မည်ဖြ စ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့တို့ နယ်စပ်တွင် တွေ့ဆုံ -

နှစ်နိုင်ငံ အလံတင် တပ်မှူး အဆင့် ဆွေးနွေးပွဲကို မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ အကြား ယမန်နေ့က ဘင်္ဂလားဒေခ်ျ့ အပိုင် နယ်စပ် ကျေးရွာ တစ်ခု ဖြစ်သော ခေါင်းတုံး တွင် ပြုလုပ်ခဲ့ သည်။
နစကနှင့် ဘီဂျီဘီ တပ်မှူးများ ယခုလို မကြာခဏ တွေ့ဆုံကြသည်။

မြွေပူရာ ကင်းမှောင့်တဲ့ ဖားကန့်

ဖားကန့်မြို့အနီး၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ကန်တာရိုးကျိုးခဲ့ဖြင့် အိမ်ခြေ ၂၀ ကျော်မှာ ရေစီးဖြင့်လုံးဝမျောပါသွားပြီး ခရစ်ယာန် ဘုရားကျောင်းတစ်ခုအပါအ၀င် အိမ်ခြေ ၆၀ ကျော်မှာ အကြီးစားပျက်စီးသွား ခဲ့ကြောင်း ဒေသခံများ ကပြောသည်။

အီရန်နိုင်ငံ၏ အခြေခံ အဆောက်အအုံများ၊ ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများ ဆိုက်ဘာတိုက်ခိုက်မှုခံ ရ

 
အီရန်နိုင်ငံ၏ အခြေခံ အဆောက်အအုံများ၊ ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများ ဆိုက်ဘာတိုက်ခိုက်မှုခံ ရပြီးနောက် တစ်နိုင်ငံလုံးတွင် အင်တာနက်သုံးစွဲမှု အခက်အခဲများ တွေ့ကြုံခဲ့ရကြောင်း အီရန်အစိုးရ တာဝန် ရှိသူတစ်ဦးက ယနေ့ ထုတ်ဖော်ပြောကြားသည်။

စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ အဆုတ်ကင်ဆာရောဂါဖြစ်ပွားနေ

 မောင်ဝံသ
စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသမှာ အဆုတ်ကင်ဆာရောဂါဖြစ်ပွားနေပြီလို့ ဆရာမောင်ဝံသ ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒီကနေ့ ကိုယ်တိုင်ရေးသားဖေါ်ပြထားပါတယ်။ အောက်တိုဘာ ၁-ရက်နဲ့ ၂-ရက်နေ့ တွေ က စင်င်္ကာပူ နိုင်ငံ Mt Elizabeth ဆေးရုံမှာ ဆေးစစ်ခဲ့ပြီး၊ အဲဒီဆေးစစ်ချက်အရ အဆုတ်ကင်ဆာဖြစ်နေကြောင်း အဆုတ်ရောဂါ အထူးကုဆရာဝန်ကြီး Dr Philip Eng က အသိပေးခဲ့ တာဖြစ်ပါတယ်။ ဒီ့အတွက် ဆရာမောင်ဝံသဟာ စင်င်္ကာပူမှာပဲ ဆေးကုသမှု ဆက်လက်ခံယူပြိး မကြာခင် ရန်ကုန်ပြန်လာမယ်လို့ သိရပါတယ်။ ဆရာမောင်ဝံသဟာ ပြည်တွင်း ထုတ်ဂျာနယ်တွေမှာ နိုင်ငံပြုပြင်ပြောင်းလဲရေးဆောင်းပါးတွေ ရေးသားနေပြီး၊ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ စာနယ်ဇင်းကောင်စီ ယာယီဒုဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။
ဆရာ မောင်ဝံသ ၏ ကြေငြာချက် .....

တောင်ကြီးတွင် ဆောက်လက်စ အဆောက်အဦး ငြမ်းပြိုကျ၊ လူ ၁၁ ဦးသေဆုံး




ယနေ့(၃.၁၀.၂၀၁၂) ညနေ (၃)နာရီဝန်းကျင် ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ပြည်တော်သာ ရပ်ကွက်၊ကြံ့ခိုင်ရေးလမ်းတွင် ဆောက်လုပ်လျှက်ရှိသော မန္တလေးဆေးရုံတွင် ငြမ်းပြိုကျကာ လူ(၁၁)ဦးခန့် on the spot သေဆုံးသွားကြောင်းသိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်

Britain's ambassador
မြန်မာနိုင်ငံဆိုင်ရာဗြိတိတိန်သံအမတ်ကြီး Mr. Andrew Heyn နဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်း မှာ ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လူမျိုးနှစ်ခုအအကြားအမြင်တွေကို လေ့လာဆန်းစစ် မှုတွေ ပြုလုပ် ဖို့အ တွက် မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိခဲ့ပါတယ်

(၃.၁၀.၂၀၁၂) ညပိုင်း သတင်းများ

- လွှတ်တော်တွင်း တင်ပြချက်များသည် ပြည်သူ့လိုအပ်ချက်နှင့် ကွဲလွဲနေဟု ဒေါ်ဖြူဖြူသင်း ပြော click
- ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု စတင်မည် click
- ရွှေဂက်စ်ပိုက်လိုင်းစီမံကိန်း ရပ်ထားရေး ပြည်တွင်း ၁၂ ဖွဲ့ တောင်းဆို click
- ရှားခဲကြီးအင်းပဋိပက္ခ သေဆုံးခဲ့မှုများကို အရေးမယူသည့်အတွက် ဒေသခံများ စိုးရိမ် click
- ငပလီ တပ်သိမ်းမြေကိစ္စ လွှတ်တော်ကော်မတီ ကွင်းဆင်းစစ်ဆေး click
- စစ်သားအဖြစ် အဓမ္မစုဆောင်းခံရသည့်ကိစ္စ အိုင်အယ်လ်အိုကို တိုင်ကြား click
- တောင်တွင်းကြီးမြို့က တပ်တွင်းအနိုင်ကျင့်မှုများ ဖြေရှင်းပေးပါ (ပေးစာ) click
- နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်း ပေါင်းပြီး အမှုဖုံးကွယ် click
- မြစ်ဆုံမှ ပြောင်းရွှေ့လာသော ရွာသားများ သောက်သုံးရေ အခက်တွေ့နေ click
- မန္တလေး ရေဘေးဒုက္ခသည်များ အကူအညီ လိုအပ် click
- ၈၈ မျိုးဆက်ကျောင်းသားများကို ဦးသန်းရွှေ မွေးရပ်မြေက ထောင်ချီကြိုဆို click
- ဆန်ဖရန် Freedom Forum မှာ ပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း (ရုပ်သံ) click
- သမ္မတ ဦးသိန်းစိန် ကစ်ဆင်းဂျားနဲ့ တွေ့ဆုံခဲ့ click
- ဦးတင်ဦး အင်တာဗျူး (ရုပ်သံ) click
- ချင်းအမျိုးသားတပ်ဦးက လူထုသဘောထားရရန် ကြိုးပမ်း click
- ဆရာမောင်ဝံသ အဆုတ်ကင်ဆာဝေဒနာ ခံစားနေရ click
- သတင်းစာဆရာကြီး မောင်ဝံသ အဆုတ်ကင်ဆာ စစ်ဆေးတွေ့ရှိရ click
- အပြောင်းအလဲကို မြင်ရပြီဖြစ်တဲ့ မီဒီယာလောက (ဆောင်းပါး) click
- ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု click
- အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဂျပန် စိတ်ဝင်စား (ရုပ်သံ) click
- နှစ်ခြမ်းကွဲ စစ်တွေ (ဆောင်းပါး) click
- ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမှု ကုလ ဖြေရှင်းပေးရန် တောင်းဆို click
- အိမ်ရှင်မတွေကို လစာပေးသင့်ရဲ့လား (အသံ) click
- မိုက်ကယ်ဘောလက် ဘောလုံးသမားဘ၀မှ အနားယူ click



ref:Dr.Lunswe

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကော်မတီ အရွယ်မရောက်သေး သူများအရေး ထိရောက်စွာဆောင်ရွက်နိုင်မှု မရှိသေး

မြန်မာနိုင်ငံအနေဖြင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကော်မတီများအား မြို့နယ်တိုင်းတွင် ဖွဲ့ စည်း ထားသော်လည်း ကလေးသူငယ်များ ၏ အခွင့်အရေးအားထိရောက်စွာ ကာကွယ်နိုင်ခြင်းမရှိသေးေ ကြာင်း၊ ပြည်ကြီးခင်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်နွယ်ဇင်အေးက ပြောသည်။

ခရိုနီ နှင့် ဒီမိုကရေစီ တွေ့ကြပြီ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားလိပ်ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားတွင် ယမန်နေ့ည သန်းခေါင် အချိန်မှာ လူငယ်များ အချင်းများရာမှ ကားဖြင့် တိုက်သည့်အတွက် မောင်ဝေအောင် အမည် ရှိ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသည်။

မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး

မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန် ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး ညွန့်လှိုင် က ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်၌ ပြုလုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင် ၎င်းက သတင်းထောက် များကို ပြောကြားခြင်း ဖြစ်သည်။

အမျိုးသမီးငယ် တစ်ဦး ကာဘော်လစ်ဆီသောက် သေဆုံး

ရန်ကုန် ၊အောက်တိုဘာလ ၃

သံလျင် မြို့နယ် ဖားကူး ကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ကာဘွန်လစ် ဆီ သောက်၍ သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်း က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။

အဓိကရုဏ်းကြောင့် လူသေဆုံးခဲ့သည့် ရှားခဲကြီးအင်း အများလုပ်ကိုင်နိုင်အောင် လေလံကြေးလျော်ပြီ

အဓိကရုဏ်းကြောင့် လူ သုံးဦး သေဆုံးခဲ့သော ရှားခဲကြီးအင်းကို အများလုပ်ကိုင်နိုင်သည့် ဘုံစား အင်း အဖြစ်သို့ သတ်မှတ်ပေးလိုက်သည်ဟု ဧရာဝတီတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးသိန်းအောင် က ပြောသည်။

စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ ရှားခဲကြီး အင်း ကျေးရွာ ၌ ဒေသခံရေ လုပ်သား များ နှင့် လေလံအောင်ထားသည့် ဝိုင်း ဝိုင်းလည် ကုန်ထုတ်သမအသင်း တို့ကြား ရှားခဲကြီးအင်း လုပ်ကိုင် ခွင့် အပေါ် အခြေခံ၍ အဓိကရုဏ်း ဖြစ်ပွားခဲ့ရာလူသုံးဦး သေဆုံး၍ နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးချုပ် ဦးသိန်း အောင်နှင့် အဖွဲ့သည် ရှားခဲကြီး၊ ရှားခဲလေးရွာ သို့ ရောက်ရှိလာပြီး ဘုံစားအင်းအဖြစ် လုပ်ကိုင်ခွင့်ပြု မည် ဖြစ်ကြောင်း၊ ပြဿနာများနှ င့် သေဆုံးမှု အပေါ် တရားဥပဒေအ တိုင်းဖြေရှင်းသွားမည်ဟု အေးအေး ချမ်းချမ်း ဖြေရှင်းကြ ရန် ပြောကြား ခဲ့ ကြောင်း ဒေသ ခံ တစ်ဦးက ပြော သည်။ ”ဘဏ္ဍာငွေ နစ်နာရင် နစ်နာ ပါစေ။ လေလံအောင် ထား တဲ့သူကို ၆၅ သိန်း ပေးေ လျာ်ပြီးဖြစ် ပွားပြီး နောက်ရက်အတွင်းမှာပဲ ဘုံစားအင်း အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် က ပြောသည်။

ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု


ရန်ကုန် ညောင်ပင်လေးဈေးတွင် ပက်စီနှင့် ကိုကာကိုလာ ကတ်များ သယ်နေသည့် အလုပ်သမားတဦး

ကမ္ဘာကျော် အချိုရည်များဖြစ်ကြသည့် ပက်စီနှင့် ကိုကာကိုလာ အချိုရည်များ မြန်မာဈေးကွက် အတွင်း သို့ ပြန်လည် ၀င်ရောက်လာပြီး လအနည်းငယ် အတွင်း ပြည်တွင်းအချိုရည် ဈေးကွက် စတင်ပြို လဲေ နပြီဖြစ်ကြောင်း လုပ်ငန်းရှင်တချို့ ၏ ပြောကြားချက်နှင့် ဈေးကွက်အတွင်း စုံစမ်းမှုများအရ သိရှိရသည်။

ခရစ်ဘရောင်းနှင့် အနမ်းဇာတ်လမ်းကြောင့် ရှာဇင်ဂါနှင့် ဟယ်လ်မီတန် ပြဿနာတက်

ခရစ်ဘရောင်းနှင့် နမ်းရှုပ်ခဲ့သည်ဆိုသော ဓာတ်ပုံများကြောင့် နစ်ကိုးလ် ရှာဇင်ဂါတစ်ယောက် ချစ်သူ လူးဝစ် ဟယ်လ်မီတန်နှင့် ပြဿနာ တက်နေကြောင်း သိရသည်။ နိုက်ကလပ် တစ်ခုထဲတွင် Pussycat Dolls အဆိုတော် နစ်ကိုးလ်သည် Rapအဆိုတော် ဘရောင်းနှင့် နီးနီးကပ်ကပ် ရှိနေပြီး မှုန်ဝါးဝါး လှမ်း၍ ရိုက်ကူးထားသော ဓာတ်ပုံများတွင် ၎င်းတို့နှစ်ဦး ဦးခေါင်းချင်း ပူးကပ်နေသည်ကို တွေ့ရသည်။ နစ်ကိုးလ်က ယင်းနှင့်ပတ်သက်ပြီး သူမနှင့် ဘရောင်းတို့သည် ကျယ်လောင်လွန်းသော ဂီတသံကြောင့် နားအနီးကပ်၍ စကားပြောနေခြင်း ဖြစ်ပြီး နမ်းရှုပ်နေခြင်း မဟုတ်ဟု ဖြေရှင်းထားသည်။



(ရှာဇင်ဂါနှင့် ဟယ်လ်မီတန်)

နျူကလီးယားသုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အီရန်သမ္မတပြောကြား

နိုင်ငံတကာ ဖိအားများစွာ ကျရောက်နေသော်လည်း နျူကလီးယား သုတေသန လုပ်ငန်းများ ကို ရှေ့ဆက်သွားမည်ဟု အီရန်နိုင်ငံက အတည်ပြု ပြောကြားလိုက်သည်။ အီရန်သမ္မတ မာမွတ် အမာဒီနီဂျက် က အင်္ဂါနေ့တွင် မိမိတို့သည် မည်သည့် အခက်အခဲနှင့် ကြုံနေရသည်ဖြစ်စေ ရည်မှန်းချက် ကို နောက်ဆုတ်မည် မဟုတ်ဟု ပြောဆိုသွားသည်။ လက်ရှိတွင် အနောက်အုပ်စု၏ ပိတ်ပင်မှုကြောင့် အီရန်သည် ငွေကြေးတန်ဖိုး ကျဆင်းမှု အပါအဝင် ပြဿနာပေါင်း မြောက်မြားစွာနှင့် ရင်ဆိုင်နေရသည်။



 

မြန်မာ့အပြောင်းအလဲ အမေရိကန်တွင် မှတ်ကျောက်တင်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမေရိကန်နိုင်ငံ ခရီးစဉ် မှာ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းခဲ့ကြောင်း နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကပြောသည်။
ယခင်က အတိုက်အခံများ ဖြစ်ခဲ့သော်လည်း နိုင်ငံ့ခေါင်းဆောင်နှစ်ဦးမှာ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများအတွက်အမေရိကန်ခရီးစဉ်တွင်တစ်ဦးကိုတစ်ဦးအလေးအနက်ချီးကျူးအသိအမှတ်ပြု ပြော ကြားခဲ့ကြသည်။ ထို့အပြင် အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖယ်ရှား ရန် နှစ်ဦးစလုံးက တူညီစွာ တိုက်တွန်းခဲ့သည်။ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုေ ကြာင်း   ပြော ကြားခဲ့ သည့်အပြင် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ ဆယ်စုနှစ်များစွာအတွင်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ကမ္ဘာ့စင်မြင့်ထက်မှ ချီးကျူး ဂုဏ်ပြုမှု ကိုလည်း ပြုလုပ်ခဲ့သည်။

ကား အရစ်ကျဝယ်ယူခြင်း အတွက် စနစ်အသစ်

 

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် ချေးငွေဌာနသည် အငှားဝယ်ယူ ရောင်းချသော စနစ်ဖြင့်   မော်တော်  ယာဉ် ဝယ်ယူလိုသူများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။

မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ ဆောက်မည်

ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကို သံ လွင်မြ စ်ပေါ်တွင်တည်ဆောက်ရန် ပြင်ဆင်နေကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြော သည်။

အဆိုပါ စီမံကိန်းသည် ရှမ်း ပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် တာဆန်းတွင်တည်ရှိပြီးတစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁ဝဝ ထုတ်ယူနိုင်မည်ဟု သိရသည်.။

သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း


ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။

တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ် အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathematical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက် လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျ တက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။

လစ်ဗျားတွင်သေဆုံးသွားသောအမေရိကန်သံအမတ်၏ လုံခြုံရေးတိုးမြှင့်ပေးရန်တောင်းခံမှုကို အမေရိကန်အစိုးရငြင်းပယ်ခဲ့

ဝါရှင်တန်၊အောက်တိုဘာ - ၃


လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့၌ စက်တင်ဘာလက အကြမ်းဖက်တိုက်ခိုက်ခံရပြီးသေဆုံးသွားသော အမေရိ ကန် သံအမတ်က လုံခြုံရေးတိုးမြှင့်ပေးရန် အမေရိကန်အစိုးရကို တောင်းခံခဲ့သော်လည်း အမေရိကန် အစိုးရ က ၎င်း၏တောင်းခံချက်ကို ငြင်းပယ်ခဲ့သည်ကိုတွေ့ရှိရကြောင်း အမေရိကန်ကွန်ဂရက် လွှတ်တော်ေ ခါင်းဆောင်များ၏ပြောကြားချက်ကို အယ်လ်ဂျာဇီးယားသတင်းတွင်ဖော်ပြထားသည်။

ဆေးတက္ကသိုလ်ကျောင်းသား ကားဖြင့်တိုက်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၃

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားလိပ်ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားတွင် ယမန်နေ့ည သန်းေ ခါင်  အချိန်မှာ လူငယ်များ အချင်းများရာမှ ကားဖြင့် တိုက်သည့် အတွက် မောင်ဝေအောင် အမည် ရှိ ဆေးတက္က သိုလ်နောက်ဆုံးနှစ်ကျောင်းသားမှာ ရန်ကုန်ပြည်သူ့ ဆေး ရုံးကြီး   ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသည်။

လူပေါင်း ၅၀၀ ခန့်က ဘင်္ဂလာဒေခ်ျ့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အပေါ် တိုက်ခိုက်မူကို ကန့်ကွက် ဆန္ဒပြ

တက္ကသိုလ် ဆရာ ဆရာမများ၊ ပန်းချီဆရာများ၊ အနုပညာရှင်များ အပါအ၀င် လူပေါင်း ၅၀၀ ခန့်က ဘင်္ဂလာဒေခ်ျ့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အပေါ် တိုက်ခိုက်မူကို ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ဒက္ကားတွင် ဆန္ဒပြ ကန့်ကွက်နေကြစဉ်

တပ်မတော်သာဒီမိုကရေစီလမ်းကြောင်းပေါ်တွင်မားမားမတ်မတ်ပြည်သူများနှင့်အတူတူလျှောက်ပြီဆိုပါကနောက်ကြောင်းပြန်လှည့်ရန်အလားအလာမရှိသလောက်ဖြစ်သွားမည်ဟုမြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောကြား




ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆန်ဖရန်စစ္စကိုရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် တွေ့ရစဉ်  Photo:suu-sf.blogspot.com

တပ်မတော်သာဒီမိုကရေစီလမ်းကြောင်းပေါ်တွင်မားမားမတ်မတ် ပြည်သူများနှင့်အတူတူလျှောက်ပြီဆိုပါက နောက်ကြောင်း ပြန်လှည့်ရန်အလားအလာမရှိသလောက် ဖြစ်သွားမည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
စက်တင်ဘာလ၂၉ရက်နေ့က ပြုလပ်ခဲ့သောအမရေိကန်နိုင်ငံဆန်ဖရန်စစ္စကို မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် မြန်မာပြည်နိုင်ငံရေးအခြေအနေသည်မည်သည့်အဆင့်ရောက်ပါက နောက်ကြောင်းပြန်မလှည့်နိုင်ပါဘူးဟုယူဆပါလဲ၊ထိုအခြေအနေရောက်အောင်ဘယ်လိုဝိုင်းဝန်းပြီးတော့လုပ်ကြရပါမည်လဲဟူသော

အားတော့နာတယ်……….ဒါပေမဲ့ ပြောပေးပါဦး ကိုသူရ(ဇာဂနာ)ရေ


ကိုသူရ ရေ ..ကိုသူရရေ..လို့ ခွန်းကြီးခွန်းငယ်အော်ပြီး တိုင်တည်လိုက်ပါ ပြီ။ ဒီနေရာမှာ ကိုသူရ (နာမည်ကျော် လူ ရွှင်တော်(ကိုဇာဂနာ)နောက်က ““ရေ”” ဆိုတဲ့စကားလုံးထည့်လိုက်တာကိုတော့ ဦး စွာတောင်း ပန်ပါရစေ။ ဒါကလည်း နာမည်ကြီးဓမ္မကထိကဆရာတော်(ကြာနီကန် ဆရာတော် )ဟောပြော ခဲ့ဖူးတာမှတ်မိနေ လို့ပါ။ကြာနီကန်ဆရာတော်က လူတွေ ကြောက်လန့်ပြီး တအံ့တသြေ ယာင်ြေ ပာ ပြော ကြတဲ့အခါ ““ဘုရားရေ..ဘုရားရေ”” လို့ တကြသတဲ့။ ဒါ အင်မတန်ရိုင်းတဲ့ကိစ်္စ ပဲတဲ့။ ““မောင်ရေ”” ““မရေ”” ““တော်ရေ”” ““မိန်းမရေ”” ““ယောက်ျားရေ”” လို့အများ ပြောကြတဲ့ ““ရေ”” စကားလုံးကို ““ဘုရား”” နောက်ကကပ်ပြီး ““ဘုရားရေ””လို့ အရပ် ပြော၊သူငယ်ချင်းပြော ပြောတာရိုင်း တယ်တဲ့။ ဒါကြောင့် မို့ ကိုသူရ ရေ ကျွန်တော်ရိုင်းသွားရင်ခွင့်လွှတ်ပေးပါဗျာ။

သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ(MSMA)မှ ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒထုတ်ဖော်ရန် နိုးဆော်ခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသ၊ ရာမူး(ပန်းဝါ)မြို့စသော နေရာအချို့တွင် ဗုဒ္ဓဘာသာ ဘုန်းေ တာ် ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ လူနေအိမ်များနှင့် စာသင် ကျောင်းကို အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများက ပြီးခဲ့သည့် စက်တင်ဘာလ ၂၉-ရက်နေ့မှစတင်ကာ ၀င်ရောက်မီးရှို့ ဖျက်ဆီးေ နကြ ပါ သည်။   ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများ တစ်ဖက်သတ် အနိုင်ကျင့်၊
အစော်ကား ခံနေရသည့်အရေးကို ဗုဒ္ဓဘာသာရဟန်း တော်များအနေဖြင့် လျစ်လျူရှုမထား သင့်သောကြောင့် Buddhist Cultural Centre (BCC) ဆရာတော် ဘဒ္ဒန္တ၀ိမလဇောတိ ခေါင်းဆောင်  ၍ သန်ဖက် ခါ (၀၄.၁၀.၂၀၁၂) ကြာသပတေးနေ့ တွင် ကိုလံဘိုမြို့၊ မြို့တော်ခန်းမ(Town Hall)မှ ကုလသ မဂ္ဂကိုယ်စားလှယ်(UN)ရုံးရှေ့အထိ လမ်းလျှောက်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ပါသည်။ 

သမ္မတ ဦးသိန်းစိန်နှင့် စကား စမြည်



 သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- http://asiasociety.org

သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုမှာ ရှိနေချိန် နယူးယောက်မြို့မှာ ရှိတဲ့ New York Times က ပင်တိုင် ဆောင်းပါးရှင် မစ္စတာ Bill Keller နဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က အင်တာဗျူး ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်ခြင်းရဲ့ နောက်ကွယ်

 ၂၀၁၀ ခုနှစ် အောက်တိုဘာလက တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဓာတ်ပုံ- ဧရာဝတီ

အခုတလော ကမ္ဘာ့ မီဒီယာလောကမှာ မြန်မာသတင်းတွေက အတော်နေရာယူလာခဲ့ပါတယ်။ 

ရခိုင်ဒေသ ကျွဲ၊ နွား ပျာက်ဆုံးမှု ပိုများလာ

 Pauk Taw 1
 ရခိုင်ဒေသအတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော် ရသေ့တောင်၊ ပေါက်တော မြို့နယ်များတွင် ဒေသခံလယ်သမားများ၏ ခိုင်းကျွဲ ခိုင်းနွားများမှာ လွန်ခဲ့သည့်လမှစ၍ ဆက်တိုက်ပျောက် ဆုံးလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် လောင်းချောင်းတိုက်နယ်တွင် မိုးရာသီစိုက်ပျို်းချိန်ပြီးဆုံးသည်နှင့် ကျွဲနွားများ ကိုမယူ တောင်တန်းပေါ်တင်ပြီး ထိန်းကျောင်းလေ့ရှိရာ ယခင်က ပျောက်ဆုံးမှုမရှိသော်လည်း ယခုလ

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးကွယ်လွန် ဟု သတင်းများထွက်ပေါ်

  Moe Oo was rocked last days for hearing the news about Htet Htet.

ကွန်တိန်နာ အတွင်းမှ လက်နက်ခဲယမ်းများ နောက်ဆက်တွဲ သတင်း

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိ လာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။