ဓါတ်ပုံ - လှည်းတန်းစိန်ဂေဟာ ဈေးဝယ်စင်တာရှေ့ရှိ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်စက်များတွင် ငွေထုတ် ယူနေ သူများကို နိုဝင်ဘာ ၃ဝရက်က တွေ့ရစဉ်။
ယခုလတ်တလောမြန်မာနိုင်ငံရှိ အေတီအမ် ငွေထုတ်စက်များတွင် နိုင်ငံခြားသားဟက်ကာများ ဝင်ရောက် ဖောက်ထွင်းနေမှု ဖြစ်စဉ်သည် မကြာမီက အာရှနိုင်ငံအချို့တွင်ဖြစ်ပွားခဲ့သော ဖောက်ထွင်းမှု များနှင့် ဆက်စပ်ဆက်သွယ်လျက်ရှိကာ မြန်မာနိုင်ငံတွင် ဖောက်ထွင်းခံရသည့် ငွေပမာဏမှာလည်း ကျပ်သိန်း ၂ဝဝ ခန့်ရှိပြီး ကမ္ဘောဇဘဏ်တစ်ခုတည်းမှ ကျပ်သိန်း၇ဝခန့်ဖောက်ထွင်းခံလိုက်ရပြီး ထိုဖြစ်စဉ်တွင် အခြားပုဂ္ဂလိက ဘဏ် များလည်းပါဝင်သည့်တိုင် ယင်းကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပြောကြားမှုမရှိ ခြင်းက ယင်းတို့ကို ပူးပေါင်းဖော်ထုတ်ရာတွင် အခက်အခဲ တစ်ခုဖြစ်နေကြောင်း ကမ္ဘောဇဘဏ်၏ အကြီး တန်း အတိုင်ပင်ခံပုဂ္ဂိုလ် ဦးသန်းလွင်က ဒီမိုကရေစီ တူဒေးသတင်းစာသို့ ထုတ်ဖော်ပြော ကြားလိုက်သည်။