
ပါကစ္စတန်နိုင်ငံက အမျိုးသမီးငယ်များ ပညာသင်ကြားခွင့်ရရှိရေး တက်ကြွလှုပ်ရှားသူ Malala Yousafzai နဲ့ အိန္ဒိယနိုင်ငံက ကလေးငယ်များ အခွင့်အရေးရရှိရေးအတွက် အကျိုးဆောင် လုပ်ကိုင်ပေးသူ Kailash Satyarthi တို့ ၂ ဦးဟာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ဒီကနေ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ လက်ခံရ ယူပြီး သမိုင်းမော်ကွန်း တင်လိုက်ကြပြီ ဖြစ်ပါတယ်။