Sunday 6 April 2014

အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်

ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။
ဧပြီ ၄ ရက် ညတွင် လက်နက်အပြည့်အစုံတပ်ဆင် ထားသော လုံခြုံရေးတပ်ဖွဲ့ဝင် များက လှည့်ကင်း အဖွဲ့များခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေးတိုး မြှင့်ဆောင်ရွက်နေသည်ကို တွေ့ ရသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမှတ် (၄) ရဲတပ်ရင်းများ ကွပ် ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေး မှူး ရဲမှူးကြီး ထွန်းဦးကို ဆက် သွယ်မေးမြန်းရာ ‘‘လှည့်ကင်းတိုး မြှင့်ထားတာပါ။ နောက်ဒီထက် ပို တိုးမြှင့်ဖို့ရှိတယ်။
တခြားနေရာက အဖွဲ့တွေကိုလည်း အင်အားဖြည့် ထားတယ်။ ပြီးတော့ ဒီမှာက ည မထွက်ရ အမိန့်ထုတ်ထားတာ ဆိုတော့ စည်းကမ်းချိုးဖောက်တာ တွေ့ရင် အရေးယူဖို့ အင်အား ထပ်တိုးတာ’’ဟု ပြန်

ကာ/ချုပ်၏ အပစ်အခတ်ရပ်စဲရေး မူဝါဒ ပြန်ညှိနှိုင်းရန် လိုအပ်ဟု NCCT ခေါင်းဆောင် ပြောကြား

ကာ/ချုပ်၏ အပစ်အခတ်ရပ်စဲရေး မူဝါဒ ပြန်ညှိနှိုင်းရန် လိုအပ်ဟု NCCT ခေါင်းဆောင် ပြောကြား 

ရန်ကုန်၊ ဧပြီ ၅

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒခြောက်ချက်ကို ပြန်လည် ညှိနှိုင်းရန် လိုအပ်ကြောင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒများကို တင်ပြလာခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“သူ့ဘက်က အဆိုပြုလာတဲ့ အချက်ပါ။ တကယ်တမ်း ဆွေးနွေးမယ်ဆိုရင် လက်ခံလို့ မရပါဘူး။ တစ်ဖက်သတ် ဖြစ်နေတယ်။ အားလုံးကို ပြန်ပြီးတော့ ညှိနှိုင်းသွားရမှာပါ” ဟု ဦးနိုင်ဟံသာက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒများမှာ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်များကို ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ပြောကြားသည်။ 
“ဒီမူဝါဒတွေကို တပ်မတော်ဘက်က လိုက်နာပြီးမှ ထာဝရငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆောင်ရွက်သွားမှာပါ” ဟု ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် တည်ဆဲဥပဒေကို လက်ခံရမည် ဖြစ်သော်လည်း တပ်မတော်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲထားခြင်းမှာ အဆင်မပြေနိုင်ကြောင်း   ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။
“တိုင်းရင်းသားတွေဘက်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတာ မဟုတ်တော့ အဲဒီဟာကို ညှိနှိုင်းရမယ်” ဟု ၎င်းကဆိုသည်။

နှစ်ရက်တိုင် ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်မှ ထိပ်တန်းအရာရှိများ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ထို့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-k) တို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ် ထားသော မူဝါဒခြောက်ချက်ကို ပြန်လည် ညှိနှိုင်းရန် လိုအပ်ကြောင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။
ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်း ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ကာကွယ်ရေး

ထုတ်ဝေခွင့် လျှောက်ထားဆဲ သတင်းစာ၊ ဂျာနယ်များ ဇွန်လနောက်ပိုင်းမှသာ ခွင့်ပြုမည်

ထုတ်ဝေခွင့်ရရှိရန် လျှောက်ထားထားသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် အခြားအထွေထွေ ထုတ်ဝေရေး လုပ်ငန်းများကို ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်းမှသာ ထုတ်ဝေခွင့် ပြုနိုင်မည် ဖြစ်ကြောင်း ပြန် ကြားရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေကို အဆိုပါ ဝန်ကြီးဌာနက ရေးဆွဲပြီး ဖြစ်သော်လည်း သက်ဆိုင်ရာ နယ်ပယ်များက တတ်သိ နားလည်သူများနှင့် ထပ်မံဆွေးနွေးကာ အကြံပြုချက်များ ရယူသွားမည် ဖြစ်ကြောင်း၊ နည်းဥပဒေကို ဇွန်လထဲတွင် အတည်ပြု ထုတ်ပြန်နိုင်

ကျနော် သေလည်း အမေ အသက်ရှင်ရမယ်

Photo: ကျနော် သေလည်း အမေ အသက်ရှင်ရမယ်

Sunday, April 6, 2014

တရုတ်ပြည် Hubei ပြည်နယ်က မိသားစု တစ်ခုမှာ ဖြစ်ပါတယ်။ အသက် ၇ နှစ်ပဲ ရှိသေးတဲ့ Xiaotian လို့ အမည်ရတဲ့ ကလေးငယ်ဟာ ဦးနှောက် ကင်ဆာကြောင့် သေဖို့ ၂ ရက် ၃ ရက်သာ လိုပါ တော့တယ်။

နောက်ထပ် ကံဆိုးတာ ကတော့ အသက် ၃၄ နှစ် အရွယ်ပဲ ရှိသေးတဲ့ အမေ ဖြစ်သူ ကလည်း ကျောက်ကပ် ကျောက်ရောဂါ ကြောင့် ကွယ်လွန်ရတော့မယ့်သူ ဖြစ်ပါတယ်။ သားဖြစ်သူက ကယ်လို့ မရတော့ ပေမယ့် အမေဖြစ်သူက ကျောက်ကပ် အစားထိုး နိုင်ရင် အသက်ရှင်နိုင် ပါတယ်။ ဒါကြောင့် သား ဖြစ်သူဟာ အမေ့ကို ကယ်လိုတဲ့ စိတ်ဆန္ဒ ရှိပြီး လှူဖို့ တောင်းဆိုးပါတယ်။ အဖွားဖြစ်သူကလည်း ခွင့်ပြုပါတယ်။ ဆရာဝန်ကော၊ အမေဖြစ်သူကော ဒီအတွက် မတောင်းဆို ပါဘူး။ ကျောက်ကပ် လှူသင့်တဲ့ အရွယ်လည်း မရောက်သေးလို့ ဖြစ်ပါတယ်။ သို့ပေမယ့် သေရဖို သေချာနေပြီးသား ဖြစ်တဲ့ ကလေးငယ်ဆီကနေ ရရှိတဲ့ ကျောက်ကပ်နဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လူ ၁ ယောက်၊ ၂ ယောက် အသက်ရှင်ရလဲ မနည်းဘူး ဆိုတာကို လက်ခံ လိုက်ကြ ပါတယ်။

ဒါကြောင့်မို အမေ ဖြစ်သူ ကို အပြင်၊ နောက်ထပ် လူနာ ၂ ဦးကိုပါ ကလေးငယ် ဟာ ကျောက်ကပ် လှူဒါန်းခဲ့ပြီး လူ ၃ ဦးရဲ့ အသက်ကို ကယ်ဆယ် လိုက်နိုင် ပါတယ်။ ရင်နာနာနဲ့ အသက်ဆက်ရှင်လိုက်ရသူ ကတော့ အမေ ဖြစ်ပါတယ်။ အသက်မဲ့နေတဲ့ သားငယ်လေးရဲ့ ဘေးမှာ ငိုကြွေးရုံက လွဲလို့ သူမတတ်နိုင် ပါဘူး။ ယင်းဖြစ်ရပ်ဟာ ကမ္ဘာမှာ ကျောက်ကပ် လှူဒါန်းမှု ရှားပါးတဲ့ အခြေအနေကို မီးမှောင်း ထိုးပြ ခဲ့ပြီး ယခု ရက်ပိုင်း လေးတင် ကျောက်ကပ် လှူဒါန်းသူ အရေအတွက် တိုးပွား စေခဲ့ ပါတယ်။ အသက်သေဆုံးပြီး လူတစ်ယောက် အနေနဲ့ သူ့ရဲ့ ကျောက်ကပ်ကို လှူဒါန်းလို့ လူ့အသက် ကယ်နိုင်တယ် ဆိုတာကို သိသူ နည်းပါတယ်။

Xiaotain က ကလေးငယ်ဟာ ကျောက်ကပ် လှူးဒါန်းမှုဟာ မွန်မြတ်တဲ့ ကုသိုလ် တစ်ခု ဖြစ်ကြောင်း သက်သေ ပြခဲ့ ပါတယ်။
.
Ref: cctv
အောင်ခမ်း (ရိုးရာလေး)
တရုတ်ပြည် Hubei ပြည်နယ်က မိသားစု တစ်ခုမှာ ဖြစ်ပါတယ်။ အသက် ၇ နှစ်ပဲ ရှိသေးတဲ့ Xiaotian လို့ အမည်ရတဲ့ ကလေးငယ်ဟာ ဦးနှောက် ကင်ဆာကြောင့် သေဖို့ ၂ ရက် ၃ ရက်သာ လိုပါ တော့တယ်။

နောက်ထပ် ကံဆိုးတာ ကတော့ အသက် ၃၄ နှစ် အရွယ်ပဲ ရှိသေးတဲ့ အမေ ဖြစ်သူ ကလည်း ကျောက် ကပ် ကျောက်ရောဂါ ကြောင့် ကွယ်လွန်ရတော့မယ့်သူ ဖြစ်ပါတယ်။ သားဖြစ်သူက ကယ်လို့ မရတော့ ပေမယ့် အမေဖြစ်သူက ကျောက်ကပ် အစားထိုး နိုင်ရင် အသက်ရှင်နိုင် ပါတယ်။ ဒါကြောင့် သား ဖြစ်သူဟာ အမေ့ကို ကယ်လိုတဲ့ စိတ်ဆန္ဒ ရှိပြီး လှူဖို့ တောင်းဆိုးပါတယ်။ အဖွားဖြစ်သူကလည်း

မိတ္ထီလာရှိ နိုင်ငံရေးအင်အားစုများ ဟံသာဝတီ ဦးဝင်းတင်အတွက် မေတ္တာပို့ဆုတောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ ဝါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် အတွက် မိတ္ထီလာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ) တို့မှ လူအင်အား ၃၀ ခန့်သည် ဧပြီလ ၄ ရက်၊ ညနေ ၅ နာရီတွင် သမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၌ မေတ္တာပို့ ဆုတောင်းခဲ့ကြောင်း မိတ္ထီလာအခြေစိုက် နိုင်ငံရေး အင်အားစုများထံမှ စုံစမ်းသိရှိရသည်။

လွှတ်တော်ကိုယ်စားလှယ်၏ခြံဝင်းအတွင်း တရားမဝင်သစ်များဖမ်းမိဟုဆို

သီပေါ− သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၏ခြံ ဝင်း အတွင်းတွင် တရားမဝင်သစ်များ ရှိသည်ဆိုသည့် ဒေသခံတစ်ဦး၏ တိုင်ကြားချက်ကြောင့် ဧပြီ ၂ ရက်၌ တာဝန်ရှိသူများက အဆို ပါသစ်များကိုသိမ်းဆည်းထားခဲ့ ကြောင်း ကျောက်မဲခရိုင်သစ် တောဦးစီးမှူး ဦးမောင်မောင်က ပြောသည်။
အဆိုပါခြံဝင်းမှာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်လမ်း ကြားတွင်တည်ရှိပြီး ခြံဝင်းအတွင်း၌ပရိဘောဂနှင့် သစ်ခွဲ လုပ်ငန်း များကို လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်း၏ဇနီးနှင့်သားတို့ က လုပ်ကိုင်ကြခြင်းဖြစ် သည်။

လှည်းကူး မြို့မဈေးတွင် ဈေးရောင်းသူနှစ်ဦး ရန်ဖြစ်ရာမှ ဘာသာရေး အသွင်ဆောင် ပဋိပက္ခဖြစ်

လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက် မြို့မဈေး အောက်ထပ်ရှိ ကုန်မာဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာရီခန့်က ဆိုင်ချင်းကပ် ကုန်ပစ္စည်းတူ ဈေးရောင်းချသူ နှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဈေးရှေ့တွင် လူ ၁၅၀၀ ခန့် စုဝေးလာပြီး ဘာသာရေး အသွင်ဆောင် ပဋိပက္ခအထိ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လှည်းကူး မြို့မရဲစခန်းတို့ထံမှ သိရသည်။
အစ္စလာမ် ဘာသာဝင် မိသားစုဝင် ငါးဦး ရောင်းချသော ကုန်မာပစ္စည်းဆိုင်မှ အသက် ၃၀ အရွယ် အမျိုးသားနှင့် ဆိုင်ချင်းကပ် ဗုဒ္ဓဘာသာဝင်ဆိုင်မှ ဆိုင်ရှင်၏ တူဖြစ်သူ အသက် ၂၀ အရွယ် အမျိုးသားတို့ စကားများစဉ် အသက် ၃၀ အရွယ် အမျိုးသားက တစ်ဖက်လူ၏ မျက်လုံးကို ကတ်ကြေးဖြင့် ထိုးပြီး

လှည်းကူးမြို့မဈေးတွင် ခိုက်ရန်ဖြစ်ပွားခဲ့သူ သုံးဦးကို အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်း

လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဆိုင်ချင်းကပ် ဈေးဆိုင်နှစ်ဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာရီ ခန့်က ဈေးရောင်းချသူ နှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ လူစုလူဝေးဖြင့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခထိ ဖြစ်ပွားခဲ့မှုတွင် အဆိုပါ ခိုက်ရန် ဖြစ်ပွားခဲ့မှု စတင်ခဲ့သော ဈေးဆိုင်မှ အမျိုးသားသုံးဦးကို ယင်းနေ့ ည ၆ နာရီခွဲခန့်က အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းကာ စစ်ဆေးလျက်ရှိကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။

သမီးကလေးကျေးရွာမှ အိမ်ထောင်စုများ DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ရွာသို့ မြဝတီမြို့မှ ထွက်ခွာ

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နောက် လိုက်ပါသွားသည့် ဖယ်ရှားခံ သမီးကလေးကျေးရွာ နေထိုင်သူများ ကရင်ပြည်နယ် မြဝတီမြို့မှ DKBA ထိန်းချုပ် နယ်မြေ ကျောက်ခတ်ကျေးရွာသို့ ဧပြီလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ထွက်ခွာသွားကြောင်း မြဝတီမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဖယ်ရှားခံ သမီးကလေးကျေးရွာ အပါအဝင် အင်းပတီးကျေးရွာ၊ ဒေါ်ကာလီကျေးရွာတို့မှ လူဦးရေ ၃၀၀ နီးပါးခန့်ရှိ အိမ်ထောင်စု ၈၀ ကို ဧပြီလ ၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီးရှိ အောင်သိဒ္ဓိကျောင်းတိုက်သို့

သားဖြစ်သူကို သံကြိုးခတ်ပြီး ဆုံးမတဲ့ အဖေ

Myanmar Online News's photo.
တရုတ်နိုင်ငံတောင်ပိုင်း Jiangxi ပြည်နယ်၊ Xibianbanရွာမှာ အဆက်မပြတ် ခိုးနေတဲ့ သားတစ်ယောက်ကို သံကြိုးခတ်ထားပြီး အပြင်ထွက်ခွင့် မပေးခဲ့ကြောင်း မိဘတွေက ဝန်ခံခဲ့ပါတယ်။
သူ့သားရဲ့ ခိုးတဲ့ အလေ့အထဟာ မိသားစုကို အရှက်ရစေတာကြောင့် အဖေဖြစ်သူ ၄၇နှစ်အရွယ် Wen Yuan ဟာ သားဖြစ်သူ ၂၄နှစ်အရွယ် Chuang ကို သံကြိုးနဲ့ခတ်ထားတာ ဖြစ်ပါတယ် ..ဘယ်မှသွားလို့မရအောင် ကွန်ကရစ်တုံးတစ်ခုနဲ့ လည်ပင်းကို သံကြိုးခတ်ထားတာဖြစ်ပြီး Chuang ဟာ အခန်းထဲ လှည့်ပတ်သွားလို့ရပေမဲ့ အပြင်ကိုတော့ ထွက်လို့ရမှာ မဟုတ်ပါဘူး။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့၏ ရန်ကုန်ဆွေးနွေးပွဲ ပထမနေ့စတင်


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးညှိနှိုင်းမှု ရန်ကုန်ဆွေးနွေးပွဲ ပထမရက်ကို ဧပြီ ၅ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းတစ်ခု တည်းဖြစ်အောင် ရေးဆွဲနိုင်ရေးဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။အဆိုပါဆွေးနွေးပွဲသို့ အစိုးရဘက်မှ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် ပြည်ထောင်စုဝန်ကြီး လေးဦး၊

ကြောင်စာဝယ်ရန်သွားသည့်မိန်းကလေး သားမယားပြုကျင့်ခံရ

မရမ်းကုန်းမြို့နယ်တွင် ကြောင်စာဝယ်ယူရန်သွားသည့် မိန်းကလေးတစ်ဦး သားမယား ပြုကျင့်
ခံရသည်ဆိုကာ တိုင်ကြားမှု ဧပြီလ ၃ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ ဧပြီလ ၂ ရက်နေ့ ည ၇ နာရီ
ခွဲအချိန်ခန့်တွင် အသက် ၁၃ နှစ်လေးလ အရွယ် မိန်းကလေး တစ်ဦး ကြောင်စာဝယ်ရန် အိမ်မှ
ထွက်သွားခဲ့ပြီးပြန်မလာသာဖြင့် မခင်ဖြစ်သူက လိုက်လံရှာ ဖွေခဲ့သည်။

ဗုဒ္ဓဘာသာအဖြစ်သို့ကူးပြောင်းဖို့ဆန္ဒရှိနေတဲ့ ဟောလိဝုဒ်မင်းသမီး Jennifer Aniston

Photo: ဗုဒ္ဓဘာသာအဖြစ်သို့ကူးပြောင်းဖို့ဆန္ဒရှိနေတဲ့ ဟောလိဝုဒ်မင်းသမီး Jennifer Aniston
Sunday, April 6, 2014

Jennifer Aniston တစ်ယောက်ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းဖို့အတွက် စိတ်ကူးနေပါတယ်။

သူမရဲ့သူငယ်ချင်းဖြစ်သူ Demi Moore ကြောင့် ဒီလိုဘာသာတရားကိုလက်ခံဖို့စိတ်ကူးရလာတာဖြစ်ပြီး ဗုဒ္ဓဘာသာအပြင် ဂျူးဘာသာရဲ့ရှေးရိုးရာ Kabbalah အကြောင်းကိုလေ့လာနေပါတယ်။

“Jen တစ်ယောက်အသက်အရွယ်ရလာတာနဲ့အမျှ လမ်းညွှန်ပြသမှုတွေကနေ အကျိုးရလဒ်တွေရနေတယ်လို့ သူမခံစားလာရပါတယ်။ သူငယ်ချင်းတွေနဲ့စကားတွေပြောဖြစ်ပြီး ဗုဒ္ဓဘာသာအပါအ၀င် ဘာသာတရားတွေအကြောင်းလေ့လာရတာကို စိတ်ဝင်စားနေပါတယ်’ လို့အတွင်းသိတစ်ယောက်က OK! မဂ္ဂဇင်းကိုပြောပါတယ်။

Justin Theroux နဲ့စေ့စပ်ထားတဲ့ Jennifer ဟာမကြာသေးမီက Demi နဲ့ညစာအတူစားခဲ့ပြီး Demi ရဲ့ Kabbalah ပေါ်ထားတဲ့ယုံကြည်ချက်အကြောင်းမေးမြန်းခွင့်ရခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် Jennifer ဟာ ယောဂကျင့်စဉ်တွေကို နှစ်ခြိုက်စွာလေ့လာလိုက်စားခဲ့သူဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဘက်ကိုရောက်လာဖို့နီးစပ်နေပါတယ်။

Ref:starpulse.com
Trend Myanmar
Jennifer Aniston တစ်ယောက်ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းဖို့အတွက် စိတ်ကူးနေပါတယ်။

သူမရဲ့သူငယ်ချင်းဖြစ်သူ Demi Moore ကြောင့် ဒီလိုဘာသာတရားကိုလက်ခံဖို့စိတ်ကူးရလာတာဖြစ်ပြီး ဗုဒ္ဓဘာသာအပြင် ဂျူးဘာသာရဲ့ရှေးရိုးရာ Kabbalah အကြောင်းကိုလေ့လာနေပါတယ်။

“Jen တစ်ယောက်အသက်အရွယ်ရလာတာနဲ့အမျှ လမ်းညွှန်ပြသမှုတွေကနေ အကျိုးရလဒ်တွေရနေ တယ်လို့ သူမခံစားလာရပါတယ်။ သူငယ်ချင်းတွေနဲ့စကားတွေပြောဖြစ်ပြီး ဗုဒ္ဓဘာသာအပါအ၀င် ဘာသာ

ပုသိမ် ခလရ ၃၈ တပ်ပိုင်မြေအတွင်း ကျူးကျော်သည်ဟုဆိုကာ အငြိမ်းစား တပ်မိသားစုများအား ပုဒ်မ ၄၄၇ ဖြင့် တရားစွဲ


Myanmar Online News's photo. ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ရွာသစ်ကုန်းရွာတွင်နေထိုင်သည့် အငြိမ်းစား တပ်မိသားစု (၅)စုနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ မိသားစု(၁)စု အား အမှတ် ၃၈ ခြေလျင် တပ်ရင်း ပိုင်မြေ အတွင်း ကျူးကျော်နေထိုင်သည်ဟုဆိုကာ ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်တရားစွဲထားကြောင်း သိရသည်။

သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မဏ္ဍပ်မှာ ရှိနေမလဲ

Photo: သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မဏ္ဍပ်မှာ ရှိနေမလဲ

Sunday, April 6, 2014

မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် နီးကပ်လာပြီ ဖြစ်တာမို့ မြန်မာ့ အနုပညာရှင် များအနေနဲ့လည်း အခုနှစ်သင်္ကြန် ဘယ်မှာ ရှိကြမလဲ ဆိုတာကို ပရိသတ်များ အတွက် ဖော်ပြ လိုက်ပါတယ်။

မြန်မာပြည်ရဲ့ နာမည် အကြီးဆုံး ရော့ခ်တီးဝိုင်း တစ်ခုဖြစ်တဲ့ Iron Cross တီးဝိုင်းက ရန်ကုန် သင်္ကြန်မှာပဲ ရှိမှာဖြစ် ပြီး လူငယ်ရော့ခ် ပရိသတ် အသည်းစွဲ S.I.R Rock Group ကတော့ မန္တလေး သင်္ကြန် High Class မဏ္ဍပ်မှာ ဖြတ်သန်းမယ်လို့ သိရပါတယ်။ ရန်ကုန် သင်္ကြန်မျှော်စင်ကျွန်း ထဲက Grand Royal မဏ္ဍပ် မှာတော့ လင်းလင်း၊ ဆိုတေး၊ အလင်းရောင်၊ ဇွဲပြည့်၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ လိမ္မော်သီး စတဲ့ တေး သံရှင်တွေ ရှိနေကြမှာဖြစ်ပြီး ဟစ်ဟော့ပ် တေးသံရှင် အများစုက ကမ္ဘာအေး ဘုရားလမ်းပေါ်က မဏ္ဍပ် အသီးသီးမှာ ရှိကြမယ်လို့ သိရပြီး တေးသံရှင် ရန်ရန်ချန်းကတော့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ မဏ္ဍပ်ဆောက်ဖြစ်မယ် လို့လည်း သိရပါတယ်။

ဒီနှစ်မှာတော့ အနုပညာရှင်တွေ ကိုယ်တိုင် စီစဉ်တည် ဆောက်တဲ့ မဏ္ဍပ်များလည်း တော်တော်များများ တွေ့ရမှာဖြစ်ပြီး အရင်နှစ် ထက်လည်း မဏ္ဍပ် အရေအတွက် ပို များပြားမယ်လို့လည်း သိရပါတယ်။

သင်္ကြန်မှာ ရန်ကုန်မှာ ရှိနေမယ့် ဝိုင်းစုခိုင်သိန်းက “ဒီနှစ်သင်္ကြန်က SKY NET မဏ္ဍပ်မှာရှိမှာပါ။ Grand Royal မဏ္ဍပ်မှာလည်း သီချင်းတွေ သွားဖျော်ဖြေဖို့ ရှိပါ တယ်။ မြန်မာ လူမျိုးတွေက သင်္ကြန်မှာဆိုရင် တအားပျော်ကြတယ်။ ဝိုင်းစုလည်း သင်္ကြန်ရောက်ရင် ပျော်ပါတယ်။ သင်္ကြန်မှာတော့ အိမ်တွင်းအောင်းပြီး တစ်ခါမှ မနေဖူး ဘူး။”လို့ သင်္ကြန်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကိုပြောပြပါတယ်။

ရဲရဲ
Popular Journal
မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် နီးကပ်လာပြီ ဖြစ်တာမို့ မြန်မာ့ အနုပညာရှင် များအနေနဲ့လည်း အခုနှစ်သင်္ကြန် ဘယ်မှာ ရှိကြမလဲ ဆိုတာကို ပရိသတ်များ အတွက် ဖော်ပြ လိုက်ပါတယ်။

မြန်မာပြည်ရဲ့ နာမည် အကြီးဆုံး ရော့ခ်တီးဝိုင်း တစ်ခုဖြစ်တဲ့ Iron Cross တီးဝိုင်းက ရန်ကုန် သင်္ကြန်မှာပဲ ရှိမှာဖြစ် ပြီး လူငယ်ရော့ခ် ပရိသတ် အသည်းစွဲ S.I.R Rock Group ကတော့ မန္တလေး သင်္ကြန် High Class မဏ္ဍပ်မှာ ဖြတ်သန်းမယ်လို့ သိရပါတယ်။ ရန်ကုန် သင်္ကြန်မျှော်စင်ကျွန်း ထဲက Grand Royal မဏ္ဍပ် မှာတော့ လင်းလင်း၊ ဆိုတေး၊ အလင်းရောင်၊ ဇွဲပြည့်၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ လိမ္မော်သီး စတဲ့ တေး

မလေးလေယာဉ် Black Box အချက်ပေး ဖြစ်နိုင်တဲ့အသံ တရုတ်သင်္ဘော ကြားရ

Photo: မလေးလေယာဉ် Black Box အချက်ပေး ဖြစ်နိုင်တဲ့အသံ တရုတ်သင်္ဘော ကြားရ

Sunday, April 6, 2014

ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ လိုက်ရှာနေတဲ့ တရုတ်သင်္ဘောတစီးက Ping signal သံကို ကြားနေရတယ်လို့ တရုတ်က ဒီကနေ့ ပြောလိုက်ပါတယ်။ ဒီအသံဟာ ပျောက်နေတဲ့လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကထုတ်လွှတ်နေတဲ့ အသံဖြစ်နိုင်ပါတယ်။
 
Signal သံကို တစက္ကန့်မှာ 37.5 KHz တကြိမ် ကြားရတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းက ဖော်ပြပါတယ်။ ဒီကြိမ်နှုန်းဟာ ရေအောက်ရောက် Black Box တွေကနေ ထုတ်လွှတ်တဲ့ နိုင်ငံတကာစံသတ်မှတ်ထားတဲ့ radio frequency ကြိမ်နှုန်းဖြစ်ပါတယ်။ တကယ်သာ Black Box က အချက်ပြနေမှုဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပြီဆိုရင် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ် ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အဖြေကို ရှာနိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Black Box signal ကို ဖမ်းယူနိုင်မဲ့ စက်ကိရိယာတပ်သင်္ဘောတွေ၊ စစ်သုံးနဲ့ ပုဂ္ဂလိကသုံး လေယာဉ်တွေကို သြစတြေးလျ နိုင်ငံ Perth မြို့ရဲ့ အနောက်မြောက်ဖက် မိုင် ၁,၀၀၀ ကျော်မှာ ဖြန့်ကျက်ပြီး ဒီကနေ့ စနေနေ့မှာ ရှာဖွေနေကြပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ Black Box ရဲ့ Battery ကုန်သွားတော့မှာမို့ ရှာဖွေရေးကို တိုးမြှင့်လုပ်နေကြတာပါ။
 
Ping လို့ပြောကြတဲ့ Signal ထုတ်လွှတ်ပေးနေတဲ့ လေယာဉ်ပျံသန်းမှုမှတ်တမ်းတင်ကိရိယာရဲ့ Battery ဟာ တနင်္လာနေ့လောက်အထိပဲ ခံတော့မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ Kuala Lumpur မြို့ကနေ Beijing မြို့ဆီအသွား လမ်းမှာ လေယာဉ်ပျောက်သွားတာ တနင်္လာနေ့မှာ ရက်ပေါင်း ၃၀ ပြည့်မှာဖြစ်ပါတယ်။

နိုင်ငံစုံပါဝင်တဲ့ လေယာဉ်ရှာဖွေရေးကို အကြီးအကျယ် လုပ်နေကြပေမဲ့လဲ ခုချိန်ထိတော့ လေယာဉ်နဲ့ပတ်သက်တဲ့ ဘာပစ္စည်းကိုမှာ ရှာမတွေ့ကြသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

တိုင်ဝမ်ဗုဒ္ဒဘာသာအသင်းက ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ်က ခရီးသည်တွေဘေးကင်းရေး ဆုတောင်းမေတ္တာပို့သနေပုံ။
ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ လိုက်ရှာနေတဲ့ တရုတ်သင်္ဘောတစီးက Ping signal သံကို ကြားနေရတယ်လို့ တရုတ်က ဒီကနေ့ ပြောလိုက်ပါတယ်။ ဒီအသံဟာ ပျောက်နေတဲ့လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကထုတ်လွှတ်နေတဲ့ အသံဖြစ်နိုင်ပါတယ်။

Signal သံကို တစက္ကန့်မှာ 37.5 KHz တကြိမ် ကြားရတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာ သတင်းက ဖော်ပြပါတယ်။ ဒီကြိမ်နှုန်းဟာ ရေအောက်ရောက် Black Box တွေကနေ ထုတ်လွှတ်တဲ့ နိုင်ငံတကာစံသတ်မှတ်ထားတဲ့ radio frequency ကြိမ်နှုန်းဖြစ်ပါတယ်။ တကယ်သာ Black Box က အချက်ပြနေမှုဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပြီဆိုရင် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ် ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အဖြေကို ရှာနိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Black Box signal ကို ဖမ်းယူနိုင်မဲ့ စက်ကိရိယာတပ်သင်္ဘောတွေ၊ စစ်သုံးနဲ့ ပုဂ္ဂလိကသုံး လေယာဉ်တွေကို သြစတြေးလျ နိုင်ငံ Perth မြို့ရဲ့ အနောက်မြောက်ဖက် မိုင် ၁,၀၀၀ ကျော်မှာ ဖြန့်ကျက်ပြီး ဒီကနေ့ စနေနေ့မှာ ရှာဖွေနေကြပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ Black Box ရဲ့ Battery ကုန်သွားတော့မှာမို့ ရှာဖွေရေးကို တိုးမြှင့်လုပ်နေကြတာပါ။

သန်းခေါင်စာရင်းမှာ ကုဒ်နံပါတ် ထည့်သွင်းရေး မောင်တော မှာ ဆွေးနွေး

Photo: သန်းခေါင်စာရင်းမှာ ကုဒ်နံပါတ် ထည့်သွင်းရေး မောင်တော မှာ ဆွေးနွေး

Sunday, April 6, 2014

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံရာမှာ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီလို့ သုံးနှုန်းစရာမလိုပဲ အခြားလူမျိုး ဆိုတဲ့ ကုဒ်နံပါတ် ၉၁၄ ကိုသာထည့်သွင်းပြီး ကောက်ခံနိုင်ဖို့ မနေ့က မောင်တောမြို့နယ်မှာ မွတ်စလင် ပြည်နယ်လွှတ်တော် အမတ်တွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။

အဲ့ဒီ အပေါ် ပြည်နယ်အစိုးရ ဘက်က ပြည်ထောင်စု အစိုးရကိုတင်ပြပြီး ခွင့်ပြုချက်ရပြီးမှသာ လက်ခံဆောင် ရွက်သွားမယ် ဆိုတဲ့ အကြောင်း ပြန်လည်ဆွေးနွေး ခဲ့တယ်လို့ အစိုးရအရာ ရှိတွေ က ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည် နယ် ကျောက်ဖြူ၊ မြေပုံစတဲ့မြို့တွေမှာလည်း ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂလီလို့ ဖြည့်စွက်စရာမလိုပဲ ကုတ်နံ ပါတ်သာ ထည့်သွင်းရေး သားပြီး ကောက်ခံယူနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

သန်းခေါင်စာရင်းပုံစံရဲ့ အခြားလူမျိုးဆိုတဲ့နေရာမှာ ရိုဟင်ဂျာ ဆိုပြီး ဖြည့်စွက်လိုသူတွေကို ဖြည့်စွက်ခွင့် မပေးတဲ့အတွက် တစ်ချို့မြို့နယ်တွေမှာ မကောက်ယူပဲ ထားခဲ့ရတဲ့နေရာတွေ ရှိတယ်လို့ သိရပါတယ်။ သန်းခေါင်စာရင်းကောက်ယူမှုကို ချန်လှပ်ထားခဲ့ရတဲ့ မြို့တွေမှာ စစ်တွေ ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ် ၁ဝ ခုလောက်အထိ ရှိနေတယ်လို့လည်း သိရှိရပါတယ်။

ရခိုင်ပြည်နယ်မှာ မနေ့ကအထိ အိမ်ထောင်စုပေါင်း သုံးသိန်း သုံးသောင်းကျော် နဲ့ လူဦးရေ တစ်သန်း ငါးသိန်း လောက် ကို ကောက် ခံပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံရာမှာ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီလို့ သုံးနှုန်းစရာမလိုပဲ အခြားလူမျိုး ဆိုတဲ့ ကုဒ်နံပါတ် ၉၁၄ ကိုသာထည့်သွင်းပြီး ကောက်ခံနိုင်ဖို့ မနေ့က မောင်တောမြို့နယ်မှာ မွတ်စလင် ပြည်နယ်လွှတ်တော် အမတ်တွေနဲ့ ဒေသဆိုင်ရာ တာဝန် ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။

အဲ့ဒီ အပေါ် ပြည်နယ်အစိုးရ ဘက်က ပြည်ထောင်စု အစိုးရကိုတင်ပြပြီး ခွင့်ပြုချက်ရပြီးမှသာ

သင်္ကြန်ကာလတွင် မိုဘိုင်းဖုန်းသုံးစွဲသူများကို မိနစ်အပို သို့မဟုတ် ငွေ ပိုထပ်ဆောင်းဖြည့်စွက်ပေးမည့် အစီအစဉ် ပြုလုပ်မည်

Photo: သင်္ကြန်ကာလတွင် မိုဘိုင်းဖုန်းသုံးစွဲသူများကို မိနစ်အပို သို့မဟုတ် ငွေ ပိုထပ်ဆောင်းဖြည့်စွက်ပေးမည့် အစီအစဉ် ပြုလုပ်မည် 

Sunday, April 6, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပထမဦးဆုံးအကြိမ်အနေဖြင့် သင်္ကြန်ကာလတွင် မိုဘိုင်းဖုန်းသုံးစွဲသူများအတွက် မိနစ်အပို (သို့) ငွေပို ထပ်ဆောင်းဖြည့်စွက်ပေးမည့် အစီအစဉ်ကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများ ရောင်းချခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ်များကို အရေအတွက် ငါးသောင်း တိုးမြှင့်ကာ လစဉ် မိုဘိုင်းဆင်းမ်ကတ် ၄၀၀၀၀၀ ကို ရောင်းချပေးသွားမည်ဖြစ်ပြီး တန်ဖိုးနည်း မိုဘိုင်းဖုန်းများ၏ သက်တမ်းကာလကိုလည်း ငွေဖြည့်ကတ် သက်တမ်းကာလအတိုင်း အသုံးပြုနိုင်ကြောင်း သိရသည်။

“သင်္ကြန်ကာလမှာ ဖုန်းသုံးစွဲတဲ့သူတွေကို လက်ဆောင်ပေးတဲ့သဘောပါ မိနစ်အပို ဒါမှမဟုတ် ငွေပို ထပ်ဆောင်းဖြည့်ပေးတာမျိုးတွေ ပြုလုပ်ပေးသွားဖို့ စီစဉ်နေပါတယ်။ စီစဉ်ပြီးရင်တော့ ထုတ်ပြန်ကြေညာသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် သင်္ကြန်ကာလအတွင်း မိုဘိုင်းဖုန်းသုံးစွဲသူများကို ယခုကဲ့သို့ ပြုလုပ်ပေးခြင်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သက်တမ်းတစ်လျှောက် ပထဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ယှဉ်ပြိုင်လုပ်ကိုင်မည့် ဆက်သွယ်ရေးကုမ္ပဏီများ ပေါ်ပေါက်လာခြင်းကြောင့် မိုဘိုင်းဖုန်းသုံးစွဲသူများကို ပြုလုပ်ပေးရခြင်းဖြစ်ပြီး မိုဘိုင်းဖုန်းသုံးစွဲသည့် အများပြည်သူကို ပိုမိုကောင်းမွန်သည့် အစီအစဉ်များ ပြုလုပ်ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ နှင့် မိုဘိုင်းဖုန်းကိုင်ဆောင်သူအချို့က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးသည် ဧပြီလအတွက် တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် ၁၂၅ç ၀၀၀ ကို ခွဲတမ်းရရှိပြီး၊ ပင်စင်များအတွက် ၁၅ç၀၀၀ ကိုလည်း ရောင်းချပေးမည်ဖြစ်သည်။

Eleven
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပထမဦးဆုံးအကြိမ်အနေဖြင့် သင်္ကြန်ကာလတွင် မိုဘိုင်းဖုန်းသုံးစွဲသူများ အတွက် မိနစ်အပို (သို့) ငွေပို ထပ်ဆောင်းဖြည့်စွက်ပေးမည့် အစီအစဉ်ကို ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများ ရောင်းချခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ်များကို အရေအတွက်

တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဖမ်းဝရမ်းထပ်မံထုတ်ဆင့် ဖယ်ရှားပြီးသည့် ကျူးကျော်ဘုန်းကြီးကျောင်းမြေနေရာများတွင် စိန်တလုံးသရက်စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေ

Photo: တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဖမ်းဝရမ်းထပ်မံထုတ်ဆင့် ဖယ်ရှားပြီးသည့် ကျူးကျော်ဘုန်းကြီးကျောင်းမြေနေရာများတွင် စိန်တလုံးသရက်စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေ 

Sunday, April 6, 2014

တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းဝရမ်းထပ်မံ ထုတ်ဆင့်ခဲ့ကြောင်း ရွှေဝါမြိုင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ ပြောကြားချက်အရ သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ဖယ်ရှားခဲ့သည့် ဘုန်းကြီးကျောင်းမြေနေရာများတွင် နေပြည်တော် စိန်တစ်လုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ပြီးနောက် ဘုန်းကြီးကျောင်းမြေနေရာများတွင် အချို့ဘုန်းကြီးကျောင်း နေရာများအား လျော်ကြေးပေး ၀ယ်ယူခြင်းများပြုလုပ်ပြီး ခြံစည်းရိုးများခတ်ကာ သရက်ဇုန်အဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဝါမြိုင်ကျောင်းဆရာတော် ဦးပညာလင်္ကာရက “ဘုန်းဘုန်းက မနေ့က ရုံးချိန်းမှာမပါဘူး။ ဓမ္မာစရိယလည်း အောင်ထားပြီးပါပြီ။ ဒီနေ့ ၀ရမ်းလာကပ်တယ်။ သူတို့ အင်အားသုံးဖယ်ရှားမယ့်နေ့ကို စောင့်ပြီးရင်ဆိုင်မယ်။ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ရဲတွေလာပြောတယ်။ ဖယ်ပေးရင်ပေး မပေးရင် ဖမ်းဆိုပြီး ၀ရမ်းလည်းကပ်သွားတယ်”ဟု မိန့်ကြားခဲ့သည်။

ယင်းကဲ့သို့ ဖယ်ရှားခိုင်းသည့် ဘုန်းကြီးကျောင်းများအနီးရှိ ဘုန်းကြီးကျောင်းများအား ခွင့်ပြုချက်နှင့်အညီ ဆက်နေခွင့်ရထားသည့် ဘုန်းကြီးကျောင်းများမှာ သုခမြင့်မိုရ်ကျောင်း၊ ရွှေရတနာလကျောင်း၊ ကောသိကာရုံကျောင်း၊ သီရိမင်္ဂလာကျောင်း၊ သာသနာ့ဝေပုဏ္ဏကျောင်းများဖြစ်ကြောင်း သိရသည်။

“အဲဒီကျောင်းတွေကိုကျတော့ ဘာလို့ခွင့်ပြုချက်နဲ့အညီဆိုပြီး နေခွင့်ပေးထားတာလဲ။ အဲဒီကျောင်းတွေမှာရှိတဲ့ ဘုန်းကြီးတွေနဲ့ ဘုန်းဘုန်းတို့နဲ့က ဓမ္မာစရိယဘွဲ့ ရထားတာအတူတူပဲ။ အချို့ကျောင်းထိုင်တွေက အသက်ကြီးမှဝတ်တဲ့ ဘုန်းကြီးတွေတောင်ပါတယ်။ မနေ့က ရုံးချိန်းနေ့မှာ ဘုန်းဘုန်းက ဓမ္မာစရိယဂုဏ်ထူးတန်း ဖြေဆိုနေတာ။ ကျမ်းရင်းသုံးခုက အောင်ပြီးသွားပါပြီ။ ဒီနေ့ ရုံးချိန်းအဖြစ် ၀ရမ်းလာကပ်သွားတယ်။ ဘုန်းကြီးကတော့ မသွားတော့ဘူး။ သူတို့လာ ဖမ်းရင်လည်း ရင်ဆိုင်သွားမယ်”ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

ညောင်နှစ်ပင်ကျောင်းတိုက်ဆရာတော်က “သတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ ဒီဘုန်းကြီးကျောင်းတွေက ဆရာတော်တွေက စာမတတ်၊ ပေမတတ်လို့ ဖော်ပြထားတာတွေက အမှားတွေပါ။ ဒကာ၊ ဒကာမ တွေ အကြည်ညိုပျက်အောင် ဖော်ပြထားတာဖြစ်တယ်။ ဦးဇင်းတို့မှာ အောင်လက်မှတ်တွေလည်း ရှိတယ်။ ဒီနေရာတွေက အရင်ကတောင်သူတွေ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ နေရာတွေဖြစ်တယ်။ တောင်သူတွေလှူခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်”ဟု မိန့်ကြားခဲ့သည်။

နေပြည်တော်တိုင်း သံဃမဟာနာယက အဖွဲ့မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းတွင် အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်နေထိုင်ရန် အကျိုးတော်ဆောင်ဆရာတော်က မိန့်ကြားခဲ့ကြောင်း၊ နိုင်ငံတော်သံဃနာယကအဖွဲ့၏ စာအမှတ်များအရ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့မှ စိစစ်ဆောင်ရွက်၍ ပြန်လည်တင်ပြရန်ဆိုသည့် ဆုံးဖြတ်ချက်အရ ဆောင်ရွက်မှု မပြီးဆုံးသေးသောကြောင့်လည်းကောင်း၊ မြို့နယ်သီးခြား သံဃ၀ိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမပြုသေးခြင်း ဖြစ်ကြောင်း၊ လေးစားလိုက်နာမှု မပြုခြင်းမဟုတ်ကြောင်း တရားသူကြီးမင်းထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း ရွှေဝါမြိုင်ကျောင်းဆရာတော်က မိန့်ကြားခဲ့သည်။

ကျူးကျော်ဘုန်းကြီးကျောင်းဟု သတ်မှတ်ပြီး တရားရင်ဆိုင်ခဲ့သည့် ဘုန်းကြီးကျောင်း သုံးခုဖြစ်သည့် သာသနာ့အောင်လံကျောင်း၊ ဓမ္မရက္ခိတကျောင်း၊ ဗုဒ္ဓရတနာကျောင်းများမှ ကျောင်းထိုင်ဘုန်းကြီး သုံးပါး အား လူဝတ်လဲကာ ထောင်ဒဏ်ခြောက်လ သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်း ၂၄ ကျောင်း အား ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်လုပ်ထားသည့် ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ၂၄ ကျောင်းမှာ ဓမ္မရက္ခိတကျောင်း၊ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ရာမညကျောင်း၊ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ နန္ဒာရာမကျောင်း၊ သပြေညိုကျောင်း၊ လှမေတ္တာကျောင်း၊ ရတနာ့သိဒ္ဓိကျောင်း၊ ဝေဠုဝန်ကျောင်း(ဥတ္တရသီရိမြို့)၊ ဇေယျာမြိုင်ကျောင်း၊ အဓိဋ္ဌာန်ကျောင်း၊ မဟာမြိုင်ကျောင်း၊ ပဏ္ဍိတာရာမကျောင်း၊ နန္ဒာရာမကျောင်း (ဥတ္တရသီရိမြို့)၊ ငှက်ပျောတောကျောင်း၊ ဝေဠုဝန်ကျောင်း(ဇမ္ဗူ/ဒက္ခိဏသီရိ)၊ လှေဆွဲမြှောင်ကျောင်း၊ ရွှေညောင်ပင်ကျောင်း၊ မိတ္ထီလာကျောင်း၊ သာသနာ့အောင်လံကျောင်း၊ ဗုဒ္ဓရတနာကျောင်းများဖြစ်ကြောင်း သိရသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် အဆိုပါဘုန်းကြီးကျောင်းများသည် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်းတွင် တည်ရှိကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းတစ်ကျောင်း ဖြစ်ဖို့ဆိုတာ ရေစက်ချပြီး လှူရတယ်။ ပြီးတော့ ကျောင်းသိမ်သမုတ်ရတယ်။ကျောင်းသိမ်သမုတ်တဲ့အခါမှာလည်း အရည်အချင်းရှိတဲ့ သံဃာတွေကို ပင့်ဖိတ်ပြီး သိမ်သမုတ်ရတယ်။
သိမ်သမုတ်ပြီးလို့ ကျောင်းဖြစ်သွားရင် ဘယ်သူမှ ဘာမှလုပ်လို့မရဘူး။ နိုင်ငံတော်ကလည်း မပိုင်တော့ဘူး။ အဲဒီလိုဘာသာသာသနာပိုင်ကျောင်းဖြစ်သွားရင် ကျောင်းတို့၊ မြေတို့နဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို သံဃ၀ိနိစ္ဆယ(တစ်နည်း) (သံဃာ့တရားရုံး) တရားရုံးတွေနဲ့သာ ဖြေရှင်းရတယ်။ သံဃနာယက ဆရာတော်တွေနဲ့သာ အရေးယူဆောင်ရွက်ရပါတယ်။ လူသတ်မှု၊ မုဒိမ်းမှုလို ရာဇ၀တ်မှုမျိုးတွေကို သံဃာတွေက ကျူးလွန်ရင်သာ ရာဇ၀တ်တရားရုံးတွေမှာ ဖြေရှင်းရတာပါ။ ”ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ တာဝန်ခံအမှုဆောင်တရား လွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်က ပြောကြားသည်။  

Eleven 
တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းဝရမ်း ထပ်မံထုတ်ဆင့်ခဲ့ကြောင်း ရွှေဝါမြိုင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ ပြောကြားချက်အရ သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ဖယ်ရှားခဲ့သည့် ဘုန်းကြီးကျောင်းမြေနေရာ များတွင် နေပြည်တော် စိန်တစ်လုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ရက်ရှည်ချောင်းဆိုးခြင်းကို ကုသမှုမခံပါက နောက်ဆက်တွဲရောဂါ ဆိုးကျိုးခံစားရမည်

Photo: ရက်ရှည်ချောင်းဆိုးခြင်းကို ကုသမှုမခံပါက နောက်ဆက်တွဲရောဂါ ဆိုးကျိုးခံစားရမည်

Sunday, April 6, 2014

ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်ရောဂါဝေဒနာများအား ကုသမှုမရှိဘဲ ရက်ရှည် ကြာမြင့်လာပါက နောက်ဆက်တွဲရောဂါဆိုးကျိုးအဖြစ် လည်ပင်း၌ ပြည်တည်နာဖြစ်ပေါ်လာခြင်း၊ အဆုတ်ရောင်ခြင်းနှင့် နားပြည်ယိုခြင်းဝေဒနာများ ခံစားရနိုင်ကြောင်း ဆေးပညာရှင်များကပြောကြားသည်။

“ချောင်းဆိုး၊ နှာမွှန်၊ လည်ချောင်းနာတာတွေက ဒီလိုစပ်ကူးမပ်ကူးကာလတွေမှာ အများဆုံးတွေ့ရတယ်။ ဒါပေမဲ့ မပေါ့ဆသင့်ဘူး။ ရက်ရှည်ကြာလာရင် ဆေးခန်းပြသင့်တယ်။ ဘာလို့ဆို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လို့ပါ”ဟု မြောက်ဒဂုံမြို့နယ်အတွင်းရှိ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောသည်။

အဆိုပါရောဂါများသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး နွေဦး၊ မိုးဦးနှင့် ဆောင်းဦးစသည့် ရာသီပြောင်းကာလများ၌ ဖြစ်ပေါ်တတ်ကာ ရက်ရှည်ကြာမြင့်တတ်ကြောင်း၊ ခန္ဓာကိုယ်တွင်း အပူဓာတ်များ လွန်ကဲခြင်းမှတစ်ဆင့် အပူကန်ထွက်လာခြင်း၊ လေထုညစ်ညမ်းမှု(ဆေးလိပ်ငွေ့၊ ကားအိပ်ဇော)ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပေါ်လာပါက ရေများများသောက်ပေးခြင်း၊ ဗိုင်းရပ်စ်ပိုးများကို ဖျက်ဆီးပစ်နိုင်သော ဇင့်ဓာတ်ပါဝင်သည့် ငုံဆေးပြားများငုံပေးခြင်း၊ ခုနစ်ရက်ထက်ကြာမြင့်လာပါက ဆေးခန်းပြသခြင်း၊ အစားမှန်မှန်စားပေးခြင်းနှင့် ကောင်းမွန်စွာအိပ်စက်အနားယူခြင်းများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ရပ်ကွက်ထဲရှိ ဆေးခန်းများသို့ ချောင်းဆိုး၊ လက်ချောင်းနာ၊ နှာမွှန်၊ ဖျားနာခြင်းအပြင် ရေယုံရောဂါဝေဒနာခံစားနေရသူများ လာရောက်ပြသမှုများကြောင်း အလုံမြို့နယ်ရှိ ဒေါက်တာမြင့်ဦးကပြောသည်။

7daynewsjournal
ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်ရောဂါဝေဒနာများအား ကုသမှုမရှိဘဲ ရက်ရှည် ကြာမြင့်လာပါက နောက်ဆက်တွဲရောဂါဆိုးကျိုးအဖြစ် လည်ပင်း၌ ပြည်တည်နာဖြစ်ပေါ်လာခြင်း၊ အဆုတ်ရောင်ခြင်းနှင့် နားပြည်ယိုခြင်းဝေဒနာများ ခံစားရနိုင်ကြောင်း ဆေးပညာရှင်များကပြောကြားသည်။

“ချောင်းဆိုး၊ နှာမွှန်၊ လည်ချောင်းနာတာတွေက ဒီလိုစပ်ကူးမပ်ကူးကာလတွေမှာ အများဆုံးတွေ့ရတယ်။ ဒါပေမဲ့ မပေါ့ဆသင့်ဘူး။ ရက်ရှည်ကြာလာရင် ဆေးခန်းပြသင့်တယ်။ ဘာလို့ဆို နောက်ဆက်တွဲ