Friday 9 November 2012

မိုးညှင်းခရိုင်ရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ ကေအိုင်အို အခွန်ကောက်


ကချင်ပြည်နယ် မိုးညှင်းမြို့ ခရိုင်အတွင်းရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ အခွန် ပေးဆောင် ရန် ကေအိုင်အို ရှေ့တန်း တပ်စခန်း ရုံး မှ အကြောင်းကြား ထားကြောင်း ယင်းဒေသ ရှိ လက်ဖက်ရည် ဆိုင် ပိုင်ရှင်များ က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

" သိန်းသုံးရာ အခွန်ဆောင်ဖို့ အကြောင်းကြား ထားတယ်" ဟု မိုးညှင်းမြို့ မှ လက်ဖက်ရည် ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။

တိမ်းမှောက်ဆီရထားတွဲမှ ဆီများ ဒေသခံများ လုယက်ခပ်စဉ် မီးလောင်၍ လူသေဆုံးထိခိုက်ဒဏ်ရာရသူများပြား



မြစ်ကြီးနား-မန္တလေး ပြေးဆွဲသောဆီသယ်ရထားသည်စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ် ချက်ကြီးေ ကျးရွာ အနီးရှိ ချက်ကြီးဘူတာအဝင် ပွိုင့်ခွဲတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ဆီတွဲတိမ်းမှောက်ခဲ့ရာ ချက်ကြီးရွာသူ၊ ရွာသားများ ဆီလုယက်ခပ်ယူကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၃၀ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိသွားပြီဖြစ်ကြောင်း ၎င်းတို့ကို ကယ်ဆယ်ရေးပြုလုပ်နေသော ကျွန်းလှမြို့ ဝေနေယျသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီးအမေရိကန်အပါအ၀င် နိုင်ငံ(၉)နိုင်ငံမှ သံရုံးများ က ပူးတွဲကြေညာချက်ထုတ်ပြန်





အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် KIA မှ လက်မခံသည့်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO လူကြီးများ နှုတ်ထွက်


 
 ကချင်ပြည်နယ်အတွင်း စစ်ပွဲကာလ ကြာရှည်လာသဖြင့် ပြည်သူများ အတိဒုက္ခရောက်နေကြပါသည်။ KIO အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ တိ ကျသော အဖြေကို မရရှိနိုင်သေးပါ။ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီတွင် အစိုးရ အဖွဲ့နှင့် ဆွေးနွေး ခဲ့သော်လည်း KIA မှ တာဝန်ရှိသူများ တတ်ရောက်ခြင်းမရှိခဲ့သည့်အတွက် အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ကင်ညာအမျိုးသမီး ဘရက်ခ် အိုဘာမားနှင့် မစ် ရွန်မနီ အမြွာပူလေး မွေးဖွား

ကင်ညာအမျိုးသမီး ဘရက်ခ် အိုဘာမားနှင့် မစ် ရွန်မနီ အမြွာပူလေး မွေးဖွား

ကင်ညာနိုင်ငံသူ အသက်၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဘရက်ခ်အိုဘာမားနှင့် မစ်ရွန်မနီ အမြွာနှစ်ဦးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇) က မွေးဖွားပေးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပြုလုပ်ခဲ့သည့် အမေရိကန်သမ္မတသစ်အား ဆန္ဒမဲပေး ရွေးချယ်ပွဲကျင်းပနေချိန်တွင် ကင်ညာနိုင်ငံတွင် ယင်းအမျိုးသမီးက သူ၏ အမြွာပူး ကလေးငယ်များ အား မွေးဖွားပေးခဲ့ရာ အမေရိကန် ရွေးကောက်ပွဲကို အမှတ်ရသောအားဖြင့် သူ၏ မွေးကင်းစ ကလေးနှစ်ဦးကို ဘရက်ခ် အိုဘာမားနှင့် မစ်ရွန်မနီ ဟူ၍ အမည်မှည့်ခဲ့ကြောင်း သိရပါတယ်။ 
---
Photo courtesy of Reuters.


ကင်ညာနိုင်ငံသူ အသက်၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဘရက်ခ်အိုဘာမားနှင့် မစ်ရွန်မနီ အမြွာနှစ် ဦးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၇) က မွေးဖွားပေးခဲ့ကြောင်း သိရပါတယ်။
 

ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အိုဘားမား၏ ခရီးစဉ်ကို အမေရိကန်အိမ်ဖြူတော် အတည်ပြု



အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် ယခုလ ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အိုဘားမား၏ အမေရိကန်အိမ်ဖြူတော် က နိုဝင် ဘာ လ ဂ ရက်က အတည်ပြုခဲ့သည်။