Monday 4 November 2013

အပစ်အခတ် ရပ်စဲထားသော ဒေသများ၏ လူနေမှုဘဝ အစီရင်ခံစာ ထုတ်ပြန်

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများရှိ အပစ်အခတ် ရပ်စဲထားသော ကျေးရွာနှစ်ရာကျော် က ဒေသခံ များ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဆင်းရဲမွဲတေမှု အခြေအနေများ အကြောင်း ကွင်းဆင်း ပြုစုထားသော အစီရင်ခံစာ တစ်စောင်ကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ အခြေစိုက် နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC,The Border Consortium) က တရားဝင် ထုတ်ပြန်သည်။

ပညာရေးသုံးသပ်ချက်အစီရင်ခံစာ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါမည်ဆို

ပညာရေးသုံးသပ်ချက်အစီရင်ခံစာ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါမည်ဆို
Monday, November 4, 2013

ပြီးပြည့်စုံတဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (CESR) ရဲ့ တတိယအဆင့် အစီရင်ခံစာမှာ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ် တွေ ပါဝင်မယ်လို့ သိရတယ်။

CESR (Comprehensive Education Sector Review) ရဲ့ ပထမအဆင့် အစီရင်ခံစာကို မြန်မာနိုင်ငံ မှာရှိတဲ့ ပညာရေးအဖွဲ့အစည်းတွေအားလုံးကို ဖြန့်ဝေပြီးဖြစ်ပြီး နောက်နှစ်စပိုင်းမှာ ဒုတိယအဆင့် အစီရင်ခံစာထွက်ရှိမယ်လို့ ဗြိတိသျှကောင်စီရဲ့ ပညာရေးဒါရိုက်တာ Susana Galvan ကစကားပြန်မှ တစ်ဆင့်ပြောပါတယ်။ တတိယအစီရင်ခံစာကိုတော့ ရှေ့ကထုတ်ခဲ့တဲ့အစီရင်ခံစာကိုတော့ ရှေ့က ထုတ်ခဲ့တဲ့ အစီရင်ခံစာနှစ်ခုအပေါ် အခြေခံပြီးထောက်ခံချက်တွေပေးကာ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါရှိပါမယ်လို့သိရတယ်။

CESR ကိုမြန်မာအစိုးရက အကောင်အထည်ဖော်နေပြီး ဗြိတိသျှကောင်စီကလည်း အဖွဲ့ဝင်တစ်ခုအ နေနဲ့ ကူညီပံ့ပိုးပြီး လက်တွဲဆောင်ရွက်နေတယ်လို့ ဗြိတိသျှကောင်စီမြန်မာရဲ့ ဒါရိုက်တာ Kevin Mackenzie ကစကားပြန်မှတစ်ဆင့် ပြောပါတယ်။ CESR ကိုအခြေခံပြီး ဆက်လက်ကာနိုင်ငံမှာ အဆင့်မြင့်ပညာရေးဥပဒေကို ပြဋ္ဌာန်းသွားမှာဖြစ်တယ်လို့ သိရတယ်။

ဗြိတိသျှကောင်စီမြန်မာရဲ့ ဒါရိုက်တာ Kevin Mackenzie က 'CESR ကိုအကောင်အထည်ဖော်တဲ့နေ ရာမှာ အလယ်အလတ်ပဲရှိပါသေးတယ်၊ သတင်းအချက်အလက်က မစုံလင်သေးပါဘူး။ ကျွန်တော်တို့ ကိုလဲ ဒီလုပ်ငန်းစဉ်မှာ ပံ့ပိုးဖို့ပဲဖိတ်ခေါ်တာပါ။ CESR ကရရှိတဲ့ အချက်တွေစုဆောင်းပြီး လွှတ်တော်မှာ ကော်မတီအမျိုးမျိုးကနေ ဒါတွေကိုဆွေးနွေးမှာပါ' လို့ပြောပါတယ်။

CESR နဲ့ပတ်သက်ပြီး ဆက်သွယ်ရေးပိုင်းမှာ တော်တော်လေး အားနည်းတာတွေ့ရတယ်လို့ ဗြိတိသျှ ကောင်စီရဲ့မြန်မာမှ ပညာရေးဒါရိုက်တာ Susan Galvan က ပြောပါတယ်။ CESR ကိုဆက်သွယ်ပညာ ပေးဖို့အတွက် အားလုံးကဆက်သွယ်ရေး အစီအစဉ်တစ်ခုရေးဆွဲနေပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးအနှံ့ ဆက်သွယ်ပညာပေးဖို့ စီစဉ်နေတယ်လို့ သိရတယ်။

လက်ရှိမှာ CESR နဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တစ်ခုလုပ်နေပြီး မကြာခင် လေ့လာနိုင်မယ်လို့ သိရ တယ်။

မော်ဒန်သတင်းဂျာနယ်
ပြီးပြည့်စုံတဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (CESR) ရဲ့ တတိယအဆင့် အစီရင်ခံစာမှာ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့ လုပ်ငန်း စဉ် တွေ ပါဝင်မယ်လို့ သိရတယ်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့်မှုကြောင့် ၀န်ဆောင်စရိတ် တိုးလာသည့်အပေါ် ဈေးနှုန်းတက်ရ တော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က လက်လီလုပ်ငန်းရှင်များသို့ အသိပေး

နိုဝင်ဘာလမှ စတင်ပြီး လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် ၀န်ဆောင် စရိတ် တိုးလာသည့်အတွက် ကုန်စည်အချို့ ဈေးနှုန်းတက်၍ ရောင်းချ သွားတော့ မည်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့မှ လက်လီရောင်းချနေသည့် လုပ်ငန်းရှင်များသို့ အသိပေး ထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

NLD ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် သဘောထား ရယူမှုများ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်နေရာ ပြီးစီး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထား ရယူမှုများမှာ နိုဝင်ဘာ ၃ ရက်အထိ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်မြို့နယ်တွင် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကချင်ဒေသခံ ထောင်ချီကြိုဆို

အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် နိုဝင်ဘာ ၃ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များကို ထောင်ချီသည့် ကချင်ဒေသခံများက ကြိုဆိုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု များပြားနေသော်လည်း လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှု ကဏ္ဍတွင် အားနည်းနေ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တတိယအများဆုံး တိုင်ကြားနေသော်လည်း လက်ရှိကာလအထိ ရဲ တပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုများ အားနည်းနေ ဆဲဖြစ်ကြောင်း ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးဖြစ်သူ ဒုရဲမှူး မျိုးမြင့်ကြိုင်က ပြောကြားသည်။