Thursday 15 November 2012

ကောင်းမှုတော်ပုထိုးတော်ကြီးကို ထုံးသင်္ကန်းဖြင့်သာဖူးမြော်ရန် ဒေသခံအချို့ဆန္ဒရှိ

ကောင်းမှုတော်ပုထိုးတော်ကြီးကို ထုံးသင်္ကန်းဖြင့်သာဖူးမြော်ရန်  ဒေသခံအချို့ဆန္ဒရှိ

မန္တလေး၊နိုဝင်ဘာ-၁၀

စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်လှူပြီးသည်မှာ ၂ နှစ် ပြည့်တော့မည် ဖြစ်သော်လည်း ယခင်အတိုင်း ထုံးသင်္ကန်းဖြင့် ဖူးလိုသည့်ဆန္ဒ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း စစ်ကိုင်းဒေသခံအချို့နှင့်ဘုရားဖူးအချို့ထံမှ သတင်းရရှိသည်။

စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီတော်ကြီးအနီးတွင် နေထိုင်နေသော စစ်ကိုင်းမြို့သားတစ်ဦးက “ခုရွှေသင်္ကန်းလည်း မကောင်းတာမဟုတ်ပါဘူး။ အရင်လို ရှေးမူမပျက်လေး ဖူးချင်တဲ့သဘောပါ” ဟု သူ၏အမြင်ကို ပြောသည်။ 

ကောင်းမှုတော်စေတီတော်ကြီးကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လာရောက်စဉ် ရွှေသင်္ကန်းကပ်လှူပါက ပိုကောင်းမည်ဟု အကြံပြုပြောကြားခဲ့ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။ သြ၀ါဒါစရိယဆရာတော်ကြီးများကလည်း သဘောတူခဲ့သောကြောင့် လေးရက်အကြာ ဒီဇင်ဘာ ၂၄ ရက်မှ စတင်ကာ ရွှေသင်္ကန်းကပ်လှူသည့် လုပ်ငန်းကို စတင်ခဲ့သည်ဟု ကောင်းမှုတော်စေတီတော်ကြီး ဂေါပကအ
ဖွဲ့ဝင်များထံမှ သိရသည်။ ထိုစဉ်အချိန်က ဝေဖန်မှုများရှိခဲ့သော်လည်း တရားဝင် ကန့်ကွက်ခဲ့ခြင်းမျိုးမရှိခဲ့ဟု ဂေါပကအဖွဲ့က ဆိုသည်။

“ဒါကတော့ ဖြစ်တတ်တာသဘာဝပါ။ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ သူတွေကိုက ပြောကြတယ်။ ထုံးသင်္ကန်းနဲ့ပဲ မကောင်းဘူးလားပေါ့။ ပြည်တွင်းဧည့်သည်တင်မကဘူး။ ပြည်ပနိုင်ငံခြားသားဧည့်သည်တွေကပါ အရင်လိုမဟုတ်တော့တဲ့အတွက် ပြောကြပါတယ်။
ခုလို ရွှေရောင်ဖြစ်တာကိုလည်း သဘောကျတဲ့သူတွေ ရှိပါတယ်” ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရွှေသင်္ကန်း ကပ်လှူပြီးချိန်တွင် ယခင် ထုံးသင်္ကန်းကပ်လှူချိန်ထက် ဘုရားဖူးပိုလာသည့်အပြင် အလှူငွေများလည်း ပိုမိုတိုးတက်ရရှိလာကြောင်း ဂေါပကအဖွဲ့ကဆိုသည်။

ယခင် ထုံးသင်္ကန်းကပ်စဉ်အချိန်က တစ်လလျှင် အလှူငွေကျပ်သိန်း ၁၀၀ အောက်ရရှိပြီး ရွှေသင်္ကန်းကပ်ပြီးချိန်မှစ၍ တစ်လလျှင်ကျပ်သိန်း ၁၅၀ ၀န်းကျင်ရရှိသည်ဟု ဆိုသည်။ ကောင်းမှုတော်စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်ရာတွင် ကုန်ကျစရိတ်မှာ စေတီတော်ဝန်းကျင် ပြင်ဆင်စရိတ်
နှင့် ပေါင်းပါက ကျပ်သိန်းပေါင်း ၃၅၀၀ ခန့်ကုန်ကျခဲ့ပြီး ရွှေသင်္ကန်းကပ်လှူသော ကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း ၂၀၀၀ ၀န်းကျင်ရှိကြောင်း ဂေါပကအဖွဲ့ကဆိုသည်။

ရွှေအစစ်မဟုတ်ဘဲ ရွှေဆေးဖြင့် ကပ်လှူထားခြင်းဖြစ်ပြီး ဆေးသုတ်သည့်ကုမ္ပဏီက ငါးနှစ်အာမခံထားသည်ဟုဆိုသည်။ ထုံးသင်္ကန်း
ဖြင့်ဆိုပါက တစ်နှစ်တစ်ကြိမ်ကပ်ရပြီး ကျပ်ဆယ့်နှစ်သိန်းခန့် ကုန်ကျလေ့ရှိသည်ဟု သိရသည်။

ကောင်းမှုတော်စေတီတော်ကြီးကို မန္တလေးမြို့မှ သွားရောက်ဖူးလေ့ရှိသူ အမျိုးသမီးတစ်ဦးက “ရွှေသင်္ကန်းပဲဖြစ်ဖြစ်၊ထုံးသင်္ကန်းပဲဖြစ်ဖြစ် ကြည်ညိုပြီးသားပါ။ ဒါပေမဲ့ အရင်လို ကောင်းမှုတော်ဆိုရင် ထုံးသင်္ကန်းနဲ့ပဲ မြင်နေတဲ့စိတ်မြင်ချင်တဲ့စိတ်က ဖျောက်လို့မရသေးဘူးဖြစ်နေတယ်” ဟု  ပြောကြားသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို သာလွန်မင်းတရားကြီး သီရိသုဓမ္မာရာဇာပ၀ရအဓိပတိက အင်းဝညောင်ရမ်းခေတ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ ဗုဒ္ဓ၏ စွယ်တော်၊ ဆံတော်၊သပိတ်တော်နှင့် ရုပ်ပွားတော်များ၊ စေတီများအပါအ၀င် အခြားဓာတ်တော်မွေတော်များ ဌာပနာခဲ့သည်။

စစ်ကိုင်းမြို့ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်လှူပြီးသည်မှာ ၂ နှစ် ပြည့်ေ တာ့ မည် ဖြစ်သော်လည်း ယခင်အတိုင်း ထုံးသင်္ကန်းဖြင့် ဖူးလိုသည့် ဆန္ဒ ဖြစ်ပေါ်နေ ဆဲဖြစ်ကြောင်း စစ် ကိုင်းဒေသခံအချို့နှင့်ဘုရားဖူးအချို့ထံမှ သတင်းရရှိသည်။

သစ္စာရှိသော သခင်



တိရစ္ဆာန်တွေပဲ သခင်အပေါ် သစ္စာ ရှိတာ မဟုတ်ပါဘူး။ တိရစ္ဆာန်အပေါ် သစ္စာရှိတဲ့ သခင်တွေလည်း ရှိနေတတ်ပါတယ်။

ဖေ့စ်ဘွတ် FarmVille ဂိမ်းချစ်သော မေမေကြောင့် သေရရှာသော ကလေးငယ်

ဖေ့စ်ဘွတ် FarmVille ဂိမ်းချစ်သော မေမေကြောင့် သေရရှာသော ကလေးငယ်

၂၀၁၀ ခုနှစ် အောက်တိုဘာလက ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူမဟာ ထောင်ထဲမှာ ဖြစ်ပါတယ်။ 

Facebook ပေါ်မှာ FarmVille  ဂိမ်းဆော့နေတုန်း သူ့ရဲ့  သုံးလသား ကလေးငယ် ဟာ အငိုမရပ်ပဲ နှောက်ယှက်မှုကြောင့် ကလေးကို ရိုက်နှက် ဆုံးမခဲ့တာကို သူမ ဝန်ခံခဲ့ပါတယ်။ သူမရဲ့ ရိုက်နှက်မှုကြောင့်ပဲ နို့မပျက်သေး တဲ့ ကလေးငယ် အသက်သေဆုံးခဲ့ရပါတယ်။ 

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က အသက် ၂၂ နှစ်အရွယ်  Alexandra Tobias ဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးငယ်ကတော့ သူမ ကိုယ်တိုင် မွေးဖွားထားတဲ့ ကလေးငယ် Dylan Lee Edmondson ဖြစ်ပါ တယ်။ 

ဒါကြောင့်  ဖေ့စ်ဘွတ် - FarmVille  ဂိမ်းနှစ်သက်တဲ့ မေမေကြောင့် ကလေးတစ်ယောက် သေဆုံးရပါတယ်လို့ အမည်တွင်ခဲ့ပါတယ်။ 
--
Source- http://articles.nydailynews.com/2010-10-28/news/27079575_1_young-mom-baby-abusive-head-trauma

Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/farmville.html

၂၀၁၀ ခုနှစ် အောက်တိုဘာလက ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူမဟာ ထောင်ထဲမှာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံသည် စစ်လက်နက် ပစ္စည်းသစ် များအား ထုတ်ဖော် ပြသခဲ့ခြင်း


တရုတ် နိုင်ငံသည် စစ်လက်နက် ပစ္စည်းသစ် များအား ထုတ်ဖော် ပြသခဲ့ခြင်း
Thursday, 15 November 2012 

တရုတ် နိုင်ငံသည် ၎င်း၏ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို တည်ဆောက်နေမှု အဖြစ် မျိုးဆက်သစ် တိုက်လေယာဉ် ပုံစံသစ်နှင့် စစ်သုံး မောင်းသူမဲ့ လေယာဉ်သစ် တစ်မျိုးကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင်
်ထုတ်ဖော် ပြသခဲ့ သည် ဟု အောက်တိုဘာလ ၁၃ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။ 

တရုတ်နိုင်ငံ ၏ လေယာဉ် ထုတ်လုပ်ရေး ဆိုင်ရာ ကော်ပိုရေးရှင်း
(AVIC ) သည် အင်္ဂလိပ် အခေါ် Wing Long၊ တရုတ်အခေါ် Yi Long
မောင်းသူမဲ့ လေယာဉ် ပုံစံသစ် တစ်မျိုးအား Zhuhai မြို့တွင်
ပြုလုပ်သော လေကြောင်း ပြပွဲဖွင့်ပွဲ အခမ်းအနား၌ ထုတ်ဖော် ပြသခဲ့ခြင်း
ဖြစ်ပါသည်။ အဆိုပါ ထုတ်ဖော် ပြသမှုသည် တရုတ် ကွန်မြူနစ်ပါတီ အစည်းအဝေး ကျင်းပလျက် ရှိစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် AVIC သည် J-31 မျိုးဆက်သစ် တိုက်လေယာဉ် ပုံစံသစ် တစ်မျိုးကိုလည်း ထုတ်ဖော် ပြသခဲ့ ပါသည်။ AVIC သည် ယခင်က
ပြုလုပ်ခဲ့သော Zhuhai လေကြောင်း ပြပွဲတွင် ဒုံးပျံ ၂ စင်းအား သယ်ဆောင် နိုင်သော အလျားပေ ၃ဝ ရှိ မောင်းသူမဲ့ လေယာဉ် ပုံစံ တစ်မျိုးကို ထုတ်ဖော် ပြသ ခဲ့ပြီး ဖြစ်ေ ကြာင်း လေ့လာ ဆန်းစစ် သူများက ပြောကြား ခဲ့ပါသည်။ 

တရုတ် နိုင်ငံ သည် မောင်းသူမဲ့ လေယာဉ် ထုတ်လုပ်ရေး အတွက် ငွေကြေး အမြောက်အမြား အကုန်အကျခံ သုံးစွဲခဲ့ ကြောင်းနှင့် တရုတ်နိုင်ငံသည် အာဖဂန်နှင့် အစောပိုင်း ကာလက ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် မောင်းသူမဲ့
လေယာဉ်များအား အမေရိကန်တို့ အသုံးပြုခဲ့သည့် အတွေ့ အကြုံ များကို
စောင့်ကြည့် လေ့လာ ခဲ့ကြောင်း ဟောင်ကောင် အခြေစိုက် စစ်ရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် Andrei Chang က ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

မြ၀တီ
တရုတ် နိုင်ငံသည် ၎င်း၏ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို တည်ဆောက်နေမှု အဖြစ် မျိုးဆက်သစ် တိုက်လေယာဉ် ပုံစံသစ်နှင့် စစ်သုံး မောင်းသူမဲ့ လေယာဉ်သစ် တစ်မျိုးကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင်
်ထုတ်ဖော် ပြသခဲ့ သည် ဟု အောက်တိုဘာလ ၁၃ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရပါ သည်။

ဟားမတ်စ်စစ်ရေးခေါင်းေ ဆာင် သေ ဆုံး သွားပြီးနောက် ဟားမတ်စ်နှင့် အစ္စရေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက်

ဂါဇာကမ်းမြောင်ဒေသတွင်အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုအတွင်းဟားမတ်စ်စစ်ရေးခေါင်းေ ဆာင် သေ ဆုံး သွားပြီးနောက် ဟားမတ်စ်နှင့် အစ္စရေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက် လာသည်။

အမေရိကန် သမ္မတ အိုဘားမား လုံခြုံရေးယာဉ်များ


ရင်သပ်ရှုမောဖွယ် အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး

ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့ အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။

လူ ၅၀၀ ကျော်လောက် ပါတဲ့ အိုဘားမား အဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ် ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင် ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။

“အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း”


(၁)
အိုဘားမားသည် ၎င်းနေထိုင်သမှုပြုရာ ထုံးဖြူသုတ်ထားသည့် အိမ်ဟောင်းကြီးရှေ့တွင် “အိုတီး-(O-Tea)”အမည်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုကို ဖွင့်လှစ်လိုက်သည်။ အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်အား သူ၏မိတ်ဆွေ အပေါင်းအသင်း များ၏ ၀ိုင်းဝန်းတိုက်တွန်း လှုံ့ဆော်မှုကြောင့် ဖွင့်လှစ်ဖြစ်ခဲ့ခြင်း ပင်ဖြစ် သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းမိန့်ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ လိုက်ပါသည်။

ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ဆောင်ချက်များ၊ ဆောင်ရွက်နေမှုများ စသည်တို့နှင့် စပ်လျဉ်း၍ သိလိုသည်များအား ဤအဖွဲ့က တာဝန်ယူ၍ သတင်းအချက်အလက်များ ဖြန့်ဝေပေးသွား မည် ဖြစ် ပါသည်။

သမ္မတ ဦးသိန်းစိန် နှင့် အိုဘားမား မြန်မာနိုင်ငံတွင် တွေ့ဆုံနိုင်ဖွယ်မရှိ

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်နိုဝင်ဘာ၁၉ရက်ညနေတွင်ကျင်းပမည့် အာဆီယံအမေရိကန်ခေါင်းေ ဆာင် များ အစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်းသိရှိရသည်။ ထို့ကြောင့်သမ္မတ ဦးသိန်းစိန် သည် အမေရိကန်အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးတက်မည်ဆိုပါကသတင်း များထွက်ေ ပ်ါနေ သည့်အတိုင်း အမေရိကန်သမ္မတဘားရက်အိုဘားမားနှင့်မြန်မာနိုင်ငံတွင် ထိုနေ့ တွေ့ ဆုံနိုင်ဖွယ် မရှိနိုင်ကြောင်းအာဆီယံထိပ်သီးအစည်းအဝေးရောက် မြန်မာသတင်းထောက်အချို့က ယူဆနေကြ သည်။

အိုဘားမား ခရီးစဉ်အတွက် သုံးရန်ကားများ နေပြည်တော်မှ ပို့ဆောင်


နေပြည်တော် ရန်ကုန်အဝေးပြေးလမ်းမတစ်နေရာတွင် နေပြည်တော်မှ သယ်ဆောင်လာသော ရဲလုံခြုံရေး အထူးယဉ်များနှင့် လုံခြုံရေးဆိုင်ကယ်များ တင်ဆောင်လာသော ကားကြီးများ နိုဝင်ဘာ ၁၅ရက်နံနက် ၈နာရီခန့်က ခေတ္တရပ်နားနေသည်ကို တွေ့ရစဉ်။

2G (GSM)ကနေ 3G (WCDMA) Networkအဖြစ် ပြောင်းလဲ အသုံးပြုနိုင်ဖို့



GSM ဖုန်းလိုင်းတွေမှာ GSM, WCDMA ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အဲ့ဒီ ဖုန်းလိုင်းတွေမှာ သူတို့ရဲ့ ကြိမ်နှုန်း (Frequency)တွေ မတူညီကြပါဘူး။ GSM က 900 Mhz , WCDMA က 1200 Mhz စသည်ဖြင့် ကွဲပြားနေကြ ပါတယ်။ တစ်ချို့ဟန်းဆက်တွေက 2G (GSM) Networkကို ထောက်ပံ့ပေး သလို တစ်ချို့ဟန်းဆက်တွေက 3G (WCDMA) Networkကို ထောက်ပံ့ပေး ပါတယ်။ နှစ်မျိုးလုံး သုံးလု့ရတဲ့
ဟန်းဆက်တွေလဲ ရှိပါတယ်။ နှစ်မျိုးလုံး ထည့်သုံးလို့ရတဲ့ ဟန်းဆက်တွေမှာ လျို့ဝှက်ချက်ပေါ့။ ကိုယ့်က 2G (GSM) ဖုန်းကတ်ကို ထည့်သွင်း အသုံးပြုနေပြီဆိုပါစို့။ ပထမကတ် ထည့်ပြီး သုံးနေရင် 2G (GSM) Networkကိုဘဲ ဟန်းဆက်က အပြည့်အဝ အလုပ် လုပ်နေမှာပါ။ 2G (GSM) ကနေ 3G (WCDMA ) Network ပုံစံမျိုး အသုံးပြုချင်ရင်တော့ ကျွန်တော် ပြောတဲ့ နည်းအတိုင်း စမ်းသုံးကြည့်ပါ။ သိသိသာသာ အဆင်ပြေလာပါလိမ့်မယ်။ ကျွန်တော်ပြောတဲ့ နည်းက ရိုးရိုး GSM ကနေ WCDMA ဖြစ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ 2G (GSM) Network ကနေ 3G (WCDMA ) Networkထဲ ဝင်သုံးတဲ့ ပုံစံမျိုးပါ။ ဘယ်နေ ရာမှာ သိသာလဲဆိုရင် အင်တာနက် သုံးတဲ့နေရာမှာ သိသာပါလိမ့်မယ် ။

ငွေကြယ် တစ်ပွင့် ကြွေလေပြီ ( သို့ ) ကြွေလွင့်သွားသော ကြိုးကြာသံ

 
စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုေ တာ် ခင်မောင်တိုးသည်နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂၀မိနစ်) အချိန် က စင်ကာ ပူ၌ ဆေးကုသခံနေရာမှ ကွယ်လွန် သွားခဲ့ကြောင်း ပန်းရဲ့လမ်း ဂီတအဖွဲမှ ကိုသားထွေးက အ တည်ပြုပြောကြားခဲ့ပါသည်။

အိုဘားမား ခရီးစဉ် အကြို လွတ်ငြိမ်းခွင့်ကြေညာ


ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာမည့်သူများကို အင်းစိန်ထောင်ရှေ့ တွင် စောင့်ကြို 
နေကြသူများ (ဓာတ်ပုံ - ဧရာဝတီ)