Friday 15 February 2013

အဆင့်မြင့်ပညာ ကဏ္ဍ၌ မြန်မာ-အမေရိကန် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြား

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာ ကဏ္ဍ၌ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမေရိကန် သံအမတ် Derek.J Mitchell က အမေရိကန် ပညာရေးပြပွဲ၌ ပြောကြားခဲ့သည်။

i-Pay ကတ်များ နည်းစနစ် မှားယွင်းမှုကြောင့် အဆင်မပြေမှုများဖြစ်

ရန်ကုန်မြို့ရှိ ယာဉ်လိုင်း အချို့တွင် တပ်ဆင်အသုံးပြုနေသာ i-Pay ကတ်များမှာ လုပ်ဆောင်တပ်ဆင်သည့် နည်းစနစ် မှားယွင်းမှုကြောင့် ခရီးသည်များနှင့် ယာဉ်အကူများမှာ အဆင်ပြေမှု မရှိကြောင်း i-Pay ကတ်များ တပ်ဆင် သုံးစွဲ လျက်ရှိသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူများနှင့် ခရီးသည်များ၏ ပြောပြချက်အရ သိရှိရသည်။

ရုရှားနိုင်ငံကလည်း မြန်မာ့ဆက်သွယ်ရေး နည်းပညာ နယ်ပယ်ကို ဝင်ရောက်ရန် ပြင်ဆင်

ရုရှားနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Vimpelcom Ltd က မြန်မာဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ဖြစ်နိုင်ခြေကို သုံးသပ်မှုများ ပြုလုပ်နေသည်ဟု ရုရှားနိုင်ငံ သတင်းဌာန Russia Briefing မှ ဖော်ပြခဲ့သည်။

အခြေခံပညာရေးစနစ်အား နောက်ပိုင်းတွင် ၁၂ တန်းအထိ တိုးမြှင့်မည်ဟု နိုင်ငံတော် သမ္မတ ပြော

အခြေခံပညာရေးစနစ်အား နောက်ပိုင်းတွင် ၁၂ တန်းအထိ တိုးမြှင့်အကောင်အထည်ဖော်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား မှာကြားထားကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က
ယနေ့ပြောကြားသည်။

နားလည်မှုအလွဲနှင့် ပြန်ပေးဆွဲမှု လောက်ဖန် ဘိလပ်မြေစက်ရုံ၌ ဖြစ်ပွား

နောင်ချိုမြို.နယ် လောက်ဖန်းကျေးရွာရှိ ငွေရည်ပုလဲ ဘိလပ်မြေစက်ရုံမှ ထိပ်ပိုင်းအဆင့် အရာရှိ နှစ်ဦးအား   ပြန်ပေးဆွဲခံရပြီးနောက် နောက်နေ့၌ ကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးခဲ့ကြောင်း ဘိလပ်မြေစက်ရုံဝန်ထမ်းများထံမှ သိရသည်။