Saturday 20 April 2013

စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ စာတွေများလာ

Photo: စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ စာတွေများလာ

မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့စာပေတွေ အများအပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း(ဥပဒေကြမ်း) ရှင်းလင်းတင်ပြခြင်းနဲ့ အကြံဥာဏ်တောင်းခံခြင်း အခမ်းအနားမှာ ပြည်ထောင်စု ဒုတိယဝန်ကြီးက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

"တင်ထုတ်စနစ်ကနေ ထုတ်တင်စနစ်ကို ကျွန်တော်တို့ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ အဲဒီလိုကျင့်သုံး လိုက်ပြီးနောက်ပိုင်းမှာပေါ့လေ အခုအချိန်အထိ ဘာတွေဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေတဲ့ ရေးသား မှုမျိုးတွေ တစ်စတစ်စများပြားလာနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်"

ပြန်ကြားရေးဌာနရဲ့ စာရင်းပြုစုချက်အရ ပြီးခဲ့တဲ့မတ်လအထိ လောင်းကစားကိစ္စရပ်တွေကို အားပေးလှုံ့ဆော်တဲ့ ဂျာနယ်အမျိုးအစား ၁၃ မျိုးနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ရေးသားချက်၊ ဖော်ပြချက်နဲ့ ဓာတ်ပုံတွေပါဝင်တဲ့ ဂျာနယ်အမျိုးအစား ၄၆ စောင်ထိတွေ့လာရတယ်လို့ ဝန်ကြီးကဆိုပါတယ်။

ဒီဥပဒေမူကြမ်းကို အတည်ပြုပြီး နည်းဥပဒေတွေနဲ့ အသက်ဝင်လာတဲ့အခါမှာ ဒီအဆိပ်အတောက်စာပေတွေကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဒီကနေ့ စစ်တွေမြို့မှာပြုလုပ်တဲ့ အခမ်းအနားဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ဒေသခံတွေရဲ့ သဘောထားဆန္ဒနဲ့ အကြံဥာဏ်တွေကို အခုလ ၃၀ ရက်နေ့ နောက်ဆုံးအထိ တောင်းခံခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အဲဒီအကြံပြုဆွေးနွေးချက်တွေကို ဥပဒေပြုရေးအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဒီအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုလို ဥပဒေမူကြမ်းအတွက် အကြံဥာဏ်တောင်းခံတာတွေကို အခြားတိုင်းနဲ့ ပြည်နယ်အချို့မှာလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီအခမ်းအနားကို ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေ၊ စာပေပညာရှင်တွေ စုစုပေါင်း ၇၀ လောက်က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့စာပေတွေ အများအပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။

ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ

Photo: ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ”
Saturday, 20 April 2013 

ယနေ့ ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊
သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့
အစည်း ရုံးခန်းတွင် ဆိုရှယ်မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍
အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO ၊
MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊
တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့
များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် Online ဆိုရှုယ်မီဒီယာများနှင့် Facebook စာမျက်နှာ
များပေါ်၌ အများပြည်သူများ အထိတ်တလန့် ဖြစ်စေသော၊ ဘာသာရေး၊
လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများဖြစ်စေသော အရေးအသားများ၊
ထင်မြင်ယူဆချက်များ၊ အတုအယောင်ဖန်တီးနေမှုများ၊ သွေးထိုးလှုံ့ဆော်
နေမှုများနှင့် ပတ်သက်၍ မည်သို့တားဆီးဆောင်ရွက်နိုင်ကြမည်ကို
အားလုံးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အင်တာနက်အသုံးပြုရာတွင်
လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များနှင့်ပတ်သက်၍ လည်းကောင်း၊
Cyber ဥပဒေနှင့်ပတ်သက်၍လည်းကောင်း အမြင်ရှုထောင့်အမျိုးမျိုးဖြင့်
ဆွေးနွေးခဲ့ကြသည်။

The 88 Generation - Public Relation'

Myawaddy News
ယနေ့ ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ရုံးခန်းတွင် ဆိုရှယ်မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေး ဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO ၊ MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။

မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ဆက်ပြီးလုပ်သွားမဲ့ပုံ ရပေမဲ့ စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။ သောကြာနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ပြုလုပ်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေးအစီရင်ခံစာထုတ်ပြန်ပွဲမှာ ဝန်ကြီး Kerry ကခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ အထီး ကျန် နိုင်ငံတခု ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ တိုးတက်မှုတွေ ရှိလာပေမဲ့ အမေရိန်ကန်က ဖြစ်စေချင်တဲ့ အခြေအနေ မရောက်သေးဘူးလို့လည်း သူကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြ ပေးထား ပါတယ်။

စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား

Photo: စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား
Saturday, 20 April 2013


စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည်တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

သို့သော် ဧရာဝတီမှ စုံစမ်းသိရှိရသမျှ အမှုသွား အမှုလာများအရ အထည်ဆိုင်ပိုင်ရှင်ကို တရားစွဲဆိုနိုင်လောက်သည့် အထောက်အထားများ မတွေ့ရှိရဘဲ  ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများနေသည့် စေတီပုံ ဒီဇိုင်းဆင်ထားသည်ဆိုသော အထည်စများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ် တင်သွင်းလာသောအစများ ဖြစ်ဖွယ်ရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ယုဇနပလာဇာ မျက်နှာစာတမ်းအနီးရှိ မေခလာ(သမီး) အထည်ဆိုင်တွင် ရောင်းချလျက်ရှိသော ပိတ်စအချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည် ၇ ထည်ကို သိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသက်နိုင်က ဧရာဝတီသို့ ပြောသည်။ ‘အစကတော့ ထမီစလည်း ချုပ်လို့ရတယ်။ အကျီစလည်း ချုပ်လို့ရတယ်။ ပါတိတ်ပေါ့။ ကျနော်တို့ ၇ ထည် မိထားတယ်”ဟု သူက ပြောသည်။

ချည်ထည်အစများတွင် စေတီပုံ ရိုက်နှိပ်ထားခြင်းကို ကာယကံရှင် ဆိုင်ရှင်များကိုယ်တိုင် မသိရှိဘဲ ရဲများဝင်ရောက် ရှာဖွေမှသာ သိရှိရသည်ဟု ထွက်ဆိုထားကြောင်း စခန်းမှူးက ရှင်းပြသည်။

ယခုကိစ္စကို တိုင်း ခရိုင် အဆင့်ဆင့်တင်ပြခဲ့ပြီး သင်္ကြန်ကာလ အလုပ်ရှုပ်နေသောကြောင့် အမှုမဖွင့်ဘဲထားခဲ့ရာ  ဘာသာရေး အဖွဲ့အစည်းတခုမှ အမှုဖွင့်ပေးရန် ဖိအားပေး တောင်းဆိုသောကြောင့် ဧပြီလ ၁၄ ရက်နေ့တွင် သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ  ၂၉၅ ဖြင့် ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မင်းမင်းအောင်က တရားလိုလုပ်၍ အမှုဖွင့်ထားကြောင်း၊ စခန်းမှူးကိုယ်တိုင်က အမှုစစ်အရာရှိ အဖြစ်ဆောင်ရွက်နေကြောင်းလည်း ရှင်းပြသည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ အထည်အလိပ်များမှ မော်လမြိုင်ဘက်မှ ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မော်လမြိုင် အဆက်အသွယ်ကို လိုက်လံ ဖော်ထုတ်လျက် ရှိကြောင်း၊ မေခလာပိုင်ရှင်မှာ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားတည် ကျောင်းဆောက်နေသူ ဖြစ်ကြောင်း၊ ဆိုင်အပေါ်ထပ်သို့ ၀င်ရောက်ရှာဖွေရာ ဘုရားစင်တစ်ခုကို တွေ့ရှိရကြောင်း၊ သက်သေခံပစ္စည်းကို သိမ်းဆည်းထားပြီး စေတီပုံမှာ ပြောင်းပြန်လှန်လိုက်မှသာ နောက်ကျောဘက်တွင် တွေ့ရှိရကြောင်း၊အထည်စတိုင်းတွင် တွေ့ရှိရခြင်း မဟုတ်ဘဲ အချို့အစများတွင်သာ တွေ့ရှိရကြောင်း ရဲအရာရှိ ဦးသက်နိုင်က ဧရာဝတီနှင့် တွေ့ဆုံရာတွင် ရှင်းပြသည်။

ထိုသို့ စေတီပုံပါရှိကြောင်း ရဲတပ်ဖွဲ့သို့ ဖမ်းဆီးရန် သတင်းပေးသူများမှာ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။ ဇာတ်လမ်းအစမှာ ဧပြီလ ၁၁ ရက်နေ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပြေ ၃ ရပ်ကွက် ဥက္ကဋ္ဌ ဒေါ်ဥမ္မာ ဆိုသူသည် မေခလာ(သမီး) အထည်ဆိုင်တွင် ထမီချုပ်ရန် ပိတ်စတစ်ခုဝယ်ယူခဲ့ရာ အထည်စတွင် စေတီပုံပါနေသောကြောင့် အံ့သြသွားခဲ့ကြောင်း၊ အတူပါရှိလာသူ အဖော်များကို ပြ၍ မိမိအား ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာ ဟုတ်မှန်နေကြောင်း သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ဦးလှမိုးက ဧရာဝတီသို့ပြောသည်။

”ကျနော်လည်း မြို့နယ်ကို သတင်းပို့ပြီး ရပ်ကွက်ရုံးကို သွားတယ်။ ရဲတွေခေါ်တယ်။ ပြီးရင် ၀င်ဖမ်းတယ်။ ရဲတွေ ၀င်ဖမ်းတော့ ဘာမှမရှိဘူး။ ပထမ ပြောထားတုန်းက လိုသလောက်ရတယ်လို့ ပြောထားတာ။ ကိုယ်တိုင်ဝယ်ခဲ့တဲ့ မဥမ္မာက ကြားတွေကြားတွေမှာ ညှပ်ညှပ်ထားတာတွေကို ဆွဲထုတ်ပြတယ်။ အဲဒီအခါကျမှ ထွက်လာတာ”ဟု  ဦးလှမိုးက ပြောသည်။

သို့သော် ဧပြီလ ၁၁ ရက်နေ့ ဖြစ်စဉ်ကို လုံးဝမသိရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် မန္တလေးမြို့မှ အရှင်ဝီရသူက ဖုန်း massage ပို့၍ အကြောင်းကြားမှသာ သိရှိရသောကြောင့် ၁၃ ရက်နေ့တွင် သာကေတ NLD ရုံးသို့ သွားရောက် စုံစမ်း၍ ၁၄ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်စုံစမ်းခဲ့ကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဆရာတော် ဦးကေသရက မိန့်သည်။

” စခန်းသွားစုံစမ်းတော့ အမှုမဖွင့်ရသေးဘူး။ မြို့နယ်မှူး ဦးဝင်းအောင်နီက စေတီတွေဟာ ပိတ်စပေါ်မှာ လုပ်ထားတာ သဘောရိုးနဲ့ လုပ်တာပါလို့ ထပ်ခါတလဲလဲ ပြောတယ်။ အထည်အကုန်လုံးမပါဘဲနဲ့ ကွက်တိကွက်ကျား ဟိုတစ ဒီတစ ပါတဲ့အတွက်ကြောင့် မှားယွင်းစွာ ပါလာတာလို့ ပြောတယ်။ နောက်တခုက ဗုဒ္ဓဘာသာဝင်တွေပါတဲ့။အရင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေတဲ့။ အထည်တွေမှာ စေတီပုံပါတာ ဘယ်သူနစ်နာသလဲတဲ့။ နစ်နာတဲ့သူ အမှုဖွင့်၊ တိုင်ပေါ့တဲ့။ အထည်တွေတောင်း ကြည့်တော့ မရှိတော့ဘူး။အထက်ကို တင်လိုက်ပြီတဲ့။ သက်သေခံ ပစ္စည်းကို ကျုပ်တို့ကို ထုတ်မပြဘူး။ မြို့နယ်မှူးက ပိတ်စ ပိတ်လိပ်လို့ အကြိမ်ကြိမ် သုံးတယ်။ ဒီ အစက ဗြောင်မဟုတ်တဲ့အတွက်ကြောင့် ဘယ်သူမှ လုံချည်ချုပ်မ၀တ်ဘူး။ ထမီပဲ ချုပ်ကြမှာ”ဟု ဦးကေသရက ဧရာဝတီသို့ မိန့်သည်။

ထိုသို့ မေးမြန်းစုံစမ်းမှသာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးကေသရက ဆိုသည်။

ဘာသာရေး ရှုထောင့်မှ ကြည့်ပါက ဘာသာ သာသနာအတွက် လွန်စွာ နစ်နာကြောင်း၊ ဘုရားစေတီသည် ဗုဒ္ဓသာသနာအတွက် အထွတ်အမြတ်ဖြစ်ကြောင်း၊ အမျိုးသမီးဝတ် လုံချည်ဖြစ်သော အင်္ဂါဝရ နေရာတွင် ရိုက်နှိပ်ထားခြင်းသည် ဗုဒ္ဓဘာသာကို မဖွယ်မရာလုပ်ဆောင်သည့် သဘော ဖြစ်နေကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးနေမိန္ဒက မိန့်သည်။

”ဦးဇင်းတို့က တိုင်းရုံးကို စုံစမ်းမေးမြန်းမှ မြို့နယ်ရုံးမှာ ဖွင့်ပေးထားတယ်လို့ ပြောတယ်။ ဦးဇင်းတို့ ပြန်လာပြီး ညကျမှ ဖွင့်ပေးတာ။ ပြီးတော့ ဒီဆိုင်ကို အငြိုးထားတာ မဟုတ်ဘူး။ ဘယ်က လာလဲဆိုတဲ့ Source ကိုလည်း သိချင်တယ်”ဟု ဦးနေမိန္ဒက ဆိုသည်။

စေတီတော်ပုံ အထည်စများ ရောင်းချမိခြင်းကို လုံးဝမသိရှိခဲ့ကြောင်း မေခလာအထည်ဆိုင် ပိုင်ရှင် ဒေါ်မေခလာသိန်းက ဧရာဝတီသို့ ပြောသည်။

”ရှက်လည်း ရှက်တယ်။ စိတ်လည်းညစ်တယ်”ဟူ၍သာ  ဒေါ်မေခလာသိန်းက ကောက်ချက်ချ ပြောဆိုပြီး မိမိသည် ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်ကြောင်း၊ နှစ်စဉ် ၀ါဆိုသင်္ကန်းကပ်ကြောင်း၊ ဆရာတော် သံဃာတော်များကို အပတ်စဉ် ဆွမ်းကပ်လျက်ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးတွင် ဘုရားတည် ကျောင်းဆောက်လျက်ရှိကြောင်း အထောက်အထား ဓါတ်ပုံများစွာ ထုတ်ပြခဲ့သည်။

”အမေ ကိုယ်တိုင်လည်း လက်မခံဘူး။ ရအောင် ဖော်ထုတ်ပါ။ အမေတို့ ကိုယ်တိုင် ဘုရားတည်နေတာပါ” ဟု ဒေါ်မေခလာသိန်းက မျက်ရည်စက်လက်ဖြင့် ပြောသည်။

ပြဿနာ ဖြစ်ပေါ်လျက်ရှိသော အထည်စ ပိတ်စများမှာ ၂၀၁၁-၁၂ ခုနှစ်ထဲတွင် မော်လမြိုင်မြို့မှ တင်သွင်းခဲ့ပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားခဲ့ရာမှ ဈေးကွက် အနေအထားအရ ယခုလတွင် ထုတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ မေခလာအထည်ဆိုင်မှ ကိုကျော်လှိုင်သိန်းက ပြောသည်။

”ဒီလို အချိန်မျိုးမှာ ကျနော် ဘယ်လိုလုပ်ပြီး ရောင်းရဲမှာလဲ။ တကယ် သိသိကြီးနဲ့ ရောင်းခဲ့ရင် အခုချိန်ထွက်ပြေးနေပြီ”ဟု ကိုကျော်လှိုင်သိန်းက ဆိုသည်။

အထည်အလိပ်ပေါ်ရှိ စေတီပုံများမှာ ထိုင်းနိုင်ငံ၏ Trade Mark တခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၄င်းပုံစံစေတီ မရှိကြောင်း၊ မေခလာအထည်ဆိုင်မှ အထည်စများကို မသိရှိဘဲ ရောင်းချခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မေခလာ မှာ ဗုဒ္ဓဘာသာဆိုင်ဖြစ်ကြောင်းကို အာမခံကြောင်း ရွှေဝါရောင် ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍ၀ံသက ဧရာဝတီကို မိန့်သည်။

”ထိုင်းနိုင်ငံက အယုဒ္ဓယဘက်မှာ ပိတ်တွေမှာ ဒီလိုပုံတွေ ရိုက်နေကြ။ အခုကိစ္စက ဘာသာရေး အစွန်းရောက်သူတွေ ထွင်တဲ့ လမ်းကြောင်းပါ။ ရိုးသားမှု မရှိပါဘူး”ဟု ဦးပဏ္ဍ၀ံသက မိန့်သည်။

မေခလာ အထည်ဆိုင် ၃ ဆိုင်ရှိရာ ယင်းအထည်စများကို မေခလာ(သမီး)ဆိုင်၌သာ ရဲက ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက အထည်ဆိုင် တဆိုင် (ဓာတ်ပုံ – indochinatravelplan.com)

ထက်နိုင်ဇော် ( ဧရာဝတီ)
စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည် တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

Gangnam Style နှင့် ကျန်းမာရေး

Photo: Gangnam Style နှင့် ကျန်းမာရေး

လတ်တလော ရေပန်းစားနေတဲ့ Gangnam စတိုင် ကကွက်တွေဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်းအမေရိကန် လေ့ကျင့်ခန်းဆိုင်ရာ ကောင်စီကဆိုပါတယ်။

Gangnamစတိုင် ကတာကြောင့် နာရီဝက်ကြာတိုင်း ၁၅၀-၂၀၀ ကယ်လိုရီကို လောင်ကျွမ်းစေတယ်လို့ အဆိုပါလေ့လာမှုအရ သိရပါတယ်။

Gangnam စတိုင်ကကွက်ဟာ ပေါင်အဆီတွေကို လောင်ကျွမ်းစေတဲ့ အကျိုးအာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် တချို့တိုင်းပြည်က အားကစားစင်တာတွေမှာ Gangnam စတိုင်ကကွက်တွေကို ထည့်သွင်းကစားလာကြပါတယ်။

Gangnam စတိုင်ကကွက်မှာ သီဆိုတဲ့သီချင်းကလည်း ကချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးပါတယ်။ Gangnam စတိုင်ကကွက်တွေဟာ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းသူတွေအတွက် အတော်အဆင်ပြေတဲ့ ကကွက်တွေ ဖြစ်ပါတယ်။

လေထဲ မြင်းစီးသလိုကကွက်၊ ဆောင့်ကြောင့်ထိုင်တဲ့ ကကွက်၊ ဘေးတိုက်လှုပ်ရှားရတဲ့ ကကွက်တွေဟာ ပျော်ရွင်စရာကောင်းသလို ခန္ဓာကိုယ်အတွက်လည်း တကယ်အလုပ်ဖြစ်ပါတယ်။ ခုန်ပေါက်လှုပ်ရှားနေရတာကြောင့် ပေါင်အဆီတွေကို လျော့ကျစေပြီး ခြေတံတွေကို ကျစ်လျစ်သွယ်လျစေပါတယ်။

Pyae Phyo Wai


ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
လတ်တလော ရေပန်းစားနေတဲ့ Gangnam စတိုင် ကကွက်တွေဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်းအမေရိကန် လေ့ကျင့်ခန်းဆိုင်ရာ ကောင်စီကဆိုပါတယ်။

စက်မှုဇုန်အသီးသီးမှ အလုပ်သမားများကို အသေးစားချေးငွေများ ထုတ်ချေးပေးရန် စီမံနေကြောင်း သမ၀ါယမ၀န်ကြီးဌာနမှ သတင်းရရှိသည်

"အသေးစားချေးငွေပေးတာ လတ်တလော အဆင်ပြေရေးကိုသာ ဦးတည်တာမဟုတ်ဘဲ နောင်လေး၊ ငါးနှစ်မှာ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်အောင် ရည်ရွယ်ပါတယ်။ အဓိကကတော့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်ပြီး ချေးတာပါ" ဟု သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမား၊ အလုပ်ရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်

Photo: မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်


၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။

ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်

See more>> http://www.myawady.com.mm/allnews/local/item/11635-2013-04-20-10-28-35

မြ၀တီ
၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

"အင်အား ၆.၆ ငလျင် ဇီချွမ်တွင်လှုတ်"


Photo: "အင်အား ၆.၆ ငလျင် ဇီချွမ်တွင်လှုတ်"

ဇီချွမ်၊ ဧပြီ ၂၀

တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်တွင် အင်အား ၆.၆ ခန့်ရှိသော မြေငလျင်တစ်ခုလှုတ်ခတ်သွားခဲ့သည်။

ဧပြီ ၂၀ ရက်၊ တရုတ်စံတော်ချိန်  နံနက် ၈ နာရီ ၂ မိနစ်ခန့်တွင် ဇီချွမ်ပြည်နယ်၊ Linqiong မြို့ မှ အနောက်ဖက် ၃၁ မိုင်ခန့်၊ မြေအောက် ၇.၄ မိုင်ခန့်နေရာကို ဗဟိုပြု၍ လှုတ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး လောလောဆယ်သိရှိရသလောက်မူ ရာနှင့်ချီ၍ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်းသိရသော်လည်း စာရင်းအတိအကျမထွက်သေးချေ။

၂၀၀၈ ခုနှစ် မေလအတွင်းကလည်း ဇီချွမ်ပြည်နယ်တွင် အင်အား ၈.၀ ခန့်ရှိသည့် မြေငလျင်လှုတ်မှုကြောင့် လူပေါင်း ကိုးသောင်းနီးပါး အသက်ဆုံးရှုံးခဲ့ကြသေးသည်။

BBC
တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်တွင် အင်အား ၆.၆ ခန့်ရှိသော မြေငလျင်တစ်ခုလှုတ်ခတ်သွားခဲ့သည်။

တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ဦးပြူး

Photo: တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ဦးပြူး
စစ်တွေ ၊ ၂၀-၄-၂၀၁၃

http://pyichit-thar.blogspot.com/2013/04/blog-post_19.html

၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ် မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏ ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့ ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။

တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း တွင် ပြည်မြို့မှ ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့ သို့ မော်တော်ယာဉ် ဖြင့် လည်းကောင်း ၊ တောင်ကုတ် မြို့တွင် ၆ ရက်ကြာ နေထိုင်ပြီး ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ မှ စစ်တွေမြို့ ယင်း၏ နေအိမ်သို့ သို့ မလိခ အမြန်ရေယာဉ် ဖြင့်ရောက်ရှိရာ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိကြောင်း နှင့် ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီက စစ်တွေ မြို့လုံးကျွတ် ၂၉ ကြိမ်မြောက် သက်ကြီး ပူဇော်ပွဲ သို့ တက်ရောက်ပြီး အပူဇော် ခံယူခဲ့ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ် မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏ ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့ ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။

ရခိုင်ရှိ မဟာမုနိ ဘုရားကြီး ရွှေထီးတော်မြတ် လေပြင်း တိုက်ခိုက်၍ တိမ်းစောင်းသွား

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ ရှိ မဟာမုနိ ဘုရားကြီး သိမ်တော်သည် ဧပြီလ ၁၆ ရက် ညနေပိုင်း က လေပြင်း တိုက်ခတ်မှု ကြောင့် ရွှေထီးတော်မြတ် တိမ်းစောင်းသွားကြောင်းသိရသည်။ အဆိုပါ မဟာမုနိ ဘုရားကြီး ထီးတော် သည် ဧပြီလ ၁၆ ရက် ညနေ လေပြင်း တိုက်ခတ် မှုကြောင့် အနောက် တောင်ထောင့်

သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား

Photo: သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား
သံတောင် ၊ ၂၀-၄-၂၀၁၃

http://pyichit-thar.blogspot.com/2013/04/blog-post_19.html

တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ ပသိချောင်း တွင် ရွှေသံတောင် အပန်းဖြေ စခန်း ဖွင့်လှစ် ထားရှိပြီး ယမန်နှစ်မှ စ၍ ဇေကမ္ဘာ ကုမ္ပဏီ မှလည် အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ပသိချောင်း တစ်လျှောက် အပြင် အဆိုပါ စခန်းများ အောက်ဘက်ရှိ သံတောင်မြို့ အနီး ချောင်းရိုး တစ်လျှောက် အတွင်း အထိပါ အပန်းဖြေ အနားယူများ ဖြင့် ပြည့်သိပ် စည်ကား ခဲ့ကြောင်း သိရသည်။ ၀င်ကြေး အနေဖြင့် ရွှေသံတောင် အပန်းဖြေ စခန်း ၀င်ကြေး ကျပ် ၂၀၀ နှင့် ထိုမှတစ်ဆင့် ချောင်း အထက်ပိုင်းရှိ ဇေကမ္ဘာ ကုမ္ပဏီ အပန်းဖြေ စခန်းသို့ ၀င်ကြေး တစ်ရာကျပ် ပေးဆောင်၍ လည်ပတ် အပန်းဖြေ နိုင်ကြောင်း သိရှိရသည်။
တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ 

တရုတ်၌ H7N9 ရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး ၊ ကူးစက်ခံရသူ ၈၇ ဦးရှိ

Photo: တရုတ်၌ H7N9 ရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး ၊ ကူးစက်ခံရသူ ၈၇ ဦးရှိ
ပေကျင်း ၊ ၂၀-၄-၂၀၁၃

http://myawady-myawady.blogspot.com/2013/04/h7n9_20.html

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ၊ ကျဲကျန်းပြည်နယ် ၊ ကျန်းစုပြည်နယ် နှင့် ဟေနန် ပြည်နယ် များတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူ ၅ ဦး ထပ်မံ တိုးမြင့် လာခဲ့ကြောင့် အစိုးရက ဧပြီလ ၁၈ ရက် ညနေပိုင်းတွင် အတည်ပြု ပြောကြား ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ တွင် ယခုအခါ H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရမှု ကြောင့် သေဆုံးသူ ဦးရေမှာ ၁၇ ဦးအထိ မြင့်တက် လာပြီး ရောဂါ ဝေဒနာ ခံစား နေရယူ ၈၇ ဦး ရှိကြောင်း အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင် က ထုတ်ဝေသည့် နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ပြောကြား ခဲ့သည်။

အဆိုပါ H7N9 ရောဂါပိုး ကူးစက်ခံ ရသူများ အနက် ၆ ဦးသည် ဆေးဝါး ကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းခွင့် ရပြီဖြစ်ပြီး ၆၄ ဦးသည် သတ်မှတ် ထားသော ဆေးရုံများတွင် ဆက်လက် ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ယင်းကော်မရှင် ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ လူသားများတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး တွေ့ရှိမှုမှာ ပြီးခဲ့သည့် လကုန်ပိုင်း က စတင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရက တရားဝင် ပြောကြားကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ၊ ကျဲကျန်းပြည်နယ် ၊ ကျန်းစုပြည်နယ် နှင့် ဟေနန် ပြည်နယ် များတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူ ၅ ဦး ထပ်မံ တိုးမြင့် လာခဲ့ကြောင့် အစိုးရက ဧပြီလ ၁၈ ရက် ညနေပိုင်းတွင် အတည်ပြု ပြောကြား ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ တွင် ယခုအခါ H7N9

ဒီနေ့သည် သမ္မတကြီး မွေးနေ့

သူဟာ နှလုံးခုန်စက်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ သံမဏိလူသား..

Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့

Photo: Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့

Saturday,April20,2013



အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုဟာ တကယ့်ကို အိပ်မက်ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက်ပါတယ်။



ကယ်ဆယ်ရေးလုပ်သားတွေက ပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့တဲ့ အပျက်အစီးတွေ ကြားမှာ အသက်ရှင် ကျန်ရစ်မယ့်သူတွေကို ဆက်လက် ရှာဖွေနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့် West ဆိုတဲ့မြို့ အိမ်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ အတော် များများ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။



အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူ ဘယ်လောက်ရှိမယ်ဆိုတာကတော့ အတိအကျမသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ၁၅ ယောက်လောက် အထိ သေဆုံးနိုင်ပြီး ဒဏ်ရာရသူဟာ ၁၆၀ ကျော် သွားပြီဖြစ်သလို အတော်များများလည်း ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။



ကယ်ဆယ်ရေးလုပ်သားတွေဟာ တအိမ်ပြီးတအိမ် လိုက်လံရှာဖွေပြီးတော့ ကယ်ဆယ်တာတွေလုပ်နေတယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။ ၅ ဘလောက် ပတ်ဝန်းကျင်အတွင်းမှာရှိတဲ့ အိမ်ခြေ ၈၀ လောက်ဟာ အတော်လေး ကို ထိခိုက်သွားတာ ဒါမှမဟုတ် လုံးဝ ပျက်စီးသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးခဲ့ရသူတွေနဲ့ဆိုင်တဲ့ သတင်းတွေ အတော်များများဟာ အတိအကျပြောဖို့ စောလွန်းနေသေးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပယ်ရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။



West မြို့ကို အမေရိကန်ဗဟိုအစိုးရရဲ့ အရေးပေါ်ပြဿနာဖြေရှင်းရေး အကူ အညီပေးသွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက အလျှင်အမြန်ပြောကြား ခဲ့တယ်လို့ မစ္စတာ ပယ်ရီက ပြောပါတယ်။



 အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုဟာ တကယ့်ကို အိပ်မက်ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေက ပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့တဲ့ အပျက်အစီးတွေ ကြားမှာ အသက်ရှင် ကျန်ရစ်မယ့်သူတွေကို ဆက်လက် ရှာဖွေနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့် West ဆိုတဲ့မြို့ အိမ်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ အတော် များများ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူ ဘယ်လောက်ရှိမယ်ဆိုတာကတော့ အတိအကျမသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ၁၅ ယောက်လောက် အထိ သေဆုံးနိုင်ပြီး ဒဏ်ရာရသူဟာ ၁၆၀ ကျော် သွားပြီဖြစ်သလို အတော်များများလည်း ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာ တအိမ်ပြီးတအိမ် လိုက်လံရှာဖွေပြီးတော့ ကယ်ဆယ်တာတွေလုပ်နေတယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။ ၅ ဘလောက် ပတ်ဝန်းကျင်အတွင်းမှာရှိတဲ့ အိမ်ခြေ ၈၀ လောက်ဟာ အတော်လေး ကို ထိခိုက်သွားတာ ဒါမှမဟုတ် လုံးဝ ပျက်စီးသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးခဲ့ရသူတွေနဲ့ဆိုင်တဲ့ သတင်းတွေ အတော်များများဟာ အတိအကျပြောဖို့ စောလွန်းနေသေးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပယ်ရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ West မြို့ကို အမေရိကန်ဗဟိုအစိုးရရဲ့ အရေးပေါ်ပြဿနာဖြေရှင်းရေး အကူ အညီပေးသွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက အလျှင်အမြန်ပြောကြား ခဲ့တယ်လို့ မစ္စတာ ပယ်ရီက ပြောပါတယ်။ VOA

VOA

Photo: Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့ Saturday,April20,2013
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲ မှုဟာ တကယ့်ကို အိပ်မက် ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက...်ပါတယ်။

Boston ဗုံးခွဲသူကို ဖမ်းမိပြီ


Photo: Boston ဗုံးခွဲသူကို ဖမ်းမိပြီ
Saturday,April20,2013

ဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အရွယ် Dzhokhar Tsarnaevဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အ ရွယ် Dzhokhar Tsarnaev
Boston ဗုံးခွဲသူအဖြစ် သံသယရှိသူ ဒုတိယတယောက်ကို လုံခြုံရေး အာဏာပိုင်တွေက တနေ့လုံး ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ခဲ့ပြီးနောက် သောကြာနေ့ ညပိုင်းမှာ အရှင်ဖမ်းမိသွားပါပြီ။

Boston မြို့ Watertown ရပ်ကွက်ထဲက အိမ်တအိမ်ရဲ့ခြံထဲမှာထားတဲ့ မော်တော် ဘုတ်ပေါ်မှာ အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev ကို ရဲတွေက ဖမ်းမိသွားတာဖြစ်ပါတယ်။

သူမှာ ဒဏ်ရရထားသလားဆိုတာကိုတော့ အခုအချိန်မှာ တိတိကျကျ မသိရသေးပါဘူး။ သူ့ရဲ့အကို Tamerlan ကတော့ ကြာသပတေးနေ့ညပိုင်းက ရဲတွေနဲ့ အပြန်အလှန်ပြစ်ခတ်မှုအတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။ 
Dzhokhar A. Tsarnaev Cambridge Rindge နဲ့ Latin အထက်တန်းကျောင်း အောင်စဉ်။
Dzhokhar A. Tsarnaev Cambridge Rindge နဲ့ Latin အထက်တန်းကျောင်း အောင်စဉ်။
VOA
ဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အရွယ် Dzhokhar Tsarnaevဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အ ရွယ် Dzhokhar Tsarnaev Boston ဗုံးခွဲသူအဖြစ် သံသယရှိသူ ဒုတိယ တယောက်ကို လုံခြုံရေး အာဏာပိုင်တွေက တနေ့လုံး ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ခဲ့ပြီးနောက် သောကြာနေ့ ညပိုင်းမှာ အရှင်ဖမ်းမိသွားပါပြီ။

ရန်ကုန် ဆီဒိုးနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံကာ ဟိုတယ်သစ် ထပ်မံတည်ဆောက်မည်

w1-11-4-7
ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံ လုပ်ကိုင် မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ ၁၂/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် Straits Green-field  Limited (Sedona Hotel Yangon) အား နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Service Residenceများပါဝင်သော စီမံကိန်းအဆင့်(၂) လုပ်ငန်း များ လုပ်ကိုင်ခွင့်ကို ခွင့်ပြုပေးခဲ့သည်ဟု သိရှိရသည်။