
ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ ဝပ်ဆမ်ငန်း ဘုန်းကြီးကျောင်းက ဖုရားခရု ဝီဆပ် သီရာယံ (Phra Khru Wisut Thirayan) အမည်ရှိတဲ့ ဆရာတော်တစ်ပါး သတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့ စနေနေ့ မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားခံတစ်ဦး အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေ တယ် လို့ မနေ့ကထုတ်ဝေတဲ့ ဗန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြလိုက်ပါတယ်။