Thursday 9 October 2014

အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ရွေးကောက်ပွဲစနစ် လေ့လာခြင်းကိစ္စများ ဆွေးနွေးမှုကို ၂၀၁၅ ရွေးကောက်ပွဲမကျင်းပမီ ခြောက်လအတွင်း ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ရွေးကောက်ပွဲစနစ်လေ့လာခြင်း ကိစ္စများဆွေးနွေးမှုကို ၂ဝ၁၅ ရွေးကောက် ပွဲ မကျင်းပမီ ခြောက်လအတွင်း ပြီးမြောက်အောင်ဆောင်ရွက်မည်ဟု အောက်တိုဘာ ၇ ရက်က အီတလီ နိုင်ငံ ရောမမြို့ လွှတ်တော်အဆောက်အအုံတွင် ကျင်းပသည့် ရှစ်ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန် ဆိုင်ရာ မိတ်ဖက်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၈ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက် အရ သိရသည်။

မှုခင်းဒေသဖြစ်လာသော လှိုင်သာယာကို ဒုစရိုက်မှုများထိန်းချုပ်ရေး ဆောင်ရွက်မည်

မကြာခဏ ဖြစ်ပွားနေ သည့် ဒုစရိုက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြား နေသော ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာ ယာမြို့နယ်တွင် ဒုစရိုက်မှုများ ကျ ဆင်းရေးအတွက် တရားခံပြေး များနှင့် ဥပဒေပြင်ပ စီးပွားရေး လုပ်ကိုင်သူ များကို ဖမ်းဆီးရေး စီမံချက်စတင်လုပ်ကိုင်နေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးရေး ပြင်သစ်ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီက ကန်ဒေါ်လာသန်း ၁၅၀ ချေးမည်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ ရေနှင့် သန့်ရှင်းမှုကဏ္ဍများအတွက် ပြင်သစ်ဖွံ့ ဖြိုးတိုးတက်မှု အေဂျင်စီ (AFD) က ကာလရှည်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၁၅၀ ပေးရန် စီစဉ် နေကြောင်း သတင်းရရှိသည်။

ကွန်ဒိုဆောက်မည့်နေရာတွင် ဗုံးခိုကျင်းဟောင်းတွေ့၍ လုပ်ငန်းရပ်နားထား

မျက်စိဆေးရုံအနီး ဖိုးစိန်လမ်းသွယ်ရှိ နေအိမ်တစ်အိမ်ကို ကွန်ဒိုဆောက်လုပ်ရန် မြေညှိရာ၌ အနက်သုံး ပေရှိပြီး အခိုင်အခံ့တည်ဆောက်ထားသော ဗြိတိသျှခေတ် ဗုံးခိုကျင်းဟောင်း တစ်ခုတွေ့ရှိခဲ့သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထား ကြောင်း သတင်းရရှိသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ရကားများ ဈေးတက် အ၀ယ်သွက်

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ရရှိမည့် ကားများ၏ ဈေးနှုန်းများ မြင့်တက်နေပြီး အ၀ယ် လိုက်နေ ကြောင်း ပြည်တွင်းကား ဈေးကွက်မှ သတင်းရရှိသည်။

ဟွဒ်ဟွဒ် ဆိုက်ကလုန်းမုန်တိုင်း အိန္ဒိယမြောက်ဘက်ကမ်းခြေသို့ ၀င်နိုင်

ကပ္ပလီ ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသော မုန်တိုင်းကို ဆိုက်ကလုန်း မုန်တိုင်း ဟွဒ်ဟွဒ်အ ဖြစ် နိုင်ငံတကာ အမည်တပ်လိုက် ပြီဖြစ်ပြီး သုံးရက်ခန့် အကြာတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ကမ်းခြေသို့ ၀င်ရောက် သွားနိုင်ကြောင်း မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ဗြိတိန်ရှိ ဘော်ဒါနှစ်ခုတွင် တက်ရောက်နိုင်မည့် ဘော်ဒါနှစ်ခု အကြောင်း ဟောပြောမည်

ဗြိတိန်နိုင်ငံရှိ ဘော်ဒါကျောင်းနှစ်ခုဖြစ်သည့် Broms-grove နှင့် Taunton ကျောင်း များ တွင် တက်ရောက်နိုင်သည့် နွေရာ သီသင်တန်းတို (Summer Prog-ramme) အကြောင်း ဟောပြောပွဲကို အောက်တိုဘာ ၁၁ ရက်တွင် ဗြိတိသျှကောင်စီ စာကြည့်တိုက် Self Access Centre ၌ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အချက်အလက်မပြည့်စုံ၍ ထိုင်းအစိုးရ ဥပဒေအရာရှိက အမှုတွဲဖိုင်ကို ရဲသို့ပြန်အပ်

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုဖြင့် စွပ်စွဲခံထားရ သည့် ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သားနှစ်ဦး အမှုကို ထိုင်းတရားရုံးက ပယ်ချလိုက် ကြောင်း သတင်းများ အောက်တို ဘာ ၈ ရက် ညနေပိုင်းတွင် ပျံ့နှံ့ သွားခဲ့သော်လည်း အမှန်မှာ ရဲတပ်ဖွဲ့တင်လာသည့် အမှုမှတ်တမ်းတွင် အချက်အလက်များ လို အပ်နေသေး ၍ အစိုးရဥပဒေအ ရာရှိက အမှုဖိုင်ကို ရဲတပ်ဖွဲ့ထံ ပြန်လည်အပ်နှံလိုက်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်လံမြို့ရှိ အငြိမ်းစားကျောင်းဆရာ၊ ဆရာမများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားကူညီထောက်ပံ့မှုများပေးမည်

Photo: အောင်လံမြို့ရှိ အငြိမ်းစားကျောင်းဆရာ၊ ဆရာမများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားကူညီထောက်ပံ့မှုများပေးမည်
Thursday, October 9, 2014

 အောင်လံမြို့ပေါ်ရှိ အငြိမ်းစားကျောင်းဆရာကြီး၊ဆ ရာမကြီးများအား ကျန်းမာရေး ဆိုင်ရာ ကူညီစောင့်ရှောက်ခြင်း နှင့်အခြားကူညီထောက်ပံ့ပေးမှု လုပ်ငန်းများကို ယခုနှစ်တွင် စတင်ဆောင်ရွက်မည်ဟု အောင်လံ(ထက်၊ လယ်၊ မူ)အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ(မျိုးဆက်သစ်)အဖွဲ့မှ သတင်းရရှိ သည်။ ‘‘ကျွန်တော်တို့အဖွဲ့အနေနဲ့  က အာစရိယပူဇော် ပွဲတွေဖြစ် မြော က်အောင်ဆောင် ရွက် ခဲ့ရုံမ က ဒီနှစ်ကစပြီး အောင်လံ ထက်လယ်မူ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးတွေကို ကျန်းမာရေး ကူညီစောင့်ရှောက်ပေး သွားမှာဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်တွေမှာ လည်း ဆရာကြီး၊ဆရာမကြီးတွေ ကိုအနီးကပ် ကူညီ စောင့်ရှောက်ပေးနိုင်ဖို့တာဝန်ခံ အဖွဲ့ငယ်လေးတွေဖွဲ့ထားပြီးဖြစ် ပါတယ်’’ဟု အဖွဲ့ဥက္ကဋ္ဌကိုဇော်မင်းထွန်း က ပြောသည်။

အောက်တိုဘာ ၈ ရက်က အောင်လံမြို့ပေါ်ရှိ အထက်တန်း အလယ်တန်းနှင့် မူလတန်း ကျောင်းများမှ အငြိမ်းစားကျောင်း ဆရာကြီး၊ ဆရာမကြီး(၁၇၉)အား အာစရိယပူဇော်ပွဲအခမ်းအနား ကို အဝေးရောက်အောင်လံသူ၊ အောင်လံသားများနှင့် ဒေသခံ များပူးပေါင်းပြီး ကျပ်သိန်း ၇၀နီး ပါးအကုန်အကျခံကာ အလှူငွေများလှူဒါန်းခြင်းနှင့် နံနက်စာ၊ နေ့လယ်စာကျွေးမွေးပြီး သြ၀ါဒများခံယူခဲ့ကြသည်။

7Day DAILY 

အောင်လံမြို့ရှိ ကျောင်းဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့နေစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)
အောင်လံမြို့ရှိ ကျောင်းဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့နေစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)
 အောင်လံမြို့ပေါ်ရှိ အငြိမ်းစားကျောင်းဆရာကြီး၊ဆ ရာမကြီးများအား ကျန်းမာရေး ဆိုင်ရာ ကူညီ စောင့်ရှောက်ခြင်း နှင့်အခြားကူညီထောက်ပံ့ပေးမှု လုပ်ငန်းများကို ယခုနှစ်တွင် စတင်ဆောင်ရွက်မည်ဟု အောင်လံ(ထက်၊ လယ်၊ မူ)အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ(မျိုးဆက်သစ်)အဖွဲ့မှ သတင်းရရှိ သည်။