Monday 9 February 2015

သပိတ်မှောက် စစ်ကြောင်းအားလုံး ရန်ကုန်အ၀င် တားဆီးရန် အစိုးရ စီစဉ်နေ

ရန်ကုန်မြို့သို့ ဦးတည် ချီတက်လာသော အမျိုးသား ပညာရေး ဥပဒေအား ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်သည့် ကျောင်းသား သပိတ်မှောက် စစ်ကြောင်းအားလုံးကို တားဆီးပိတ်ဆို့ရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြင်ဆင်လျက်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ ပါဝင်သော ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်သည့် အစည်းအဝေးတခုတွင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက သပိတ်စစ်ကြောင်းအားလုံးကို ရန်ကုန်သို့ လုံးဝ ၀င်ခွင့်ပြုမပြုနိုင်ဟု ပြောဆိုကြောင်း သိရသည်။

တည်ငြိမ်မှု မပျက်ပြားစေရန် နိုင်ငံရေးပါတီ ၁၀ ပါတီ တိုက်တွန်း


ယာယီသက်သေခံ လက်မှတ်(White Card)ကိုင်ဆောင်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး ဆန့်ကျင် ကန့်ကွက်မှုများ၊ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြမှုများကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေး တည်ငြိမ်မှု မပျက်ပြားစေရေး အတွက် နိုင်ငံရေးပါတီ ၁၀ ပါတီက တိုက်တွန်းလိုက်ကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ စီးတီးစတား ဟိုတယ်တွင် ယနေ့ ကျင်းပသည့် ရှင်းလင်းပွဲ၌ နိုင်ငံရေး ပါတီ ၁၀ ပါတီက ၎င်းတို့၏ အမြင် သဘောထားများကို ဆွေးနွေး ညှိနှိုင်း၍ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

NLD ပါတီထိပ်ပိုင်းတာဝန် ဒေါက်တာသိန်းလွင်ကို အဖွဲ့ချုပ်ရပ်ဆိုင်း

အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်ကို ပါတီထိပ်ပိုင်း တာဝန်တွေကနေ ရပ်ဆိုင်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီက ဖေဖော်ဝါရီ ၉ရက်နေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင်ဟာ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာနဲ့ တားမြစ်ချက်တွေကို မလိုက်နာတာကြောင့် အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်ကရော၊ ဗဟိုကော်မတီဝင်အဖြစ်ကပါ ရပ်ဆိုင်းလိုက် တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မိုင်းလုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးကို တရုတ် ကွပ်မျက်


တရုတ် နိုင်ငံမှာ စီချွမ် ပြည်နယ် အခြေစိုက် မိုင်းလုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီး Liu Han ကို မာဖီးယား ပုံစံ ရာဇဝတ်ဂိုဏ်း လုပ်ကိုင်မှုနဲ့ ကွပ်မျက်လိုက်ပါတယ်။
ကွပ်မျက်ခံရတဲ့ ဘီလျံနာ သူဌေးကြီး လျူဟန်ဟာ စီချွမ် ပြည်နယ်က အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီကြီး ဖြစ်တဲ့ Hanlong Group ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး လူသတ်မှု၊ လက်နက် မှောင်ခိုမှုနဲ့ လောင်းကစား လုပ်ငန်း လုပ်ကိုင်မှုတွေနဲ့ ပြီးခဲ့တဲ့ မေလက သေဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့က ကြိုဆိုပါသည်ခင်ဗျာ



ပြီးခဲ့သည့်နှစ်က ယခု သတင်းစာမှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့သည်။‘‘နောက်ဘူတာ ဘန်ကောက်’’ဆိုသည့် ဆောင်းပါးဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး ရထားတစ်စီးနဲ့ ခရီးသွားနေကြသည်ဆိုပါစို့။ နောက်ဆိုက် ရောက်မည့် ဘူတာသည် မည်သည့်ဘူတာဟု သင်ထင်မြင်ပါသလဲဟု ဆောင်းပါးထဲတွင်မေးခွန်းထုတ်ခဲ့သည်။ ရထားကို ယခုအတိုင်းဆက်ခုတ်မောင်းသွားလျှင် နောက်ဘူတာသည် ဘန်ကောက် ဖြစ်လိမ့်မည်ဟု ရေးခဲ့သည်။ ထို အချိန်က ဘန်ကောက်မှာ ရှုပ်ထွေး နေခဲ့သည့် အနီ၊ အ၀ါနိုင်ငံရေးနှင့် ကျားချောင်းချောင်းနေသည့် ထိုင်း တပ်မတော်၏ အခြေအနေကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံအနေဖြင့် ထိုအဖြစ်ကိုအရောက်မခံဖို့ သတိပေးခဲ့ပါသည်။

အခြေခံပညာအတန်းတင်စာမေးပွဲများ ကျင်းပနေစဉ် ကျောင်းသားမိဘများအား

ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်စောင့်ဆိုင်းခွင့်ပေးထားမည် အခြေခံပညာအတန်းတင် စာမေးပွဲများ ကျင်း ပနေစဉ် ကျောင်းသားမိဘများအား ကျောင်းဝင်းအတွင်းသို့ဝင်ရောက်စောင့် ဆိုင်းခွင့်ပေး ထား မည်ဖြစ် ကြောင်း သိရသည်။ယမန်နှစ်များက ယင်းသို့ ကလေးများစာမေးပွဲဖြေဆိုနေစဉ် မိဘများ အား ကျောင်းပရဝဏ်၏ အပြင်ဘက်၌သာ စောင့်ဆိုင်းစေခဲ့ သော်လည်း လက်ရှိအခြေအနေအ ရ စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို စာမေးပွဲခန်းစောင့် ကြပ်မည့် ဆရာ၊ ဆရာမများထံ မိဘများက ကိုယ်တိုင် ကိုယ်ကျအပ် နှံရမည်ဖြစ်ကာ ကျောင်းဝင်းအတွင်း၌ပင် ဝင်ရောက်စောင့်ဆိုင်း ခွင့်ပြု ပေးမည်ဖြစ်ကြောင်း အမှတ်(၁)အ ခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်ဦးစိုးဝင်းက ပြောသည်။

ရန်ကုန်တွင် လာမည့်ရက်များအတွင်း ဆန္ဒပြကျောင်းသား လှုပ်ရှားမှုများ အရှိန်မြင့်လာ မည် ဟူသော ဂယက်ရိုက်ခတ်မှု များကြောင့် ပြည်သူအချို့ အခြေခံစားကုန်များ ကြိုဝယ်ထားကြဟုဆို

လာမည့် ရက်များအတောအတွင်း အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့်ပတ် သက်၍ ကျောင်းသား ဆန္ဒပြမှုများ ပိုမိုပြင်းထန် လာနိုင်ဖွယ်ရှိသည့် အတွက် သက်ကြီးပိုင်း အိမ်ရှင်မ အချို့ အနေဖြင့် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကုန် ခြောက် များကို ကြိုတင်ဝယ်ယူစု ဆောင်းလာကြကြောင်း သိရသည်။

တင်းကျပ်သော ဗဟိုချုပ်ကိုင်မှု၊ စနစ်ဟောင်းကို မပြောင်းလဲနိုင်တဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားတွေ လက်မခံနိုင်ကြတဲ့ အမျိုးသားပညာရေး ဥပဒေ





အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ကျောင်းသားများက လမ်းလျှောက် သပိတ်မှောက်နေသည်မှာ ရက်ပေါင်း ၂၀ ခန့် ရှိပြီဖြစ်သည်။ အမျိုးသားပညာရေး ဥပဒေ အတည်မပြုမီ ဥပဒေကြမ်း ကာလကတည်းကပင် ကျောင်းသားများ ၀ိုင်းဝန်း ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ သို့သော် ထိုဥပဒေကြမ်းကို သမ္မတ လက်မှတ်ဖြင့် လွှတ်တော်မှ အတည်ပြုကာ အမျိုးသားပညာရေး ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သည်။ ကျောင်းသားများ အနေဖြင့် ထိုဥပဒေအပေါ် သပိတ်မှောက်နေရခြင်းမှာ အမျိုးသားပညာရေး ဥပဒေသည် နိမ့်ကျဆိုးဝါးနေသည့် ပညာရေးစနစ်ဟောင်းကို ပြောင်းလဲနိုင်မည် မဟုတ်ဘဲ ဆက်လက်ဆိုးရွားနိုင်ကြောင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ကျောင်းသားထု၏ လွတ်လပ်စွာ ပညာသင်ခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ကန့်သတ်ထားခြင်းကြောင့်ဟု ဆိုနေကြသည်။
ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် ပညာရှင်များကို ပါဝင်ခွင့် မပြုဘဲ အစိုးရ အုပ်ချုပ်ရေးပိုင်းများအား ပါဝင်ထိန်းချုပ်ခွင့် ပေးထားသဖြင့် အဖိနှိပ်ခံ ပညာရေးစနစ်သာ ဖြစ်ကြောင်းနှင့် ကျောင်းသားသမဂ္ဂများ တရားဝင် လွတ်လပ်စွာ တည်ထောင်ခွင့်ကို ထည့်သွင်းမထားခြင်းမှာ ကျောင်းသားအခွင့်အရေးကို ပစ်ပယ်ခြင်းသာဖြစ်ကြောင်း ကျောင်းသားများက ယုံကြည်ကြသည်။
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက “ဒီဥပဒေမှာပါတဲ့ အခန်း (၄) က ဗဟိုချုပ်ကိုင်မှုတွေ ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် ၀န်ခံထားပါတယ်။ ဒီအခန်း (၄) မှာပါတဲ့ အမျိုးသားပညာရေး ကော်မရှင် ဆိုတာကို ဖျက်သိမ်းပစ်လို့ မရဘူးဆိုတာ ကျွန်တော်တို့လည်း သိတယ်။ ဖျက်သိမ်းမယ် ဆိုရင်လဲ ဒီဥပဒေကြီး တစ်ခုလုံး အသစ်ပြန်ဆွဲမှပဲ ရမယ်။ အမျိုးသားပညာရေး ကော်မရှင်ဆိုတာက ဥပဒေရဲ့ တော်တော်များများမှာ ပါနေတာကိုး။ ကျွန်တော်တို့ဘက် ဖျက်သိမ်းပစ်ဖို့ ဆိုတာထက် ဒီအမျိုးသားပညာရေး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို လျှော့ချစေချင်တာ။ ဒီကော်မရှင်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကဏ္ဍကိုလည်း ဒီမိုကရေစီနည်းကျ ပြန်ရွေးချယ်ဖို့ လိုလားတာ” ဟု ပြောကြားသည်။
အမျိုးသားပညာရေး ကော်မရှင်ဆိုတာ ဘာလဲ

ကျောင်းသားသပိတ် ကြိုရန်ပြင်နေသော ကျောင်းသားတစ်ဦးကို အမှုဟောင်းဖြင့် ဖမ်းဆီး

သပိတ်မှောက်ကျောင်း သားများအား ပြည်တက္ကသိုလ်ရှေ့တွင် သပိတ်စခန်းဖွင့်ကာ ကြိုဆို ရန်ပြင်ဆင်နေသော ဒုတိယနှစ် ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ပြီး ပြည်မြို့၌ လုံခြုံရေးတိုးမြှင့်လိုက်သည်။
ဖေဖော်ဝါရီ ၈ ရက် ညနေ ၅ နာရီတွင် ပြည်တက္ကသိုလ်ရှေ့၌ သပိတ်စခန်းဖွင့်ကာ သပိတ်မှောက်ကျောင်းသားများအား ကြို ဆိုရန် ပြင်ဆင်နေသော ပြည်တက္ကသိုလ်ဒုတိယနှစ်(အင်္ဂလိပ် စာ)ကျောင်းသား ကိုသန့်ဇင်ထက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ပညာရေးဥပဒေပြင်ဖို့ ဒုတိယအကြိုညှိနှိုင်းပွဲ



အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့် ဆိုင်ဆွေးနွေး ရေးဦးတည်တဲ့ ဒုတိယအကြိုညှိနှိုင်းပွဲကို NNER (ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်) ကိုယ်စားလှယ်တွေအပါအဝင် ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာနတို့ ဖေဖေါ်ဝါရီလ (၉) ရက် တနင်္လာနေ့ကျရင် ရန်ကုန်မြို့မှာ တွေ့ဆုံကြပါလိမ့်မယ်။ ပညာရေးဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းသဘောတူညီချက်ရဖို့ အဓိက ဦးတည်မှာ ဖြစ်ပေမယ့် ဆန္ဒပြချီတက်နေတဲ့ကျေင်းသားတွေကို အစိုးရအာဏာပိုင်တွေက ခြိမ်းခြောက်တဲ့လက္ခဏာတွေ တွေ့နေရတဲ့အတွက် အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NNER ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ကပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြထားပါတယ်။
ဒီကနေ့ နေ့လည် (၂)နာရီမှာ ရန်ကုန်မြို့ ပညာရေးဝန်ကြီးဌာနရုံးမှာ ကျင်းပမယ့် ဒုတိယအကြိမ် အကြိုညှိနှိုင်းပွဲမှာကျောင်းသား သပိတ် ကော်မတီက ကိုယ်စားလှယ် သုံးဦး၊ NNER ကိုယ်စားလှယ်နှစ်ဦးနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးကြမှာပါ။ ပျက်သွားတဲ့နေပြည်တော်ဆွေးနွေးပွဲလို မဖြစ်စေဖို့ ဦးတည်ဆွေးနွေးမှာဖြစ်ကြောင်း NNER ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ပြောပါတယ်။
“ဆွေးနွေးပွဲပြန်ဖြစ်ဖို့၊ နောက် နေရာ၊ နေရာကိုလည်း ရန်ကုန်မှာလုပ်ဖို့ ကျနော်တို့ တင်ပြသွားပါမယ်။ ဘာကြောင့်လဲဆိုတော့ အရင်တခေါက် ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ နေပြည်တော်မှာ အဆင်မပြေဖြစ်ခဲ့တယ်။ သွားရေးလာရေးအဆင်မပြေဖြစ်တယ်။ တည်းဖို့ ခိုဖို့ အဆင်မပြေဖြစ်တယ်။ ဒါကြောင့် ဒီတခေါက်တော့ ရန်ကုန်မှာလုပ်ဖို့ဆိုပြီးတော့ တင်ပြထားပါတယ်။ အဲဒီကိစ္စလည်း ထပ်ဆွေးနွေးဖို့ပါ။ ဆွေးနွေးပွဲမှာ ဘယ်နှစ်ဦးပါရမယ် ဆိုတာလည်း ထည့်သွင်းဆွေးနွေးသွားမယ်။ နောက် ဆွေးနွေးပွဲက ပွင့်လင်းမြင်သာမှုရှိဖို့ ကျနော်တို့ လိုလားပါတယ်။ သတင်းမီဒီယာတွေရှေ့မှောက်မှာ၊ နောက် လေ့လာတဲ့သူတွေရှေ့မှောက်မှာ ဆွေးနွေးတာဖြစ်သင့်တယ်လို့ ကျနော်တို့ တင်ပြထားတာတွေ ရှိပါတယ်။”

အီရန်ကိုမထိခိုက်တဲ့ နျူကလီယားစာချုပ် ခါမေနီ ချုပ်ဆိုချင်



ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ချုပ်ဆိုမယ့် အီရန်ရဲ့နျူကလီယားဆိုင်ရာ သဘောတူစာချုပ်ဟာ အီရန်ရဲ့အကျိုးစီးပွါးကို မထိခိုက်ဘူးဆိုရင် စာချုပ်ချုပ်ဖို့ ဆန္ဒရှိတယ်လို့ အီရန်ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

လုပ်ငန်းခေတ္တရပ်ဆိုင်းခံရသည့် ဒဂုံစီးတီးစီမံကိန်းကို အင်ဂျင်နီယာအသင်း စစ်ဆေးပြီး

ရွှေတိဂုံစေတီမြင်ကွင်း ကွယ်၊ မကွယ်စစ်ဆေးရန် တည် ဆောက်ရေးလုပ်ငန်းများခေတ္တ ရပ်ဆိုင်းခြင်းခံထားရသည့် ဒဂုံစီး တီးစီမံကိန်းကို မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းက လာရောက် စစ်ဆေးခဲ့ပြီး မူလ ရေးဆွဲထား သည့် စီမံကိန်းပုံစံအတိုင်း တည် ဆောက်ခွင့်ရနိုင်ကြောင်း Marga Land Mark ကုမ္ပဏီက ယနေ့ သတင်းထုတ်ပြန်သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ ရပ်ဆိုင်းလိုက်သည့် စီမံကိန်း ငါးခုအနက် တစ်ခုအပါအ၀င်ဖြစ် သော ဒဂုံစီးတီးစီမံကိန်းကို ဇန်န ၀ါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ အင် ဂျင်နီယာအသင်းက လာရောက် စစ်ဆေးခဲ့ပြီး ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများ လိုက် နာပြီး တည်ဆောက်မည်ဖြစ်သောကြောင့် မကြာမီ ဆောက်လုပ်မှုများ ပြန်လည်စတင်နိုင်တော့မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သပိတ်မှောက်ကျောင်းသားများကို ထောက်ခံသော လှုပ်ရှားမှုတွင် ကိုရီးယားကျောင်းသားများပါဝင်ဆင်နွှဲ


အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးလမ်းလျှောက် ဆန္ဒပြ ကျောင်းသားသပိတ်ကို ထောက်ခံသော လူထုလှုပ်ရှားမှု တွင် မြန်မာနိုင်ငံသို့ အလည်အ ပတ်ရောက်ရှိနေသော ကိုရီးယား ကျောင်းသားများ ပါဝင်ခဲ့သည်။
ရန်ကုန်မြို့တွင် စတင်ပြု လုပ်သည့် ကျောင်းသားသပိတ် ထောက်ခံသော လှုပ်ရှားမှုကို ဗိုလ်စိန်မှန်ကွင်းမှ ဆူးလေစေတီ၊ မြို့တော်ခန်းမရှေ့သို့ ဦးတည် ချီတက်ခဲ့ရာ ကိုရီးယား ကျောင်း သားများက ဗိုလ်စိန်မှန်ကွင်းမှ တာမွေဈေးကျော်သည်ထိ လိုက်ပါခဲ့ခြင်းဖြစ်သည်။

တင်းကျပ်သော ဗဟိုချုပ်ကိုင်မှု၊ စနစ်ဟောင်းကို မပြောင်းလဲနိုင်တဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားတွေ လက်မခံနိုင်ကြတဲ့ အမျိုးသားပညာရေး ဥပဒေ

ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ခန်းမတွင် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်စဉ်
အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ကျောင်းသားများက လမ်းလျှောက် သပိတ်မှောက်နေသည်မှာ ရက်ပေါင်း ၂၀ ခန့် ရှိပြီဖြစ်သည်။ အမျိုးသားပညာရေး ဥပဒေ အတည်မပြုမီ ဥပဒေကြမ်း ကာလကတည်းကပင် ကျောင်းသားများ ၀ိုင်းဝန်း ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ သို့သော် ထိုဥပဒေကြမ်းကို သမ္မတ လက်မှတ်ဖြင့် လွှတ်တော်မှ အတည်ပြုကာ အမျိုးသားပညာရေး ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သည်။ ကျောင်းသားများ အနေဖြင့် ထိုဥပဒေအပေါ် သပိတ်မှောက်နေရခြင်းမှာ အမျိုးသားပညာရေး ဥပဒေသည် နိမ့်ကျဆိုးဝါးနေသည့် ပညာရေးစနစ်ဟောင်းကို ပြောင်းလဲနိုင်မည် မဟုတ်ဘဲ

ဂျော်ဒန်တွေ IS ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်




ဂျော်ဒန် တိုက်လေယာဉ်မှူးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုကို အင်တာနက်ပေါ်ကတဆင့် ပြသပြီးနောက်ပိုင်း ဂျော်ဒန်လေတပ်က IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်းစစ်ဆင်မှု ၅၆ ကြိမ် ပြုလုပ် ခဲ့တယ်လို့ ဂျော်ဒန်နိုင်ငံက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဂျော်ဒန်လေတပ်ဟာ တိုက်လေယာဉ်မှူး Muath al-Kaseabeh အတွက် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင် ခဲ့ တယ်လို့ ဗိုလ်ချုပ်ကြီး Mansour al-Jabour က ပြောပါတယ်။ ဂျော်ဒန်တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေရဲ့ လေ့ကျင့်ရေး သင်တန်းစခန်းတွေ၊ စစ်တန်းလျားတွေ၊ လက်နက်နဲ့ လောင်စာဆီသို လှောင်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးကပြောပါတယ်။