ပင်လယ်ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးများ ကမ်းနီးသို့တိုင် ဝင်ရောက် ငါးဖမ်းမှုကြောင့် တစ်ပိုင်တစ်နိုင် ရေလုပ်သားငယ် မိသားစုများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ တစ်ပိုင်တစ်နိုင် ရေလုပ်သားများက ဆန္ဒပြကြကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။
Thursday 27 February 2014
ပြည်လုံးကျွတ်သန်းခေါင်စာရင်းအပေါ် တိုင်းရင်းသားများ၏ သဘောထားများသိနိုင်ရေးဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌနှင့်တိုင်းရင်းသားကိုယ်စားလှယ်များတွေ့ဆုံ
ပြည်လုံးကျွတ်သန်းခေါင်စာရင်း နှင့်ပတ်သက်ပြီး တိုင်းရင်းသား များ၏သဘောထားများကို သိရှိ နိုင်ရန် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ UNFPA ကိုယ်စားလှယ်များ ယနေ့နံနက် ပိုင်းက နေပြည်တော်ရှိ Mount Pleasant ဟိုတယ်တွင်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား
ဦးဝီရသူကို ၂၀၁၃ ခုနှစ် ဇွန်လ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပသော အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆို လိုက် သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ပယ်ချသော်လည်း မျိုးစောင့်ဥပဒေ ပြဌာန်းရေး အစိုးရနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ဆို
သမ္မတဦးသိန်းစိန်က ပေးပို့သော အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ သ၀ဏ်လွှာအား အစိုးရနှင့် တရားလွှတ်တော်ချုပ်သို့ ပြန်လည်တာဝန်လွှဲအပ်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြ ည်နှင့် တိုင်ပင်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံဃာတော်များက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကရင်နီဒုက္ခသည်များ နေရပ်ပြန်ရေး ကြန့်ကြာနေခြင်းက ၄င်းတို့၏ ကိုယ်စားလှယ်များကြောင့်သာဖြစ်ဟု ကယားအစိုးရအဖွဲ့တုံ့ပြန်
ထိုင်းနိုင်ငံရှိ ကရင်နီဒုက္ခ သည်များ နေရပ်ပြန်ရောက်ရေးအတွက် အစိုးရ၏ ဆောင်ရွက်မှု ကြန့်ကြာနေသည်ဟု တိုင်းရင်း သားလက်နက် ကိုင်များက ဝေဖန် ထားသော်လည်း အဆိုပါဒုက္ခ သည်များ၏ ကိုယ်စားလှယ်များက လာရောက် မညှိနှိုင်းခြင်းေ ကြာင့် ဟု ကယားပြည်နယ်အစိုးရအဖွဲ့က တုံ့ပြန်ပြောဆိုလိုက်သည်။
နိုင်ငံတစ်ဝန်း လစ်လပ်နေသော သားဖွားဆရာမများကို ယခုနှစ်အပြီးခန့်မည်
အကြောင်းအရင်း အမျိုးမျိုးကြောင့် လက်ရှိရာထူးမှ ရွှေ့ဆိုင်းခံရသော သားဖွားဆရာမများ၏ လစ်လပ် နေရာများကို ၂၀၁၄ ခုနှစ်တွင် အစားထိုး ခန့်အပ်မှု အပြီးသတ် ဆောင်ရွက်ရန် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ မိခင်ကလေး ကျန်းမာရေးဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။
အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဋ္ဌာန်းပေးရေး ကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန် ပြည်ထောင်စု လွှတ်တော် နာယကထံ သ၀ဏ်လွှာပေးပို့
မန္တလေးမြို့တွင် ကျင်းပခဲ့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူခြင်း အခမ်းအနားအား တွေ့ရစဉ်
အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဌာန်းပေးရေးကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)