Wednesday 12 September 2012

ညိုအုန်းမြင့်ရဲ့ မြန်မာပြည် ခရီးစဉ်(၁)





 

မိုးသီးဇွန်ရဲ့ သတင်းစာရှင်းလင်းပွဲကို ရောက်ပြီးတဲ့နောက်၊ ဒေါက်တာနိုင်အောင်နဲ့ အင်တာဗျူးပြီး တဲ့နောက်မှာ မြောက်ပိုင်းကိစ္စအတွက် ကျမ ဆက်မေးမှ ရတော့မယ်ဆိုတာ နားလည်ခဲ့ပါတယ်။

အထူးသဖြင့် မြောက်ပိုင်းကိစ္စတွေကို အနီးစပ်ဆုံးသိနိုင်တဲ့သူတွေကို အဓိကထားပြီး ဆက်သွယ်မေးမြန်း မယ်လို့ စဉ်းစားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုညိုအုန်းမြင့်နဲ့ တွေ့ခွင့်ရဖို့ အမ တယောက်ရဲ့ အကူအညီနဲ့ ကျမ ကြိုးစားခဲ့ပါတယ်။

IMF Article VIII အဖွဲ့ဝင် နိုင်ငံဖြစ်ရေး မြန်မာကြိုးပမ်း

မြန်မာနိုင်ငံသည် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) Article VIII ၏ အဖွဲ့ဝင် နိုင်ငံ ဖြစ်ရေး အတွက် ကြိုးပမ်းနေကြောင်း အာဆီယံ စီးပွားရေး အသိုင်းအဝန်း အကောင်အထည် ဖော်ရေး အတွက်   ငွေကြေး အရင်းအနှီးများ ပိုမို လွတ်လပ်စွာ စီးဆင်း နိုင်ရေး လုပ်ငန်း ကော်မတီ၏ ယခုလ ၅ ရက်နေ့   ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြ ပါရှိသည်။

IMF Article VIII ဆိုသည်မှာ IMF က ချမှတ်ထားသည့် ငွေကြေးလဲလှယ်မှုဆိုင်ရာ မူဝါဒများကို ဆိုလိုခြင်းဖြစ်သည်။

လစ်ဗျားတိုက်ခိုက်မှု အမေရိကန်သံအမတ်ကြီးနဲ့သံဝန်ထမ်း ၃ ဦး သေဆုံး

ဘန်ဂါဇီမြို့ရှိ မီးလောင်နေသည့် အမေရိကန် သံရုံး နောက်ခံနှင့် ဆန္ဒပြသူတဦး။ ပုံ၏ ယာအပေါ်ထောင့်တွင်တွေ့ရသည်မှာ သေဆုံးသွားသည့် အမေရိကန်သံအမတ်ပုံဖြစ်ပါသည်။ စက်တင်ဘာ ၁၁၊ ၂၀၁၂


လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို ဆန္ဒပြ လူအုပ်ကြီးက အတင်း ၀င်ပြီးတိုက်ခိုက်တဲ့အတွက်လစ်ဗျားနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနဲ့သံရုံးဝန်ထမ်းသုံး ဦးတို့   သေဆုံးသွားတယ်လို့ အမေရိကန်သတင်းဌာနတွေက ပြောကြပါတယ်။ အမေရိကန်နိုင်ငံသားတဦး စီစဉ် ရိုက်ကူးထားတဲ့ဗွီဒီယိုတခုမှာတမန်တော်မိုဟမ်မက်ဒ်ကိုလှောင်ပြောင်ထားတယ်ဆိုတာအပေါ် ဒေါသထွက်  သူတွေက အကြမ်းဖက် ဆန္ဒပြခဲ့ကြတာပါ။

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ



စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့ လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ပါကစ္စတန်တွင် မီးလောင်မှုနှစ်ခုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာ

ပါကစ္စတန် နိုင်ငံတွင် မီးလောင်မှု (၂)ခုအတွင်း သေဆုံးသူ အရေအတွက်သည် (၈၅)ဦးထိ   မြင့်တက်လာကြောင်း သိရသည်။ ပါကစ္စတန်ရှိ ဆေးရုံတာဝန်ခံများက ကရာချိမြို့ရှိ စက်ရုံတစ်ရုံတွင် မီးလောင်ကျွမ်းပြီး သေဆုံးသူ ပမာဏသည် မူလထက် တရိပ်ရိပ် တက်လာခဲ့ကြောင်း ပြောဆိုသွားသည်။ အဝတ်အထည် စက်ရုံတွင် လောင်ကျွမ်းသော မီးကြောင့် လူပေါင်း(၆၀) သေဆုံးခဲ့ရာ နောက်ထပ် မီးလောင်မှု တစ်ခုနှင့် ပေါင်းပါက (၈၅)ဦးထိ အသေအပျောက် ရှိလာခဲ့သည်။ လက်ရှိတွင် ကရာချိရှိ ပြည်သူ့ဆေးရုံ အရေးပေါ်ခန်းတွင်လည်း မီးလောင်ကျွမ်းသော လူနာများ တက်ရောက်ကုသမှု ခံယူနေရဆဲဟု ဒေါက်တာ တာရစ် ကာမဲလ် အေယူဘီက ပြောကြားခဲ့သည်။






 

သဘောတူညီချက်စာချုပ်တွင် မြန်မာပါဝင်လက်မှတ်ရေးထိုးမည်

မြန်မာအစိုးရသည် သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍများ၌ ပွင့်လင်းမြင်သာမှု ရှိရေးအတွက် ကမ္ဘာ လုံးဆိုင် ရာအဆင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် ရှိနေကြောင်း   မြန်မာသမ္မတ ရုံးဝန်ကြီး   ဦးစိုးသိမ်းက ယနေ့ နေပြည်တော်၌ ပြောကြားသည်။

"မြန်မာနိုင်ငံရှိ အသက်တစ်နှစ်အောက်ကလေးငယ်များအား ရောဂါငါးမျိုးပေါင်းကာကွယ်ဆေးအသစ် (Pentavalent 5 in 1 Vaccine) အခမဲ့ ထိုးနှံပေးတော့မည်"

ယနေ့ (၁၂၊ ၉၊ ၂၀၁၂) နံနက် ၉ နာရီက နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် "ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်နှစ် (၂၀၁၂) အခမ်းအနား" ကျင်းပသွားကြောင်း သိရှိရပြီး ထောင်စုနှစ်ရည်မှန်းချက် အမှတ်(၄)ဖြစ်သည့် (၅)နှစ်အောက် ကလေးများသေဆုံးနှုန်းကို ၂၀၁၅ ခုနှစ်တွင် ၁၉၉၀ ခုနှစ်က ရှိခဲ့သည့် သေဆုံးနှုံး၏ သုံးပုံနှစ်ပုံလျှော့ ချရေးဆိုသည့် ရည်မှန်းချက်ပြည့်မီစေရန်ကြိုးပမ်းသည့်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနကဦးစီး၍ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ မြန်မာနိုင်ငံတ၀ှမ်းမှ အသက်တစ်နှစ်အောက်ကလေးငယ်များအား Haemophilus Influrenza B (အဆုတ်ယောင်နှင့် ဦးနှောက်အမြှေးယောင်)၊ အသည်းရောင် အသားဝါ(ဘီ)၊ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ ဟူသည့် ရောဂါ (၅)မျိုးမှ ကာကွယ်ပေးနိုင် သည့် ရောဂါငါးမျိုးပေါင်းကာကွယ်ဆေး (Pentavalent Vaccine) အား ထိုးနှံပေးတော့မည်ဖြစ်ကြောင်းသိရသည်။

(၄၊ ၈၊ ၂၀၁၂ ရက်ထုတ် ကြေးမုံသတင်းစာတွင် ယင်းကာကွယ်ဆေးအကြောင်း စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။)

မုံရွာမြိုပေါ်၌ ၁၄၄ ယခုအချိန်ထိ ထုတ်ပြန်ထားခြင်းမရှိသေး


မုံရွာမြို့ပေါ်၌ ယနေ့ ညနေ ၆ နာရီခွဲ အချိန်အထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း မုံရွာ NLD မှ ကိုနေသီဟကပြောသည်။

မုံရွာတစ်ဖက်ကမ်း၊ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ၀န်းကျင်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်မှာ ၂၀၀၇ ခုနှစ်ကတည်းဟု ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဇော်မိုးအောင်က ပြောသည်။
 

ယီမင်ကာကွယ်ရေးဝန်ကြီး ကားဗုံးခွဲတိုက်ခိုက်ခံရ၊ ၁၃ ဦး သေဆုံး



မနေ့က ကားဗုံးခွဲတိုက်ခိုက်လုပ်ကြံမှုကြောင့် ယီမင်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ထိခိုက် ဒဏ်ရာ   ရခဲ့ပြီး လွတ်မြောက်သွားခဲ့ပေမယ့်  ဝန်ကြီးရဲ့ သက်တော်စောင့် ၈ ဦးနဲ့ အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိပါတယ်။

မျက်နှာနဲ့ ရင်ဘတ်မှာ ဒဏ်ရာရသွားတဲ့ ဝန်ကြီးကို ဆေးရုံ ပို့လိုက်ရတယ်လို့ မျက်မြင်သက်သေ တွေ က ပြောပါတယ်။

ယခုလကုန်ပိုင်းမှစပြီး ၁၃၀,၀၀၀ တန် CDMA 800 MHz ဖုန်းများ ရောင်းချပေးမည်


အိမ်အကူအမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သက်၍ အိမ်ရှင်အမျိုးသမီးက ၄င်းကိုယ်တိုင် သတ်ခဲ့ကြောင်း ၀န်ခံ



ကမာရွတ်မြို့နယ်တွင်ဖြစ်ပွားခဲ့သော အိမ်အကူအမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သက်၍ အိမ်ရှင်အမျိုးသမီးက ၄င်းကိုယ်တိုင် သတ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

"သေတာက ၃၆ နာရီအတွင်းသေတယ်။ သေဆုံးသူက ဧရာဝတီတိုင်း ပုသိမ်မြို့ကပါ။ တရားခံကလည်းဝန်ခံတယ်။ ၀န်ခံတော့ ဆက်လက် စစ်ဆေးနေတယ်။ ဆက်ပြီးတော့ အမှုတွဲ တည်ဆောက်နေတယ်"ဟု ရဲမှူးက ပြောကြားသည်။

တာဝန်ရှိတာနဲ့ အပြစ်ရှိတာမတူဘူးလို့ကျွန်တော်ထင်တယ်(၃)


ကျွန်တော်က ABSDF ဥက္ကဋ္ဌပါ။ ဥက္ကဋ္ဌဆိုတော့ အဲဒီဖြစ်ရပ်မှာ တာဝန်ရှိပါတယ်။ အဲဒီလိုမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ရှင်းပြခွင့်ရတာ ပေါ့။ အဲဒါ တိုက်ရိုက်မဖြေခင် ABSDF ဆိုတဲ့ နောက်ခံ လေးကို နည်းနည်းရှင်းပြချင်ပါတယ်။ အဲဒါမှ ခင်ဗျား တို့ရော ဖတ်ရမယ့် ပရိသတ်ရော နားလည်မှာပေါ့။ ကျွန်တော်တို့ ABSDFဆိုတဲ့ အဖွဲ့အစည်းကနယ်စပ်မှာ တောခိုတုန်းက ၈၈ ဖြစ်တဲ့အခါမှာ သပိတ်စခန်းထဲက လူတွေက နီးစပ်ရာနီးစပ်ရာကိုသွားကြတယ်။ သိသိသာ သာ နှိုင်းယှဉ်ပြချင်တာက ကွန်မြူနစ်ပါတီလို့ မဟုတ် ဘူး။ အဖွဲ့အစည်းက တောခိုသွားတာမဟုတ်ဘူး။ လူ တွေကတောခိုသွားတာ။ တောခိုလာတဲ့ သူတွေနဲ့ကျွန် တော်တို့ကဖွဲ့ထားတာ။

တာဝန်ရှိတာနဲ့ အပြစ်ရှိတာမတူဘူးလို့ကျွန်တော်ထင်တယ်(၂)

မြန်မာပြည်ကိုပြန်လာ လို့ရှိရင် အသက်အန္တရာယ်လုံခြုံဖို့အတွက် စိတ်ချယုံ ကြည်နိုင်ရတဲ့ အခက်အခဲရှိတယ်ဆိုတဲ့လူမျိုးတွေက အဲ ဒီနိုင်ငံကို ပြန်လာလို့မရတဲ့အခါကတော့ နိုင်ငံရေးဒုက္ခ သည်လို့ခေါ်တယ်။ စီးပွားရေးဒုက္ခသည်ဆိုတဲ့ ကိစ္စရှိ တယ်။ အခု ကျွန်တော်ပြောတဲ့ လူဦးရေပေါက် ကွဲနေတဲ့ ကိစ္စမျိုးဖြစ်လာနိုင်တယ်ဆိုတဲ့အခါကျတော့ နိုင်ငံရေး ဒုက္ခသည်လိုဟာမျိုး ကိုတော့ တော်တော်များများနိုင်ငံ တွေမှာ လက်မှတ်ထိုးထားတဲ့အပေါ်မှာ ကန့်ကွက်ဖို့ ခက် တယ်။ စီးပွားရေးဒုက္ခကျတော့ နိုင်ငံတိုင်း ခေါင်းဝင် နေရတဲ့ ကိစ္စ၊ အဲဒီတော့ ကျွန်တော်ပြောချင်တာက အရေ အတွက်ပေါ်မူတည်တယ်။ စီးပွားရေးဒုက္ခသည် လူတစ် သန်းလောက်ရှိနေတယ်ဆိုပါစို့ဗျာ။ အဲဒါကျတော့ လူသား ချင်းစာနာမှုဆိုတဲ့ ကိစ္စပါလာတယ်။ အဲဒီကိစ္စကြီးကို ကျွန်တော်က ကျွန်တော့်အနေနဲ့ နိုင်ငံတကာကမင်းတို့ မြန်မာပြည်က အတင်းလက်ခံရမယ်ဆိုလည်း လက်ခံစရာ မလိုဘူး။ အဲဒီလိုလည်းပြောလို့မရဘူး။ အဲဒီဥစ္စာက အမှန် တကယ်ပဲ နိုင်ငံတကာက ခင်ဗျားတို့လာကြည့်ပြီး ဒီလူ တွေကို ခဏယာယီနေထိုင်ခွင့်ပေးထားမယ်။

မန္တလေးလေဆိပ်အားလေကြောင်းလိုင်းထောက်ပံ့ပို့ဆောင်ရေးဆုံမှတ်အဖြစ်သတ်မှတ်ဆောင်ရွက်မည်

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အားလေကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ်တစ်ခုအဖြစ်အပိုင်း ၆ပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဟု သိရသည်။

လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး သေဆုံး

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် ဖြစ်ပွားသော သူပုန်များ၏ တိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။ ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။ 
အမေရိကန်သံအမတ် ခရစ္စတိုဖာ (ဝဲအစွန်) အား လစ်ဗျား အာဏာလွှဲပြောင်းရေးကောင်စီ ဥက္ကဋ္ဌ မူစတာဖာ အက်ဘ်ဒဲနှင့်အတူ ဇွန် ၇ ရက်က တွေ့ရစဉ်
သူပုန်များက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်နှင့် ဝန်ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း BBC World News ကဆိုသည်။ အမေရိကန်အစိုးရကမူ သံအမတ်သေဆုံးသည့် သတင်းနှင့်ပတ်သက်၍ ယခုအချိန် အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မရှိသေးသော်လည်း အယ်ဂျာဇီးယား သတင်းဌာနမူ အမေရိကန် သံအမတ် သေဆုံးမှု သတင်းအားအတည်ပြုခဲ့ပြီဖြစ်သည်။

တာဝန်ရှိတာနဲ့ အပြစ်ရှိတာမတူဘူးလို့ကျွန်တော်ထင်တယ်(၁)




ဒီခရီးစဉ်ကို လာရတဲ့ရည်ရွယ်ချက်နဲ့ ဘယ်သူတွေနဲ့ တွေ့ ပြီးသွားပြီဆိုတာကို စပြောပေးပါ။
          ကျွန်တော်တို့ခရီးစဉ်ရည်ရွယ်ချက်ကတော့ ငြိမ်း ချမ်းရေးအကျိုးဆောင်နေတဲ့အစီအစဉ်နဲ့ အစိုးရတာဝန်ရှိ မယ့်သူတွေနဲ့တွေ့ခွင့်ရမယ့်အပေါ် လာတာပါ။ ကျွန် တော်တို့ ဒီမှာတွေ့ရင် ပြောချင်တဲ့ အကြောင်းအရာတွေ ကလည်း ကျွန်တော်အရင်က တရားမဝင်သဘောမျိုး ဦးအောင်မင်း တို့နဲ့   နှစ်ခေါက်လောက် တွေ့ဖူးတာပေါ့။ ကျွန်တော် ဒီတစ်ခေါက်လာခွင့်ရမယ်ဆိုတဲ့ဟာကတော့ တရားဝင်သဘောမျိုး ပိုဆန်လာတယ်ဆိုတဲ့ စဉ်းစားချက် လည်းပါပါတယ်။ နောက်တစ်ခုက အစိုးရ တာဝန်ရှိသူ တွေနဲ့တွေ့ရမယ်။ ဒီထဲမှာ တွေ့ရမှာဆိုတော့ ပိုပြီးတော့ သေသေချာချာ တင်ပြနိုင်တဲ့ အနေအထားမျိုးဆိုတော့ အရင်တင်ပြချက်ကိုပဲ ထပ်တင်ပြမယ့် သဘောပါပဲ။ ကျွန်တော်တို့အမြင်က တကယ်တမ်း ရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်း ရေးရဖို့ဆိုရင် ကျွန်တော်တို့ ၂ဝ၁၅ မတိုင်ခင်မှာ

ဟန်ပြတပ်ထားသည့် အရေးပေါ် လှေကားများကြောင့် နေထိုင်သူများ ထိခိုက်ဆုံးရှုံးရမှုသည် ကန်ထရိုက်အပြင် စစ်ဆေးရေးအဖွဲ့များ၌ပါ တာဝန်ရှိကြောင်း ဝေဖန်မှုများရှိနေ

စက်တင်ဘာလ ၉ ရက်နေ့က အရေးပေါ်လှေကားမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည့်
အလုံမြို့နယ် ငုဝါလမ်းရှိ အခင်းဖြစ်ပွားရာ တိုက်ကိုတွေ့ရစဉ်


အထပ်မြင့်တိုက်များတွင် တပ်ဆင်ထားသည့် အရေးပေါ်လှေခါးများကြောင့် နေထိုင်သူများ ထိခိုက်ဆုံးရှုံးမှုသည် ဆောက်လုပ်သည့် ကန်ထရိုက်အပြင် စစ်ဆေးသည့် အဖွဲ့များ၌ပါ တာဝန်ရှိကြောင်း နေထိုင်သူ အများပြည်သူနှင့် ရန်ကုန် မြို့တော်စည်ပင် သာယာရေး   ကော်မတီတာဝန်ရှိသူ အချို့က ထုတ်ဖော် ပြောကြားခဲ့သည်။

ကမာ၇ွတ်မှ အိမ်ဖော်သတ်မှု ကျူးလွန်သူ ၀န်ခံပြီ

ကမာရွတ်မြိုနယ်တွင်အိမ်ဖော်ဖြစ်သူသေဆုံးမှုတွင် သံသယဖြင့်စစ်ဆေးခံနေရသူ MRTV 4 သရုပ်ဆောင် မေဇွန်(ခ) မျိုးဇာနည်ဇွန်  မှ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး မှယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၃ ဆီးဂိမ်းအားကစားပြိုင်ပွဲအတွက် Wifi Hotspot သုံးရာခန့်တည်ဆောက်သွားမည်

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် Wifi Hotspot သုံးရာခန့်တည်ဆောက်သွားမည်ဟုသိရသည်။ Wifi Hotspot သုံးရာခန့်ကို နေပြည်တော်ရှိ အားကစား သမားများ နေထိုင်ရာနေရာများနှင့် အားကစားပွဲများကျင်းပရာနေရာများတွင် တည်ဆောက် သွားမည်ဖြစ်ကြောင်းသိရသည်။ 

မြောက်ပိုင်းကိစ္စက သေးသေးလေးပါ .... တဲ့ ။



အောင်ဇော်(ဧရာဝတီ) ၁၀-၉-၂၀၁၂ ရက်နေ. မနက် ၁၀ နာရီကမြောက်ပိုင်းကျောင်းသားများ လူသတ်ပွဲတွင်ကျဆုံးခဲ့သော ကိုထွန်းအောင်ကျော်၏အစ်မဝမ်းကွဲ၊ကျဆုံးရဲဘော် ကိုချိုကြီး၏ ညီမအ ရင်းဖြစ်သူ မသင်းသင်းနဲ. မချောအိဖြူ တို.ဟာ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ရုံးချုပ်ကိုရောက်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဘက်ဆီသို့ ဘင်္ဂလီများ ဦးတည် ခိုးဝင်



မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ဦးတည်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသရှိ ဘင်္ဂါလီ မွတ်ဆလင်ကုလား များ ခိုးဝင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လစ်ဗျားနှင့် အီဂျစ်ရှိ အမေရိကန် သံရုံးများအား ဆန္ဒပြသူများက အကြမ်းဖက်တိုက်ခိုက်


အစ္စလာမ်ဘာသာ၏ တမန်တော်ဖြစ်သူ မိုဟာမက်အား နောက်ပြောင်ကျီစယ်ထားသည် အမေရိကန် ရုပ်ရှင်ဇာတ်ကားအား မကြေ နပ်၍ အီဂျစ်နိုင်ငံနှင့် လစ်ဗျားနိုင်ငံများတွင် အစ္စလာမ် ဘာသာဝင်များက အမေရိကန် သံရုံးများရှေ့၌ ဆန့်ကျင်ဆန္ဒပြခဲ့ ကြသည်။

ယင်းသို့ ဆန္ဒပြနေရာမှ အစွန်းရောက်များ၏ လှုံ့ဆော်မှုဖြင့် လူထုကြီးမှာ ထိန်းသိမ်းမရဖြစ်ကာ အကြမ်းဖက်တိုက်ခိုက်မှု အဖြစ် သို့ရောက်ရှိသွားပြီး သံရုံးတွင်းကျော်ဖြတ်ပီး အမေရိကန်အလံအား မီးရှို့ဖျက်ဆီးခြင်း၊ သေနတ်များ ပစ်ဖောက်ခြင်းတို့ ပြုလုပ်ခဲ့ ကြသည်။

MAI လေကြောင်းလိုင်း မန္တလေး-ဘန်ကောက် တိုက်ရိုက်ပြေးဆွဲ



မြန်နိုင်ငံသို့ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေဟာ အခုဆို မန္တလေးမြို့ကို တိုက်ရိုက် လာနိုင်ဘို့အတွက် ပြည်တွင်း လေကြောင်းလိုင်း တခုဖြစ်တဲ့ မြန်မာ့လေကြောင်းလိုင်း MAI က ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

"လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း" လူမှုကွန်ယက်အဖွဲ့ကို တာဝန်ယူ ကူညီပေးခဲ့သည့် မကွေးမြို့ခံကို မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားစွဲဆို

ဧရာဝတီတိုင်း ဒေသကြီး ရေဘေးသင့် ပြည်သူများအတွက် အလှူငွေရရှိရန် မကွေးမြို့သို့ စက်တင်ဘာ (၇) ရက်နေ့က ရန်ပုံငွေ ဖျော်ဖြေပွဲ လာရောက် ပြုလုပ်ခဲ့သော "လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း" လူမှုကွန်ယက်အဖွဲ့ကို တာဝန်ယူ ကူညီပေးခဲ့သည့် မကွေးမြို့ ပွင့်လင်း လူ့ဘောင် ဖော်ဆောင်ရေးအဖွဲ့မှ ဦးမောင်မောင်စိုး အသက် (၅၆)နှစ် အား မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရှောင်မှ တရားလို ပြုလုပ်၍ စက်တင်ဘာလ(၁၀)ရက်နေ့က မကွေးမြို့နယ် တရားရုံးတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ၂၆/၂၇တို့ဖြင့် တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိပါသည်။

အဆိုပါအမှုကို မကွေးမြို့နယ် တရားသူကြီး ဦးတင်အောင်(တ/၂၃၀၁)မှ ပြစ်မှုကြီးအမှတ် ၁၉၈၆/၂၀၁၂ ဖြင့် အတည်ပြု လက်ခံထားပြီး စက်တင်ဘာလ ၁၁ရက်နေ့ရက်စွဲဖြင့် တရားစွဲဆိုခံရသူ ဦးမောင်မောင်စိုးထံသို့ သမ္မာန်စာ ပေးပို့ခဲ့ကြောင်းသိရသည်။

ညဥ့်လမ်းပေါ်က ဘ၀များစွာ

နီယွန်မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်မှာ ရန်ကုန်၏ ညကမ္ဘာငယ်တစ်ခုအလား သက်ဝင်လှုပ်ရှားလျက်ရှိသည်။

သက်ကြီးခေါင်းချချိန် ကျော်သည့်တိုင်ပင် နုပျိုလတ်ဆတ်သယောင် ညချမ်းသည် ဟိုမှဒီမှ ကူးခတ်သွား လာနေ သည့် ညဥ့်ငှက်လေးများဖြင့် ပျော်ဝင်နေဆဲဖြစ်သည်။

ကားတစ်စီး ထိုးရပ်လာတိုင်း အပြေးအလွှားထွက်လာသည့် သွေးသားအကျိုးဆောင်များက စကားလုံး များဖြင့် ဆွဲဆောင်လျက်ပင်။

နေပြည်တော်၌ ကျင်းပနေသော Myanmar Global Investment ဖိုရမ်သို့ နိုင်ငံတော် သမ္မတ တက်ရောက်

ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ MICC ၌ ကျင်းပခဲ့ သော Myanmar Global Investment ဖိုရမ် ဖွင့်ပွဲသို့ နိုင်ငံတော် သမ္မတဦးသိန်းစိန် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဖိုရမ်ကို Euro Money အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ပညာရှင်များက   မြန်မာ့စီးပွားရေး အနာဂတ်၊ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက် ဖွင့်ခြင်း၊ မြန်မာနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ မြေယာနှင့် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း၊ အခြေခံ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၌ ရင်းနှီးမြုပ်နှံရေး အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရပါသည်။

မြေငလျင်များအတွက် အဆင်သင့်ဖြစ်နေပြီလား

မြန်မာပြည်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံတိုင်အောင်၊ တောင်ပိုင်းတစ်ေ လျှာက်မြစ်ဝကျွန်းပေါ်ဒေသအားဖြတ်၍ ကပ္ပလီပင်လယ်အထိ ရှည်လျားလှသော စစ်ကိုင်းပြတ်ရွေ့ ကြော   (စစ်ကိုင်းငလျင်ကြော)ကို စတင်ဖော်ထုတ် တွေ့ရှိလိုက်ပြီးနောက် ဒေါက်တာဝင်းဆွေအဖို့ ခံစားချက်နှစ်မျိုး   ဖြစ်ပေါ်လာသည်။

ယင်းမှာ လပေါင်းများစွာ ကြိုးပမ်းဖော်ထုတ်ခဲ့ရသော သုတေသနအောင်မြင်မှုအတွက် ပီတိနှင့် ငလျင်ကြောပေါ်တွင် ထိုင်နေသည့် မြန်မာပြည်အတွက် စိုးရိမ်ပူပန်မှု။

မနန်းဝိုးဖန် သေဆုံးမှု စသုံးလုံး တာဝန်ရှိသူများကို အရေးယူ



အိမ်ခြံမြေ ဈေးကစားမှုနှင့် ပတ်သက်ပြီး အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ခေါ်ယူ စစ်ဆေးစဉ် သေဆုံး သွားသော ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်၏ အမှုအတွက် တာဝန်ရှိသူများကို ရားထူးချ၊ နယ်ပြောင်း ပြစ်ဒဏ်များ ချမှတ် မည်ဖြစ်ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံသား Mr.Namase Motohiko နှင့် လက်ထပ်ထားသူ မနန်းဝိုးဖန်သည် သိန်း ထောင်ချီ မြေကွက်များ ၀ယ်ယူထား ခဲ့ကြောင်း တိုင်ကြားချက် ရရှိခဲ့သဖြင့် စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံတွင် ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီတွင် မနန်းဝိုးဖန်သည် ရုံးအဆောက် အအုံပေါ်မှ ပြုတ်ကျသေဆုံး သွားကြောင်း၊ ယင်းသို့ ပြုတ်ကျသေဆုံးမှု အတွက် စသုံးလုံး တွင် တာဝန် မရှိကြောင်း၊ သို့သော် မနန်းဝိုးဖန် ပြုတ်ကျသေဆုံးမှုတွင် တာဝန်ပေါ့လျော့မှု အတွက် ၀န်ထမ်း ၅ ဦးကို ဌာနဆိုင်ရာ စီမံခန့်ခွဲမှု နည်းလမ်းများအရ ရာထူးချ၊ နယ်ပြောင်းပြစ်ဒဏ်များ ချမှတ် မည် ဖြစ်ကြောင်း နေပြည်တော် ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

CSIS ရဲ့ မြန်မာနိုင်ငံခရီးစဉ် အစီရင်ခံစာ


အမေရိကန်နိုင်ငံရဲ့ သြဇာကြီးမားတဲ့ Think Tank ဖြစ်တဲ့ CSIS အဖွဲ့ဟာ မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။jမန်မာနိုင်ငံကို ရောက်ရှိချိန်မှာ နိုင်ငံတော်သမ္မတအပါအ၀င် Stakeholderအားလုံးနီး ပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။
CSIS ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒချမှတ်မှုမှာ လွှမ်းမိုးမှု ရှိတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ (အခု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်ဟာ အရင်က CSIS က ဖြစ်ပါတယ်။)

သူတို့အဖွဲ့ရဲ့ ပေါ်လစီအကြံပြုချက် အကျဉ်းချုပ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ သုံးရက်ကြာသွားရောက်မည် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပြီး ပထမဆုံး ခရီးစဉ်ဖြစ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ သုံးရက်တာခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အတည်ပြုပြောကြားသည်။

သမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နန်နန်းကုန်စည်ပြပွဲသို့ သွားရောက်မည့်အပြင် တရုတ်နိုင်ငံ ၏ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာဖြစ်သော ဇီအန်းပြည်နယ်မှ မြေအောက်စစ်သားရုပ်တုများရှိရာ (Terra Cotta Warriors) သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ဘက်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်း SANBA

 ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၏ အရှေ့တောင်ဘက် မိုင် ၇၄၀ ခန့်သို့ ရောက်ရှိလာပြီး၊ အနောက်ဘက်သို့ ဆက်လက် ရွေ့လျားနေသည့် အပူပိုင်းမုန်တိုင်း SANBA(17W) သည် လာမည့် ၉၆ နာရီအတွင်း( မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၆ ရက် နံနက် ၀၆၃၀ နာရီအချိန်)တွင် အလွန်အားကောင်းသည့် အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာနိုင်ဘွယ်ရှိကြောင်း TSR မှ ခန့်မှန်း ထုတ်ပြန်ထားပါသည်။

အ.ထ.က (၄)အလုံတွင် တွေ့ရှိခဲ့သော စစ်ကျန်ဗုံးဟောင်း ၂၅လုံး ကို ဖျက်ဆီးသွားမည်

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အ.ထ. က(၄) အလုံတွင် စက်တင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်း က တွေ့ရှိခဲ့သည့် အင်္ဂလိပ်၊ ဂျပန်နှင့် မြန်မာ စစ်တပ် တစ်ခုခုမှ မြှုပ်နှံခဲ့သည်ဟု ယူဆရသည့် စစ်ကျန်ဗုံးဟောင်း ၂၅လုံးကို ဖျက်ဆီးသွားမည်ဟု ယင်းဗုံးများ ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။

''အဆောက်အဦ ဖောင်ဒေးရှင်းတွေ တူးတဲ့အခါမှာ အခုလိုစစ်ကျန် ဗုံးဟောင်းတွေ တွေ့လေ့တွေ့ထ ရှိတက်ပါတယ်။တစ်လတည်း နှစ်ကြိမ်သုံးကြိမ်တွေ့တာမျိုးတောင် ရှိတက်ပါတယ်။ စစ်တပ် တစ်ခုခုက နယ်မြေစွန့်ခွာတဲ့အခါမှာ မသယ်နိုင် လို့ မြှုပ်နှံခဲ့တယ်လို့ ယူဆရပါတယ်။ အခုတွေ့ရှိတဲ့ ဗုံးတွေ က ဆွေးမြေ့နေတဲ့ ဗုံးဟောင်းတွေပါ။ အန္တရာယ်မရှိပါဘူး။ ဒီဗုံးတွေကို ဖျက်ဆီးသွားဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ''ဟု အဆိုပါတာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။

စီမံကိန်းစပြီး ပြဿနာတွေစဖြစ်ကတည်းက သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည်ဆီ တင်ပြသော်လည်း အကြောင်းမထူးဟု ဆို


'ငှက်နှစ်ကောင်' ချိုချဉ်စက်ရုံ အလုပ်သမားများဆန္ဒထုတ်ဖော်



မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉လမ်း၊ မနော်ဟရီလမ်း နှင့် သိပ္ပံလမ်းကြား ရှိ 'ဌက်နှစ်ကောင်' ချိုချဉ်စက်ရုံ တွင် အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်များကို အလုပ်သမားတစ်ဦးမကျန် ရရှိနိုင်ရန်အတွက် ၁၂.၉.၂၀၁၂ မနက် (၅)နာရီ ကတည်းက တောင်းဆိုခဲ့ကြပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ်....။





လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့  ထင်မိသား..။ အင်တာနက်မှာ ဟိုလှန် ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက  The Wall Street Journal မှာပါဝင်တဲ့ သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။

အဲဒီသတင်းက
Chinese Weapons Maker Signs Myanmar Deal
BY CHUIN-WEI YAP

China North Industries Corp., a leading Chinese weapons manufacturer, signed a cooperation pact with the government of Myanmar to develop a copper mining project, the latest sign of growing commercial ties between the reclusive Southeast Asian nation and its giant neighbor.

ပျောက်ကွယ်နေသော ကြက်ဥအတု ရန်ကုန်တွင် တစ်စခန်းထပြန်



ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သည့် ကြက်ဥအတုများသည် ယခုနှစ်တွင် ဈေးကွက်အတွင်းသို့ တစ်ကျော့ပြန် ဝင်ရောက်လာပြီဖြစ်ကြောင်း ကိုယ်တွေ့ကြုံသူများ က ပြောသည်။

ပြည်ထောင်စုဝန်ကြီးများ အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင် ငြိမ်းချမ်းရေး ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦိးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီတို့ ပါဝင်တဲ့ မြန်မာနိုင်ငံ   ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဟာ နေပြည်တော်မှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Western Union နှင့် Myanmar Oriental Bank သဘောတူညီချက် လက်မှတ်ရေးထိုး


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို မြင်သိလာတာကြောင့် နိုင်ငံတကာက မြန်မာကို စိတ်ဝင်စားမှု   မြင့်မားလားပြီး လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ပြင်ဆင်လေ့လာနေကြချိန်မှာ Western Uninon နိုင်ငံတကာ ငွေလွှဲပြောင်းမှု ကုမ္ပဏီလည်း ပါလာပါပြီ။ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ ပြည်တွင်းရှိ မိသားစုတွေ စိတ်ချလက်ချ ငွေပေးငွေယူ ငွေလွှဲပို့ပေးနိုင်ဖို့အတွက် အမေရိကန် အခြေစိုက် ကမ္ဘာကျော် Western Union ကုမ္ပဏီက လာရောက် လုပ်ငန်းဖော်ဆောင်တော့မယ်လို့ သိရပါတယ်။

(၁၂-၉-၂၀၁၂) ရက် မနက်ပိုင်း သတင်းများ

- သမိုင်းဝင် ဗဟိုတရားရုံးချုပ် အဆောက်အဦး လျှို့ဝှက်ရောင်းချခဲ့တဲ့ကိစ္စ မြန်မာနိုင်ငံရှေ့နေများကွန်ရက် သတင်းစာရှင်းလင်း (ရုပ်သံ) click
- ကြေးနီစီမံကိန်း ဆန္ဒပြသူတချို့ အဖမ်းခံထားရာကနေ ပြန်လွတ် click
- ဝက်မှေးနှင့် ရွှေလှေကျေးရွာသူ ၉ ဦး ပြန်လွှတ်ပေး click
- ညမထွက်ရအချိန်ကျော်ပြီး အပြင်ထွက်သူ လူငယ် ပျောက်နေ click
- OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် လေ့လာ click
- OIC နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန သဘောတူ လက်မှတ်ထိုး click
- သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တောင်းဆိုစာ ပေးပိုclick
- NLD အမတ် ဒေါ်ဖြူဖြူသင်း ရွေးကောက်ပွဲအမှု အနိုင်ရ click
- အိန္ဒိယလွှတ်တော်အမတ်များ ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး click
- KNPP နှင့် ၈၈ ကျောင်းသားများအဖွဲ့ ပူးတွဲကြေညာချက် ထုတ်ပြန် click
- ကိုကာကိုလာဖျော်ရည် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် တင်ပို့ click
- ဆက်သွယ်ရေးအကြံပေး ကုမ္ပဏီငါးခု ပဏာမ ရွေး click
- စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု နှစ်ပတ်လည် click
- 9/11 နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား နိုင်ငံတဝှမ်း ကျင်းပ click
- အငြင်းပွားနေတဲ့ ကျွန်းစုတွေဆီ တရုတ်ကင်းလှည့်ယာဉ် စေလွှတ် click
- ကုမ္ပဏီထံမှရသည့် လျော်ကြေးအပေါ် မြို့နယ်ထွေအုပ်က ဖြတ်ယူလယ်သမားတွေအခက်တွေ့  click 
- ပင်လုံအတိုင်းသွားမည်ဟု ၆၉ နှစ်မြောက် မွေးနေ့၌ ခွန်ထွန်းဦးပြော  click
- နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ သတင်းစာရှင်းလင်း (ရုပ်သံ) click
- ဘင်္ဂလာရဲရဲ့ Jamaatul Arakan စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား ၅၄ ဦး ဖမ်းဆီးခံရ click
- ဒေလီရှိ ချင်းဒုက္ခသည်များ Donbosco ရုံးရှေ့တွင် ဆန္ဒပြ click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သမ္မတထံ စာပို့တောင်းဆို click

လာမည့် ဘဏ္ဍာရေးနှစ်တွင် Weather Rader များ တပ်ဆင် သွားမည်

Weather Rader များကို လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်မှာ ဂျပန် အစိုးရမှ တပ်ဆင်   ပေးသွားမှာ   ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန၊မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ  တာဝန်ရှိသူရဲ့    ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ Weather Rader များကို ဂျပန်အစိုးရရဲ့ အကူအညီနဲ့ Jica မှ တာဝန်ယူ ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Weather Rader ကို ၂ လုံး တပ်ဆင်ပေး သွားမှာဖြစ်ပြီး အဆိုပါ Weather Rader များကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ တောင်ဘက် ၁၃ မိုင် အကွာရှိ မင်းပြင် ကျေးရွာနဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ ကမ္ဘာအေး မိုးလေ၀သရုံးမှာ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးအကြံပေး ကုမ္ပဏီ ငါးခု ပမာဏရွေး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာ တင်ဒါ ခေါ်ယူရေးအတွက် ဆက်သွယ်ရေးဆိုင်ရာ အကြံပေး အဖွဲ့ငါးဖွဲ့ကို ပဏာမ ရွေးချယ် ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ကဆိုသည်။

အခွန်ရှောင်မှု ဖော်ထုတ်သူ ဆုရရှိ



ထောင်နဲ့ချီတဲ့ အမေရိကန်နိုင်ငံသားတွေ နိုင်ငံရပ်ခြား ဘဏ်စာရင်းတွေကနေ တဆင့် အခွန်ရှောင်တိမ်းဖို့ ကြိုးစားရမှာ ဆွစ်ဇာလန်အခြေစိုက် ဘဏ်ကြီးကနေ ဘယ်လိုကူညီနေတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ UBS Bank ဝန်ထမ်းဟောင်းတဦးကို အမေရိကန်ဘဏ္ဍာဌာနကနေ ဆုငွေ ဒေါ်လာ ၁၀၄သန်း ချီးမြှင့်လိုက်ပါတယ်။

ဘင်္ဂလီ ၃ ဦး ရခိုင်အမျိုးသမီးဆံပင် အား ဆိုင်ကယ်ဖြင့် ဒရွတ်တိုက်ဆွဲ

စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေဒေါ်မဲမချေ (၄၈)နှစ် - အကွက်(၉)၊မဒီဇင်ဘာ(၁၈)နှစ် - အကွက်(၉)၊
မခင်မေကြည်(၁၇)နှစ် - အကွက်(၇) တို့သုံးဦးသည်စစ်တွေတက္ကသိုလ်ဈေးဆိုင်တန်းရှိ ထမင်းဆိုင် တွင်အလုပ်လုပ်ကြသည်ယနေ့ညနေ၅း၄၀ ခန့်အချိန် (စစ်တွေမြို့တွင်(၁၄၄)အမိန့်ကြောင့်စောစော  အလုပ်သိမ်းသည် )အလုပ်မှအိမ်ပြန်လာကြရာ မင်းဂံအကွက်(၆)နှင့်(၇)ကြား ဆိုင်ကယ်တစ်စီး Dream 125 Black ပေါ်တွင်ဘင်္ဂလီသုံးဦးစီးနှင်းလိုက်ပါပြီး ရှေ့မှ အစဉ်အတိုင်း လမ်းဘေးမှလမ်းလျောက်ပြန် လာကြသောရခိုင်အမျိုးသမီးသုံးဦးအနက် ခေါ်မဲမချေ အားလှမ်းဆွဲကြသည်တွင် ဒေါ်မဲမချေမှ ရှောင်တိမ်းလိုက်
နိုင်ပါသည်။ သို့သော်နောက်ဆုံးမှ မခင်မေကြည် (၁၇)နှစ်အား ဆံပင်ဆွဲယူသွားခြင်းခံလိုက်ရကြောင်း
ဆံပင်များအတော်ပင် ပြတ်ထွက်ကာ ဒရွတ်တိုက်ဆွဲလုနီးပါးဖြစ်သွားခဲ့ပါသည်။


မော်လိုက်မြို့ ၏ မြောက်ဘက် (၁၄) မိုင်ခန့်အကွာတွင် အင်အား အသင့်အတင့်ရှိ ငလျင် လှုပ်ခတ်

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၃၉) မိနစ်၊ (၄၆) စက္ကန့် အချိန်တွင် မော်လိုက်မြို့ ၏ မြောက်ဘက် (၁၄) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၃) အဆင့်ရှိ အင်အား အသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရှိရပါသည်။

အမေရိကန်တွေ ရဲ့ အားမာန် သို့မဟုတ် One World Trade Center

လွန်ခဲ့သည့် ၁၁ နှစ် ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် အယ်လ်ကေဒါအကြမ်းဖက်သမား ၁၉ ဦးက ခရီးသည်တင်လေယာဉ် ၄ စင်းအား အပိုင်စီး၍ အမေရိကန်ပြည်ထောင်စုအား အကြမ်းဖက် တိုက်ခိုက်ခဲ့ကြသည်။ အကြမ်းဖက်တိုက်ခိုက်မှုများအနက် နယူးယောက်ခ်မြို့ရှိ World Trade Center အဆောက်အအုံ ၂ ခုကိုလည်း ခရီးသည်တင်လေယာဉ် ၂ စင်းကို အပိုင်းစီး၍ ဝင်တိုက်ခဲ့ကြသဖြင့် ပြိုကျပျက်စီးခဲ့ရသည်။

ဘာရတ် အိုဘားမားနှင့် ဇနီး မစ်ချယ်အိုဘားမားတို့ 9/11 ဝမ်းနည်းခြင်း အထိမ်းအမှတ် ခေတ္တငြိမ်သက်ခြင်း အခမ်းအနား ပြုလုပ်

အမေရိကန်သမ္မတ ဘာရတ် အိုဘားမားနှင့် ဇနီး မစ်ချယ်အိုဘားမားတို့သည် 9/11 ဝမ်းနည်းခြင်း အထိမ်းအမှတ် ခေတ္တငြိမ်သက်ခြင်း အခမ်းအနားကို အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သည်။