Sunday 3 November 2013

NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲကို တောင်ဥက္ကလာပ၊ မရမ်းကုန်းနှင့် စမ်းချောင်းမြို့နယ်တို့်တွင် တစ်ရက်တည်း ပြုလုပ်

I-3-11
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူရေး ဟောပြောပွဲ ကျင်းပနေသည်ကို တွေ့ရစဉ်
နိုဝင်ဘာ ၂ ရက်တွင် NLD ပါတီ ပြုလုပ်လျက်ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူရေး ဟောပြောပွဲ များအား တောင်ဥက္ကလာပမြို့နယ်၊ မရန်းကုန်းမြို့နယ်ရှိ မျက်မမြင်ကျောင်းနှင့် စမ်းချောင်းမြို့နယ်တို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်ရှိနေခြင်းက တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း လိုင်ဇာထိပ်သီး ဆွေးနွေးပွဲက ကြေညာချက်ထုတ်ပြန်

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြဿနာများအား တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေ ရှင်းဆောင် ရွက်နေသည့် အချိန်တွင် တိုင်းရင်းသား နယ်မြေများအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းသည် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်အား အဟန့်

အမေရိကန်ပြည်ထောင်စု အနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားဖို့လိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှတစ်ဆင့် လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်သည့် အပေါ် နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က နိုင်ငံတစ်နိုင်ငံ အနေဖြင့် မိမိနိုင်ငံ၏ လုံခြုံရေးအတွက် ဆောင်ရွက်ခွင့် ရှိသလို အခြားနိုင်ငံ တစ်နိုင်ငံ အချုပ်အခြာ အာဏာ ကိုလည်း လေးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြု မှုရရှိပြီးမှ ဒုတိယအဆင့် အပစ်ရပ် လက်မှတ်ထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား RCSS/SSA မှလွဲ၍ တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ လက်မှတ်ရေးထိုး

I.3.11
နိုဝင်ဘာ ၂ ရက်က အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား လက်မှတ် ရေးထိုးနေကြစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း )
အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြုမှု ရရှိပြီးမှ ဒုတိယအဆင့်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့မှလွဲ၍ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာကို စစ်ရေးအကူအညီ တိုးမြှင့်ပေးမည်

မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာနှင့် ပိုမိုပူးပေါင်းကာ စစ်ရေးအကူအညီ တိုးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း The Times of India သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ

8.1.1
စတင်ပြေးဆွဲသော အဆင့်မြှင့်တင် ထားသည့် မြို့ပတ်ရထားဖြင့် ခရီးသွားနေသော ကမ္ဘာ့လှည့် ခရီးသွား များ အား တွေ့ရစဉ် (ဓာတ်ပုံ -ကြည်နိုင်)
ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။