Monday 7 December 2015

အစိုးရသစ်တွင် အခြားပါတီမှ ပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းမည်ဟု ဦးဝင်းထိန် ပြော

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ပြန်လည်ဖွဲ့စည်းမည့် အစိုးရသစ်တွင် အနာဂတ် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြုမည့် အခြားပါတီမှ ပုဂ္ဂိုလ်များအား ထည့်သွင်းဖို့စီစဉ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က News Watch သို့ ပြောသည်။

အိုင်အက်စ်တို့ကို တိုက်ရာတွင် ခြေလျင်တပ်များ လုံးဝ စေလွှတ်မည်မဟုတ်ဟု NATO ပြောကြား

NATO အထွေထွေ အတွင်းရေးမှူး ယန်စ် စတိုလန်ဘက်
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ဆီးရီးယားသို့ ခြေလျင်တပ်များ စေလွှတ်ရန် လုံးဝ အစီအစဉ်မရှိကြောင်း NATO မဟာမိတ် တပ်ဖွဲ့က ငြင်းချက်ထုတ်သွားခဲ့သည်။

စင်ကာပူ Sembcorp ၏ လက်အောက်ခံကုမ္ဗဏီက မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် လျှပ်စစ်စက်ရုံတည်ဆောက်မည်

ပုံ (ဝေလင်းကျော်) - ကျောက်ဆည် လျှပ်စစ်ဓါတ်အားပေးစက်ရုံတခု အား တွေ့ရစဉ်
စင်ကာပူ Sembcorp ၏ လက်အောက်ခံကုမ္ဗဏီက မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် ဓါတ်ငွေ့စွမ်းအင်သုံး လျှပ်စစ်စက်ရုံတခု တည်ဆောက်ရန် လျှပ်စစ်စီမံကိန်းဦးစီးဌာနနှင့်သဘောတူညီမှုစာချွန်လွှာ (MoA) ကို ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ Sembcorp က အဆိုပါ စက်ရုံ တည်ဆောက်လုပ်ကိုင်ခွင့်ကို လွန်ခဲ့သောဧပြီလက ရရှိခဲ့ခြင်းဖြစ်ပြီး စက်ရုံကို မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ဆီးရီးယား တိုက်ပွဲများတွင် မပါဝင်ပဲ မတူညီသည့် မဟာဗျူဟာ ချမှတ်ရန်လိုဟု အီတလီပြော

ဆီးရီးယားရှိ အိုင်အက်စ်အကြမ်းဖက်ပစ်မှတ်များကို တိုက်ခိုက်နေသော အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်လိုခြင်းမရှိသေးဟု အီတလီဝန်ကြီးချုပ် မက်တီအို ရန်ဇီက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။

စပိန်ဆန့်ကျင်သူများက မက်ဒရစ်တွင် ဘုရင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ

ဘုရင်စနစ် ဖျက်သိမ်းရေး လူထုဆန္ဒခံယူပွဲ ကျင်းပပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်လာနေချိန်တွင် ဘုရင်စနစ်ကို အဆုံးသတ်ရန် တောင်းဆိုနေကြသည့် ဆန့်ကျင်သူများက စပိန်မြို့တော် မက်ဒရစ်၏ လမ်းများပေါ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ဒီဇင်ဘာ နှစ်ဆယ်ရက်နေ့မှာ ပြုလုပ်မဲ့ ပန်းလှိုင်စီလုံဆေးရုံ ဆယ်နှစ်ပြည့် မိခင်နှင့် ကလေးများနေ့

ပြည်ထောင်စု မြန်မာနိုင်ငံရှိ ပြည်သူ၊ ပြည်သားများကို ပုဂလိက ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် နိုင်ငံတကာ အဆင့်မီကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပေးနိုင်ရန်ဟူသော ရည်မှန်းချက်ပန်းတိုင်ဖြင့် ပန်းလှိုင်စီလုံအပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးကို ၂၀၀၅ ခုနှစ်၊ မေလ ( ၂၉ ) ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပန်းလှိုင်ဆေးရုံသည် မြန်မာနိုင်ငံဧ။် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်တွင် ပထမဦးဆုံး IOS 9001-2008 နှင့် IOS 14001 – 2008 လက်မှတ်ရရှိခဲ့သော ဆေးရုံဖြစ်သည်။

သူရဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သည် ဒီဇင်ဘာလ ၇ ရက် နံနက် ၁၀ နာရီခန့် တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရုံးတွင် တွေ့ ဆုံနေကြသည်။

အိန္ဒိယနိုင်ငံမှ လက်နက်ကိုင်အချို့ မြန်မာနိုင်ငံတွင်း ဥပဒေမဲ့ဝင်ရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့

အိန္ဒိယနိုင်ငံ၊ ချန်ဒရယ်ပြည်နယ်တွင်းမှ ကူကီးလက်နက်ကိုင် အဖွဲ့ဝင်အချို့သည် ဒီဇင်ဘာ၎ ရက်နေ့ နံနက် ၁၀း၀၀ နာရီခန့်က မြန်မာနိုင်ငံ၊ တမူးခရိုင်အတွင်း ဝင်ရောက်ကာ မြန်မာနိုင်ငံသား ခရီးသွား ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

နိုင်ငံတကာရွှေဈေးနှုန်းပြန်လည် မြင့်တက်မှုကြောင့် ပြည်တွင်း ရွှေဈေးနှုန်း ကျပ်တစ်သောင်းကျော် လိုက်ပါမြင့်တက်

ဈေးကွက်အတွင်းရောင်းချနေသည့် လက်ဝတ်ရတနာ များအား တွေ့ရစဉ် Photo: DT
နိုင်ငံတကာ ရွှေဈေးနှုန်း ပြန်လည်မြင့် တက်မှု ကြောင့် ပြည်တွင်းရွှေဈေးနှုန်းကျပ် တစ်သောင်းကျော်ပြန်လည်မြင့် တက် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွှေလုပ်ငန်းရှင်များအသိုင်း အဝိုင်းမှသိရသည်။ ယခင် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ကမ္ဘာ့ရွှေဈေး ကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၀၅၀ ဝန်းကျင် မှ ယခုဒီဇင်ဘာလပထမပတ်တွင် အမေရိကန် ဒေါ်လာ ၁၀၈၆ နီးပါး သို့မြင့်တက်ခဲ့ကြောင်း သိရသည်။

သမ္မတ အိုဘားမား မိန့်ခွန်း

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က တနင်္ဂနွေနေ့ ည ၈ နာရီမှာ Oval ရုံးခန်းကနေ အမေရိကန်ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မြန်မာအပေါ် ကုန်သွယ်ရေး ပစ်ဒဏ်ခတ်မှုတချို့ ဖြေလျှော့ဖို့ ကန် စဉ်းစားမှု HRW ဝေဖန်

အမေရိကန်က ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ပါနေတဲ့ မြန်မာနိုင်ငံက အေးရှားဝေါလ်ကုမ္ပဏီပိုင်ဆိပ်ကမ်းမှာ အမေရိကန် ကုမ္ပဏီတွေကနေ ကူးသန်းရောင်းဝယ်နိုင်ဖို့ အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်ထားတဲ့အချက်တချို့ကို အမေရိကန်အစိုးရက လျှော့ချပေးဖို့ ပြင်ဆင်နေပါတယ်။ဒီလို ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်မယ့်အပေါ်မှာ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ပြည်သူ့ရင်ပြင် အတွင်းရှိ မြေ ၇၆ ဧကကျော်အား Natural World ကုမ္ပဏီိသို့ ငှားရမ်းမှုတွင် တစ်ဧကလျှင် တစ်လ ကျပ် ၀ ဒသမ ၀၃၅ သန်းသာ ရရှိ၍ နိုင်ငံတော်မှ နစ်နာနေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာ၌ ဖော်ပြ

ပြည်သူ့ရင်ပြင်အတွင်း လာရောက် အပန်းဖြေသူများအား ဒီဇင်ဘာ လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းလတ်)
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် အတွင်းရှိ မြေ ၇၆ ဒသမ ၃၆ ဧကအား Natural World ကုမ္ပဏီသို့ ငှားရမ်းရာတွင် တစ်ဧကလျှင် တစ်လ ကျပ် ၀ ဒသမ ၀၃၅ သန်းသာ ရရှိသဖြင့် နိုင်ငံတော်အတွက် နစ်နာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

နိုင်ငံရေးအရွေ့နှင့် တိုင်းရင်းသား ပါတီများ၏ ရှင်သန်ခွင့်အတွက် အပြောင်းအလဲ

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီက ပြုလုပ်ခဲ့သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက် အဖွဲ့အစည်းများ ဆွေးနွေးပွဲတွင် NLD ပါတီ နာယက ဦးတင်ဦးနှင့်အတူ UNA ခေါင်းဆောင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇာလီမြင့်ဦး)
မြန်မာနိုင်ငံ ရွေးကောက်ပွဲ သက်တမ်းတစ်လျှောက် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အများစု ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တိုင်းရင်းသား မျိုးနွယ်စုများ ကိုယ်စားပြု ၀င်ပြိုင်ခဲ့သည့် နိုင်ငံရေး ပါတီမှာလည်း ၅၃ ပါတီ အထိ ရှိခဲ့သည်။

အိုင်အက်စ်ဝင်လာမည့် သတင်းကြောင့် ထိုင်းခရီးသွားလုပ်ငန်း ထိခိုက်မည်မဟုတ်ဟုဆို

ထိုင်းနိုင်ငံမှာ သတင်းထွက်ပေါ်နေတဲ့ အစ္စလာမ္မစ် နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့ဝင်တွေ ၀င်ရောက်လာမှုနဲ့ ပတ်သက်ပြီးတော့ ဟိုတယ်နဲ့ ခရီးသွားလုပ် ငန်းကို ထိခိုက်မှာ မဟုတ်ဘူးလို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းက ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြောပါတယ်။

အိုင်အက်စ်နှင့် ဆက်နွှယ်သည့် သံသယရှိသူ ၄ ဦးကို ဖမ်းမိရေး ထိုင်းကြိုးပမ်း

ထိုင်းနိုင်ငံမှာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်တယ်လို့ သံသယရှိသူ ဆီးရီးယား နိုင်ငံသား ၄ ဦးကို ဖမ်းဆီးဖို့ ကြိုးစားနေပြီး ပြည်သူတွေအနေနဲ့ တွေ့ရှိပါက အကြောင်းကြားဖို့ ထိုင်းအာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။

၂၀၁၆ တွင် ကမ္ဘာလှည့်ခရီးသည် ၅ သန်းအထိ ၀င်ရောက်ရန် မျှော်မှန်း

၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ ၂ သန်းကျော် မြန်မာပြည်ထဲ လာရောက်လည်ပတ်ခဲ့ကြပြီး လာမယ့် ၂၀၁၆ ခုနှစ် မတ်လလောက်မှာ ၅ သန်းထိ ရှိလာဖို့ မျှော်မှန်းထားတယ်လို့ ဟိုတယ်ခရီးဝန်ကြီး ဦးဌေးအောင်က ပြောပါတယ်။

ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းစစ်သည်များအားဂုဏ်ပြုပွဲ ရန်ကုန် အာဇာနည်ကုန်းအနီးရှိ သူရဲကောင်းစစ်သည်ဗိမာန်တွင် ကျင်းပ

ဒုတိယအ ကြိမ်မြောက် အညတရသူရဲကောင်း စစ်သည်များအား ဂုဏ်ပြုခြင်းအ ခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားမြောက်ဘက်မုခ်၊ အာဇာနည် ကုန်းအနီးရှိ သူရဲကောင်းစစ်သည် ဗိမာန်တွင်ပြုလုပ်ခဲ့ရာ စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်အများ အပြား တက်ရောက်ဂါရဝပြုခဲ့ကြ သည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု လောက်ကိုင်ဒေသသို့ ဘုရားခုနစ်ဆူလှူ

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးမိသားစုက လှူဒါန်းထားသောဆင်းတုတော် (ဓာတ်ပုံ - နန္ဒ)
အငြိမ်းစားဗိုလ်ချုပ် မှူးကြီးသန်းရွှေ မိသားစုသည် လောက်ကိုင်ဒေသသို့ စကျင် ကျောက်ဖြင့် ထုဆစ်ထားသော ဗုဒ္ဓဆင်းတုတော်ခုနစ်ဆူ လှူဒါန်း ခဲ့ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)မှ သတင်းရရှိသည်။

ရှင်မတောင်ကို တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်မည်

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်နှင့်မြိုင်မြို့နယ်အတွင်းရှိ အကျယ် ၁၃၁၇၄ ဒသမ ၇၃၅ ဧက၊ ၂ဝ ဒသမ ၅၉ စတုရန်းမိုင်ရှိမြေကို သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန် အလို့ငှာ ရှင်မတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ်သတ်မှတ်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာနသည် (၂၆-၁ဝ-၂ဝ၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၉၅/၂ဝ၁၅) ထုတ်ပြန်လိုက်သည်။

အလောင်းတော်ကဿပ ဘုရားဖူးခရီးသည်တင်ယာဉ်များ ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ပြေးဆွဲမည်

အလောင်းတော်ကဿပတွင် ရွှေသင်္ကန်းကပ်လှူပူဇော်နေကြသူများ (ဓာတ်ပုံ − 7Day)
မိုးရာသီတွင် ရပ်နားထားခဲ့ သော မုံရွာမှအလောင်းတော် က ဿပသို့ပြေးဆွဲသည့် ဘုရားဖူး ခရီးသည်တင် ယာဉ်လိုင်းများ ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သီတဂူဆရာတော်နှင့် ကာဒီနယ်ချားလ်စ်ဘိုတို့ ပူးပေါင်း၍ ငြိမ်းချမ်းရေးတရားတော်များ ဟောကြားမည်

ဘာသာ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစေရေး ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာ တော်ကြီး အရှင်ဉာဏိဿရနှင့် ပုပ်ရဟန်းမင်းကြီး၏ အမတ်ကာဒီနယ်ချားလ်စ်ဘိုတို့ ပူးပေါင်း၍ ငြိမ်းချမ်းရေး တရားတော်များကို ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တွင် ရွှေဘိုခရိုင် မုံလှစံပြကျေးရွာ၌ ဟောကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မိန်းကလေးနှစ်ဦးကို ပြည့်တန်ဆာအဖြစ် ရောင်းချခဲ့သူ ခြောက်ဦးဖမ်းမိ

ပြည်မြို့ရှိ အခြေအနေမဲ့ မိန်းကလေးနှစ်ဦးကို ပြည့်တန် ဆာအဖြစ် ရောင်းချလုပ်ကိုင်စေ သူခြောက်ဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်မြို့မရဲစခန်းမှ သတင်းရရှိ သည်။