Tuesday 13 January 2015

တရားမဝင် ရွှေ့ပြောင်း လုပ်သားများပြဿ နာ အဖြေရှာ

မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသားများဖမ်းဆီးမှုအစီအစဉ်အား ဇန်နဝါရီ ၁၁ ရက်က ပြန်လည် စတင်လိုက်သည် ကိုတွေ့ရသည်။ ယခုဖမ်းဆီး မှုသည် မလေးရှားနိုင်ငံတွင် အော်ပရာဇီဟုခေါ်သော မလေးရှားနိုင်ငံ၏ နိုင်ငံရေးအရ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးရာတွင်လည်း စစ်ဆင်ရေးဖြင့် အုပ်စု လိုက် ထိုင်ခိုင်းကာ ဖဖ်းဆီးခဲ့ခြင်းဖြစ်သည်။ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့လယ်တွင် မလေးရှားရဲ ၆၀ ခန့်က အရပ်ဝတ်များဖြင့် လမ်းများကို ပိတ်ဆို့ကာ ဖမ်းဆီးခဲ့သည့် ယခု အော် ပရာဇီတွင် တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။ ထိုဖမ်းဆီး မှုတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ခန့် ဖမ်းဆီးခံ လိုက်ရ ကြောင်း သိရသည်။

တရုတ်သို့ မြန်မာ့ဆန် တရားဝင်ရောင်းချနိုင်ရေး ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေ

Photo: တရုတ်သို့ မြန်မာ့ဆန် တရားဝင်ရောင်းချနိုင်ရေး ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေ
Tuesday, January 13, 2015

မြန်မာနိုင်ငံသည် တရုတ်သို့ ဆန်တင်ပို့ရာတွင် ထိုင်း၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံ များနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အတွင်းရေးမှူး ဦးရဲမင်းအောင်က တရုတ်သို့ လေးရက်ကြာ ဆန်တင်ပို့ရေးအတွက် သွားရောက် ဆွေးနွေးချက်များအပေါ် အခြေခံကာ ပြောသည်။

ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ရုံတွင် ဆန်အိတ်များ အတင်အချပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) တရုတ်သို့ တရားဝင်ဆန်တင်ပို့နိုင်ရန် ကနဦး စတင်တင်ပို့ရောင်းချမည့် ကုမ္ပဏီ ၁၀ ခုထက်မပိုသော အရေအတွက်ကို အမြန်ဆုံးရွေးချယ်ကာ ပေးပို့ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စက်အသင်း၊ ဆန်စပါးကုန်သည်အသင်း၊ မူဆယ်၊ မန္တလေးဆန်ကုန် စည်ဒိုင်များမှ ကိုယ်စားလှယ်များ၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့နှင့် တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးနှင့် ကွပ်ကဲရေးအာဏာပိုင် ဝန်ကြီးဌာန (AQSIQ) တို့သည် တရုတ်နိုင်ငံတွင် လေးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ၏ လက်ရှိမူဝါဒအရ ဆန်တန်ချိန် ငါးသန်းခန့် နှစ်စဉ်ခွဲတမ်း (Quota) ထုတ်ပေးနေပြီး ယခင်နှစ်က ခွဲတမ်းအဖြစ် တန်ချိန် ငါးသန်း ထုတ်ပေးခဲ့သော်လည်း ဈေးကွက်လိုအပ်ချက်အရ တန်ချိန် သုံးသန်းကျော်ကိုသာ တင်သွင်းခဲ့သည်ဟု ဆိုသည်။

ခွဲတမ်းများ ထုတ်ပေးရာတွင် ပုဂ္ဂလိက ကုမ္ပဏီများကို ၅၀ ရာခိုင်နှုန်း ထုတ်ပေးပြီး ကျန်ရှိသည့် ခွဲတမ်း ၅၀ ရာခိုင်နှုန်းကို တရုတ်အစိုးရပိုင် COFCO ကို ထုတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် တရုတ်သို့ ဆန်တင် သွင်းရာတွင် ဒေသတွင်း ခြောက်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေခြင်း ဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသည့် သဘာတူစာချုပ်အရ မြန်မာမှ ၂၀၁၅ ဇန်န၀ါရီလတွင် ပင်လယ် ရေကြောင်းမှ ဆန်တန်ချိန် တစ်သိန်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်တန်ချိန် တစ်သိန်း စုစု ပေါင်း ဆန်တန်ချိန် နှစ်သိန်း တင်ပို့ရန် သဘာတူညီမှု ရရှိထားပြီး ဖြစ်သည်။

တရုတ်သို့ တရားဝင် ဆန်တင်ပို့နိုင်ရန် ကနဦး စတင်တင်ပို့ရောင်းချမည့်ကုမ္ပဏီ ၁၀ ခုထက်မပိုသော အရေအတွက်ကို အမြန်ဆုံးရွေးချယ် ကာ တရုတ်ဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး AQSIQ လက်မှတ် ထုတ်ပေးမည့် တရုတ် ကုန်စည်စစ်ဆေးရေးအဖွဲ့ (CCIC) ရန်ကုန်၌ ရုံးခန်းဖွင့်လှစ်နိုင်ရန် အမြန်ဆုံး ဆောင်ရွက်ရမည် ဖြစ်သည်။

တရုတ်သို့ ဆန်တင်ပို့နိုင်ရန် ကုမ္ပဏီ ၁၀ ခုထက်မပိုသော အရေအတွက်ကိုသာ တရုတ်ဘက်မှ တောင်းခံထားခြင်းကြောင့် တစ်ဦးချင်း၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများထက် အသင်းအဖွဲ့ပိုင် ကုမ္ပဏီများ၊ ဆန်ကုန်သည် အများစုပါဝင်သည့် ကုမ္ပဏီများနှင့် ဆန်ကုန်စည်ဒိုင်၊ ကုန်သည်များကို အခြေပြုသည့် ကုမ္ပဏီများကိုသာ ဦးစားပေး စာရင်းသွင်းရန် အကြံပြုထားသည်ဟု မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ ဗဟိုအလုပ် အမှုဆောင် ဦးနေလင်းဇင်က ပြောသည်။

Mizzima - News in Burmese

ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ရုံတွင် ဆန်အိတ်များ အတင်အချပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 

ငွေချေးသက် သေခံလက်မှတ် ရောင်းဝယ်မှု ကုမ္ပဏီများကို အမြင့်ဆုံး မတည်ရင်းနှီးငွေ ကျပ် ၁၅ ဘီလီယံ သတ်မှတ်ထား

Photo: ငွေချေးသက် သေခံလက်မှတ် ရောင်းဝယ်မှု ကုမ္ပဏီများကို အမြင့်ဆုံး မတည်ရင်းနှီးငွေ ကျပ် ၁၅ ဘီလီယံ သတ်မှတ်ထား
Tuesday, January 13, 2015

 ငွေချေးသက်သေခံ လက်မှတ် ရောင်းဝယ်မည့် ကုမ္ပဏီများအတွက် လုပ်ငန်း လိုင်စင် လေးမျိုးခွဲခြားထားပြီး အမြင့်ဆုံး မတည်ရင်းနှီးငွေကို ကျပ် ၁၅ ဘီလီယံ သတ်မှတ်ထားသည်ဟု ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ဇန်န၀ါရီ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကျပ် ၁၅ ဘီလီလံ မတည်ပြီး ဖြန့်ချီရောင်းချခြင်းလုပ်ငန်း လိုင်စင်ရရှိထားသည့် ကုမ္ဗဏီသည် အခြားလုပ်ငန်းသုံးခုကိုလည်း လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

လုပ်ငန်းလိုင်စင်များကို ဖြန့်ချိရောင်းချခြင်း လုပ်ငန်းလိုင်စင်၊ ကိုယ်ပိုင်ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ အကျိုးဆောင် ကိုယ်စားလှယ် လုပ်ငန်းလိုင်စင်နှင့် ရောင်းဝယ်မှုများအတွက် အကြံပေးလုပ်ငန်း လိုင်စင်စသည်ဖြင့် လေးမျိုးခွဲခြားထားခြင်း ဖြစ်သည်ဟု ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော် မရှင်၏ (၁/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၎င်းငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်မှုကုမ္ပဏီများသည် အစိုးရငွေချေး သက်သေခံလက်မှတ် (Bond) များအပြင် စတော့ အိတ်ချိန်း ပေါ်ပေါက်လာပါကလည်း ပုဂ္ဂလိကကုမ္ပဏီရှယ်ယာများ ရောင်းဝယ်မှုများကိုလည်း လုပ်ကိုင်ကြလေ့ရှိသည်ဟု စီးပွားရေးလုပ်ငန်း တစ်ခုမှ အကြံပေးအဖြစ် လုပ်ကိုင်လျက်ရှိသူ ဦးလှမောင်က ပြောကြားသည်။

“ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်တဲ့ကုမ္ပဏီတွေကတော့ အစိုးရ Bond တွေကိုရော ပုဂ္ဂလိက ကုမ္ပဏီတွေက ရှယ်ယာတွေ ကိုပါ ရောင်းဝယ်ပေးတာ လုပ်ကြပါတယ်” ဟု ပြောသည်။ထုတ်ပြန်ကြေညာ ချက်အရ အမြင့်ဆုံးဖြစ်သော ကျပ်ငွေ ၁၅ ဘီလီယံ မတည်ရင်းနှီးငွေ ထည့်သွင်းကာ ဖြန့်ချိ ရောင်းချခြင်း လုပ်ငန်းလိုင်စင် ရရှိထားသည့် ကုမ္ပဏီသည် အခြားလုပ်ငန်း သုံးခုကိုလည်း လုပ်ကိုင်ခွင့်ရရှိမည်ဟု ဖော် ပြထားသည်။

ကိုယ်ပိုင်ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်မည့်ကုမ္ပဏီသည် ကျပ်ငွေ ၁၀ ဘီလီယံ၊ ကိုယ်စား လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်မည့် ကုမ္ပဏီသည် ကျပ်ငွေ ခုနစ် ဘီလီယံနှင့် အကြံပေးလိုင်စင်ဖြင့် လုပ်ကိုင် မည့်ကုမ္ပဏီသည် ကျပ်ငွေ သန်း ၃၀ (၀ ဒသမ ၀၃ ဘီလီယံ)ဖြင့် အသီးသီးထည့် ၀င်ရမည်ဟု ကြေညာ ထားသည်။

ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီအဖြစ် လုပ်ကိုင်မည့်ကုမ္ပဏီသည် ကုမ္ပဏီမှတ်ပုံတင် ထားရှိပြီးဖြစ်ရ မည့်အပြင် လိုင်စင် ရရှိရေး လျှောက်ထားရာတွင်လည်း ကုမ္ပဏီအမည်ကို “ငွေချေးသက်သေခံ လက်မှတ်” အမည်ပါရှိရန် ပြောင်းလဲသတ်မှတ်ရမည်ဟု ပါရှိသည်။

ထို့အပြင် ဒါရိုက်တာအဖွဲ့များသည် နာမည်ပျက်စာရင်း(Black List) အထိခံထားရသူများကို လုပ်ကိုင်ခွင့်ပြု မည်မဟုတ်ဘဲ မတည်ရင်းနှီးငွေ ထည့်ဝင်ရာတွင် ဘဏ်ချေးငွေနှင့် အခွန်ဆောင်ထားခြင်း မရှိသည့် ငွေကြေးများဖြင့် ဆောင်ရွက်ခွင့်ရမည် မဟုတ်ဟုလည်း သတ်မှတ်ချက် ၌ ဖော်ပြထားသည်။

လျှောက်ထားသူများသည်လည်း မိမိ လျှောက်ထားလိုသည့် လိုင်စင်အမျိုးအစားအလိုက် ထည့်ဝင်ရမည့် မတည်ရင်းနှီးငွေ၏ ၁၀ ရာခိုင်နှုန်းကို အစိုးရငွေတိုက်စာချုပ် (bond) ၀ယ်ထားရမည်ဖြစ်သည်။ သို့မဟုတ် ပါက အစိုးရဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ထားရှိရမည် ဖြစ်သည်။ ထိုသို့ထားရှိရာတွင် ငွေချေးသက် သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အမည်ဖြင့် ထားရှိရမည်ဖြစ်ပြီး နည်းလမ်းနှစ်မျိုးစလုံးဖြင့် ခွဲခြားကာ ထည့်သွင်းထားရမည်ဟုလည်း စည်းကမ်း သတ်မှတ်ထားသည်။

ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီလုပ်ကိုင်ရန် လိုင်စင်ရယူလိုသည့် ကုမ္ပဏီများသည် လျှောက်လွှာများကို မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ် တွင် ယခု ဇန်န၀ါရီ ၁၉ ရက်မှ စတင်ရယူနိုင်ကာ ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Mizzima - News in Burmese 

အစိုးရငွေချေးစာချုပ်များ ထုတ်ရောင်းနေသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ရုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
အစိုးရငွေချေးစာချုပ်များ ထုတ်ရောင်းနေသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ရုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)  
 ငွေချေးသက်သေခံ လက်မှတ် ရောင်းဝယ်မည့် ကုမ္ပဏီများအတွက် လုပ်ငန်း လိုင်စင် လေးမျိုးခွဲခြား ထားပြီး အမြင့်ဆုံး မတည်ရင်းနှီးငွေကို ကျပ် ၁၅ ဘီလီယံ သတ်မှတ်ထားသည်ဟု ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ဇန်န၀ါရီ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အသွင်ကူးပြောင်းရေး လူထုအစည်းအဝေး ဆုံးဖြတ်ချက် သမ္မတ၊ လွှတ်တော်နှင့် သံရုံးများသို့ ပေးပို့မည်

အသွင်ကူးပြောင်းရေး ကာလအတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ဇန်နဝါရီ၊ တတိယပတ် တွင် ပြုလုပ် မည့် အထက်မြန်မာပြည်ဒေသဆိုင်ရာ လူထု အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို နိုင်ငံတော် သမ္မတထံ ပေးပို့တင်ပြမည်ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု(MDCF)မှ အထက် မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်က ပြောသည်။

၄၅ မိနစ် အချိန်ပေးရုံဖြင့် တင်သားများ ကြီးထွားစေနိုင်သည့်ဆိုသည့် စုပ်ခွက်ပါ တင်သား ထွားစက်

Photo: ၄၅ မိနစ် အချိန်ပေးရုံဖြင့် တင်သားများ ကြီးထွားစေနိုင်သည့်ဆိုသည့် စုပ်ခွက်ပါ တင်သား ထွားစက်
Tuesday, January 13, 2015

အမျိုးသမီးများသည် တင်ပါးများ ဖွံ့ ဖြိုးကာ ကြီးထွား လှပချင်ကြသည်မှာ ဓမ္မတာ တစ်ရပ်ဖြစ်သည်။ တင်သားများ လှပတောင့်တင်းရန် ကိုယ်ကာယ လေ့ကျင့်ခန်းယူကြသည်။ မိန်းမများ၏ အလှဂုဏ်တစ်ရပ်တွင်လည်း တင်သားဆိုင်များ တောင့်ဖြိုးတင်းရင်းနေခြင်းလည်း ပါဝင်သည်။

တင်သားများအလှကြောင့် ဟောလီဝုဒ်မင်းသမီးများဖြစ်သည့် ဂျင်နီဖာလိုပတ်ဇ်နှင့် ကင်ကာဒစ်ရှန်းတို့ သည်လည်း ကမ္ဘာကျော်များဖြစ်ရ သည်။

ယခုတွင် အမျိုးသမီးများ၏ တင်သားများကို ၄၅မိနစ်အတွင်း ကြီးထွားဖွံ့ ဖြိုးစေနိုင်သည်ဆိုသော အဆန်းတကြယ် vacuum therapy ဆိုသည့် ကုထုံးတစ်ရပ် ပေါ်ပေါက်လာပြီဖြစ်သည်။  အမေရိကန်နိုင်ငံ မီယာမီမြို့ က Sculpting Goddess ဆိုသည့် ဗြူတီဆလွန်းက တင်သားများကို ၄၅မိနစ်အချိန်ပေးရုံဖြင့် နဂိုထက် ဖွံ့ ထွားကြီးမားလာစေမည်ဟု အာမခံပြောသည်။

Sculpting Goddess ဗြူတီဆလွန်း၏ တင်သားများ ကြီးထွားစေနိုင်သည့် vacuum therapy ကုထုံးတွင် စုပ်ခွက်နှစ်ခွက်ပါကိရိယာဖြင့် တင်သားတစ်ဖက်စီတွင် စုပ်ခွက်များကို တပ်ဆင်ကာ ကုသမှုပေးခြင်းဖြစ်သည်။

၄၅ မိနစ်စာ ကုသ၀န်ဆောင်မှုအတွက် အမေရိကန်ဒေါ်လာ ၆၀ပေးဆောင်ရမည်ဖြစ်သည်။ ထိုသို့ ၄၅ မိနစ်တစ်ချိန်စီ အကြိမ်ကြိမ်ပြု လုပ်ပေးခြင်းဖြင့် တင်သားများ ကြီးထွားလာမည်ဖြစ်ကြောင်း၊ စုပ်ခွက်ကိရိယာဖြင့် လေး ငါး ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့်ပင် သိသိသာသာ တင်သားများ ကြီးထွားလာနိုင်ပါကြောင်း Sculpting Goddess၏ ပိုင်ရှင်ဖြစ်သူ တီနီက ဒေးလီးမေးလ်သို့ ပြောခဲ့သည်။

ဆိုင်၏ ကြေညာတွင်လည်း vacuum therapy နှင့် မကုသမီနှင့် ကုသပြီးစဉ်ဆိုပြီး တင်ပါးများ၏ ဓာတ်ပုံများကို ဖော်ပြပြီး ကြေညာ ထားသည်။

Mizzima - News in Burmese
အမျိုးသမီးများသည် တင်ပါးများ ဖွံ့ ဖြိုးကာ ကြီးထွား လှပချင်ကြသည်မှာ ဓမ္မတာ တစ်ရပ်ဖြစ်သည်။ တင်သား များ လှပတောင့်တင်းရန် ကိုယ်ကာယ လေ့ကျင့်ခန်းယူကြသည်။ မိန်းမများ၏ အလှဂုဏ် တစ်ရပ်တွင်လည်း တင်သားဆိုင်များ တောင့်ဖြိုးတင်းရင်းနေခြင်းလည်း ပါဝင်သည်။

ဒေသခံတိုင်းရင်းသားများအား SSPP/SSA အဖွဲ့မှ အတင်းအကြပ် လူသစ်စုဆောင်းမှုများပြုလုပ်လာ

Photo: ဒေသခံတိုင်းရင်းသားများအား SSPP/SSA အဖွဲ့မှ အတင်းအကြပ် လူသစ်စုဆောင်းမှုများပြုလုပ်လာ
Tuesday, January 13, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ နားဟီးကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်တိုးတက်ရေး ပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့မှ လူသစ်စုဆောင်းရန် ရောက်ရှိလာကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

အဆိုပါအဖွဲ့သည် ကဒူးကြီးကျေးရွာအုပ်စု၊ နားဟီးကျေးရွာသို့ ရောက်ရှိလာပြီး ရွာမှတာဝန်ရှိသူများကို ခေါ်ကာ ရွာရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူ စာရင်းကောက်ခံခဲ့ကြောင်း ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
“ရွာမှာ အသက် ၁၅ နှစ်လောက်တည်းက မနေရဲကြတော့ဘူး၊ သူတို့တွေက လူသစ်ခဏခဏလာစုနေတော့ လူငယ်တွေက မြို့ပေါ်တွေမှာ သွားနေရတယ်၊ အခုလည်း လူသစ်လာစုတာဆိုတော့ ရှိတဲ့လူတွေကို အတင်းအကြပ် ခေါ်သွားအုံးမယ်ထင်တယ်”ဟု နားဟီးရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ကျေးရွာအုပ်စုများနှင့် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား များအား ရွာရှိ လူငယ်လူရွယ် စာရင်းများကောက်၍ လူသစ်အဖြစ် အတင်းအကြပ်စုဆောင်းလျက်ရှိသည်ဟု သိရသည်။

“လူငယ်တွေလည်း ရွာမှမရှိကြတော့ တောင်ယာကလည်း ကောင်းကောင်း မစိုက်နိုင်၊ ဒေသကလည်း မငြိမ်းချမ်းနေသေးတော့ စားရေးသောက်ရေးကအစ အခက်အခဲတွေဖြစ်လာပြီ၊ ဒီကြားထဲ သူတို့က ဆက်ကြေးတစ်မျိုး၊ လူသစ်က တစ်ဖုံ အမျိုးမျိုးကိုခေါင်းစဉ်ပြပြီး တောင်းနေတော့ ရွာသားတွေမှာ ဒုက္ခ ပင်လယ်ဝေနေပါတယ်”ဟု အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသွားသည်။

စိုင်းလူ
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ နားဟီးကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်တိုးတက်ရေး ပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့မှ လူသစ်စုဆောင်းရန် ရောက်ရှိလာကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

ကန်စစ်တပ်နှင့် ထောက်လှမ်းရေးအကောင့်များ ထိုးဖောက်ခံရမှု လျှို့ဝှက်ချက် ပေါက်ကြားခြင်း မရှိဟု ဆို

 Photo: ကန်စစ်တပ်နှင့် ထောက်လှမ်းရေးအကောင့်များ ထိုးဖောက်ခံရမှု လျှို့ဝှက်ချက် ပေါက်ကြားခြင်း မရှိဟု ဆို
Tuesday, January 13, 2015
 
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေး ဌာနတွေရဲ့ Twitter နဲ့ YouTube အကောင့်တွေ ထိုးဖောက်ဝင်ရောက်ခံ ရပေမယ့် လျှို့ဝှက်ချက် ကြီးကြီးမားမား ထိခိုက်ပေါက်ကြားမှုတော့ မရှိခဲ့ဘူးလို့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်က ပြောဆိုပါတယ်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပြီး အရေးမကြီးတဲ့ ဌာနတွင်း အချက်အလက်ပေါက်ကြားမှုတော့ ရှိခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီထိုးဖောက်မှုဟာ နည်းပညာအကြမ်းဖက်မှု ဖြစ်တယ်လို့ အလယ်ပိုင်း စစ်ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အမေရိကန်သမ္မတအိုးဘားမားက အမေရိကန် အရေးကြီးဌာနတွေရဲ့ အင်တာနက်လုံခြုံရေးအတွက် သတိပေးချိန်မှာပဲ ထိုးဖောက်ခံခဲ့ရတာပါ။

ဒါပေမယ့် သမ္မတအိုဘားမားရဲ့ ပြောခွင့်ရကတော့ ထိုးဖောက်ခံရရတဲ့ အချက်အလက် တွေဟာ အရင်ကတည်းကလည်း လျှို့ဝှက်ထားတဲ့ အချက်အလက်တွေ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

Twitter အကောင့်လောက်ကို ဖျက်လိုဖျက်ဆီး ထိုးဖောက်ခံရတာနဲ့ အရေးကြီးဌာနတွေရဲ့ လျှို့ဝှက်ချက်တွေ ထိုးဖောက်ခံရတာနဲ့တော့ မတူဘူးလို့လည်း ပြောဆိုပါတယ်။

 ဒီဗွီဘီ
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေး ဌာနတွေရဲ့ Twitter နဲ့ YouTube အကောင့်တွေ ထိုးဖောက်ဝင်ရောက်ခံ ရပေမယ့် လျှို့ဝှက်ချက် ကြီးကြီးမားမား ထိခိုက် ပေါက်ကြား မှုတော့ မရှိခဲ့ဘူးလို့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်က ပြောဆိုပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါကြောင့်ထိုင်ဝမ်၌ ကြက်၊ ဘဲများစွာသတ်ဖြတ်

Photo: ကြက်ငှက်တုပ်ကွေးရောဂါကြောင့်ထိုင်ဝမ်၌ ကြက်၊ ဘဲများစွာသတ်ဖြတ်
Tuesday, January 13, 2015

ကြက်ငှက်တုပ်ကွေးရောဂါဖြစ် ပွားမှုကို နှိမ်နင်းရန်အတွက် ထိုင်ဝမ် တွင် ငန်းနှင့်ဘဲ ၁၆၀၀၀ ကျော်အား သတ်ဖြတ်ရန် အမိန့်ပေးခဲ့ကြောင်း၊ ထို့အပြင် ကြက်ကောင်ရေ ၁၂၀၀၀၀ ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း AFP သတင်းကဖော်ပြခဲ့သည်။

ထိုင်ဝမ်ကျွန်း တောင်ပိုင်း ပင်တန်ဒေသရှိ ကြက်မွေးမြူရေးခြံ မှ ကြက်များကိုသတ်ရန် သောကြာ နေ့က အမိန့်ပေးခဲ့ကြောင်း။ နမူနာ စိစစ်မှုများအရ ကြက်ငှက်တုပ်ကွေး H5 N2 ရောဂါပိုးတွေ့ရှိခဲ့၍ဖြစ် ကြောင်းသိရသည်။

ပင်တန်မှပင် ဘဲ ၇၅၀၀ ကို တနင်္ဂနွေနေ့၌ သတ်ဖြတ်စေခဲ့ပြီး ငန်း ၈၅၀၀ ကိုလည်း ယင်လင်နှင့်ချီယာယီ ရှိ ဘဲခြံများမှ သုတ်သင်စေခဲ့ကြောင်း၊ H5 N2 နှင့် H5 N8 ရောဂါပိုးများ ကို တွေ့ရှိခဲ့၍ဖြစ်ကြောင်း သက်ဆိုင် ရာကပြောခဲ့သည်။

ယခင်က ထိုင်ဝမ်၌ H5 N8 ပိုး ကိုလုံးဝမတွေ့ရှိကြောင်း။ ဤရောဂါ ပိုးမှာ ရွှေ့ပြောင်းလာသည့်ငှက်များနှင့် အတူပါ လာသော ရောဂါပိုးဖြစ်နိုင် ကြောင်း။ တိရစ္ဆာန်သစ်ပင်ကျန်းမာ ရေးစစ်ဆေးမှုနှင့် သီးခြားဖယ်ထား ရေး ဗြူရိုအကြီးအကဲ ချန်ဆူဆန်က ပြောခဲ့သည်။
ံ
H5 N8 ရောဂါပိုးမှာ မူလက ဥရောပ၊ တောင်ကိုရီးယား၊ ဂျပန်၊ ကနေဒါနှင့် အမေရိကန်တို့၌ ဖြစ်ပွား ခဲ့ရာ ကြက်၊ ဘဲများကို သတ်ဖြတ်ခဲ့ရ ကြောင်း။ ဘဲနှင့်ငန်းမွေးမြူရေးခြံများ ကိုလည်း ပိုက်ကွန်များကို ထူထပ်စွာ ချထားကာ ပြင်ပမှ ငှက်များနှင့်အ ဆက်အသွယ်မရှိအောင် လုပ်ဆောင် ရန် သတိပေးထားကြောင်း ချန်က ပြောခဲ့သည်။

Ref : AFP
Democracytoday
ကြက်ငှက်တုပ်ကွေးရောဂါဖြစ် ပွားမှုကို နှိမ်နင်းရန်အတွက် ထိုင်ဝမ် တွင် ငန်းနှင့်ဘဲ ၁၆၀၀၀ ကျော်အား သတ်ဖြတ်ရန် အမိန့်ပေးခဲ့ကြောင်း၊ ထို့အပြင် ကြက်ကောင်ရေ ၁၂၀၀၀၀ ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း AFP သတင်းကဖော်ပြခဲ့သည်။

ရောဂါရနေသော ဝက်သားများရောင်းချ၍ တရုတ်တွင် လူဒါဇင်များစွာဖမ်းဆီး

Photo: ရောဂါရနေသော ဝက်သားများရောင်းချ၍ တရုတ်တွင် လူဒါဇင်များစွာဖမ်းဆီး
Tuesday, January 13, 2015

တရုတ်နိုင်ငံ၌ ရောဂါရနေသော ဝက်များကိုပေါ်၍ အသားများရောင်း ချနေသည်ဟု သံသယရှိသူ ၁၁၀ ကျော်အား ရဲများက ဖမ်းဆီးခဲ့ကြောင်း၊ အစားအသောက်လုံခြုံမှုကို ချိုးဖောက် ခြင်း၏ နောက်ဆုံးဖြစ်ရပ်ဟု သိရ သည်။

မသန့်ရှင်းသော ဝက်သားတန် ချိန် ၁၀၀ဝကျော်နှင့် အသားမှ ထုတ် လုပ်သော ဟင်းချက်ဆီ ၄၈တန်တို့ ကို စစ်ဆင်ရေးဖြင့် ဖမ်းဆီးခဲ့သည်။

လွန်ခဲ့သောနှစ်က စတင်ခဲ့ပြီး ပြည် နယ် ၁၁ခုတွင် ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပြော ကြားချက်၌ ဖော်ပြ ခဲ့သည်။

ဤဖမ်းဆီးခံရသူများမှာ အဖွဲ့ ၁၁ခုမှဖြစ်ပြီး ရောဂါဖြစ်၍ သေဆုံး သွားသော ဝက်များကို ဈေးချိုသာ စွာဖြင့် ဝယ်ယူကာ တရားမဝင်အ သားပြားများ ပြုလုပ်ခြင်း၊ ဝက်ဆီ ချက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း အဆိုပါကြေညာချက်၌ ဖော်ပြခဲ့သည်။

အဆိုပါ ဝက်သားထုတ်လုပ်သူ များက အစိုးရလိုင်စင်ရ ဝက်သား ထုတ်လုပ်သူများထံသို့ ရောင်းချခဲ့ ကြကြောင်း။ ၎င်းလိုင်စင် ရသူများ ကိုလည်း စစ်ဆေးလျက်ရှိသည်။

ဖမ်းဆီးမိသော ဝက်သားနှင့် ဝက်ဆီတန်ဖိုးမှာ ယွမ်ငွေသန်း ၁၀၀ (ဒေါ်လာ ၁၆သန်း)ဖိုးရှိကြောင်း။ ဖမ်းဆီးသူ ၇၅ဦးကို စစ်ဆေးရန် ပို့ခဲ့ ကြောင်း ကြေညာချက်ကဖော်ပြခဲ့သည်။

တရုတ်ပြည်နယ်တွင် အစား အစာလုံခြုံမှုကို လူထုက ယုံကြည်မှု ကင်းမဲ့လျက်ရှိသည်။

Ref : AFP
Democracytoday
တရုတ်နိုင်ငံ၌ ရောဂါရနေသော ဝက်များကိုပေါ်၍ အသားများရောင်း ချနေသည်ဟု သံသယရှိသူ ၁၁၀ ကျော်အား ရဲများက ဖမ်းဆီးခဲ့ကြောင်း၊ အစားအသောက်လုံခြုံမှုကို ချိုးဖောက် ခြင်း၏ နောက်ဆုံးဖြစ်ရပ်ဟု သိရသည်။

ဝမ်းဗိုက်တွင်အဆီများပါက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်

Photo: ဝမ်းဗိုက်တွင်အဆီများပါက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်
Tuesday, January 13, 2015

ဝမ်းဗိုက်တွင် အဆီများပါက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားနိုင်ကြောင်း သိရသည်။

ဝမ်းဗိုက်အဆီများလာပါက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ရန် အလားအလာပိုများလာသဖြင့် ဝမ်း ဗိုက်အဆီတက်နေသူများ အနေဖြင့် အဆီကျအောင် လျှော့ချသင့်ကြောင်း Secret Garden မှ Aesthetic Medical Clinician ဒေါက်တာအိငြိမ်း ဖြူဖွေးက အကြံပြုပြောကြားသည်။

''ဝမ်းဗိုက်အဆီများတဲ့ သူတွေ အနေနဲ့ နှလုံးသွေးကြောကျဉ်းရော ဂါ၊ နှလုံးအဆီပိတ်တဲ့ရောဂါတွေ ဖြစ်ဖို့အတွက် အခွင့်အရေး ပိုများ ပါတယ်။

ဒါကြောင့် လေ့ကျင့်ခန်းလုပ် တာ၊ အစားအသောက်ကို ထိန်းသိမ်း စားသောက်တာ၊ စက်ပစ္စည်းကိရိယာ အကူအညီနဲ့ ဝမ်းဗိုက် အဆီချတာ တွေကို လုပ်ဆောင်သင့်ပါတယ်'' ဟု ယင်းကဆိုသည်။

ထို့ပြင်အဆီချရာတွင် liposlim ဟုခေါ်သည့် အဆီချေသည့်စက်ဖြင့် ဝမ်းဗိုက်အဆီများကို လျှော့ချပေး သည့်နည်း၊ Body Firming ဟု ခေါ်သည့် အဆီသိပ်မများဘဲ ဝမ်း ဗိုက်သားတွဲကျနေသည့်သူများကို စက်ပစ္စည်းအကူအညီဖြင့် တင်းရင်း အောင်ပြု လုပ်ပေးသည့် နည်းများကို အသုံးပြုနိုင်ကြောင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အစားအသောက်ထိန်း ခြင်းတို့ကို တွဲဖက်ပြုလုပ်ပါက စက် ပစ္စည်းဖြင့် ဝမ်းဗိုက်အဆီချခြင်းများ ကို ပိုမိုထိရောက်စေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် နှလုံးသွေးကြောကျဉ်း ရောဂါမှာ အဆီအစားများသူများတွင် ဖြစ်ပွားလေ့ရှိပြီး တိရစ္ဆာန်တို့၏ အ ဆီများစားသုံးခြင်း၊ ဟင်းအဆီအ နှစ်များ အလွန်အကျွံစားခြင်း၊ ထော ပတ်စသည့် အဆီအဆိမ့်များကို အ လွန်အကျွံ စားသုံးခြင်းတို့ကြောင့် ဖြစ် ပွားပြီး ဆေးလိပ်သောက်သူ၊ သွေးတိုး ရှိသူ၊ ဆီးချိုရှိသူ၊ အဝလွန်သူ၊ သွေး အဆီဓာတ်များသူ၊ ကိုယ်လက်လှုပ် ရှားမှုနည်းသူ၊ မိဘမျိုးရိုးတွင် နှလုံး သွေးကြောကျဉ်းရောဂါရှိသူ၊ စိတ်ဖိ စီးမှုများသူ၊ အရက်အလွန်အကျွံ သောက်သူများတွင်လည်း ဖြစ်ပွား နိုင် ကြောင်း သိရသည်။

နှလုံးသွေးကြောကျဉ်းရောဂါ ၏ လက္ခဏာမှာ ရင်ဘတ်အောင့်ခြင်း ဖြစ်ပြီး ရောဂါရှိ မရှိကို သမားတော် များနှင့် ပြသစစ်ဆေး နိုင်ပြီး ဆေးဝါး ဖြင့်ကုသခြင်း၊ နှလုံးသွေးကြောချဲ့ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်းတို့ဖြင့် ကုသရ မည်ဖြစ်သည်။

NOL
Democracytoday
ဝမ်းဗိုက်တွင် အဆီများပါက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားနိုင်ကြောင်း သိရသည်။

အစွန်းရောက်အကြမ်းဖက်တိုက်ဖျက်ရေးညီလာခံတစ်ခုကို ဝါရှင်တန်မြို့တွင် ဖေဖော်ဝါရီလ၌ ကျင်းပမည်

Photo: အစွန်းရောက်အကြမ်းဖက်တိုက်ဖျက်ရေးညီလာခံတစ်ခုကို ဝါရှင်တန်မြို့တွင် ဖေဖော်ဝါရီလ၌ ကျင်းပမည်
Tuesday, January 13, 2015

ပဲရစ်မြို့တွင် ဆိုးဆိုးရွားရွားတိုက် ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အစွန်း ရောက်အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံတစ်ခုကို ဝါရှင်တန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း အမေ ရိကန်ရှေ့နေချုပ်အဲရစ်ဟိုဒါက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ထိုလုံခြုံရေးညီလာခံကို ဝါရှင် တန်မြို့တွင် ဖေဖော်ဝါရီလ ၁၈ရက် နေ့၌ ကျင်းပမည်ဟုလည်း ယင်းက ဆိုသည်။

''ကမ္ဘာတစ်ဝန်းလုံးမှာ ပေါ်ပေါက်နေတဲ့အစွန်းရောက်အ ကြမ်းဖက်မှုတွေကို ဘယ်လိုတုံ့ပြန် ရမလဲဆိုတဲ့နည်းလမ်းတွေ ကို ဆွေး နွေးဖို့ မဟာမိတ်နိုင်ငံတွေအားလုံး အတူတကွပါဝင်ဆောင်ရွက်သွားမှာ ပါ''ဟုလည်း ဟိုဒါက ပြောသည်။

လက်ရှိအချိန်တွင် ဟိုဒါသည် ပဲရစ် မြို့သို့ရောက်ရှိနေပြီး ပြင်သစ်ပြည် ထဲရေးဝန်ကြီးဘားနက်ကာဇန်အူဗီ ဦးဆောင်ကျင်းပသည့် အစည်းအ ဝေးသို့ တက်ရောက်လျက်ရှိသည်။

ထိုအစည်းအဝေးတွင်လည်း နောက် ထပ်အကြမ်းဖက်မှုများမပေါ်ပေါက် လာစေရန် ပို၍နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရေး မူဝါဒများကို ချမှတ် ရန် ဥရောပ ၁၁ နိုင်ငံမှ ပြည်ထဲ ရေးဝန်ကြီး ၁၁ဦးက ဆွေးနွေးမှုပြု လုပ်ခဲ့သည်။

ထိုအစည်းအဝေးပြုလုပ်ပြီး နောက် ပြင်သစ်ပြည်ထဲရေးဝန်ကြီးက နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်များကို ဂရုတစိုက်စစ်ဆေး ရန်နှင့် လေကြောင်းလိုင်းများသို့ စာရင်းပေးထားသည့် ခရီးသည်များ ၏ အချက်အလက်များကို စစ်ဆေး နိုင်သည့် စနစ်တစ်ခုကို အလျင်အ မြန်ဖော်ဆောင်ရန် လိုအပ်နေသည် ဟုလည်း ပြောခဲ့သည်။

Ref : Xinhua
Democracytoday
ပဲရစ်မြို့တွင် ဆိုးဆိုးရွားရွားတိုက် ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အစွန်း ရောက်အကြမ်းဖက်မှုတိုက်ဖျက်ရေး ညီလာခံတစ်ခုကို ဝါရှင်တန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း အမေ ရိကန်ရှေ့နေချုပ်အဲရစ်ဟိုဒါက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ကျောင်းသားများ အခက်အခဲကို စာရင်းကောက်ပြီး ပါချုပ်ထံ တင်ပြမည်

Photo: ကျောင်းသားများ အခက်အခဲကို စာရင်းကောက်ပြီး ပါချုပ်ထံ တင်ပြမည်
Tuesday, January 13, 2015

နည်းပညာ ကျောင်းသားများ အခက်အခဲကို စာရင်းကောက်ယူပြီး ပါမောက္ခချုပ် ထံ တစ်ပတ်အတွင်း တင်ပြပေးသွား မည်ဟု ဇန်န၀ါရီ ၁၂ရက်က အသစ်ပြန် လည်ဖွဲ့စည်းလိုက်သည့် နည်းပညာ တက္ကသိုလ်(မန္တလေး) ကျောင်းသားသမဂ္ဂ ယာယီ ဥက္ကဋ္ဌ ကိုကောင်းဇော်ဟိန်းက ပြောကြားသည်။

နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းခြင်း အတွက် အသိပေးသည့် အခမ်း အနားကို ဇန်န၀ါရီ ၁၂ ရက်တွင် မန္တလေးမြို့၊ ၈၈ ကဖေးတွင် ပြုလုပ်ခဲ့ရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုကျွန်တော်တို့ ကျောင်းမှာ ဖြစ်နေတာတွေက ကျောင်းချိန်အပြင်ထွက်မယ် ဆိုရင် ဖမ်းမယ်ဆိုတဲ့ကိစ္စ၊ သင်ထောက်ကူ ပစ္စည်းတွေ မလုံလောက်တဲ့ကိစ္စ၊ ကျောင်းအပြောင်းအရွှေ့ ကိစ္စတွေက လက်ရှိကြုံတွေ့ နေရတာတွေပါ။ ဒါတွေကို ဒီတစ်ပတ်အတွင်း ကျောင်းသားတွေ ရဲ့ သဘောထားတွေယူမယ်။ ရပြီဆိုရင် ပါချုပ်ထံ တင်ပြသွားမယ်” ဟု ၎င်းက ပြောသည်။

ကျောင်းသားရေးရာကိစ္စရပ်များကို လုပ်ဆောင်နိုင်ရန် နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသား သမဂ္ဂကို ပြန်လည်ဖွဲ့စည်းခဲ့ ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယာယီဒု-ဥက္ကဋ္ဌ ကိုဇေယျာလင်းက “ကျောင်းထဲမှာ လိုအပ်ချက်တွေ အများကြီး ရှိတယ်။ ဆိုင်ကယ်စတန့် ကိစ္စတွေ၊ အမျိုးသားပညာရေး ဥပဒေကို မကြိုက်တဲ့ ကိစ္စတွေ ရှိတယ်။ မကြိုက်ကြပေမယ့် ဘယ်သူမှ မပြောရဲကြဘူး။ ဒါကြောင့် ကျွန်တော်တို့က သမဂ္ဂ ဖွဲ့ပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ နစ်နာချက်တွေကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ချမှတ်ထားသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေ စီရေး၊ အမျိုးသားနိုင်ငံရေး (သို့မဟုတ်) စစ်အစိုးရ ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး စသည့် တို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။

Mizzima - News in Burmese
နည်းပညာကျောင်းသားများ အခက်အခဲကို စာရင်းကောက်ယူပြီး ပါမောက္ခချုပ်ထံ တစ်ပတ်အတွင်း တင်ပြ ပေးသွားမည်ဟု ဇန်န၀ါရီ ၁၂ရက်က အသစ်ပြန် လည်ဖွဲ့စည်းလိုက်သည့် နည်းပညာ တက္ကသိုလ်(မန္တလေး) ကျောင်းသားသမဂ္ဂ ယာယီ ဥက္ကဋ္ဌ ကိုကောင်းဇော်ဟိန်းက ပြောကြားသည်။

တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့နိုင်ရန်အတွက် ဆန်စပါးအများပိုင် ကုမ္ပဏီများကိုအခြေခံကာ ကနဦးဆန်တင်ပို့ရောင်းချမည့် ကုမ္ပဏီကို ရွေးချယ်သွားမည်

တရုတ် နိုင်ငံသို့ တရားဝင် ဆန်တင်ပို့နိုင်ရန်အတွက် ဆန်စပါး အများပိုင် ကုမ္ပဏီများကို အခြေခံကာ ကနဦး ဆန်တင်ပို့ရောင်းချမည့် ကုမ္ပဏီ ကိုရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ သိရသည်။

KIA အဖွဲ့မှ တပ်သားအဆင့်ရှိသူတစ်ဦး လက်နက်ဖြင့် အလင်းဝင်ရောက်

Photo: KIA အဖွဲ့မှ တပ်သားအဆင့်ရှိသူတစ်ဦး လက်နက်ဖြင့် အလင်းဝင်ရောက်
Tuesday, January 13, 2015

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်၌ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ တပ်သားအဆင့်ရှိသူတစ်ဦးသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်ရှေ့တန်းစခန်းသို့ လက်နက်ဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း တာဝန်ရှိသူ အရာရှိတစ်ဦး ၏ပြောပြချက်အရသိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသောသူသည် အသက် ၂၃ နှစ်၊ ရခိုင်/ဗုဒ္ဓဖြစ်ပြီး ၎င်းနင့်အတူ ကေအို-၉ အမျိုးအစားသေနတ် ၁ လက်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး ၁လုံး၊ ကျည် ၉၈ တောင့်နှင့် ကျည်အိမ် ၃ ခု ပါဝင်ကြောင်း သိရှိရသည်။

“ငြိမ်းချမ်းရေးကို အမှန်တကယ်ယူစေချင်ပြီ၊ မငြိမ်းချမ်းတော့ ဒေသဖွံ့ဖြိုးရေးက တခြားပြည်နယ်တွေနဲ့ယှဉ်ရင် ကျန်ခဲ့တယ်၊ နိုင်ငံတော်သမ္မတကြီးကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲဖိတ်ခေါ်နေတယ်၊ KIA အနေနဲ့ ကိုယ့်မိသားစုကောင်းစားရေးတစ်ခုတည်းကိုပဲ မကြည့်သင့်ဘူး၊ ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဘဝကို ကြည့်သင့်တယ်”ဟု ချီဖွေမြို့အစိုးရ ဝန်ထမ်းတစ်ဦးကပြောသည်။

၎င်းသည် KIA အဖွဲ့ တပ်မဟာ(၁) လက်အောက်ခံ၊ ရင်း(၄)၊ နော်ကူးယန်မှဖြစ်ပြီး KIA တပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သောကြောင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ကျွန်တော်က ရခိုင်ပြည်နယ်၊ အမ်းဇာတိပါ၊ ရွှေမှော်တွေမှာ ကျင်သားအလုပ် လုပ်ကိုင်ရင်း ၂၀၁၂ တည်းက လူသစ်စုဆောင်းခံခဲ့ ရတာပါ၊ ဟိုမှာက ကျွန်တော့်လိုပဲ မတရားစုဆောင်းခံနေရတဲ့သူတွေ အများကြီးပါ၊ အခွင့်မသာသေးလို့ ထွက်မလာဖြစ်သေးတာပါ ”ဟု အလင်းဝင်ရောက် လာသူ မောင်လှိုင်ဝင်းထွန်းကပြော သည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအတွက် အမျိုးသားပြန် လည်သင့်မြတ်ရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေးအတွက် အမြဲလက် ကမ်းကြိုဆို လျက်ရှိကြောင်း၊ အခုအလင်းဝင်ရောက်လာသူအားလည်း မိမိတို့ နယ်မြေ ခံရှေ့တန်းစခန်းတွင် ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း၊ အထက်သို့ အဆင့်ဆင့်သတင်းပို့ပြီး စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နယ်မြေ စိုးလုံခြုံရေးတာဝန်ထမ်းဆောင်နေသောစစ်ကြောင်းမှ အရာရှိ တစ်ဦး က ပြောကြား သွားခဲ့သည်။

ဇော်မှိုင်း
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်၌ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ တပ်သားအဆင့်ရှိသူတစ်ဦးသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်ရှေ့တန်း စခန်းသို့ လက်နက်ဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း တာဝန်ရှိသူ အရာရှိတစ်ဦး ၏ပြောပြချက်အရ သိရသည်။

ပဲရစ်အကြမ်းဖက်မှုများပြီးနောက် IS အဖွဲ့က ၎င်းတို့၏စက်တင်ဘာခြိမ်းခြောက် မှုကို ထပ်မံထုတ်လွှင့်

Photo: ပဲရစ်အကြမ်းဖက်မှုများပြီးနောက် IS အဖွဲ့က ၎င်းတို့၏စက်တင်ဘာခြိမ်းခြောက် မှုကို ထပ်မံထုတ်လွှင့်
Tuesday, January 13, 2015

IS အဖွဲ့က ၎င်းတို့ ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သော ခြိမ်းခြောက်မှုကို ထပ်မံထုတ်လွှင့်ခဲ့ သည်ဟု CNN သတင်း အရ သိရ သည်။

IS အဖွဲ့မှ တစ်စုံတစ်ယောက် က ယင်းကိုထပ်မံထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပြီး ခြိမ်းခြောက်မှုတွင် IS အဖွဲ့ကို ထောက်ခံသူများ အနေဖြင့် အီရတ် နှင့် ဆီးရီးယားတွင်လေကြောင်းတိုက် ခိုက်မှုပြုလုပ်နေသည့် အနောက်နိုင်ငံ များကို လက်စားချေရန် ၎င်းတို့၏ ထောက် လှမ်းရေး၊ ရဲ၊ စစ်သားနှင့်အရပ် သားများကိုသတ်ရန် လှုံ့ဆော်ထား ခြင်းဖြစ်သည်။

ယင်းက အမေရိကန်၊ ပြင်သစ်၊ ဩစတြေးလျနှင့် ကနေဒါ ကဲ့သို့ နိုင်ငံများကို ဦးတည်ခြင်းလည်း ဖြစ်သည်။

ထိုသို့ခြိမ်းခြောက်မှု ထပ်မံ ပေါ်ပေါက်လာခြင်းကြောင့် နယူး ယောက်ရဲတပ်ဖွဲ့ FBI နှင့် အမေရိ ကန်ပြည်တွင်းလုံခြုံရေး ဌာနတို့တွင် အမြင့်ဆုံးအဆင့်သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး နောက်ပိုင်းတွင်မှ ယင်းသည် ယခင်ခြိမ်းခြောက်မှုနှင့် တစ်လုံးမကျန် တူညီနေသည်ကို တွေ့ ခဲ့ရသည်။

ယင်းနှင့်ပတ်သက်၍ နယူး ယောက်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု တန်ပြန်ရေးလက်ထောက် ကော်မရှင် နာ ဂျွန်မီလာက IS တို့သည် စက်တင် ဘာလတွင် ထွက်ရှိခဲ့သည့် ၎င်းတို့ ပြောရေးဆိုခွင့်ရှိသူ အဘူမူဟာမက် အယ်အက်ဒ်နာနီ၏ အသံဖိုင်ကို နောက်တစ်ကြိမ်ထပ်မံအသုံးပြုခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းက ပဲရစ်မြို့မှ တိုက်ခိုက်မှုများနှင့် ဆက်စပ်နိုင်ဖွယ် ရှိကြောင်း ပဲရစ်အကြမ်းဖက်သမား များမှ တစ်ဦးသည် ၎င်းကိုယ်၎င်း IS အဖွဲ့ဝင်ဟု ကြေညာခဲ့ခြင်း ကြောင့် နောက်ထပ် ထိုကဲ့သို့သော အကြမ်းဖက်မှုများ ထပ်ဖြစ်လာစေ ရန် ရည်ရွယ်ကာ ထိုသို့ ပြုလုပ် ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံး သပ်ပြောကြားခဲ့သည်။

Ref : CNN
Democracytoday
IS အဖွဲ့က ၎င်းတို့ ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သော ခြိမ်းခြောက်မှုကို ထပ်မံထုတ်လွှင့်ခဲ့ သည်ဟု CNN သတင်းအရသိရသည်။

ဟောင်ကောင်မှ ထင်ရှားသော သတင်းစာတိုက်ပိုင်ရှင်၏ နေအိမ်နှင့် ရုံးခန်းတို့ မီးရှို့တိုက်ခိုက်ခံရ

Photo: ဟောင်ကောင်မှ ထင်ရှားသော သတင်းစာတိုက်ပိုင်ရှင်၏ နေအိမ်နှင့် ရုံးခန်းတို့ မီးရှို့တိုက်ခိုက်ခံရ
Tuesday, January 13, 2015

ဟောင်ကောင်မြို့၏ ဒီမိုကရေစီ လိုလားသော Apple Daily သတင်း စာ၏ပိုင်ရှင်ဂျင်မီလိုင်၏ အိမ်နှင့် ရုံးခန်းတို့တွင် တနင်္လာနေ့ ၌မီးလောင် ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း AFP သတင်းအရ သိရသည်။

ယင်းတို့က ဟောင်ကောင်မြို့မှ ဒီမိုကရေစီအရေး ဆောင်ရွက်သူ မီဒီယာကဏ္ဍမှ ထင်ရှားသောပုဂ္ဂိုလ် များ၏ လုံခြုံရေးအတွက် စိုးရိမ်မှု အသစ်များကို ထပ်ဖြစ်စေခဲ့သည်။

ထိုမီးလောင်ဗုံးဖြင့် တိုက်ခိုက်မှု များသည် တနင်္လာနေ့ နံနက် ၂ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက် ခိုက်မှုများကြောင့် ဒဏ်ရာရခဲ့သူပင် မရှိပေ။

ဂျင်မီလိုင်၏ Apple Daily သတင်းစာအား Next Media မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ဗီဒီယိုမှတ်တမ်း များအရ Next Media ရုံးအဆောက် အအုံ ဝင်ပေါက်သို့ အပြင်ဘက်မှ မီးလောင်နေသော ပုလင်းတစ်လုံး ပစ်ခတ်လိုက်သည်ကို မြင်တွေ့ခဲ့ရပြီး ယင်းသည် ဝင်ပေါက်အား မထိမှန်ဘဲ မြေပေါ်သို့ ပြုတ်ကျပေါက်ကွဲသွား သည်။

ထို့အပြင် အခြား 'ဗီဒီယိုမှတ် တမ်းတွင်လည်း လိုင်နေထိုင်ရာ ဟို မန်တင်အရပ်မှ နေအိမ်ဂိတ်ဝသို့ မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက မီးလောင်ဗုံးဖြင့်ပစ်ခတ်ကာ ထွက်ပြေး သွားသည်ကို မြင်တွေ့ရသည်။

ထိုတိုက်ခိုက်မှုများအတွက် ရဲ တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ယင်း သည် ဒီမိုကရေစီနှင့် သတင်းစာလွတ် လပ်ခွင့်ကို မလိုလားသူများ၏လက် ချက်ဖြစ်သည်မှာ ထင်ရှားကြောင်း၊ ယင်းသည် မီးရှို့မှုဖြစ်ကြောင်းနှင့် ထို တိုက်ခိုက်မှုနှစ်ခုလုံးအတွက် အသေး စိတ်သိရှိရန် စုံစမ်းနေသည်ဟုပြော သည်။

ထို့အပြင် ဒီမိုကရေစီမလိုလား သူများသည် အကြမ်းဖက်မှုများကို ဆက်လုပ်နေဆဲဖြစ်သည်ဟုလည်း လိုင်၏ပြောရေးဆိုခွင့် ရှိသူက စွပ်စွဲခဲ့ သည်။

ဂျင်မီလိုင်သည် လွန်ခဲ့သော ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြပွဲများ အတွင်း၌လည်း အမျိုးသားတစ်စု၏ ပစ်မှတ်ဖြစ်ခဲ့ပြီး ၎င်းကိုပုပ်သိုးနေ သောအသားများဖြင့် ပစ်ပေါက်ခဲ့ သည်။

ထို့အပြင် ၎င်း၏ Apple Daily သတင်းစာတိုက်သည်လည်း မကြာခဏတိုက်ခိုက်ခံရကြောင်း သိရသည်။

Ref : AFP
Democracytoday
ဟောင်ကောင်မြို့၏ ဒီမိုကရေစီ လိုလားသော Apple Daily သတင်း စာ၏ပိုင်ရှင်ဂျင်မီလိုင်၏ အိမ်နှင့် ရုံးခန်းတို့တွင် တနင်္လာနေ့ ၌မီးလောင် ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း AFP သတင်းအရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာခြံစည်းရိုးခတ်မှုတွင် ပါဝင်ခဲ့သော တောင်သူများ၏ လယ်ယာ မြေများတွင် သီးနှံရိတ်သိမ်းခွင့်နှင့် သီးနှံလျော်ကြေးများအား ကုမ္ပဏီမှ စတင်ထုတ်ပေး

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာခြံစည်းရိုးခတ်မှုတွင် ပါဝင်ခဲ့သော တောင်သူများ၏ လယ်ယာမြေများတွင် သီးနှံရိတ်သိမ်းခွင့်နှင့် သီးနှံလျော်ကြေးများအား ကုမ္ပဏီမှ စတင်ထုတ်ပေး
Tuesday, January 13, 2015

မုံရွာ၊ ဇန်နဝါရီ ၁၂-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာသတ် မှတ်ရန်အတွက် ကုမ္ပဏီမှ ခြံစည်းရိုးခတ်အပြီး စည်းရိုးအတွင်းရှိ တောင်သူများ၏ လယ်ယာမြေများ သို့ မိမိတို့သီးနှံများကို သွားရောက်ရိတ်သိမ်းခွင့်ကို ဇန်နဝါရီ ၁ဝရက် နေ့မှစတင်ကာပေးနေပြီး သီးနှံလျော် ကြေးများကို ဇန်နဝါရီ ၁၂ရက်တွင် ဆားလင်းကြီးမြို့နယ် ငွေသာခန်းမ ၌စတင်ထုတ်ပေးနေပြီဖြစ်ကြောင်းသိရသည်။

''ဇန်နဝါရီ ၁ဝရက်ကစပြီး ကိုယ့်လယ်ယာမြေ ကိုယ်သွားပြီးရိတ်ခွင့်ပေးတယ်၊ အဲဒီလိုရိတ်ရာမှာ လယ် သမားရယ်၊ ကုမ္ပဏီကဖွဲ့ပေးထားတဲ့ အလုပ်သမားတွေ ရယ်နဲ့ကုမ္ပဏီက ကူရိတ်သိမ်းပေးပြီး ရွာအရောက် ကားနဲ့လိုက်ပို့ပေးတယ်၊ သီးနှံထောက် ပံ့ကြေးအနေနဲ့တစ်ရာသီစာ သီးနှံ ထွက်ထွက်၊ မထွက်ထွက်၊ ဘာစိုက် စိုက် စိုက်တဲ့သီးနှံအတွက် အမြင့်ဆုံး ကြေးကိုပေးမှာပါ၊ ရိတ်သိမ်း ခွင့်ကို နှစ်ပတ်လောက်အထိ လုပ်ပေးဖို့ ထားတယ်၊ ရွာတွေက အုပ်ချုပ်ရေး မှူးတွေကနေတစ်ဆင့်ကြေညာထား တယ်၊ ဗီနိုင်းတွေနဲ့တစ်ခါတည်းကြေ ညာပေးထားတာ''ဟု လက်ပံတောင်း တောင်ကြေးနီစီမံကိန်းတာဝန်ခံ ဦးလှစိန်က ဆက်သွယ်မေးမြန်းမှု တွင်ပြောကြားသည်။

ခြံစည်းရိုးခတ်ခံရမှုတွင် ပါဝင် သော လယ်ယာမြေများထံ ရာသီသီးနှံများ သွားရောက်ရိတ်သိမ်းလိုပါက လယ်ပိုင်ရှင်တစ်ဦးလျှင် ကုမ္ပဏီဘက် မှငှားရမ်းထားသော အလုပ်သမား ၁၅ယောက်ထည့်ပေးကာ ကူညီရိတ် သိမ်းပေးကြောင်း၊ သီးနှံများတင်ရန် ကားတစ်စီးထည့်ပေးပြီး ပို့ဆောင် ပေးကြောင်း သိရသည်။

စတင်ရိတ်သိမ်းခွင့်ပေးသော ဇန်နဝါရီ ၁ဝရက်တွင် ဒေသခံကျေး ရွာများဖြစ်သော ဇီးတော၊ လယ် တီ၊ ကံတော၊ ရွှေလှေ၊ မိုးကြိုးပြင်အ လယ်ရွာမှ တောင်သူ ၁၃ဦးက လယ် ယာမြေ ၂၂ ဒသမ ၆ဧကကိုဝင် ရောက်ရိတ်သိမ်းပြီး ကုမ္ပဏီမှကူရိတ် ပေးသောအလုပ်သမား ၁၀၅ဦးအ သုံးပြုခဲ့ကြောင်း သိရသည်။

ကြေးနီစီမံကိန်း ဧရိယာခြံစည်း ရိုးခတ်မှုကြောင့် ပါဝင်သွားသော စိုက်ပျိုးသီးနှံများအတွက် တစ်ဧက လျှင် ထောက်ပံ့ကြေးအဖြစ် ပဲတီစိမ်းကို ကျပ်ငါးသိန်းကျော်၊ စပါးနှင့် ပဲစင်း ငုံတို့ကို ကျပ်လေးသိန်းကျော်၊ ဂျုံ၊ကု လားပဲ၊ စွန်တာပြာ၊ နှံစားပြောင်း ကျပ်သုံးသိန်းကျော်၊ နေကြာ ကျပ် နှစ်သိန်းကျော်၊ ငရုတ်သီးကို ရှစ်သိန်း ကျော်၊ ကြက်သွန်နီကို ၁ရ သိန်း ကျော်ဖြစ်ကြောင်း ယင်းငွေများကို ဇန်နဝါရီ ၁၂ရက်၌ စတင်ပေးအပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာတာဝန် ရှိသူများထံမှသိရသည်။

KTS
Democracytoday
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာသတ်မှတ်ရန်အတွက် ကုမ္ပဏီမှခြံစည်းရိုးခတ်အပြီး စည်းရိုး အတွင်း ရှိ တောင်သူများ၏ လယ်ယာမြေများ သို့ မိမိတို့သီးနှံများကို သွားရောက်ရိတ်သိမ်းခွင့်ကို ဇန်နဝါရီ ၁ဝရက် နေ့မှစတင်ကာပေးနေပြီး သီးနှံလျော် ကြေးများကို ဇန်နဝါရီ ၁၂ရက်တွင် ဆားလင်းကြီးမြို့နယ် ငွေသာခန်းမ ၌စတင်ထုတ်ပေးနေပြီဖြစ်ကြောင်းသိရသည်။

မိုဇမ်ဘစ်တွင် ရိုးရာဘီယာအဆိပ်သင့်၍ လူ ၅၆ဦး သေဆုံး

မိုဇမ်ဘစ်တွင် ရိုးရာဘီယာအ ဆိပ်သင့်သောကြောင့် လူ ၅၆ ဦး သေဆုံးသည်ဟု ကျန်းမာရေး အာဏာပိုင် များကဆိုသည်။

ပျက်ကျ အဲအေရှ QZ8501 လေယာဉ်မှ လေယာဉ်မှူးခန်း အသံမှတ်တမ်းတင် ကိရိယာ တွေ့ ရှိဆယ်ယူ

Photo: ပျက်ကျ အဲအေရှ QZ8501 လေယာဉ်မှ လေယာဉ်မှူးခန်း အသံမှတ်တမ်းတင် ကိရိယာ တွေ့ ရှိဆယ်ယူ
Tuesday, January 13, 2015

ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့သည့် အဲအေရှ QZ8501 လေယာဉ်မှ လေယာဉ်မှူးခန်း အသံမှတ်တမ်းတင် ကိရိယာကို တွေ့ ရှိပြီဖြစ် ၍ ရေငုပ်သမားများ ဆယ်ယူနေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယင်းလေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို တွေ့ ရှိဆယ်ယူနိုင်ခဲ့ပြီးနောက်တစ်နေ့ ဇန်န၀ါရီ ၁၃ ရက်တွင် ယခုအသံ မှတ်တမ်းတင် ကိရိယာကို တွေ့ ရှိကာ ဆယ်ယူနေခြင်းဖြစ်သည်။

ယခု အသံမှတ်တမ်းတင် ကိရိယာနှင့် ပျံသန်းမှုမှတ်တမ်းတင်ကိရိယာတို့ကို တွေ့ရှိခြင်းသည် လေယာဉ်ပျံသန်းမှုတွင် မည်သည့် အမှား အယွင်းနှင့် ကြုံတွေ့ ခဲ့သည်ဆိုသည်ကို စုံစမ်းသိရှိနိုင်မည်ဖြစ်သည်။

အဲအေရှလေယာဉ်သည် ဒီဇင်ဘာ ၂၈ရက်က အင်ဒိုနီးရှားမှ စင်ကာပူသို့  လိုက်ပါစီးနင်းသူ ၁၆၂ ဦးနှင့် ပျံသန်းသွားစဉ် ပျောက်ဆုံး ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် လေယာဉ်အပျက်အစီးများနှင့် လူသေအလောင်းများကို ဂျာဗားပင်လယ်တွင်ရှာဖွေတွေ့ ရှိခဲ့သည်။ လက်ရှိအထိ တွေ့ ရှိဆယ်ယူထားသည့် ရုပ်အလောင်းပေါင်း ၄၈လောင်း ရှိနေပြီဖြစ်သည်။

BBC
ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့သည့် အဲအေရှ QZ8501 လေယာဉ်မှ လေယာဉ်မှူးခန်း အသံမှတ်တမ်း တင် ကိရိယာကို တွေ့ရှိပြီဖြစ်၍ ရေငုပ်သမားများဆယ်ယူနေပြီဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။

စည်ပင် ရေပိုက်သွယ်တန်းသည့် ကိစ္စ မကျေနပ်၍ တိုင်းဝန်ကြီးချုပ်ထံ တိုင်မည်

မင်္ဂလာဒုံမြို့နယ် ၃/ခရပ်ကွက်တွင် စည်ပင်၏ရေသန့်ရေပိုက်သွယ်တန်းသည့် ကိစ္စမကျေနပ်၍ ရန်ကုန် တိုင်းဝန်ကြီးချုပ်ထံ ရပ်ကွက် နေပြည်သူများက တိုင်ကြားမည်ဟု အဆိုပါရပ်ကွက်မှ ရပ်ကွက်နေ ပြည်သူ ကိုဇော်လေးက ပြောသည်။

အမေရိကန် ဗဟို စစ်ဌာနချုပ်ရုံးကို အိုင်အက်စ်အဖွဲ့ က ဟက်ကာတိုက်ခိုက်

Photo: အမေရိကန် ဗဟို စစ်ဌာနချုပ်ရုံးကို အိုင်အက်စ်အဖွဲ့ က ဟက်ကာတိုက်ခိုက်
Tuesday, January 13, 2015

အမေရိကန် ဗဟို စစ်ဌာနချုပ်၏ တွစ်တာနှင့် ယူကျူ့ အကောင့်များကို အိုင်အက်စ်စစ်သွေးကြွအဖွဲ့ က ကွန်ပြူတာ ထိုးဖောက်ဝင်ရောက်ကာ ဟက်ကာတိုက်ခိုက်ပြီး ကြိမ်းမောင်းစာများ ရေးသားသွားခဲ့သည်။

ကလီဖိရ်ဆိုသည်မှာ မွတ်စလင်နိုင်ငံတော်တည်ထောင်ခြင်းဖြစ်ပြီး အိုင်အက်စ်အဖွဲ့ မှ ဆိုင်ဘာကလီဖိရ်ဆိုသည့် အဖွဲ့ က အရှေ့ အလယ်ပိုင်း တွင် စစ်ဆင်ရေးများဆောင်ရွက်နေသည့် အမေရိကန်ဗဟိုစစ်ဌာနချုပ်ရုံးကို ဇန်န၀ါရီ ၁၂ ရက်က စတင် ထိုးဖောက်ဝင်ရောက်ပြီး အမေရိကန် စစ်သားများကို ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

" အမေရိကန်စစ်သားတွေ ငါတို့ လာပြီ။ မင်းတို့ နောက်မှာ အိုင်အက်စ်တွေ ရောက်နေပြီ။"ဟု ယင်းအဖွဲ့ က အမေရိကန်စစ်ဌာနချုပ်ရုံး၏ တွစ်တာပေါ်တွင် ရေးသားသွားခြင်းဖြစ်သည်။

ယင်းသို့ ဟက်ကာတိုက်ခိုက်ခံရပြီးနောက် တစ်နာရီခန့် တွင် ယင်းတွစ်တာအကောင့်ကို ယာယီပိတ်ခဲ့ရသည်။

အမေရိကန်စစ်ဌာနချုပ်၏ ယူကျူ့ ကိုလည်း ယင်းအဖွဲ့ က ဟက်ကာဖောက်ထွင်းခဲ့ပြီး "အိုင်အက်စ်တို့ ၏ စစ်မီးလျှံများ"နှင့် "သစ္စာရှိ စစ်သားများ ရှေ့ သို့ ချီတက်ကြစို့ "ဆိုသည့် ဗီဒီယိုဖိုင်များကို တင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းသို့ တိုက်ခိုက်ခံရခြင်းဆိုသည်ကို အတည်ပြုခဲ့သည်။

PRESS TV
Mizzima - News in Burmese
အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ တွစ်တာနှင့် ယူကျူ့ အကောင့်များကို အိုင်အက်စ်စစ်သွေးကြွအဖွဲ့က ကွန်ပြူတာထိုးဖောက်ဝင်ရောက်ကာ ဟက်ကာတိုက်ခိုက်ပြီး ကြိမ်းမောင်းစာများ ရေးသားသွားခဲ့သည်။

မင်းဘူးမြို့တွင် ပြင်းထန်သော ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားရာတွင် တစ်ကြိမ်မှာ စစ်ဖက်ဆိုင်ရာ ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်းသိရ

မကွေးတိုင်း မင်းဘူးခရိုင် မင်းဘူးမြို့တွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး တစ်ကြိမ်မှာ ရေနံပိုက်များ ဆက်သွယ်ရာတွင် အသုံးပြုသော ဗွိုင်လာအိုမှ ပေါက်ကွဲခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ပေါက်ကွဲမှုကိုတော့ ဘာကြောင့် ပေါက်ကွဲမှု ဖြစ်ရသည်ကို အတည်မပြုနိုင်သေးပဲ စစ်ဖက်ဆိုင်ရာ ပေါက်ကွဲမှု တစ်ခုသာ ဖြစ်နိုင်ကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဇန်န၀ါရီ၁၂ရက်နေ့တွင် စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံသူတစ်ဦး တက္ကစီယာဉ်မောင်း၏ လုယက်ခံရ

တရုတ်ဘာသာစကား သင်ကြားပေးနေသော တရုတ်လူမျိုး ဆရာမတစ်ဦးတွင် ပါလာသည့်ပစ္စည်းများကို တက္ကစီ ယာဉ်မောင်းက လုယက်ထွက်ပြေးမှု တစ်ခု ကမာရွတ်မြို့နယ်တွင်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးဆွေးနွေးပွဲများအမြန်ဆုံးစတင်ရန် တိုင်းရင်းသားရေးရာဝန်ကြီး များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များတောင်းဆို တစ် နိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရန်နှင့် လိုအပ်ပါက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့များ ဖွဲ့ပေး မည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင်များ ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တိုင်းရင်းသား ကိုယ်စား လှယ် ခေါင်းဆောင် များ တွေ့ဆုံပွဲမြင်ကွင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သတင်းစာရှင်းလင်းနေစဉ်။ ဓာတ်ပုံများ-သတင်းစဉ်
ရန်ကုန်၊ ဇန်နဝါရီ ၁၂-အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ အနေဖြင့် လာမည့်ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် တစ် နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးရန်နှင့် နိုင် ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံးစတင်ကြရန် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက တောင်းဆိုလိုက်ကြပြီး ယင်းအတွက် ငြိမ်းချမ်းရေးအကျိုးတော် ဆောင်အဖွဲ့များ ဖွဲ့ပေးရန် လိုအပ်ပါ က လုပ်ဆောင်ပေးသွားမည်ဟု သမ္မတ က ပြောကြားခဲ့ကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်း၊ အစိုးရဝန်ထမ်းနှင့် တိုင်းပြည်အတွက် အသက် စွန့်လွှတ် ခဲ့သူ၏ မိသားစုနှင့် ကိုယ်အင်္ဂါစွန့်လွှတ်သူများအတွက် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာများကို ရောင်းချပေးမည်

Photo: အငြိမ်းစားဝန်ထမ်း၊ အစိုးရဝန်ထမ်းနှင့် တိုင်းပြည်အတွက် အသက် စွန့်လွှတ် ခဲ့သူ၏ မိသားစုနှင့် ကိုယ်အင်္ဂါစွန့်လွှတ်သူများအတွက်
မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာများကို ရောင်းချပေးမည်
Tuesday, January 13, 2015

မန္တလေးခရိုင်အတွင်းနေထိုင်သည့် သက်ပြည့် /နှစ်ပြည့် အငြိမ်စားဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ(ဝန်ထမ်းလုပ်သက် ၂၅နှစ်နှင့် အထက် ရှိသူများ)နှင့် အထက်ရှိသူများ၊ တိုင်းပြည်အတွက် အသက်စွန့်လွှတ် ခဲ့သူများ၏ မိသားစုများနှင့်ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့သူများအတွက် အိမ်ခန်း လျှောက်လွှာ များကို ဇန်နဝါရီ ၁၂ ရက်မှစတင်၍ ၃ဝရက်ထိ စတင် ရောင်းချပေးလျက် ရှိကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော် မတီမှ အဆောက် အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးက ပြောသည်။

မန္တလေးမြို့ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နှင့် အောင် သာယာရပ်ကွက် အကွက်အမှတ် (မမ-၁၅) နှင့် (မမ-၂၆) တွင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော် မတီမှ အခန်းပေါင်း ၁၃၄၄ခန်း ပါဝင်သည့်တန်ဖိုးနည်း အိမ်ရာများ ကို ၂၀၁၃ခုနှစ် စက်တင်ဘာမှ စတင်၍ တစ်နှစ်တာအတွင်း ဆောက် လုပ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြရည်နန္ဒာတန်ဖိုး နည်းအိမ်ရာစီမံကိန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်း၊ ကျန်းမာ ရေး(ဆေးခန်း)၊ မီးသတ်စခန်း၊ အားကစားကွင်းစသည့် ရပ်ကွက် အင်္ဂါရပ်နှင့်အညီ သက်ဆိုင်ရာအ ဆောက်အအုံများထား ရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တိုက်ခန်းအား လုံးရောင်းချပြီးချိန်တွင် သွားလာရေး အဆင်ပြေလွယ်ကူစေရန်အတွက် ဘတ်စ်ကားလိုင်းများ ပြေး ဆွဲပေး ခြင်းများ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

''တန်ဖိုးနည်းအိမ်ရာလျှောက် ထားသူအားလုံး မန္တလေးခရိုင်အတွင်း နေထိုင် သူဖြစ်ပြီး ကိုယ်ပိုင်အိမ်ရာ မရှိသူ ဖြစ်ရမယ်။ အိမ်ထောင်တစ်စုလျှင် တစ်ဦးသာလျှောက်ထား ခွင့်ရှိပါတယ်၊ လျှောက်ထားရင် အငြိမ်းစား ပင်စင်စာအုပ်၊ အိမ်ထောင် စုလူဦးရေစာရင်း၊ မိတ္တူပူးတွဲတင်ပြ ရမှာ ဖြစ်ပါတယ်''ဟု အဆောက် အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို အရစ်ကျငှား၊ ဝယ်စနစ် နှင့် လက်ငင်းဝယ်စနစ်စသည်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ယင်းစနစ်သည် ကြိုပွိုင့်စနစ်မဟုတ်ဘဲ ငှား၊ ဝယ် Hire Purchase စနစ်ကို ငါး နှစ်နှင့်ရှစ်နှစ် အတွင်း ဘဏ်အတိုး ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

မြရည်နန္ဒာတန်ဖိုးနည်းတိုက်ခန်းရှိ အိမ်ရာများကို ရှစ်ခန်းတွဲ ၄၈၄ စတုရန်းပေ၊ ၅၇၂ စတုရန်း ပေ၊ လေးခန်းတွဲ ၅၅၄ ဒသမ ၅ စတုရန်းပေတည်ဆောက်ထား ရာ အကွက် အမှတ် (မမ-၁၅)သည် ရ ဒသမ ၆ရ ဧကကျယ်ဝန်းပြီး ရှစ်ခန်း တွဲ လေးထပ် ၂ရလုံးတည်ဆောက်ထား ပြီး အကွက် အမှတ်(မမ-၁၆)သည် ၅ ဒသမ ၄၀ ဧက ကျယ်ဝန်းပြီး လေး ခန်းတွဲ လေးထပ်အလုံး ၃၀ တည်ဆောက် ထားသည်။ တန်ဖိုးနည်း အိမ်ရာရှိ တိုက်ခန်း ၁၃၄၄ခန်းတွင် မြေညီထပ် ၁၃ဝကျော်ပါရှိပြီး လက်ရှိတွင် မြေညီထပ်လျှောက်ထားသူ ၂၂၉ ဦးရှိရာ အချိုးကျညီညီမျှမျှ ရောင်းချနိုင်ရန် မဲစနစ်ဖြင့် ဒီဇင်ဘာ ၂၂ရက်တွင် ရောင်း ချသည့် အစီအစဉ်တွင် မြေညီထပ်အခန်း ၃၀ ကျော်သာ ရောင်းချပေးခဲ့ပြီး ကျန် နေရာနှင့် အခန်းများကို မဲစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ် သည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများသည် ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၃ဝထိ အထပ်မြင့်နေရာပေါ် မူ တည်၍ ဈေးရှိပြီး ဘဏ်ဖြင့်ချိတ်ဆက် ဝယ်ယူပါက တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်း၍ ငါး နှစ်အတွင်း ကျန်ရှိသောတိုက်ခန်း တန်ဖိုးငွေပမာဏ၊ ဘဏ်အတိုး ရှစ်ရာခိုင်နှုန်း၊ ကော်မရှင် ခ တစ်ရာခိုင်နှုန်း တို့ကို ဆက်လက်ပေးသွားရမည် ဖြစ်သည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာလျှောက်လွှာများကို တစ်စောင်လျှင် ၅၀ဝကျပ်ဖြင့်ဝယ်ယူ၍ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ဇန်နဝါရီ ၃ဝရက်နောက်ဆုံး ထားပေးပို့လျှောက်ထားရမည်ဖြစ် ကြောင်း သိရသည်။

AXE
Democracytoday
မန္တလေးခရိုင်အတွင်းနေထိုင်သည့် သက်ပြည့် /နှစ်ပြည့် အငြိမ်စားဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ(ဝန်ထမ်းလုပ်သက် ၂၅နှစ်နှင့် အထက် ရှိသူများ)နှင့် အထက်ရှိသူများ၊ တိုင်းပြည်အတွက် အသက်စွန့်လွှတ် ခဲ့သူများ၏ မိသားစုများနှင့်ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့သူများအတွက် အိမ်ခန်း လျှောက်လွှာ များကို ဇန်နဝါရီ ၁၂ ရက်မှစတင်၍ ၃ဝရက်ထိ စတင် ရောင်းချပေးလျက်ရှိကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော် မတီမှ အဆောက် အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးက ပြောသည်။

ရခိုင်-ဘင်္ဂါလီအရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု ရခိုင် တိုင်းရင်းသား များ ရပ်ဆိုင်းလိုက်ပြီ

ရခိုင်- ဘင်္ဂါလီပဋိပက္ခကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းနှင့်တွေ့ ဆုံဆွေးနွေးကာ ပူးပေါင်း ဆောင်ရွက်မှုကို ရခိုင်တိုင်းရင်း သားများအနေ ဖြင့် ဆက်လက်မလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သစ်ထောက်ခံချက်ပေးရေး အဖွဲ့ ဖွဲ့နိုင်ရန် ကြိုးပမ်း

Photo: မြန်မာနိုင်ငံတွင် သစ်ထောက်ခံချက်ပေးရေး အဖွဲ့ ဖွဲ့နိုင်ရန် ကြိုးပမ်း
Tuesday, January 13, 2015

မြန်မာနိုင်ငံတွင် သစ်ထောက်ခံချက် ပေးရေး အဖွဲ့ ဖွဲ့စည်း နိုင်ရန် အတွက် သစ်တော ဦးစီးဌာန၊ INGO အဖွဲ့ များနှင့် သစ်တော ပညာရှင်များ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း မဟာ အောင်မြေသာစံ မြို့နယ် သစ်တော ဦးစီးဌာနမှ သိရသည်။ အဆိုပါ အဖွဲ့  ဖွဲ့စည်း နိုင်ရန် အတွက် အပြည် ပြည်ဆိုင်ရာ သစ် ထောက်ခံချက် ပေးရေး အဖွဲ့ (ITTO)နှင့် ဆက်သွယ်၍ ၎င်း အဖွဲ့၏ အသိအမှတ်ပြု ထောက်ခံချက် ရရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ယင်းဌာနမှ ဦးစီး အရာရှိ ဦးလှဦးက ပြောသည်။ ဒီအဖွဲ့ ဖွဲ့ နိုင်ရင် အဖွဲ့က ထောက်ခံတဲ့ သစ်တွေကို Export လုပ်ရင် အရင်ကထက် တန်ရာ တန်ကြေး ပိုမိုရလာ နိုင်မယ်။ အခု (ITTO) အဖွဲ့ကြီးရဲ့ ထောက်ခံချက်ရဖို့ Data  တွေ ကောက်ယူ နေတယ်။ ကောက်ယူ နေတဲ့ အဖွဲ့တွေ ထဲမှာ မြန်မာ နိုင်ငံက အဖွဲ့ အစည်းတွေ အပြင် မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာ နေတဲ့ နိုင်ငံတကာက အဖွဲ့အစည်း တွေလည်း ပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီးတော့ ဒီအဖွဲ့ကို ဖွဲ့နိုင်မှာပါ ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် စတင်၍ သစ် ထုတ်လုပ်မှုကို (၅၀) ရာခိုင်နှုန်းခန့် လျှော့ချ ခဲ့ပြီး၊ သစ်လုံး တင်ပို့မှုကို လုံးဝ ရပ်ဆိုင်း ခဲ့ကာ သစ်တောထွက် တင်ပို့မှုများ ကိုလည်း ယခင် ကထက် ထက်ဝက် လျှော့ချခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ သစ်များသည် သစ် ထောက်ခံချက် အဖွဲ့ မရှိသဖြင့် မြန်မာ့သစ်မှာ နိုင်ငံတကာ ဈေးကွက်၌ ရသင့် ရထိုက်သည့် ဈေးနှုန်း မရရှိကြောင်း သိရသည်။

အခုဆိုရင် ရသင့် ရထိုက်တဲ့ ငွေ ပမာဏ မရဘူး။ ထောက်ခံချက်ပေးတဲ့ အဖွဲ့နဲ့ စနစ်တကျ ရောင်းခွင့်ရရင် အခုရ နေတဲ့ ပမာဏထက် အနည်းဆုံး နှစ်ဆခန့် ပိုရလာ နိုင်မယ်။ ရသင့်တဲ့ တန်ဖိုး အမှန်ကို ရမယ် ဆိုရင် အခု သစ် ထုတ်လုပ်မှု လျှော့ချပေမယ့်လည်း အရင်ရ နေတဲ့ ပုံမှန်ဝင်ငွေ ထက်တောင် နိုင်ငံတော်က ပိုရလာ နိုင်မယ် ဟု ၎င်းက ခန့်မှန်း ပြောကြားသည်။

မြန်မာနိုင်ငံ၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန် အထိ ရှစ်လတာ ကာလ အတွင်း ပြည်ပသို့ သစ်တော ထွက်တင်ပို့ မှုမှာ အမေရိကန် ဒေါ်လာ (၅၈) သန်းကျော် အထိ တင်ပို့ခဲ့ သော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ် ဒီဇင်ဘာလကုန် တွင်မူ ဒေါ်လာ (၅၄) သန်းကျော်သာ တင်ပို့ နိုင်ခဲ့ရာ ယခင် ဘဏ္ဍာနှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက စုစုပေါင်း တင်ပို့မှု ပမာဏဒေါ်လာ(၅၃၅) သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာနမှ သိရသည်။

The Messenger News Journal
မြန်မာနိုင်ငံတွင် သစ်ထောက်ခံချက် ပေးရေး အဖွဲ့ ဖွဲ့စည်း နိုင်ရန် အတွက် သစ်တော ဦးစီးဌာန၊ INGO အဖွဲ့ များနှင့် သစ်တော ပညာရှင်များ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း မဟာ အောင်မြေသာစံ မြို့နယ် သစ်တော ဦးစီးဌာနမှ သိရသည်။

နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (၂) နှစ်ကြာမှ ပြန်လည် ဖွဲ့စည်း

မန္တလေး နည်းပညာ တက္ကသိုလ်တွင် နှစ်နှစ်ကြာ အဆက်ပြတ် နေသည့် နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့အား ယာယီအလုပ် အမှုဆောင် များဖြင့် ဇန်န၀ါရီလ (၆) ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။ နည်းပညာ တတ္ကသိုလ် ကျောင်းသားသမဂ္ဂ ကို ယမန်နေ့ နေ့လယ် (၁၂) နာရီတွင် ဖွဲ့စည်းခဲ့ပြီး ဗကသ အဖွဲ့မှ သမဂ္ဂအလံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီဘဏ်တွင် တစ်ပတ် အတွင်း ငွေကျပ် သိန်း (၄၃၀၀) ကျော် လိမ်လည် ထုတ်ယူမှု ဖြစ်ပွား

တစ်ပတ် အတွင်း ဧရာဝတီဘဏ်ခွဲ (၅)နှင့် (၆)တွင် ငွေကျပ် စုစုပေါင်း ငွေကျပ်သိန်း (၄၃၀၀) လိမ်လည်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ သိရသည်။

အမေရိကန်သို့ မြန်မာ့ ကျွန်းသစ် ခန့်မှန်းတန်ချိန် ၃၀၀ ကျော် ယခုနှစ်အတွင်း တင်ပို့ရောင်းချမည်

Photo: အမေရိကန်သို့ မြန်မာ့ ကျွန်းသစ် ခန့်မှန်းတန်ချိန် ၃၀၀ ကျော် ယခုနှစ်အတွင်း တင်ပို့ရောင်းချမည်
Tuesday, January 13, 2015

အမေရိကန်နိုင်ငံသို့ မြန်မာ့ကျွန်းသစ် အချောထည်များကို ယခုနှစ်အတွင်း ခန့်မှန်းတန်ချိန်သုံးရာကျော် တင်ပို့ရောင်းချသွားရန် သဘောတူညီမှု ရရှိထားသည်ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်းများအသင်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက မဇ္ဈိမကို ပြောသည်။

အမေရိန်ကန်သို့ မြန်မာ့ ကျွန်းသစ် အချောထည်များကို ယခုနှစ်အတွင်း တင်ပို့ရောင်းချသွားမည် ဖြစ်သည်။

“မတ်လမကုန်ခင်မှာပေါ့ ကွန်တိန်နာ ၂၅ လုံး သို့မဟုက် ၃၀ လောက်ပို့မယ်။ ဒါက ခန့်မှန်းပေါ့ အတိအကျ ကြီးမဟုက်ဘူး။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာတင်ပို့ ရောင်းချသွားမှာပါ”ဟု ဦးဘာဘာချိုက ပြောသည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှာ ကျွန်းသစ်အပြင် အခြားအမျိုးအစားများ ဖြစ်သည့် လူသိနည်း သစ်အမျိုးအစားများကိုလည်း ၀ယ်ယူရန် ခွင့်ပြုပေးထားသည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့သစ်များကို ၀ယ်ယူရန် တစ်နှစ်လိုင်စင်ဖြင့် ခွင့်ပြုပေးခြင်းဖြစ်ပြီး တစ်နှစ်ပြီးတစ်နှစ်လေ့လာပြီးမှ သာလျှင် ဆက်လက်ဝယ်ယူခွင့်များ ပြုမည်ဖြစ်သည်။

မြန်မာကျွန်းသစ်အချောအထည်များကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် သစ်အရွယ်အစားနှင့် အရည်အသွေး အပေါ်မှုတည်ပြီး တစ်တန်လျှင် အနည်းဆုံး ကန်ဒေါ်လာ ၃,၅၀၀ မှ ၆,၅၀၀ အထိ ရရှိသည်ဟု သိရသည်။

“ဦးတို့လုပ်ငန်းရှင်တွေအနေနဲ့က အစိုး ရသစ်လုပ်ငန်းကနေ တရားဝင်ဝယ်ယူပြီး ကုန်ချောထုတ်လုပ်ပြီး ရောင်းချတာပါ။ တရားမ၀င်သစ်တွေကို ၀ယ်ယူပြီးတင်ပို့တာ မဟုက်ဘူး”ဟု ဦးဘာဘာချိုက ပြောသည်။

လက်တလောတွင် မြန်မာကျွန်းသစ်များကိုသာ အချောထည်အဖြစ် တင်ပို့ ရောင်းချခြင်းဖြစ်ပြီး အခြားသစ် အမျိုးအစားများကို တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးပေ။ ကွန်တိန်နာတစ်လုံးလျှင် သစ်တန်ချိန် ၁၂ တန် အထိ ထည့်သွင်းပြီး တင်ပို့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် သစ်အချော ထည်လုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီ လုပ်ဆောင်နိုင်သည့် လုပ်ငန်းရှင်ဦးရေ ၁၀ ဂဏန်းသာရှိသည်ဟု သိရသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ပရိဘောဂပြုလုပ်သည့် နေရာတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ပရိဘောဂပြုလုပ်သည့် နေရာတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)  
အမေရိကန်နိုင်ငံသို့ မြန်မာ့ကျွန်းသစ် အချောထည်များကို ယခုနှစ်အတွင်း ခန့်မှန်းတန်ချိန်သုံးရာကျော် တင်ပို့ရောင်းချသွားရန် သဘောတူညီမှု ရရှိထားသည်ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်းများအသင်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်တွင် ကမန်နှင့်ဘင်္ဂါလီ အမည်ဖြင့်နိုင်ငံသား လျှောက်ထားသူ သုံးရာနီးပါးရှိ

ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသား စိစစ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံသား ဖြစ်ခွင့် အတွက် ကမန်နှင့် ဘင်္ဂါလီအမည်ဖြင့် လျှောက်ထား သူဦးရေ ၃ဝဝ နီးပါးရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ သိရသည်။

တိုက်ခိုက်ခံရသည့် Charlie Hebdo မဂ္ဂဇင်း အသစ်ထွက်ရှိမည် တမန်တော်မိုဟာမတ်ကို အဖုံးတွင် ဖော်ပြထား

Photo: တိုက်ခိုက်ခံရသည့် Charlie Hebdo မဂ္ဂဇင်း အသစ်ထွက်ရှိမည် တမန်တော်မိုဟာမတ်ကို အဖုံးတွင် ဖော်ပြထား
Tuesday, January 13, 2015

တမန်တော်မိုဟာမက်ကို သရော်လှောင်ပြောင်သည့်ဟု ဆိုကာ တိုက်ခိုက် ခံရသည့် ပြင်သစ်နိုင်ငံက Charlie Hebdo (ချာလီဟတ်ဒိုး) မဂ္ဂဇင်းသည် တမန်တော်မိုဟာမက်ကို မျက်နှာဖုံးတင်လျက် အသစ်ထုတ်ဝေရန် ရိုက်နှိပ်လျက်ရှိပြီဖြစ်သည်။

အသစ်ထွက်ရှိလာမည့် ယင်းမဂ္ဂဇင်းမျက်နှာဖုံးတွင် တမန်တော် မိုဟာမက်က "ငါဟာ ချာလီဖြစ်တယ်" ဟု ဆိုင်းဘုတ်ကို ကိုင်ဆောင် ထားပြီး အောက်နားတွင် "အားလုံးကို ခွင့်လွတ်တယ်"ဟု စာသားကို ရေးသားဖော်ပြထားသည်။

အစွန်းရောက်များကို မဂ္ဂဇင်းတိုက်က ၀ိုင်းတော်သားတွေ အနေနဲ့ ခေါင်းငုံခံ သွား မည် မဟုတ်ကြောင်း မဂ္ဂဇင်းတိုက် ရှေ့ နေ ရစ်ချတ်မယ် ကာက ပြင်သစ် ရေဒီယိုသို့ ပြောခဲ့သည်။

ယခုမဂ္ဂဇင်းကို ဇန်န၀ါရီ ၁၄ ရက်တွင် စတင်ဖြန့် ချိရန် စောင်ရေ သုံးသန်းရိုက်နှိပ်နေပြီဖြစ်သည်။ ယခင်က မဂ္ဂဇင်းကို ပုံမှန်အားဖြင့် အပတ်စဉ် ၆၀၀၀၀ သာ ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

တမန်တော်မိုဟာမက်အတွက် လက်စားချေခြင်းအဖြစ် မဂ္ဂဇင်းတိုက် တိုက်ခိုက် ခံရခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း လူ ၁၂ ဦးသေဆုံးခဲ့သည်။

BBC
တမန်တော်မိုဟာမက်ကို သရော်လှောင်ပြောင်သည့်ဟုဆိုကာ တိုက်ခိုက်ခံရသည့် ပြင်သစ်နိုင်ငံက Charlie Hebdo (ချာလီဟတ်ဒိုး) မဂ္ဂဇင်းသည် တမန်တော်မိုဟာမက်ကို မျက်နှာဖုံးတင်လျက် အသစ် ထုတ်ဝေ ရန် ရိုက်နှိပ်လျက်ရှိပြီဖြစ်သည်။

တရားစွဲခံရသော ဘားဆိုင်မန်နေဂျာ၏ အတူနေချစ်သူက အမှုကို အေးအေး ချမ်းချမ်း ပြီးစေလိုကြောင်းလျှောက်လဲ

Photo: တရားစွဲခံရသော ဘားဆိုင်မန်နေဂျာ၏ အတူနေချစ်သူက အမှုကို အေးအေး ချမ်းချမ်း ပြီးစေလိုကြောင်းလျှောက်လဲ
Tuesday, January 13, 2015

ပုဒ်မသုံးခုဖြင့်တရားစွဲခံ ထားရသည့် VGastro Bar ဆိုင်မှ အထွေထွေမန်နေဂျာ ဖီးလစ်၏ အတူနေစေ့စပ်ထားသူက ၎င်းတို့ မိသားစုအတွက် မြန်မာနိုင်ငံ သည် အထူးနေရာတစ်ခုဖြစ်သော ကြောင့် ရင်ဆိုင်နေရသောအမှု ကို အေးအေးချမ်းချမ်းပြီးစေလို ကြောင်း ဗဟန်းမြို့နယ်တရားသူ ကြီးထံ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ် တပ်ထားသည့်ပုံဖြင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တင်၍ ကြော်ငြာ ခြင်းကြောင့် ပုဒ်မသုံးခုဖြင့် တရား စွဲဆိုခံထားရသည့် VGastro Bar ဆိုင်မှ အထွေထွေမန်နေဂျာနယူး ဇီလန်နိုင်ငံသားဖီးလစ်၊ ဆိုင်ပိုင် ရှင်ထွန်းသူရိန်နှင့် မန်နေဂျာ ထွဋ် ကိုကိုလွင်တို့ကို ဇန်နဝါရီ ၁၂ ရက်က ငါးကြိမ်မြောက်ရုံးထုတ် စစ်ဆေးခဲ့သည်။

ရုံးထုတ်စစ် ဆေးရာတွင် နယူးဇီလန်နိုင်ငံသား ဖီးလစ်၏ သက်သေနှစ်ဦးဖြစ်သော ဇနီးဖြစ်သူလုံမီနှင့် ၎င်း၏ သူငယ်ချင်းက တရားခံပြသက်သေအဖြစ် ထွက်ဆိုပေးခဲ့ကြသည်။

ဖီးလစ်၏ ဇနီးဖြစ်သော ဖီ လစ်ပိုင်နိုင်ငံသူလုံမီက ၎င်းတို့ ဇနီးမောင်နှံသည် မြန်မာနိုင်ငံတွင် တွေ့ရှိပြီး မြန်မာနိုင်ငံတွင်စေ့စပ် ထားကာ မြန်မာနိုင်ငံသည် ၎င်းတို့ မိသားစုအတွက် အထူးနေရာတစ် ခုဖြစ်သောကြောင့် အမြဲတမ်းနေ ထိုင်လို၍ အမှုရင်ဆိုင်နေရသော ၎င်း၏ခင်ပွန်းအမှုကို အေးအေး ချမ်းချမ်းဖြင့်ပြီးစေလိုကြောင်း ဗဟန်းမြို့နယ်တရားသူကြီးထံ တင်ပြတောင်းဆိုလိုက်ခြင်းဖြစ် သည်။

ဖီးလစ်သည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ကုမ္ပဏီ တစ်ခုတွင် လွန်ခဲ့သောလေးနှစ် ခန့်ကတည်းက နေထိုင်လုပ်ကိုင် နေသူဖြစ်ကြောင်း ၎င်း၏ဇနီးလုံမီ ကပြောသည်။ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သည့်သုံးနှစ်ခန့်က မြန်မာ နိုင်ငံတွင်တွေ့ရှိ၍ ချစ်ကြိုက်ကာ စေ့စပ်ပေါင်းသင်းနေထိုင်နေကြ ကြောင်း လုံမီကပြောသည်။ ၎င်း တို့တွင် လေးလအရွယ် သမီး တစ်ဦးရှိကြောင်းပြောသည်။

ခင်ပွန်းသည်ဖီးလစ်သည် မြန်မာနိုင်ငံ၏ လူနေမှုပုံစံနှင့် သဘာဝကို သဘောကျသော ကြောင့် နေထိုင်နေခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များစိတ်ပျက်စေ မည့်အရာကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်လိုက်ခြင်း မဟုတ်ကြောင်း လုံမီကတရားရုံး တွင်ထွက်ဆိုခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်က ရုံး ထုတ်စစ်ဆေးရာတွင် ဖီးလစ်၏ တရားခံပြသက်သေနှစ်ဦးနှင့် ပုဒ်မ ၁၈၈ ဖြင့်စွဲဆိုထားသည့် တရားလိုပြသက်သေနှစ်ဦးတို့ကို စစ် ဆေးခဲ့သည်။ ခြောက်ကြိမ် မြောက်ရုံးချိန်းကို တရားသူကြီးက ဇန်နဝါရီ ၂၂ ရက်တွင် ထပ်မံ ချိန်းဆို လိုက်ကြောင်း သတင်းရရှိသည်။

ဖီးလစ်သည် ဗုဒ္ဓရုပ်ပွားတော်အား နားကြပ်တပ်ထားသောပုံကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင် ခြင်းမဟုတ်သောကြောင့် ၎င်း တွင်အပြစ်မရှိကြောင်း တရားရုံး တွင် ထွက်ဆိုထားသည်။ ဆိုင်ပိုင် ရှင်ထွန်းသူရိန်နှင့်မန်နေဂျာထွဋ် ကိုကိုလွင်တို့ကလည်း အဆိုပါပုံ သည် ဖီးလစ်သာလျှင်ပြုလုပ်ခဲ့ ခြင်းဖြစ်သောကြောင့် ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားရုံးတွင် ထွက်ဆိုထားသည်။

ယင်းအမှုကိစ္စနှင့်ပတ်သက် ၍ အထွေထွေမန်နေဂျာနယူးဇီ လန်နိုင်ငံသားဖီးလစ်ကို ဒီဇင်ဘာ ၂၆ ရက်က စစ်ဆေးခဲ့ရာ ဗုဒ္ဓရုပ် ပွားတော်အား နားကြပ်တပ်ထား သောပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာ တင်ခဲ့သည့်ကိစ္စကို အခြားသူများ မသိဘဲ ၎င်းတစ်ယောက်တည်းပြု လုပ်ခြင်းဖြစ်သည်ဟု ဝန်ခံထားပြီး ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်း မဟုတ်သောကြောင့် ၎င်းတွင် အပြစ် မရှိ ကြောင်းငြင်းဆိုထားသည်။

ဒီဇင်ဘာ ၁၀ ရက်ညနေတွင် ဘုရားပုံဖြင့်ကြော်ငြာသော အဆို ပါဆိုင်ကို ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ က ယာယီပိတ်ထားလိုက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဘုရားပုံကိုလူမှုကွန်ရက်သို့တင်ပြီး ကြော် ငြာခဲ့သည့်ဆိုင်အထွေထွေ မန်နေ ဂျာနယူးဇီလန်နိုင်ငံသားတို့ သုံး ဦးကိုဖမ်းဆီး၍ ပုဒ်မ ၂၉၅၊ ၂၉၅ (က) နှင့် ပုဒ်မ ၁၈၈ တို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

7Day DAILY
ပုဒ်မသုံးခုဖြင့်တရားစွဲခံ ထားရသည့် VGastro Bar ဆိုင်မှ အထွေထွေမန်နေဂျာ ဖီးလစ်၏ အတူနေ စေ့စပ် ထားသူက ၎င်းတို့ မိသားစုအတွက် မြန်မာနိုင်ငံ သည် အထူးနေရာတစ်ခုဖြစ်သော ကြောင့် ရင်ဆိုင်နေ ရသောအမှုကို အေးအေးချမ်းချမ်းပြီးစေလို ကြောင်း ဗဟန်းမြို့နယ်တရားသူ ကြီးထံ တောင်းဆိုလိုက် ကြောင်း သတင်းရရှိသည်။

နိုင်ငံရေး ယဉ်ကျေးမှုသစ် အမှန်တကယ် ကျင့်သုံးဖို့တော့လိုပါသည်

ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် နိုင်ငံရေးယဉ်ကျေးမှုသစ်ဆိုသည့်စကားလုံးကို စကားလုံးအရတင်မက လက် တွေ့အရပါ ကျင့်သုံးသဖြင့် သက်ဆိုင်ရာနိုင်ငံ တချို့ နိုင်ငံရေး အကျပ်အတည်းများ အောင်မြင်စွာ ဖြေရှင်း ကျော်လွှားနိုင် ခဲ့ကြပါသည်။ အထူးသဖြင့် အရှေ့ ဥရောပနိုင်ငံတချို့သည် ယင်းနိုင်ငံရေး ယဉ်ကျေးမှုသစ်ကို မှန်ကန်စွာ ကိုင်စွဲ ကျင့်သုံးနိုင်ခဲ့ကြပါသည်။

ယာမြေများကို မလွန်ကပစ သိမ်းယူထားမှုကြောင့် တောင်သူများ အခက်ကြုံ

Photo: ယာမြေများကို မလွန်ကပစ သိမ်းယူထားမှုကြောင့် တောင်သူများ အခက်ကြုံ
Tuesday, January 13, 2015 

မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာက တောင်သူတွေရဲ့ယာတွေကို မလွန်ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂)က သိမ်းယူထားတဲ့အတွက် ဒေသခံတောင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မလွန်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂)က စစ္စနို့ကျေးရွာက တောင်သူတွေရဲ့ယာတွေကို ၁၉၉၂ ခုနှစ်က အဓမ္မသိမ်းယူခဲ့တာပါ။ တောင်သူတွေက သိမ်းယူထားတဲ့ မိမိယာတွေကို ပြန်လုပ်တဲ့အခါ သီးထောက်ခ (ဆပ်ကြေး) နှမ်းတခွဲပေးခဲ့ရတယ်လို့ဆိုပါတယ်။

“ပထမကောက်တုန်းက တစ်ဧကကို နှမ်းတစ်ခွဲနှုန်း၊ ဒုတိယမှာ တစ်ဧကကို နှမ်းတစ်ဆိတ်နှုန်းနဲ့ သူတို့ ကောက်ပါတယ်။ ကျနော်တို့ စစ္စနို့ကျေးရွာက တောင်သူဦးရေအားဖြင့် ၄၀ လောက်ပါမယ်။ ဧကအားဖြင့် ၃၀၀ နီးပါးလောက် အဲဒါကတော့ လယ်မြေယာမြေ အကုန်လုံးပေါ့။ အဲဒီစစ်ပစ်ကွင်းဧရိယာအတွက် သိမ်းစည်းထားတဲ့ ကျနော်တို့မှာ လယ်ယာမြေက စိုက်ပျိုးဘဏ် ကလည်း ချေးငွေမရပါဘူး။ လယ်ယာမြေ ပုံစံ(၇)လည်း ကျနော်တို့မှာ မရှိပါဘူး။”

ဒေသခံတောင်သူတွေက စက်ပစ်ကွင်းတဲ့ လွတ်မြေနေရာကိုတပ်ပိုင်မြေအဖြစ် စွန့်လွှတ်ပေးဖို့ လိုလားနေကြပြီး ယာပိုင်ဆိုင်ခွင့်ပုံစံ (၇) ရယူနေချင်ကြတာလည်း ဖြစ်ပါတယ်။

“ကျနော်တို့ မြေယာအသုံးချမှုလုပ်ငန်းတွေ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ စက်ပစ်ကွင်းကြီး ဖြစ်နေတဲ့အတွက် အဟန့်အတားလေးတွေ ဖြစ်နေပါတယ်။ တပ်ပိုင်မြေအဖြစ်ကနေ စွန့်လွှတ်ပေးမယ်ဆိုရင်တော့ ကျနော်တို့ နယ်သူနယ်သားတွေ အတိုင်းထက်အလွန် အားလုံးလည်း မြေယာလုပ်ပိုင်ခွင့်တွေရ လာမယ်၊ ပုံစံ(၇)တွေလည်း ရလာမယ်။”

ပြီးခဲ့တဲ့ ၂၀၁၄ ဒီဇင်ဘာလက စစ်တပ်က သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်လည် ပေးအပ်နေတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက တရားဝင်ထုတ်ပြန်လာတာကြောင့် ယာမြေတွေ သိမ်းခံထားရတဲ့ စစ္စနို့ကျေးရွာသူ ကျေးရွာသားတွေက မိမိတို့ယာတွေကို ပြန်လိုချင်နေကြတာ ဖြစ်ပါတယ်။

ဒီဗွီဘီ
မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာက တောင်သူတွေရဲ့ယာတွေကို မလွန်ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂)က သိမ်းယူထားတဲ့အတွက် ဒေသခံတောင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဂျပန်စီးပွားရေး ပြန်လည်ဦးမော့လာရေး စံချိန်တင်ဘတ်ဂျက်အသုံးစရိတ် အတည်ပြု

Photo: ဂျပန်စီးပွားရေး ပြန်လည်ဦးမော့လာရေး စံချိန်တင်ဘတ်ဂျက်အသုံးစရိတ် အတည်ပြု
Tuesday, January 13, 2015 

ဂျပန်နိုင်ငံသည် စီးပွားရေး တုံ့ဆိုင်းနေမှုကို ပြန်လည်ဦးမော့လာစေရန် လာမည့်ဘဏ္ဍာရေးနှစ်၌ စံချိန်တင် ဘတ်ဂျက်ငွေပမာဏကို သုံးစွဲရန် စီစဉ်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရအဖွဲ့က အရောင်းခွန်မြှင့် တင်မှုပြုလုပ်ခဲ့ပြီးနောက် စီးပွားရေး တိုးတက်မှု နှေးကွေးသွားခဲ့ရသည်။

ဧပြီ ၁ ရက်မှ စတင်မည့် ဘဏ္ဍာရေးနှစ်သစ်အတွက် ဘတ်ဂျက်ငွေ ယန်း ၉၆ ဒသမ ၃၄ ထရီလီယံ (အမေ ရိကန်ဒေါ်လာ ၈၁၄ ဘီလီယံ) သုံးစွဲရန် အစိုးရဝန်ကြီးများ နှင့် အာဏာရညွန့်ပေါင်းအဖွဲ့မှ ပါတီများက မြို့တော် တိုကျိုတွင် ဇန်နဝါရီ ၁၂ ရက်က ကျင်းပသော အစည်း အဝေးတွင် သဘောတူညီ ခဲ့ကြကြောင်း ဘဏ္ဍာရေး ဝန်ကြီး တာရိုအာဆိုက သတင်းထောက်များအား ပြောကြားသည်။

ဂျပန်အစိုးရအဖွဲ့သည် ကြွေးမြီဝန်ထုပ်ဝန်ပိုး သက်သာစေရေးအတွက် အခွန်ဝင်ငွေတိုးစေရန် နည်းလမ်း ရှာဖွေခဲ့သည်။ ဂျပန်နိုင်ငံသည် ၂၄ နှစ်တာ ကာလအတွင်း နှစ်အလိုက် အခွန်ဝင်ငွေ အများဆုံးရရှိ မည်ဟု မျှော်မှန်းသည်။ သို့ရာတွင် အစိုးရငွေချေးစာချုပ်သစ် ထုတ်ဝေမှုကို ၂ဝဝ၈ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးအဆင့် သို့ လျှော့ချခဲ့သည်။

ဝန်ကြီးချုပ်အာဘေး၏ အစိုးရအဖွဲ့သည် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် အသုံးစရိတ်ကို မြှင့်တင်ခဲ့ပြီး လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် နောက်ဆက်တွဲ ဘတ်ဂျက်အသုံးစရိတ်မှတစ်ဆင့် အငယ်စား စီးပွားရေး လုပ်ငန်းများကို အားပေးခဲ့သည်။

ဂျပန်နိုင်ငံ၌ သက်ကြီးရွယ်အိုဦးရေ တိုးပွားလာခြင်း ကြောင့် လူမှုဖူလုံရေး အသုံးစရိတ်များကို ထိန်းချုပ်နိုင်ရန် ခက်ခဲကြောင်း၊ နှစ်စဉ် ဘတ်ဂျက်အသုံးစရိတ် မြှင့်တင်သွား မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။

MOI Webportal Myanmar
ဂျပန်နိုင်ငံသည် စီးပွားရေး တုံ့ဆိုင်းနေမှုကို ပြန်လည်ဦးမော့လာစေရန် လာမည့်ဘဏ္ဍာရေးနှစ်၌ စံချိန်တင် ဘတ်ဂျက်ငွေပမာဏကို သုံးစွဲရန် စီစဉ်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်နိုင်

နိုင်ငံတကာနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလာမှု၊ အပြန်အလှန်ကုန်သွယ်မှုများ ဆောင်ရွက်လာနိုင်မှု ကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက်ရှိရာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်ကုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော် ရောက်ရှိနိုင် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြင်သစ်နိုင်ငံတ၀န်း လုံခြုံရေး ၁ သောင်း တိုးမြှင့်

လွန်ခဲ့တဲ့ ၃ ရက်က ပြင်သစ်မြို့တော်နဲ့ ပတ်ဝန်းကျင်မှာ အကြမ်းဖက်တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့အပြီး ပြင်သစ်နိုင်ငံရဲ့ လုံခြုံရေးဆက်လက် ခြိမ်းခြောက်နေသေးတာကြောင့် နိုင်ငံတ၀န်းတပ်အင်အား ၁ သောင်း တိုးမြှင့်ချထားတယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က ကြေညာပါတယ်။

ငမင်သစ်တောနှင့် ပလွေးသစ်တော ကြိုးဝိုင်းများအတွင်းမှ ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်း

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဘီဝမ်းကုမ္ပဏီ (သစ်တောဧက ၁ဝဝဝ)တွင် အခြေပြုလျက် ရှိ သော မကွေးရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ချန်ထွန်းအောင်နှင့် သစ်တောဦးစီးဌာန ပူးပေါင်းအဖွဲ့ သည် တောင်တွင်းကြီးမြို့နယ် ငမင် သစ်တောကြိုးဝိုင်းနှင့် နေပြည်တော်ကောင်စီ ဥတ္တရသီရိမြို့နယ် ပလွေး သစ်တောကြိုးဝိုင်းအတွင်း တရား မဝင်သစ်များ ရှာဖွေဖော်ထုတ် စုံစမ်းခဲ့ရာ ကာလတန်ဖိုး ငွေကျပ် ၂၃၈၃၄၇ဝ ရှိ ပိုင်ရှင်မဲ့သစ်များကို ဇန်နဝါရီ ၁ဝ ရက် နံနက် ၇ နာရီခွဲ မှ ညနေ ၄ နာရီအတွင်း ရှာဖွေ သိမ်းဆည်း ရမိခဲ့ ကြောင်း သိရသည်။

ကယား ပါတီသုံးခု မဟာမိတ် ဖွဲ့လိုက်ပြီ

ကယားတိုင်းရင်းသားပါတီ သုံးခု ဇန်နဝါရီ ၁၂ ရက်က မဟာမိတ်ပါတီများအဖြစ် ပူးပေါင်းလိုက်ပြီ ဖြစ် ကြောင်း ကယားလူမျိုးစု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောဒယ်နီယာက မဇ္ဈိမကို ပြောသည်။

ပေါက်ခေါင်းမြို့နယ်တွင် ထွန်တုံးတိုက် တောင်သူနှစ်ဦးကို ထောင်ဒဏ်အမိန့်ချ

Photo: ပေါက်ခေါင်းမြို့နယ်တွင် ထွန်တုံးတိုက် တောင်သူနှစ်ဦးကို ထောင်ဒဏ်အမိန့်ချ
Tuesday, January 13, 2015 

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တရားရုံးက ထွန်တုံးတိုက် တောင်သူ နှစ်ဦးကို ပိုင်နက်ကျူးလွန် မှုဖြင့် ထောင်ဒဏ် နှစ်လစီ ဇန်န၀ါရီ၁၂ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း တောင်သူနှစ်ဦးဘက်က လိုက်ပါကူညီပေးသူ ကိုဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

“နှစ်ယောက်စလုံးကို ထောင်နှစ်လစီ ချလိုက်တယ်ခင်ဗျ” ဟု ဟု အမိန့်ချစဉ် တရားရုံးတွင် ရှိနေသည့် ကိုဝင်းလှိုင်က ပြောသည်။

ပေါက်ခေါင်းမြိုကနယ် တရားရုံးက ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုဖြင့် ထွန်တုံးတိုက်ပွဲ ဦးဆောင်သူ ဦးခင်ဝင်းနှင့် ထယ်ငှားလိုက်သူ ဦးစိန်မြင့်အောင်တို့ကို တရားသူကြီး ဒေါ်တင်ကြူကြူဝင်းက လက်ခံစစ်ဆေးနေပြီး ထောင်ဒဏ် နှစ်လ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ထွန်တုံးတိုက်ပွဲတွင် ပါဝင်သည့် ဦးခင်ဝင်း နှင့် ၅ဦး၊ ဦးထွန်းရီ နှင့် ၁၃ဦး၊ ဦးသက်ဇော် နှင့် ၁၂ဦး တို့ကို မြေစာရင်းအမည်ပေါက် ပိုင်ဆိုင်သူ ဦးအောင်စိုး၊ ဒေါ်အေးဝင်း၊ ကိုကျော်နိုင်တို့က ပိုင်နက်ကျူးလွန်မှုဖြင့် တရားဆွဲထားသေးသည်။ ထို့ပြင် လယ်ယာမြေ ပြန်ရရေး အတွက် ဆန္ဒပြသည့် ဦးစိန်မြင့်အောင် နှင့် ၃ဦးကိုလည်း စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။

၁၉၉၇ ၊ ၂၀၀၄ ၊ ၂၀၀၆ ခုနှစ်များတွင် ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းအုပ်စု လွှစင်ကုန်းကျေးရွာမှ ကွင်းအမှတ် ၈၄၄(A) ရှိ ယာမြေဧက ၁၀၀ခန့်ကို မြန်မာ့ကြံက သိမ်းယူခဲ့ပြီး ဦးပိုင်အစုရှယ်ယာပါ အင်ငါးဂွသကြားစက်က လုပ်ကိုင်လာရာမှ လုပ်ငန်းရပ်ဆိုင်းလိုက်သည့် အချိန်တွင် မူလယာသမားများအား ပြန်မပေးဘဲ အဆင့်ဆင့် လွှဲပြောင်းရောင်းချ မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တရားဆွဲဆိုခံထားရသည့် တောင်သူများသည် ယာမြေအခွန်ဆောင် ပြေစာ အထာက်အထားများနှင့် ယာနီးနား ထောက်ခံချက်များ ရှိသော်လည်း ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီက မြေစာရင်း အမည်ပေါက်သူ များကိုသာ အနိုင်ပေးထားကြောင်း ကိုဝင်းလှိုင်က ပြောသည်။

Mizzima - News in Burmese 

ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ ၁ ရက်က လယ်ယာမြေ ပြန်ရရေးအတွက် ဆန္ဒပြစဉ်။ (ဓာတ်ပုံ- ရေခဲ၊ပြည်)
ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ ၁ ရက်က လယ်ယာမြေ ပြန်ရရေးအတွက် ဆန္ဒပြစဉ်။ (ဓာတ်ပုံ- ရေခဲ၊ပြည်)
ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တရားရုံးက ထွန်တုံးတိုက် တောင်သူ နှစ်ဦးကို ပိုင်နက်ကျူးလွန် မှုဖြင့် ထောင်ဒဏ် နှစ်လစီ ဇန်န၀ါရီ၁၂ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း တောင်သူနှစ်ဦးဘက်က လိုက်ပါ ကူညီပေးသူ ကိုဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

‘မုသာဝါဒဖြင့် အုပ်ချုပ်နေသည့် တိုင်းပြည်’ ဟု ပြက်လုံးထုတ်ခံရ

Sky Net ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပေးနေသည့် အစီအစဉ် တစ်ခုတွင် ဟာသလူရွှင်တော် ပွမ်ပွမ်နှင့် ချစ်ချော တို့၏ ပြက်လုံးများသည် ထုတ်လွှင့်မှု ဖြတ်တောက်ခံလိုက်ရပြီး ‘မုသာဝါဒဖြင့် အုပ်ချုပ်နေသည့် တိုင်းပြည်’ ဟု ပြက်လုံးထုတ်လိုက်ခြင်း ဖြစ်သည်။

အစိုးရက အပစ်ရပ်လက်မှတ်ထိုးရန် မိမိတို့အဖွဲ့ကို အသိအမှတ်မပြုခြင်းမှာ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်း အကြောင်းရင်းတစ်ခုဟု ကိုးကန့်လက်နက်ကိုင် အဖွဲ့ပြော

ကိုးကန့်လက်နက်ကိုင် အဖွဲ့ မြန်မာအမျိုးသားဒီမိုကရေ စီမဟာမိတ်တပ်မတော် (MND-AA) အနေဖြင့် အစိုးရတပ်မတော်နှင့် ပြန်လည်ရင်ဆိုင်တိုက်ခိုက်တော့မည်ဟု သတင်းထွက်ပေါ် လာရခြင်းမှာ တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရာတွင် ပါဝင်လက်မှတ်ထိုးရန် ၎င်းတို့ ဘက်က အဆင်သင့်ရှိသော်လည်း အစိုးရဘက်က အသိအမှတ် မပြုခြင်းမှာ အချက်တစ်ချက် အဖြစ်ပါဝင်ကြောင်း MNDAA က ပြောကြားလိုက်သည်။

သိက္ခာရှိတဲ့ နိုင်ငံရေး

Photo: သိက္ခာရှိတဲ့ နိုင်ငံရေး
Tuesday, January 13, 2015

နိုင်ငံတော်သမ္မတကြီး ကလေးချီထားတဲ့ ဓါတ်ပုံကလေးတစ်ပုံကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် တင်ထားတာကို ဆန့်ကျင်ဘက် အတိုက်အခံတစ်ဦးက Freedom Of All Burma အမည်ရှိ Facebook Group မှာ တင်ထားတာ ရှိတယ်ဆိုပြီး မိတ်ဆွေ အတော်များများက အသိပေးလာခဲ့ပါတယ်။

မြန်မာ့ လူမှုကွန်ရက်အသိုင်းအ၀ိုင်းမှာ “ငါနဲ့မတူ ငါ့ရန်သူ၊ ဘုံရန်သူရှာကြ၊ ချေမှုန်းကြ” ဆိုတဲ့ ရက်ဒီကယ်ရေစီးကြောင်း ရှိနေတာသိရတဲ့အတွက်လည်း ထူးပြီး မအံ့သြမိပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာရင် ဒါမျိုးတွေ ပိုပိုပြီး ဆိုရွားလာလိမ့်မယ် ဆိုတာတွေလည်း ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်တဲ့အတွက် ဖြစ်တတ်တဲ့ကိစ္စပဲ ဆိုပြီး တွေးတောမိခဲ့ပါတယ်။

ဒါပေမယ့်-

Freedom Of All Burma Group ကို ၀င်ကြည့်လိုက်တော့မှ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၁၉ မိနစ်မှာ တင်ထားတဲ့ မှတ်ချက်ကို တွေ့လိုက်ရပါတယ်။ NLD ပါတီဗဟိုရဲ့ သုတေသနလမ်းညွှန်အဖွဲ့ရဲ့ အတွင်းရေးမှူး တာဝန် ယူထားသူတစ်ဦးက ဒီလိုမျိုး ပြုမူ ဆောင်ရွက်တာ တွေ့လိုက်ရတဲ့အတွက် အံ့သြမိပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။

နိုင်ငံရေးသိပ္ပံဘာသာရပ်တွေ သင်ကြားနေတဲ့ ဗေဒါ အင်စတီကျုက သင်ကြားမှုတွေအပေါ်မှာလည်း စိုးရိမ်ပူပန်မိပါတယ်။

အဓိကအချက်ကတော့ သူရဲ့ ပါတီဥက္ကဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “သိက္ခာရှိတဲ့ နိုင်ငံရေး” ဆိုတဲ့ စကားကို လိုက်နာဖို့ ပျက်ကွက်နေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း “နိုင်ငံရေးက မညစ်ပတ်ဘူး။ နိုင်ငံရေးသမားတွေက နိုင်ငံရေးကို ညစ်ပတ်အောင်လုပ်နေတာ” ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တာ ဖြစ်မှာပါ။

သိက္ခာ ရှိတဲ့ နိုင်ငံရေး ( ဒေါ်အောင်ဆန်းစုကြည်)

“ဟိုဘက်က နိုင်လို့နိုင်တဲ့သူ ကို ချော်လဲအောင် လုပ်မယ်လို့ သူနိုင်သွားမှာစိုးလို့ ခလုတ် တိုက်အောင်လုပ်မယ်လို့။ ဒါမျိုးတွေဟာ မလုပ်သင့်ဘူး။ ဒါဟာ သိက္ခာ ရှိတဲ့ နိုင်ငံရေး မဟုတ်ဘူး။သိက္ခာရှိတဲ့ နိုင်ငံရေး မလုပ်နိုင်လို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှာမဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ အမြင်ချင်း မတူတာတွေရှိတယ်။ ဒါကတော့ ရှိမှာပဲ။ လူပဲ အမြင်ချင်း တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့။”

[ဒေါ်အောင်ဆန်းစုကြည်၊ ၁၉-၃-၂၀၁၄ ၊ နေပြည်တော်
ကော့မှုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံစဉ်]

Hmuu Zaw
[ဒေါ်အောင်ဆန်းစုကြည်၊ ၁၉-၃-၂၀၁၄ ၊ နေပြည်တော် 
ကော့မှုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံစဉ်]
နိုင်ငံတော်သမ္မတကြီး ကလေးချီထားတဲ့ ဓါတ်ပုံကလေးတစ်ပုံကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် တင်ထား တာကို ဆန့်ကျင်ဘက် အတိုက်အခံတစ်ဦးက Freedom Of All Burma အမည်ရှိ Facebook Group မှာ တင်ထားတာ ရှိတယ်ဆိုပြီး မိတ်ဆွေ အတော်များများက အသိပေးလာခဲ့ပါတယ်။

ထိုင်းနိုင်ငံသား ထံမှ ထိုင်းငွေစက္ကူအတုများ တာချီလိတ်၌ ဖမ်းဆီးရရှိ

Photo: ထိုင်းနိုင်ငံသား ထံမှ ထိုင်းငွေစက္ကူအတုများ တာချီလိတ်၌ ဖမ်းဆီးရရှိ
Tuesday, January 13, 2015

ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နယ်ရှိ တာလော့ဈေးအတွင်း၌ တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ရောက်ရှိလာသည့် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးထံမှ ထိုင်းဘတ်ငွေ အတုများကို ဇန်န၀ါရီလ
(၁၂)ရက် နေ့လယ်ပိုင်းက ဖမ်းဆီး သိမ်းဆည်းရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ချင်းရိုင်းမြို့နယ်၊ မယ်ဆိုင် - ချင်းရိုင်းလမ်းအနီးတွင် နေထိုင်သူ Mr.Audomsak သည် မယ်ဆိုင်မြို့မှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ရောက်ရှိလာပြီး အမှတ်(၁) ချစ်ကြည်ရေး တံတားအနီးရှိ တာလော့ဈေးတွင် ထိုင်းဘတ်ငွေ အတုများဖြင့် ဈေးဝယ်နေစဉ် ဆိုင်ရှင်မှ မသင်္ကာ၍ မေးမြန်းရာ ထွက်ပြေးတိမ်းရှောင်သွားသည့် အတွက် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် တာဝန်သိ ပြည်သူများဖြစ်သည့် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်တက္ကစီသမားများ၊ ဈေးသည်များ၊ ၊ ရပ်ကွက် အဖွဲ့ဝင်များမှ စုပေါင်း၍ ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ရွှေတာချီခရီးသွားလုပ်ငန်း ဆိုင်ကယ်တက္ကစီ အဖွဲ့မှ ကော်မတီဝင် ဦးကျော်မြင့်က "ထိုင်းနိုင်ငံသားတစ်ဦး ဘတ်ငွေ တစ်ထောင်တန်အတုနဲ့ တာလော့ဈေးမှာ ၀ယ်နေတုန်း ဆိုင်ရှင်က မသင်္ကာလို့ စစ်မေးတဲ့အခါမှာ ထိုင်းနိုင်ငံသားက ထွက်ပြေးတိမ်းရှောင်လို့ ရွှေတာချီဆိုင်ကယ် တက္ကစီအဖွဲ့က ပါဝင်ပြီး အများနဲ့အတူ ရှာဖွေပြီး ၀ိုင်းဝန်း ဖမ်းဆီးခဲ့ကြပါတယ်"ဟု ပြောသည်။
"အခုလို ထိုင်းဘတ်ငွေတွေနဲ့အတူ ဖမ်းဆီးရမိတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မယ်ဆိုင်ဘက်က သက်ဆိုင်ရာတွေလည်း လာကြည့်သွားတယ်၊ ကျွန်တော်တို့ဘက်ကလည်း ဥပဒေအရ အရေးယူဆောင်ရွက် ထားပါတယ်.."ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။
ဖမ်းဆီးရမိသော ထိုင်းနိုင်ငံသားထံမှ ထိုင်းဘတ်ငွေအတု တစ်ထောင်တန်(၁၈)ရွက် နှင့် တစ်ရာတန်(၁၆)ရွက်တို့အား ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၁၃/၂၀၁၅ ပြစ်မှုပုဒ်မ ၄၈၉(ခ)(ဂ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရှိရသည်။
တာချီလိတ်မြို့တွင် ယခုလို ထိုင်းငွေစက္ကူအတုများ ဖမ်းဆီးရမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ (၀၁း၃၀)နာရီအချိန်ခန့်က လူမျိုးခြား (၄)ဦးထံမှ ထိုင်းဘတ်ငွေစက္ကူအတု တစ်ထောင်တန် (၂၅၀)ရွက်အား ဖမ်းဆည်းသိမ်းရမိခဲ့ကြောင်းကို မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းထံမှ သိရှိရသည်။

Tachileik Online News
ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နယ်ရှိ တာလော့ဈေးအတွင်း၌ တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ရောက်ရှိလာသည့် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးထံမှ ထိုင်းဘတ်ငွေ အတုများကို ဇန်န၀ါရီလ(၁၂)ရက် နေ့လယ်ပိုင်းက ဖမ်းဆီး သိမ်းဆည်းရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှသိရသည်။

တောင်ကြီးမြို့ အကြမ်းဖက်ဆူပူမှု တရားခံများ ထောင်ဒဏ် စီရင်ခံရ

Photo: တောင်ကြီးမြို့ အကြမ်းဖက်ဆူပူမှု တရားခံများ ထောင်ဒဏ် စီရင်ခံရ
Tuesday, January 13, 2015 

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲ ခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးထဲက ၁၈ ဦးကို ထောင်ဒဏ် ၁၄ နှစ်စီ၊ တစ်ဦးကို ထောင်ဒဏ် ၁၉ နှစ်နဲ့ ၁ ဦးကို ၇ နှစ် ပြစ်ဒဏ်ကျခံဖို့ တောင်ကြီး ခရိုင်တရားရုံးက ဒီနေ့ အမိန့်ချ မှတ်လိုက်ပါတယ်။

အမိန့်ချခံရသူတွေရဲ့ မိသားစုဝင်တွေက ကျေနပ်မှုမရှိတဲ့အတွက် ရှမ်းပြည်နယ်တရားလွတ်တော်ထံ အယူ ခံဝင်ကြမယ်လို့ အမိန့်ချခံရသူ ၂၀ ဦးထဲက ၃ ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းရွှေ က ပြောပါတယ်။

"တရားစီရင်ရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ကတော့ ဒီအမှုတွဲပေါ်ပေါက်ချက်အရဆိုရင်တော့ ကျနော်တို့ဘက်က ကျေနပ်မှုမရှိဘူး၊ အချခံရတဲ့ ပုဂ္ဂိုလ်တွေအားလုံးကတော့ သူတို့အသီးသီး ကျေနပ်မှုမရှိ ကြတဲ့အတွက်ကြောင့် ရှမ်းပြည်နယ်လွှတ်တော်ကို အသီးသီးအယူခံဝင်တယ်။

အမိန့်ချခံရသူ ၂၀ ဦးထဲက ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသူကို မိတ္တီလာအကျဉ်းထောင်ကို ပို့ဆောင်မှာ
ဖြစ်ပြီး ကျန်တဲ့ ၁၉ ဦးကို တောင်လေးလုံးအကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်ပါတယ်။ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရသူ ဟာ နိုင်ငံတော်အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅ (ည)၊ ၅ (ဌ)အပြင် မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့နဲ့ အရေးယူခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့မှာ ကျင်းပတဲ့ အစ္စလာမ် ဘာ သာဝင် ဗလီဆရာတစ်ဦးရဲ့ မင်္ဂလာဆောင်ပွဲမှာ ထမင်းဟင်းချက်ပေးဖို့အတွက် အစ္စလာမ်ဘာသာဝင် ၁၄ ဦးတို့သွားရာလမ်းမှာ ရှမ်းပြည်နယ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဖမ်းဆီးခဲ့တာ လို့ သိရပါ တယ်။

အဲဒီနောက်ပိုင်း တောင်ကြီးမြို့မှာ အမှုနဲ့ဆက်စပ်သူလို့ယူဆရသူ နောက်ထပ် ၄ ဦးအပြင် ကွန်ဟိန်းမြို့က မင်္ဂလာစုံတွဲကိုပါ ဖမ်းဆီးလိုက်တဲ့အတွက် စုစုပေါင်း ၂၀ ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါ တယ်။

RFA
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲ ခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးထဲက ၁၈ ဦးကို ထောင်ဒဏ် ၁၄ နှစ်စီ၊ တစ်ဦးကို ထောင်ဒဏ် ၁၉ နှစ်နဲ့ ၁ ဦးကို ၇ နှစ် ပြစ်ဒဏ်ကျခံဖို့ တောင်ကြီး ခရိုင်တရားရုံးက ဒီနေ့ အမိန့်ချ မှတ်လိုက်ပါတယ်။

CENTCOM အင်တာနက် လူမှုကွန်ယက် ISIS ထိုးဖောက်

Photo: CENTCOM အင်တာနက် လူမှုကွန်ယက် ISIS ထိုးဖောက်
Tuesday, January 13, 2015

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကမ္ဘာတဝန်း အမေရိကန်စစ်ဆင်ရေးဗျူဟာ ကွပ်ကဲရေးဗဟိုဌာနချုပ် ခေါ် (US CENTCOM) ရဲ့ အင်တာနက်လူမှုကွန်ယက်တွေရဲ့ တွစ်တာနဲ့ ယူကျုအကောင့်တွေကို အစ္စလာမ်မစ် စတိတ်အုပ်စုအပေါ် သစ္စာရှိသူတွေလို့ သူတို့ကိုယ်သူတို့ ထုတ်ဖော် ပြောကြားတဲ့ hacker အင်တာနက်ဖောက်ထွင်းသူတွေက ခေတ္တ ဝင်ရောက် ခြယ်လှယ်နိုင်ခဲ့ကြပါတယ်။

တနင်္လာနေ့က တွစ်တာအကောင့်မှာ အမေရိကန်စစ်သားတွေကိုသတိပေးတဲ့ ‘ငါတို့ လာနေပြီ၊ သတိထားကြ၊ ISIS’ လို့ ဖော်ပြတဲ့ခြိမ်းခြောက်မှုတွေကို ဖော်ပြနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် တွစ်တာအကောင့်ရဲ့နောက်ပိုင်း ဆက်လက်ဖော်ပြချက်တွေမှာလည်း အမေရိကန်စစ်ဘက်အရာရှိတွေရဲ့ တယ်လီဖုန်း နံပါတ်တွေ၊ အီးမေးလ်လိပ်စာတွေနဲ့ နေရပ်လိပ်စာတွေပါဝင်တဲ့ စာတမ်းတွေနဲ့ ဆက်သွယ်နေတဲ့ အင်တာနက်လင့်ခ်တွေကိုလည်း ဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် တရုတ်နဲ့မြောက်ကိုရီးယားရဲ့ စစ်ဘက်ဆိုင်ရာမြေပုံများလို့ ယူဆရတဲ့ပုံတွေကိုလည်း အဲဒီအကောင့်ကနေ ဖော်ပြခဲ့ပါတယ်။ တွစ်တာနဲ့ ယူကျုအကောင့်တွေ ထိုးဖောက်ခံရတဲ့အကြောင်း CENTCOM တာဝန်ခံတွေက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်လို့ သင့်လျော်တဲ့အရေးယူ ဆောင်ရွက်မှုတွေကို ပြုလုပ်နေပြီလို့လည်း သူတို့က ပြောပါတယ်။ မိနစ် ၃၀ အတွင်း CENTCOM အကောင့်အားလုံးကို ယာယီပိတ်ပစ်နိုင်ခဲ့ပါတယ်။

အခုလို ဖောက်ထွင်းခံရခြင်းဟာ လုံခြုံရေးအတွက် အန္တရာယ်မရှိပေမယ့် အများပြည်သူနဲ့ဆက်ဆံရေးမှာတော့ ဦးနှောက်ခြောက်စရာဖြစ်တယ်လို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ ဝေဖန်ဆန်းစစ်ရေးသမားတွေက ပြောပါတယ်။ ထိပ်တန်းလျှို့ဝှက်တဲ့ စာရွက်စာတမ်းတွေတော့ ပေါက်ကြားခြင်း ရှိပုံမပေါ်ဘူးလို့လည်း သူတို့က ပြောပါတယ်။ တချို့ ဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ အင်တာနက်အပေါ်မှာ တင်ထားပြီးသားဖြစ်ပြီး ထိပ်တန်းလျှို့ဝှက်ချက်တွေ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကမ္ဘာတဝန်း အမေရိကန်စစ်ဆင်ရေးဗျူဟာ ကွပ်ကဲရေး ဗဟိုဌာနချုပ် ခေါ် (US CENTCOM) ရဲ့ အင်တာနက်လူမှုကွန်ယက်တွေရဲ့ တွစ်တာနဲ့ ယူကျု အကောင့် တွေကို အစ္စလာမ်မစ် စတိတ်အုပ်စုအပေါ် သစ္စာရှိသူတွေလို့ သူတို့ကိုယ်သူတို့ ထုတ်ဖော် ပြောကြားတဲ့ hacker အင်တာနက်ဖောက်ထွင်းသူတွေက ခေတ္တ ဝင်ရောက် ခြယ်လှယ်နိုင်ခဲ့ကြပါတယ်။

Charlie Hebdo စာစောင်သစ်မျက်နှာဖုံး တမန်တော်မိုဟာမက်ပုံနှင့် ထုတ်မည်

Photo: Charlie Hebdo စာစောင်သစ်မျက်နှာဖုံး တမန်တော်မိုဟာမက်ပုံနှင့် ထုတ်မည်
Tuesday, January 13, 2015

ပြင်သစ်နိုင်ငံက Charlie Hebdo အပတ်စဉ်မဂ္ဂဇင်းက ထုတ်ဝေမယ့် နောက် လာမယ့် စာစောင်မျာနှာဖုံးကို တမာန်တော် မိုဟာမက်ပုံနဲ့ ထုတ်ဝေမှာဖြစ် ပါတယ်။

တမာန်တော်မိုဟာမက်ဟာ “I am Charlie - ကျနော်ဟာ ချာလီ” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားမှာဖြစ်ပြီး အားလုံးကိုခွင့်လွှတ်တယ်ဆိုတဲ့ စာတန်းအောက်မှာ ရပ်နေတာဖြစ်တယ်လို့ ကြိုတင်ကြည့်ရှုခွင့်ရတဲ့ သတင်းဌာနတချို့က ပြောပါတယ်။

ပုံမှန်အားဖြင့် အပတ်စဉ် စောင်ရေ ၆၀,၀၀၀ ထုတ်ဝေရာကနေ အကြမ်းဖက် တိုက်ခိုက်မှု အပြီးစတင်ပြန်လည်ထုတ်ဝေရာမှာ စောင်ရေ သုံးသန်းထိ ဖြန့်ချီ သွားမှာ ဖြစ်ပါတယ်။ အစ္စလာမ် အစွန်းရောက် Cherif နဲ့ Said Kouachi တို့ဟာ Charlie မဂ္ဂဇင်းတိုက်ကို ဝင်ရောက်ပြီး ဝန်ထမ်း ၁၂ ဦးကို ပစ်သတ်ခဲ့ပါတယ်။ ဒီမဂ္ဂဇင်းဟာ အစ္စလာမ်အပါအဝင် တခြား ဘာသာတွေ၊ နိုင်ငံ့ခေါင်းဆောင် တွေကို ပစ် မှတ် ထားပြီး သရော်လှောင်ပြောင်တဲ့ ကာတွန်းတွေ ပါဝင်တဲ့ စာစောင်ကို ထုတ်ဝေပါတယ်ခင်ဗျာ။

ဗွီအိုအေ (မြန်မာဌာန)
ပြင်သစ်နိုင်ငံက Charlie Hebdo အပတ်စဉ်မဂ္ဂဇင်းက ထုတ်ဝေမယ့် နောက် လာမယ့် စာစောင်မျာနှာဖုံးကို တမာန်တော် မိုဟာမက်ပုံနဲ့ ထုတ်ဝေမှာဖြစ် ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ယာဉ်များ အပါအ၀င် အမြန်ရောက်ရန်လိုအပ်သည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ယာဉ်များအား အထူးအခွင့်အရေးအနေဖြင့် ဖြတ်သန်းခွင့်ပြုရန် စီစဉ်နေ

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ယာဉ်များ အပါအ၀င် အမြန်ရောက်ရန်လိုအပ်သည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ယာဉ်များအား အထူးအခွင့်အရေးအနေဖြင့် ဖြတ်သန်းခွင့်ပြုရန် စီစဉ်နေ 
Tuesday, January 13, 2015

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်း တင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များစသည့် အမြန်ရောက်ရန်လိုအပ်သည့် ယာဉ်များအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် တွင်  အထူးအခွင့်အရေးအနေနှင့် ဖြတ်သန်းခွင့်ပြုရန်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား စတင်ဖွင့်လှစ်သည့်အချိန်မှ စတင်၍ လက်ရှိကာလအထိ လူစီးယာဉ်ငယ်များနှင့် ခရီးသည်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုထားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်း တင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များစသည့် အမြန်ရောက်ရန်လိုအပ်သည့် ကုန်များကို သယ်ဆောင်ရန် ယာဉ်အမျိုးအစား သတ်မှတ်မည်ဖြစ်ပြီး သတ်မှတ်ယာဉ်ဖြင့် အထက်ပါကုန်စည်များ သယ်ယူပို့ဆောင်လိုသည့် လုပ်ငန်းရှင်များသည် မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမြန်ရောက်ရန်လိုအပ်သည့် ကုန်စည်များသယ်ယူပို့ဆောင်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအတွက် ဖြတ်သန်းခွင့် မှတ်ပုံတင်ပြုလုပ်ရန်နှင့် စည်းကမ်းချက်များရှင်းလင်းရန် ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်ရှိ  ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးကို ၂ဝဝ၉ ခုနှစ် မတ် ၂၅ ရက်တွင် ရန်ကုန်- နေပြည်တော်လမ်းပိုင်း၊ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်တွင် နေပြည်တော်- စကားအင်းလမ်းပိုင်းအား ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် စကားအင်း - တံခွန်တိုင် မန္တလေးလမ်းပိုင်းအား  ဖွင့်လှစ်ခဲ့ပြီး အမြန်လမ်းမကြီးသည် ၃၃၆ မိုင် ၃ ဖာလုံ အရှည်ရှိကာ မြို့နယ်ပေါင်း ၂၂ မြို့နယ်ကို ဖြတ်သန်းဖောက်လုပ်ထားကြောင်း သိရသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား လမ်းနယ်အကျယ် ပေ ၄ဝဝ သတ်မှတ်နိုင်ရန် လမ်းနယ်အတွင်း ပါဝင်သည့် အများပြည်သူများ ပိုင်ဆိုင်သော လယ်/ယာ မြေများ၊ သစ်တောမြေဧရိယာများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် မြို့နယ်များ၌ နယ်မြေအလိုက် ကွင်းဆင်းတိုင်းတာ စစ်ဆေး၍ မြေအမျိုးအစားပေါ်မူတည်ကာ ဈေးနှုန်းသတ်မှတ်မှုအတိုင်း ကျပ်သိန်းပေါင်း ၁၅ဝဝဝ ခန့်ပေးလျော်ထားပြီး ကျန်ရှိသည့် လယ်ယာမြေနှင့် အခြားမြေ ၉၄၁၉ ဧက ကျော်အတွက် ယခုဘဏ္ဍာနှစ်နှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက်ပေးလျော်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လူစီးယာဉ်ငယ်များနှင့် ခရီးသည်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုထားခဲ့သည်ဆိုသော်လည်း  ပုဂ္ဂလိကသတင်းစာတိုက်များမှ သတင်းစာဖြန့်ဝေသည့်ယာဉ်များ အပါအဝင် ယာဉ်အချို့အား သီးခြားခွင့်ပြုချက်ဖြင့် ဖြတ်သန်းခွင့်ပြုမှုမှာ ၂ဝ၁၃ ခုနှစ် မေ ၂၇ ရက်အထိ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖြတ်သန်းခွင့်ပြုမှုများ ရှိခဲ့ကြောင်းသိရသည်။ ထိုသို့ ခွင့်ပြုမှုများရှိသဖြင့်  Eleven Media Group  မှ ထုတ်ဝေသော The Daily Eleven သတင်းစာကို ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးမှတစ်ဆင့် နေ့စဉ်နေပြည်တော်နှင့် ဝန်းကျင်ဒေသများသို့ ပေးပို့နိုင်ရန် ကားဖြတ်သန်းခွင့်အား ၂ဝ၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးများသို့ တရားဝင်တင်ပြ၍ ခွင့်ပြုချက်အရ ဖြတ်သန်းပို့ဆောင်ခဲ့သည်။ ထိုသို့ ပို့ဆောင်နေစဉ် မေ ၂၅ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော လူ ၁၁ ဦးသေဆုံးခဲ့ရသည့် ယာဉ်မတော်တဆမှုအပေါ် အခြေခံကာ အမြန်လမ်းမ၏ လိုအပ်ချက်များအား ဝေဖန်ထောက်ပြသည့် အယ်ဒီတာ့အာဘော်အား ၂ဝ၁၃ ခုနှစ် မေ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည်။ ယင်း အယ်ဒီတာ့အာဘော်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုံ့ပြန်ရေးသားခဲ့ပြီး ဖေ့ဘွတ်တွင် ထင်မြင်ချက်မှတ်ချက်ပေးသူများနှင့်လည်း အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက်ပိုင်း မေ ၂၇ ရက် ညပိုင်းတွင် The Daily Eleven  သတင်းစာပို့သည့်ကားများ အမြန်လမ်းမှတစ်ဆင့် နေပြည်တော်သို့ သတင်းစာပို့ဆောင်ရန် ထွက်ခွာစဉ် ယနေ့သည် နောက်ဆုံးဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း နောက်ရက်များမှစ၍ The Daily Eleven သတင်းစာပို့သည့်ကားများကို အမြန်လမ်းမမှ ဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန် Toll Gate မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီးနောက် သတင်းစာတင်ယာဉ်များအား ဖြတ်သန်းခွင့်မပြုတော့ရာမှ လက်ရှိအချိန်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်းတင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များ စသည့် အမြန်ရောက်ရန်လိုအပ်သည့် ယာဉ်များအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်  အထူးအခွင့်အရေးအနေဖြင့် ဖြတ်သန်းခွင့်ပြုရန် ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် သွားလာနေ သည့် ယာဉ်များအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် သွားလာနေ သည့် ယာဉ်များအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်) 
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်း တင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များစသည့် အမြန်ရောက်ရန်လိုအပ်သည့် ယာဉ်များအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်  အထူးအခွင့်အရေးအနေနှင့် ဖြတ်သန်းခွင့်ပြုရန်ရှိကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ၂ နှစ်ဆက်တိုက်ရရှိ

Photo: ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ၂ နှစ်ဆက်တိုက်ရရှိ
Tuesday, January 13, 2015

၂၀၁၄ အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (ဖီဖာဘလွန်း ဒီအောဆု) ကို ရော်နယ်ဒိုက ၂ နှစ်ဆက်တိုက် ဆွတ် ခူးသွားသည်။
ကမ္ဘာ့အကောင်းဆုံး ဘော လုံးသမာဆု လေးနှစ်ဆက်ရရှိ ထားသော မက်ဆီ၊ ဂျာမနီအသင်းကမ္ဘာ့ဖလားရရှိရာတွင် အဓိက လက်စွမ်းပြခဲ့သော နူအာတို့ကို ကျော်ဖြတ်၍ အကောင်းဆုံးဘောလုံး သမားဆုကိုဆွတ်ခူးသွားခြင်း ဖြစ်သည်။ ရော်နယ်ဒိုအတွက် ကမ္ဘာ့အကောင်းဆုံးဆုမှာ သုံးကြိမ်မြောက် ရရှိခဲ့ခြင်းလည်းဖြစ် သည်။ 

၂၀၁၄ အတွက် အကောင်း ဆုံးနည်းပြဆုကို ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီနှင့် အက်သလက်တီကိုမက်ဒရစ် နည်းပြ ဆီမြွန်နီတို့ကို ကျော်ဖြတ်၍ ဂျာမနီလက်ရွေးစင်ဘောလုံးအသင်းကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သော ဂျိုအာလိုချင်က ရရှိခဲ့သည်။ 

၂၀၁၄ တစ်နှစ်တာ အလှဆုံးဂိုးအဖြစ် ကိုလံဘီယာလက်ရွေးစင်နှင့် မက်ဒရစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ကိုလံဘီယာ နှင့် ဥရုဂွေးတို့၏ ကွာတားဖိုင်နယ် ပွဲစဉ်၌ ဘောလုံးကို ရင်ဘတ်ဖြင့်ထိန်းကာ ကိုယ်ကို တစ်ပတ်လှည့်ပြီး မြေမကျ ဘော်လီဆွဲကန်သွင်းယူခဲ့သောဂိုးဖြင့် ရရှိခဲ့သည်။
၂၀၁၄ အတွက် ဖီဖာအ ကောင်းဆုံး ၁၁ဦး ကစားသမား စာရင်းတွင် ဂိုးသမားနူအာ၊ နောက်တန်း ရာမို့စ်၊ သီယာဂို ဆေးလ်ဗား၊ ဒေးဗစ်လူးဝစ်၊ ဖီး လစ်လမ်း၊ ကွင်းလယ်တွင် အင်နီ ယေစတာ၊ တိုနီခရုစ်၊ ဒီမာရီယာ၊ ရှေ့တန်းသုံးဦးအဖြစ် ရော်နယ်ဒို၊ ရော်ဘင်၊ မက်ဆီတို့ ရွေးချယ် ခံရသည်။ 

—Ref: FIFA
7Day Daily
၂၀၁၄ အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (ဖီဖာဘလွန်း ဒီအောဆု) ကို ရော်နယ်ဒိုက ၂ နှစ် ဆက်တိုက် ဆွတ် ခူးသွားသည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမာဆု လေးနှစ်ဆက်ရရှိထားသော မက်ဆီ၊ ဂျာမနီအသင်းကမ္ဘာ့ဖလားရရှိရာတွင် အဓိကလက်စွမ်းပြခဲ့သော နူအာတို့ကို ကျော်ဖြတ်၍ အကောင်းဆုံးဘောလုံး သမားဆုကိုဆွတ်ခူးသွားခြင်း ဖြစ်သည်။ ရော်နယ်ဒိုအတွက် ကမ္ဘာ့အကောင်းဆုံး ဆုမှာ သုံးကြိမ်မြောက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။ 

အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားသူ တပ်မတော်အရာရှိဟောင်းနှစ်ဦးအပါအ၀င် နိုင်/ကျဉ်းဟောင်းများအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့ငွေပေး

Photo: အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားသူ တပ်မတော်အရာရှိဟောင်းနှစ်ဦးအပါအ၀င် နိုင်/ကျဉ်းဟောင်းများအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့ငွေပေး 
Tuesday, January 13, 2015 

အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားသူ တပ်မတော် အရာရှိဟောင်းနှစ်ဦးအပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေ ပေးအပ်မှုကို ဇန်န၀ါရီ ၁၂ ရက်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက် ဆိုင် တွင် ပြုလုပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်စည်းကမ်းဖောက်ဖျက်မှုစွဲချက်ဖြင့် မန္တလေး၊ အိုးဘိုထောင်တွင် ထောင်ဒဏ်ကျခံနေရသည်ဟုဆိုသည့် ဗိုလ်မှူးဟောင်းကျော်စွာဝင်းနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေသည်ဟုဆိုကာ ယခင်အစိုးရလက်ထက်ကတည်းက ပြစ်ဒဏ်ချမှတ်ခံထားရသည့် တောင်ငူထောင်မှ အရာခံဗိုလ်ဟောင်းအောင်ကျော်လင်းတို့အား အကျဉ်းကျခံနေရဆဲနိုင်ငံရေးအကျဉ်းသားများအဖြစ်သတ်မှတ်ကာ ၎င်းတို့၏မိသားစုဝင်များအား ထောက်ပံ့ငွေကျပ်သုံးသိန်းစီပေးအပ်ခဲ့ကြောင်း သိရသည်။

အရာခံဗိုလ်ဟောင်း အောင်ကျော်လင်း၏ဇနီးဖြစ်သူ မနန်းကေသီက "စစ်စည်းကမ်းဖောက်ဖျက်မှုဆိုပြီး ပြစ်ဒဏ်ကျခံနေရတာပါ။ လွတ်ရက်မရှိဘူးလို့ပြောတယ်။ သူနဲ့တွေ့ဖြစ်တယ်။ တောင်ငူမှာ တစ်လတစ်ခါသွားတယ်။ အခုတော့ ငါးလလောက်ခြားသွားတာပေါ့။ သူအကျဉ်းကျတာငါးနှစ်လောက်ရှိပြီ။ သားတစ်ယောက် သမီးတစ်ယောက်ကျန်ခဲ့တယ်။ သူလွတ်မြောက်ဖို့တော့ ဘုရားတရားပဲလုပ်ဖို့တတ်တယ်။ ကျန်တာတော့ကျွန်မနားမလည်ဘူး" ဟုပြောကြားသည်။

ယခုပြုလုပ်ခဲ့သည့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ (၁၈) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲတွင် အကျဉ်းကျနေဆဲနိုင်ငံရေးအကျဉ်းသားနှစ်ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၉ ဦးနှင့် အဖွဲ့အစည်းတစ်ခုတို့အား စုစုပေါင်း ကျပ် ၅၂ သိန်းထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အလှူရှင်များကလည်း ဖောင်ဒေးရှင်းသို့ အလှူငွေများပေးအပ်ခဲ့ရာ အလှူငွေ ၄၂ သိန်းလှူဒါန်းခဲ့သည့် ဦးမောင်မောင်နိုင်က "ဘဘကြီး (ဟံသာဝတီဦးဝင်းတင်)က ဖောင်ဒေးရှင်းမရှိလည်း လှူနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၆၄ ပြည်သူပိုင်သိမ်းသွားတဲ့အချိန်မှာ ကျွန်တော်နှစ်နှစ်ကျော်အရွယ်မှာ ကျွန်တော့်အဖေက ကြေးမုံသတင်းစာတိုက်မှာ ဘဘတို့နဲ့အတူတူလုပ်နေတဲ့အချိန်မှာ အဖမ်းခံခဲ့ရပါတယ်။ ကျွန်တော်လူမှန်းသိတဲ့အချိန်မှာ အင်းစိန်ထောင်မှာ အဖေတို့ရောက်နေတဲ့အချိန်ကတည်းက ဘဘက သူ့ရဲ့လစာတစ်ဝက်ကို ဒေးဒရဲဦးမြတ်ဆွေ၊ စာရေးဆရာဦးမြတ်ဆွေကနေတစ်ဆင့် လစဉ် ကျွန်တော်တို့မိသားစုကိုထောက်ပံ့ခဲ့တာ လေးနှစ်နဲ့ ၁၁ လတိတိကို လစဉ်မပျက်ထောက်ပံ့ခဲ့ပါတယ်။ အဲဒီငွေကြေးနဲ့ ကျွန်တော်တို့မိသားစုဟာ ဒီအခြေအနေကိုရောက်လာတာပါ။ အခု ဘဘကျေးဇူးဆပ်တယ်ဆိုတာ  ပမာဏနဲ့ယှဉ်လို့ရှိရင် နည်းပါသေးတယ်။ ဘာဖြစ်လို့လဲဆိုရင် သူ့ရဲ့ကျေးဇူးကအများကြီးပါ" ဟု ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးကျော်စိန် (သုဝဏ္ဏ -ကျော်စိန်) ကလည်း "အပယ်ခံကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကို ဆရာက ဒီလိုဦးဆောင်ပြီးတော့ ကူညီထောက်ပံ့တဲ့အတွက် ကျွန်တော်အပါအ၀င် အထောက်အပံ့ခံရဲဘော်တွေရော ပြီးတော့ လှူတဲ့ပုဂ္ဂိုလ်တွေရော မေ့နိုင်စရာအကြောင်းမရှိပါဘူး။ ဆရာက လူသေသွားပေမယ့် နာမည်မသေတဲ့ပုဂ္ဂိုလ်ကြီးပါ။ အဲဒီတော့ ကျွန်တော်အထောက်အပံ့ခံပုဂ္ဂိုလ်များကိုယ်စား အသန့်ရှင်းဆုံးအကောင်းဆုံး အတက်ကြွဆုံးနဲ့ ဆုံးဖြတ်ပြီးတော့ ကျွန်တော်တို့ကိုထောက်ပံ့ပေးခဲ့တဲ့ ဆရာဦးဝင်းတင်မရှိသော်လည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ တိုင်ပင်ပြီးတော့ ထောက်ပံ့ပေးခဲ့တဲ့အဖွဲ့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒီကနေ့ထောက်ပံ့ခံဖြစ်ပေမယ့် ကျွန်တော်တို့လည်း နောက်လှူဖို့ကြိုးစားပါမယ်" ဟုပြောကြားသည်။

အဆိုပါဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အခြားအကူအညီလိုအပ်နေသော ဘ၀တူစာနယ်ဇင်းသမားများနှင့် မိသားစုများအားကူညီထောက်ပံ့ရန် ၂၀၁၂ ခုနှစ် မတ် ၁၂ ရက်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်လလျှင်တစ်ကြိမ် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ယခုပြုလုပ်သည့် (၁၈) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲအပြီးတွင် လက်ရှိနိုင်ငံရေးအကျဉ်းသား ၁၃၆ ဦးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘ၀တူစာနယ်ဇင်းသမား ၄၄၈ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၄၇၆ သိန်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။  

Eleven Media Group  

ဇန်န၀ါရီ ၁၂ ရက်က ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ၏ ထောက်ပံ့ငွေပေးအပ်ပွဲကိုတွေ့ရစဉ်
ဇန်န၀ါရီ ၁၂ ရက်က ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေ ပေးအပ်ပွဲကိုတွေ့ရစဉ် 
အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားသူ တပ်မတော် အရာရှိဟောင်းနှစ်ဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေ ပေးအပ်မှုကို ဇန်န၀ါရီ ၁၂ ရက်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက် ဆိုင် တွင် ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံတွင် ကားတစ်စီးမှောက်ရာ၌ မြန်မာသုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

ထိုင်းနိုင်ငံတွင် ဇန်န၀ါ ရီ ၁၁ရက်က ကားတစ်စီးတိမ်း မှောက်ခဲ့ပြီး မြန်မာနိုင်ငံသားသုံး ဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအရေးဆောင်ရွက်နေသူ များထံမှ သတင်း ရရှိသည်။

၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြံ့ခိုင်ရေးပါတီက အိမ်တိုင်ရာရောက် လိုက်လံစည်းရုံးပြီ

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင် ရေးပါတီ) အနေနဲ့ ပြည်သူ လူထုကို အိမ်တိုင်ရာရောက် စည်းရုံးတဲ့ နည်းစနစ်နဲ့ စည်းရုံးမှုတွေ စတင်နေပြီ လို့ ကြံ့ခိုင်ရေးပါတီထံမှ စုံစမ်းသိရှိ ရပါတယ်။

ဆောင်းခိုငှက်များကို အစာအဆိပ်ချ ဖမ်းဆီးနေခြင်းကို တားဆီးရန်လိုအပ်

Photo: ဆောင်းခိုငှက်များကို အစာအဆိပ်ချ ဖမ်းဆီးနေခြင်းကို တားဆီးရန်လိုအပ်
Tuesday, January 13, 2015 
မန္တလေးတိုင်းဒေသကြီး၊ ပလိပ်အင်းအတွင်း ဆောင်းခိုငှက်များကို အစာအဆိပ်ချပြီး ဖမ်းဆီးမှုများရှိ နေကြောင်း မန္တလေးအခြေစိုက် ငှက်စောင့်ကြည့် လေ့လာသူများက ပြောသည်။

လက်ရှိတွင် ပလိပ်အင်းသို့ ဆောင်းခိုငှက်အမျိုးပေါင်း ၂၀ ကျော်အပြင် ရှားပါးမျိုးစိတ် ဖြစ်နေသည့် ဘဲရိုင်း၊ ငန်းမျိုးနွယ်ဝင် ငှက်အမျိုးအစားပေါင်း ၁၀ မျိုးကျော် ကျက်စားနေကြောင်း သိရသည်။ အစိုးရ အာဏာပိုင်များက ထိုငှက်များ ဖမ်းဆီးမှုအပေါ် ပညာပေးခြင်း၊ အရေးယူခြင်းများ ပြုလုပ်သည်ကို မတွေ့ရကြောင်း မန္တလေးအခြေစိုက် ငှက်များ စောင့်ကြည့်လေ့လာနေသူ ဦးဇေမောင်သိန်းက ပြောသည်။

“ကျနော်တို့က ဒါတွေမလုပ်သင့်ကြောင်း ပိုစတာကပ်တာမျိုး၊ ဟောပြောတာမျိုးလောက်ပဲ လုပ်နိုင်ကြတာ။ အဓိကက ဟောပြောနေရုံနဲ့ ရတာမှ မဟုတ်တာ။ တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွေ ရှိနေတယ်။ ဒါကို အသက်ဝင်အောင်လုပ်ရမှာ။ အာဏာပိုင်တွေ ပါမှရမှာ။ ပြည်သူတွေကလည်း ဆင်းရဲတော့ ငွေရလွယ်တဲ့ အလွယ်အလုပ်ကို လုပ်ကြမှာပဲ။ အခုအထိ အာဏာပိုင်တွေဘက်က ဘာမှ လုပ်ဆောင်တာမျိုး မတွေ့မိသေးဘူး” ဟု ဦးဇေမောင်သိန်းက ဆိုသည်။

ပလိပ်အင်းအတွင်းတွင် ဆောင်းခိုငှက်များကို ဖမ်းဆီးရန်သုံးသည့် ဆိုဒီယမ်ဆိုင်ယာနိုက် အဆိပ်ကြောင့် ပြီးခဲ့သည့် ရက်ပိုင်းက ရေကြက်ဒုံးများကို သေနေသည်ကို တွေ့မြင်ခဲ့ရကြောင်း ပလိပ်အင်းရှိ ဆောင်းခိုငှက်များကို လေ့လာ ဓာတ်ပုံမှတ်တမ်းယူသူ Solo Mdy ဟု အမည်ဖော်ပြထားသည့် Facebook အကောင့်ပိုင်ရှင်က ပြောကြားသည်။

“စက်လှေသမားက ငှက်လည်ပင်းပြတ်နေတာကို ပြပြီး ဒါက ဒေသအခေါ် လည်ပြတ်ဆေးတဲ့။ ဆိုဒီယမ်ဆိုင်ယာနိုက်လို့ သိရတယ်။ ဆေးကိုစားမိရင် လည်ပင်းက သွေးကြောတွေ ပြတ်ပြီးသေတာ။ ကျနော်တို့တွေ့တော့ သေနေတာ လတ်လတ်ဆတ်ဆတ်ကြီး ရှိသေးတယ်။ ကျနော်တို့က ငှက်ချစ်သူတွေဆိုတော့ အဲဒါကိုတွေ့လိုက်တဲ့အခါ စိတ်တော်တော်မကောင်း ဖြစ်ရတယ်” ဟု ၎င်းက ဆိုသည်။

ပလိပ်အင်းမြောက်ဘက် စိတ္တရရွာဘက်သို့ သွားစဉ် ငှက်များကို ဆေးဖြင့်နေ့စဉ် ဖမ်းဆီးသတ်ဖြတ် နေသည်ကို တွေ့ရှိရပြီး ဆက်ဖြစ်နေပါက သားငှက်များ ပပျောက်သွားမည့်အပြင် ပလိပ်အင်း၏ အလှလည်း အကျည်းတန်နိုင်ကြောင်း ၎င်းက ပြောဆိုထားသည်။

ဆောင်းခိုငှက်များသည် မန္တလေးအနီးအဝိုက်တွင် ဧရာဝတီ၊ ပလိပ်၊ တောင်သမန်အင်း တို့သို့ လာရောက် ကျက်စားနေကြောင်း သိရသည်။

ရှားပါးငှက်များ မသတ်ဖြတ်ရေးအတွက် တနေရာတည်းကို ကွက်ပြီး အရေးယူပါက မသင့်တော်ဘဲ အစိုးရပိုင်းအနေဖြင့် ပြဌာန်းပြီးသား သားငှက်ထိန်းသိမ်းရေး ဥပဒေများကို တပြေးညီ အကောင်အထည်ပေါ်အောင် ဖောင်ဆောင်သင့်ကြောင်း မန္တလေးအခြေစိုက် ငှက်အသင်းမှ ဒု ဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က ပြောသည်။

“ငှက်ကြော်တွေ၊ စနိုက်ကြောတွေ ရောင်းနေကြတယ်။ ကနေ့အထိ လူတွေက ဒါတွေ မစားသင့်ဘူးဆိုတာ မသိကြဘူး။ ဇီးကွက်ဆိုရင်လည်း နိုင်ငံခြားသားတွေ အများကြီးလာတဲ့ ဦးပိန်တံတားမှာကအစ ရောင်းနေကြတယ်။ အခုလို မြန်မာနိုင်ငံဟာ နိုင်ငံခြားဧည့်သည်တွေ တိုးလာချိန်မှာ ဒါတွေကို မရှိစေချင်ဘူး။ ကိုယ့်နိုင်ငံ သိက္ခာကျစေတယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။

ငှက်များကို အဆိပ်ဖြင့် ဖမ်းဆီးရာတွင် အဆိပ်များ ရေထဲပျော်ဝင်နိုင်ပြီး တခြားသော သတ္တ၀ါများသို့ အနည်းနှင့်အများ အကျိုးသက်ရောက်နိုင်ပြီး တခြားငှက်များ၏ အသက်ကို ချက်ချင်း သေလောက်သည့် ပမာဏ မရောက်သော်လည်း ငှက်မျိုးပွားနှုန်းကို ကျဆင်းစေမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငှက်များကို အဆိပ်ဖြင့် နေရာဒေသအနှံ့ ဖမ်းဆီးနေသည့်အတွက် မတားဆီးနိုင်ပါက ရှားပါးဆောင်းခိုငှက်များကို ဖမ်းဆီးခြင်းမှာ  မျိုးပြုန်းမည့်အန္တရာယ်အပြင် ဂေဟစနစ်များကိုပါ ထိခိုက်စေနိုင်ကြောင်း ငှက်လေ့လာ စောင့်ကြည်သူများက သုံးသပ်သည်။
ဧရာဝတီ
မန္တလေးတိုင်းဒေသကြီး၊ ပလိပ်အင်းအတွင်း ဆောင်းခိုငှက်များကို အစာအဆိပ်ချပြီး ဖမ်းဆီးမှုများရှိ နေကြောင်း မန္တလေးအခြေစိုက် ငှက်စောင့်ကြည့် လေ့လာသူများက ပြောသည်။

ကေတုမတီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်း ဒေသခံပြည်သူများ ကန့်ကွက်

CB ဘဏ်ဥက္ကဋ္ဌနှင့် ကေတုမတီကုမ္ပဏီဥက္ကဋ္ဌ ဦခင်မောင်အေးက ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တောင်ငူမြို့ရှိ ကေတုမတီစက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများက ကန့်ကွက်မှုများလည်း ရှိနေကြောင်း သိရသည်။

အကြမ်းဖက် ဆက်နွှယ်မှု စွဲချက်ဖြင့် အစ္စလမ် ဘာသာဝင် ၂၀ ဦးကိုထောင်ဒဏ်နှစ်ရှည် ချမှတ်

ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေး ခံနေ ရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးကို တောင်ကြီး ခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၇ နှစ်မှ ထောင်ဒဏ် ၁၉ နှစ် အထိ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။