Sunday 25 March 2012

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် အပိုင်း(၁)


 From : တပ်မတော်သားတစ်ဦး

ခေါင်းစဉ်ကိုက ရှင်းရှင်းလေးပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ပြုမူလှုပ်ရှားပြောဆို လုပ်ကိုင်မှုတွေ အပေါ်  တပ်မတော်သားတစ်ဦးရဲ့ ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အမြင်တွေကို ထုတ်ဖော် သွားမှာ ဖြစ်ပါတယ်။
  
တပ်မတော်သားတစ်ဦးဆိုတဲ့အတွက် တပ်မတော်ရဲ့ သဘောထားလို့ တထစ်ချပြောလို့မရပေမဲ့ တပ်မတော် သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှ ဒီလိုအမြင်၊ ဒီလိုသဘောထားတွေရှိနေတယ်ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ်။

 
လတ်တလောကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေး ကောက်ပွဲအတွက် နယ်လှည့်ခရီးစဉ် ဟောပြောချက်တွေ၊ ရုပ်မြင်သံကြား ကတစ်ဆင့် ပါတီမူဝါဒဆိုင်ရာထုတ်လွှင့်လျက်တွေအရ ဒေါ်အောင်ဆန်း စုကြည် ရဲ့ တပ်မတော်အပေါ်ထားရှိတဲ့ စိတ်ရင်းအမှန်ကို မြင်တွေ့နေရသလို၊ စကား ထဲကဇာတိပြလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက်မညီတဲ့စကားလုံး များကိုလည်း စိတ်မကောင်းစွာ ကြားသိနေရပါတယ်။