Wednesday 12 March 2014

မလေးရှားလေယာဉ် ထူးဆန်းစွာ ပျောက်ဆုံးနေမှု နောက်ကွယ်၌ တရုတ်အကြမ်းဖက် အုပ်စုတစ်ခု ရှိနေဟု သတင်းထွက်

မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၇၇ (လေကြောင်းခရီးစဉ် MH 370 ထူးဆန်း အံ့သြဖွယ်ကောင်းစွာ ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ ‘တရုတ် အာဇာနည်တပ်မဟာ’ ဟု အမည်ရသည့် အုပ်စုတစ်ခုက ၎င်းတို့၏ လက်ချက် ဖြစ်သည်ဟု အသိပေး ထုတ်ဖော် ပြောဆိုလာကြောင်း ယင်းအဖွဲ့က ပေးပို့သည့် အီးမေးလ်များကို အခြေခံကာ Mirror သတင်းစာက ရေးသားဖော်ပြသည်။

အတွင်းခံအဝတ်အစားများဖြင့် စင်မြင့်ထက် ဖျော်ဖြေခဲ့သည့် မိုင်လီ

ဝတ်စားဆင်ယင်မှု ဆိုးရွားလွန်းကြောင်း ဝေဖန်မှုအချို့ ကြုံနေရသည့်တိုင် မိုင်လီအနေဖြင့် သူမ၏ Bangerz နယ်လှည့်ဖျော်ဖြေပွဲ အစီအစဉ် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြုလုပ်သော ယင်းဖျော်ဖြေပွဲတွင် အပေါ်ဝတ် မပါဘဲ ခပ်ကြမ်းကြမ်း သီဆိုဖျော်ဖြေသွားခြင်း ဖြစ်သည်။

မလေးရှားလေယာဉ် ပျောက်ဆုံးမှု မြန်မာဗေဒင်အကျော်အမော်များ အငြင်းပွား

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပီကင်းသို့ ပျံသန်းရာမှ ပျောက်ဆုံးနေသော မလေး ရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဗေဒင်ဆရာများ ဟောကိန်း ကွဲလွဲပြီး အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်မှ အမျိုးသမီးငယ်အား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင် မှုကြောင့် ဒေသခံအမျိုးသမီးငယ်များ ကြောက်ရွံ့ထိတ်လန့်နေ

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီသော်ကျေးရွာမှ စီငန်းကျေးရွာဘက်အထွက် သစ်ကွင်းတွင် ဈေးရောင်း နေသော အမျိုးသမီးငယ်အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်တစ်ဦးမှ မတ် ၈ ရက် ည ၇ နာရီခန့်တွင် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းရွာသားများထံမှ သိရသည်။

အမျိုးသမီးတစ်ဦး နမ့်ပန်ချောင်းအတွင်း ခုန်ချသေကြောင်းကြံစည်

Photo: အမျိုးသမီးတစ်ဦး နမ့်ပန်ချောင်းအတွင်း ခုန်ချသေကြောင်းကြံစည်
Wednesday, March 12, 2014

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ် ၊ နားစံကျေးရွာ နေ ဒေါ်နန်းအုံဆာ ၃၂ နှစ် (ဘ) ဦးလုံးလိန်း သည် မတ်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နမ့်ကပ်တံတား အလယ်တွင် ငါးစာကျွေးသည့် ဟန်ပြု၍ နမ့်ပန်ချောင်း အတွင်း ခုန်ချပြီး သေကြောင်း ကြံစည်ခဲ့ရာ တံတား လုံခြုံရေး တာဝန်ထမ်းဆောင် နေသည့် တပ်မတော် စစ်ကြောင်း မှ ဒုတိယ တပ်ကြပ် သိန်းဇော်ထွေး နှင့် ဒုတိယ တပ်ကြပ် ဆန်းထက် တို့က လိုက်လံ ကယ်ဆယ်ရာ အသက်ဘေး မှ လွတ်မြောက် ခဲ့ကြောင်း သိရသည်။
ဒေါ်နန်းအုံဆာ သည် ထိုကဲ့သို့ မိမိကိုယ်ကို သေကြောင်း ကြံစည် ရခြင်းမှာ သူမ၏ ခင်ပွန်းဖြစ်သူ ဦးစိုင်းစီ သည် SSA (၀မ်ဟိုင်း) အဖွဲ့မှ အဓမ္မ လူသစ် စုဆောင်းခံရပြီး နေအိမ်သို့ ပြန်လည် ရောက်ရှိ လာခြင်း မရှိသဖြင့် လူမှုရေး အခက်အခဲများ ဖြစ်ပေါ်နေခြင်း ၊ ကျန်းမာရေး ကောင်းမွန်မှု မရှိခြင်း ၊ အားကိုးရာမဲ့ခြင်း တို့ကြောင့် စိတ်ဓာတ် ကျဆင်းကာ မိမိကိုယ်ကို သေကြောင်း ကြံစည် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး အား တပ်မတော်သား များက ညနေ ၅ နာရီတွင် တာဝန်ရှိ သူများရှေ့၌ သူမ၏ အစ်ကို ဖြစ်သူ ဦးလုံးမောင် ထံသို့ စနစ်တကျ ပြန်လည် ပို့ဆောင် အပ်နှံခဲ့ကြောင်း သိရှိရသည်။

The Myawady Daily
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ် ၊ နားစံကျေးရွာ နေ ဒေါ်နန်းအုံဆာ ၃၂ နှစ် (ဘ) ဦးလုံးလိန်း သည် မတ်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နမ့်ကပ်တံတား အလယ်တွင် ငါးစာကျွေးသည့် ဟန်ပြု၍ နမ့်ပန်ချောင်း အတွင်း ခုန်ချပြီး သေကြောင်း ကြံစည်ခဲ့ရာ တံတား လုံခြုံရေး တာဝန်ထမ်းဆောင် နေသည့် တပ်မတော် စစ်ကြောင်း မှ ဒုတိယ တပ်ကြပ် သိန်းဇော်ထွေး နှင့် ဒုတိယ တပ်ကြပ် ဆန်းထက် တို့က လိုက်လံ ကယ်ဆယ်ရာ အသက်ဘေး မှ လွတ်မြောက် ခဲ့ကြောင်း သိရသည်။

တရုတ်ရေနံပိုက်လိုင်းကြောင့် ငဖဲမြို့နယ်ရှိ တောင်ပေါ်ချင်းရွာများ စိုက်ပျိုးရေအခက်ကြုံ

Photo: တရုတ်ရေနံပိုက်လိုင်းကြောင့် ငဖဲမြို့နယ်ရှိ တောင်ပေါ်ချင်းရွာများ စိုက်ပျိုးရေအခက်ကြုံ
March 12, 2014

တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ တောင်ပေါ်ချင်း ရွာများတွင် နှစ်ရှည်သီးနှံပင်များအတွက် အဓိက မှီခိုရသော စိမ့်စမ်းပေါက်များ ပိတ်ဆို့ခန်းခြောက်ခဲ့ရပြီး စိုက်ပျိုးရေ အခက်ကြုံတွေ့နေရကြောင်း ခြံစိုက်တောင်သူများက ပြောကြားသည်။

ပိုက်လိုင်းဖြတ်သန်းရာ နေရာများတွင် မြေမပြိုရန် ဆောက်လုပ်ထားသည့် ကျောက်နံရံများ ကာခြင်းနှင့် ပိုက်လိုင်းမြှုပ်ရန် တူးဖော်လိုက်သည့် မြေစိုင်ခဲများက ပုံမှန် စီးဆင်းလျက်ရှိသည့် ရေထွက် စမ်းပေါက်များကို ပိတ်ဆိုခဲ့ခြင်း တို့ကြောင့် စမ်းရေအိုင်များ ခန်းခြောက်ခဲ့ရခြင်း တို့ကြောင့် စိုက်ပျိုးရေ အခက်ကြုံရခြင်း ဖြစ်သည်ဟု မြေလတ်ရွာက ခြံစိုက်တောင်သူ ဦးမောင်ငယ်က ပြောဆိုသည်။
“နွေရာသီဆိုရင် စမ်းရေခတ်ပြီး အပင်ငယ်တွေကို ရေလောင်းရတာ။ ခုစမ်းပေါက်တွေ ပိတ်သွားတော့ စမ်းရေအိုင်တွေ ရေခန်းကုန်တယ်” ဟု ၎င်းကဆိုသည်။

ဘိုးဘွားစဉ်ဆက် သောက်ရေနှင့် စိုက်ပျိုးရေအဖြစ် အားထားခဲ့ရသည့် စမ်းပေါက်များ ပိတ်ဆို့ခဲ့သောကြောင့် ရေရနိုင်သည့် နေရာများမှ ပိုက်လိုင်းဖြင့် သွယ်ယူခဲ့ရပြီး ရေသွင်းစိုက်ပျိုးနေရပြီ ဖြစ်ကြောင်း ငှက်ပျောခြံပိုင်ရှင် ဒေါ်စီစီဝင်းက ပြောကြားသည်။
“ပိုက်တစ်ခွေ ကျပ်သုံးသောင်းနဲ့ ကိုယ့်ခြံထဲရေရဖို့ ပိုက်ဆယ့်ငါးခွေလောက် သုံးရတာဆိုတော့ အပိုကုန်ကျစရိတ် များတာပေါ့” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန၊ ငဖဲမြို့နယ် မြေစာရင်ဌာနနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့သို့ အကြိမ်ကြမ် တင်ပြခဲ့သော်လည်း ယခုတိုင် လုပ်ဆောင်ပေးခြင်း မရှိကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးက လျော်ကြေးရအောင် လုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း ခြံစိုက်တောင်သူများ ယနေ့ထိ လျော်ကြေး မရသေးကြောင်း ဒေသခံများက ပြောကြားသည်။

ငဖဲမြို့နယ်ရှိ ရခိုင်ရိုးမ တောင်တန်းပေါ်တွင် တောင်ပေါ်ရွာ ဆယ်အုပ်စုရှိပြီး အများစုမှာ အရှိုချင်းတိုင်းရင်းသား များ ဖြစ်ကြောင်း၊ နှစ်ရှည်သီးနှံဖြစ်သည့် ကော်ဖီနှင့် ငှက်ပျော အဓိကစိုက်ပျိုးပြီး ကမ္ဗလာနှင့် သံပရာတို့ကိုလည်း စိုက်ပျိုးကြကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly
တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ တောင်ပေါ်ချင်း ရွာများတွင် နှစ်ရှည်သီးနှံပင်များအတွက် အဓိက မှီခိုရသော စိမ့်စမ်းပေါက်များ ပိတ်ဆို့ခန်းခြောက်ခဲ့ရပြီး စိုက်ပျိုးရေ အခက်ကြုံတွေ့နေရကြောင်း ခြံစိုက်တောင်သူများက ပြောကြားသည်။

အစိုးရ ဦးဆောင်ဖွဲ့စည်းထားသော MPC ကို အယုံအကြည်မရှိကြောင်း တိုင်းရင်းသား အဖွဲ့များဖြစ်သည့် NCCT နှင့် NBF အဖွဲ့များပြောကြား

Photo: အစိုးရ ဦးဆောင်ဖွဲ့စည်းထားသော MPC ကို အယုံအကြည်မရှိကြောင်း တိုင်းရင်းသား အဖွဲ့များဖြစ်သည့် NCCT နှင့် NBF အဖွဲ့များပြောကြား
Wednesday, March 12, 2014

အစိုးရ ဦးဆောင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ကြားခံဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ Myanmar Peace Center အပေါ် အယုံအကြည် မရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)  အဖွဲ့တို့က ပြောကြားသည်။

အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် မတ် ၁၁ ရက်က ရန်ကုန်မြို့ရှိ NBF ရုံးခန်း၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး NBF ခေါင်းဆောင်အချို့အား MPC တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံမှုများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ယင်းကဲ့သို့ အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

NBF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဦးဇိုဇမ်ကို MPC က တစ်လတစ်ကြိမ် ခေါ်ယူတွေ့ဆုံမှုရှိပြီး နောက်ထပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သူ ဦးစိုင်းစောသန်းမြင့်ကို ပြီးခဲ့သည့် သုံးလခန့်ကတစ်ကြိမ် ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

“MPC က နံပါတ်တစ် ကိုယ့်လူမဟုတ်ဘူး။ သူများလူ။ သူ့တာဝန်က ကိုယ့်ဘက်က အခြေတွေယိုင်ဖို့ သူ့တာဝန်ရှိတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ်သွားတယ်။ ကျွန်တော်တို့ တပ်ပေါင်းစုနဲ့ သွားတွေ့တယ်။ ဖျက်ချင်တယ်။ UNA နဲ့ တွေ့တယ်။ ဖျက်ချင်တယ်။ ဗမာပါတီတွေနဲ့ဖြစ်ဖြစ် ရရှိတဲ့ ညီညွတ်ရေးကို ဖျက်ချင်တယ်။ သူ့ဘက်ကနေပြီးတော့ ထိုးဖောက်ဖို့ ခိုင်းထားတဲ့ သူတွေပဲ။ ဒါကြောင့် ကျွန်တော်သတိပေးချင်တာက သူတို့တစ်လတစ်ကြိမ် ခေါ်တွေ့တယ်ဆိုတာက Brainwash လုပ်တာပဲ။ သူတို့လုပ်နည်း နှစ်နည်းရှိတယ်။ အဓိက ဘာလဲဆိုတော့ သူတို့ဆီမှာ လူရိုသေ၊ ရှင်ရိုသေ ဘွဲ့တွေရှိတယ်။ ဒေါက်တာတို့၊ နိုင်ငံခြားပြန်တို့ ဟိုပညာရှင်တို့၊ ဒီပညာရှင်တို့၊ သမ္မတအကြံပေးတို့ဆိုတဲ့ ဆိုင်းဘုတ်တွေ သုံးပြီးတော့ ကျွန်တော်တို့လူတွေကိုခေါ်ပြီး ဘာလုပ်လဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုလို့ ကျွန်တော်တို့က ပြောနေပြီးတော့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ပုံစံကို ဆွေးနွေးဖို့ မရောက်ခင်မှာ လက်ဦးမှုယူပြီးတော့ ဖက်ဒရယ်ဆိုသည်မှာ ဆင်တစ်ကောင်ကိုင်သလိုပေါ့။ ဒါကတော့ မြွေပဲ၊ ဒါကတော့ လှံပဲ။ ဒါကတော့ နံရံပဲ၊ ဒါကတော့ ကြိုးပဲ၊ ဒါကတော့ သစ်ပင်ပဲဆိုတာမျိုး ဇဝေဇ၀ါဖြစ်အောင် တမင်တကာ လုပ်နေတယ်လို့ပဲ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီက ဆွေးနွေးချက်တွေဟာ ဥပမာ ၂၀၀၈ ထဲမှာ ဖက်ဒရယ်မူတွေ ပါနေတာပဲဆိုပြီးတော့ ပညာရှင်နော်။ နိုင်ငံခြားကလူတွေ ခေါ်ပြီးတော့ တစ်ဖက်လှည့်နဲ့ခိုင်းတာ။ သူတို့ကိုယ်တိုင်တောင် မပြောဘူး။ သုံးဖွဲ့ရှိတယ်။ အဲဒီပညာရှင်။ ကျွန်တော်စာရင်းလုပ်ထားတာ။ အဲဒီပညာရှင်တွေ ပြပြပြီးတော့ ကျွန်တော်တို့အမှန်တကယ် စစ်မှန်တဲ့၊ တကယ်လိုချင်တဲ့ ဖက်ဒရယ်ကို ရွေ့လျားအောင် လုပ်နေတာ။ ၂၀၀၈ ကိုပြင်ရင် ဖက်ဒရယ်ရမယ်ဆိုတဲ့ အယူအဆ။ နံပါတ်တစ်။ နံပါတ်နှစ် ဖက်ဒရယ်ဆိုတာ တခြားမဟုတ်ဘူး။ Power Sharing ရယ်။ Resource Sharing ပဲ။ အဲဒီ အယူအဆကို သွတ်သွင်းတယ်။ နံပါတ်သုံး။ အခုရှိနေတဲ့ ၂၀၀၈ ထဲက ဇယား(၁) ကို ဇယား(၂)ထဲ ရွှေ့လိုက်။ အဲဒါဖက်ဒရယ်ဖြစ်ပြီ။ နံပါတ်လေး။ အခုရှိနေတဲ့ ပြည်နယ်က ဘာလိုချင်လဲ။ ပြည်နယ်အစိုးရ အားနည်းနေတယ်။ ပြည်နယ်လွှတ်တော် အာဏာသိပ်မရှိဘူး။ နည်းနည်းတိုးပေးလိုက်။ ဖက်ဒရယ်ဖြစ်ပြီဆိုပြီး အားလုံးပရမ်းပတာ အယူအဆတွေ ရိုက်သွင်းနေဖို့ အမြဲတမ်း အပတ်စဉ် ခေါ်ဆွေးနွေးတာ။ အဲဒါကို ကျွန်တော်တို့ တန်ပြန်ရိုက်ချိုးဖို့ လိုတယ်” ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ယင်းအပေါ် ဦးဇိုဇမ်က ၎င်းအနေဖြင့် Brainwash အလုပ်ခံရန် သွားခြင်းမဟုတ်ဘဲ သွားရောက်ငြင်းခုံခြင်းမျိုးသာ ဖြစ်ကြောင်း၊ ၎င်းအနေဖြင့်လည်း MPC အပေါ် အယုံအကြည် မရှိဘဲ တိုင်းရင်းသားများအတွက် Ethnic Peace Center မျိုးသာ ပေါ်ပေါက်စေချင်ကြောင်း ပြောကြားသည်။

“ပြီးခဲ့တဲ့ သုံးလလောက်က ကျွန်တော့်ကို ထူးထူးခြားခြားဖိတ်တဲ့ MPC က ပြောချင်တာပြောပါဆိုပြီး စည်းဝေးဖြစ်တယ်။ အဲတော့ ကျွန်တော်ပြောလိုက်တယ်။ ခင်ဗျားတို့ MPC ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် အစိုးရ သို့မဟုတ် သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ လုံးဝအယုံအကြည် မရှိဘူး။ ဒီနေ့လည်း မယုံဘူး။ နောက်ကိုတော့ ခင်ဗျားတို့ လုပ်ဆောင်ချက်တွေကို ကြည့်မယ်။ ဒါ ကျွန်တော်ပထမဆုံး MPC သီးသန့် တံခါးပိတ်အစည်းအဝေးမှာ တက်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်ပြတ်ပြတ်သားသား ပြောခဲ့တယ်။ MPC ဟာ အစိုးရနဲ့ သမ္မတရဲ့ အကျိုးဆောင်ပဲ ဖြစ်တယ်။ တိုင်းရင်းသားအကျိုး လုံးဝမပါတဲ့အတွက် ခင်ဗျားတို့ကို ကျွန်တော်လုံးဝ အယုံအကြည် မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောပါဆိုတော့ ကျွန်တော်တိုင်းရင်းသား ရင်ထဲကနေ ပြောပါတယ်။ အဲတော့ ခင်ဗျားတို့ ကျွန်တော်တို့ကို ယုံကြည်စေဖို့ အနည်းငယ် လုပ်မယ်ဆိုရင် ခင်ဗျားတို့ရဲ့လမ်းကို မှန်မှန်လျှောက်ပေးပါ။ တကယ်တမ်း ကျွန်တော်တို့ တိုင်းရင်းသားပြည်သူ အားလုံးအပေါ်မှာ စေတနာမေတ္တာမှန်မှန်နဲ့ လုပ်ပေးပါ။ ဒီနေ့အထိတော့ ကျွန်တော်လုံးဝ အယုံအကြည် မရှိဘူး။ ဒါပေမဲ့ ရှေ့ဆက်ပြီးတော့ ယုံကြည်စေချင်ရင် စေတနာမှန်နဲ့ ခင်ဗျားတို့ ဆောင်ရွက်ပေးပါ။ ကျွန်တော်တို့ ၂၄ နာရီ စောင့်ကြည့်မှာ ဖြစ်ပါတယ်လို့ ကျွန်တော်ပထမဆုံးတက်တဲ့ MPC အစည်းအဝေးမှာ ပြောခဲ့ခြင်းဖြစ်ပါတယ်” ဟု MPC မှ ခေါ်ယူတွေ့ဆုံခဲ့သူ NBF ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

Eleven Media Group

NCCT မှခေါင်းဆောင်များနှင့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှခေါင်းဆောင်များ ရန်ကုန်မြို့၌ မတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
NCCT မှခေါင်းဆောင်များနှင့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှခေါင်းဆောင်များ ရန်ကုန်မြို့၌ မတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)

အစိုးရ ဦးဆောင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ကြားခံဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ Myanmar Peace Center အပေါ် အယုံအကြည် မရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)  အဖွဲ့တို့က ပြောကြားသည်။

အသွင်ကူးပြောင်းရေး ချောမွေ့စေရန် လွတ်လပ်သည့် သတင်းမီဒီယာများ အားကောင်းရန် လိုအပ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် အီရိုပြောကြား

အသွင်ကူးပြောင်းရေးကာလ ချောမွေ့ပြီး ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရန်အတွက် လွတ်လပ်သည့် မီဒီယာများ အားကောင်းလာရန် လိုအပ်သည်ဟု ချက်ကိုဆလိုဗက်ကီးယား နိုင်ငံရေး သိပ္ပံပညာရှင် Igor Blazevic က ရန်ကုန်မြို့ Yangon Journalist School တွင် မတ် ၁၁ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိပြုလုပ်သည့် Workshop တွင် ပြောကြားသည်။

မိုဘိုင်းဖုန်းဆက်သွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသော်လည်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်း သုံးစွဲနိုင်သေး

Photo: မိုဘိုင်းဖုန်းဆက်သွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသော်လည်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်း သုံးစွဲနိုင်သေး
Wednesday, March 12, 2014

၂၀၁၄ ခုနှစ်တွင် ရရှိထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေးကွန်ရက်အား တိုးမြှင့်လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တာဝါတိုင် ၁၆၅၅ တိုင်သာရှိပြီး မိုဘိုင်းဖုန်း သုံးစွဲနိုင်သူမှာ စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း မတ် ၁၁ ရက် ရန်ကုန်မြို့ Park Royal Hotel ၌ကျင်းပသော Myanmar Construction Summit မှရရှိသော သတင်းများအရ သိရသည်။

မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ ပိုမိုကောင်းမွန်စေရန်အတွက် ပြည်တွင်း၌ အော်ပရေတာလေးခုမှ ဆောင်ရွက်နေကြောင်းနှင့် ယင်းအော်ပရေတာများမှာ Telenor၊ Ooredoo၊ ရတနာပုံတယ်လီပို့နှင့် MPT တို့ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နိုင်ငံခြားတယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းများအား ခွင့်ပြုပေးထားသော်လည်း လုပ်ငန်းများအနေဖြင့် စည်းမျဉ်းများကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တာဝါတိုင် ၁၆၅၅ တိုင် ရှိသော်လည်း သုံးနှစ်အတွင်း တာဝါတိုင်ပေါင်း ၁၀၀၀၀ ဖြစ်လာရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ Deputy CEO ဖြစ်သူ ဦးမြင့်ဦးက ပြောကြားသည်။

အလားတူ မိုဘိုင်းဖုန်းသုံးစွဲနိုင်မှုအား ၂၀၁၄ ခုနှစ်တွင် ရာခိုင်နှုန်း ၁၀၊ ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၄၀၊ ၂၀၁၆ ခုနှစ်တွင် ရာခိုင်နှုန်း ၆၀၊ ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ သုံးစွဲနိုင်ရန် လျာထားကြောင်း သိရသည်။

“တာဝါတိုင် ၁၆၅၅ ခုက လက်ရှိတည်ဆောက်ထားပြီးသား။ ကျန်တာက သုံးနှစ်အတွင်း လုပ်မယ်။ ၁၀၀၀၀ ကျော်ပေါ့။ ရန်ကုန်-မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးသုံးမြို့မှာ စလုပ်မယ်။ ဒီနှစ်မှာပဲ စပြီးအကောင်အထည်ဖော်မှာပါ။ မြို့ကြီးသုံးမြို့လို့ ပြောတဲ့နေရာမှာ ဒီမြို့တွေနဲ့ ဆက်စပ်နေတဲ့ အနားက မြို့နယ်တွေလည်း ပါသွားနိုင်ပါတယ်။ 2G ပေးမလား၊ 3G ပေးမလား ဆိုတာကတော့ 3G လိုအပ်တဲ့ မြို့တွေအတွက် 3G ပေးမှာဖြစ်ပြီး တချို့ 3G အထိ သုံးစရာမလိုသေးတဲ့ လူတွေအတွက်တော့ 2G လောက်ပဲ စပေးနိုင်မှာပါ” ဟု ၎င်းကပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ ၂၀၀၀၀ နှင့်အထက် မြို့ကြီးများအား မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကြက်နိုင်အောင် ဆောင်ရွက်သွားရန် သတ်မှတ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အလားတူ အဆိုပါတာဝါတိုင် ၁၀၀၀၀ အား အော်ပရေတာလေးခုမှ စိုက်ထူသွားမည်ဖြစ်ပြီး ၎င်းနှင့်ဆက်စပ်သော Radio Station ဆောက်လုပ်မှုများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍအား ကြည့်ပါက စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍနှင့် သားငါးကဏ္ဍတို့သည် စုစုပေါင်းထုတ်လုပ်မှု၏ ၄၀ ဒသမ ၂ ရာခိုင်နှုန်းရှိနေပြီး တယ်လီကွန်းနှင့် ဘဏ်လုပ်ငန်းကဏ္ဍနှင့် ပတ်သက်သည့် ထုတ်လုပ်မှုမှာ ၃၇ ဒသမ ၁ ရာခိုင်နှုန်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ သန့်စင်မှု လုပ်ငန်းများမှ စုစုပေါင်း ထုတ်လုပ်မှု၏ ၂၁ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Eleven Media Group

ဆက်သွယ်ရေးတာဝါတိုင် တစ်ခုအား တွေ့ရစဉ်
ဆက်သွယ်ရေးတာဝါတိုင် တစ်ခုအား တွေ့ရစဉ်

၂၀၁၄ ခုနှစ်တွင် ရရှိထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေးကွန်ရက်အား တိုးမြှင့်လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တာဝါတိုင် ၁၆၅၅ တိုင်သာရှိပြီး မိုဘိုင်းဖုန်း သုံးစွဲနိုင်သူမှာ စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း မတ် ၁၁ ရက် ရန်ကုန်မြို့ Park Royal Hotel ၌ကျင်းပသော Myanmar Construction Summit မှရရှိသော သတင်းများအရ သိရသည်။

မော်လမြိုင်မြို့တွင် ကျပ်သိန်း ၁၂၀ မှ ၁၃၅ သိန်းအထိကျသင့်မည့် သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း စတင်ဆောက်လုပ်

Photo: မော်လမြိုင်မြို့တွင် ကျပ်သိန်း ၁၂၀ မှ ၁၃၅ သိန်းအထိကျသင့်မည့် သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း စတင်ဆောက်လုပ်
Wednesday, March 12, 2014

မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီက တာဝန်ယူတည်ဆောက်မည့် မော်လမြိုင်မြို့ သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းလုပ်ငန်းများကို မတ်လဒုတိယအပတ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်ထံမှ သိရသည်။

“သီရိမင်္ဂလာရပ်ကွက်က စည်ပင်သာယာပိုင် မြေကိုးဧကထဲက မြေနှစ်ဧကပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဆောက်အအုံပုံစံက ရှစ်ခန်းတွဲ လေးထပ်တိုက်ငါးလုံး စုစုပေါင်းတိုက်ခန်း ၁၆၀ ခန်းရှိပြီးတော့ တစ်ခန်းကို ၆၀၀ စတုရန်းပေရှိမှာပါ။ အခန်းတန်ဖိုးတွေက မြေညီထပ်ကို ၁၃၅ သိန်း၊ ပထမထပ်ကို သိန်း ၁၃၀၊ ဒုတိယထပ်ကို ၁၂၅ သိန်းနဲ့ တတိယထပ်ကို သိန်း ၁၂၀ သတ်မှတ်ထားပါတယ်။ အဆောက်အအုံတွေကို ပြည်နယ်စည်ပင်သာယာရေး ကော်မတီကပဲ ကမ္ဘောဇဘဏ်ကချေးငွေနဲ တစ်နှစ်တွင်း အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “တိုက်ခန်းပေါင်း ၁၆၀ ထဲက ၃၂ ခန်းကို သီရိမင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ကိုယ်ပိုင်နေအိမ်မရှိတဲ့ သတ်မှတ်ဈေးနှုန်းကို ၀ယ်ယူနိုင်တဲ့သူကို မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ ညှိနှိုင်းရောင်းချပေးသွားပါမယ်။ ကျန်တဲ့ ၁၂၈ ခန်းကိုတော့ ၀န်ထမ်းလုပ်သက်များပြီး အိမ်ပိုင်မရှိသေးတဲ့ မော်လမြိုင်မှာ အခြေပြုနေထိုင်မယ့် ၀န်ထမ်းတွေကို သက်ဆိုင်ရာဌာန အကြီးအကဲတွေရဲ့ ထောက်ခံချက်နဲ့ စိစစ်ရွေးချယ် ရောင်းချပေးသွားမှာပါ။ လျှောက်လွှာတွေကိုတော့ မတ် ၂၄ ရက်နေ့ နောက်ဆုံးထား တင်ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

တိုက်ခန်းများကို ဘဏ်ချေးငွေစနစ်ဖြင့် တည်ဆောက်ရသည့်အတွက် ၀ယ်ယူခွင့် ရရှိသူများမှ တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို ကနဦး ပေးချေရမည်ဖြစ်ကြောင်း၊ ဘဏ်အတိုးနှုန်းမှာ ပထမနှစ်တွင် ၉ ရာခိုင်နှုန်းနှင့် နောက်နှစ်များတွင် ၅ ရာခိုင်နှုန်း ပေးချေသွားရမည်ဖြစ်ကြောင်း၊ တိုက်ခန်းပိုင်ဆိုင်ကြောင်း အထောက်အထားများကို ငါးနှစ်အတွင်း ငွေချေပြီးမှ ပေးသွားမည်ဖြစ်ကြောင်း၊ လက်ပြောင်းလက်လွှဲ ရောင်းချခွင့်မရှိကြောင်းနှင့် ငွေဆက်မသွင်းနိုင်ပါက ပေးသွင်းငွေများပြန်ပေးကာ ဒုတိယဦးစားပေး ၀န်ထမ်းများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လျှောက်ထားသူ များပါက အိမ်ရာအသစ်များ ထပ်မံဆောက်လုပ် သွားမည်ဖြစ်ကြောင်း ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

“တိုက်ခန်းတန်ဖိုးတွေက သာမန်ဝန်ထမ်းတွေ အတွက်တော့ အခက်အခဲ ရှိနိုင်ပါတယ်။ ငွေပြန်ဆပ်ရမယ့်ကာလ တိုးပေးမယ်ဆိုရင် လုပ်သက်များတဲ့ သာမန်ဝန်ထမ်းတွေလည်း အခွင့်အရေး ရလာနိုင်ပါတယ်” ဟု လုပ်သက်ရင့် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။

Eleven Media Group

သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အား မတ် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အား မတ် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီက တာဝန်ယူတည်ဆောက်မည့် မော်လမြိုင်မြို့ သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းလုပ်ငန်းများကို မတ်လဒုတိယအပတ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်ထံမှ သိရသည်။

ယူကရိန်းခေါင်းဆောင်အဖြစ် ဆက်ရပ်တည်ကြောင်း Yanukovych ကြေညာ

Photo: ယူကရိန်းခေါင်းဆောင်အဖြစ် ဆက်ရပ်တည်ကြောင်း Yanukovych ကြေညာ
Wednesday, March 12, 2014

လက်ရှိ ယူကရိန်းခေါင်းဆောင်တွေရဲ့ Crimea ပြဿနာ ကိုင်တွယ်ဖြေရှင်းမှုဟာ Crimea ဒေသကို ယူကရိန်းနိုင်ငံကနေ ခွဲထွက်သွားအောင် လုပ်နေတာဖြစ်တယ်လို့ ဖြုတ်ချခံရသူ ယူကရိန်းသမ္မတဟောင်း Viktor Yanukovych က သူ့အတိုက်အခံတွေကို ဒီကနေ့ ပြစ်တင် ဝေဖန်လိုက်ပြီး သူဟာ ယူကရိန်းသမ္မတအဖြစ်ရော တပ်မတော်စစ်ဦးစီးချုပ် အဖြစ်ပါ ရှိနေသေးတယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ပြီးခဲ့တဲ့လ Kyiv မြို့တော်ကနေ ထွက်ပြေးခဲ့အပြီး ရုရှားနိုင်ငံမှာ Yanukovych က အခုလို ဒုတိယအကြိမ် လူသိရှင်ကြား ထွက်ပြောလာတာ ဖြစ်ပါတယ်။ ယူကရိန်းကြားဖြတ်အစိုးရဟာ အစွန်းရောက်သူတွေ ဖြစ်တယ်လို့ သူက ရှုံ့ချလိုက်ပါတယ်။ ကြားဖြတ်အစိုးရက မေလ ၂၅ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လုပ်ပိုင်ခွင့် မရှိသလို တရားလည်း မ၀င်ဘူးလို့ သူက ပြောပါတယ်။

ယူကရိန်း ကြားဖြတ်အစိုးရကို ဒေါ်လာ ၁ ဘီလီယံ ချေးပေးတဲ့ အစီအစဉ်အတွက် အမေရိကန်အစိုးရကို Yanukovych က ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဝေဖန်ပြောဆိုလိုက်ပြီး ဒီဓားပြတွေကို ငွေပေးခွင့် မရှိဘူးလို့ အမေရိကန်အစိုးရကို ပြစ်တင်လိုက်ပါတယ်။

ဒီအတောတွင်း ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး Laurent Fabius က Crimea ပြဿနာ တည်ငြိမ်ရေးအတွက် ကမ်းလှမ်းချက်ကို ရုရှားဘက်က အပြုသဘော မတုံ့ပြန်ဘူးဆိုရင်တော့ အနောက်နိုင်ငံတွေအနေနဲ့ ရုရှားကို ဒီတပတ်ထဲမှာ တတ်နိုင်သမျှ အစောဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ယူကရိန်းသမ္မတဟောင်း Viktor Yanukovych
ယူကရိန်းသမ္မတဟောင်း Viktor Yanukovych

လက်ရှိ ယူကရိန်းခေါင်းဆောင်တွေရဲ့ Crimea ပြဿနာ ကိုင်တွယ်ဖြေရှင်းမှုဟာ Crimea ဒေသကို ယူကရိန်းနိုင်ငံကနေ ခွဲထွက်သွားအောင် လုပ်နေတာဖြစ်တယ်လို့ ဖြုတ်ချခံရသူ ယူကရိန်းသမ္မတဟောင်း Viktor Yanukovych က သူ့အတိုက်အခံတွေကို ဒီကနေ့ ပြစ်တင် ဝေဖန်လိုက်ပြီး သူဟာ ယူကရိန်းသမ္မတအဖြစ်ရော တပ်မတော်စစ်ဦးစီးချုပ် အဖြစ်ပါ ရှိနေသေးတယ်လို့ ပြောပါတယ်။

အခွန်မထမ်းဆောင်ဘူးဆိုပြီး ကုမ္ပဏီကြီး တချို့ကို မှားယွင်း ဖော်ပြခဲ့မိ

Photo: အခွန်မထမ်းဆောင်ဘူးဆိုပြီး ကုမ္ပဏီကြီး တချို့ကို မှားယွင်း ဖော်ပြခဲ့မိ
Wednesday, March 12, 2014

အခွန် ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ တစ်သောင်းကျော်စာရင်းမှာ အခွန်အခတွေ မထမ်းဆောင်ဘူးဆိုပြီး ကုမ္ပဏီကြီး တချို့ကို စာရင်း မှားယွင်း ဖော်ပြခဲ့တယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒီစာရင်း အမှားကို မတ်လ(၇)ရက်နေ့မှာ ပြည်တွင်း အခွန်ဦးစီးဌာနက ထုတ်ပြန် လိုက်တာဖြစ်ပြီး အဲဒီထဲမှာ AGD Bank, Yoma Bank, Small & Medium Industrial Bank, A-1 Garment Co., Ltd, Korea Development Bank စတဲ့ လုပ်ငန်းတွေ ပါဝင်တယ်လို့ ထုတ်ပြန် ထားပါတယ်။

တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ(၄)ပုံ(၁)ပုံရှိတဲ့ အထဲက ကုမ္ပဏီတစ်သောင်းကျော်ဟာ အခွန်မဆောင်ဘူးဆိုပြီး မကြာသေးမီက အခွန်ရုံးက ထုတ်ပြန်လိုက်တဲ့ စာရင်းက မှားယွင်းနေတယ်လို့ အခွန်ဦးစီးဌာနက ဝန်ခံလိုက်တာဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေဟာ ကွန်ပြူတာစနစ် အမှားအယွင်းကြောင့် ရောထွေးဖော်ပြမိခဲ့တာဖြစ်တယ်ဆိုပြီး ကုမ္ပဏီများဆိုင်ရာအခွန်ရုံးက ဦးတင်ထွန်းနိုင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းပန်စကား ပြောခဲ့ပါတယ်။

အခွန်မဆောင်ဘူးလို့ ဖော်ပြခဲ့တဲ့ ဒီအမှားစာရင်းမှာ AGD Bank, Yoma Bank, Korea Development Bank စတဲ့ ကုမ္ပဏီပေါင်း (၁၅)ခုကနေ အခု (၅၀)လောက်အထိရှိနိုင် ပြီး ခုခါမှာတော့ အခွန်မဆောင်တဲ့ ကုမ္ပဏီစာရင်းကို ပြန်လည်ပြင်ဆင်ထားတယ်လို့ ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ဆိုပါတယ်။

အခွန်ရုံးရဲ့ စာရင်းအမှားနဲ့ ပတ်သက်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကိုတော့ AGD ဘဏ်နဲ့ ရိုးမဘဏ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ သူတို့ဘဏ်တွေဟာ အမြဲအခွန်ထမ်းဆောင်နေပြီး တခါမှ ပျက်ကွက်ခဲ့ခြင်းမရှိ တာကို စစ်ဆေးနိုင်တယ်လို့ AGD ဘဏ် က အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။

အခု နောက်ထပ် ထုတ်ပြန်လိုက်တဲ့ စာရင်းကို အမှားအယွင်းနည်းအောင် လုပ်ထားတယ်လို့ အခွန်ရုံးက ပြောပေမယ့် လူတွေကတော့ အခွန်ဌာနရဲ့ စာရင်းဇယားတွေဟာ ဘယ်လောက်မှန်မှန်ကန်ကန် ရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

AGD Bank အပါအဝင် အခွန်မထမ်းတဲ့ ကုမ္ပဏီ ဖော်ပြချက် မမှန်လို့ အခွန်ဦးစီးဌာနက ဆိုပြန်
အခွန် ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ တစ်သောင်းကျော်စာရင်းမှာ အခွန်အခတွေ မထမ်းဆောင်ဘူး ဆိုပြီး ကုမ္ပဏီကြီး တချို့ကို စာရင်း မှားယွင်း ဖော်ပြခဲ့တယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာန၊ ကုမ္ပဏီများဆိုင် ရာ အခွန်ရုံးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

သမ္မတအရည်အချင်း ကန့်သတ်ချက် ဖယ်ရှားရေး သမ္မတထံတင်ပြဖို့ သံဃာတော်တွေကြိုးပမ်း

လူထုအများက တောင်းဆိုနေကြတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (ဃ)၊ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး တွဲဘက်အတွင်းရေးမှူး ဆရာတော် ဦးသူရိယက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဆရာတော်ကြီးထံ လျှောက်ထားလိုက်ပါတယ်။

ဆရာတော် ဦးဝီရသူ ပေါက်တောဒေသခံတွေနဲ့ တွေ့ဆုံ

Photo: ဆရာတော် ဦးဝီရသူ ပေါက်တောဒေသခံတွေနဲ့ တွေ့ဆုံ
Wednesday, March 12, 2014

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် အကူအညီပေးနိုင်ဖို့ ဒေသခံတွေရဲ့ အခက်အခဲတွေကို ဒီနေ့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်တွေအတွက် ဘာတွေကူညီပေးရမလဲသိချင်လို့ ကြွှရောက်တာဖြစ်တယ်လို့ ဆရာတော် ဦးဝီရသူက မိန့်ကြားပါတယ်။

"ရည်ရွယ်ချက်ကတော့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စပါ၊ ပေါက်တောမြို့ ဖွံ့ဖြိုးရေးအတွက် အဓိက ဘာတွေလိုအပ်မလဲ၊ ဘာတွေလုပ်ပေးရမလဲပေါ့ လာပြီးတော့ ကူညီပေးတာ၊ ဒုက္ခသည်တွေကို ကူညီဖို့ပေါ့၊ ဒုက္ခသည်တွေက နှစ်မျိုးပေါ့၊ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ဒုက္ခသည်တွေ၊ ပြည်ပကနေပြီးတော့ နေလို့ထိုင်လို့မရလို့ ပြန်ရောက်လာတဲ့ ဒုက္ခသည်တွေပေါ့"

ဆရာတော်ရဲ့ အခု ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ရက်သတ္တ တစ်ပတ်နီးပါးလောက်ကြာမြင့်မှာဖြစ်ပြီး မြောက်ဦး၊ မြေပုံစတဲ့ မြို့နယ်တွေက အခြေအနေတွေကိုလည်း ကြွရောက်လေ့လာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနောက်ပိုင်း စစ်တွေမြို့ကို ဒုတိယအကြိမ် ကြွရောက်လာခဲ့တာဖြစ်ပြီးတော့ ဒေသခံတွေရဲ့ စားဝတ်နေရေး၊ ပညာရေးကဏ္ဍနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ တစ်စုံတစ်ရာ ထူးခြားပြောင်းလဲသွားတာမျိုး မတွေ့ရသေးဘူးလို့လည်း ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် ဆရာတော်ရဲ့ တရားပွဲကို ဒီကနေ့ ညနေနဲ့ မနက်ဖြန် ညနေပိုင်းတွေမှာ စစ်တွေမြို့မှာကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုင်ငံရေးအရာရှိ Mr. Clint Fenning ဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အခက်အခဲတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးလာတဲ့အခြေအနေတွေကို အမေရိကန် သံရုံးအရာရှိတွေကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန် သံရုံးအရာရှိတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂွမြို့နယ်နဲ့ ကျိန္တလီမြို့နယ်ခွဲတွေက ဒေသခံတွေနဲ့လည်း တွေဆုံခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဒေသဖွံ့ဖြိုးရေး အတွက် အကူအညီပေးနိုင်ဖို့ ဒေသခံတွေရဲ့ အခက်အခဲတွေကို ဒီနေ့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

အာဆင်ဝင်းဂါး၏ အာဂျန် ရော်ဘင်အပေါ် သုံးသပ်ဝေဖန်ချက်

Photo: အာဆင်ဝင်းဂါး၏ အာဂျန် ရော်ဘင်အပေါ် သုံးသပ်ဝေဖန်ချက်
March 12, 2014

ယခုနှစ် အာဆင်နယ် နှင့် ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံကစားခဲ့သည့် ပွဲစဉ်များ၏ မတော်တဆဖြစ်ရပ်များမှာ ရော်ဘင်က အဓိကဇာတ်ကောင် အဖြစ်ပါဝင်နေသည်။

ပြီးခဲ့သည့် ပထမအကျော့ လန်ဒန်မြေမှာလည်း ရော်ဘင်ကြောင့်
ဘိုင်ယန်မြူးနစ်အသင်းပင်နယ်တီရခဲ့သည်သာမက အာဆင်နယ်ဂိုးသမား
Wojciech Szczesny သည်လည်း အနီကတ်ပြပြီးအထုတ်ခံရသည် ဒုတိယအကျော့ပါ အဆစ်ပွဲပယ်ခံခဲ့ရသည်။
ထိုစဉ်က ဘိုင်ယန်က အာဆင်နယ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိဖြင့်နိုင်ခဲ့ပြီး
ယခုဒုတိယအကျော့မှာ ၁ ဂိုးစီသရေ ရလဒ်ဖြစ်ခဲ့သည့်အတွက်
အာဆင်နယ်အသင်းသည် နှစ်ကျော့ပေါင်း ၃း ၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်များမှ
အင်္ဂလန်ကလပ်အသင်းများထဲတွင် စောစီးစွာ နှုတ်ဆက်ခဲ့ရပြီဖြစ်သည်။
ယနေ့ည ပွဲစဉ်မှာလည်း ရော်ဘင်အား ဟန့်တားရာတွင် ကြမ်းတမ်းသည့်အတွက် အာဆင်နယ်တို့ ပွဲပြီးခါနီး
ပင်နယ်တီတစ်လုံး ထပ်ပေးရပြန်သည် အဆိုပါ ပင်နယ်တီကို သောမက် မှုလာ လွဲချော်ခဲ့၍သာ အာဆင်နယ်တို့ ဒုတိယအကျော့မရှုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီးအာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ရော်ဘင်အပေါ် ပွဲအပြီးမှာ
" ရော်ဘင်က အရမ်းကို ထူးချွန်ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ
ဒီထက်သာမက ဒိုင်ဗင်လှဲချတဲ့နေရာမှာလည်း ထူးချွန်သူတစ်ဦးပါ" ဆိုပြီး ဝေဖန်ခဲ့ပါသည်။ " သူဟာ ထက်မြက်တဲ့ ကစားသမားတစ်ယောက်ပါ။ ကမ္ဘာ့အကောင်းဆုံးထဲမှာလည်း တစ်ဦးပါဝင်သူပါ ဒါပေမဲ့လည်း နောက်တန်းကစားတွေရှေ့ မှာ လျှောကျ လဲချခြင်းတွေနဲ့လည်း
ဖရီးကစ်တွေ ယူတက်သူတစ်ဦးဖြစ်နေတယ်"
" ကွင်းလယ်ဒိုင်က အ၀ါကတ်ပြပြီး သတိပေးလိုက်ရင်တော့
နောက်ကို အဲ့လိုမလုပ်တော့ဘူး" ဆိုပြီး ပြောကြားခဲ့တာပါ။
အာဆင်ဝင်းဂါးသည် ပထမအကျော့အဖြစ်အပျက်အပေါ်လည်း ခါးသီးနာကြည်းနေဆဲဖြစ်ပြီး ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များအပေါ်လည်း စိတ်မကောင်းဖြစ်ရကြောင်းကို ထပ်လောင်းပြောကြားထားပါသည်။

မိုးတိမ်
Football Cafe
ယခုနှစ် အာဆင်နယ် နှင့် ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံကစားခဲ့သည့် ပွဲစဉ်များ၏ မတော်တဆဖြစ်ရပ်များမှာ ရော်ဘင်က အဓိကဇာတ်ကောင် အဖြစ်ပါဝင်နေသည်။

၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်များ မတ်လတတိယပတ်အတွင်း တွေ့ဆုံမည်

၁၉၉၀ ပြည့်နှစ်က ပြည်သူလူထု ရွေးကောက်တင်မြှောက်ခဲ့သည့် အမတ်များတွေ့ဆုံပွဲကို မတ် ၂၂ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ နံနက် ၉ နာရီမှ စတင်ကာ တွေ့ဆုံကြမည်ဖြစ်ပြီး ထိုတွေ့ဆုံမှုများမှတစ်ဆင့် ပြည်သူလူထုအား အကျိုးပြုသည့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်ဟု ဒေါက်တာစိန်မြင့်က ပြောကြားသည်။ ထိုတွေ့ဆုံမှုတွင် ရွေးကောက်ခံခဲ့ရသည့် အမတ် ၂၀၀ ကျော်ခန့်နှင့် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

ကျပ်သိန်းပေါင်း နှစ်သိန်းမှ သုံးသိန်းကြား မ,တည်လည်ပတ်သည့် AGD ဘဏ်သည် ၂၀၁၂-၂၀၁၃ ခုနှစ်က အမြတ်ကျပ်သိန်း ၈၀၀ နီးပါးပြပြီး သိန်း ၂၃၀ ကျော်သာ ၀င်ငွေခွန်ဆောင်

ကျပ်သိန်းပေါင်း နှစ်သိန်းမှသုံးသိန်းကြား မ,တည်လည်ပတ်သည့် AGD ဘဏ်သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ကျပ်သိန်း ၈၀၀ နီးပါးသာအမြတ်ပြပြီး ကျပ်သိန်း ၂၃၀ ကျော်သာ ၀င်ငွေခွန်ဆောင်ခဲ့ကြောင်း သိရသည်။

သမိုင်းဘူတာရုံလမ်းတွင် အငှားယာဉ်တစ်စီးက လမ်းဘေးတွင်ရပ်ထားသော အငှားယာဉ်အား ၀င်တိုက်မိပြီး ပက်လက်လှန်ကာ ခရီးသည်တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

Photo: သမိုင်းဘူတာရုံလမ်းတွင် အငှားယာဉ်တစ်စီးက လမ်းဘေးတွင်ရပ်ထားသော အငှားယာဉ်အား ၀င်တိုက်မိပြီး ပက်လက်လှန်ကာ ခရီးသည်တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ
Wednesday, March 12, 2014

မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းနှင့် ဦးအောင်ဇေယျလမ်းထိပ်တွင် မတ် ၁၁ ရက် ည ၉ နာရီဝန်းကျင်တွင် အငှားယာဉ်တစ်စီးက လမ်းဘေးတွင်ရပ်ထားသော အငှားယာဉ်အား ၀င်တိုက်မိပြီး ပက်လက်လန်ကာ ခရီးသည်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ သမိုင်းဘူတာရုံလမ်း၊ (၂) ရပ်ကွက်၊ ဦးအောင်ဇေယျ လမ်းထိပ်တွင် ည ၉ နာရီဝန်းကျင်တွင် ဘုရင့်နောင် မီးရထားဂုံးတံတားဘက်ကနေ မောင်းနှင်လာသော spacio အမျိုးအစား အပြာရောင် အငှားယာဉ်သည် သမိုင်းမြို့မ ဘုန်းကြီးကျောင်းရှေ့ အရောက်တွင် သမိုင်းလမ်းဆုံဘက်မှ မောင်းနှင်လာသောကားအား ရှောင်လိုက်ရာ အရှိန်လွန်ပြီး လမ်းဘေးတွင်ရပ်ထားသော စူပါရုဗင်အမျိုးအစား အဖြူရောင်အငှားယာဉ်အား တိုက်မိခဲ့ကြောင်း၊ ထိုသို့တိုက်မိသော အရှိန်ကြောင့် spacio အမျိုးအစား အပြာရောင် အငှားယာဉ်မှာ ပလပ်ဖောင်းပေါ်၌ ပက်လက်လှန်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် spacio အမျိုးအစား အပြာရောင်အငှားယာဉ်ပေါ်မှ ခရီးသည် အမျိုးသားတစ်ဦးမှာ ခေါင်းခန်းတွင်ညပ်ကာ သေဆုံးနေပြီး ခရီးသည်တစ်ဦးမှာလည်း ဒဏ်ရာရရှိသွားကြောင်း၊ ယာဉ်မောင်းမှာလည်း ထွက်ပြေးသွားကြောင်း သိရသည်။

“ပက်လက်လှန်သွားတဲ့ အငှားယာဉ်က တံတားအဆင်းကနေ အရှိန်နဲ့ မောင်းလာတယ်။ လေးထိုးကျွတ်ဖာဆိုင်ရှေ့မှာ ကားနှစ်စီးက နှစ်ထပ်ရပ်ထားတာတွေ့လို့ ကျော်တက်လိုက်တယ်။ အဲဒီလို ကျော်တက်တဲ့အချိန်မှာ တစ်ဖက်ယာဉ်ကြောကလာတဲ့ ပရိုဘောက်ယာဉ်နဲ့ တိုက်မိမှာစိုးလို့ ရှောင်လိုက်တယ်။ နောက်တော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကရပ်ထားတဲ့ အငှားယာဉ်နဲ့တိုက်မိပြီး ပက်လက်လှန်သွားတာပါ။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ သေသွားတဲ့သူက ယာဉ်မောင်းဘေးမှာ ထိုင်တဲ့သူပါ။ သူက အထဲမှာညပ်ပြီး သေနေတာပါ” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

Eleven Media Group

တိမ်းမှောက်သွားသည့် အငှားယာဉ်အတွင်းမှ ခရီးသည်အား ဆွဲထုတ်နေစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
တိမ်းမှောက်သွားသည့် အငှားယာဉ်အတွင်းမှ ခရီးသည်အား ဆွဲထုတ်နေစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)

မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းနှင့် ဦးအောင်ဇေယျလမ်းထိပ်တွင် မတ် ၁၁ ရက် ည ၉ နာရီ ၀န်းကျင်တွင် အငှားယာဉ်တစ်စီးက လမ်းဘေးတွင်ရပ်ထားသော အငှားယာဉ်အား ၀င်တိုက်မိပြီး ပက်လက်လန်ကာ ခရီးသည်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

လူထုသဘောတူညီမှု မရထားသော ကျောက်ဖြူ-ရွှေလီ စီးပွားရေးစင်္ကြံလမ်း အကောင်အထည်ဖော်ရန် ပဏာမအဆင့် လေ့လာမှုပြီးစီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီအထိ ဆက်သွယ်မည့် ကျောက်ဖြူ-ရွှေလီ စင်္ကြံလမ်းနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေ အကြိုလေ့လာမှုများ ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ဆောက်လုပ်မှု အပိုင်းနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းရန် ရှိသေးကြောင်း မတ် ၁၁ ရက် ရန်ကုန်မြို့ Park Royal Hotel ၌ကျင်းပသော Myanmar Construction Summit မှရရှိသော သတင်းများအရ သိရသည်။

ပျောက်ဆုံးဆဲ မလေးရှား လေယာဉ် အကြမ်းဖက်မှုကြောင့် ဖြစ်နိုင်ချေနည်း

Photo: ပျောက်ဆုံးဆဲ မလေးရှား လေယာဉ် အကြမ်းဖက်မှုကြောင့် ဖြစ်နိုင်ချေနည်း
Wednesday, March 12, 2014

မလေးရှားလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစင်း ပျောက်ဆုံးနေတဲ့ ကိစ္စဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပုံ မရဘူးလို့ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

လေယာဉ်ပေါ်ကို ခိုးရာပါ နိုင်ငံကူးလက်မှတ် အသုံးပြုပြီး လိုက်ပါသွားတဲ့ ခရီးသည် ၂ ယောက်နဲ့ ပတ်သတ်ပြီး အသစ်ရရှိတဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ပျောက်သွားခဲ့ပုံ သိပ်မရှိဘူးလို့ Interpol အတွင်းရေးမှူးချုပ် Ronald Noble က ပြောပါတယ်။

သူတို့ ၂ ဦး လေယာဉ်ပေါ် အတူတူတက်သွားတဲ့ ဓာတ်ပုံတွေကို Interpol က ထုတ်ပြန်လိုက်ပါတယ်။ သူတို့ကတော့ အသက် ၁၉ နှစ်အရွယ် Pouri Nourmohammadi နဲ့ အသက် ၂၉ နှစ်အရွယ် Delavar Seyedmohammaderza တို့ ဖြစ်ကြပါတယ်။

အသက် ၁၉ နှစ်အရွယ် အမျိုးသားက ဂျာမနီနိုင်ငံမှာ အခြေချနေထိုင်ဖို့ လုပ်တာ ဖြစ်နိုင်တယ်လို့ မလေးရှား ရဲချုပ် Khalid Tan Sri က ပြောပါတယ်။ နောက်အမျိုးသားနဲ့ ပတ်သတ်ပြီးတော့ စုံစမ်းနေဆဲရှိပါတယ်။ ဒီလို ထပ်ပြီး သိလိုက်ရတဲ့ အချက်တွေအရ သူတို့ ၂ ဦးပေါင်းပြီး အကြမ်းဖက်မှု လုပ်ဆောင်တဲ့ အနေအထားတော့ သိပ်မရှိတော့ပါဘူး။

မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ်ဟာ မလေးရှားနိုင်ငံ Kuala Lumpur မြို့တော်ကနေ ပျံတက်သွားပြီး တစ်နာရီလောက်အကြာ စနေနေ့မနက် အစောကြီးမှာပဲ ဘာမှ အကြောင်းမကြားဘဲ ရေဒါကနေ ပျောက်သွားခဲ့တာပါ။ လေယာဉ်ပေါ် ပါသွားသူ ၂၃၉ ဦးရဲ့ ဆွေမျိုးတွေကတော့ သတင်းဆိုးအတွက် ကြိုတင် တွက်ဆထားပြီးဖြစ်သလို အာဏာပိုင်တွေကလည်း ရှာဖွေရေးတွေ ဒီကနေ့ ဆက်လုပ်နေပါတယ်။

အခုတော့ လေယာဉ်ပျောက်ဆုံးသွားတဲ့နေရာနဲ့ ၁၁၅ မိုင်ပတ်လည်ကို ကုန်းမြေပေါ်မှာပါ အပါအဝင် ရှာဖွေရေးတွေ ဆက်ပြီး လုပ်ဆောင်နေပါတယ်။ လေယာဉ်တွေ သင်္ဘောတွေ အများကြီးပါဝင်ပြီး ကယ်ဆယ်ရှာဖွေရေးတွေ လုပ်နေတာတောင်မှ လေယာဉ်အစအနကိုတောင် ရှာမတွေ့သေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
မလေးရှားလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစင်း ပျောက်ဆုံးနေတဲ့ ကိစ္စဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပုံ မရဘူးလို့ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

MSF နဲ့ ကုလ စွပ်စွဲချက် ဒုချီယားတန်းကော်မရှင် ပယ်ချ

Photo: MSF နဲ့ ကုလ စွပ်စွဲချက် ဒုချီယားတန်းကော်မရှင် ပယ်ချ
Wednesday, March 12, 2014

ဇန်န၀ါရီလဆန်းပိုင်းတုန်းက ရခိုင်ပြည်နယ် ဒုချီယားတန်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာပါ စွပ်စွဲချက်တွေဟာ အခြေအမြစ် ခိုင်ခိုင်လုံလုံ မရှိဘူးလို့ ဒုချီယားတန်းကိစ္စ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။

ဒုချီယားတန်းအရေး စုံစမ်းရေးကော်မရှင် တွေ့ရှိချက် အစီရင်ခံစာကို ဒီကနေ့ အများပြည်သူကို ထုတ်ပြန်လိုက်ရာမှာ၊ ဒုချီယားတန်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ရေးသားပြောဆိုခဲ့တာ အတော်များများကို မဟုတ်မမှန်တဲ့အကြောင်း ငြင်းဆန်ထားပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဒုချီယားတန်းကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာ အပါအ၀င် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ဖော်ပြရေးသားချက်တွေကို အခြေခံပြီး၊ မှန် မမှန် ကွင်းဆင်းလေ့လာ တွေ့ဆုံမေးမြန်းမှုတွေလုပ်ပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ အစီရင်ခံစာ ရေးသားသူတွေက ပြောပါတယ်။

ကော်မရှင်အနေနဲ့လည်း ကော်မရှင်အဖွဲ့ဝင်တွေ သာမက ကျွမ်းကျင်သူတွေ ပညာရှင်တွေကို ဖိတ်ခေါ် ပါဝင်စေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာတော့ ကျေးရွာသားတွေ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်ဆိုတာကိုတော့ ကော်မရှင် အစီရင်ခံစာက အတည်ပြုထားပါတယ်။ ဒါပေမဲ့လည်း ဒါဟာ ရန်လိုတဲ့လူအုပ်ကို လုံခြုံရေးတပ်က ခုခံတုံ့ပြန်ရင်း ဖြစ်လာတဲ့ အခြေအနေဆိုပြီး သုံးသပ်ထားပါတယ်။

“လုံခြုံရေး တပ်ဖွဲ့ဝင်တွေကနေ ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်တာတွေ လုယက်မှု ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြောရရင်တော့ ဒုချီယားတန်း ကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်ဆိုတာကိုတော့ တွေ့ပါတယ်။ ဒါပေမဲ့လည်း ဒီဒဏ်ရာတွေ ဘယ်လိုရသလဲဆိုတာ ဖြစ်နိုင်ချေ နှစ်ရပ်ရှိတယ်လို့ တွက်ပါတယ်။ ပထမတခုကတော့ ရန်လိုတဲ့လူအုပ်ကြီးနဲ့ တွေ့တဲ့အခါမှာ ရဲတပ်သားတွေက သူတို့ကိုယ်သူတို့ ခုခံကာကွယ်ရင်းနဲ့ ဖြစ်တယ်ဆိုပြီး တွက်ပါတယ်။ အဲဒီမှာ ပစ်ခတ်ပြီး ရှင်းရတာမျိုး ရှိပါတယ်။ နောက်တချက်ကတော့ ကျေးရွာသားတွေ ထွက်ပြေးကြတဲ့အခါ မှောင်ထဲမဲကြီးထဲမှာ ထိခိုက်ဒဏ်ရာရတာမျိုး ဖြစ်ပါတယ်။”

စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာယဉ်ယဉ်နွယ်က ရှင်းပြခဲ့တာပါ။ ဒုချီယားတန်း အလယ်ကျေးရွာ မီးလောင်တဲ့ကိစ္စမှာတော့ ဒါဟာ သာမန် မတော်တဆ သဘောမျိုး မဟုတ်ဘဲ၊ နိုင်ငံရေး ရည်ရွယ်ချက်တရပ်နဲ့ အဖွဲ့အစည်းတခုက လုပ်တယ်ဆိုပြီး သုံးသပ်ပါတယ်။ ဘယ်အဖွဲ့ဆိုတာကို မရေးပါဘူး။ တချိန်တည်းမှာတော့ ကုလသမဂ္ဂ လျှို့ဝှက်အစီရင်ခံစာထဲမှာ ဖော်ပြသလို၊ မူဆလင်အချို့ သတ်ဖြတ်ခံရပြီး အလောင်းတွေကို ဖျောက်ဖျက်ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း သူတို့ အသေအချာ လေ့လာခဲ့တယ်လို့ ဒေါက်တာယဉ်ယဉ်နွယ်က ပြောပါတယ်။

“မူဆလင် ရုပ်အလောင်း ၁၀ လောင်းကနေ အလောင်း၂၀ လောက် အထိကို သင်္ချိုင်းဝင်းနားမှာ မြှုပ်လိုက်တယ်ဆိုပြီး ကုလသမဂ္ဂ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။ ကော်မရှင်ဟာ အဲဒီနေရာအထိကို သွားခဲ့ပါတယ်။  နေရာဟာ အရောက်အပေါက် နည်းပြီးတော့ သစ်ပင်တွေ မြက်တွေအားလုံး သဘာဝအတိုင်း ရှိနေပါတယ်။ သံသယဖြစ်စရာ အနေအထား မရှိပါဘူး။”

ကျေးရွာအတွင်း ပိုင်ဆိုင်မှုပစ္စည်းတွေ လုယက်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားချက်တွေအပေါ်မှာ စုံစမ်းတွေ့ရှိချက်တွေအရ အစားအစာနဲ့ မီးဖိုချောင် ပစ္စည်းတွေ ခိုးယူခံရနိုင်တယ် ဆိုတာကို သုံးသပ်ထားပေမဲ့၊ ရွှေ၊ ငွေ၊ ကျွဲ၊ နွား ပိုင်ဆိုင်မှုတွေ လုယက်ခံရတယ်ဆိုတဲ့ အပေါ်မှာတော့ မြေပြင်စုံစမ်းချက်အရရော လူမှုစီးပွားရေး အခြေအနေအရပါ ဖြစ်နိုင်ခြေ နည်းတယ်လို့ ကော်မရှင် အစီရင်ခံစာက သုံးသပ်ပါတယ်။ အထူးသဖြင့်ကတော့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာဆိုတာနဲ့ MSF က ပြောဆိုချက်တွေဟာ လုံးဝ ခိုင်လုံမှု မရှိဘူးဆိုတာကို ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက အထပ်ထပ် ငြင်းခဲ့ပါတယ်။

“AZG လို့လည်း ခေါ်တဲ့ MSF က ပြောဆိုချက်နဲ့ ကုလသမဂ္ဂရဲ့ ဒီလျှို့ဝှက် အစီရင်ခံစာ နှစ်ခုစလုံးကို လုံးဝ ပယ်ချပါတယ်။ အဲဒီက စွပ်စွဲချက်တွေ အားလုံးဟာ အခြေအမြစ် မရှိပါဘူး။ အထူးသဖြင့်တော့ ကလေးတွေ၊ အမျိုးသမီးတွေကိုပါ သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ကျေးရွာလူကြီးက ကလေးငယ်ကို ရက်ရက်စက်စက် သတ်ပစ်တယ်ဆိုတဲ့ လုပ်ဇာတ်သဘော စွပ်စွဲချက်တွေဟာ လုံးလုံး အခြေအမြစ် မရှိပါဘူး။”

အစီရင်ခံစာ အဆုံးသတ်မှာတော့ အကြံပြုချက် ၁၂ ချက် ထည့်သွင်းထားပါတယ်။ လက်ရှိ ဥပဒေအတိုင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားဖို့၊ ပဋိပက္ခဖြစ်တာနဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ဖို့၊ နောက်နောင် လူမျိုးရေး ပဋိပက္ခတွေကို ရှောင်နိုင်မယ့် အုပ်ချုပ်မှု ပုံစံတွေကို အကြံပြု ထည့်သွင်းထားပါတယ်။ ဒုချီယားတန်းကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရော၊ ရခိုင်ပဋိပက္ခ လေ့လာရေးကော်မရှင်က ကနဦး စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာနဲ့ ပြည်ပမီဒီယာတွေမှာ မယုံကြည်တဲ့သဘောတွေ ဖြစ်ခဲ့တာကြောင့် သမ္မတလက်မှတ်နဲ့ ဒုချီယားတန်း စုံစမ်းရေးကော်မရှင်ကို ဖွဲ့ခဲ့တာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကိုယ်တိုင်ကလည်း ဒီစုံစမ်းမှုတွေဟာ နိုင်ငံတကာ စံနှုန်းနဲ့ မပြည့်ဘူးလို့ ထောက်ပြခဲ့ပြီး၊ အခု ဒုချီယားတန်း ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို သူစောင့်ကြည့်သွားမယ်၊ လိုအပ်ရင်တော့ ကုလသမဂ္ဂနဲ့တွဲပြီး အထူး စုံစမ်းမှုလုပ်နိုင်အောင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကို တိုက်တွန်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ မြန်မာဌာန)

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်မှ ဧပြီလ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်မှ ဧပြီလ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

ဇန်န၀ါရီလဆန်းပိုင်းတုန်းက ရခိုင်ပြည်နယ် ဒုချီယားတန်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကုလ သမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာပါ စွပ်စွဲချက်တွေဟာ အခြေအမြစ် ခိုင်ခိုင်လုံလုံ မရှိဘူးလို့ ဒုချီယားတန်းကိစ္စ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။

အရှိန်လွန်ကာ ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ခရီးသည်(၁၃)ဦးဒဏ်ရာရ

Photo: အရှိန်လွန်ကာ ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ခရီးသည်(၁၃)ဦးဒဏ်ရာရ
Wednesday, March 21, 2014

၁၁.၃.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် မှော်ဘီမြို့၊ ဆပ်သွားတော ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၂၈/၀)အနီးတွင် ရန်ကုန်ဘက်မှ မှော်ဘီဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော S---- ဟိုင်းလတ်အဖြူရောင် အောင်တံခွန်ယာဉ်လိုင်း ခရီးသည် တင်ယာဉ်သည် အရှိန်လွန်ကာ လမ်း၏ယာဘက်သို့တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ် နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များဒဏ်ရာအသီးသီး ရရှိခဲ့သဖြင့် မှော်ဘီဆေးရုံတွင် ကျား(၁)ဦး၊မ(၇)ဦးနှင့် ရန်ကုန်ဆေးရုံကြီး တွင် မ(၅)ဦး၊ စုစုပေါင်း(၁၃)ဦးတို့ တက်ရောက် ဆေးကုသမှု ခံယူလျက် ရှိပါသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်အောင်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)ကို မှော်ဘီမြို့မ ရဲစခန်း (ပ)၁၃/၂၀၁၄၊ ပုဒ်မ ၃၃၇/၃၃၈/၂၀၂ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၁.၃.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် မှော်ဘီမြို့၊ ဆပ်သွားတော ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၂၈/၀)အနီးတွင် ရန်ကုန်ဘက်မှ မှော်ဘီဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင် လာသော S---- ဟိုင်းလတ်အဖြူရောင် အောင်တံခွန်ယာဉ်လိုင်း ခရီးသည် တင်ယာဉ်သည် အရှိန်လွန်ကာ လမ်း၏ယာဘက်သို့တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ် နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းေ ရှာင် သွားခဲ့ပါသည်။

၁ နှစ်ဝင်ငွေ သိန်း ၂၀ အထက်ရှိသူများ ၀င်ငွေခွန်ဆောင်ရမည်

Photo: ၁ နှစ်ဝင်ငွေ သိန်း ၂၀ အထက်ရှိသူများ ၀င်ငွေခွန်ဆောင်ရမည်
Wednesday, March 21, 2014

တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ အထက်ရှိတဲ့ နိုင်ငံသားတိုင်း အခွန်ဆောင်ရမယ့် ၀င်ငွေခွန် ဥပဒေမူကြမ်းတခုကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။

ဝင်ငွေခွန်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ၂ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးပြီး အတည်ပြုလိုက်တာပါ။

ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းအရ အရင်က လူတဦးရဲ့ တနှစ်ဝင်ငွေ ၁၄ သိန်း ၄ သောင်းလို့ သတ်မှတ်ထားရာကနေ သိန်း ၂၀ ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

ဒါပေမယ့်လည်း လစာရဲ့ ၂၀ ရာခိုင်နှုန်းက ကင်းလွတ်ခွင့်ရမှာ ဖြစ်သလို သားသမီးတွေ ဇနီးမယားတွေနဲ့ ပတ်သက်ပြီး သက်သာခွင့်ပေးထားတွေ ရှိတယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ပြောပါတယ်။

နိုင်ငံဝန်ထမ်းတွေကလည်း သိန်း ၂၀ အထက်ရတဲ့သူတွေ အခွန်ဆောင်ရမှာ ဖြစ်သလို သက်ဆိုင်ရာက လစာထဲ တခါတည်း အခွန်ဖြတ်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတွက် ၁ လကို ၁ သိန်း ၂ သောင်းရတဲ့ ပြန်တမ်းဝင်အရာရှိအဆင့်ကနေ စတင် အခွန်ပေးဆောင်ရမှာ ဖြစ်သလို ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး အရင်ကထက် ပိုကောင်းတဲ့အကြောင်း လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးခင်မောင်ရည်က ပြောပါတယ်။

ဒါ့အပြင် ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း ဆွေးနွေးခဲ့ တယ်လို့လည်း ဆိုပါတယ်။

အခွန်အကြောင်းပညာပေးဆောင်းပါးတွေရေးသားနေတဲ့ ဦးဟန်ထွန်း(ဘဏ္ဍာအခွန်) ကတော့ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်း ပြည်သူများက အခွန်ပေးဆောင်လာအောင် လုပ်ရမယ့် ၀တ္တရားကို အကောင်ထည်ဖော်ပေမယ့် မြန်မာပြည်မှာတော့ ဘယ်လောက်အောင်မြင်မလဲ ဆိုတာကို ကြိုပြောလို့ မရဘူးလို့ ပြောပါတယ်။

မတ် ၁၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာတော့ အရက်နဲ့ ဆေးဝါးအမျိုးမျိုးကို အခွန် ၅၀ ရာခိုင်နှုန်း၊ စီးကရက်တွေကို ၁၀၀ ရာခိုင်နှုန်း ကောက်ခံဖို့၊ အဖိုးတန် ကျောက်မျက်တွေကို အခွန် ၃၀ ရာခိုင်နှုန်း၊ ရတနာအချောထည်များကို ၁၅ ရာခိုင်နှုန်း၊ ကျွန်းသစ်၊ သစ်မာသစ်လုံးနဲ့ အခြေခံသစ်ခွဲသားတွေကို ၂၅ ရာခိုင်နှုန်း၊ ဓာတ်ဆီနဲ့ ဒီဇယ်ဆီများကို ၁၀ ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့ကို ၈ ရာခိုင်နှုန်း အခွန်အသီးသီး ကောက်ခံဖို့လည်း သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း အခွန်မဆောင်တဲ့ ကုမ္ပဏီများစာရင်းကိုလည်း အခွန် ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

ကိုထွေး(ဒီဗွီဘီ)
တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ အထက်ရှိတဲ့ နိုင်ငံသားတိုင်း အခွန်ဆောင်ရမယ့် ၀င်ငွေခွန် ဥပဒေမူကြမ်း တခု ကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။