Saturday 29 October 2011

အဖေ သို့ အဓိဌါန်ခြင်း

 ထကြည့်ပါအုံး အဖေ..
 အဖေ အသက်ပေးခဲ့ တဲ့
 ဒီနိုင်ငံမြေမှာ..ရိုဟင်ဂျာ ဆိုပြီး
 ဒီကုလားနာတွေ ကို
 သမိုင်းလိမ်ပေးနေကြလေရဲ့ ..

ပြောပြပေးပါအဖေ..
အဖေ့သွေး အဖေ့ချွေးနဲ့
လွတ်လပ်ရေး ယူပေးခဲ့တဲ့
ဒီ မြန်မာ့ မြေမှာ..
ဘယ်ကုလားနာမှ
တိုင်းရင်းသားမဟုတ်ခဲ့ဘူးဆိုတာ..။

ဒေါ်လာရရင် ပြီးရော..
ပြည်တွင်း ပြည်ပ အတိုက်အခံများက
ရိုဟင်ဂျာ ဆိုတာ မြန်မာပြည်ဖွါးပါ
လုပ်နေကြတယ်..

ကျူပ်စိတ်နာတယ် အဖေ..
မြန်မာ့ သမိုင်းမှာ..
ဘယ်အခါမှ ရိုဟင်ဂျာဆိုတာ မကြားဖူးခဲ့တာ..
ဒီခေတ် ဒီအခါမှာမှ  ..
ရိုဟင်ဂျာ ဆိုတာ မြန်မာနွယ်ဖွါး
အာရကန်  နယ်ဟာ သူတို့ နယ်
ကိုယ်ပိုင်နယ်တောင် သတ်မှတ်ပေးရမတဲ့...
မုတ်ဆိတ်ဖွါးနဲ့ ဒီကုလားတွေ
ကျုပ်တို့ အနွယ်ဖွါး တိုင်းရင်းသားလို့
ကျုပ်တို့ဘယ်တော့မှ လက်မခံဘူးအဖေ...

ကျုပ်  အဓိဌါန်တယ် အဖေ..
ဗုဒ္ဓဘာသာ မကွယ်ပျောက်ဖို့ 
မြန်မာလူမျိုး တိမ်မညှိုးဖို့ 
မျိုးဆက်သစ် လက်တွေ ခိုင်ခိုင်ဆက်လို့ 
အဖေ အသက်ပေးခဲ့တဲ့ ဒီမြေ
ကျုပ်တို့ အစဉ်အမြဲ ကာကွယ်နေမယ် အဖေ..။

                                                         မောင်စစ်
                                                (16:56:29.10.2011)
မူ၇င်းလင့် 

ထောင်တန်တဲ့စကား ရယ်လျှင်ပေါ့

အခုတလော မြန်မာနိုင်ငံ အစိုးရသစ်၏ ဒုတိယ အကြိမ် လွတ်ငြိမ်း ချမ်းသားခွင့် ပေးခဲ့ပြီး မကြာခင် အချိန် အတွင်း အင်တာနက် စာမျက်နှာများ၊ ဂျာနယ်များ၊ ပြည်ပက ရုပ်မြင်သံကြား ဌာနများ၊ ပြည်ပက အသံလွှင့်ဌာနများ စသည့် မီဒီယာ လောကတွင် လွတ်မြောက် လာသူများ၏ တွေ့ဆုံမေးမြန်းခန်းများ၊ ပြောကြားချက်များ ပလူပျံနေ ပေသည်။
ထိုအထဲတွင် မြန်မာ့ အနုပညာ လောကမှ စွယ်စုံရ အနုပညာရှင်ကြီး (သူတို့ခေါ်ကြသလို) ကိုဇာဂနာ၏ သတင်းများမှာ များမြောင် လှပေရာ အချိန် ခဏတာ အတွင်း မြန်မာ့ နိုင်ငံရေး လောကနှင့် ကမ္ဘာ့ နိုင်ငံရေး လောကတွင် နိုင်ငံရေး လောက အတွင်းမှ တစ်ကယ့်ကို တိုင်းကျိုး၊ ပြည်ကျိုး အတွက် နိုင်ငံရေး လုပ်ဆောင် ပါသည်ဟု ဆိုနေသူ များထက် သာလွန်သော ဟီးရိုးကြီး တစ်ဦးပင် ဖြစ်နေမည် ထင်သည်။
အနုပညာ လောကမှ တစ်ဆင့် နိုင်ငံရေး လောကထဲသို့ ကူးပြောင်း ဝင်ရောက် လာခဲ့သူ တစ်ဦး ဖြစ်သည့် အားလျော်စွာ စွယ်စုံ အနုပညာရှင်ကြီး ကိုဇာဂနာ၏ အသုံး အနှုန်းများမှာ ကြားရ မြင်ရ သူများ အဖို့ သွားရည် ကျစရာ ဖြစ်နေ ပြန်သည်။ သြော်.. မေ့လို့ သွားရည် ကျစရာ ဖြစ်ဆို အနုပညာ လောက အတွင်းတွင် ဇာတ်သဘင် လူရွှင်တော် ဆိုသူ သူများထဲမှ ကိုဇာဂနာကဲ့သို့ သူများမှာလည်း ပရိသတ် သဘောကျဖို့ အရေး သာမာန် ပျက်လုံး များထက် နိုင်ငံရေး ပျက်လုံးများ၊ ခါးအောက်ပိုင်းနှင့် သက်ဆိုင်သော ပျက်လုံးများ ကဲ့သို့ ကြည့်ရှု နားဆင် နေကြသော ပရိသတ်များ အတွက် အဓိပ္ပာယ် နှစ်ခွ ထွက်သော အတွေး အမြင် ပျက်လုံး များသာ ပြောဆို၍ ပရိသတ်၏ စိတ်ဝင်စားမှုအား ရယူ တတ်ကြသည် မှာလည်း အားလုံး အသိပင် ဖြစ်သည်။
ကိုဇာဂနာက မိမိ၏ ရှေးကံကြောင့် ရရှိ လာသော တင်္ခဏုပ္ပတ္တိဉာဏ် အား “ထောင်တန်သည့် စကား ရယ်လျှင် ပေါ့သည် ဆိုသကဲ့သို့ အပြောင် အပြက် သဘောနှင့် ပျက်လုံး ထုတ်သည့် ဘက်တွင် အသုံးပြု နေသည်ကို တွေ့ရသည်။ ဤကမ္ဘာ လောက အတွင်းမှ ဖြစ်ပျက်မှု များအား ကြည့်မြင် နားထောင် သူချင်း သူသော်လည်း မိမိ၏ စိတ်သဋ္ဌာန် အရ ရှုထောင့် အမျိုးမျိုး၊ အသွင် အမျိုးမျိုး ဖြင့် မြင်တွေ့ တတ်ကြ သည်ကိုလည်း တွေ့ရသည်။ သစ်တုံး ပေါ်တွင် ရေးထွင်း ထားသော“၃ ၁” ဟူသည့် အက္ခရာ နှစ်လုံးအား မိမိ၏ အမြင်ဖြင့် (မိမိ နေထိုင် ကျင်လည်ရာ ပတ်ဝန်းကျင် အမြင်ဖြင့်) အမျိုးမျိုး ပြောဆို ကြသော်လည်း နောက်ဆုံးတွင် သစ်ခုတ်သမား၏ “၃ ၁” ဟူသည် “သစ်တုံး”သာ ဖြစ်သည် ဆိုသော ပုံပြင်ကဲ့သို့ ပကတိ အရှိ တရားအား အကောင်း အမြင်ဖြင့် မရှုမြင်ပဲ မိမိ အထင်၊ မိမိ အမြင် ဖြင့်သာ ပျက်လုံး ထုတ်နေခြင်း အားလည်း တွေ့ရသည့် အတွက် စိတ်မကောင်း ဖြစ်မိသည်။ နိုင်ငံရေး လုပ်ခြင်း ဆိုသည့် လေးနက်သည့် အသုံးအနှုံးအား လှောင်ပြောင် ရယ်သွမ်း သွေး၍ ဟာသ လုပ်ခြင်းဖြင့် ရောနှော ပစ်လိုက် ခြင်းမျိုး မဖြစ် စေချင်ပါ။
ကိုဇာဂနာ အကျဉ်းထောင်မှ လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် လွတ်မြောက် လာပြီး မကြာမီ မှာပင် အပြောင် အပျက် ပြောဆို သွားသော ပျက်လုံး ကဲ့သို့ ပြန်လည် အသွင်ပြောင်း ပြောရလျှင်-
ကိုဇာဂနာက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တကယ် လိုလားတယ် ဆိုရင် အပြောင် အပျက် သရော် စကား များဖြင့် ယခု ကဲ့သို့ လူစိတ်ဝင်စား စေမည့် ပျက်လုံးများ ထုတ်နေမည့် အစား “အပြောနှင့် မဟုတ် အလုပ်နှင့် သက်သေပြပါ” ဟု ဆိုချင်သည်။ ထိုသို့ မဟုတ်လျှင် ကိုဇာဂနာ၏ ယခု ပုံစံက “ဝါးခြမ်းအား မြင်နေ သော်လည်း အရင်က ဝါးလုံးကြီးပါ”ဟု ပြောဆိုနေ သကဲ့သို့ လည်ကောင်း၊ “စကားတတ် သည်နှင့် အကောင်း အဆိုး၊ အကြောင်း အကျိုး စဉ်းစား ဆင်ခြင်မှု မရှိပဲ တစာစာ ပြောနေသော ရွှေဂဲ ကြက်တူရွေး”ကဲ့သို့ လည်းကောင်း ဖြစ်နေပေ ဦးမည်။ ထို့ကြောင့် “ဝါသနာ အရင်းခံဖြင့် ဇာဂနာ ရယ်လို့ ဖြစ်လာ ပေမယ့် ဘာလချာ အပျင်းဉာဏ်နဲ့ နိုင်ငံရေး အပြောင် အပျက် ပြောနေမယ် ဆိုရင် ဘာဝနာ အားမထုတ် နိုင်ပဲ အပယ်ငရဲ အထိ ဟာသ ပြက်လုံးများ ထုတ်နေဦး မည်လား”ဟု မေးလိုက် ချင်သည်။ အာသွက်ခရာ 

အာဏာရှင် အနံ့အသက်တွေ ကင်းရှင်းဖို့

လူထုစိန်ဝင်း
(၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Weekly Eleven ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။)
'မိကျောင်းမင်း ရေခင်းပြသလို' ဖြစ်မှာတော့ စိုးတယ်။ ဒါပေမဲ့ 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်ဖို့အတွက် ရေးသင့် ရေးထိုက် တာလေးတွေတော့ ရေးပါရစေ။ ဒီလိုရေးဖို့အတွက် စာနယ်ဇင်း သမား ဆိုတာ ရှိနေရတာ မဟုတ်လား။
ရာထူးကြီးလေ ဇိမ်မရှိလေ
ခေါင်းဆောင်တွေ ဆိုတာက နေ့စဉ်နဲ့အမျှ စားချိန်၊ အိမ်ချိန်မှာတောင် တိုင်းရေး ပြည်ရေးတွေ စဉ်းစားရင်းနဲ့ စားကြ အိပ်ကြရတာပါ။ ရာထူးကြီးလေ ဇိမ်မရှိလေလို့တောင် ဆိုနိုင်တယ်။ အရေးကြီးကိစ္စ မှန်သမျှ ကိုယ်တိုင် ဆုံးဖြတ် ရတာ ဖြစ်လေတော့ တာဝန် သိပ်ကြီးပြီး စိုးရိမ် ကြောင့်ကြရတာတွေ သိပ်များတယ်။ ကိစ္စကြီးတွေကို ခေါင်းထဲ ထည့်ထားပြီး စက္ကန့်နဲ့အမျှ စဉ်းစားခန်း ထုတ်နေရတာကြောင့် တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေ တတ်တယ်၊ အဲဒီလိုမျိုးမှာ သတင်းစာတွေကို အားကိုး အားထားပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ်။
ထမင်းစား ရေသောက်သလို
သတင်းစာ ဆိုတာက လူ့လောက အတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးငယ် မျှသမျှ ရေးသားဖော်ပြကြတာ ဖြစ် လေတော့ သာမန် အချိန်တွေမှာ သတိမထားမိတဲ့ ကိစ္စလေးတွေကို သတိထားမိ သွားတတ်တယ်။ အဲဒါကြောင့် တိုင်းရေး ပြည်ရေး ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်သမျှ သတင်းစာတွေကို နေ့စဉ် ထမင်းစား ရေသောက်တဲ့ အလုပ်တွေ လုပ်သလို တာဝန်တစ်ရပ် အဖြစ် သဘောထားပြီး မဖြစ်မနေ ဖတ်ဖို့ လိုအပ်တယ်။ သတင်းစာ မဖတ်သူဟာ ဘယ်နည်းနဲ့မှ တာဝန်ကျေတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် မဖြစ်နိုင်ပါဘူး။
ခွဲခြမ်းစိတ်ဖြာပေးရ
သတင်းစာတွေကလည်း စတုတ္ထမဏ္ဍိုင်ပီသဖို့အတွက် ခေါင်းဆောင်တွေ အပါအဝင် တိုင်းသူပြည်သား အားလုံး သိရှိသင့်တဲ့၊ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စမှန်သမျှကို ကိစ္စကြီး ကိစ္စငယ် မခွဲခြားဘဲ ဖော်ထုတ် ရေးသားကြဖို့ လိုအပ်တယ်။ အကြောင်းအရာ အလိုက် ဆစ်ပိုင်းပြီး ခွဲခြားစိတ်ဖြာ ပြသင့်တဲ့အခါလည်း ပြရတယ်။ သတင်းစာ ဖတ်သူတိုင်းဟာ အားလပ် နေကြသူတွေ မဟုတ်ဘူး။ သတင်းစာက ခွဲခြမ်းစိတ်ဖြာ ပြတဲ့အတွက် အချိန်ကုန် သက်သာပြီး အများကြီး အထောက်အကူ ဖြစ်စေတယ်။ ဒါကြောင့် တာဝန်သိ သတင်းစာ သမားတိုင်း ဒီကိစ္စကို အထူး အလေးထား လုပ်ဆောင် ကြရတယ်။

အချိန်မှီပါသေးတယ်...

နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုကို သိမ်းသွင်းအုပ်ချုပ်တဲ့ အစိုးရပဲ ဖြစ်ဖြစ်၊ တည်ထောင်တဲ့အစိုးရပဲ ဖြစ်ဖြစ် လူဦးရေ သန်းခေါင်စာရင်းကို ကောက်ခံကြရပါတယ်။ မိသားစုမှာ လူဘယ်နှစ်ယောက်ရှိလဲ သိမှ သူတို့နဲ့ ညီမျှတဲ့ အလုပ်တွေကို အကောင်းမွန်ဆုံး၊ အထိရောက်ဆုံး လုပ်နိုင်မှာပါ။ ဥပမာ- သုံးယောက်ပဲ ရှိတဲ့ မိသားစုအတွက် တစ်ရက်စားဖို့ ၀က်သား ၁၀ ပိဿာ ၀ယ်လာရင် ပိုလျှံပြီး ပုပ်သိုးဆုံးရှုံးရမှာပါ။ Efficient မဖြစ်ပါဘူး။ အဲဒါကြောင့် ရခိုင်ပြည်ကို အုပ်ချုပ်တဲ့ အင်္ဂလိပ်တွေဟာ ထိထိရောက်ရောက် အုပ်ချုပ်သိမ်းပိုက်ထားနိုင်ဖို့အတွက် သန်းခေါင်စာရင်းတွေ ကောက်ယူခဲ့ပါတယ်။


၁၉၀၆ ခုနှစ် Akyab (စစ်တွေ) District Gazetter အရ ရခိုင်ပြည်မှာ ရှိနေတဲ့ တိုင်းဦးသားနဲ့ တိုင်းဦးသားမဟုတ်တဲ့ လူဦးရေ စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


တိုင်းဦးသားလူမျိုးများ (Indigenous Races) - Arakanese (239,649), Burmese (35,751), Kamis (11,595), Mros (10,074), Chins (9,415), Daingnets (3,412), Chaungthas (247) and Thets (232)



တိုင်းဦးသားမဟုတ်သူများ (Non-Indigenous Races) - British (209), Eurasians (159), Chinese (939), Shaikhs (152,074), Saiyyads (1,254), Pathans (126), Zairbadis (108), other Muslmans (1,325), Sudras (6,016), Kayasths (2,888), Uriyas (625), Brahmans (398), Chatris (377), Dhobis (263), Waddars (233), Nats (226), Burua Maghs (165), Chetties (164), Doms (143), Malas (142), Marabans (125), Banias (114) and other Hindus Castes (2104)


ြှဗိတိသျှအစိုးရရဲ့ ဒီလောက် စုံလင်တဲ့ လူမျိုးတွေကို စုစည်းထားတဲ့ စာရင်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ သူတို့ ပြောပြောနေတဲ့ လူမျိုးအမည် ပါပါသလား။ စာဖတ်သူတို့ စဉ်စားကြပါကုန်။


ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်းသိမ်းတော့ သေတဲ့လူက သေ၊ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ပင်လယ်ကမ်းနားက ကျွန်းစုတွေနဲ့ Sunderbuns ဘက်တွေကို ထွက်ပြေးတဲ့သူက ပြေး၊ စစ်သုံ့ပန်းအဖြစ်ပါတဲ့လူက ပါနဲ့ လူဦးရေက အရမ်းနည်းပါးသွားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို စိုက်ပျိုးကုန်ထုတ်လုပ်ငန်းတွေမှာ သုံးဖို့ ခေါ်လာပါတယ်။ အဲဒီအချိန်တုန်းက ရခိုင်ပြည်မှာ ရတဲ့လုပ်ခဟာ ဘင်္ဂလားဒေသမှာ ရတဲ့ လိုခထက် အရမ်းများတယ်လို့ ကိုလိုနီအစိုးရ အရာရှိကြီး Sir Arthur Phayre က ရေးပါတယ်။ (ဒါ့အပြင် အင်္ဂလိပ်မြန်မာ စစ်ပွဲသုံးပွဲအတွက် ခေါ်လာတဲ့ ဘင်္ဂလီတွေလည်း ရှိပါသေးတယ်။) အဲဒါကြောင့်လည်း ကိုလိုနီစနစ်အောက်မှာ စစ်တွေခရိုင်ရဲ့ လူဦးရေ တိုးနှုန်းဟာ ၁၅၅ ရာခိုင်နှုန်းထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အတွင်းပိုင်းကျတဲ့ ကျောက်တော်လိုမြို့မှာတောင် နှစ်ပေါင်း ၂၀ အတွင်း လူဦးရေ ၇၇ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါတယ်။

ဘင်္ဂလီတွေရဲ့ နောက်ဆုံးပန်းတိုင်


မီဒီယာ အခန်းကဏ္ဍကို တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် မှတ်ယူကြပါတယ်။ မီဒီယာသမားတွေဟာ ဘက်လိုက်မှု အနည်းနဲ့အများ ရှိကြတယ်ဆိုတာကို လက်ခံတယ်။ ဥပမာ ပြောရရင် လက်ယာယိမ်းမီဒီယာဖြစ်တဲ့ Fox News နဲ့ လယ်ဝဲမီဒီယာ ဖြစ်တဲ့ MSNBCတို့ရဲ့ သတင်းတွေကို နားထောင်ရင် သတိနဲ့ ချင့်ချိန်နားထောင်ရတယ်။ နှစ်ဘက်စလုံးကို နားထောင်တာဟာ တစ်ဘက်တည်းကို နားထောင်တာထက် ပိုအကျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀မရှိတော့ နှစ်ဘက်အမြင်ကို သေသေချာချာ ကြားနိုင်ဖို့ ခဲယဉ်းပါတယ်။ မြန်မာပြည်သူပြည်သားတွေဟာ ပြည်ပအတိုက်အခံမီဒီယာတွေကို ပုံအောပြီး အားပေးကြပါတယ်။ ပြည်ပအတိုက်အခံတွေဟာ မြန်မာပြည်သူတွေ အများစုရဲ့ ပြတင်းပေါက်ကြီးလို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့် အဲဒီသတင်းဌာနမှာ လုပ်နေတဲ့လူတွေဟာ အရမ်းတာဝန်ကြီးတယ်။ ဘက်လိုက်မှုမရှိတဲ့ သတင်းအမှန်တွေကို ဖော်ထုတ်ဖို့ တင်ပြဖို့ အရေးကြီးပါတယ်။ အဲဒီလိုပဲ တံခါးပိတ်ခံထားရတဲ့ မြန်မာပြည်အကြောင်းကို တင်ပြတဲ့ နိုင်ငံခြားသားတွေဟာလည်း ဂဃဏန လေ့လာဖို့၊ အချက်အလက်တွေ သေချာ စုဆောင်းဖို့၊ အထူးသတိပြု တင်ပြဖို့ လိုအပ်တယ်။


အကြောင်းအရာတစ်ခု၊ Issueတစ်ခုကို သုံးသပ်တဲ့အခါမှာ ခွဲခြမ်းစိတ်ဖြာ (analytically) ကြည့်တတ်ဖို့လိုပါလိမ့်မယ်။ လူ့အခွင့်အရေးဆိုတာနဲ့ တိုင်းရင်းသား အရေးဆိုတာ မတူပါဘူး။ နိုင်ငံသားဖြစ်တာနဲ့ တိုင်းဦးသားဖြစ်တာနဲ့ မတူပါဘူး။ ခွဲခြားသိတတ်ရပါမယ်။ BBC သတင်းဌာနက Anna Jones ဆိုတဲ့အမျိုးသမီးဟာ သတင်းသမားတစ်ယောက်မှာ ရှိရမယ့် ခွဲခြမ်းစိတ်ဖြာမှုပဲ ညံ့ဖျင်းတာလား၊ အချက်အလက် စုဆောင်းဖို့ ပျင်းတာလားတော့ မသိဘူး။ မြန်မာနိုင်ငံရဲ မြေပုံကို သောက်တလွဲ ဆော်ထည့်လိုက်ပါပြီ။ ရခိုင်ပြည်နယ်ကို ဘင်္ဂလီပြည်နယ် လုပ်ချလိုက်ပါပြီ။ အဲဒီမြေပုံကို ဘယ်ကနေ ဘယ်လို ရလာလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်က ရှိမယ်ထင်ပါတယ်။ ဂျပန်က မိတ်ဆွေတစ်ယောက်က ပြောပြဖူးတယ်။ “ဟဲ့ကောင် ရခိုင်ပြည် ကုလားပြည်ဖြစ်သွားပြီတဲ့”။ ကျနော်က... ဟာ ဘာလို့ ဖြစ်ရမှာလဲပေါ့.. နောက်မှ သူက ရိုဟင်ရျာအမည်ခံ ဘင်္ဂလီစာစောင်တစ်ခုမှာ ရခိုင်ပြည်နယ်ရဲ့ နေရာမှာ သူတို့ လူမျိုးတွေနဲ့ အစားထိုးထားတာတဲ့။ ကဲ.. ကောင်းကြသေးရဲ့လား.. အရပ်ကတို့ရေ။ ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်နေတာကတော့ စိတ်ဝင်စားစရာပါ။

BBC မီဒီယာရဲ့  အမှားတွေတင်ပြတာကို ထုတ်ဖော်ပါ။ ကန့်ကွက်ပါ။

ဘီဘီစီ (BBC) နှင့် သတင်းထောက် Anna Jones တို့ဟာ တာဝန်မဲ့စွာ မြန်မာနိုင်ငံရဲ့ လူမျိုးစာရင်းကို တလွဲပြုစုခဲ့ပါတယ်... ဒါတွေဟာ သမိုင်းကျောင်းကို ဇောက်ထိုးမိုးမျှော် ဖြစ်စေတဲ့အတွက် လုံးဝကို ကန့်ကွက်ပါတယ်......
အားလုံးသော အမျိုးချစ်သူများလည်း http://www.facebook.com/bbcburmese မှာ သွားရောက် ကန့်ကွက်ပေးကြပါလို့ တောင်းဆိုလိုပါတယ်....
Anna Jones ရဲ့ မူရင်းဆောင်းပါးကိုတော့ ဒီ http://www.bbc.co.uk/news/world-asia-pacific-11595983 မှာ ဖတ်ရှုနိုင်ပါတယ်...
ဘီဘီစီလို သိက္ခာရှိ သတင်းဌာနအနေနဲ့ ဒီလို လွဲမှားနေတဲ့ သတင်းအချက်အလက်တွေကို စီစစ်မှုမရှိပဲ ထုတ်လွှင့်တဲ့အတွက် ဖြေရှင်းမှု တစ်ခုခု ထုတ်ပြန်သင့်ပါတယ်.....
ရခိုင်လူမျိုးတွေကိုလည်း စာနာသင့်ပါတယ်.... ဘူးသီးတောင် မောင်တောမှာ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေ ကျူးလွန်နေတဲ့ လူမသိ သူမသိ ပြစ်မှုတွေကိုလည်း ဖော်ထုတ်စေချင်ပါတယ်....
ထောက်ပံ့ငွေရဖို့ မတရားနည်းလမ်းနဲ့ ပိုက်ဆံရဖို့အတွက် Monkey Business ပြလုပ်တဲ့ Anna Jone ကိုလည်း အပြင်းအထန် ရှုံချပါတယ်.....
ရခိုင်လူမျိုးများက ဗုဒ္စဘာသာဝင်တွေပါ။ မဟာမြတ်မုနိဘုရားကိုအဲ့ဒီကနေသယ်လာကတည်းရှင်းပါတယ်။ BBC မှာလုပ်ကိုင်သွားတဲ့ မြန်မာတွေထဲမှာလည်းရခိုင်လူမျိုးတွေပါပါတယ်။ ဒီလိုကိစ္စလေးက သေးသေးလေးဆိုတဲ့အကြောင်းချစ်ရာပေမဲ့ အခုအနေ အထားက ခေါင်းလေးဝင်ပါရစေ၊ ကိုယ်လေးဝင်ပါရစေနဲ့ ရခိုင်ပြည်နယ်ရဲ့ အနေအထားကို ချိုးနင်းလိုက်တဲ့ အပြုအမှုပါဘဲ။
ဒါကို BBC အနေနဲ့ ကျယ်ကျယ်ပြန့် ပြန့် မကြည့်ဘဲ ၊မတွက်ဘဲ သတင်း တစ်ခုအနေနဲ့ တင်ပြတဲ့ အနေအထားနဲ့ဆိုအုံး ကျွန်တော်တို့ 
ကန့် ကွက်ပါတယ်။
ကြီးမားသော ပြဿနာကို ထောင်ပေးသော၊ အက်ကြောင်းပေးသော အနေအထားကို လုပ်ဆောင်သည့် သတင်းဌာနအဖြစ်ကိုတော့ မလုပ်စေချင်ပါဘူး။
ဒီရိုဟင်ဂျာကိစ္စ ထိုင်းမှာပေါ်လာကတည်း ဒီလိုပြဿနာတွေတက်လာတော့ မယ်ဆိုတာကိုသိလို့ ဝိုင်းတားကြတဲ့သူတွေများပါတယ်။ ဒါကို အသီးသီးသော အဖွဲ့ အစည်းပေါင်းစုံက ၀ိုင်းပြီးတော့ တံဆိပ်ကပ်ကြပါတယ်။

ရိုးသားမှုလုံးဝမရှိ အလိမ်အညာတွေ ပြည့်နေတဲ့ရိုဟင်ဂျာ လှုပ်ရှားမှု


ရိုဟင်ဂျာအား မြန်မာ တိုင်းရင်းသားပြုရေး လိမ်လည်မှုပြသနာမှာ လူအချို့ဟာ လူအခွင့်အရေးဆိုတာ တစ်ခုတည်းကို လက်ကိုင်ထားပြီး ရောယောင် ထောက်ခံမှု ပြုကြတာကို တွေ့မိလို့ ဒီစာကိုရေးမိခြင်း ဖြစ်ပါတယ်။ စာရေးသားရာမှာ လူမျိုး ဘာသာ ခွဲခြားရေး ရှူထောင့်ကနေ တင်ပြတာမဟုတ်ဘဲ လူ့အခွင့်အရေး ဆိုတာကိုလဲ လက်ခံပြီး အမျိုးသားရေး (မူလနိုင်ငံသားများရဲ့အကျိုးစီး
ပွား) ရှူထောင့်ကနေ ရပ်တည်ရေးသားပါတယ်။ ကျွန်တော်တို့ဟာ ရိုဟင်ဂျာရဲ့ လူသားအခွင့်အရေးကို ဆန့်ကျင်နေတာ မဟုတ်ဘူး၊ သူတို့ကို မုန်းတီး နေကြတာလဲ မဟုတ်ဘူး။ သူတို့ကိုဖိနှိပ်ဖို့ လိုလား တောင်းဆိုနေကြတာမဟုတ်ဘူး။ ကျွန်တော်တို့ သွေးချင်း ရခိုင်သားတွေ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ကြတဲ့ မြေမှာ ၎င်းတို့ဟာ အုံကျင်းလိုက် ကျူးကျော် နေထိုင် ကြတယ်။ ရိုးရိုးသားသား ပြောရရင် လူမျိုးစွဲမပါဘဲ အမျိုးသားရေး စိတ်ဓါတ်အရ ကျွန်တော်တို့ ဒါကို မကျေနပ်ကြဘူး၊