
လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်မြစ်ဘေးရှိ မြေနုကျွန်းပေါ်မှ ကျူးကျော်နေသူများ၏ လုံခြုံရေးကို ဆောင်ရွက် ပေးသော ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း (PVA) က ကျူးကျော်နေအိမ်များကို လုံခြုံရေးစရိတ် တစ်အိမ်လျှင် ကျပ်သုံးသောင်း ကောက်ခံနေသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးသိမ်းဆန်းက The Voice သို့ ပြောကြားသည်။