Sunday 25 January 2015

ကြမ်းပြင်ကို လျှာနဲ့သန့်ရှင်းရေးလုပ်တဲ့ စစ်ဗိုလ်လောင်း

Photo: ကြမ်းပြင်ကို လျှာနဲ့သန့်ရှင်းရေးလုပ်တဲ့ စစ်ဗိုလ်လောင်း

Sunday, January 25, 2015

တရုတ်နိုင်ငံ စီချွမ်ခရိုင် ချန်ဒူမြို့ရှိ ဆက်သွယ်ရေးနည်းပညာကျောင်းမှာ သန့်ရှင်း သန့်ရပ်မှုကို သက်သေပြခဲ့တဲ့ သင်တန်းသားစစ်ဗိုလ်လောင်းတစ်ဦးရဲ့အကြောင်း တစ်စေ့ တစ်စောင်းကို Daily Mirror သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်
အဆိုပါဆက်သွယ်ရေးနည်းပညာကျောင်းမှာ တက်ရောက်နေတဲ့ သင်တန်းသား ဗိုလ်လောင်း ဟိုလီအိုဟာ သူ့ရဲ့ သန့်ရှင်းသပ်ရပ်မှုကို သက်သေပြမှုတစ်ခုအနေနဲ့ သူနေ ထိုင်ရာ အိပ်ခန်းဆောင်၊ ရေချိုးခန်းနဲ့ အိမ်သာကြမ်းပြင်ကြွေထည်များကို လျှာဖြင့်လျက် ကာ သန့်ရှင်းသပ်ရပ်ပါတယ်လို့ သင်တန်းဆရာရဲ့ရှေ့မှာ သက်သေပြခဲ့တာ ဖြစ်ပါတယ်။

ယခုလို သက်သေပြေရတဲ့အကြောင်းရင်းကတော့ ဆယ်သွယ်ရေးနည်းပညာ ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ သင်တန်းမှူး တပ်ကြပ်ကြီးကာလန်ခ်ျဟာ သူတို့ သင်တန်းသားအားလုံးကို အိပ်ခန်းဆောင်၊ ရေချိုးခန်းနဲ့ အိမ်သာများအတွင်းကို သန့်ရှင်း ရေးပြုလုပ်ရမယ်လို့ အမိန့်ပေးခဲ့ပြီး သူ နောက်တစ်ခေါက်ပြန်လာပြီး စစ်ဆေးကြည့်ရှုခဲ့ရာ မှာ စိတ်ကျေနပ်မှုမရှိတဲ့အတွက် သင်တန်းသားဗိုလ်လောင်းများကို အော်ဟစ်ကြိမ်းမောင်း ကာ အပြစ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။
ယင်းအချိန်မှာတော့ သင်တန်းသားဗိုလ်လောင်း သစ် ဟိုလီအိုဆိုသူက အပြစ်ပေးခံရမှာကို မလိုလားကာ သင်တန်းမှူးရဲ့ခွင့်ပြုချက်ကို တောင်းခံကာ အိပ်ခန်းမဆောင်ကြမ်းပြင်၊ ရေချိုးခန်းကြမ်းပြင်နဲ့ အိမ်သာကြွေထည် များကို သူ့ရဲ့လျှာနဲ့ သန့်ရှင်းခဲ့ပြီး သန့်ရှင်းမှုကို သက်သေပြခဲ့တာဖြစ်ပါတယ်။

Yangon Media Group
တရုတ်နိုင်ငံ စီချွမ်ခရိုင် ချန်ဒူမြို့ရှိ ဆက်သွယ်ရေးနည်းပညာကျောင်းမှာ သန့်ရှင်း သန့်ရပ်မှုကို သက်သေပြခဲ့တဲ့ သင်တန်းသားစစ်ဗိုလ်လောင်းတစ်ဦးရဲ့အကြောင်း တစ်စေ့ တစ်စောင်းကို Daily Mirror သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်
အဆိုပါဆက်သွယ်ရေးနည်းပညာကျောင်းမှာ တက်ရောက်နေတဲ့ သင်တန်းသား ဗိုလ်လောင်း ဟိုလီအိုဟာ သူ့ရဲ့ သန့်ရှင်းသပ်ရပ်မှုကို သက်သေပြမှုတစ်ခုအနေနဲ့ သူနေ ထိုင်ရာ အိပ်ခန်းဆောင်၊ ရေချိုးခန်းနဲ့ အိမ်သာကြမ်းပြင်ကြွေထည်များကို လျှာဖြင့်လျက် ကာ သန့်ရှင်းသပ်ရပ်ပါတယ်လို့ သင်တန်းဆရာရဲ့ရှေ့မှာ သက်သေပြခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေအား လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသားများနှင့်အတူ လမ်းတစ်လျှောက်ရှိ ဒေသခံများပါ ပူးပေါင်းပါဝင်ဆန္ဒပြလာ

အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်လမ်းလျှောက် ဆန္ဒထုတ်ဖော်နေကြသည့် ကျောင်းသားများမှာ ရန်ကုန်မြို့သို့ အရောက်သပိတ်စစ်ကြောင်းအဖြစ် မန္တလေး မြို့မှ စတင်ထွက်ခွာလာခဲ့ပြီး ငါးရက်မြောက်ဖြစ်သည့် ဇန်နဝါရီ ၂၄ ရက်တွင် နွားထိုးကြီး မြို့နယ်အတွင်းရှိ ပြင်စည်ကျေးရွာမှ နံနက် ၉ နာရီအချိန်ခန့်၌ ဆက်လက်ထွက်ခွာလာခဲ့ကြရာ လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများမှပါ ကျောင်းသားများနှင့်အတူ ချီတက်ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်လာကြပြီး သပိတ်စစ်ကြောင်းမှာ အရှိန်မြင့်တက်လာကြောင်း သိရသည်။

ရက်ပေါင်း ၈၀ ကျော်ကြာ ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော် စတင်ဖွင့်လှစ်ခဲ့ပြီး ယခင်နှစ်များကထက် ဘုရားဖူးများ ပိုမိုစည်ကား

မြတ်ဗုဒ္ဓခြေတော်ရာနှစ်ဆူ တည်ရှိပြီး ၈၃ ရက်ကြာကျင်းပမည့် မကွေးတိုင်းဒေသ ကြီး မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီက စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲနေ့တွင် မြန်မာနိုင်ငံဒေသ အများအပြားမှ လာရောက်ကြသော ဘုရားဖူးများဖြင့် ယခင်နှစ်များကထက် ပိုမိုစည်ကားခဲ့ကြောင်း ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

တောင်ငူခရိုင်တရားရုံးတွင် ဒုတိယခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအား အဂတိလိုက်စားမှုပုဒ်မဖြင့် တောင်ငူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထား


ပဲခူတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁) ရဲစခန်းတွင် ဇန်နဝါရီ ၂၁ ရက်က ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိပြီး တောင်ငူခရိုင်တရားရုံးတွင် ဒုတိယခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးရွှေအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တရားလိုပြုလုပ်ပြီး တိုင်တန်းသဖြင့် (ပ)၄၃/၂ဝ၁၅ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် ကနဦး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Is စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် အီရတ် ဒုတိယအကြီးဆုံး မြို့ဖြစ်သော မိုဆူလ်မြို့အား အမေရိကန်နှင့် အီရတ် တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန်စီစဉ်

Photo: Is စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် အီရတ် ဒုတိယအကြီးဆုံး မြို့ဖြစ်သော မိုဆူလ်မြို့အား အမေရိကန်နှင့် အီရတ် တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန်စီစဉ်
Sunday, January 25, 2015

အမေရိကန်နှင့် အီရတ်တပ်များသည် IS စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် အီရတ်နိုင်ငံ အတွင်းရှိ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မိုဆူလ်မြို့အား လာမည့်နွေရာသီတွင် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။

ကာ့ဒ် တပ်ဖွဲ့ဝင်များနှင့် အခြားအနောက် နိုင်ငံများ၏ လေ့ကျင့်သင်ကြား ပေးခြင်းခံထားရသည့် တပ်ဖွဲ့များသည် လာမည့် နွေဦးရာသီတွင် စစ်သွေးကြွများအား ထိုးစစ်ဆင်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နိုင်ဖွယ်ရှိနေပြီ ဖြစ်ကြောင်း အမေရိကန် စစ်ဘက်၏ အလယ်ပိုင်း စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ကြီး လွိုက်အော်စတင်၏ ပြောကြား ချက်ကို Wall Street ဂျာနယ်က ဇန်နဝါရီ ၂၂ ရက်တွင် ကိုးကားဖော်ပြခဲ့သည်။ သို့ရာတွင် အဆိုပါ ထိုးစစ်ဆင် တိုက်ခိုက်မှုတွင် အမေရိကန် တပ်များအား ပါဝင်စေခြင်းရှိ၊ မရှိနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရက ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်များ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွများက အီရတ် နိုင်ငံအတွင်း ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို ပြန်လည်သိမ်းယူ နိုင်ခဲ့ပြီဖြစ်ကြောင်း အော်စတင်က ပြောကြားခဲ့သည်။

မြ၀တီ
အမေရိကန်နှင့် အီရတ်တပ်များသည် IS စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် အီရတ်နိုင်ငံ အတွင်းရှိ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မိုဆူလ်မြို့အား လာမည့်နွေရာသီတွင် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။

NDFနှင့် UDPတို့ ညီနောင်ပါတီအဖြစ် ပူးပေါင်း

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)နှင့် ညီ ညွတ်သော ဒီမိုကရက်တစ်ပါတီ (UPD)တို့ ညီနောင်ပါတီအဖြစ်ပူး ပေါင်း၍ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် လွှတ်တော်ကိုယ် စားလှယ်နေရာ ၃၀၀ ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သ တင်းထုတ်ပြန်သည်။
ယင်းနှစ်ပါတီတို့သည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ညီနောင်နှစ်ပါတီအဖြစ်အပြန်အ လှန်ကူညီ၍ ၀င်ရောက်ယှဉ်ပြိုင် ရန် သဘောတူထားကြောင်း ညီ နောင်ပါတီညီညွတ်ရေးသည် ပါ တီတစ်ခုတည်းပေါင်းစည်းရေးအ ဆင့်သို့ မရောက်နိုင်သော်လည်း တပ်ပေါင်းစု မဟာမိတ်ညီညွတ် ရေးထက် မြင့်မားသည့်အနေအ ထားဖြင့် လက်တွဲဆောင်ရွက်သွား မည်ဟု ယခုလ ၂၄ ရက်စွဲဖြင့် နှစ်ပါတီပူးတွဲကြေညာချက်ထုတ် ပြန်ခြင်းဖြစ်သည်။
NDFနှင့် UDPတို့ နှစ်ပါတီ သည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် လွှတ်တော်ကိုယ် စားလှယ်နေရာ ၃၀၀ ခန့် ၀င် ရောက်ယှဉ်ပြိုင်နိုင်ရန် ပါတီစည်းရုံးရေး၊ ကိုယ်စားလှယ် လောင်းများ လျာထားသတ်မှတ် ရေးနှင့် ရွေးကောက်ပွဲကာလ မဲ ဆွယ်စည်းရုံးရေးလုပ်ငန်းများအ ပြင် ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်မည့် မြို့နယ်များကို ညှိနှိုင်း သတ်မှတ်ကြမည်ဟု ပူးတွဲကြေ ညာချက်တွင် ထည့်သွင်းထား သည်။

ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အောင်ဆန်းသူရိယနှင်းဆီအဖွဲ့ ရန်ပုံငွေပွဲ ကျင်းပမည်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် အောင်ဆန်းသူရိယနှင်းဆီအဖွဲ့ ၏ ရန်ပုံငွေဖျော်ဖြေပွဲကို အမျိုး သား ကဇာတ်ရုံ၌ ဖေဖော်ဝါရီ ၉ နှင့် ၁၀ ရက်တွင် ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါအောင်ဆန်းသူရိယ နှင်းဆီအဖွဲ့၏ ရန်ပုံငွေဖျော်ဖြေပွဲ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ကားထဲမှ နမူနာအဖြစ် ရိုက် ကူးထားသော ဇာတ်ဝင်ခန်းလေး ခန်းကို ပြသမည့် အစီအစဉ်ရှိ ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း ကပြောသည်။
‘‘ဦးမျိုးတို့က ကတဲ့ပွဲတိုင်း ကို နာမည်လေးတွေ ပေးဖြစ်တယ်။အောင်ဆန်းနှင်းဆီလို့ ပေးရင် လည်း မလှဘူး။ သူရိယနှင်းဆီဆို ရင်လည်း ဂျာနယ်က လုပ်တာ ထင်လိမ့်မယ်။ အဲဒါကြောင့် အောင်ဆန်းသူရိယနှင်းဆီလို့ပေး လိုက်တာပါ’’ဟု ၎င်းကဆိုသည်။

ထိုင်းတွင် မြန်မာလုပ်သားသုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရ (၁၃)နှစ်အရွယ် ကလေးတစ်ဦး ပါဝင်


ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ထုသောင်မြို့ တွင် ရော်ဘာခြံလုပ်ငန်းလုပ်ကိုင် နေသော အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မြန်မာလုပ်သားသုံးဦး သေနတ် ဖြင့် ပစ်သတ်ခံရကြောင်း သတင်း ရရှိသည်။
ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီခန့်က ရော်ဘာအစေးခြစ်နေသော အသက် (၁၃)နှစ်အရွယ်ကလေး ငယ်တစ်ဦးအပါအဝင် မွန်တိုင်း ရင်းသားသုံးဦး သေနတ်ဖြင့်ပစ် သတ်ခံရခြင်းဖြစ်သည်။

MPT ဖုန်းငွေဖြည့်ခြင်းနှင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း အခက်အခဲရှိနိုင်

- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အွန်လိုင်းဖုန်းငွေဖြည့် သည့် (Online Charging) စနစ် အဆင့်မြှင့်တင်မည်ဖြစ်၍ ဇန်န၀ါရီ ၂၅ မှ ၂၈ ရက်အတွင်း ဖုန်းငွေဖြည့်သွင်းခြင်းနှင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုမှုများ ခက်ခဲနိုင်ကြောင်း သတင်းရရှိသည်။
‘‘လူသုံးနည်းတဲ့အချိန်တွေမှာပဲ အဆင့်မြှင့်တင်မှုလုပ်သွားမှာပါ။ အချိန်ကလည်းမိနစ်ပိုင်းလောက်ပါပဲ။ ဖုန်းငွေဖြည့်တဲ့ စနစ်ကိုပဲ အဆင့်မြှင့်တင်တာ ဖြစ်တဲ့အတွက် ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုတော့ မထိခိုက်နိုင်ပါဘူး။ ဘီလ်ဖြည့်တာနဲ့ ဘီလ်စစ်တာလောက်ပဲ ခက်ခဲမှုဖြစ်မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင်နီယာမှူးဦးအောင်ကျော်သက်က ဆိုသည်။

နယ်စပ်ရှိ တရုတ်ဘဏ်က မြန်မာငွေစာရင်း ၂၀ ခန့် ထပ်မံပိတ်



မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နှင့် အနီးဆုံး တရုတ် နိုင်ငံမှ ရွှေလီ၊ ကြယ်ခေါင်မြို့ရှိ လယ်သမားများဘဏ် (ABC)တွင်ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများ၏ ငွေစာရင်း ၂၀ ခန့်ကို မကြာသေးမီရက်ပိုင်းက ပိတ်လိုက်ကြောင်း သတင်းရရှိသည်။
‘‘ငွေလဲလုပ်တဲ့ လူတွေရဲ့ အကောင့် (ငွေစာရင်း)တွေ ပါ တယ်လို့တော့ ကြားတယ်’’ ဟု မူဆယ်ဆန်စပါးလုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။
တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုရာတွင် ငွေလဲလုပ်ငန်း လုပ် ကိုင်နေသူများကိုသာ အားကိုးနေ ရသဖြင့် ငွေလဲလုပ်ကိုင်သည့်သူ များ ငွေစာရင်း ပိတ်ပင်ခံရပါက ကုန်သွယ်မှုလုပ်ငန်း ထိခိုက်နိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်သည်။

မျိုးစောင့်ဥပဒေကြမ်းများကို အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ပြင်းထန်စွာရှုတ်ချ

Photo: မျိုးစောင့်ဥပဒေကြမ်းများကို အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ပြင်းထန်စွာရှုတ်ချ
Sunday, January 25, 2015
လွှတ်တော်တွင်ဆွေး နွေးနေသည့် မျိုးစောင့်ဥပဒေကြမ်းလေးခုသည် ဗုဒ္ဓဘာသာဝင် မဟုတ်သူအားလုံးနှင့် ဘာသာရေး လွတ်လပ်ခွင့်ကန့်သတ်ခြင်းနှင့် ခွဲ ခြားဖိနှိပ်ရာရောက်နေပြီး အထူး သဖြင့် ဘာသာကူးပြောင်းခြင်းနှင့် ထိမ်းမြားလက်ထပ်ခြင်း ဥပဒေ သည် အစ္စလာမ်အမျိုးသားများကို ထိန်းချုပ်ကန့်သတ်ရာရောက်နေ ကြောင်း အမေရိကန်ပြည်ထောင် စုဘာသာရေးလွတ်လပ်မှုကော်မ ရှင်(USCIRF)က ကြေညာချက် ထုတ်ပြန်သည်။
အဆိုပါဥပဒေကြမ်းလေးခု ကို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ဘာသာကူးပြောင်းခြင်း ဥပဒေ သည် အပြစ်အနာအဆာများနှင့် ပြည့်နှက်နေပြီး မြန်မာနိုင်ငံကဘာ သာရေး လွတ်လပ်ခွင့်ကို ကာ ကွယ်ပေးမည့် အဆိုပြုချက်များ နှင့်လည်း ဆန့်ကျင်နေကြောင်း ကော်မရှင်ကထောက်ပြသည်။
‘‘မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ၀င်မဟုတ်သူတွေကို ဥပဒေနဲ့ ခွဲ ခြားဖိနှိပ်ဆက်ဆံတာဟာ နေရာ အနှံ့ တွင်ကျယ်လာနေပါပြီ။ ဒီဥပ ဒေတွေဟာ အာဃာတတွေကို တိုက်ဖျက်ရမယ့်အစား ခွဲခြားဖိနှိပ် ဆက်ဆံတဲ့ဥပဒေတွကို ပိုပြီးအ မြစ်တွယ်လာစေပါတယ်’’ ဟု ကော်မရှင် ဥက္ကဋ္ဌ ကတ်တရီနာ လန်တို့စ်ကပြောကြားသည်။
ထို့အပြင် အစ္စလာမ်နှင့် အ ခြားသောလူနည်းစုဘာသာဝင် များအပေါ် ဘာသာရေးအရသည်း မခံနိုင်မှုများနှင့် အကြမ်းဖက်မှု များကို ပိုမိုဖြစ်ပေါ်ရန် မီးမွှေးစေ နိုင်ပြီး ဥပဒေများအတည်ပြုခဲ့ပါ က မြန်မာနိုင်ငံ၏အခြေအနေမှာ နောက်ကြောင်းပြန်လှည့်သွား မည်ဟု ၎င်းကပြောသည်။
‘‘မြန်မာအစိုးရဟာလူတစ် ဦးချင်းစီရဲ့ ငြိမ်းချမ်းစွာကိုးကွယ် ခွင့်ကို ကာကွယ်စောင့်ရှောက်ပေး ရမယ့်အစား ဘာသာရေးလွတ် လပ်ခွင့်ကို ချိုးဖောက်ဖို့ခွဲခြားဖိနှိပ် တဲ့ အတိုင်းအတာတွေကို မြှင့်တင် နေတာဖြစ်တယ်’’ဟု ကတ်ထရီ နာကပြောသည်။
အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ကော်မ ရှင်သည် ပြီးခဲ့သည့်သြဂုတ်လက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မျိုးစောင့်ဥပဒေကြမ်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မြန်မာလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
‘‘ဒီဥပဒေတွေ တကယ်လို အပ်၊ မလိုအပ်လား ဆိုတာကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီကြည့်ပါ။ နောက်နိုင်ငံတ ကာက လက်ခံထားတဲ့လူ့အခွင့် အရေးစံနှုန်းတွေနဲ့ နိုင်ငံတကာဥပ ဒေတွေနဲ့ ချိန်ထိုးနှိုင်းယှဉ်ပါ။ ဥပ ဒေကြမ်းလေးခုလုံးမှာ အစ္စလာမ် ဘာသာလို့ မပါဝင်ပေမယ့် အပြင် ကနေ ဗမာမွတ်စလင်များရဲ့ အန္တ ရာယ်ဆိုပြီး အမုန်းတရားတွေလှုံ့ ဆော်ပြောကြားနေကြပြီး ဒီဥပဒေ တွေကို ပြဋ္ဌာန်းဖို့လုပ်တယ်ဆိုရင် တော့ ဒါကို ကျွန်တော်တို့ကလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ် ချပါတယ်’’ဟု အစ္စလာမ်ဗိမာန် အကြီးအကဲဟာဂျီဦးအေးလွင်က ပြောသည်။
ဘာသာကူးပြောင်းခြင်းဥပ ဒေမှာ အသက်(၁၈)နှစ်ပြည့်ပြီးသူ တိုင်း လွတ်လပ်စွာ မိမိယုံကြည် သလို ကိုးကွယ်ကူးပြောင်းခွင့်ရှိ ကြောင်း ပါဝင်ရေးဆွဲထားသဖြင့် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီ သော်လည်း ဘာသာကူးပြောင်း ခြင်းကို စစ်ဆေးမည့်အဖွဲ့တွင် အုပ်ချုပ်ရေးပိုင်းအရာရှိများပါဝင် နေမည်ဖြစ်ရာ အစိုးရ၏ စွက်ဖက် မှုရှိမည်ကို စိုးရိမ်ရကြောင်းလူ့အ ခွင့်အရေးလှုပ်ရှားသူဦးအောင်မျိုး မင်းကပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ၁၉၅၄ ဗုဒ္ဓဘာသာဝင်အမျိုးသမီး များ အထူးထိမ်းမြှားခြင်းဆိုင်ရာ ဥပဒေရှိပြီးအဆိုပါဥပဒေမှာပြည့် စုံနေပြီဖြစ်၍ ယခုမျိုးစောင့်ဥပဒေ များမှာ မလိုအပ်ကြောင်းတရား လွှတ်တော်ရှေ့နေ ဦးသန်းစိုးက ပြောကြားသည်။
မြန်မာနိုင်ငံသည် အဆိုပါ ကော်မရှင်က နှစ်စဉ် လေ့လာ စောင့်ကြည့်သည့် ဘာသာရေး လွတ်လပ်ခွင့်ချိုးဖောက်မှုအထူး စိုးရိမ်သောတိုင်းပြည်များစာရင်း တွင် ၁၉၉၉မှ ယနေ့အထိ ပါဝင် လျက်ရှိသည်။
‘‘မဘသအဖွဲ့က တင်ပြခဲ့တဲ့ မျိုးစောင့်ဥပဒေဆိုတာလူတစ်ဦး ချင်းလွတ်လပ်ခွင့်ဖြစ်တဲ့ လက် ထပ်ထိမ်းမြှားခွင့်ကို ထိန်းချုပ်ချင် တာပဲဖြစ်တယ်။ ပြီးတော့မဘသ လို အဖွဲ့တွေကအမုန်းစကားတွေ ကိုဟောပြောနေပေမယ့် အစိုးရ က ဒါဟာ ဘာသာသာသနာကို စောင့်ရှောက်နေတယ်လို့ ပြော တာတွေ တွေ့နေရတယ်’’ ဟု တက်ကြွလှုပ်ရှားသူ မဇင်မာ အောင်က ယမန်နေ့က အမေရိ ကန်ပြည်ထောင်စုတွင် ပြုလုပ်ခဲ့ သည့် မြန်မာ့အရေးဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။
ယခုအခါ ဥပဒေကြမ်းလေး ခုအား ပြည်သူ့လွှတ်တော်နှင့်အ မျိုးသားလွှတ်တော်တို့တွင် ဆွေး နွေးရန် အတည်ပြုခဲ့ပြီး ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် အဖွဲ့ဝင်များကို တွေ့ရစဉ်။ ကော်မရှင်အဖွဲ့ဂင်အချို့သည် ၂၀၁၄ တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်လေ့လာခဲ့ဖူးသည် (ဓာတ်ပုံ− twitter)
7Day Daily

လွှတ်တော်တွင်ဆွေး နွေးနေသည့် မျိုးစောင့်ဥပဒေကြမ်းလေးခုသည် ဗုဒ္ဓဘာသာဝင် မဟုတ်သူအားလုံးနှင့် ဘာသာရေး လွတ်လပ်ခွင့်ကန့်သတ်ခြင်းနှင့် ခွဲ ခြားဖိနှိပ်ရာရောက်နေပြီး အထူး သဖြင့် ဘာသာကူးပြောင်းခြင်းနှင့် ထိမ်းမြားလက်ထပ်ခြင်း ဥပဒေ သည် အစ္စလာမ်အမျိုးသားများကို ထိန်းချုပ်ကန့်သတ်ရာရောက်နေ ကြောင်း အမေရိကန်ပြည်ထောင် စုဘာသာရေးလွတ်လပ်မှုကော်မ ရှင်(USCIRF)က ကြေညာချက် ထုတ်ပြန်သည်။

သပိတ်မှောက် ကျောင်းသားများ မြင်းခြံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

Photo: သပိတ်မှောက် ကျောင်းသားများ မြင်းခြံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
Sunday, January 25, 2015
အမျိုးသားပညာရေးဥပ ဒေကို မန္တလေးမှ ရန်ကုန်မြို့အထိ ခရီးရှည်ခြေလျင်ချီတက်သပိတ် မှောက်ကြသည့် ကျောင်းသားများ သည် ဇန်န၀ါရီ ၂၅ရက်တွင် မြင်း ခြံမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မြင်း ခြံမြို့တွင် တစ်ရက်နား၍ သတင်း စာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သပိတ်မှောက် တက္ကသိုလ် ကျောင်းသားတစ်ရာကျော်သည် ပဉ္စမမြောက်နေ့အဖြစ် ဇန်န၀ါရီ ၂၄ရက် နံနက်ပိုင်းက ပြင်စည်မှ ထွက်ခွာလာပြီး နွားထိုးကြီးမြို့ရှိ သိမ်တော်ကျောင်းတိုက်တွင် ည အိပ်ရပ်နားမည်ဖြစ်သည်။ ဇန်န၀ါရီ ၂၅ရက် နံနက် ၉နာရီအချိန်တွင် မြင်းခြံမြို့သို့ ဆက်လက်ချီတက် သွား၍ တစ်ရက် နားမည်ဖြစ် ကြောင်း သပိတ်မှောက်ဆန္ဒပြရာ တွင် ဦးဆောင်သည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှသိရသည်။
‘‘မနက်ဖြန် မြင်းခြံမြို့ကို ဆက်ချီတက်ပြီးရင် ၂၆ရက်တစ် ရက်လုံးကျောင်းသားတွေ နားပါ မယ်။ အခုကျောင်းသားတွေထဲမှာ ခြောက်ယောက်က ဖျားနေတာ ရယ်၊ ပြီးရင် အဲဒီနေ့နေ့လယ် ၁နာရီကျရင် ကျွန်တော်တို့နဲ့ ပတ် သက်ပြီးတော့ အွန်လိုင်းပေါ်မှာ ကောလာဟလ ထွက်နေတဲ့ ဘဏ္ဍာငွေကိစ္စ၊ ခေါင်းဆောင်ပိုင်း ဆိုင်ရာသဘောထားကွဲလွဲတယ်။ မြစ်သား ဘုန်းကြီးကျောင်း တည်းတုန်းက ယောက်ျားလေး၊ မိန်းကလေး အနေအထိုင်မဟုတ်လို့ ဘုန်းကြီးတွေနဲ့ ပြဿနာတတ် တယ်ဆိုတဲ့ ကိစ္စတွေကို သတင်း စာရှင်းလင်းပွဲလုပ်ပြီးတော့ ရှင်း လင်းသွားပါမယ်’’ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုမင်းသွေးသစ်က ပြောသည်။
သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများ၏ ရက် ၆၀ တောင်းဆိုမှုအလွန်တွင် မန္တလေး -ရန်ကုန် ခရီးရှည်သပိတ်မှောက် ခြေလျင်ချီတက်မှု အနေဖြင့် မန္တ လေးမြို့မှ ဇန်န၀ါရီ ၂၀ရက်မှ စ တင်ထွက်ခွာလာပြီး လမ်းတစ် လျှောက်တွင် ပုလိပ်၊ ကျောက် ဆည်၊ မြစ်သားနှင့် ပြင်စည်မြို့များတွင် ညအိပ်ရပ်နားခဲ့ကြသည်။
အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြကြသည့် တက္ကသိုလ် ကျောင်းသားများ သည် အစိုးရအဖွဲ့၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) နှင့် သပိတ် မှောက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ သည့် ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှုဦးဆောင်ကော်မတီတို့ လေး ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်း၍ အမျိုး သားပညာရေးဥပဒေတွင် ၎င်းတို့ ပြင်ဆင်လိုသည့် အချက်များကို ပြင်ဆင်နိုင်သည်အထိ သပိတ် မှောက်ဆန္ဒပြသွားမည်ဖြစ်သည်။
အဆိုပါ သပိတ်မှောက် တက္ကသိုလ် ကျောင်းသားများသည့် ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့များကို ဖြတ်သန်းသွားကာ ရန်ကုန်မြို့တွင် ၁၅ရက်အတွင်း သပိတ်စခန်းဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သပိတ်မှောက် ဆန္ဒပြရာတွင် ဦးဆောင်သည့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှ သိရသည်
ပညာရေးဥပဒေကို ခရီးရှည်ချီတက်ဆန္ဒပြနေသော ကျောင်းသားများ (ဓာတ်ပုံ − ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)
7Day Daily
အမျိုးသားပညာရေးဥပ ဒေကို မန္တလေးမှ ရန်ကုန်မြို့အထိ ခရီးရှည်ခြေလျင်ချီတက်သပိတ် မှောက်ကြသည့် ကျောင်းသားများ သည် ဇန်န၀ါရီ ၂၅ရက်တွင် မြင်း ခြံမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မြင်း ခြံမြို့တွင် တစ်ရက်နား၍ သတင်း စာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သပိတ်မှောက် တက္ကသိုလ် ကျောင်းသားတစ်ရာကျော်သည် ပဉ္စမမြောက်နေ့အဖြစ် ဇန်န၀ါရီ ၂၄ရက် နံနက်ပိုင်းက ပြင်စည်မှ ထွက်ခွာလာပြီး နွားထိုးကြီးမြို့ရှိ သိမ်တော်ကျောင်းတိုက်တွင် ည အိပ်ရပ်နားမည်ဖြစ်သည်။ ဇန်န၀ါရီ ၂၅ရက် နံနက် ၉နာရီအချိန်တွင် မြင်းခြံမြို့သို့ ဆက်လက်ချီတက် သွား၍ တစ်ရက် နားမည်ဖြစ် ကြောင်း သပိတ်မှောက်ဆန္ဒပြရာ တွင် ဦးဆောင်သည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှသိရသည်။

ဒေသခံနှစ်ဦးကို အစိုးရတပ်မှ ဖမ်းဆီးသတ်ဖြတ်သည်ဟု စွပ်စွဲမှု တာဝန်ရှိသူများငြင်း

ကွတ်ခိုင်မြို့နယ်မော် ဟန်ကျေးရွာမှ ဒေသခံလူငယ် နှစ်ဦးကို အစိုးရတပ်မှ ဖမ်းဆီးသွား ပြီး တစ်ဦးအသတ် ခံခဲ့ရကြောင်း ဒေသတွင်း အဖွဲ့အစည်းများက စွပ်စွဲပြောကြားခဲ့ကြောင်း သ တင်းရရှိသည်။
သို့သော်အစိုးရစစ်တပ်က ၎င်းတို့ကို ဖမ်းဆီးသွားခြင်း မဟုတ်ဘဲ တိုက်ပွဲကြားတွင် သေ ဆုံးသွား ခြင်းဖြစ်ကြောင်း ငြင်းဆို ထားသည်။
ကွတ်ခိုင်မြို့နယ်၊ မော်ဟန် ကျေးရွာ ရပ်ကွက် (၄) မှ ကိုတူးနန် နှင့် မောင်နောင်ဂျာတို့ နှစ်ဦးကို ဇန်န၀ါရီ ၂၂ ရက်က မော်ဟန်နှင့် တာမိုးညဲကြားတွင် အစိုးရတပ် ခလရ (၆၈) က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များကဆိုသည်။
၎င်းတို့နှစ်ဦးမှာ ထင်းခွေ သွားခြင်းဖြစ်ပြီး အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား မှုကြောင့် ကြောက်လန့်ထွက်ပြေးစဉ် ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်ကြောင်း ဒေ သခံများကပြောသည်။

သစ်တောဝန်ထမ်း လေးဦးကို သတ်ခဲ့သည်ဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးစစ်ဆေး


ပိုင်ရှင်မဲ့သစ်များ စစ်ဆေးရန်သွားသည့် သစ်တောဝန် ထမ်းလေးဦးကို သတ်ခဲ့သည်ဟု သံသယရှိသူများအနက် သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
လင်းခေးမြို့နယ် ၀မ်စလောင်း ကျေးရွာအနီး၌ လင်းခေးနှင့် မိုးနဲခရိုင်သစ်တောဦးစီးဌာန အရာရှိ လေးဦး ဒီဇင်ဘာ၂၇ ရက်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူ စုစု ပေါင်း ငါးဦးဖြစ်နိုင်ကြောင်းရဲတပ် ဖွဲ့ကယူဆထားပြီး သုံးဦးကို ဇန်န၀ါရီဒုတိယ သီတင်းပတ်အတွင်း ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

မောင်တောခရိုင်အတွင်း ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခံရန် လျှောက်ထားနိုင်ကြောင်း အသိပေးထားသော်လည်း ယနေ့အထိ လျှောက်ထားသူ မရှိသေး

မောင်တောခရိုင်အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသားစီစစ်ခံရန် လျှောက်ထားနိုင်ကြောင်း သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကြေငြာအသိပေးထားပြီး ဖြစ်သော်လည်း ယနေ့အထိ လျှောက်ထားလာသူ မရှိသေးကြောင်း မောင်တောခရိုင်လဝကမှ သိရသည်။

“နိုင်ငံသားလျှောက်ထား လိုသူတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် စာရင်းတွေပေးနိုင်တယ်ဆိုပြီး ပြောထားတယ်။ စာရင်းတွေပေးထားရင် စစ်ပေးမယ်။ ဒါပေမဲ့ ဘင်္ဂါလီအမည်နဲ့ စာရင်းပေးရမှာဖြစ်တယ်။ ဇန်နဝါရီ ၁၃ ရက်ကစပြီး နိုင်ငံသားဥပဒေနဲ့ ပတ်သက်လို့ ရပ်ကျေးတာဝန်ခံတွေ၊ ရပ်မိရပ်ဖတွေကို ရှင်းလင်းမှုတွေ လုပ်နေတာဖြစ်ပေမယ့် အခုအထိ လျှောက်ထားသူ မရှိသေးဘူး” ဟု မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောကြားသည်။