Friday 25 July 2014

ဟိုတယ်တွင် တည်းခိုနေသူအား ဝင်ရောက်ရှာဖွေရာမှ ပစ္စတို သေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မန္တလေး၊ ဇူလိုင် ၂၄- မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ် တစ်လုံးတွင် တည်းခိုနေသူအား ရဲ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေ ရာမှ အိန္ဒိယနိုင်ငံမှဝယ်ယူလာသည့် သေနတ်တစ်လက်အပါအဝင် ပန်း ရောင် စိတ်ကြွရူးသွပ်ဆေးပြားများ အားဖမ်းဆီးရမိရာ ကွင်းဆက်တရား ခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအ တွက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

MH17 ပျက်ကျမှုတွင် သမီးဖြစ်သူ အသက်ရှင်ဆဲဟု ယုံကြည်နေသည့် ဇနီးမောင်နှံ ယူကရိန်းသို့ သွားရောက်

Photo: MH17 ပျက်ကျမှုတွင် သမီးဖြစ်သူ အသက်ရှင်ဆဲဟု ယုံကြည်နေသည့် ဇနီးမောင်နှံ ယူကရိန်းသို့ သွားရောက်
Friday, July 25, 2014

ဩစတြေးလျ နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် ပျက်ကျသွားသည့် MH17 လေယာဉ်ပေါ် ပါသွားသည့် သမီးဖြစ်သူ သေဆုံးသွားပြီဟု မယုံကြည်ဘဲ ကိုယ်တိုင်ရှာဖွေရန်အတွက် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဂျာဇီ ဒစ်ဇင်စကီးနှင့် အန်ဂျလာ ဒစ်ဇင်စကီးတို့ နှစ်ဦးက မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် သမီးဖြစ်သူ ဖာတီမာသည် ယူကရိန်းတွင် အသက်ရှင်လျက် ရှိနေဆဲဟု အလေးအနက် ယုံကြည်နေကြသည်။ ယခုအခါ ဇနီးမောင်နှံ နှစ်ဦးလုံးသည် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်သို့ ရောက်ရှိနေပြီး ဖာတီမာကို ရှာဖွေရန်အတွက် ယူကရိန်းသို့ ဆက်လက် ထွက်ခွာသွားသည်။

MH17သည် ယူကရိန်း အရှေ့ပိုင်းတွင် ပျံသန်းနေစဉ် ယူကရိန်း ခွဲထွက်ရေး သူပုန်များ ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်လိုက်ခြင်းဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါလာသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။ သို့သော်လည်း ဂျာဇီနှင့် အန်ဂျလာတို့က တစ်ဦးတည်းသောသမီး ဖာတီမာ အနေဖြင့် အသက်ရှင်နေဆဲဟု အခိုင်အမာ ပြောဆိုနေကြသည်။ ဖာတီမာသည် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းသည့် လေယာဉ်နှင့်အတူ လိုက်ပါလာပြီး ထိုမှတစ်ဆင့် ပါ့သ်မြို့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

“ကျွန်တော်တို့ကတော့ သမီး ဒီနေ့အထိ အသက်ရှင်နေတုန်းပဲလို့ ယုံကြည်တယ်။ ဒါကြောင့် ဒီနေ့ပဲ ကျွန်တော်တို့ ယူကရိန်းကို သွားပြီး သမီးကို လိုက်ရှာမလို့ပါ”ဟု ဖခင်ဖြစ်သူ ဂျာဇီက သတင်းထောက်များအား အမ်စတာဒမ်ရှိ ရှီပိုးလ်လေဆိပ်တွင် ဇူလိုင်(၂၅)ရက်နေ့က ပြောကြားခဲ့သည်။ ဂျာဇီသည် ဆရာဝန် တစ်ဦးလည်း ဖြစ်သည်။

ဖာတီမာသည် အသက်(၂၅)နှစ် အရွယ်ရှိပြီး အာကာသ သိပ္ပံပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ဂျာဇီက လေယာဉ် ပေါက်ကွဲ ပျက်စီးချိန်တွင် သမီးဖြစ်သူသည် လွင့်စင်ထွက်သွားပြီး ထိုင်ခုံကူရှင်နှင့် တွဲလျက်သား ရှိနေသဖြင့် မြေပေါ်အကျတွင် ပြင်းထန်စွာ ထိခိုက်မှု မရှိဘဲ အသက်ရှင်နိုင်မည်ဟု ယုံကြည်နေသည်။ “ဒိုးနက်စ်ခ်ကို ဆက်သွားဖို့ ကျွန်တော်တို့ စီစဉ်ပြီးသားပါ။ အဲဒီကနေတစ်ဆင့် လေယာဉ်ပျက်ကျတဲ့ နေရာထိ သွားပါမယ်။ သမီးက အဲဒီမှာ အသက်ရှင်နေဦးမယ်လို့ ကျွန်တော်တို့ ယုံကြည်နေတုန်းပဲ”ဟု ဂျာဇီက ဖွင့်ဟခဲ့သည်။

CNNသတင်းဌာနက လေယာဉ်ပေါ် ပါသွားသူ တစ်ဦး၏ လက်ကိုင်ဖုန်းကို ဆွေမျိုးတစ်ဦးက ခေါ်ဆိုကြည့်သည့်အခါ အရှေ့ဥရောပသံ ဝဲဝဲနှင့် လူစိမ်းတစ်ဦးက ဖြေဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဂျာဇီက “CNNက မိုဘိုင်းလ်ဖုန်း သတင်းကို ခင်ဗျားတို့ ကြည့်ဖြစ်တယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ အဲဒီကို သွားကိုသွားမယ်”ဟုလည်း ဆိုသည်။ ဂျာဇီတို့ ဇနီးမောင်နှံသည် လေယာဉ်ပျက် အနီးတဝိုက်တွင် DNA နမူနာများ ရယူခြင်းကဲ့သို့ စုံစမ်းရေး လုပ်ငန်းစဉ်များအတွက် နယ်သာလန်မှ စုံစမ်းစစ်ဆေးရေး ကွင်းဆင်းအရာရှိများကို အကူအညီ ပေးသွားမည် ဖြစ်သည်။

သူပုန်တပ်များ ထိန်းချုပ်ထားသည့် အဆိုပါ ဧရိယာတွင် အန္တရာယ် မကင်းလှကြောင်း သတိပေးမှုများ ရှိခဲ့သော်လည်း ဖာတီမာ၏ မိခင်ဖြစ်သူ အန်ဂျလာက “ကျွန်မတို့ မစိုးရိမ်ပါဘူး။ ကျွန်မတို့အတွက် ရှင်တို့လည်း မစိုးရိမ်ပါနဲ့။ ကျွန်မတို့ ဘေးကင်းမှာပါ။ ကျွန်မတို့က လေယာဉ် တိုက်ခိုက်ခံရတဲ့ နေရာကို သွားမှာပါ။ အဲဒီမှာ သမီးကိုလည်း လိုက်ရှာပါမယ်။ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်ယောက် ရှိပါတယ်လို့ ဘယ်သူမှ မပြောကြဘူး။ ဒီကိစ္စမှာ အကြောင်းရင်း တစ်ခုခုတော့ ရှိလိမ့်မယ်။ အသက်ရှင် ကျန်ရစ်သူတွေ ရှိနေဆဲဆိုတဲ့ အထောက်အထား တစ်ခုခုတော့ ရှိလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။

MH17 ဖြစ်ရပ်ဆိုးကြီးတွင် ဩစတြေးလျ နိုင်ငံသား (၂၈)ဦးနှင့် အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူ (၉)ဦးတို့ အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

_YAHOO
7Day DAILY
ဩစတြေးလျ နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် ပျက်ကျသွားသည့် MH17 လေယာဉ်ပေါ် ပါသွားသည့် သမီးဖြစ် သူ သေဆုံးသွားပြီဟု မယုံကြည်ဘဲ ကိုယ်တိုင်ရှာဖွေရန်အတွက် ယူကရိန်းနိုင်ငံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

အိန္ဒိယတွင် ၇နှစ်အရွယ် မိန်းကလေးတစ်ဦး သတ်ဖြတ်ခြင်း ခံရပြန်

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရွာတစ်ရွာတွင် အသက် ၇ နှစ်အရွယ် ကလေးမ တစ်ဦး သစ်ပင် တစ်ပင်တွင် ကြိုးဆွဲချ သတ်ဖြတ်ခြင်း ခံထားရသော အနေအ ထားဖြင့် သေဆုံး နေကြောင်း ကြာသပတေးနေ့ (ဇူလိုင်လ ၂၄ ရက်) က တွေ့ရှိ ခဲ့ရပြီး ထိုမိန်းကလေးမှာ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရဖွယ် ရှိကြောင်း ဒေသခံများက သံသယ ဖြစ်ခဲ့ကြ သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အာဆီယံ တက္ကသိုလ်ရေကူးပြိုင်ပွဲ အတွက် ရေကူးကစားသမားများ ရွေးမည်

Photo: အာဆီယံ တက္ကသိုလ်ရေကူးပြိုင်ပွဲ အတွက် ရေကူးကစားသမားများ ရွေးမည်
Friday, July 25, 2014

အင်ဒိုနီးရှားနိုင်ငံ ပါလမ်ဘန်းမြို့တွင် ကျင်းပမည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲအတွက် ကစားသမားရွေးပွဲကို ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် နည်းပြချုပ်ဖြစ်သူ ဦးမောင်မောင်စိန်က ပြောဆိုသည်။

ဒီဇင်ဘာလအတွင်း ကျင်းပမည့် ယင်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကစားသမားများ ရွေးချယ်ခြင်းကို ဇူလိုင်လ ၂၈ နှင့် ၂၉ ရက်များတွင် စိမ်းလန်းစိုပြည်ရှိ တက္ကသိုလ်ရေကူးကန်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ကစားသမား မည်မျှရွေးချယ်မည်ကိုမူ မဆုံးဖြတ်ရသေးကြောင်း ၄င်းက ရှင်းပြသည်။

"အဖွဲ့ချုပ်က ကစားသမားတွေက အသက်ငယ်တဲ့ ကစားသမားလေးတွေ များတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ ရရှိစေဖို့ အဓိက ရည်ရွယ်တာပါ" ဟု ၄င်းက ဆိုသည်။

မြန်မာ့ရေကူးအဖွဲ့ အနေနှင့် လက်ရှိအချိန်တွင် အမျိုးသားရေကူးကန်တွင် ရေကူးနှင့် ဒိုင်ဗင် ပဏာမလက်ရွေးစင် ကစားသမား ၃၀ ဦးဖြင့် (၂၈) ကြိမ်မြောက် SEA Games အတွက် လေ့ကျင့် ပြင်ဆင်လျက်ရှိပြီး ၂၀၁၅ မတ်လအတွင်း အပြီးသတ် ကစားသမားရွေးချယ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးဝဏ္ဏထွန်းက ပြောသည်။

မြန်မာနိုင်ငံသို့ လာမည့်အောက်တိုဘာလ အတွင်း သြစတြေးလျနိုင်ငံရှိ ရေကူးကလပ်အသင်း လာရောက် ပူးတွဲလေ့ကျင့်ရန် ညှိနှိုင်းလျက်ရှိပြီး မြန်မာရေကူးအဖွဲ့ အနေနှင့်လည်း ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပမည့် ကမ္ဘာ့တံခွန်စိုက် ရေကူးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၄င်းကပင်ဆိုသည်။

မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်သည် ပုသိမ်မြို့၌ ပဲခူးတိုင်းဒေသကြီး အစိုးရဖလား ရေကူးပြိုင်ပွဲကို သြဂုတ်လ ၁၆ ရက်မှ ၁၇ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်သည်။

The Voice Weekly
အင်ဒိုနီးရှားနိုင်ငံ ပါလမ်ဘန်းမြို့တွင် ကျင်းပမည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲအတွက် ကစား သမားရွေးပွဲကို ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် နည်းပြ ချုပ်ဖြစ် သူ ဦးမောင်မောင်စိန်က ပြောဆိုသည်။

မလှိုင်နယ်တွင် မိုးခေါင်နယ်ကျယ်ဝန်းသဖြင့် နွားစာရှားပါးမှု ကြုံတွေ့နေရ

Photo: မလှိုင်နယ်တွင် မိုးခေါင်နယ်ကျယ်ဝန်းသဖြင့် နွားစာရှားပါးမှု ကြုံတွေ့နေရ
Friday, July 25, 2014

 မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့နယ်တွင် မိုးဦးကာလ မိုးရွာသွန်းမှု နည်းပါးပြီး မိုးခေါင်နယ်ကျယ်ဝန်း သဖြင့် ဒေသခံ တောင်သူများ နွားစာရှားပါးမှု အခက်ခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် မိုးဦးကာလ မိုးရွာသွန်းမှု အကြိမ်ရေ နည်းပါးခြင်း၊ ရွာသွန်းသော မိုးရေချိန်လက္မ အလွန် နည်းပါးခြင်း၊ မိုးကွက်ကြားရွာသွန်းခြင်းတို့ကြောင့် မိုးခေါင်နယ်ကျယ်ဝန်းပြီး မိုးဦးသီးနှံစိုက်ပျိုးနိုင်မှု ယမန်နှစ်ကထက် များစွာ နည်းပါးခဲ့သည်။ အထူးသဖြင့် မိုးခေါင်နယ်ကျယ်ဝန်း၍ ဒေသခံ တောင်သူများနွားစာရှားပါးပြီး နွားစာရရှိရေး လတ်တလော အဓိကထားလုပ်ကိုင်နေကြရသည်။

ငွေကြေးတတ်နိုင်သူများက ပြောင်းရိုး၊ ကောက်ရိုး ဝယ်ကြွေးနိုင်သော်လည်း ငွေကြေးမပြည့်စုံသူများက နွားစာပေါများရာ တစ်ခြားအရပ်ဒေသများသို့ တစ်ဦးခြင်း ဖြစ်စေ၊ စုပေါင်းဖြစ်စေ သွားရောက်ရှာဖွေ ရိတ်သိမ်းပြီး လှည်းများ၊ ထော်လာကြည်များနှင့် သယ်သူနေကြရသည်။

`ကျနော်တို့ ဆို နွားထိုးနယ် ဇီးတောရွာဖက်ကို ကောက်ရိုးသွားဝယ်ရတယ်၊ အဲဒီဖက်က ကောက်ရိုးပေါတယ်၊ ကောက်ရိုးပုံကို ပုံပြတ်ဝယ်ရတယ်၊ အကျယ် ၁၂ ပေ/ ၁၃ ပေ ပတ်လည် အမြင့်လည်း ၁၃ ပေလောက်ရှိမည့်ကောက် ရိုးပုံ ကို တစ်သိန်း/တစ်သိန်းခွဲပေးရတယ်၊ ကောက်ရိုးပုံ အကြီး အသေးလိုက် ဈေးပေးရတယ်၊ အပုံကြီးရင် နှစ်သိန်း/သုံးသိန်းထိ ပေးရတယ်။ သယ်ယူစရိတ်ကထော်လာကြည်(ဖေါကား) တစ်စီးကို သုံးသောင်း/သုံးသောင်းခွဲ ပေးရတယ်။ ကောက်ရိုး၊ပြောင်းရိုး စဉ်းရောင်းတဲ့ သူဆီ မှာဝယ်ရင် ကောက်ရိုးတစ်တင်း ၂၀ဝ ကျပ်၊ ပြောင်းရိုးစင်း ဖတ်တစ်တင်း ၅၀၀ ကျပ် ပေးဝယ်ရတယ်၊ ရောင်းတဲ့သူက နည်းတယ်၊ ပြောင်ရိုးဆို မြင်းခြံ နယ်အထိသွား ဝယ်ရတယ်။ လူအတွက်က ချေးငှါးလို့ရပေမဲ့ နွားစာက ချေးငှားလို့မလွယ်ဘူး၊ မိုးရွာမှနွားစာကအဆင်ပြေမှာ နောက်ပိုင်း သီးနှံလည်း စိုက်နိုင်မှာ၊ မိုးဥိးမစိုက်ရတဲ့ တောင်သူကလည်း များပါတယ် `ဟု ဒေသခံတောင်သူ ဦးကံကောင်းက ပြောကြားသည်။

MOI Webportal Myanmar
 မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့နယ်တွင် မိုးဦးကာလ မိုးရွာသွန်းမှု နည်းပါးပြီး မိုးခေါင်နယ်ကျယ်ဝန်း သဖြင့် ဒေသခံ တောင်သူများ နွားစာရှားပါးမှု အခက်ခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ပျောက်ဆုံး အယ်လ်ဂျီးရီးယား လေယာဉ်၏ အပျက်အစီးကို ပြန်တွေ့

 ဇူလိုင် ၂၄ ရက်နေ့က ပျောက်သွားတဲ့ အယ်လ်ဂျီးရီးယားလေယာဉ်ကို မာလီနိုင်ငံ ပိုင်နက်ထဲမှာ ပျက်ကျ ထားတဲ့ လေယာဉ်အပိုင်းအစတွေ ရှာတွေ့ပြီလို့ အနောက်အာဖရိက ကုန်းပိတ်နိုင်ငံ ဘာကီနာဖာဆိုရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂီလ်ဘာ့ဒ် ဒီအန်ဒေရေက ပြောပါတယ်။ လေယာဉ်ကို မာလီနိုင်ငံ ဂေါင်မြို့ ရဲ့တောင် ပိုင်း မှာ ရှာတွေ့တာလို့ သူက ဆက်ပြော ပါတယ်။

အရေးပေါ်ဆင်းသက်စဉ်ပျက်ကျခဲ့သည့် ထိုင်ဝမ်လေယာဉ်

Photo: အရေးပေါ်ဆင်းသက်စဉ်ပျက်ကျခဲ့သည့် ထိုင်ဝမ်လေယာဉ်
Friday, July 25, 2014

ထိုင်ဝမ်ကျွန်းပိုင် ထရန်အေးရှားလေကြောင်းလိုင်းရဲ့ ကြာသပတေးနေ့တုန်းက ထုတ်ပြန်ချက်အရ တာဘိုဒလက်သုံး ခရီးသည်တင်လေယာဉ်ဟာ
ရာသီဥတုဆိုးရွားစဉ် ဆင်းသက်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ၄၈ဦးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ၁၀ဦးရှိခဲ့တယ်လို့ သိရပါတယ်။
 
ထရန်အေးရှားလေကြောင်းလိုင်းက ATR 72-500 အမျိုးအစား လေယာဉ်အမှတ် GE 222  ဟာခရီးသည် ၅၄ယောက်ကို တင်ဆောင်ပြီး ထိုင်ဝမ်ကျွန်း ခိုအီအန်းမြို့လေဆိပ်ကနေ ပန်းဂူးကျွန်းတွေဘက်ကို ပျံသန်းရာကနေ Magong မဂွန်းလေဆိပ်နားမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်းအရာရှိတွေက သတင်းထုတ်ပြန်ထားပါတယ်။  လေယာဉ်ဟာ ထိုင်ဝမ်ကျွန်းမှ တိုင်ဖွန်းမုန်တိုင်း မာတိုတိုက်ခတ်စဉ်အတွင်း မိုးသည်းသည်းမှာ အရေးဆင်းသက်ဖို့ ကြိုးစားရင်း ဒုတိယအကြိမ်မြောက်မှာ Magong လေဆိပ်အနီးမှာရှိတဲ့  နေအိမ်နှစ်လုံးကို ၀င်တိုက်မိပြီး ပျက်ကျခဲ့တာဖြစ်ပါတယ်။
 
လူနေအိမ်တွေပေါ်ပျက်ကျခဲ့တာဖြစ်တဲ့အတွက် မြေပြင်က လူ (၅) ဦး လည်းထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေထဲမှာ ပြင်သစ်ဆေးကျောင်းသား (၂) ဦးလည်း ပါဝင်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ထရန်အေးရှား လေကြောင်းလိုင်း ဟာ ထိုင်ဝမ်ဒေသက ပထမဆုံး ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ် ပြီး ဒီမတော်တဆ မှုမှာ သေဆုံးသူတွေရဲ့ မိသားစုတွေကို အမေရိကန်ဒေါ်လာ (၃) သိန်း (၃) ထောင်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ထိုင်ဝမ်ငွေ (၂) သိန်းစီ နစ်နာကြေးပေးအပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး  ထိုင်ဝမ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

MRTV-4
ထိုင်ဝမ်ကျွန်းပိုင် ထရန်အေးရှားလေကြောင်းလိုင်းရဲ့ ကြာသပတေးနေ့တုန်းက ထုတ်ပြန်ချက်အရ တာဘို ဒလက်သုံး ခရီးသည်တင်လေယာဉ်ဟာ ရာသီဥတုဆိုးရွားစဉ် ဆင်းသက်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ပျက်ကျခဲ့ တာကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ၄၈ဦးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ၁၀ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်နှင့်မန္တလေးနည်းပညာတက္ကသိုလ်များတွင် သုတေသနဆောင်ရွက်ရန် ဂျပန်က ဒေါ်လာ ၂၅ သန်းကူညီ

Photo: ရန်ကုန်နှင့်မန္တလေးနည်းပညာတက္ကသိုလ်များတွင် သုတေသနဆောင်ရွက်ရန် ဂျပန်က ဒေါ်လာ ၂၅ သန်းကူညီ
Friday, July 25, 2014

ရန်ကုန်နည်းပညာတက္က သိုလ်နှင့်မန္တလေးနည်းပညာတက္က သိုလ်တို့တွင် သုတေသနဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရန် ဂျပန်အစိုးရက အမေရိကန်ဒေါ် လာ ၂၅ သန်းတန်ဖိုးရှိထောက်ပံ့ မှုပေးအပ်ရန် ဇူလိုင် ၂၃ ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။

ဂျပန်သံအမတ်မစ္စတာတာ တီရှိဟိုင်းဂူချီနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်လဲ့လဲ့သိန်းတို့သည် နေပြည်တော်တွင် အပြန်အလှန်သဘောတူလက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။

မြန်မာအစိုးရသည် ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တ လေးနည်းပညာတက္ကသိုလ်တို့ကို အထူးဌာနများအဖြစ်သတ်မှတ်၍ လက်တွေ့စွမ်းရည်ဖြင့်ခေတ်မီ အင်ဂျင်နီယာစနစ်တတ်ကျွမ်း သောလူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးရန် တည်ထောင် ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေ ရန် လိုအပ်သောစက်မှုလုပ်ငန်း များအတွက် တိုးတက်ခေတ်မီ သောသိပ္ပံနှင့်အင်ဂျင်နီယာများ လိုအပ်မည်ဖြစ်ကြောင်း ဂျပန်သံ ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်အစိုးရ၏ ထောက်ပံ့မှု များသည် နည်းပညာတက္ကသိုလ် နှစ်ခု၏ ပညာရေးအရည်အသွေး မြှင့်တင်သော သုတေသနလုပ် ငန်းများဆောင်ရွက်မည်ဖြစ်သလို သိပ္ပံသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။

အဆိုပါတက္ကသိုလ်နှစ်ခုကို ကူညီထောက်ပံ့ခြင်းအားဖြင့် တစ် နိုင်ငံလုံးတွင် အင်ဂျင်နီယာနှင့် နည်းပညာအဆင့်မြင့်မားလာစေ ရန်ရည်ရွယ်ကြောင်း ဂျပန်သံရုံး ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့်မန္တလေးနည်းပညာ တက္ကသိုလ်တို့အား အဆင့်မြှင့် တင်ရန်ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ (JICA) ကလည်း လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းပံ့ပိုးကူညီမည့်သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးထား သည်။

မြန်မာနိုင်ငံတွင် နည်းပညာ တက္ကသိုလ်နှင့်ကောလိပ်ပေါင်း ၆၀ ကျော်တည်ထောင်ဖွင့်လှစ် ထားသော်လည်း သင်ကြားမှုစွမ်း ရည်မြှင့်တင်ရန်နှင့် သင်ထောက် ကူပစ္စည်းများလုံလောက်စေရန် ဘဏ္ဍာငွေအခက်အခဲရှိနေပြီး နိုင်ငံတကာနှင့်ပြည်တွင်းအလှူ ရှင်များ၏ထောက်ပံ့မှုများလိုအပ်နေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုဦးကပြောသည်။

7Day DAILY 

ရန်ကုန်နည်းပညာတက္ကသိုလ်အားတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
ရန်ကုန်နည်းပညာတက္ကသိုလ်အားတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
 ရန်ကုန်နည်းပညာတက္က သိုလ်နှင့်မန္တလေးနည်းပညာတက္က သိုလ်တို့တွင် သုတေသနဖွံ့ဖြိုး ရေးလုပ်ငန်း များဆောင်ရွက်ရန် ဂျပန်အစိုးရက အမေရိကန်ဒေါ် လာ ၂၅ သန်းတန်ဖိုးရှိထောက်ပံ့ မှုပေးအပ်ရန် ဇူလိုင် ၂၃ ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။

မြန်မာ့နိုင်ငံရေးကိစ္စတရုတ်နိုင်ငံအနေဖြင့်ပါဝင်ပတ်သက်ခြင်းမရှိဟုမြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးပြော

ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲလာသောမြန်မာ့နိုင်ငံရေး ကိစ္စတွင်တရုတ်နိုင်ငံအနေဖြင့်ပါဝင် ပတ် သက်ခြင်း မရှိကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Yang Houlan ကပြည်ထောင် စုနေ့စဉ် သို့ ယနေ့ပြောကြားသည်။

ရုရှားက ယူကရိန်းတပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု အမေရိကန်စွပ်စွဲ

Photo: ရုရှားက ယူကရိန်းတပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု အမေရိကန်စွပ်စွဲ
Friday, July 25, 2014

ရုရှားစစ်တပ်က ယူကရိန်းပိုင်နက်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အထောက်အထားများ မိမိတို့တွင် ရှိနေကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။

ရုရှားလိုလားသည့် ခွဲထွက်ရေး ပြောက်ကျားများကို တိုက်ခိုက်နေသည့် ယူကရိန်း အစိုးရ စစ်တပ်များထံသို့ ရုရှားဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ရုရှားအနေဖြင့် သူပုန်များကို ပိုမိုအားကောင်း ပြင်းထန်သည့် ဒုံးကျည်လက်နက်များ တင်ပို့ပေးလိမ့်မည်ဟုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟာ့ဖ်က ဆိုသည်။

“ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို အခြေခံပြီး ကျွန်မတို့မှာ သက်သေ အထောက်အထားတွေ ရှိထားပါတယ်။ ယူကရိန်းဘက် ကျရောက်လာတဲ့ စစ်လက်နက်တွေဟာ နယ်စပ်ကို ဖြတ်ကျော်လာခဲ့တာ ဖြစ်ပါတယ်”ဟု ဟာ့ဖ်က ဆိုသည်။ သူမက အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန်မူ ငြင်းဆန်ခဲ့သည်။ “ရုရှားက ယူကရိန်းစစ်တပ်ကို တိုက်ခိုက်ဖို့အတွက် လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာ အမှန်ပဲ”ဟု သူမက အခိုင်အမာ ပြောကြားခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး စတီဗန်ဝါရန်ကလည်း “ရုရှားက ပဋိပက္ခကို အရှိန်မြှင့်ချင်လာတာ အထင်အရှားပါပဲ”ဟု မှတ်ချက်ပြုခဲ့သည်။ ပင်တဂွန်က ရုရှားအနေဖြင့် မည်သည့် လက်နက်ကြီး အမျိုးအစားကို အသုံးပြုခဲ့ကြောင်းနှင့် မည်သည့်နေရာများမှ ပစ်ခတ်ခဲ့ကြောင်း အချက်အလက်များကိုမူ ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိချေ။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိများက ရုရှားတို့သည် အကြီးစား စစ်လက်နက်နှင့် စစ်ပစ္စည်းများကိုလည်း ရော့စတော့ဗ် အနီးတွင် အခြေချ တပ်ဆင်နေကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပစ္စည်းများတွင် ဒုံးကျည်စနစ်များ ပါဝင်ဖွယ်ရှိပြီး ယူကရိန်းနှင့် နယ်စပ်ကို ဖြတ်ကျော်ကာ သူပုန်တပ်များကို အထောက်အပံ့ ပေးဖွယ်ရှိကြောင်း အမေရိကန်က မှတ်ချက်ပြုထားသည်။

သူပုန်တပ်မှူး တစ်ဦးက မိမိတို့တွင် လေယာဉ်ပစ် ဒုံးကျည်များ ရှိနေကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပြီးနောက်ပိုင်း အမေရိကန်က ယခုကဲ့သို့ စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ထောက်လှမ်းရေး အရာရှိများ၏ အဆိုအရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒုံးကျည်ပစ်စင်များနှင့် လက်နက်ကြီးများ ရော့စတော့ဗ်သို့ စတင်ရောက်ရှိလာကြောင်း သိရှိရသည်။

_Channel NewsAsia
7Day DAILY
ရုရှားစစ်တပ်က ယူကရိန်းပိုင်နက်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အထောက်အထားများ မိမိတို့တွင် ရှိနေကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။

တနိုင်ငံလုံး အပစ်ရပ်ရေး ထိပ်သီးအစည်းအဝေးစတင်

Photo: တနိုင်ငံလုံး အပစ်ရပ်ရေး ထိပ်သီးအစည်းအဝေးစတင်
Friday, July 25, 2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဒီကနေ့ စတင်ပါတယ်။

အစည်းအဝေးကို အန်စီစီတီ အဖွဲ့ဝင် ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ လေ့လာသူ စုစုပေါင်း ၁၀၀ လောက် တက်ရောက်ကြပါတယ်။

d4ဒီအစည်းအဝေးကြီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အန်စီစီတီက ကိုယ်စားလှယ် ၉ ဦးနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ်တွေ ၉ ဦးတို့ ပူးတွဲရေးဆွဲ ရရှိထားတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အပေါ် အကျေအလည် ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီကနေ့စတင်တဲ့ ထိပ်သီးအစည်းအဝေးမှာ သဘာပတိ ဦးဇောင်းဟရား က ဖွင့်ပွဲမိန့်ခွန်းမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာ တိုင်းပြည်တိုးတက်မယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

“ကျနော်တို့ တိုင်းပြည်ကို အခုလိုနှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်ပြီး မငြိမ်မသက် ဖြစ်နေတယ်။ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တာ ဘာကြောင့်ဖြစ်နေသလဲဆိုရင် နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက်က တိုင်းပြည်ကို နည်းမှန်လမ်းမှန်စွာ ဦးဆောင်မှု မပေးနိုင်တဲ့ အတွက်ကြောင့် ဒီလိုဖြစ်ပါတယ်။ တိုင်းပြည်စည်းလုံးညီညွတ်ပြီး တိုးတက်ဖို့ဆိုရင် အုပ်ချုပ်တဲ့ လူတစုကပဲ ပြည်သူကို ဖိနှိပ်အုပ်ချုပ်လို့ မရဘူး။ ဒါ့ကြောင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) မူဝါဒကသာ တိုင်းပြည်တည်ငြိမ်ပြီး တိုးတက်မယ်။”

လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်သားလက်နက်ကိုင်တွေရဲ့ ညီလာခံနဲ့ပတ်သက်လို့ ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေ စုဖွဲ့ထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) အဖွဲ့ ပြောခွင့်ရသူ ဦးစောသန်းမြင့်က အစိုးရရဘက်ကရော၊ တိုင်းရင်းသားတွေ ဘက်ကပါ ဖက်ဒရယ် ပြည်ထောင်စုဖြစ်မယ့် လမ်းကြောင်းပေါ်သွားမယ်ဆိုရင် တနိုင်ငံလုံး အပစ်ရပ်ရေး ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

“အဓိကကတော့ တိုင်းရင်းသားတွေအားလုံးက လက်နက်ကိုင်အဖွဲ့တွေလည်း တောင်းဆို တယ်။ ကျနော်တို့ ပါတီနိုင်ငံရေးကလည်း တောင်းဆိုတယ်။ ဖက်ဒရေးရှင်းဖြစ်ဖို့ဟာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ဟာ အဓိက ဦးတည်တာပဲ။ အဲဒီတော့ ကျနော်တို့က ဖက်ဒရယ်ဖြစ်ဖို့ ဦးတည်တဲ့လမ်းကြောင်းပေါ် သွားနေမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး ကတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။

ဒီထိပ်သီးအစည်းအဝေးကို မနေ့ကတည်းက စတင်ဖို့ဖြစ်ပေမယ့် မနေ့က တံခါးပိတ် အစည်းအဝေးသာကျင်းပခဲ့ပြီး နိုင်ငံရေးဆွေးနွေးဖို့ ဦးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြ ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ကြိုးပမ်းခဲ့ကြပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။

အစိုးရဘက်က နိုင်ငံရေးဆွေးနွေးဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို ဦးစွာပြုလုပ်ဖို့ ရပ်တည်ပြီး ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်တွေ ထိုးခဲ့ကြပါတယ်။

ဒီနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့အတွက် တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ အစိုးရရပ်တည်ချက်ကြောင့် မနှစ်တုန်းက လိုင်ဇာဌာနချုပ်မှာ ပထမအကြိမ် ညီလာခံကျင်းပပြီး တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် ဘုံသဘောတူညီချက် ချမှတ်ခဲ့သလို အန်စီစီတီအဖွဲ့ကို ဖွဲ့စည်းပြီး တပြည်လုံး အပစ်ရပ်ရေး အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အင်အားတောင့်တင်းတဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီရဲ့ ပြောခွင့်ရသူ ဦးအောင်မြင့်က ပါတီအနေနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကို လက်မှတ်ရေးထိုးမှာဖြစ်ပေမယ့် ကြိုတင်လေ့လာဖို့တော့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။

အန်စီစီတီရဲ့ ညီလာခံပြီးတဲ့အခါ အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကျောင်းသားတပ်မတော်တို့နဲ့ အစည်းအဝေးကို လိုင်ဇာမှာ ဆက်လက် ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်မယ်လို့ သမ္မတ ဦးသိန်းစိန်က ကြေညာထားသလို မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ရှေ့လာမယ့် သြဂုတ်လမတိုင်ခင် လက်မှတ်ရေးထိုးလိုကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

မနှစ်နှစ်ကုန်ပိုင်းက လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံကြီးကနေ တနိုင်ငံလုံး အပစ်ရပ်ရေးဘုံသဘောထား ချမှတ်ခဲ့ပြီး အန်စီစီတီ အဖွဲ့ကို ဖွဲ့စည်းခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဌာနချုပ် လောခီးလာမှာလည်း ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပါတယ်။

DVB
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဒီကနေ့ စတင်ပါတယ်။

တရုတ်နိုင်ငံတွင် ပလိပ်ရောဂါကြောင့် ပိတ်ထားသည့်မြို့ကို ပြန်ဖွင့်ပေး

Photo: တရုတ်နိုင်ငံတွင် ပလိပ်ရောဂါကြောင့် ပိတ်ထားသည့်မြို့ကို ပြန်ဖွင့်ပေး
Friday, July 25, 2014

တရုတ်နိုင်ငံမြို့တစ်မြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက ပလိပ်ရောဂါ ပြန့်ပွားကာ လူတစ်ဦး သေဆုံးခဲ့ခြင်းကြောင့် အာဏာပိုင်များက မြို့အား ပိတ်ထားခဲ့ရာမှ ပြန်လည် ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း အရာရှိများက ပြောကြား လိုက်သည်ဟု ဇူလိုင် ၂၄ ရက်က အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၃၈ နှစ်အရွယ်ရှိသူတစ်ဦးသည် ဇူလိုင်လ ၁၆ရက်တွင် သေဆုံးခဲ့ပြီးနောက် ယူမင်မြို့တော် အစိတ်အပိုင်းများကို ရဲတပ် ဖွဲ့မှ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပလိပ်ရောဂါကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် ရောဂါဖြစ်ပွားမှုများ ထပ်မံမတွေ့ရသောကြောင့် မြို့ကို ပြန်လည် ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

လူနာသေဆုံးခဲ့သည့် နေ့တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂန်ဆူဒေသ ယူမင်မြို့ရှိ နေထိုင်သူ ၃၀,၀၀၀ ထက်မနည်းသို့ ပလိပ်ရောဂါ ကူးစက်လာနိုင်ခြင်းကြောင့် ယင်းဒေသအား ကူးစက်တတ်သော ရောဂါ မပြန့်ပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည်။ မူလသတ်မှတ်ထားသော ရောဂါမပြန့်ပွားရေး ရက်အပိုင်းအခြားသည် ကိုးရက် ဖြစ်သည်။

ယင်း ပလိပ်ရောဂါသည် အမွေးပွရှဥ့် တစ်မျိုးမှတစ်ဆင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားခြင်းကြောင့် သေဆုံးသူသည် ၎င်း၏ခွေးအား အစာကျွေးရန် ရောဂါကူးစက်နေသော ရှဥ့်သေအား ခုတ်ထစ်ရာမှ ပလိပ်ရောဂါ ကူးစက်ခံရခြင်းဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ခွေး၌ ရောဂါဖြစ်ပွားခြင်း ရှိ၊ မရှိ မသိရသေးပေ။ယခုဖြစ်ပွားနေသော ပလိပ်ရောဂါသည် လူ၊ ရှဥ့်ကဲ့သို့သော အကောင်ငယ်များနှင့် အချို့တိရစ္ဆာန်များထံတွင် အဆုတ်ကို ဘက်တီးရီးယား ပိုးများ ကူးစက်ခြင်းဖြင့် ပြင်းထန်သော ရောဂါဝေဒနာကို ခံစားရသည်။ ယင်းပလိပ်ရောဂါသည် တိရစ္ဆာန်များ မရှိသော ပတ်ဝန်းကျင်တွင်ပင် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လူများထံသို့ ကူးစက်နိုင်သည်

လက်ရှိအချိန်တွင် ရောဂါထိန်းချုပ်ရေး စခန်းလေးခုကို ယူမင်မြို့တွင် ပြုလုပ်ထားပြီး ပလိပ်ရောဂါကူးစက်ခံသူနှင့် ထိတွေ့မှုရှိခဲ့သော ၁၅၁ ဦးကို ဆေးကုသမှု စောင့်ကြည့်ရေးအောက်တွင် ထားရှိကြောင်းနှင့် ယခုအချိန်ထိ ရောဂါလက္ခဏာများကို မတွေ့ရှိသေးပေ။

ပလိပ်ရောဂါအား ကုသခြင်းမရှိပါက လျင်မြန်စွာ ပျံ့နှံ့သွားမည်ဖြစ်ပြီး သေဆုံးသည်အထိ အန္တရာယ်ရှိလာနိုင်သည်ဟု အမေရိကန်နိုင်ငံရှိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။ ရောဂါလက္ခဏာ စတင်ပြသသော လူနာအား ၂၄ နာရီအတွင်း ပဋိဇီဝဆေးဝါးများပေးကာ ကုသသင့်သည်ဟု ၎င်းတို့က ဆိုသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ပလိပ်ရောဂါသည် အာဖရိက၊ မြောက်နှင့်တောင် အမေရိကနှင့် အာရှနိုင်ငံများတွင်လည်း ဖြစ်ပွားလျက်ရှိသည်။

Mizzima - News in Burmese
တရုတ်နိုင်ငံမြို့တစ်မြို့တွင် လွန်ခဲ့သည့်ရက်သတ္တပတ်ကတည်းက ပလိပ်ရောဂါပြန့်ပွားကာ လူတစ် ဦး သေဆုံးခဲ့ခြင်းကြောင့် အာဏာပိုင်များက မြို့အား ပိတ်ထားခဲ့ရာမှ ပြန်လည် ဖွင့်ပေးလိုက်ပြီဖြ စ်ကြောင်း အရာရှိများက ပြောကြား လိုက်သည်ဟု ဇူလိုင် ၂၄ ရက်က အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထား သည်။

ရန်ကုန်မြို့၌ အသစ်ဖွင့်လှစ်ရန် လျှောက်ထားသည့် ပုဂ္ဂလိက ငွေချေး လုပ်ငန်းများကို ယခင်ထက် ပိုမို ခွင့်ပြုပေးလျက်ရှိ

ရန်ကုန်မြို့၌ အသစ်ဖွင့်လှစ်ရန် လျှောက်ထားသည့် ပုဂ္ဂလိက ငွေချေး လုပ်ငန်းများကို ယခင်ထက် ပိုမို ခွင့်ပြုပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြော ကြား ချက် အရ သိရသည်။

လိုင်ဇာညီလာခံကို အဓိကတာဝန်ခံ ဆွေးနွေးမည့် ဦးဆောင်ကော်မတီဖွဲ့

Photo: လိုင်ဇာညီလာခံကို အဓိကတာဝန်ခံ ဆွေးနွေးမည့် ဦးဆောင်ကော်မတီဖွဲ့
Friday, July 25, 2014 

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် တတိယအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံတွင် အဓိကတာဝန်ခံ ဆောင်ရွက်မည့် ဦးဆောင်ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဆွေးနွေးပွဲ စတင်မည့်ရက်ကို ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်နေ့သို့ ရွှေ့ဆိုင်း သတ်မှတ်လိုက်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်သော အဆိုပါ ဦးဆောင်ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က ဒုတိယဥက္ကဋ္ဌနှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ဒုတိယဥက္ကဋ္ဌ ဦးခူဦးရယ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားကြောင်း NCCT ထံမှ သိရသည်။

“အပစ်ရပ်စာချုပ်မှာ အစိုးရနဲ့ အဓိက ကွဲလွဲနေတဲ့ မူပိုင်းဆိုင်ရာတွေကို တိုင်းရင်းသား အဖွဲ့တွေအကြား အဆုံးအဖြတ် ယူတဲ့အခါ ဦးဆောင်ကော်မတီက ညှိနှိုင်း ဆုံးဖြတ်ပေးဖို့ပါ” ဟု ကော်မတီ၏ တာဝန်နှင့် ပတ်သက်၍ NCCT အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက ရှင်းပြသည်။ 

NCCT အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးနိုင်ဟံသာ အနေနှင့်မူ အဆိုပါ ဦးဆောင်ကော်မတီတွင် ကော်မတီဝင် တစ်ဦးအဖြစ် ပြန်လည် ပါဝင်သွားမည် ဖြစ်ကြောင်း NCCT က ဆိုသည်။

လိုင်ဇာညီလာခံ၏ ပထမနေ့ အစီအစဉ်ကို တစ်ရက် နောက်ဆုတ်ခဲ့သော်လည်း မူလသတ်မှတ်ထားသည့် ညီလာခံ ကျင်းပရက်များအတိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး ရက်ထပ်တိုး ကျင်းပရန် အစီအစဉ် မရှိကြောင်း ညီလာခံ စီစဉ်သူများထံမှ သိရသည်။

NCCT အဖွဲ့ဝင်များ၏ ထိပ်သီးညီလာခံကို ဇူလိုင်လ ၂၅ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပ၍ NCCT အဖွဲ့ဝင် မဟုတ်သော အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ ထပ်တိုးပါဝင်မည့် ညီလာခံကို ဇူလိုင်လ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ဒုတိယအဆင့် ဆက်လက်ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

The Voice Weekly
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် တတိယအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံတွင် အဓိကတာဝန်ခံ ဆောင်ရွက်မည့် ဦးဆောင်ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဆွေးနွေးပွဲ စတင်မည့်ရက်ကို ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်နေ့သို့ ရွှေ့ဆိုင်း သတ်မှတ်လိုက်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။

မြန်မာမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ADB ဆွေးနွေး

Photo: မြန်မာမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ADB ဆွေးနွေး
Friday, July 25, 2014 

အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ် ADB ဘဏ်ကနေပြီး လာမည့် ၅ နှစ်တာကာလမှာ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ချမှတ်နိုင်ဖို့ဆိုပြီး ထိုင်း မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ လူမှုအခြေပြု အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ချင်းမိုင်မြို့က Sinthana Resort မှာ အစိုးရ မဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ လူမှုအခြေပြု အဖွဲ့အစည်း CBO က တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံတာဖြစ်ပြီး အခြေခံ လူတန်းစား အဖွဲ့အစည်းတွေ လိုချင်တဲ့ စီမံကိန်းတွေ၊ အစိုးရ လိုချင်တဲ့ စီမံကိန်းတွေနဲ့ ADB ဘဏ်က ကူညီနိုင်တဲ့ လုပ်ငန်း စီမံကိန်း တွေကို ပေါင်းစပ်ပြီး ကောင်းတဲ့ စီမံကိန်းတွေ ဖြစ်လာဖို့အတွက် လာရောက် ညှိနှိုင်း ဆွေးနွေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး လူမှုအဖွဲ့ အစည်းဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ADB က အပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါက်တာ သိန်းဆွေ က အခုလို ပြောဆိုပါတယ်။

အဓိက ကတော့ ဒီ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေးကို အဓိက ဆောင်ရွက်ဖို့၊ ဒါနဲ့ပတ် သက်ပြီးတော့ အခြေခံ လူတန်းစားတွေ ဘာတွေ လိုအပ်တယ်၊ အထူးသဖြင့် ပေါ့လေ တိုင်းပြည်ဖွံ့ဖြိုးမှုမှာ ပါဝင်နိုင်တဲ့ လယ်ယာ ကဏ္ဍ ဟုတ်လား ဒီ လျှပ်စစ် မရှိရင် စက်မှုကဏ္ဍ မလုပ်နိုင်ဘူး၊ စက်မှု ကဏ္ဍလည်း ပါဝင်နိုင် အောင် လျှပ်စစ် လုပ်ငန်း စီမံကိန်းတွေ ပါဝင်တယ် လမ်းပန်း ဆက်သွယ်ရေး ကိစ္စတွေ ပါဝင်တယ် အတိုချုံး တင်ပြ တာပေါ့ အဓိကတော့ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး အတွက်၊ ဒါကို ဦးတည် ချက်အနေနဲ့ သူ့ထက် ဆက်နွယ်နေတဲ့ လုပ်ငန်း စီမံကိန်းတွေ ဦးစားပေး ပြီးတော့ အကူအညီပေးဖို့။

ဒီဆွေးနွေးပွဲ ကနေ ရရှိလာတဲ့ အချက် အလက် တွေကို နေပြည်တော် မှာရှိတဲ့ အစိုးရ တာဝန်ရှိသူ တွေထံ ဆက်လက် တင်ပြသွား မှာဖြစ်ပြီး ၂၀၁၆ ခုနှစ် ကစလို့ လာမည့် ၅ နှစ်တာကာလမှာ ဆောင်ရွက်မယ့် လူမှု ဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းစဉ် စီမံကိန်းတွေ ကို အကောင် အထည်ဖော် သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဆွေးနွေးပွဲ တက်ရောက် သူတွေက တိကျတဲ့ အချက် အလက်တွေ ရဖို့ ကျေးလက် ဒေသတွေကို ကွင်းဆင်း လေ့လာ မေးမြန်းဖို့ လိုအပ်ကြောင်း၊ ပြည်နယ် အလိုက် တိုင်းရင်း သားတွေရဲ့ ဖွံ့ဖြိုးတိုး တက်ရေး ကိစ္စတွေကို တိုင်းရင်းသား CBO အဖွဲ့ တွေနဲ့ တွေ့ဆုံညှိနှိုင်း သွားဖို့ လိုကြောင်းနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး တွေနဲ့ ပညာသင် ကျောင်း မလုံလောက်မှု ကိစ္စတွေကို အရင်ဆုံး အကောင် အထည်ဖော် လုပ်ဆောင် သွားဖို့ အကြံပြု ဆွေးနွေး ခဲ့ကြတယ်လို့ ရေဒီယို သြစတေးလျ သတင်း ထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Credit: AFP)
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Credit: AFP)
အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ် ​ADB ​ဘဏ်ကနေပြီး ​လာမည့် ​၅ ​နှစ်တာကာလမှာ ​မြန်မာနိုင်ငံတွင်း ​ဖွံ့ ဖြိုးရေး လုပ်ငန်းတွေ ချမှတ်နိုင်ဖို့ဆိုပြီး ​ထိုင်း ​မြန်မာနယ်စပ်မှာ ​အခြေစိုက်တဲ့ ​လူမှုအခြေပြု ​အဖွဲ့ အစည်း က ​တာဝန်ရှိသူတွေနဲ့ ​မနေ့က ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​လာရောက်တွေ့ ဆုံ ​ဆွေးနွေး ခဲ့ကြပါ တယ်။

AIDS ရောဂါပိုးကို ကို နိုင်သည့် တိုင်းရင်းဆေးစွမ်း

ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များ အတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး)မပေးနိုင် သူ နှစ်သောင်းကျော် ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။

လူပေါင်း ၁၀၀ ကျော် လိုက်ပါတဲ့ အယ်လ်ဂျီးရီးယား လေယာဉ် ပျက်ကျ

Photo: လူပေါင်း ၁၀၀ ကျော် လိုက်ပါတဲ့ အယ်လ်ဂျီးရီးယား လေယာဉ် ပျက်ကျ
Friday, July 25, 2014

 ခရီးသည်အယောက်ပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ အယ်လ်ဂျီးရီးယားနိုင်ငံပိုင် လေယာဉ်တစ်စင်းဟာ အာဖရိကတိုက် အနောက်ပိုင်း မာလီနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျသွားတယ်လို့ သိရပါတယ်။

အဲဒီလေယာဉ်ဟာ Burkina Faso နိုင်ငံ ကနေ အယ်လ်ဂျီးရီးယား နိုင်ငံရဲ့ မြို့တော်ဆီကို ပျံသန်းနေတုန်း တစ်နာရီ လောက် အကြာမှာ လေယာဉ် ပျံသန်းမှု ထိန်းချုပ်ရေးဌာနနဲ့ အဆက် အသွယ် ပြတ် သွားတာ ဖြစ်ပါတယ်။

လေယာဉ် ပျံသန်းရာ လမ်းကြောင်းမှာ မုန်တိုင်းတွေ ဖြစ်နေပြီး ကောင်းမွန်စွာ မမြင်ရတဲ့ အတွက် လမ်းကြောင်း ပြောင်းပြီး ပျံသန်းခဲ့ရပုံ ပေါက်တယ်လို့ သုံးသပ်နေကြပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ လေယာဉ် အမှုထမ်းတွေ အပါအဝင် လူပေါင်း ၁၁၉ ယောက် ပါဝင်မယ်လို့ ယူဆနေပြီး အဲဒီထဲက အယောက် ၅၀ ဟာ ပြင်သစ်နိုင်ငံ သားတွေ ဖြစ်ကြပါတယ်။

မာလီ သမ္မတ ကလည်း သူတို့နိုင်ငံ မြောက်ပိုင်း သဲကန္တာရမှာ လေယာဉ် အပိုင်းအစတွေ တွေ့ရှိတဲ့ အကြောင်း ပြောလာတဲ့အတွက် အရေးပေါ် အဖွဲ့တွေကို စေလွတ်ထားပြီလို့ Air Algerie လေကြောင်းဌာနက ပြောပါတယ်။

ဆာဟာရ ဒေသမှာ လေယာဉ် ပျောက်ဆုံးသွားတဲ့အတွက်  ပြင်သစ်နိုင်ငံက ဂျက်လေယာဉ် နှစ်စင်းကလည်း အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေနေပြီ ဖြစ်ပါတယ်။

အဲဒီလေယာဉ်ကို စပိန်နိုင်ငံက ပိုင်ဆိုင်ပြီး အယ်လ်ဂျီးရီးယား လေကြောင်းလိုင်းက ဌားရမ်းတာဖြစ်ကြောင်းလည်း သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-25/1347967
ခရီးသည်အယောက်ပေါင်း ​၁၀၀ ​ကျော် ​ပါဝင်တဲ့ ​အယ်လ်ဂျီးရီးယားနိုင်ငံပိုင် ​လေယာဉ်တစ်စင်းဟာ ​အာဖရိကတိုက် ​အနောက်ပိုင်း ​မာလီနိုင်ငံမြောက်ပိုင်းမှာ ​ပျက်ကျသွားတယ်လို့ ​သိရပါတယ်။

မုံရွာတွင် ဆိုင်ကယ်နှင့် သုံးဘီးတို့ကိုတိုက်ကာ ထွက်ပြေးတိမ်းရှောင်သော ကုန်တင်ယာဉ် မြောင်းဘေးထိုးကျမီးလောင်

Photo: မုံရွာတွင် ဆိုင်ကယ်နှင့် သုံးဘီးတို့ကိုတိုက်ကာ ထွက်ပြေးတိမ်းရှောင်သော ကုန်တင်ယာဉ် မြောင်းဘေးထိုးကျမီးလောင်
Friday, July 25, 2014

မုံရွာမြို့နယ် ကျောက္ကာ ကျေးရွာအနီး ရေနံချက်ဖိုမှ ကုန် တင်ယာဉ်တစ်စီးသည် မုံရွာမြို့ တွင်းတွင် ဆိုင်ကယ်နှင့် သုံးဘီး ယာဉ်တို့ကို နေရာနှစ်နေရာတွင် တိုက်ခဲ့ပြီး ထွက်ပြေးမောင်းနှင်သွားကာ မုံရွာစီးပွားရေးတက္က သိုလ်ရှေ့မှ ထနောင်းပင်ကို ဝင် တိုက်၍ လမ်းဘေးရှိ မြောင်းအ တွင်းထိုးကျကာ ယာဉ်မီးလောင်မှုတစ်ခု ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ရက် ည ၈ နာရီက အဆိုပါကုန်တင်ယာဉ်သည် ဗန္ဓုလလမ်းနှင့် ပေ 
(၈၀)လမ်းထောင့် ရှိ ခိုင်စံပယ်ကဖေးရှေ့တွင် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်
မိပြီး ထွက်ပြေးခဲ့ရာ နန္ဒဝန်ရပ်ကွက် ကျောက္ကာလမ်းနှင့် ဗိုလ်တေဇ လမ်းဆုံအရောက်တွင် သုံးဘီးဆိုင်ကယ်တစ်စီးကို ထပ်မံတိုက် မိခဲ့သည်။

ထိုသို့ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှင့် သုံးဘီးယာဉ်တို့ကို စီးနင်းလိုက် ပါလာသူများ ဒဏ် ရာအသီးသီး ရရှိခဲ့ကြသည်။

နှစ်ကြိမ်ဆင့်ယာဉ်တိုက်မှု ကျူးလွန်ပြီးနောက် ထွက်ပြေး မောင်းနှင်သွားရာ မုံရွာစီးပွားရေး တက္ကသိုလ်ရှေ့လမ်းယာဘက်ရှိ ထနောင်းပင်ကို ဝင်တိုက်ပြီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ကားခေါင်း ခန်းမှာ 
၇ မိနစ်ခန့်ကြာ မီးလောင် မှုဖြစ်ပွားခဲ့သည်။

ယာဉ်တိမ်းမှောက်မီးလောင် ရာသို့ မုံရွာမြို့ မီးသတ်တပ်ဖွဲ့ စခန်း တာဝန်ရှိသူ များလာရောက် ငြှိမ်းသတ်ခဲ့ရသည်။ ယာဉ်တိမ်း မှောက်မှုကြောင့် ကုန်တင်ယာဉ် မောင်းနှင်သူ ဘိုထွန်း(ခ)ဘိုတော သည် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကု သမှုခံယူလျက်ရှိကြောင်း ရဲမှတ် တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက် ၍ မုံရွာမြို့ အမှတ်(၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

7Day News Journal
မုံရွာမြို့နယ် ကျောက္ကာ ကျေးရွာအနီး ရေနံချက်ဖိုမှ ကုန် တင်ယာဉ်တစ်စီးသည် မုံရွာမြို့ တွင်းတွင် ဆိုင်ကယ်နှင့် သုံးဘီး ယာဉ်တို့ကို နေရာနှစ်နေရာတွင် တိုက်ခဲ့ပြီး ထွက်ပြေးမောင်းနှင်သွားကာ မုံရွာစီးပွားရေးတက္က သိုလ်ရှေ့မှ ထနောင်းပင်ကို ဝင် တိုက်၍ လမ်းဘေးရှိ မြောင်းအ တွင်းထိုးကျကာ ယာဉ်မီးလောင်မှုတစ်ခု ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သဲကုန်းတွင် ချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းကျိုးပျက်ပြီး လူတစ်ဦးသေဆုံး

Photo: သဲကုန်းတွင် ချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းကျိုးပျက်ပြီး လူတစ်ဦးသေဆုံး
Friday, July 25, 2014

သဲကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဲကုန်း ကြီးချောင်းရေကြီးရေလျှံပြီး လူတစ်ဦးမျောပါ သေဆုံးကာ တံတားနှစ်စင်း
လည်း ကျိုးပျက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

‘‘မိုးကြီးတဲ့ညက ချောင်းရေ နဲ့ လူတစ်ယောက်မျောပါပြီး သေ သွားတယ်။ ရုံးပင်တက်ရွာသား တစ်ဦးပါ’’ဟု သဲကုန်းမြို့နယ်ရဲစ ခန်းမှ စခန်းမှူးကပြောသည်။

‘‘၂၂ရက် ညက မိုးရွာတာ သည်းကြီးမည်းကြီးပဲ။ချောင်းရေ ကြီးလာပြီး အမျိုးသားတစ်ဦးမျော ပါသေဆုံးခဲ့တယ်။ တံတားတွေ ကတော့ ၂၃ ရက်နေ့ကျမှ ပျက်စီး တာ။ အခုဆို သဲကုန်းကနေပြည် ကို ထွက်တဲ့ကားတွေထွက်လို့မရ ဘူး’’ဟု သဲကုန်းဒေသခံတစ်ဦးက ပြောသည်။

သဲကုန်းကြီးချောင်းဖြတ် သန်းစီးဆင်းရာ မဉ္ဇူကုန်းရွာထိပ် ရှိ ကွန်ကရစ်တံတားမှာတစ်ဘက် သို့ နိမ့်ဆင်းသွားပြီးတိုင်များအက် ကွဲသွားကာ ရွာထောင်ကုန်းရွာ ထိပ်ရှိ ကွန်ကရစ်တံတားတို့မှာ ချောင်းရေစီးအားကြောင့် တစ် ချမ်းပျက်စီးနိမ့်ဝင်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

‘‘မဉ္ဇူကုန်းရွာထိပ်က တံ တားကတော့ ဒီနှစ်ထဲမှာဆောက် ပြီးတာ။ ချောင်းရေလမ်းကြောင်း ပြောင်းသွားတဲ့ သဘောမျိုး။ တောင်ဘက်ကို မြေသားပျက် ထွက်သွားတယ်။ နောက်ထပ်ပေ ၇၀ခန့်လောက် တံတားထပ် ဆောက်ရမယ့်သဘောဆိုတော့ အားလုံးတွက်ချက်ပြီးလွှတ်တော် မှာတင်ပြဖို့ ဆောင်ရွက်နေတယ်’’ ဟု သဲကုန်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဥ မ္မာမို့မို့ဇော်ကပြောသည်။

ရွာထောင်ကုန်းရွာထိပ်ရှိတံ တားမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ တံတားတစ် ဘက်ပျက်စီးနိမ့်သွားဖြင့် ပြည်သူ့ ဆောက်လုပ်ရေးမှ သံဘောင်များ အစားထိုးတည်ဆောက်ပေး လျက်ရှိပြီး လူများ၊ ဆိုင်ကယ်များသွားလာနိုင်ပြီး ၀န်တင်ကားများ သွားလာနိုင်ခြင်းမရှိပေ။ တံတားပြန်ကောင်းရန် အမြန်ဆုံးဆောင် ရွက်လျက်ရှိပြီး သုံးလေးရက်ကြာ လျင် ပြန်လည်အသုံးပြုနိုင်ရန်ခန့် မှန်းကြောင်း ၎င်းကပြောသည်။

7Day News Journal
သဲကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဲကုန်း ကြီးချောင်းရေကြီးရေလျှံပြီး လူတစ် ဦးမျော ပါ သေဆုံးကာ တံတားနှစ်စင်းလည်း ကျိုးပျက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကာကွယ်ရေးအပါအ၀င် ဘက်စုံလုံခြုံရေးစနစ်များ စီမံဆောင်ရွက်ထားဟု ပြည်ထဲရေး ဒုဝန်ကြီး ပြော

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေး မကျိုးပေါက်စေရန် ကြည်း၊ ရေ၊ လေတပ်ဌာန ချုပ်များ အပါအ၀င် နယ်နိ မိတ်မျဉ်းတစ်လျှောက် ကာကွယ်ရေးနှင့် လုံခြုံ ရေးစနစ်များစီမံဆောင်ရွက်ထားသည်ဟု ပြည်ထဲ ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်း အဝေးတွင်ပြော သည်။ 

အပစ်ရပ်မူကြမ်း သဘောကွဲပါက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ၊ဆုံးဖြတ်မည်

Photo: အပစ်ရပ်မူကြမ်း သဘောကွဲပါက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ၊ဆုံးဖြတ်မည် 
Friday, July 25, 2014 

အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာအနီးတွင် လုံခြုံရေးယူထားသော အစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းသွားမည်ဟု မကြာခဏပြောနေသည့် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်း သုံးနှစ်ကျော်လာသော်လည်း လက်ရှိတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။ ဓာတ်ပုံ-မင်းမင်း

တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အစိုးရနှင့်ညှိနှိုင်းမည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်းအပေါ် သဘောကွဲမှုရှိပါက ဆုံးဖြတ်မည့် ဦးဆောင်ကော်မတီကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆုံးဖြတ်ရန် ဇူလိုင် ၂၄ရက်က လိုင်ဇာတွင် သဘောတူလိုက်ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များထဲမှ ကိုယ်စားပြုတစ်ဦး စီဖြင့်ဖွဲ့စည်းထားသောကော်မတီတွင် ကေအိုင်အေစစ် ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဂမ်းဆောင်က ဒုတိယဥက္ကဋ္ဌ၊ ကယန်းအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ခူဦးရယ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူရန် လိုင်ဇာဟို တယ်တွင် ခုနစ်နာရီကျော်ကြာ ဆွေးနွေးအပြီး ဆုံးဖြတ်ခြင်းဖြစ်သည်။

“လိပ်ခဲတည်းလဲဖြစ်နေတဲ့ဟာတွေကို ကျော်လွှားဖို့ အမြင်တွေကွဲမယ်ဆိုလို့ရှိရင် ဦးဆောင်ကော်မတီက ဆုံးဖြတ်သွားမှာဖြစ်တယ်”ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် NCCT အဖွဲ့ဝင်ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

အမြင်ကွဲလွှဲမှုရှိပါကဦးဆောင်ကော်မတီက မည်ကဲ့သို့ဆုံးဖြတ်သွားမည်ကို အစည်းအဝေးတွင် ချမှတ်ခဲ့ပါသ လဲဟုမီဒီယာများ၏ မေးမြန်းမှုကိုမူ “method (နည်းလမ်း) တစ်ခုအနေနဲ့တော့ချထားတာမရှိပါဘူး”ဟု ၎င်း က ပြောသည်။

အဆိုပါဦးဆောင်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုးမှာ ဇွန်လ အတွင်းနေပြည်တော်တွင် သမ္မတဦးသိန်းစိန် အပါအ၀င်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင် လှိုင်တို့နှင့်တွေ့ဆုံဆွေးနွေးစဉ်က သြဂုတ်လတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် သ ဘောတူထားသည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ တတိယအကြိမ် ထိပ်သီးအစည်းအဝေးကို ကေအိုင်အေဌာနချုပ်ရှိရာက ချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဇူလိုင် ၂၄ ရက်က ကျင်းပရန် ကနဦးကလျာထားသော်လည်း ဦးဆောင်ကော် မတီကိုရွေးချယ်ခဲ့ရသည့်အတွက် ဇူလိုင် ၂၅ ရက်မှသာ စတင်ဆွေး နွေးနိုင်တော့မည် ဖြစ်သည်။

“ဦးဆောင်ကော်မတီကအစည်အဝေးကိုကြီးကြပ်မယ်၊ကွပ်ကဲမယ်၊နိုင်ငံရေးအရဦးဆောင်မယ်၊ အစကောင်း မှအနှောင်းသေချာမှာဖြစ်တဲ့အတွက် ဒီနေ့အချိန်ယူလိုက်တာပါ”ဟု ဦးဆောင်ကော်မတီဖွဲ့ရန် အစည်းအ ဝေးတက်ရောက်သူတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCCT အဖွဲ့တွင် ပါဝင်သည့် တိုင်းရင်းသားခေါင်းဆောင်များ၏ အစည်းအဝေး တွင်NCCT ၏ လုပ်ငန်း စဉ်များကိုတင်ပြ ခြင်း၊ အပစ်ရပ်မူကြမ်းကို လက်ခံအတည်ပြု နိုင်ရေးဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များ ချမှတ်ခြင်းတို့ ပါဝင်မည်ဖြစ်ပြီး ဇူလိုင် ၂၅နှင့် ၂၆ရက်တွင် ကျင်းပမည်ဖြစ်သည်။

ထို့နောက် အဆိုပါ အပစ်ရပ်မူကြမ်းကိုပင် NCCT အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့များ ဖြင့် ဇူလိုင် ၂၇ နှင့် ၂၈ တို့တွင်ဆွေးနွေးရန်လျာထားသည်။ အပြီးသတ်ရက်များအတွင်း ပြုလုပ်မည့် အစည်းအဝေးများတွင်NCCT ၌ မပါဝင်သည့် “၀”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၊ ရှမ်းအထူး ဒေသ(၄)မိုင်းလား လက်နက်ကိုင်အဖွဲ့၊ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့ တက်မတက် မသေချာသေးပေ။

ယခုအစည်းအဝေးသည် တတိအကြိမ်ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် တိုင်းရင်းသားခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးကိုကချင်ပြည်နယ်၊ လိုင်ဇာနှင့်ကရင်ပြည်နယ်၊လော်ခီးလာတွင် ကျင်းပခဲ့သေး သည်။

Mizzima - News in Burmese
အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာအနီးတွင် လုံခြုံရေးယူထားသော အစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း သွား မည်ဟု မကြာခဏပြောနေသည့် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်း သုံးနှစ်ကျော် လာသော် လည်း လက်ရှိတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

သမ္မတက တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်စဲရေးဆိုင်ရာနှင့်ပတ်သက်ပြီး ၎င်းသဘောတူထားသည့်အချက်များနှင့် လိုက်လျောနိုင်သည်များကို NCCT အဖွဲ့အား ကြိုတင်ပြောကြားထား

နိုင်ငံတော်သမ္မတဦးသိန်းစိန်က တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်စဲရေးဆိုင် ရာနှင့်ပတ်သက်ပြီး ၎င်းသဘောတူထားသည့်အချက်များနှင့် လိုက်လျောနိုင်သည် များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) သို့ ကြိုတင်ပြောကြားထားသည်ဟု NCCT အဖွဲ့မှ သိရသည်။

ရုရှားရဲ့ စစ်ရေးစွက်ဖက်မှု၊ အမေရိကန်ပြော

Photo: ရုရှားရဲ့ စစ်ရေးစွက်ဖက်မှု၊ အမေရိကန်ပြော
Friday, July 25, 2014

 ယူကရိန်း ရဲ့ စစ်ရေး ပစ်မှတ်တွေ ကို၊ ရုရှားက၊ ရုရှားနယ်မြေ ထဲကနေ၊ လက်နက်ကြီးတွေ နဲ့ ပစ်ခတ် နေတာကို ဖော်ပြ တဲ့ အထောက်အထား တွေ သူတို့မှာ ရှိတယ် ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောလိုက်ပါတယ်။

ဒါတင်မက၊ ယူကရိန်း အရှေ့ဘက်ခြမ်း က ခွဲထွက်ရေး သူပုန်တွေကို၊ ပိုပြီး စွမ်းရည်မြင့်တဲ့ ဆက်တိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထောက်ပံ့ဖို့၊ ရုရှား အစိုးရက စီစဉ်နေတဲ့ အထောက်အထား တွေလည်း ရှိတယ် လို့၊ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောခွင့်ရသူ၊ Marie Harf က ဆိုပါတယ်။

ယူကရိန်းက ခွဲထွက်ရေး သူပုန်တွေကို၊ ဒုံးကျည် တွေ ပေးခဲ့တာမျိုး မရှိဘူးလို့၊ ရုရှားက အစောပိုင်း ကတည်းက ငြင်းဆို ထားနှင့်ပြီး ဖြစ်ပါတယ်။

ယူကရိန်း အရှေ့ခြမ်း တိုက်ပွဲတွေကြောင့်၊ မလေးလေယာဉ် ပျက်ကျခဲ့ရာ နေရာကို၊ နိုင်ငံတကာ စုံစမ်းရေး အဖွဲ့တွေ၊ လွတ်လပ်စွာ စမ်းစစ်ခွင့် ရှိမနေပါဘူး။

ဒီအချိန်မှာပဲ၊ ယူကရိန်း အစိုးရတွင်းမှာ၊ အပြောင်းအလဲ တွေ ပေါ်ပေါက် လာပါတယ်။

လက်ရှိ ယူကရိန်း ညွန့်ပေါင်း အစိုးရထဲကနေ၊ အဓိက ပါတီနှစ်ရပ်၊ နှုတ်ထွက် သွားတဲ့နောက် မှာ၊ ဝန်ကြီးချူပ် အာဆင်းနီ ယက်ဆင်ညု လည်း၊ ရာထူးကနေ နှုတ်ထွက် လိုက်ပါတယ်။

ဒီလို ဖြစ်ရပ်ကြောင့်၊ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်းမှာ ပဲ၊ ယူကရိန်းနိုင်ငံ မှာ ရွေးကောက်ပွဲတွေ စောစီးစွာ ကျင်းပ လာနိုင်ပါတယ်။

အခု ဝန်ကြီးချူပ် နေရာကို၊ မလေးလေယာဉ် ကိစ္စကို ယူကရိန်း အစိုးရ ကော်မရှင် အနေနဲ့ ဦးဆောင်နေသူ၊ ဗလော်ဒေါ်ဗီယာ ဟိုရိုက်စ်မဲန်က၊ ယာယီ တာဝန်ယူထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အချက်အရေ အများကြီး ပစ်ခတ်နိုင်စွမ်းတဲ့ ရုရှားလုပ် ရော့ကက် လောင်ချာ
အချက်အရေ အများကြီး ပစ်ခတ်နိုင်စွမ်းတဲ့ ရုရှားလုပ် ရော့ကက် လောင်ချာ
ယူကရိန်း ရဲ့ စစ်ရေး ပစ်မှတ်တွေ ကို၊ ရုရှားက၊ ရုရှားနယ်မြေ ထဲကနေ၊ လက်နက်ကြီးတွေ နဲ့ ပစ် ခတ် နေတာကို ဖော်ပြ တဲ့ အထောက်အထား တွေ သူတို့မှာ ရှိတယ် ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောလိုက်ပါတယ်။

Algeria လေယာဉ်ပျက်ကျရာ နေရာတွေ့ပြီ

Photo: Algeria လေယာဉ်ပျက်ကျရာ နေရာတွေ့ပြီ
Friday, July 25, 2014

ပျက်ကျသွားတဲ့ အဲ Air Algerie လေယာဉ်ပျက်ရှိရာနေရာကို ရှာဖွေနေသူတွေက တွေ့ရှိထားပြီလို့ မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita ကပြောပါတယ်။ Burkina Faso ကနေ Algeria ကို ပျံသန်းနေစဉ် Air Algerie လေယာဉ်ဟာ ပျောက်ဆုံးသွားခဲ့တာပါ။ လေယာဉ်ပျက်ဟာ Mali နိုင်ငံ အရှေ့မြောက်ပိုင်း သဲ ကန္တာရ ဒေသမှာ ရှိနေတယ်လို့ မစ္စတာ ကီယာတာ က ပြောပါတယ်။ Bamako မြို့မှာ ကျင်းပနေတဲ့ အစည်းဝေးတခုအတွင်း မစ္စတာ Keita  က အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။
 
အသက်ရှင်ကျန်ရစ်သူ ရှိမရှိဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ တာဝန်ရှိသူတွေ  အပြောအရ လေယာဉ်ပေါ်မှာ လူ ၁၁၆ ဦး လိုက်ပါသွားတယ်လို့ ဆိုပါတယ်။
 
အာဖရိက အနောက်ပိုင်းမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေယာဉ်တွေ ကလည်း လေယာဉ်ပျက်ရှာဖွေရာမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ စောစောပိုင်း ကတော့ အဲဒီလေယာဉ်ဟာ ပျက်ကျသွားတာဖြစ်ဖို့ များတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ပျက်ကျသွားတဲ့ အဲ Air Algerie လေယာဉ်ပျက်ရှိရာနေရာကို ရှာဖွေနေသူတွေက တွေ့ရှိထားပြီလို့ မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita ကပြောပါတယ်။ Burkina Faso ကနေ Algeria ကို ပျံသန်းနေစဉ် Air Algerie လေယာဉ်ဟာ ပျောက်ဆုံးသွားခဲ့တာပါ။ လေယာဉ်ပျက်ဟာ Mali နိုင်ငံ အရှေ့မြောက်ပိုင်း သဲ ကန္တာရ ဒေသမှာ ရှိနေတယ်လို့ မစ္စတာ ကီယာတာ က ပြောပါတယ်။ Bamako မြို့မှာ ကျင်းပနေတဲ့ အစည်းဝေးတခုအတွင်း မစ္စတာ Keita  က အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အစ္စရေး သမ္မတ Shimon Peres ရာထူးကနှုတ်ထွက်

Photo: အစ္စရေး သမ္မတ Shimon Peres ရာထူးကနှုတ်ထွက်
Friday, July 25, 2014

အစ္စရေးနိုင်ငံ သမ္မတ ရှီမွန်ပရက်ဇ်ဟာ ကြာသာပတေးနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားပြီး၊ အစ္စရေးနိုင်ငံရဲ့ အနာဂတ် ကြီးမားမှုနဲ့ ငြိမ်းချမ်းရေးကို ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။
 
အစ္စရေးနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ပြောဆိုခဲ့သူ အသက် ၉၀ အရွယ် ရှိပြီဖြစ်တဲ့ မစ္စတာ ပရက်စ် ဟာ အာရပ်နိုင်ငံတွေနဲ့ ဂါဇာမှာနေထိုင်ကြသူတွေဟာ အစ္စရေးရဲ့ ရန်သူတွေမဟုတ်ပါဘူးလို့ ပြောကြားခဲ့သူလည်းဖြစ်ပါတယ်။
 
သူဟာ သိန်းနဲ့ချီတဲ့ ဂါဇာပြည်သူတွေ နဲ့ ကလေးငယ်တွေကို ရှေ့တန်းမှာ အကာအကွယ်အဖြစ် အသုံးပြုနေတဲ့ ဟားမတ်စ် အဖွဲ့ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
အစ္စရေးလ်ရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းရေးကို အခြေခံတဲ့ နှစ်ပြည်ထောင်စနစ်နဲ့ ရပ်တည်တဲ့ ဒီမိုကရက်တစ်ဂျူးနိုင်ငံတော် ဖြစ်ပါတယ်လို့ သူကပြောပါတယ်။
 
မစ္စတာ ပရက်ဇ်ဟာ ၀န်ကြီးချုပ်ရာထူး အပြင် အစ္စရေးနိုင်ငံရဲ့ ထိပ်တန်း တာဝန်တွေကို နှစ်ပေါင်း ၆၀ ထမ်းဆောင် ခဲ့ပြီးတဲ့နောက် ၂၀၀၇ ခုနှစ်မှာ သမ္မတ ရာထူးရရှိခဲ့သူဖြစ်သလို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်ပါတယ်။
 
သူ့နေရာကို ဆက်ခံမည့်သူကတော့ လက်ယာသမား ပါလီမန်အမတ် ရူဗင် ရက်ဗလင်ဖြစ်ပါတယ်။ သူဟာ နှစ်ပြည်ထောင် စနစ်ကို ဆန့်ကျင်သူဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ ပရက်ဇ်ပြောတဲ့ အစ္စရေးရဲ့ ရန်သူဟာ အကြမ်းဖက် သမားတွေဖြစ်တယ် ပါလက်စတိုင်းတွေ မဟုတ်ဖူးဆိုတာကိုတော့ လက်ခံသူဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အစ္စရေးနိုင်ငံ သမ္မတ ရှီမွန်ပရက်ဇ်ဟာ ကြာသာပတေးနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားပြီး၊ အစ္စရေးနိုင်ငံ ရဲ့ အနာဂတ် ကြီးမားမှုနဲ့ ငြိမ်းချမ်းရေးကို ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။

ကွန်ပျူတာ ပြဿ နာကြောင့် အမေရိကန်သံရုံးတွေ ပတ်စပို့နဲ့ ဗီဇာ ထုတ်မပေးနိုင်

ကွန်ပျူတာ တလုံး ရုတ်တရက် အလုပ်မလုပ်ပဲ ဖြစ်သွားတဲ့ အတွက် ကမ္ဘာအနှံ့မှာရှိတဲ့ အမေရိကန် သံရုံး တွေ ကနေ ပတ်စပို့ ထုတ်ပေးတာနဲ့ ဗီဇာထုတ်ပေးတဲ့ လုပ်ငန်းတွေ နှေးကွေးသွားလိမ့်မယ်လို့ အမေရိ ကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုပါတယ်။

လာလီဂါပြိုင်ပွဲ၏ ၂၀၁၄-၁၅ရာသီ ပွဲစဉ်ဇယားရေးဆွဲထုတ်ပြန်


ပွဲပယ်ပြစ်ဒဏ်လျော့ကျဖွယ်ရှိနေသည့် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် ရာသီအဖွင့်ကတည်းက ပါဝင်လာနိုင်ကြောင်း Goal.com မှ ဖော်ပြ စပိန်လိဂ်အဖွဲ့ချုပ်သည် လာမည့် ၂၀၁၄-၁၅ ရာသီအတွက် လာလီဂါပွဲစဉ်ဇယားကို ပြီးခဲ့သည့် ကြာသပတေးနေ့က ရေးဆွဲထုတ်ပြန်လိုက်ပြီး အဖွင့်ပွဲစဉ်ကို သြဂုတ်လ (၂၃)ရက်နေ့တွင် စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပညာရေး ဥပဒေ မူကြမ်းကို လေ့လာဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

Photo: ပညာရေး ဥပဒေ မူကြမ်းကို လေ့လာဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
Friday, July 25, 2014  

 ပြည်ထောင်စု လွှတ်တော်က မကြာခင် ဆွေးနွေး အတည်ပြုမယ့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို အသေးစိတ် လေ့လာပြီး အကြံပြုကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက် လေ့လာတဲ့ ရတနာပုံ တက္ကသိုလ်နဲ့ ဒဂုံတက္က သိုလ်က ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာ ဖြစ်ပါတယ်။

"အမျိုးသား ပညာရေးဥပဒေဆိုတာ မိခင်ဥပဒေ Mother Law ပေါ့၊ အဲ့ဒီအောက်မှာမှ အခြေခံပညာရေးတို့ အဆင့်မြင့်ပညာရေးတို့က လာဦးမယ်၊ ဥပမာဆိုရင် ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဒီလူထုဥပဒေကို လွှတ်တော်ထဲမှာ ထည့်ဖို့ပေါ၊ လွှတ်တော်ထဲမှာ ထည့်ဖို့ဆိုရင် တစ်ချို့ကပြောတယ်၊ ဒီလွှတ်တော်ထဲမှာ ထည့်စရာမလိုဘူတဲ့ ကျောင်းသားသမဂ္ဂဆိုတာဟာ အဆင့်မြင့်ပညာရေး ဥပဒေထဲမှာ ပါနေတယ် အဲ့ဒီဟာတွေကိုလည်း နည်းနည်းကိုလေ့လာ တဲ့အခါကျရင် နက်နက်နဲနဲ စဉ်းစားစေချင်တယ်၊ ဒီင်္ဥပဒေထဲမှာ အားလုံးပါမှာ မဟုတ်ဘူး၊ ဒီဥပဒေက တခြားဥပဒေတွေကိုပေါ့နော် အသေးစိတ် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ ဥပဒေဘာတွေ သတ်သတ်ထွက်ဦးမယ်၊ ပညာရေးနဲ့ ပတ်သက်လို့ ဒီတစ်နိုင်ငံလုံးက ဘယ်လိုလူတွေနဲ့ သွားမယ်ဆိုတာကို ခန့်မှန်းလို့မရဘူး၊ အတည်ပြုတဲ့ ဥပဒေကြမ်းကို ထွက်လာတဲ့အခါကျတော့မှ ကျောင်းသားတွေ စိတ်ဝင်စားတယ်ဆိုရင် လေ့လာကြပေါ့ ၊ လေ့လာပြီးတော့ ကိုယ့်ရဲ့ထင်မြင်ချက်တွေ အမြင်တွေကိုလည်း အသိပေးပေါ့"

ဒါ့အပြင် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဆရာ၊ ဆရာမတွေ သင်ကြားပေး တာအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ အယူအဆတွေရှိဖို့နဲ့ အင်္ဂလိပ်စာကျွမ်းကျင်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေကို ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံ တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး တက်ရောက်လေ့လာခဲ့ပါတယ်။

ဒီအတောအတွင်း အမျိုးသားလွှတ်တော်ကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းမှာ ပြည်သူ့လွှတ်တော်က သဘောမတူနိုင်တဲ့အချက်များနေတဲ့အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဥပဒေမူကြမ်းမှာ သဘောတူနိုင်တဲ့အချက်က ၄၀ ကျော်ရှိပြီး၊ သဘောမတူနိုင်တဲ့ အချက်က ၆၀ ကျော်ဖြစ်နေတဲ့အတွက် အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥတ္တရသီရိမြို့နယ် ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။

"အမျိုးသားပညာရေး ဥပဒေကြမ်းပေါ့လေ အမျိုးသားလွှတ်တော်ကနေပြီး ပြည်သူ့လွှတ်တော် ကို ပြင်ဆင်ချက်တွေနဲ့ ပြန်လည်ပေးပို့တဲ့ အချက်တွေထဲက ၄၈ ချက်သဘောတူပြီးမှ ၆၇ ချက် သဘောမတူဘူး၊ အဲ့ဒီ ၆၇ ချက်သဘောမတူပဲ လွှတ်တော်က ကွဲလွဲချက်ကို ကျနော် တို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်ခိုင်းမယ်လို့ ဒီကိစ္စအဆိုတင်တာပါ"

အခုရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှုစနစ်ရှိနေသေးတာ ၊ ကျောင်းသားတွေတောင်းဆိုနေတဲ့ သမဂ္ဂဖွဲ့စည်းခွင့်မပါရှိတာ၊ ဆရာတွေနဲ့ ပတ်သက် တဲ့ ပြဌာန်းချက်က အငြင်းပွားဖွယ်ဖြစ်နေတာ၊ တက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်လို့ တိကျ တဲ့ ပြဌာန်းချက်မပါဝင်တာ၊ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဘာသာစကားသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်စေတာတွေကြောင့် ပြန်လည်သုံးသပ်ရေးဆွဲသင့်တယ်လို့  NNER ခေါ် ပညာရေးမြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကလည်း ထောက်ပြဝေဖန် ထားပါတယ်။

RFA Burmese
ပြည်ထောင်စု လွှတ်တော်က မကြာခင် ဆွေးနွေး အတည်ပြုမယ့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို အသေးစိတ် လေ့လာပြီး အကြံပြုကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ပြည်နယ်အစိုးရ ပြန်လည်ဖိတ်ခေါ်

ရခိုင်ပြည်နယ်မှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှု လုပ်ငန်းတွေမလုပ်ဖို့ တားမြစ်ခံ ထားရတဲ့ နယ်စည်း မခြား ဆရာဝန်များအဖွဲ့ MSF ကို ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပြန်လည်ပူးပေါင်းဆောင် ရွက်ဖို့ ဖိတ်ခေါ်ကြော င်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန် တောင်း ဆိုခဲ့ပါတယ်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ဖွဲ့စည်းပုံ နဲ့ ရွေးကောက်ပွဲ ကိစ္စတွေ ဆွေးနွေး

မြန်မာအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့  ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် Ms. Yanghee Lee (ယန်ဟီလီ) ဟာ ဒီကနေ့ နေပြည်တော် လွှတ်တော်ကိုသွားရောက်ခဲ့ပြီး အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေး အပါအ၀င် ဥပဒေကြမ်းရေးဆွဲရေး ကော်မတီတွေက ဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးတချို့ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဆက် သွယ်မေးမြန်း ထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

အယ်လ်ဂျီးရီးယားလေယာဉ် ဝေဟင်မှာပျောက်ဆုံး

လူပေါင်း ၁၁၆ ယောက် ထက်မနည်း လိုက်ပါသွားတဲ့ အယ်လ်ဂျီးရီး ယား လေယာဉ် တစင်း Burkina Faso နိုင်ငံမြို့တော်ကနေ Algeria မြို့တော် အယ်လ်ဂျီးယာ့(စ်) Algiers ကို ပျံသန်းနေစဉ် ဒီကနေ့ လမ်းမှာ ပျောက်သွားခဲ့လို့ အခု လေယာဉ် ရှာဖွေရေး စတင် လုပ်ဆောင်နေကြ ပါပြီ။ လေယာဉ်ဟာ လမ်းမှာ ပျက်ကျသွားခဲ့ တာလို့ အမည်မဖော်လိုသူ အယ်လ်ဂျီးရီးယား အရာရှိတဦးကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပေမဲ့ အယ်လ်ဂျီး ရီးယား လေကြောင်းလိုင်း ကတော့ လေယာဉ်ဟာ ပျောက်ဆုံးနေ တဲ့ အခြေအနေမှာပဲ ရှိတာပါလို့ ဆိုပါတယ်။

လိုင်ဇာထိပ်သီးအစည်းအဝေးသို့ NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ရန်ဖိတ်ကြားထားသော်လည်း ၀ နှင့် မိုင်းလားအဖွဲ့တို့မှာ တက်ရောက်ရန် မသေချာသေး

ကချင်ပြည်နယ် လိုင်ဇာဒေသ၌ ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင်ပြုလုပ်ရန် စီစဉ်ထားသည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ၏ အစည်းအဝေးသို့ NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့ကို တက်ရောက် ရန် ဖိတ်ကြားထားသော်လည်း "၀" နှင့်မိုင်းလားအဖွဲ့တို့မှာ တက်ရောက်ရန် မသေချာေ သးကြော င်း သိရသည်။

ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းမိသားစုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် ကိုယ်ပိုင်ဝင်ငွေရရှိရေး ဆောင်ရွက်မည်

ကချင်ပြည်နယ်တွင် စစ်မက်ပဋိပက္ခဖြစ်ပွားခြင်းကြောင့် စစ်ဘေးဒဏ်သင့်နေရပ်ရွှေ့ပြောင်းလာသူ မိသားစု များအား ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် ကိုယ်ပိုင်ဝင်ငွေရရှိရေး ကို မြန် မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီကော် မတီ (ICRC) မှ သိရသည်။

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှု၊ ၀ယ်ယူငွေများ ငွေဖြူ ဟုတ် မဟုတ် စသည်တို့နှင့် ပတ်သက်၍ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေဟု ဆိုထား

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ ဝယ်ယူငွေများ ငွေဖြူ  ဟုတ် မဟုတ် စသည် တို့နှင့်ပတ်သက်၍လည်းကောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က စစ်ဆေး မှုများပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြောကြားသည်။

လားရှိုး-ကွမ်းလုံ ကားလမ်းပေါ်တွင် မြေပြိုမှုကြောင့် မြေတူးစက် ကျသွားသောဖြစ် စဉ် မှ ယာဉ်အကူအား တစ်ရက်ကျော်အကြာ၌ အသက်ရှင်လျက် ပြန်တွေ့

ဇူလိုင် ၂၂ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-ကွမ်းလုံ ကားလမ်းပေါ် တွင် ဇူလိုင် ၂၂ ရက် က ဖြစ်ပွားခဲ့သော လူနှစ်ဦးပါဝင်သော မြေတူးစက် တစ်စီး မြေပြို မှုကြောင့် ပေ ၁ဝဝ ခန့်အနက်သို့ ပြုတ်ကျ သွားခဲ့ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ ဇူလိုင် ၂၃ ရက် ည ၇ နာရီခန့်တွင် မြေတူးစက်မှ ယာဉ်အကူ ကျော်ဇင် အား မြေကြီးအောက်တွင် အသက်ရှင်လျက် တွေ့ရှိခဲ့သည်။

လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆၀၀ ကျော် အလုပ်ပြန်ရနေဟု အလုပ်သမားဒုဝန်ကြီး၏ ပြောစကား မမှန်ကန်ကြောင်း အလုပ်သမားများ ရှင်းလင်း

Photo: လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆၀၀ ကျော် အလုပ်ပြန်ရနေဟု အလုပ်သမားဒုဝန်ကြီး၏ ပြောစကား မမှန်ကန်ကြောင်း အလုပ်သမားများ ရှင်းလင်း
Friday, July 25, 2014

လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆ဝဝကျော် အလုပ်ပြန်ရပြီဟု အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၏ ပြောစကားဖြင့် သတင်းစာတချို့တွင် ဖော်ပြခဲ့မှုမှာ မဟုတ်မှန်ကြောင်း အလုပ်သမားများက ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် Master Sport ဖိနပ်စက်ရုံရှေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

“အလုပ်သမား ၆ဝဝ ကျော်စလုံးကို တခြားဖိနပ်စက်ရုံတွေမှာ အလုပ်ပြန်လည်လုပ်နေပြီဆိုပြီး အလုပ်သမားဝန်ကြီးဌာနက ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၏ ပြောစကားနဲ့ သိရတယ်ဆိုပြီး တချို့သတင်းစာတွေမှာ ပါလာတယ်။ ဒါက တကယ်တော့ မဟုတ်ပါဘူး။ လက်ရှိနဲ့ တခြားစီဖြစ်နေတယ်။ စက်ရုံက အလုပ်သမားကိုယ်စားလှယ်တွေနဲ့ လာရောက်ညိနှိုင်းတယ်ဆိုတာလည်း မဟုတ်ဘူး။ အလုပ်သမားတွေအနေနဲ့ ဇွန်လ လစာနဲ့ စက်ရုံပိတ် နစ်နာကြေးငွေ အဓိကလိုချင်တာပါ။စက်ရုံပိုင်ရှင်ဘက်က လစာနဲ့နစ်နာကြေးငွေ တစ်ပေါင်းတည်းပေးမယ်ဆိုရင်တော့ လက်မခံနိုင်ဘူး”ဟု အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဌေးက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စက်ရုံအလုပ်သမား ၆ဝဝ ကျော်က ဇူလိုင် ၁၇ ရက် နံနက် ၈နာရီတွင် အလုပ်ရှင်ထံက လစာငွေရရှိရေး နှင့် စက်ရုံပိတ်သိမ်းကြေး နစ်နာငွေရရှိရေးအတွက် လှိုင်သာယာမြို့နယ်မှ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့သည်။

“သံရုံးရှေ့ထိသွားဆန္ဒပြတောင်းဆိုခဲ့ပေမယ့် ဘာမှထူးမလာဘူး။ တစ်စုံတစ်ရာဖြေရှင်းပေးမယ်ဆိုပြီးတောင် ထွက်မတွေ့ဘူး။ကျွန်မတို့အနေနဲ့ကတော့ လစာငွေနဲ့ စက်ရုံပိတ် နစ်နာကြေးငွေကို လိုချင်တယ်။ ဌာနဆိုင်ရာတွေကတော့ အလုပ်ရှင်ကို တရားစွဲထားတယ်လို့ ကြားတယ်”ဟု စက်ရုံအလုပ်သမားတစ်ဦးက ဆိုသည်။

ယင်းအပြင် စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုးအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်ခြင်း၊ အလုပ်သမားများအား လစာငွေနှင့် နစ်နာကြေးငွေပေးဆောင်ခြင်းမရှိဘဲ တိမ်းရှောင်ခဲ့မှုတို့ကြောင့် အလုပ်သမားဝန်ကြီးဌာနမှ ပုဒ်မ လေးခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ထို့အတူ အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်၌ စက်ရုံဘက်မှ လျော်ကြေးနှင့် ၂ဝ၁၄ ခုနှစ် ဇွန်လပိုင်းစာပေါင်းပြီး လစာ တစ်လစာသာ ပေးနိုင်မည်ဖြစ်ကြောင်း လက်ခံ သူများအနေဖြင့် လစာငွေကို ၂ဝ၁၄ ခုနှစ် ဇူလိုင်လပိုင်းမှ စတင်၍ ထုတ်ယူနိုင်ကာ နောင်တွင် စက်ရုံဘက်သို့ ထပ်မံမတောင်းဆိုကြောင်း လက်မှတ်ရေးထိုးရမည်ဟု ပါရှိခဲ့သည်။

ထို့ပြင် စက်ရုံပိတ်သိမ်းရသည့်အကြောင်းမှာ ထုတ်ကုန်အရည်အသွေးစံချိန်မမီ၍ export မပြုလုပ်နိုင်သောကြောင့် ကုန်ထုတ်လုပ်မှုကို ရပ်ဆိုင်းရခြင်းဖြစ်သည်ဟုလည်း ပါရှိခဲ့သည်။

7Day Daily 

Master Sport ဖိနပ်စက်ရုံရှေ့၌ သတင်းစာရှင်လင်းပွဲပြုလုပ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
MasterSportဖိနပ်စက်ရုံရှေ့၌သတင်းစာရှင်လင်းပွဲပြုလုပ်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
လစာနှင့် နစ်နာကြေးမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမား ၆ဝဝကျော် အလုပ်ပြန်ရပြီဟု အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ၏ ပြော စကားဖြင့် သတင်းစာတချို့တွင် ဖော်ပြခဲ့မှုမှာ မဟုတ်မှန်ကြောင်း အလုပ်သမားများက ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် Master Sport ဖိနပ်စက်ရုံရှေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။