Sunday 3 June 2012

အိမ်နီးချင်ကောင်းမပီသသော တရုတ်နိုင်ငံ

          မြန်မာပြည်မြောက်ဖျား၊ ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ မြန်မာစစ် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ဆိုတဲ့ အချိန်ကာလပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီအတော အတွင်းမှာ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး သဘောထားအမျိုးမျိုး ပြောင်းလဲခဲ့ပါတယ်။ ယခင်က KIA ကို ပိတ်ဆို့မှုတွေ လုပ်ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံရေး အပြောင်းအလဲကြောင့် အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ပိုမိုကျွမ်းဝင်လာလို့ KIA ကို ပိုမိုထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့တဲ့အပြင် အကာအကွယ်လဲ ပေးခဲ့ပါတယ်။

          မေလ(၂၆)ရက်နေ့က KIA မှ တပ်မဟာမှူးတစ်ဦး ဦးဆောင်တဲ့ အင်အား ၅၀ လောက်ဟာ မြန်မာနယ်စပ်မျဉ်းနဲ့ ကိုက် (၅၀၀) လောက် ကွာဝေးတဲ့ တရုတ်နိုင်ငံက မီးကင်းစောင့်တဲ့မျှော်စင်မှာ အခြေ ပြုပြီး မြန်မာနိုင်ငံရှိ စစ်တပ်ကို အဝေးကလက်နက်ကြီးတွေ နဲ့ ပစ်ခတ်နှောင့်ယှက်ခဲ့ပါတယ်။ မေလ (၅) ရက်နေ့ကလဲ နယ်ခြားစောင့်တပ်ကို ၀င်ရောက်တိုက်ခဲ့စဉ်က KIA တပ်များ တရုတ်နိုင်ငံအတွင်း ဆုတ်ခွာ ထွက်ပြေးခဲ့လို့ ထိန်းချုံးရဲ့ စခန်းကို အကြောင်းကြားခဲ့သော်လည်း မသိချင်ယောင်ဆောင်ပြီး နေထိုင်ခွင့် ပြုထားခဲ့ပါတယ်။ ဒါ့အပြင်ထိန်ချုံးခရိုင်၊ စကျီကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဝန်ထမ်းများက KIA အဖွဲ့ မှ ဒဏ်ရာရသူများကို ဆေးကုပေးတဲ့အပြင် ထိန်ချုံးရှိ တုံပန်းဆေးရုံကို လူနာတင်ကားတွေနဲ့ ပို့ပေးပြီး အထူးကြပ်မတ် ကုသပေးနေတယ်လို့ သိရပါတယ်။

          မြန်မာအစိုးရတပ်များအနေနဲ့ တရုတ်နိုင်ငံ အတွင်း ၀င်ရောက် ကျူးကျော်ခြင်း၊ ကျည်ဆန်များ ကျော်လွန်ကျရောက်ခြင်း မရှိအောင် ထိန်းသိမ်းခဲ့သော်လည်း မတ်လ(၁၇)ရက်နေ့က နယ်ခြားစောင့်တပ် သိမ်းပိုက်ထားတဲ့  နယ်ခြားကျောက်တိုင် (လ-၆) အား KIA က တရုတ်နိုင်ငံအတွင်းမှ ပတ်ပြီး တိုက်ခိုက် ခဲ့ပါတယ်။ ဒီအချိန်မှာ တရုတ်နယ်ခြားစောင့်ရဲတွေက နယ်ခြားနေရာကနေ ခေတ္တ ဖယ်ပေးခဲ့တယ်လို့ သိရ ပါတယ်။          
တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်းမပီသဘဲ နယ်စပ်ဒေသမတည်ငြိမ်အောင် ဖန်တီးနေခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘန်ဒေါင်းမူ (၅) ချက်အရ တစ်နိုင်ငံ၏ နယ်မြေ တည်တံ့မှုနှင့် အချုပ်အခြာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စ များတွင် ၀င်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် စတဲ့ အချက်များကို ချိုးဖောက်ပြီး ယခုကဲ့သို့ ပြုမူဆောင်ရွက် နေခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ အနောက်အုပ်စုက ၀င်ရောက် လွှမ်းမိုးလာမှာကို စိုးရိမ်နေတာကြောင့် နိုင်ငံအတွင်းတည်ငြိမ်မှုမရှိအောင် တစ်ဘက်လှည့်နဲ့ KIA ကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံမပီသဘဲ မြန်မာ့အရေးကို ၀င်ရောက်စွက်ဖက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံကြားလိုက်နာရမည့် စည်းကမ်း တွေကို မလိုက်နာဘဲ ပြောင်ပြောင်တင်းတင်း ၀င်ရောက်စွက်ဖက်တာ ဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က ပြောကြားခဲ့ပါတယ်။