Thursday 7 March 2013

အုန်းသီးလေးရဲ့ လျှို့ဝှက်ချက်

 Photo: အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်


တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို
သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် မိမိတို့နေထိုင်တဲ့မြို့
ရှိ ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ
ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ်
ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ
အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။


အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်

အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..

အုန်းရည်


အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်..


အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..


ကိုလက်စရောကို ကျဆင်းစေခြင်း


အစာခြေနိုင်စွမ်း မြင့်မားစေခြင်း


အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း


သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း


ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း


ဆဲလ်အသစ်များကို တိုးပွားစေခြင်း


ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း


ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း


အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း

ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း


ရောဂါများကို ခုခံကာကွယ်ပေးခြင်း


မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း


ဘက်တီးရီးယားများကို သေစေနိုင်ခြင်း


စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့
အုန်းသီးဖြစ်ပါတယ်..
အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင်
အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို
ဝယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူသင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..


အုန်းဆီ

အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ်
နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့်
သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…


အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..
အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်.. အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်.. ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..


အုန်းသီးထွက်ပစ္စည်းများ

အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်.. အချို့သောနိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာနိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သော အစားအသောက်များ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..


ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ
စားကြပါစို့နော်.... :)


Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health Benefits နှင့်
Funzug.com မှ အချက်အလက်များကို မှီငြမ်းကိုးကားပါသည်။ ဤပိုစ့်ပါ အချက်အလက်များကို
အတည်ပြုပေးပြီး အချက်အလက်အသစ်များ ထပ်မံရှာဖွေ ကူညီပေးသော ဒေါက်တာဇီဝက(ဆေး-၂)
အား အထူး ကျေးဇူး တင်ရှိပါသည်။


တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို
သောက် ခဲ့ဖူး မယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် မိမိတို့နေထိုင်တဲ့မြို့
ရှိ ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ
ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ်
ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ
အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။

“ဘာလူစကိုနီအား အီတလီတရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ်”

Breaking News:
“ဘာလူစကိုနီအား အီတလီတရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ်”

ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီအား တယ်လီဖုန်းလိုင်း တရားမဝင် ကြားဖြတ်ခိုးယူ နားထောင်မှုဖြင့် ထောင်ဒဏ် ၁ နှစ်ကျခံရန် အီတလီတရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း Reuters သတင်းတွင် ဖြော်ပသည်။ သို့သော် ဘာလူစကိုနီအနေဖြင့် ၎င်း၏အယူခံဝင်မှု မပြီးပြတ်မီအချိန်တွင် အဆိုပါပြစ်ဒဏ်အား ကျခံရမည်မဟုတ်ကြောင်း သိရသည်။

ဘာလူစကိုနီသည် အီတလီဝန်ကြီးချုပ်အဖြစ် ၁၉၉၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တစ်ကြိမ်နှင့် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တစ်ကြိမ် စုစုပေါင်း သုံးကြိမ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် မီဒီယာလုပ်ငန်းရှင်နှင့် အီတလီစီးရီးအေ ထိပ်သီးဘောလုံးအသင်း အေစီမီလန်၏ ပိုင်ရှင်လည်းဖြစ်သည်။

အေးချမ်းမွန်မှ ( Planet Myanmar Network ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်


ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီအား တယ်လီဖုန်းလိုင်း တရားမဝင် ကြားဖြတ်ခိုးယူ နားထောင်မှုဖြင့် ထောင်ဒဏ် ၁ နှစ်ကျခံရန် အီတလီတရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း Reuters သတင်းတွင် ဖြော်ပသည်။ သို့သော် ဘာလူစကိုနီအနေဖြင့် ၎င်း၏ အယူခံဝင်မှု မပြီးပြတ်မီအချိန်တွင် အဆိုပါပြစ်ဒဏ်အား ကျခံရမည်မဟုတ်ကြောင်း သိရသည်။

"အင်တာနက်ဆိုင်အချို့ ညစ်ညမ်းကားများ အလွယ်တကူကြည့်နိုင်အောင် စီစဉ်၍ သုံးစွဲသူလျော့ကျလာမှုကို ဆွဲဆောင်မြှင့်တင်လာ"



သုံးစွဲသူ နည်းပါး၍ ဝင်ငွေကျဆင်းမှုများ ဖြစ်ပေါ်နေသော အင်တာနက်ဆိုင်အချို့ ကွန်ပျူတာတွင် ညစ်ညမ်းဗီဒီယိုဇာတ်ကားများ အခမဲ့ထည့်သွင်း နည်းလမ်းဖြင့် သုံးစွဲသူများအား ဆွဲဆောင်မှုပြုလုပ်နေကြောင်း သိရသည်။

အကူအညီ အထောက်အပံများ အပေါ်မှာသာ ရပ်တည်နေမည် မဟုတ်ဘဲ ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံဖြစ်အောင် ကြိုးပမ်းသွားမည်



နေပြည်တော် မတ် ၆
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မတ်(၅)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီ(၁၅) မိနစ်တွင် ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံး၌ ဥရောပကော်မရှင် ဥက္ကဋ္ဌ Mr. Jose Manual Barroso နှင့် တွေ့ဆုံ ဆွေးနွေးသည်။

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက် တင်ပို့နိုင်ရန် ကြိုးပမ်းမည်

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက်
တင်ပို့နိုင်ရန် ကြိုးပမ်းမည်
Thursday, March 7, 2013

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက်တင်ပို့နိုင်ရန် အတွက် The Burmese Freedom and Democracy Act 2003 ကို အပြီးသတ် ရုပ်သိမ်းနိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်း
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မတ်လ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် တွင် ပြောကြားခဲ့သည်။

"ကျောက်စိမ်းကျောက်မျက် တင်ပို့မှုနဲ့ ပတ်သက်ပြီး ပိတ်ဆို့ထားတဲ့ ဥပဒေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်က ချမှတ်ထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စနစ်အရ ဥပဒေတစ်ရပ်ကို အပြီးအပိုင် ပယ်ဖျက်ရန် ကြိုးပမ်းမှုမှာတော့ နိုင်ငံရေးအရ၊ ဥပဒေရေးအရနဲ့ နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်များမှ အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ဟာ စီးပွားရေးအရ ပတ်ဆို့ကန့်သတ်မှုများ လုံးဝ ရုပ်သိမ်းရေးကို တစ်စိုက်မတ်မတ် တောင်းဆိုလျက် ရှိပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

ပိတ်ဆို့ထားသည့် ဥပဒေများ ရုပ်သိမ်းရေးအတွက် ဥပဒေပိုင်း၊ နည်းပညာပိုင်းအရ လေ့လာအကြံပြုနိုင်မည့် ကျွမ်းကျင်သည့် ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်
အချင်းချင်း ထိတွေ့တောင်းဆိုရန်လိုကြောင်း၊ The Burmese Freedom and Democracy Act 2003 အရ မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် ပိတ်ပင်ထားရှိမှုများကို အထွေထွေ လိုင်စင်ထုတ်ပေးခြင်း၊ ယာယီကင်းလွတ်ခွင့် ပေးခြင်းတို့ကို ဖြေလျော့ပေးလာကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံခွင့်၊ ငွေကြေး
လွှဲပြောင်းခွင့်၊ နိုင်ငံတကာငွေ ကြေးရန်ပုံငွေ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့် ပြုခြင်းများကို ဖြေလျော့ပေးမှုများ ရှိလာပြီဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ ကွန်ဂရက်မှ ပိတ်ပင်ထားမှု ဖြေလျော့
ရုပ်သိမ်းရေး၊ ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသာမက၊ ဥပဒေပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းရာ ပညာရှင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအ၀န်း အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယ၀န် ကြီးဦးဇင်ယော်က ပြောကြားခဲ့သည်။

Eleven Media Group
Myanmar Online News
ဇင်ယော်
http://www.facebook.com/ZinYawNews
 Thursday, March 7, 2013

အမေရိကန်နိုင်ငံသို့ ကျောက်စိမ်း၊ ကျောက်မျက်များ တိုက်ရိုက်တင်ပို့နိုင်ရန် အတွက် The Burmese Freedom and Democracy Act 2003 ကိုအပြီးသတ်ရုပ်သိမ်းနိုင်ရေးအတွက်တစ်ဆင့်ပြီးတစ်ဆင့်ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြ စ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မတ်လ ၆ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် တွင် ပြောကြားခဲ့သည်။

ဘုရားဖူးများနှင့် နိုင်ငံခြား ဧည့်သည်များ အဝင်အထွက် များလာခြင်း တို့ကြောင့် ပခုက္ကူ ရှင်မတောင် သနပ်ခါး ဈေးကွက် ပိုမိုရောင်းအား ကောင်းလာ

ဘုရားဖူးများနှင့် နိုင်ငံခြား ဧည့်သည်များ အဝင်အထွက် များလာခြင်း တို့ကြောင့် ပခုက္ကူ ရှင်မတောင် သနပ်ခါး ဈေးကွက် ပိုမိုရောင်းအား
ကောင်းလာ
Thursday, March 7, 2013

ယခု ပွင့်လင်းရာသီ ကာလအတွင်း ခရီးသွား ဧည့်သည် များလာခြင်း၊ ဘုရားဖူးဧည့် အလာများခြင်း၊ လမ်းပန်းဆက်သွယ်မူ အားကောင်းလာခြင်း တို့ကြောင့် ပခုက္ကူဒေသ သနပ်ခါးဈေးကွက် ကြီးမား ကျယ်ပြန့်လာပြီး ယခင်နှစ်များထက် ရောင်းအား မြင့်တက်လာကြောင်း သိရသည်။

ပခုက္ကူဒေသ ရှင်မတောင် သနပ်ခါးသည် ပြည်တွင်းသာမက ပြည်ပအထိ ပျံ့နှံ့၍ ပခုက္ကူသို့ ရောက်သူတိုင်း အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြသည်။ သနပ်ခါးဈေးကွက် တွင်ကျယ်လာသည်နှင့် အမျှ သနပ်ခါး ရောင်းဝယ်သူ စိုက်ပျိုးသူများ တစ်နှစ်ထက် တစ်နှစ် များပြားလာသည်။ 

သနပ်ခါးပင်သည် လူတစ်ရပ်ခန့် ရှိပြီး အပွေးကောင်းလျှင်
ကောင်းသလောက် တစ်ပင်လျှင် ငွေကျပ် ၃ဝဝဝဝ မှ ငွေကျပ် ၅ဝဝဝဝ ဝန်းကျင်ဈေး ပေါက်လျက်ရှိပြီး သနပ်ခါးပင်ကို ပခုက္ကူဒေသရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာများ အပြင်၊ ငွေကြေးတတ်နိုင်သူ များက စီးပွားဖြစ် အပင်ရေ ၃ဝဝဝ မှ ၅ဝဝဝ နီးပါး စိုက်ပျိုးလာကြောင်း သိရသည်။ သနပ်ခါးခြံ တစ်ခြံလျှင် အပင်ရေနှင့် သက်တမ်းပေါ် မူတည်၍ ငွေကျပ်သိန်း ၅ဝဝ အထိ အရောင်းအဝယ် ဖြစ်နေသည်။ 

''သနပ်ခါးပင်က နှစ်ရှည်ပင် ဆိုတော့ ကြားထဲမှာ သီးထပ်သီးညှပ် စိုက်ထားရတယ်။ သနပ်ခါးဈေးကလည်း ကောင်းလာတဲ့ အတွက် အပျောက်အရှကလည်း ရှိလာတယ်။ အစောင့်၊ မျှော်စင်နဲ့ ထားရတယ်။ အပင်သက်တမ်းရင့်လျှင် ရင့်သ လို ဈေးကောင်းတော့ အစောင့်တွေနဲ့ နေ့ညမပြတ် စောင့် ပေးနေရတယ်'' ဟု သနပ်ခါးကို စီးပွားဖြစ် စိုက်သူ ဒေသခံတစ်ဦးက သနပ်ခါးနှင့် သူခိုးရန်အကြောင်း ရှင်းလင်း ပြောကြားသည်။ ပခုက္ကူမြို့၌ ဦးမေဃ ကျောင်းဝိုင်းကြီးအပြင် မြို့မဈေးမြောက်ခြမ်း တစ်ခွင် သနပ်ခါး ဈေးသည်များ ပြည့်ကျပ်လျက် ရှိသည်။

ပခုက္ကူမြို့ တစ်ခွင် သနပ်ခါး ပွဲရုံများနှင့် ဈေးသည် ဦးရေ ၅ဝဝ ဝန်းကျင်ခန့် ရှိပါသည်။ လမ်းနှင့်ဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့် အမျှ ဧည့်အဝင် အထွက် ဘုရားဖူးကားများ ပိုမို ရောက်ရှိ လာကြ၍ ပခုက္ကူမြို့ တစ်ခွင် သနပ်ခါး ရောင်းဝယ်မှု များလာသည်။ ဒေသခံတို့ အနေဖြင့်လည်း သနပ်ခါး ရောင်းချခြင်းဖြင့် ဘဝ အခြေအနေ ဖူလုံလာရုံ သာမက ရေရှည် စီးပွားရေး အရပါ တွက်ခြေ ကိုက် အောင်မြင် လာကြောင်း သိရသည်။ ။


http://bit.ly/168xP4X

နေဦးမောင်(ပခုက္ကူ)
မြ၀တီ
 
Thursday, March 7, 2013

ယခု ပွင့်လင်းရာသီ ကာလအတွင်း ခရီးသွား ဧည့်သည် များလာခြင်း၊ ဘုရားဖူးဧည့် အလာများခြင်း၊ လမ်းပန်းဆက်သွယ်မူ အားကောင်းလာခြင်းတို့ကြောင့် ပခုက္ကူဒေသ သနပ်ခါးဈေးကွက် ကြီးမားကျယ်ပြန့်လာပြီးယခင်နှစ်များထက် ရောင်း အား မြင့် တက် လာကြောင်း သိရသည်။

ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးနေပြည်တော်၌ကျင်းပ


ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးနေပြည်တော်၌ကျင်းပ

၂၀၁၃ခုနှစ် မတ်လ ၂ရက် နှင့် ၃ရက်များတွင် ညီနောင်တိုင်း ရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation)၏ ၁၄ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော် မောခမ်းနွံ ရှမ်းစားသောက် ဆိုင်၌ကျင်းပရာ ဖက်ဒရေးရှင်းဝင် ပါတီများဖြစ်ကြသော ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ ချင်းအမျိုးသားပါတီ၊ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊မွန် ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ၊ကယန်းအမျိုးသားပါတီ၊အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့မှ ဥက္ကဋ္ဌများအထွေထွေအတွင်း ရေးမှူးများ အပါအ၀င် ထိပ်တန်း တာဝန်ရှိသူများတက်ရောက်ကြောင်း သတင်းရရှိသည်။
ပုံမှန်အစည်းအဝေးပထမ နေ့(မတ်-၂)တွင် နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိကျင်းပပြီး အစည်းအဝေးသဘာပတိအဖြစ် ဦးဟန်ရောင်ဝေး အခမ်းအနားမှူး အဖြစ် ဦးစောသန်းမြင့်(ကျားဖြူ) တို့က အသီးသီးဆောင်ရွက်ကြ ကာ ဒုတိယနေ့(မတ်-၃)တွင် ဖော်ပြပါ ပါတီ ၇ပါတီ အကြီး အကဲများက သဘာပတိအဖွဲ့ဝင် များအဖြစ်လည်းကောင်း အစည်း အဝေးမှူးအဖြစ် ဦးစိုင်းဖိုးအောင် (ကျားဖြူ)တို့က ကြီးကြပ်ဆောင် ရွက်ကြသည်။
၂ရက်ကြာ အစည်းအဝေး က အခြားအရေးကြီးဆုံးပြင်ချက် များအပြင် (က) စစ်မှန်၍တည် တံ့ခိုင်မြဲသည့် ပြည်တွင်းငြိမ်းချမ်း ရေးတည်ဆောက်နိုင်ရေးအတွက် သမာသမတ်ကျသော ယုံကြည် လေးစားခံရသူတို့ပါဝင်သည့် လွတ်လပ်ကာကြားခံအဖွဲ့အစည်း တစ်ခုက ပါဝင်ဆောင်ရွက်စေရန်။
(ခ) တိုင်းရင်းသားလူမျိုး ဥပဒေများ၌ ပိုမိုကြီးထွားအန္တရာယ် ပြုလာနေသည့် မူးယစ်ဆေးဝါး ပြဿနာများကို နိုင်ငံတော်နှင့် နိုင်ငံတော်တကာအဖွဲ့အစည်းများ နှင့်ပူးပေါင်းဆောင်ရွက်သွားရန်။
(ဂ) အမှန်တကယ်မရှိသည့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူ တိုင်းရင်းသား ၁၃၅မျိုးဆိုသည့် ရေ တွက်ပြောဆိုသုံးနှုန်းနေမှုသည် တိုင်းရင်းသားချင်းသွေးကွဲစေနိုင် သဖြင့် ထိုအသုံးနှုန်းကို ကန့်ကွက် ရှုံ့ချပြီး တကယ့်အရှိကိုပြန်လည် ဆန်းစစ်ဖော်ထုတ်ရန်တို့ကို ညှိ နှိုင်းဆွေးနွေးဆုံးဖြတ်ကြသည်ဟု ဆိုသည် ထို့ပြင် အရေးအပါဆုံး ဆုံးဖြတ်ချက်တစ်ရပ်အဖြစ် လာ မည့် ၂၀၁၅အထွေထွေရွေးကောက် ပွဲကြီးတွင် ယခုလက်ရှိ တိုင်းရင်း သားလူမျိုးစုပါတီမျာက မိမိတို့ ဆိုင်ရာ ပြည်နယ်ဒေသများတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သလို ပါတီ သစ်တစ်ခုကို(နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေနှင့်အညီ)အမည်သစ် တစ်ခု(ဥပမာ ညီညွတ်သော ဖက် ဒရယ်ပါတီ (Federal Unity Panty ဟူသော အမည်မျိုး)ဖြင့် ဖွဲ့စည်းလျက် ပြည်ထောင်စု တစု တလျားလုံးပါဝင်ယှဉ်ပြိုင်သွားရန် လည်းဆုံးဖြတ်ကြကြောင်းသိရှိရ သည်။
———အစည်းအဝေးသို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ဓနတိုင်းရင်း သားလူမျိုးများဒီမိုကရေစီပါတီ အရှိုချင်းအမျိုးသားပါတီ-တအောန် (ပလောင်)အမျိုးသားပါတီ ပအို အမျိုးသားအဖွဲ့ချုပ်ပါတီနှင့်ဝဒီမို ကရက်တစ်ပါတီကိုယ်စားလှယ်များ လည်း လေ့လာသူများအဖြစ် တက်ရောက်ကြကြောင်းသိရှိရ သည်။

ကြည်စင်ဟန်
HotNews

ဇင်ယော်
http://www.facebook.com/ZinYawNews

 
 ၂၀၁၃ခုနှစ် မတ်လ ၂ရက် နှင့် ၃ရက်များတွင် ညီနောင်တိုင်း ရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation)၏ ၁၄ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော် မောခမ်းနွံ ရှမ်းစားသောက် ဆိုင်၌ကျင်းပရာ ဖက်ဒရေး ရှင်းဝင်ပါတီများဖြစ်ကြသော ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ ချင်းအမျိုးသားပါတီ၊ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊မွန် ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ၊ကယန်းအမျိုးသားပါတီ၊အင်း အမျိုးသားဖွံ့ဖြိုးတိုး တက်ရေး ပါတီ တို့မှ ဥက္ကဋ္ဌများအထွေထွေအတွင်း ရေးမှူးများ အပါအ၀င်ထိပ်တန်း တာဝန်ရှိသူများတက်ရောက်ကြောင်း သတင်း ရရှိသည်။

တရုတ်နိုင်ငံက ကာကွယ်ရေး ကဏ္ဍတွင် ငွေကြေးတိုးမြှင့် သုံးစွဲသွားမည်

တရုတ်နိုင်ငံက ကာကွယ်ရေး ကဏ္ဍတွင် ငွေကြေးတိုးမြှင့် သုံးစွဲသွားမည်
Thursday, March 7, 2013

တရုတ် နိုင်ငံသည် ကာကွယ်ရေး အသုံးစရိတ်ကို ၁ဝ ဒသမ ၇ ရာခိုင်နှုန်း အထိ တိုးမြှင့် သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ကဏ္ဍတွင် စုစုပေါင်း အသုံးစရိတ် စတာလင်ပေါင် ၇၆ ဒသမ ၄ ဘီလီယံကို သုံးစွဲသွားမည် ဖြစ်ကြောင်း တရုတ် အစိုးရ အဖွဲ့က ကြေညာခဲ့သည်။

အသုံးစရိတ် များကို စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များ၏ ဘဝ နေထိုင်မှုနှင့် အလုပ်လုပ်ကိုင် မှုကို တိုးမြှင့်ရာတွင် အထောက်အပံ့ ပေးရေး ကြိုးပမ်း ဆောင်ရွက်မှုများနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ခေတ်မီလက် နက်များ ပိုမို တပ်ဆင်ပေးရန် သတင်း အချက်အလက် အပေါ် အခြေခံ၍ လုံခြုံ စိတ်ချရသော အမျိုးသား လုံခြုံရေး အခြေအနေတို့ ဖြစ်လာစေရေး တို့တွင် အသုံးပြု သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

အဆိုပါ ကြေညာချက်သည် တရုတ် အမျိုးသား ပြည်သူ့လွှတ်တော် (NPC) ၏ အစည်းအဝေး ပထမနေ့တွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ အာဏာရ ကွန်မြူနစ် ပါတီ၏ ဆယ်စုနှစ် တစ်ခုလျှင် တစ်ကြိမ် သာ ခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်သော အချိန်ဖြစ် သောကြောင့် ယခုနှစ်တွင် ကျင်းပသော နှစ်ပတ်လည် အစည်းအဝေးသည် ပိုမို ထူးခြားမှုရှိသည်။

ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုသည် ဒေသတွင်း တင်းမာမှုများ ဖြစ်ပွား ချိန်တွင် ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အရှေ့ တရုတ်ပင်လယ် အတွင်းရှိ ကျွန်းနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံနှင့် ပိုင်နက် အငြင်းပွားမှု အခြေ အနေမှာ ဆက်လက် တည်ရှိနေဆဲဖြစ် သည်။

တရုတ်နိုင်ငံသည် ၎င်း၏ စစ်အင်အားကို နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ ပိုမို အင်အား တိုးတက် အောင်ဆောင်ရွက် ရေးသဘောထားကို လျှို့ဝှက်ထားခြင်း မရှိဘဲ လုပ်ဆောင် ခဲ့သည်။ ဂျပန်ဝန်ကြီး ချုပ်သစ် ရှင်ဇိုအာဘေးကလည်း ဇန်နဝါရီလက ၎င်း၏ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့် လုပ်ဆောင် ခဲ့ကြောင်း နှင့်အမေရိကန်ကလည်း လာမည့်ဆယ် စုနှစ်ကျော်တွင် အာရှ- ပစိဖိတ်ဒေသ သို့ဦးတည် ၍ ပြန်လည် အင်အား ထိန်းညှိရန် ကတိပြုထားခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် အမေရိကန်၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်သည် စတာလင်ပေါင် ၄၁၈ ဘီလီယံရှိခဲ့ကြောင်း၊ ယင်းအသုံးစရိတ်သည် တရုတ် နိုင်ငံက ထုတ်ပြန် ကြေညာထားသည့် တိုးမြှင့် သုံးစွဲသွားမည့် ကာကွယ်ရေး အသုံးစရိတ် စတာလင်ပေါင် ၇၆ ဘီလီ ယံထက် များစွာ ကျော်လွန်နေပါသည်။

http://bit.ly/ZhdLXu
မြ၀တီ

Thursday, March 7, 2013

တရုတ် နိုင်ငံသည် ကာကွယ်ရေး အသုံးစရိတ်ကို ၁ဝ ဒသမ ၇ ရာခိုင်နှုန်း အထိ တိုးမြှင့် သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ကဏ္ဍတွင် စုစုပေါင်း အသုံးစရိတ် စတာလင်ပေါင် ၇၆ ဒသမ ၄ ဘီလီယံကို သုံးစွဲသွားမည် ဖြစ်ကြောင်း တရုတ် အစိုးရ အဖွဲ့က ကြေညာခဲ့သည်။

မြန်မာမလေးတွေ အိမ်ထောင်ဘက်ရွေးတဲ့အခါ စဉ်းစားရမည့်အချက်များ


(ဓါတ်ပုံ- ၂၀၁၃ မတ်လ မြန်မာဆန်ဆန် မြန်မာဝတ်စုံလေးနဲ့ လှနေသူများပြိုင်ပွဲ)

    တစ်မိသားစုနှင့် တစ်မိသားစု အချိန်တန် အရွယ်ရောက်လာသော် တစ်ဦးနှင့်တစ်ဦး အကြောင်းပေါင်းဖက်ရသည်မှာဓမ္မမှာပင်ဖြစ်ပေသည်။ယခုဘဝတွင်ဘဝတစ်သက်တာပျော်ရွှင်ချမ်းမြေ့ ဖွယ် အိမ်ထောင် တစ်ခု ဖြစ်နိုင်ဖို့ ရာအတွက် …

နိုင်ငံအတွင်း လှည့်လည်စီးဆင်းငွေ ကျပ်သန်းပေါင်း ၆၇ သိန်းကျော် ရှိနေ

နိုင်ငံအတွင်း လှည့်လည်စီးဆင်းငွေ ကျပ်သန်းပေါင်း ၆၇ သိန်းကျော် ရှိနေ
Thursday, March 7, 2013

မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေပမာဏ ကျပ်သန်းပေါင်း ၆၇ သိန်းခွဲခန့် ရှ်ိနေပြီး ငွေကြေးဖေါင်းဖွမှုမှာ ဇန်နဝါရီလ ကိန်းဂဏန်းအရ ၁.၉၅ ရာခိုင်နှုန်း ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ဆိုသည်။

“နိုင်ငံတော်အတွင်း လှည့်လည်သုံးစွဲနေသော ငွေပမာဏ ကျပ်သန်းပေါင်း ၆,၇၄၈,၅၆၆ ရှိနေပြီး ငွေကြေးဖေါင်းပွမှု အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ကိန်းဂဏန်းအရ ၁.၉၅ ရာခိုင်နှုန်း ရှိနေပါတယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု 
ဝန်ကြီး ဦးဝင်းရှိန် က ပြောကြားသည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်းအရ
နိုင်ငံတော်၏ ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များတွင် ရငွေ
စုစုပေါင်း ကျပ် ၁၂,၇၇၄,၅၂၀ သန်း၊ သုံးငွေစုစုပေါင်း ကျပ် ၁၄,၄၃၉,၄၆၆ သန်း၊ လိုငွေကျပ် ၁,၆၆၄,၀၄၆ သန်း ရှိနေသည်။ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၅၁,၂၀၇,၅၇၇ သန်း ဖြစ်ကာ လိုငွေနဲ့ ဂျီဒီပီအချိုးမှာ ၃.၂၅ ရာခိုင်နှုန်း
ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ငွေကြေးဖေါင်းပွမှုနှုန်းက နှစ်စဉ် ၂ ရာခိုင်နှုန်း ဝန်းကျင်မှာပဲ ရှိနေပါတယ်။ လိုငွေ ကျပ်သန်းပေါင်း ၁၆ သိန်းကျော် ပြတာက လိုငွေပြတိုင်း မကောင်းတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် စီးပွားရေးဖွံ့ဖြိုးမှု
မျှော်မှန်းချက် ကြီးတယ်လို့ သဘော သက်ရောက်ပါတယ်။ သုံးစွဲငွေကလည်း များမယ်။ ရငွေကလည်း မျှော်မှန်းသလို များမယ်ဆိုရင်တော့ ပိုကောင်း
ပါတယ်” ဟု စီးပွားရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့မှ ဦးသန်းဦး က သုံးသပ်ပြောဆိုသည်။

ခင်မျိုးသွယ်
မဇ္ဈိမ

Thursday, March 7, 2013

မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေပမာဏ ကျပ်သန်းပေါင်း ၆၇ သိန်းခွဲခန့် ရှ်ိနေပြီး ငွေကြေးဖေါင်းဖွမှုမှာ ဇန်န ဝါရီလ ကိန်းဂဏန်းအရ ၁.၉၅ ရာခိုင်နှုန်း ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ဆိုသည်။

ဒုက္ခသည်တွေ အမေရိကန်မှာ ပြောင်းရွှေ့နေထိုင်ရေး ဆွေးနွေး

ဒုက္ခသည်တွေ အမေရိကန်မှာ ပြောင်းရွှေ့နေထိုင်ရေး ဆွေးနွေး
Thursday, March 7, 2013

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နိ့ဘိုးဒုက္ခသည်စခန်းက ဒုက္ခသည် လူဟောင်းတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့အခြေချ လိုတယ်ဆိုရင် ၃ လအတွင်း စာရင်းတင်ကြဖို့ အမေရိကန်သံရုံး အရာရှိတွေက မနေ့က မတ်လ ၅ ရက် နို့ဘိုးဒုက္ခသည် စခန်းမှာ
ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ရုံး တာဝန်ခံ Kenneth Foster နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကိုယ်စားလှယ်တွေဟာ မနေ့က နို့ဘိုးစခန်းမှာ ဒုက္ခသည်တွေနဲ့ 
တွေ့ဆုံစဉ် ပြောခဲ့တာပါ။

ဒီအစီအစဉ်အရ ၂၀၀၆ခုနှစ် ကာလတွေအတွင်းက ဒုက္ခသည် အဖြစ် လျှောက်ထားခဲ့ပြီး UNHCR နဲ့ ထိုင်းအစိုးရက အသိအမှတ်ပြု ခံထားရတဲ့ နို့ဖိုးစခန်းရှိ ဒုက္ခသည်များတွေအနေနဲ့ လာရောက်လျှောက် ထားနိုင်တယ်လို့ ပြောဆိုကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ တဦးက ပြောပါတယ်။

ဒီအစီအစဉ်အရဆိုရင် နို့ဘိုးဒုက္ခသည်စခန်းကို ၂၀၀၆ ခုနှစ်နောက်ပိုင်း မှာ ရောက်လာသူတွေနဲ့ စခန်းတွင်းဒုက္ခသည်အဖြစ် ယာယီအသိအမှတ်ပြု ခံထားရသူတွေ မပါတဲ့အတွက် လျှောက်ထားခွင့်ရှိသူဦးရေဟာ ရာဂဏန်းလောက်သာရှိပြီး၊ လျှောက်ထားခွင့်မရှိသူ စခန်းလူဦးရေ ၇၅ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် အများစုဖြစ်ပါတယ်။

ဒါကြောင့်ကျန်ရှိသူများက မြန်မာပြည်ကို မပြန်လိုတာကြောင့် ထိုင်းနိုင်ငံမှာ လုပ်ကိုင်စားသောက်ခွင့်နဲ့ မိမိတို့သားသမီးများ ပညာဆက်လက် သင်ကြားခွင့်ရရေးအတွက် စာရေးသားတင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ဒုက္ခသည်များဆိုင်ရာ အမေရိကန် အကြီးအကဲ မစ္စတာဒေးဗစ်ရော်ဘင်ဆန်က မယ်လဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ခွင့် 
ခေါ်ယူမှုအစီအစဉ်ကို လာမယ့် ဇွန်လ ၅ ရက်နေ့ နောက်ပိုင်းမှာ ရပ်နားတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

RFA

Thursday, March 7, 2013

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နိ့ဘိုးဒုက္ခသည်စခန်းက ဒုက္ခသည် လူဟောင်းတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့အခြေချ လိုတယ်ဆိုရင် ၃ လအတွင်း စာရင်းတင်ကြဖို့ အမေရိကန်သံရုံး အရာရှိတွေက မနေ့က မတ်လ ၅ ရက် နို့ဘိုးဒုက္ခသည် စခန်းမှာ
ပြောခဲ့ပါတယ်။